ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Marionette (2017) ⭐IMDB: 5.4/10 (284 Votes) 🎬 #Crime #Mystery #Thriller 🗓 2017 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 41 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ေ်လးဟာဆိုရင် ဆယ်ကျော်သက်မိန်းကလေးတွေအတွက် ပညာရစေတဲ့ ဇာတ်ကားလေးပဲဖြစ်တယ် ဆယ်ကျော်သက်ဆိုတာ အတွေ့အကြုံနုပြီး လောကကြီးအကြောင်း နားမလည်သေးတဲ့အရွယ်လေးတွေပါ။ လောကကြီးမှာ တိရစ္ဆာန်စိတ်ရှိတဲ့ ယုတ်မာပြီး နှမချင်းကိုယ်ချင်းစာစိတ်မရှိတဲ့ ယောကျ်ားတွေ တစ်ပုံကြီးရှိနေတယ်။ ကံတရားဆိုတာပြောလို့မရဘူးလေ။ ဒီခေတ်က ပိုဆိုးတယ်။ လူကောင်းဆိုတာ ရှားတဲ့ခေတ်ကြီးမှာ မိန်းကလေးတွေ ဆင်ခြင်တတ်ဖို့က အဓိကပါ။ ဒီဇာတ်လမ်းလေးမှာတော့ သစ်ရွက်လေးလှုပ်ရင်တောင် ရင်ခုန်တတ်တဲ့ ဆယ်ကျော်သက်ဘဝမှာ လျူမီနာဆိုတဲ့ ကျောင်းသူလေးတစ်ယောက် မကောင်းတဲ့ယောကျ်ားလေးမျိုးနဲ့ ဆုံမိပြီး ဘာတွေဆက်ဖြစ်မလဲ…ဆိုတာ ကြည့်ရှူရင်း ကိုယ်လည်း လျူမီနာလိုမဖြစ်အောင် ဆင်ခြင်နိုင်တာပေါ့ (ဇာတ်လမ်းအညွန်း နဲ့ ဘာသာပြန်သူကတော့ MHP ပါ)...
It (2017) ⭐IMDB: 7.3/10 (612 k Votes) 🎬 #Drama #Horror #Thriller #Fantasy 🗓 2017 🎞 movie 🌎 #USA #UnitedStates #Canada #UnitedStatesofAmerica ⏰ 2 နာရီ 14 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မိုးတွေတဖွဲဖွဲရွာနေတဲ့မနက်ခင်းတစ်ခုမှာ ၅နှစ်ခန့်အရွယ် ဂျော်ဂျီလေးဟာ သူ့အစ်ကိုမပါဘဲအပြင်သွားရဖို့ဖြစ်လာခဲ့တယ်… သူ့အစ်ကို ဘီလ်ကလည်းချောင်းတွေဆိုးပြီးဖျားနေခဲ့တာကိုး… အစ်ကိုမပါလို့မသွားချင်သွားချင်ဖြစ်နေတဲ့ဂျော်ဂျီလေးကို ဘီလ်က လမ်းမှာဆော့သွားဖို့စက္ကူလှေလေးလုပ်ပေးပြီး နှစ်သိမ့်လိုက်တယ်… ဂျော်ဂျီလေး အိမ်ကထွက်လာပါပြီ… မိုးကာ အင်္ကျီအဝါရောင်လေးနဲ့ပေါ့… ဂျော်ဂျီလေးသာ ပြန်မလာနိုင်တော့မယ်မှန်းကြိုသိခဲ့ရင် ဘီလ့်အနေနဲ့ဘယ်လောက်ဖျားဖျားလိုက်သွားမိမှာပဲ… ဒါပေမယ့် အနာဂတ်ကိုကြိုမသိနိုင်တော့လည်း ဘီလ့်ခမျာ ချောင်းလေးတစ်ဟွတ်ဟွတ်ဆိုးရင်း မိုးရေထဲထွက်ခွာသွားတဲ့ ဂျော်ဂျီလေးကိုလှမ်းမျှော်ကြည့်ရင်းကျန်ခဲ့ပါတယ်… လမ်းတစ်လျှောက် မိုးရေစီးကြောင်းထဲမှာ လှေလေးကို ဆော့ရင်းထွက်သွားတဲ့ဂျော်ဂျီလေးဟာ အဲ့ဒီနေ့ကအိမ် ပြန်မလာခဲ့ပါဘူး… နောက်နေ့တွေလည်း ပြန်မလာခဲ့ဘူးလို့ပြောရင် ပိုမှန်မှာပေါ့… ဘီလ်တစ်ယောက်ဟာ အချိန်တွေကြာလာပေမယ့် ဒီကိစ္စကိုသူ့အပြစ်လို ခံစားပြီး သူ့ညီလေး ပျောက်သွားနိုင်မယ့်နေရာကိုမှန်းဆပြီးမိဘတွေမသိအောင် ကြိတ်ရှာနေခဲ့တယ်… နွေကျောင်းပိတ်ရက် မစတင်ခင်တစ်နေ့မှာတော့ စိုးရိမ်တကြီးမျက်နှာနဲ့ ကြေငြာစာရွက်တွေလိုက်ကပ်နေတဲ့ အန်တီကြီးတစ်ယောက်ကိုတွေ့လိုက်ရတယ်…အလို… အခန်းထဲကကောင်မလေး ပျောက်သွားတယ်ဆိုပါလား နောက်နေ့တွေမှာလည်း လူပျောက်ကြေငြာစာရွက်တွေ တစ်ရွက်ပြီးတစ်ရွက်ပလူပြန်လာပြီ… ဒယ်ရီမြို့လေးမှာ ကလေးပျောက်တာတွေ များလာပါလား… ဘီလ်သံသယဝင်လာပါပြီ… သူ့သူငယ်ချင်းတွေအဖွဲ့(ကျောင်း မှာအမြဲအနိုင်ကျင့်ခံရတဲ့ Loserအဖွဲ့)နဲ့ စုံစမ်းလိုက်တဲ့အခါ ၂၇ နှစ်ကြာတိုင်း တစ်ဖန်ပေါ်လာတတ်တဲ့ကလေးစားလူရွှင်တော် Pennywiseအကြောင်းကို သိလာခဲ့တယ် လွန်ခဲ့တဲ့၂၇နှစ်ကလည်း တစ်မြို့လုံးပြုတ်အောင် စားခဲ့တဲ့သက်သေတွေလည်း တွေ့လာခဲ့တယ်… ဘီလ်နဲ့သူ့သူငယ်ချင်းတွေကိုယ်တိုင်ကလည်း ခြောက်လန့်မှုတွေ အမျိုးမျိုးနဲ့ကြုံလာရတဲ့အခါ… သူတို့ကိုယ်တိုင်အတွက်နဲ့ ကျန်တဲ့ကလေးတွေ အန္တရာယ်ကိုကာကွယ်ဖို့ Pennywiseကြီးရှိရာ…အိမ်ပျက်ကြီးအောက်ခြေက ရေတွင်းပျက်ကြီးဆီချီတက်လာကြတဲ့အခါမှာတော့…… ”ငါအိမ်ပြန်ရောက်တိုင်း ဂျော်ဂျီရှိမနေဘူး… သူ့ရယ်သံလေးတွေလည်းမကြားရတော့ဘူး… သူကစားနေကျ ပေါကြောင်ကြောင် ဒိုင်နိုဆောကောင်တွေကပဲ ငါ့ကိုမော့ကြည့်နေကြတယ်.. ကိုယ့်အိမ်ကိုယ်ပြန်ရတဲ့ခံစားချက်ဟာသိပ်ခြောက်ခြားစရာကောင်းတယ်… ဒါကြောင့် ဒီ pennywiseနေတဲ့အိမ်ပျက်ကြီးထဲဝင်ဖို့က ငါ့အိမ်ငါပြန်ဖို့ထက်တောင် ပိုလွယ်နေသေးတယ်”… ဒီစကားလေးကြောင့်ပဲ Itထဲမှာ ဘီလ်တစ်ယောက်ဘယ်လောက်သတ္တိရှိရှိနဲ့ Pennywiseကိုရင်ဆိုင်ခဲ့လဲဆိုတဲ့အချက်ကိုပေါ်လွင်စေခဲ့တယ်… ကဲ ပရိသတ်ကြီးရေ It ဘယ်လောက်နာမည်ကြီးတယ် Stephen Kingရေးတဲ့နာမည်ကြီးဝတ္ထုကိုရိုက်ထားတာ… ဝင်ငွေဘယ်လိုစံချိန်ချိုးခဲ့တာ ဘာညာကတော့ သိပြီးသားပါနော်… IMDb Rating ကတော့ 7.8/10 ပါ… ကဲ မိုးအေးအေးနဲ့ ကြောက်လိုက်ကြပါဦး (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ မေသဇင်မြင့်ပါ)...
Just Pass (2024) ⭐IMDB: 9.2/10 (194 Votes) 🎬 #Bollywood #Comedy #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 15 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Just Pass 2024 နောက်ဆုံးတန်းသားတို့ပျော်စံရာ ကျွန်တော်တို့ တက္ကသိုလ်ဝင်တန်းမှာဆို အိမ်ကလည်း အမှတ်ကောင်းအောင်ဖိအားပေးသလိုကိုယ်တိုင်လည်း ရည်မှန်းချက်အလိုက် အနည်းနဲ့အများ အားထုတ်ရတာချည်းပါပဲ။အဓိကကတော့ ကိုယ်တက်ချင်တဲ့ကျောင်းရဲ့ အမှတ်တောင်းဆိုမှုတွေကြောင့်ပေါ့။ ဒီတစ်ခါရုပ်ရှင်လေးကတော့ ကျောင်းမှာဆို နောက်ဆုံးတန်းက အမှတ်ထွက်ရင်လည်း အောင်ရုံလေးဆိုတဲ့Just Pass ကပ်အောင်ကျောင်းသားလေးတွေရဲ့ဘဝကို ရိုက်ကူးပြထားတာပါ။ အမျိုးသားဆုရှင်ကြီးဖြစ်ပြီး လေးစားခံရသူတစ်ယောက်ဖြစ်တဲ့ ဒါလာဗာယီတစ်ယောက်သူပင်စင်ယူပြီးချိန်မှာ ကောလိပ်တစ်ခုဖွင့်ဖို့လုပ်ပါတယ် ။ ဒါကတော့ ကျန်တဲ့တက္ကသိုလ်တွေမှာဆိုအနှိမ်ခံရ နေရာမရရှာတဲ့ ကပ်အောင်သီးသန့် ကောလိပ်ကြီး တစ်နည်းပြောရရင်တော့နောက်ဆုံးတန်းကကောင်လေးတို့ရဲ့နိဗ္ဗာန်ကြီးပေါ့။ အတန်းထဲမှာ ဗရုတ်အကျဆုံး ပေါက်ကရအလုပ်နိုင်ဆုံး အကဲဆုံး ဇော်ကျောင်းသားတွေချည်းဆုထားတဲ့ဒီကောလိပ်ကြီးမှာ ဘယ်လိုဗရုတ်သုတ်ခတွေဖြစ်လာမလဲ။ ကပ်အောင်တွေဆိုတာ ဘာမှမဖြစ်ထွန်းဘူးဆိုတဲ့လူတွေရဲ့အမြင်ကို ပြောင်းလဲပေးချင်တဲ့ ကျောင်းအုပ်ကြီးရဲ့ဆန္ဒကရော ဖြစ်မြောက်ပါ့မလား ရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ Yunni ~ Thura ~ KKKZ တို့ပဲဖြစ်ပါတယ်။)...
关中诡事之雾隐藏棺 (2024) ⭐TMDB: 0% User Score 🎬 #Action #Adventure #Fantasy 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 14 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ တရုတ်ကားတွေရဲ့ မရိုးနိုင်သောသင်္ချိုင်းတူးကြတဲ့အကြောင်းရိုက်ကူးထားသော ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ :လင်ဟန်က စွန့်စားသူမိန်းကလေးတစ်ယောက်ဖြစ်ပြီးအဖေဖြစ်တဲ့သူက လွန်ခဲ့တဲ့နှစ်၂၀တည်းကစူးစမ်းလေ့လာရေးလုပ်ရင်း အိမ်မပြန်လာတော့လို့မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့ရတဲ့သူပါ ။ သူအရွယ်ရောက်လာတော့လဲ သူ့အဖေရဲ့အမွေကိုဆက်ခဲခဲ့ပြီးတော့စွန့်စားသူဆက်လုပ်ခဲ့ပါတယ် ။ သူ့အဖေချိုးခဲ့တဲ့စံချိန်တွေကိုလည်းဆက်တိုက်ချိုးဖြတ်ခဲ့ပါတယ်။ ဒီလိုနဲ့ နာမည်ကြီးနေတဲ့ လင်ဟန်ကို ရှေးဟောင်းသုတေသနအဖွဲ့အစည်းကတွေ့သွားပြီးတော့ သူတို့နဲ့အတူ ဟွားရွှီးလူမျိုးစုတွေရဲ့ပျောက်ဆုံးနေတဲ့ မြူအုပ်မြို့တော်ကို အတူရှာဖွေဖို့ ကမ်းလှမ်းလာချိန်မှာတော့..စူးစမ်းရှာဖွေမှုမှာ ဘာတွေနဲ့ကြုံတွေ့လာမလဲ ?ဘယ်လိုအန္တာရာယ်တွေနဲ့ကြုံတွေ့လာမလဲဆိုတာကိုစိတ်ဝင်စားစွာကြည့်ရှုပေးကြပါဦး...
Li Bai's Adventure in Chang An (2019) ⭐TMDB: 0% User Score 🎬 #Action #Adventure 🗓 2019 🎞 movie 🌎 #China ⏰ 1 နာရီ 8 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါကတော့ ထန်ခေတ်ကနာမည်ကြီး ကဗျာဆရာဖြစ်တဲ့လီပိုင်ကိုဓားသမားတစ်ယောက်အဖြစ်သူရဲကောင်းဆန်ဆန်ရိုက်ပြထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒီကားမှာတော့ လီပိုင်ကို ကဗျာပါရမီအပြင် ဓားစွမ်းပါထက်တဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်အဖြစ်ပုံဖော်ထားပါတယ်။လီပိုင်က သေရည်လေးသောက်လိုက် ကဗျာလေးရေးလိုက်မိန်းကလေးတွေကိုကျီစယ်လိုက်နဲ့ ပေါ့ပေါ့ပါးပါးနေရတာကိုကြိုက်တဲ့သူတစ်ယောက်ဖြစ်ပေမယ့် မတရားမှုနဲ့ကြုံလာရင်တော့တရားတဲ့ဘက်ကနေ ဝင်ပါတတ်တဲ့သူတစ်ယောက်ဖြစ်တယ်။ သူကရာထူးရာခံတွေကိုစိတ်မဝင်စားပေမယ့်သူငယ်ချင်းဖြစ်သူကြောင့် ချန်အန်းမြို့တော်ကိုအတူလိုက်လာခဲ့တယ်။သူ့ရဲ့စူးစမ်းလိုစိတ်ကြောင့် မထင်မှတ်ပဲပြဿနာအရှုပ်အထွေးကြားထဲရောက်သွားပြီး တိုင်းပြည်ရေးအတွက်အန္တရာယ်ကြုံလာတဲ့အခါ မနေသာပဲ တရားမျှတတဲ့ဘက်ကနေတိုင်းပြည်အပေါ်တာဝန်ကျေသွားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။...
Garudan (2024) ⭐IMDB: 7.5/10 (1 k Votes) 🎬 #Action #Bollywood #Crime #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 14 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Garudan 2024 (လျှို့ဝှက်မှုတို့၏နောက်ကွယ်)IMDb 7.6/10 အာဒီနဲ့ ကာရူနာတို့ဟာ ငယ်သူငယ်ချင်း ဆိုးဖော်ဆိုးဖက်ဖြစ်ကြပြီး ဘဝအခြေအနေလည်းတူညီကြတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။ သူတို့ဘဝတွေ ဘယ်လောက်ထိတူညီလည်းဆိုရင် သူတို့ရဲ့ဖခင်နှစ်ယောက်ဟာ ကားအက်စီးဒန့်တစ်ခုတည်းမှာတင်ပဲအသက်ဆုံးပါးသွားခဲ့ပါတယ်။ အာဒီကတော့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို လော်ရီကားတွေနဲ့ လုပ်ကိုင်နေပြီးတော့ကာရူနာကတော့ တော်ဝင်မိသားစုဝင်ဖြစ်ပေမယ့် အခွံသာကျန်ခဲ့တဲ့ ဒီမိသားစုမှာအုတ်ဖုတ်လုပ်ငန်းကိုလုပ်ကိုင်ရင်း ကာရူနာရဲ့အုတ်တွေကို အာဒီရဲ့ လော်ရီကားတွေနဲ့သယ်ပြီးတော့ ဈေးကွက်ရှာကြပါတယ်။ဖခင်တွေသေဆုံးသွားပြီးနောက်မှာတော့သူတို့သူငယ်ချင်းနှစ်ယောက်ကို ကာရူနာရဲ့အဘွားဖြစ်သူ ဆယ်လာရီက စောင့်ရှောက်ထားခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ဘယ်လောက်ပဲ ဆိုးမိုက်နေပါစေ ဘုရားကျောင်းကိုတော့ အသွားမပျက်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့ ကွမ်ဘိုင်အမ်မန်လို့ခေါ်တဲ့ ဘုရားကျောင်းရဲ့ အကြီးအကဲဟာ သူတို့ရဲ့အဘွား ဆယ်လာရီဖြစ်နေလို့ပါပဲ။သူတို့သူငယ်ချင်းနှစ်ယောက်အကြောင်းကိုပြောတဲ့အခါမှာ ချော့ခ်ကန်ကိုလည်း မေ့ထားလို့မရပါဘူး။ ချော့ခ်ကန်ဟာလည်း မိဘမဲ့တစ်ယောက်ဖြစ်ပြီး ဘုရားကျောင်းမှာ ကြီးပြင်းလာရင်းကနေ ကာရူနာနဲ့ ခင်သွားရင်းကနေချော့ခ်ကန်ကိုပါ အိမ်ကိုခေါ်လာခဲ့ပါတော့တယ်။အသက်တွေကြီးလာတဲ့အခါမှာ ချော့ခ်ကန်ဟာကာရူနာရဲ့ သစ္စာရှိလူယုံတစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ ချော့ခ်ကန်ရဲ့ သစ္စာရှိမှု,ကိုယ့်ကိုယ်ကိုယ် လေးစားယုံကြည်မှုတို့ကို စမ်းသပ်စစ်ဆေးတဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ …….. သူတို့နဲ့ ဆက်စပ်နေတဲ့ ကွမ်ဘိုင်အမ်မန်ဘုရားကျောင်းကရော ဘယ်လိုအကြောင်းအရာတွေ ပေါ်ပေါက်လာဦးမလဲ …..သူတို့သူငယ်ချင်းတွေရဲ့အကြောင်းကို စုံစမ်းနေတဲ့ အင်စပက်တာနဲ့ရော ဒီကိစ္စတွေက ဘယ်လိုပုံစံနဲ့ ဆက်စပ်နေတာလဲ ….ဆိုတာတွေကို ကြည့်ရှုရမယ့် အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်...
Higuita (2023) ⭐IMDB: 7.6/10 (412 Votes) 🎬 #Bollywood #Drama #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 30 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Higuita 2023 လှည့်ကွက်Imdb -7.9 ‘ပန်ညာနိုဒ်မူကွန်ဒါ’ တဲ့ ကန်နူရ်မြို့မှာတည်ရှိတဲ့ဒီလူက သူ့ရှေ့ကားပိတ်ရပ်ရင်တောင်ပိတ်ရပ်တဲ့ကောင်အသေပါ ဒီလောက်တောင်အာဏာရှိတဲ့နိုင်ငံရေးသမားတစ်ယောက်သူ့ကိုကာကွယ်ပေးတဲ့ဘော်ဒီဂတ်တိုင်းလိုလို လုပ်ကြံခံရပြီး သေဆုံးတတ်တာကပုံမှန်လိုတောင်ဖြစ်နေလေရဲ့ သတင်းစာတွေ TV သတင်းတွေမှာဆို မတွေ့ချင်မှအဆုံးပေါ့ အယာပါဒါ့စ် သူကတော့ဖခင်ဆုံးသွားပြီးနောက် လေလွင့်နေသူတစ်ဦး ဖခင်ကရဲဝန်ထမ်းဖြစ်လို့စည်းမျဉ်းအရဆက်ဆံသူက ၂နှစ်အတွင်းတာဝန်ဆက်လက်ထမ်းဆောင်ခွင့်ရှိပေမဲ့ ရဲအလုပ်ကိုကြောက်လို့မလုပ်ချင်လို့ဆိုတဲ့အကြောင်းနဲ့ပတ်ရှောင်လာခဲ့တာ နှစ်အတော်ကြာသွားတာပေါ့ နောက်ဆုံးအမေဖြစ်သူကကျိန်ဆဲပါလေရော သူ့ထက်အငယ်သမီးမိန်းကလေးရှိသေးတော့ နင့်ညီမကိုပဲ ရဲထဲဝင်ခိုင်းမယ်နင်ကသုံးစားမရဆိုပြီးပြောတာကျ သူကလက်သင့်မခံပါဘူး ဒီလိုနဲ့ သူတို့မြို့ကပါတီခေါင်းဆောင်ကိုအကျိုးအကြောင်းသွားပြောပြီး အဖေရဲ့ရာထူးကို သူ့ကိုပေးဖို့အပူကပ်ရတော့တယ်နိုင်ငံရေးဆိုတော့လည်း အပေးရှိအယူရှိရတာပေါ့ သူကဘာပြန်ပေးရမလဲဆိုတော့ ကန်နူရ်ကိုသွားပြီး ပန်ညာနိုဒ်မူကွန်ဒန်ကို ဘော်ဒီဂတ်သွားလုပ်ပေးရမှာပါသူငယ်ချင်းတွေကလည်း မင်းသွားတာနဲ့သေမှာဆိုပြီးဝိုင်းတား တစ်ဖက်ကလည်း ပါတီကိုကတိပေးပြီးသားဖြစ်နေလေတော့အယာပါတစ်ယောက် ဘာတွေဆက်လုပ်သွားမလဲ သွားတိုင်းသေတဲ့ဒီရာထူးကို သူကိုင်တွယ်နိုင်မှာလားဆိုတာကိုတော့ ။။။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo ~ Sue ~ KKKZ တို့ပဲဖြစ်ပါတယ်...
Batman: Gotham Knight (2008) ⭐TMDB: 67% User Score 🎬 #Action #Animation #Crime #ScienceFiction #Thriller 🗓 2008 🎞 movie 🌎 #Japan #UnitedStatesofAmerica ⏰ 1 နာရီ 16 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Batman Gotham knight‐———————————–ဒီmovie ဟာ batman animated movie တွေထဲက ထူးခြားတဲ့ movieတစ်ခုဖြစ်ပါတယ်။အပိုင်းငယ် ၆ ပိုင်းပါရှိပြီး animation style ၊ story နဲ့ plot မတူညီကြပါဘူး။အပိုင်းတစ်ပိုင်းစီက ဆာဘတ်တစ်ယောက် Gotham ရဲ့ protector အနေနဲ့ ဘယ်လိုလေ့ကျင့်ခဲ့တယ်ဘယ်လို အခက်အခဲတွေ ကိုရင်ဆိုင်လွှားရတယ်ဆိုတာကို မတူညီတဲ့animation styleတွေနဲ့ပြသပေးသွားမှာဖြစ်တဲ့အတွက် ရှု့စားကြည့်ကြပါဦးခင်ဗျာ… Batman assault on arkham—————————————ဒီဇာတ်လမ်းကတော့ Batman ဆိုပေမဲ့ suicide squad အဖွဲ့ဝင်တွေဖြစ်တဲ့ Harley Quinn ,Deadshot စတဲ့ Batman villain တွေကိုအသားပေးပြသထားတာဖြစ်ပါတယ်။storyကတော့ Riddler ခိုးယူသွားတဲ့ ပစ္စည်းတစ်ခုကိုပြန်ယူဖို့ Amanda WallerဟာSuicide squad ကိုထပ်ဖွဲ့စည်းပြီး စိတ္တဇအကျဥ်းထောင် Arkhamကို ဝင်ဖောက်စေခဲ့ပါတယ်။အားလုံးသိကြတဲ့အတိုင်း Arkham က အဓိက villain တွေကို ဖမ်းထားတဲ့နေရာဖြစ်တဲ့အတွက်လုံခြုံရေးကအရမ်းတင်းကြပ်ပါတယ်။ အဲ့ဒါအပြင် ဆာဘတ် ရဲ့ရန်ကိုလဲ ကြောက်ကြရတဲ့suicide squad အဖွဲ့ဝင်တွေက သူတို့ရဲ့ missionကိုဘယ်လိုလုပ်သွားကြမလဲ….ထုံးစံအတိုင်း mission အပြီး ဘယ်သူတွေအသက်ဆက်ရှင်ကြမလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာပဲ ဆက်လက်ရှု့စားလိုက်ကြပါဦးခင်ဗျာ...
Batman: Bad Blood (2016) ⭐IMDB: 6.7/10 (26 k Votes) 🎬 #Action #Adventure #Animation #ScienceFiction #Crime #SciFi 🗓 2016 🎞 video movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 13 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Batman: Bad Blood (2016)IMDb – 6.7/10Genre – Animation/Action/Adventureကာတွန်းကားလို့တောင်ပြောဖို့မတန်တဲ့DCရဲ့ကားကောင်းတစ်ခုဖြစ်ပြီး ဇာတ်လမ်းအတက်အကျကြမ်းလွန်းတဲ့batmanရဲ့ကားကောင်းတစ်ခုဖြစ်ပါတယ်။ Batwomanနဲ့Electrocutioner, Blockbuster, Firefly, Killer Mothတို့လိုvillainအကြမ်းစားတွေချနေတာနဲ့ ဇာတ်လမ်းကိုစဖွင့်ထားပြီးBatmanကဝင်ကူပေးတဲ့အခန်းမို့ သူ့ရဲ့hero introကိုကောင်းကောင်းခံစားကြရမှာပါ။ Hereticလို့ခေါ်တဲ့villainရောက်လာကာ အဆောက်အဦးကိုပေါက်ကွဲစေခဲ့ပါတယ်။ BatmanဟာBatwomanကိုကယ်ပြီးလုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။ ရက်သတ္တပတ်တွေကြာပြီးတဲ့အခါမှာတော့ AlfredဟာNightwingကိုအချက်ပြမှုတွေပေးပို့ခဲ့ပါတယ်။ Damian Wayneဟာလည်းသူပျောက်သွားတာကို သတင်းကနေကြည့်ရပြီးတော့Gothamကိုပြန်လာဖို့လုပ်နေပါပြီ။ ဒါပေမယ့် သူဘာလို့ပျောက်သွားခဲ့တာလဲ… NightwingကBatman suitဝတ်ထားတာကိုရော Damian Wayneလေးကအမြင်ကြည်ပါ့မလား… Hereticကရော ဘာတွေကြံနေတာလဲဆိုတာကိုတော့...
Space Command Redemption (2024) ⭐IMDB: 5.0/10 (85 Votes) 🎬 #SciFi #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 4 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အာကာသ သိပ္ပံ sci-fi ရုပ်ရှင်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် 2024 ခုနှစ်အသစ်စက်စက်ထွက်ထားတဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်း မကောင်းသူပယ် ကောင်းသူကယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အာကာသယာဉ်ပိုင်းလော့ တစ်ဦးဖြစ်တဲ့ ဂျက်ခမ်မာဟာ နယ်မြေစူးစမ်းလေ့လာရေး ထွက်ရင်း စက်ချို့ယွင်းပြီး မီးလောင်ပျက်ကျတော့မယ် ယာဉ်ငယ်တစ်စင်းကို သူလက်ထောက်ယာဉ်မှူးဘဝမှာ ယာဉ်မှူးအမိန့်ကို ဖီဆန်ပြီး ကယ်ဆယ်ရင်း ပိုင်းလော့ ယာဉ်မှူးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ သူတို့နေတဲ့ဂြိုဟ်ပေါ်မှာ စက်ရုပ်လူသားတွေဟာ တဟုန်ထိုး နာမည်တွင်လာပြီး နေရာအသီးသီးမှာ နေရာယူနေတာဖြစ်ပါတယ်။ လူတွေကို လုံးဝအာဏာဖီဆန် ဆန့်ကျင်တာမျိုးမလုပ်ဘူးလို့ အာမခံပြီးတော့ပေါ့။ ဒါပေမဲ့ မိုင်းတွင်းလုပ်သားအနေနဲ့ အလုပ်လုပ်နေတဲ့ စက်ရုပ်လူသားတစ်ယောက်ဟာ မတော်တဆမှုတစ်ခုထဲမှာပါသွားပြီး သူ့ကိုထိန်းချုပ်ထားတဲ့ ချစ်ပ် ဆားကစ်လေး ပျက်သွားပြီး မူမမှန်တဲ့အပြူအမူတွေ လုပ်လာပါတော့တယ်။ ယာဉ်မှူးဖြစ်လာတဲ့အချိန်မှာ ဂျက်ခမ်မာဟာ သူကယ်ခဲ့တဲ့ အမျိုးသမီးက သူ့ကို သူတို့လုပ်နေတဲ့ မိုင်းတွင်းအောက်က တူးဖော်လေ့လာရေးအကြောင်းတွေကို ပြောပြပြီး ဂြိုဟ်သားတွေနဲ့ပတ်သက်တာ တစ်ခုခုတွေ့နိုင်တယ်လို့ တစ်ထစ်ချယုံကြည်နေပါတယ်။ ဆိုတော့ တကယ်ပဲဂြိုဟ်သားတွေနဲ့ ပတ်သက်တာလား စက်ရုပ်လူသားတွေရဲ့ စနက်လားဆိုတာကို စိတ်ဝင်တစားနဲ့ အပန်းဖြေကြည့်ရှူလေ့လာနိုင်မယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်ခင်ဗျား။...
Blackwater Lane (2024) ⭐IMDB: 4.3/10 (393 Votes) 🎬 #Crime #Drama #Horror #Thriller #Mystery 🗓 2024 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မကြာသေးခင်ကမှထွက်ရှိထားတဲ့ လျှို့ဝှက်ဆန်းကြယ် လူသတ်တရားခံ ရှာပုံတော်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ကတ်စ်ဟာ ကျောင်းတစ်ခုမှာ ဆရာမအဖြစ်လုပ်ကိုင် နေတာဖြစ်ပြီး ခင်ပွန်းဖြစ်သူ မက်သရူးနဲ့ သာယာတဲ့ အိမ်ထောင်ရေးလေးကိုပိုင်ဆိုင်ထားသူပါ။ တစ်ညမှာတော့ သူတို့နေတဲ့အိမ်နဲ့သိပ်မလှမ်းတဲ့ တောအုပ်ဘေးက Blackwater Lane ကားလမ်းမပေါ်မှာ အမျိုးသမီးယောက် ကားထဲသေဆုံးနေတာကို ရဲတွေရှာတွေ့ခဲ့ကြပါတယ်။ ဖြစ်ချင်တော့ သေဆုံးသွားတဲ့အမျိုးသမီးဟာ ကတ်စ်နဲ့ အနည်းငယ်ခင်မင်ရင်းနှီးတဲ့လူဖြစ်နေပါတယ်။ တစ်ချိန် တည်းမှာပဲ ကတ်စ်တစ်ယောက် ထူးဆန်းတဲ့အသံတွေ ကြားရတာမျိုးတွေ မှတ်ဉာဏ်တစ်ပိုင်းတစ်စပျောက်ဆုံး တာမျိုးတွေပါဖြစ်လာပါတယ်။ တကယ့်လူသတ်သမားအစစ်က ဘယ်သူဖြစ်မလဲ၊ နောက်ကွယ်မှာ ဘယ်လို လျှို့ဝှက်ချက်တွေရှိနေမလဲ၊ ဘယ်လို plot twist မျိုးကိုမြင်ရမလဲဆိုတဲ့မေးခွန်းတွေနဲ့ အတူ ဇာတ်လမ်းအဆုံးထိ ဖြည်းဖြည်းချင်းဆွဲခေါ်သွားမဲ့ ရုပ်ရှင်ကားတစ်ကားပါပဲ။ မိုးအေးအေး ရာသီဥတုနဲ့လည်း လိုက်ဖက်ညီမဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် ကော်ဖီတစ်ခွက်ဘေးနားချ နားကြပ်လေးတပ်ပြီး တစိမ့်စိမ့်နဲ့ ခံစားကြည့်ရှုရမဲ့ ဇာတ်ကားမျိုးဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါစေ။...
Satyabhama (2024) ⭐IMDB: 7.1/10 (936 Votes) 🎬 #Bollywood #Crime #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 12 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Satyabhama 2024 (အမျိုးသမီးတို့အတွက် အားကိုးရာ ဆတ်ယာဘမ်) အမျိုးသမီးထုကြီးကို မားမားမတ်မတ် ရပ်တည်ပေးမယ့် SHEအဖွဲ့ကို ဦးဆောင်နေတဲ့ ACPဆတ်ယာဘမ်။တစ်ရက်မှာတော့ ဟာဆီနာလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်ဟာ ခင်ပွန်းသည်ရဲ့ အနိုင်ကျင့်နှိပ်စက်မှုကိုခံနေရတဲ့အတွက် ဆတ်ယာဘမ်ဆီကို လာရောက် အကူအညီတောင်းခံခဲ့ပါတယ်။ ဟာဆီနာရဲ့ ခင်ပွန်းဖြစ်သူဟာ တင်ဒါက တွေ့တဲ့ကောင်မလေးတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်လာတဲ့အတွက်ဟာဆီနာဟာ သည်းမခံနိုင်တော့ဘဲ ကွာရှင်းခွင့်တောင်းလိုက်ပေမယ့် ခင်ပွန်းဖြစ်သူဟာ ကွာရှင်းခွင့်မပေးဘဲဟာဆီနာကို ဆက်လက်နှိပ်စက်လျက်ရှိပါတယ်။ အဲဒီအတွက် ဟာဆီနာဟာ အိမ်ကနေ ဆင်းပြီးတော့မောင်လေးဖြစ်သူနဲ့ လာနေထိုင်တဲ့အခါ မောင်လေးဖြစ်သူကိုပါ ခင်ပွန်းက ကိုယ်ထိလက်ရောက်ကျူးလွန်လာတဲ့အတွက်မခံနိုင်တဲ့အဆုံးမှာ ဆတ်ယာဘမ်ဆီကို ရောက်လို့လာခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ ဟာဆီဘမ်ရဲ့ ခင်ပွန်းဖြစ်သူဟာ ရဲကိုတိုင်လိုက်တာသိသွားတဲ့အချိန်မှာတော့ ဟာဆီနာ့ထံသို့ လာရောက်သောင်းကြမ်းနေစဉ်ဟာဆီနာဟာ သေဆုံးလို့ သွားခဲ့ရပါတယ်။ ကိုယ့်ဆီကို ယုံကြည်လို့ လာရောက်အကူအညီတောင်းခဲ့တဲ့သူကို မကူညီနိင်လိုက်တဲ့ဆတ်ယာဘမ်ကတော့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေရင်းနဲ့ ဟာဆီနာ့ရဲ့ခင်ပွန်းကို အပူတပြင်းလိုက်လံရှာဖွေရင်းနဲ့ ……ဟာဆီနာ့ခင်ပွန်းကို လိုက်လံရှာဖွေရင်းနဲ့ရော ဘယ်လိုအဖြစ်တွေနဲ့ ကြုံတွေ့ရမလဲ …… ရှေ့ဆက် ဘယ်လိုတွေ ဖြစ်လာမလဲ ….. ဆိုတာတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့်မှုခင်းဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)...
Mary and Max (2009) ⭐TMDB: 79% User Score 🎬 #Animation #Comedy #Drama 🗓 2009 🎞 movie 🌎 #Australia ⏰ 1 နာရီ 32 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ 2009 တုန်းကထွက်ခဲ့တဲ့Stop motion ကားကောင်းလေးတစ်ခုပါ။တခြား Stop motion ကားတွေလို ဒိတ်ဒိတ်ကြဲနာမည်မကြီးပေမယ့် တော်တော်လေးကောင်းတဲ့ကားတစ်ကားပါပဲ။ Animation တွေကိုကြိုက်နှစ်သက်တဲ့သူဆိုရင်တော့ လက်လွတ်မခံသင့်တဲ့ ကားလေးပါပဲ။ ဒီကားကတော့ နာမည်အတိုင်းပဲ မယ်ရီ နဲ့ မက်စ် ဆိုတဲ့ ဇာတ်ကောင်နှစ်ဦးကိုအခြေခံထားတာပါ။ မယ်ရီဆိုတာကတော့ ဩစတြေးလျက ရှစ်နှစ်သမီးကောင်မလေးဖြစ်ပြီး မက်စ်ကတော့ အမေရိကက အသက်လေးဆယ့်လေးနှစ်ရှိပြီဖြစ်တဲ့ အဝလွန်နေသူပါ။ တစ်နေ့မှာ မယ်ရီဟာ အမေရိက က ကလေးတွေ ဘယ်ကနေလာကြလဲဆိုတာသိချင်တာနဲ့အမေရိကကလူတစ်ယောက်ကိုမေးမယ်ဆိုပြီးမက်စ်ကိုရွေးချယ်လိုက်ပါတယ်။ အဲဒီလိုကနေမယ်ရီနဲ့ မက်စ်တို့ဟာ စာတွေအပြန်အလှန်ရေးပို့ဖြစ်ကြပါတော့တယ်။ အိမ်မှာလည်းအချစ်မခံရ ကျောင်းမှာလည်း အနိုင်ကျင့်ခံရတဲ့ မယ်ရီနဲ့ စိတ်ဓာတ်ကျနေတဲ့မက်စ်တို့ တစ်ယောက်ကိုတစ်ယောက်အချင်းချင်း ဘယ်လိုကူညီပေးသွားကြမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျာ။...
I Am: Celine Dion (2024) ⭐IMDB: 8.1/10 (3 k Votes) 🎬 #Biography #Documentary #Music 🗓 2024 🎞 movie 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ ဒါရိုက်တာ Irene Taylor ရိုက်ကူးတဲ့ ကနေဒါလူမျိုး အဆိုကျော် Celine Dion အကြောင်း မှတ်တမ်းရုပ်ရှင် လေးပါပဲ။ Celine Dion ဟာ Titanic ရုပ်ရှင်ဇာတ်ဝင်တေးသီဆိုသူအဖြစ် မြန်မာပရိတ်သတ်နဲ့ မစိမ်းလှသူလည်း ဖြစ်ပါတယ်။ Dion ကို Charlemagne မြို့၊ Quebec ပြည်နယ်မှာ မွေးဖွားခဲ့ပြီး မွေးချင်း ၁၄ ယောက်အနက် အငယ်ဆုံး သမီးဖြစ်ပါတယ်။သီချင်းခွေပေါင်း သန်း ၂၀၀ ကျော်အထိ ရောင်းချခဲ့ရတဲ့ Dion ဟာ သမိုင်းတလျှောက် ရောင်းအားအကောင်းဆုံး အဆိုတော်တွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ ပေါ့ပ်ဘုရင်မလို့ တင်စားကြတဲ့ သူမဟာ သူမရဲ့ အသံပါဝါနဲ့ ဆိုနည်းဆိုဟန်တွေက တမူထူးခြားသူအဖြစ် ကမ္ဘာမှာ ကျော်ကြားလှတဲ့ အဆိုတော်တစ်ဦးဆိုတာ အထူးတလည် ရည်ညွှန်းဖို့ လိုမယ် မထင်တော့ပါဘူးနော်။ ဒီလို အောင်မြင်မှုတွေ များစွာရခဲ့တဲ့ တစ်ခေတ်မှာ တစ်ယောက်ထွန်းတဲ့ သူမဟာ အခုအခါ stiff-person syndrome လို့ ခေါ်တဲ့ ကြွက်သားတွေ တင်းကျပ်သွားတတ်တဲ့ ရှားရှားပါးပါးရောဂါဝေဒနာကို ခံစားနေရရှာပါတယ် ဒီ documentary လေးမှာတော့ Dion ရဲ့ ဘဝအကြောင်း၊ သူ့မရဲ့ ဂီတအပေါ် ရူးသွပ်မြတ်နိုးမှုတွေ၊ အဆိုတော်သက်တမ်းတလျှောက် အောင်မြင်မှုတွေ၊ မိသားစုနောက်ခံအကြောင်းတွေနဲ့ နောက်ဆုံးမှာတော့ stiff-person syndrome ရောဂါကို ရင်ဆိုင်တွန်းလှန်နေရပုံတွေကို ဝေဝေဆာဆာ ရိုက်ကူးတင်ဆက်ထားတာ ဖြစ်လို့ Dion ရဲ့ ပရိသတ် ဟုတ်သည်ဖြစ်စေ မဟုတ်သည် ဖြစ်စေ ကြည့်ရှုသင့်ပါကြောင်း အကြံပေးချင်ပါတယ်...
Ru (2023) ⭐IMDB: 7.2/10 (370 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Canada ⏰ 1 နာရီ 57 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 7.2 ကနေဒါနိုင်ငံသား ဗီယက်နမ်လူမျိုး စာရေးဆရာမ Kim Thúy ရဲ့ ဆုရစာအုပ် “Ru” ကိုမှီငြိမ်းပြီးရိုက်ကူးထားတဲ့ ရုပ်ရှပ်ပါ။ ဒီရုပ်ရှင်ထဲမှာတော့ ဗီယက်နမ်စစ်ပွဲကြောင့် ပင်လယ်ခရီးကို ဖြတ်သန်းပြီး ကနေဒါနိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံခဲ့ရတဲ့ တင့် (Kim Thúy) တို့မိသားစုရဲ့ခရီးကြမ်းအပြင် ကနေဒါနိုင်ငံမှာ ဘဝသစ်ထူထောင်ပြီး နိုင်ငံအသစ်မှာ လိုက်လျောညီထွေနေရပုံတွေ ဘာသာစကားအသစ်တွေသင်ယူရပုံနဲ့ အတိတ်ကဖြစ်ရပ်တွေကနေ လွတ်မြောက်အောင်ကြိုးစားရပုံကို တင်ဆက်ပေးထားပါတယ်။ ဒုက္ခသည်အဖြစ်လက်ခံပေးခဲ့တဲ့ သူတို့ရဲ့ အလှူရှင် (စပွန်ဆာ) မိသားစုရဲ့ နွေးထွေးကြပုံ ကူညီဖေးမကြပုံအပြင် ဗီယက်နမ်စစ်ပွဲပြီးဆုံးတဲ့ကာလမှာ နိုင်ငံရပ်ခြားထွက်ပြေးခဲ့ကြရတဲ့ ဗီယက်နမ်လူမျိုးတွေရဲ့ အခက်အခဲတွေကို ကြည့်ရှုကြရမှာပါ။...
After Hours (1985) ⭐TMDB: 75% User Score 🎬 #Comedy #Crime #Drama #Thriller 🗓 1985 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘဝကိုသာမန်ဖြတ်သန်းနေတဲ့ ပေါလ်ဟတ်ကတ်ဟာ ကော်ဖီဆိုင်မှာဆုံခဲ့တဲ့ မာစီဆိုတဲ့အမျိုးသမီးကြောင့် စိတ်လှုပ်ရှားစရာအကောင်းဆုံး၊ အဆိုးရွားဆုံးညတစ်ညကို ဖြတ်သန်းလာရဖို့ ဖြစ်လာပါတယ်။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို ကံဆိုးမှုတွေ ထပ်ခါထပ်ခါကြုံနေရတဲ့ ပေါလ်ဟတ်ကတ် ဘယ်လိုလွတ်မြောက်မလဲဆိုတာကို အသည်းတယားယားနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။...
Batman Unlimited: Animal Instincts (2015) ⭐IMDB: 5.7/10 (3 k Votes) 🎬 #Action #Adventure #Animation #Family #SciFi 🗓 2015 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 18 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Batman Unlimited: Animal Instincts (2015)IMDb: 5.7/10Rotten Tomatoes: 77%Genre: Animation/Action/Adventure Batman Unlimited: Animal Instincts ဟာ Batman Unlimited Series ရဲ့ပထမဦးဆုံးဇာတ်လမ်း ဖြစ်ပါတယ်။ အတော်လေးလည်းကြည့်ကောင်းတဲ့ဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း“Midas Heart” လို့ခေါ်တဲ့ဂြိုလ်သိမ်တစ်ခု ကမ္ဘာကြီးကိုနောက် ၃ ရက်နေရင်ဖြတ်သွားပါတော့မယ်။ အဆိုပါဂြိုလ်သိမ်ရဲ့ ထူးခြားချက်ကတော့ အလယ်မှာရွှေတွေပါလာတာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဂေါ့သမ်မြို့မှာ ဓားပြမှုတွေဖြစ်နေပါတယ်။ ဓားပြမှုတွေဖြစ်လာတာကြောင့် ဘတ်မန်းတို့အုပ်စုကလိုက်ရှင်းနေရပါတယ်။ ထူးဆန်းတာက ဓားပြတိုက်တဲ့လူတွေအအကုန်လုံးက Killer Croc, Cheetah, Silverback တို့ဖြစ်ပြီး အကုန်လုံးက တိရိစ္ဆာန်တွေနဲ့ဆက်နွယ်နေတဲ့ ဗီလိန်တွေဖြစ်ပါတယ်။ အားလုံးရဲ့နောက်ကွယ်မှာတော့ ပင်ဂွင်းရှိနေပါတယ်။ သူတို့ကို Batman, Green Arrow, Robin, Nightwing, Flash တို့ကဘယ်လိုများတားဆီးမှာလဲ ။ ပင်ဂွင်းရဲ့အကြံအစည်ကဘာများလဲ။...
Beauty and the Beast (2014) ⭐IMDB: 6.4/10 (23 k Votes) 🎬 #Drama #Family #Fantasy #Romance #Thriller 🗓 2014 🎞 movie 🌎 #France #Germany #Spain #Canada ⏰ 1 နာရီ 53 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Bela E A Fera ( 2014 ) Beauty and the Beast ဇာတ်လမ်းက ဒစ္စနေး ကျေးဇူးနဲ့ ကျွန်တော်တို့ဟိုးကလေးပေါက်စလေးကတည်းကရင်းနှီးလာတဲ့ ဇာတ်လမ်းပဲ။၁၉၄၆ကထွက်တဲ့ ပြင်သစ်ကားအပြင် ခုထိ ဒီဇာတ်လမ်းကို ရိုက်လာလိုက်တာ၁၀ကားအထက်တော့ ရှိနေပြီ။ ဒီထဲမှာ ၁၉၉၁က ထွက်တဲ့ ဒစ္စနေးကာတွန်းကားနဲ့၂၀၁၇ထွက်တဲ့ အန်မာဝတ်ဆန်နဲ့ ရိုက်တဲ့ကားတော့ လူသိအများဆုံးဖြစ်လိမ့်မယ်။ ၂၀၁၇ကားက ၁၉၉၁ကားရဲ့ Live Actionပဲဆိုတော့ ဒီလူသိအများဆုံး ၂ခုက ဇာတ်လမ်းအတူတူနီးပါးပဲ။၁၉၉၁ကားကိုတော့ ၁၇၅၆ကထွက်ခဲ့တဲ့ Jeanne-Marieရဲ့ဗားရှင်း ဇာတ်လမ်းကိုသုံးထားပြီး၁၉၄၆ရုပ်ရှင်ကနေလည်း မှီးထားတယ်။ ၄၆ရုပ်ရှင်ကလည်း Jeanne-Marieဗားရှင်းပဲ။ဒါပေမဲ့ သူက Beauty and the Beast ရဲ့ မူရင်း စာရေးဆရာတော့မဟုတ်ဘူး။ မူရင်းကို ၁၇၄၀မှာGabrielle-Suzanneက ရေးခဲ့တယ်။ ဒီ၂၀၁၄ ပြင်သစ်ကားကတော့ Gabrielle-Suzanneရဲ့ မူရင်းစာအုပ်ကို ရိုက်ထားတာ။ကျွန်တော်တို့ ကြည့်နေကျဇာတ်နဲ့ တော်တော်လေးတော့ ကွဲပြားခြားနားတယ်။ရိုက်လာခဲ့သမျှထဲမှာလည်း မူရင်းဇာတ်ကိုရိုက်တာက ဒီတစ်ကားပဲ ထင်ထင်ရှားရှားတွေ့ရတယ်။ ဒါရိုက်တာကတော့ Crying Freemanတို့ Silent Hillတို့ကို အသက်သွင်းခဲ့တဲ့လူ။ပြောသာပြောရတယ် သူရိုက်ထားတာ ၄ကားပဲရိုက်တဲ့နောက် ဒီကားနဲ့Brotherhood of the Wolfကလည်း သူ့ဟာနဲ့သူတော့ ပရိသတ်အာရုံစိုက်မှုရခဲ့တော့ ၄ကားလုံးအထိုက်အလျောက် အောင်မြင်တယ်။ အကုန်လုံးက ဂိမ်းတို့ မန်ဂါတို့ကို LAရိုက်ထားတာတွေချည်းပဲ။သူ့လိုင်းကလည်း horror , fantasyဆိုတော့ ဒီဇာတ်နဲ့ ကွက်တိတော့ ကွက်တိပဲ။ဒါကြောင့်လည်း ဒီထဲကBeastက နည်းနည်းတော့ ကြက်သီးထစရာကောင်းတယ်။ ပြင်သစ်ကားဆိုပေမဲ့ အင်တာပရိသတ်ကို တားဂတ်ထားထားလို့လားမသိ။သုံးထားတဲ့ သရုပ်ဆောင်တွေက ပြင်သစ်တွေပေမဲ့ အမေရိကန်ရုပ်ရှင်နယ်ပယ်မှာနေရာအခိုင်အမာရထားတဲ့လူတွေကိုသုံးထားတယ်။ ဒါပေမဲ့လည်း အနုပညာအရအောင်မြင်တဲ့ကားကောင်းတွေကို ရိုက်ထားတဲ့သူတွေပါပဲ။ ကျွန်တော်တို့နဲ့လည်း မစိမ်းဘူး။ Beast နေရာကနေ Vincent Casselက သရုပ်ဆောင်ထားတယ်။ La Hainတို့ The Apartmentတို့လိုဒိတ်ဒိတ်ကြဲပြင်သစ်ကားတွေ Ocean’sတို့ Black Swanတို့လို အမေရိကန်ကားတွေမှာမင်းသားလုပ်ခဲ့တဲ့သူဆိုတော့ အားလုံးကောင်းကောင်းသိနေတဲ့သူပဲ။Beauty နေရာကတော့ တကယ့်အလှလေးပဲ။ ဘွန်းဂဲလ်တစ်ဖြစ်လဲ Lea Seydoux။သူ့ကိုတော့ ကျွန်တော်တော့ Midnight in Parisမှာ ပထမဆုံးစကြွေဆင်းခဲ့ဖူးတယ်။နောက်ပိုင်းလည်း ပိုပိုကြမ်းလာပါတယ်။ Wes Anderson , Yorgos Lanthimos , Sam Mendes ,Denis Villeneuve တို့လို ဒိတ်ဒိတ်ကြဲ ဒါရိုက်တာတွေနဲ့ ဆက်တိုက်ကိုရိုက်နေရတယ်။ ဇာတ်ကတော့ သင်္ဘောသုံးစီးပိုင်တဲ့ ကုန်သည်ကြီးတစ်ယောက်ရှိတယ်။သူ့မှာ သားသမီးခြောက်ယောက်ရှိတယ်။ ကြမ္မာငင်တဲ့တစ်နေ့မှာ သင်္ဘောတွေအကုန် မုန်တိုင်းမိပြီးဆုံးရှုံးသွားတော့ ကျေးလက်ဘက်မှာ ဆင်းဆင်းရဲရဲနေရဖို့ အကြောင်းဖန်လာတယ်။ဒီလိုနဲ့ တစ်နေ့ကိစ္စရှိလို့ မြို့ကိုသွားရင်း အပြန်မှာBeastရဲ့ ရဲတိုက်ကို မျက်စိလည်လမ်းမှားရောက်သွားပြီးမယူသင့်တာကို သွားယူမိတယ်။ Beastက သူ့ကို တစ်ရက်အချိန်ပေးပြီး ပြန်လာအသေခံဖို့မှာလိုက်တယ်။ အိမ်ရောက်တော့ ဒီအကြောင်းပြောပြတော့ သူ့သမီး အငယ်ဆုံးလေးက သူ့အဖေအစားအသေခံဖို့ထွက်သွားရာကနေ အလှလေးနဲ့ အရိုင်းကောင်ရဲ့ ဇာတ်လမ်းက အစပြုတယ်။Beastရဲ့ကျိန်စာတို့ ဘာတို့ကအစ ဘယ်လီရဲ့ဘဝနဲ့ကာရိုက်တာကအစကျွန်တော်တို့မြင်နေကျအရိုက်များခဲ့တဲ့ဇာတ်လမ်းနဲ့တော့ ကွဲပြားတယ်။Beastရဲ့ ကျိန်စာမိတဲ့ဇာတ်က ဝူခုန်းထဲက တစ်ခန်းနဲ့တောင် သွားတူတယ်။ ဒီကားက ဝေဖန်ရေးသမားတွေကြားထဲတော့ အကောင်းပြောခံရလိုက် အဆိုးပြောခံရလိုက် ဖြစ်ခဲ့ပေမဲ့ဝင်ငွေအရတော့ အောင်မြင်ခဲ့တယ်။ ဇာတ်ရှိန်ကလည်း နည်းနည်းမြန်နေသကိုး။ဘာပဲပြောပြော fantasyကားတစ်ကားအနေနဲ့ ကြည့်လို့တော်တော်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ကျွန်တော့်အတွက်တော့ Lea Seydouxနဲ့တင် ကြည့်ကိုကြည့်ရမယ့်ရုပ်ရှင်ပဲ။...
JLA Adventures: Trapped in Time (2014) ⭐IMDB: 5.7/10 (4 k Votes) 🎬 #Action #Animation #SciFi #Family #ScienceFiction 🗓 2014 🎞 video movie 🌎 #UnitedStates #SouthKorea #Norway #UnitedStatesofAmerica ⏰ 55 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 JLA Adventures: Trapped in Time(2014)IMDb: 5.7/10Rotten Tomatoes: 74%Genre: Animation/Action/Sci-Fi JLA Adventures: Trapped in Time ဟာ DC Animation မှဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဇာတ်ညွှန်းလက်ရှိ ၂၁ ရာစုမှာ လက်စ်လူသာဟာ ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ပြီး “Legion of Doom” ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ ထုံးစံအတိုင်း ကမ္ဘာကြီးကိုအုပ်စိုးဖို့အကြံနဲ့ လုပ်ကိုင်နေတုန်းမှာ “Justice League” ရဲ့တားဆီးခြင်းကိုခံလိုက်ရပါတယ်။ ပိုပြီးဆိုးတာက လက်စ်လူသာ ဟာရေခဲထဲမှာ ပိတ်မိသွားပါတယ်။ ဘယ်လောက်ထိပိတ်မိသွားလဲဆိုရင် ၃၁ ရာစုမှာမှပြန်လည်တူးဖော်တွေ့ရှိခဲ့ပါတယ်။ ဒါတောင်မှ ရှာလို့တွေ့တာမဟုတ်ပဲ ကမ္ဘာကြီး ဒုတိယအကြိမ်ပူနွေးလာပြီး ရေခဲတွေအရည်ပျော်ကျလာလို့ ဖြစ်ပါတယ်။ ၃၁ ရာစုရောက်တဲ့အချိန်မှာတော့ စူပါမန်းနဲ့ “Justice League” တို့ဟာ ပြတိုက်ထဲမှာ ဂုဏ်ပြုတဲ့အနေနဲ့ပြသထားပြီး “Legion of Doom” အဖွဲ့ကိုလည်းပြသထားပါတယ်။ အဲထဲမှာ ရေခဲထဲပိတ်မိနေတဲ့ လက်စ်လူသာလည်းပါပါတယ်။ “Dawnstar” နဲ့ “Karate Kid” တို့နှစ်ယောက်ဟာ ၃၁ ရာစု မှ စူပါဟီးရီုးအဖွဲ့ကိုဝင်ချင်နေတဲ့ ဟီးရိုးပေါက်စလေးနှစ်ယောက်ဖြစ်ပါတယ်။ “Karate Kid” ဟာခေါင်းခပ်မာမာဖြစ်ပြီး သူ့ရဲ့ ခေါင်းမာမှုကြောင့်ပဲ လက်စ်လူသာတစ်ယောက် အချိန်ထိန်းသိမ်းသူကိုပါဖမ်းခေါ်သွားပြီး အတိတ်နှစ် ၁၀၀၀ ကိုနောက်ပြန်သွားခဲ့ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ “Justice League” အဖွဲ့ကို ထာဝရ အချိန်ဖြစ်တည်မှုကနေပျောက်ကွယ်သွားအောင်ပြုလုပ်ဖို့ပဲဖြစ်ပါတယ်။ တကယ်ပဲ လက်စ်လူသာတစ်ယောက်တားနိုင်မှာလား။ သူ့ရဲ့ အကြံကဘာလဲ။ အချိန်တွေကိုထိန်းချုပ်နိုင်တဲ့ အချိန်ထိန်းသိမ်းသူကိုဖမ်းခေါ်ထားတဲ့ လက်စ်လူသာတစ်ယောက် ဘယ်လိုမျိုးကြံစည်ထားတာလဲ...
Aham Reboot (2024) ⭐IMDB: 8.7/10 (1 k Votes) 🎬 #Bollywood #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 31 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘဝသစ် ပြန်လည်စတင်ခြင်း ဒီတစ်ခေါက် ပရိသတ်ကြီးကို တင်ဆက်ပေးချင်တဲ့ ဇာတ်ကားကောင်းလေးကတော့ IMDb rating 6.6 အထိရရှိထားတဲ့ 2024 ခုနှစ်မှ ထွက်ရှိထားတဲ့ Aham Reboot ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်ဒီကားမှာတော့ Main cast အနေနဲ့ Sumanth က ပါဝင်သရုပ်ဆောင်ပေးထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ နီလေးဆိုတဲ့လူဟာ နိုင်ငံ့ကိုယ်စားပြု ဘောလုံးသမားဖြစ်ချင်ခဲ့တဲ့သူပါဒါပေမဲ့ ကံဆိုးချင်တော့ နီလေးကြောင့် အာဗန်သီကာဆိုတဲ့ ကောင်မလေးဟာ မတော်တဆမှုတစ်ခုမှာသေဆုံးသွားခဲ့ရပါတယ် ဒီလိုဖြစ်ရပ်ကြောင့် အပြစ်ရှိစိတ်တွေနဲ့ ရှင်သန်ရင်း ရေဒီယိုဌာနတစ်ခုမှာအစီအစဉ်တင်ဆက်သူအနေနဲ့ အလုပ်လုပ်ခဲ့ရာ တစ်နေ့မှာတော့ အစီအစဉ်ကိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်နေတုန်း ကောင်မလေးတစ်ယောက်ဆီက ဖုန်းဝင်လာပါတော့တယ်။ ဖုန်းထဲက ကောင်မလေးက နီလေးကို သူအခန်းတစ်ခုထဲမှာ ပိတ်ခံထားရလို့ သူ့ကိုကယ်ပေးဖို့ ပြောတဲ့အချိန်မှာတော့…..ဒီကောင်မလေးက ဘယ်သူလဲနီလေးကရော K ဆီ ဘာလို့ ဖုန်းခေါ်ခဲ့တာလဲရဲကရော ဒီဇာတ်ကားထဲမှာ ဘယ်ကဏ္ဍနေ ပါဝင်နေတာလဲနီလေးကရော ဒီရှိုးကနေတဆင့် ကောင်မလေးရဲ့ နေရာကို ဘယ်လိုရှာဖွေ ဖော်ထုတ်သွားမလဲဖမ်းခံထားရတဲ့ ကောင်မလေးကရော အာဗန်သီကာနဲ့ ဘယ်လိုဆက်စပ်နေတာလဲ….ဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေကို သိချင်ရင်တော့ ဒီဇာတ်ကားလေးကို ကြည့်ရှုအားပေးကြပါဦးရှင် အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~ Alex~ ToMo ~ Sue ~ Cyrah တို့ပဲဖြစ်ပါတယ်...
