ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Kingdom 4: Return of the Great General (2024) ⭐TMDB: 73% User Score 🎬 #Action #Drama #History #Adventure 🗓 2024 🎞 Series 🌎 #Japan ⏰ 2 နာရီ 26 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kingdom Daishogun no Kikan (2024) ~ IMDb – 7.6/10, MyDramaList – 8.0/10 ~ Kingdom 3: Flame of Destiny (2023) ရဲ့ဇာတ်သိမ်းကြောင့် ဘာတွေဆက် ဖြစ်မလဲဆိုတာ သိချင်နေကြတဲ့ ပရိသတ်တွေအတွက် Kingdom live-action movies တွေရဲ့ စတုတ္ထမြောက်ဇာတ်ကားဖြစ်တဲ့ Kingdom 4: Return of the Great General ထွက်ရှိလို့လာပါပြီ။ Kingdom Live Action အနေနဲ့ ၄ ကားထိထွက်ထားပြီး ဒီလင့်မှာhttps://www.channelmyanmar.to/?s=kingdom+live+actionအကုန်လုံးကိုကြည့်လို့ရပါတယ်။ အခုဆိုရင် Kingdom live-action movies က လေးကားတောင်ရှိပြီဆိုတော့ ထွက်ရှိပြီး Kingdom (2019), Kingdom 2: Far and Away (2022) နဲ့ Kingdom 3: Flame of Destiny (2023) တို့ရဲ့ဇာတ်ကြောင်းကို ပရိသတ်တွေထဲမှာ မမှတ်မိကြတဲ့သူတွေလည်း ရှိနိုင်တာမို့လို့ ပြန်နွှေးလိုက်ရအောင်..။ ပထမကားကတော့ တရုတ်ပြည် ချင်ပြည်ထောင် (Qin State) က မိဘမဲ့ လည်းဖြစ်၊ ကျွန်လည်းဖြစ်ပေမဲ့ တစ်မိုးအောက်စစ်သူကြီးဖြစ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်ရှိတဲ့ ရှင်း (Shin) နဲ့ တရုတ်ပြည်ကြီးကို တစ်စုတစ်စည်း ဖြစ်အောင်လုပ်ပြီး ပထမဆုံးဧကရာဇ်ဖြစ်စေချင်တဲ့ ချင်ပြည်ထောင်ဘုရင် အဲ့ဆေး(King Ei Sei of Qin State) တို့ မမျှော်လင့်ထားတဲ့အဖြစ်အပျက် တွေကြောင့် ဆုံစည်းခဲ့ကြပါတယ်။ ဒုတိယကားမှာတော့ ဘုရင်အဲ့ဆေးကို လုပ်ကြံတဲ့ဇာတ်ဝင်ခန်းနဲ့စထားပြီး ချင်ပြည်ထောင်ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဝေပြည်ထောင် (Wei State) က လာရောက်ကျူးကျော်လို့ ဝေပြည်ထောင်နဲ့ချင်ပြည်ထောင်တို့ စစ်ခင်းကြတဲ့ ဒါကန်လွင်ပြင် (Daken Plains) ဆီကနေ ရှင်းတစ်ယောက် နှစ်ဖက်သော စစ်သူကြီးတို့ရဲ့စစ်ဗျူဟာများ၊ စစ်ပရိယာယ်များ၊ အနိဋ္ဌာရုံများကို ပထမဆုံး အကြိမ် မျက်ဝါးထင်ထင်တွေ့လိုက်ရပြီး သူကိုယ်တိုင်လည်း စွမ်းဆောင် ပြနိုင်ခဲ့လို့ တပ်သား ၁၀၀ တပ်မှူးဖြစ်သွားပါတော့တယ်။ တတိယကားကျတော့ ကျောက်ပြည်ထောင်(Zhao State) က ချင်ပြည်ထောင်ကို လာရောက်ကျူးကျော်တာနဲ့စထားထားတာပါ။ ချင်ပြည်ထောင်ကို ချောဟဲ လူသတ်ပွဲ (Chohei Massacre) ကြောင့် ရန်ငြိုးအကြီးအကျယ်ရှိလို့ လာရောက် ကျူးကျော်တာပါ။ ထုံးစံအတိုင်း တပ်သား ၁၀၀ တပ်မှူးဖြစ်သွားတဲ့ ရှင်းက ချင်ပြည်ထောင်နဲ့ကျောက်ပြည်ထောင်တို့ စစ်ခင်းကြတဲ့ ဘာရို(Bayo) ဆီသွားပါတော့တယ်။ အဲဒီဘာရိုစစ်မြေပြင်မှာ စတင်စစ်ခင်းကြတဲ့ ပထမနေ့မှာ တပ်သား ၁၀၀ တပ်မှူး ရှင်း တစ်ယောက် စစ်သူကြီးအိုးကီပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ခဲ့နိုင်တဲ့အပြင် သူဉီးဆောင်တဲ့တပ်ဖွဲ့လည်း ဟီရှင်းတပ်ဖွဲ့အဖြစ် နာမည်ပေးခြင်းခံခဲ့ရပါတယ်။ စစ်သူကြီးအိုးကီတို့အနိုင်ရခဲ့ပြီး တပ်ဆုတ် ထွက်ပြေးသွားကြတဲ့ ကျောက်ပြည်ထောင် ချောဆိုးတပ်ဖွဲ့နောက် နောက်တစ်နေ့ မနက်မှာဆက်လိုက်ဖို့ တစ်ညတာ အနားယူကြတဲ့အချိန်မှာ သူတို့ဆီကို ဘူရှင်း (စစ်နတ်ဘုရား) လို့ သူ့ကိုယ်သူပြောတဲ့ ဟိုကန် ဆိုသူ ကျောက်ပြည်ထောင် ဘက်ကစစ်သူကြီးတစ်ယောက်ရောက်ချလာတာနဲ့အဆုံးသတ်သွားပါတယ်။ အဲဒီတော့ လေးကားမြောက်က စစ်သူကြီးအိုးကီနဲ့စစ်သူကြီးဟိုကန်တို့ရဲ့တိုက်ပွဲ တစ်နည်း လွန်ခဲ့တဲ့ကိုးနှစ်ကအကြွေးကို ပြန်ဆပ်မယ့်ပွဲကို ခပ်မိုက်မိုက်မြင်ရမှာ ဖြစ်သလို ဘာရိုစစ်ပွဲကဘယ်လိုရလဒ်နဲ့အဆုံးသတ်သွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ Kingdom live-action လေးကားစလုံးကို Alice in Borderland ရဲ့ဒါရိုက်တာ Sato Shinsuke ကပဲ ရိုက်ကူးထားတာဖြစ်ပြီး Yasuhisa Hara ရေးတဲ့ “Kingdom” manga ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ၂၀၀၆ ခုနှစ်မှာ ရေးထားခဲ့တဲ့ Kingdom က အခုထိဇာတ်မသိမ်းသေးပါဘူး။ လက်ရှိအချိန်အထိ စုစုပေါင်း 74 volumes နဲ့ 823 chapters အထိ ထွက်ရှိ ထားပါတယ်။ Anime အနေနဲ့လည်း Studio Pierrot နဲ့ Studio Signpost ကနေ Season 1-5 (142 episodes) အထိ ထွက်ရှိထားပါတယ် live-action အနေနဲ့ လည်း ၂၀၁၉ ခုနှစ်ကတည်းက ရိုက်ကူးလာခဲ့ရာ အခုဇာတ်ကားနဲ့ဆို လေးကား ရှိသွားပါပြီ။ နောက်ထပ် သုံးကား ဆက်လက်ရိုက်ကူးမယ်လို့ ကောလာဟလအဖြစ် ကြားထားပါတယ်။ Kingdom 4 ရဲ့ ဇာတ်ဝင်သီချင်းဖြစ်တဲ့ “Delusion All” ကို ONE OK ROCK က ဆိုပေးထားပါတယ်။ အားလုံးစောင့်မျှော်နေကြတဲ့ တောင်တန်းဘုရင်မ ရိုတန်ဝါ (Youtanwa) ကို တော့ ဆယ်မိနစ်လောက်ပဲတွေ့ရမှာပါ။ ဇာတ်ကောင်အသစ်ဖြစ်တဲ့ Kyo (ကရို) နေရာမှာသရုပ်ဆောင်တဲ့ Araki Yuko က ချစ်စရာကောင်းလှပါတယ်။ Kingdom manga မှာ လတ်တလော arc ပေါင်း ၂၇ ခုရှိပြီး anime အနေနဲ့ arc ၁၇ ခု နဲ့ chapter ၄၈၉ အထိ adapt လုပ်ခဲ့ပြီးပါပြီ။ Live-action လေးကားအနေနဲ့ adapt လုပ်ထားတာ အစပိုင်း arc ၆ ခုလောက်ပဲ ရှိပါသေးတယ်။ (ဒီဇာတ်ကားရဲ့အညွှန်းကို AK မှ ရေးသားထားပါတယ်)...
Kingdom III: The Flame of Destiny (2023) ⭐TMDB: 75% User Score 🎬 #Action #History #War #Adventure 🗓 2023 🎞 Series 🌎 #Japan ⏰ 2 နာရီ 9 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kingdom III: The Flame of Destiny (2023) ~ IMDb – 6.9/10, RT – 83%, MyDramaList – 8.1/10 ~ အားလုံးစောင့်မျှော်နေကြတဲ့ Kingdom Live-Action ကားတွေရဲ့ တတိယမြောက်ဇာတ်ကားဖြစ်တဲ့ Kingdom III: The Flame of Destiny ထွက်ရှိလို့လာပါပြီ။Kingdom Live Action အနေနဲ့ ၄ ကားထိထွက်ထားပြီး ဒီလင့်မှာhttps://www.channelmyanmar.to/?s=kingdom+live+actionအကုန်လုံးကိုကြည့်လို့ရပါတယ်။Kingdom III: The Flame of Destiny (2023) ကိုမကြည့်ခင် Kingdom (2019) နဲ့ Kingdom II: Far and Away (2022) တို့ရဲ့ဇာတ်ကြောင်းကိုပြန်နွှေးကြရအောင်။ ပထမကားကတော့ တရုတ်ပြည် ချင်ပြည်ထောင် (Qin State) က မိဘမဲ့လည်းဖြစ်၊ ကျွန်လည်းဖြစ်ပေမဲ့ တစ်မိုးအောက်စစ်သူကြီးဖြစ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်ရှိတဲ့ ရှင်း (Shin) နဲ့ တရုတ်ပြည်ကြီးကို တစ်စုတစ်စည်းဖြစ်အောင်လုပ်ပြီး ပထမဆုံးဧကရာဇ်ဖြစ်စေချင်တဲ့ ချင်ပြည်ထောင်ဘုရင် အဲ့ဆေး(King Ei Sei of Qin State) တို့ မမျှော်လင့်ထားတဲ့အဖြစ်အပျက်တွေကြောင့် ဆုံစည်းခဲ့ကြပါတယ်။ ဒုတိယကားမှာတော့ ဘုရင်အဲ့ဆေးကို လုပ်ကြံတဲ့ဇာတ်ဝင်ခန်းနဲ့စထားပြီး ချင်ပြည်ထောင်ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဝေပြည်ထောင် (Wei State) က လာရောက်ကျူးကျော်လို့ ဝေပြည်ထောင်နဲ့ချင်ပြည်ထောင်တို့ စစ်ခင်းကြတဲ့ ဒါကန်လွင်ပြင် (Daken Plains) ဆီကနေ ရှင်းတစ်ယောက် နှစ်ဖက်သောစစ်သူကြီးတို့ရဲ့စစ်ဗျူဟာတွေ၊ စစ်ပရိယာယ်တွေ၊ အနိဋ္ဌာရုံတွေကို ပထမဆုံးအကြိမ် မျက်ဝါးထင်ထင်တွေ့လိုက်ရပြီး သူကိုယ်တိုင်လည်း စွမ်းဆောင်ပြနိုင်ခဲ့လို့ တပ်သား ၁၀၀ တပ်မှူးဖြစ်သွားပါတော့တယ်။ ရှေ့နှစ်ကားအကြောင်းကို မှတ်မိသွားကြပြီဆိုရင် Kingdom III ရဲ့ ဇာတ်ကြောင်းကိုပြောပြပါမယ်။ ဒီတစ်ခါ ချင်ပြည်ထောင်ကိုလာရောက်ကျူးကျော်တာကတော့ ကျောက်ပြည်ထောင် (Zhao State) ကပါ။ ချင်ပြည်ထောင်ကို ချောဟဲလူသတ်ပွဲ (Chohei Massacre) ကြောင့် ရန်ငြိုးအကြီးအကျယ်ရှိလို့ လာရောက်ကျူးကျော်တာပါ။ ထုံးစံအတိုင်း တပ်သား ၁၀၀ တပ်မှူးဖြစ်သွားတဲ့ ရှင်းက ချင်ပြည်ထောင်နဲ့ ကျောက်ပြည်ထောင်တို့ စစ်ခင်းကြတဲ့ ဘာရို (Bayo) ဆီသွားပါတော့တယ်။ ဒီတစ်ခါ စစ်ပွဲကနေရော ဘယ်လိုအတွေ့အကြုံတွေရမလဲ၊ ဘာအခက်အခဲတွေတွေ့မလဲဆိုတာ ဇာတ်ကားထဲမှာကြည့်ရှုလိုက်ပါခင်ဗျာ။ Kingdom Live-Action ဇာတ်ကားတွေကို Yasuhisa Hara ရေးတဲ့ “Kingdom” Manga ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ၂၀၀၆ ခုနှစ်မှာရေးထားခဲ့တဲ့ Kingdom က အခုထိဇာတ်မသိမ်းသေးပါဘူး။ လက်ရှိအချိန်အထိ စုစုပေါင်း 70 volumes နဲ့ 768 chapters အထိ ထွက်ရှိထားပါတယ်။ Anime အနေနဲ့လည်း Studio Pierrot နဲ့ Studio Signpost ကနေ Season 1-4 (129 episodes) အထိထွက်ရှိထားပြီး Season 5 ကိုလည်း ဒီနေ့ကစပြီး ပြသတော့မှာပါ။ Live-Action အနေနဲ့လည်း ၂၀၁၉ ခုနှစ်ကတည်းက ရိုက်လာရင်း အခုဆိုရင် စတုတ္ထမြောက်ဇာတ်ကား Kingdom IV: Return of the Great General (2024) အထိရောက်ရှိလာပါပြီ။ ဂျပန်မှာ ဒီနှစ် ဇူလိုင်လကျရင် ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ Kingdom Live-Action လေးကားစလုံးကို Alice in Borderland ရဲ့ဒါရိုက်တာ Sato Shinsuke ကပဲ ရိုက်ကူးထားတာဖြစ်ပါတယ်။ Kingdom III မှာ ပထမနှစ်ကားထဲက သရုပ်ဆောင်တွေပြန်ပါလာသလို Anne Watanabe, Yuki Yamada, Koji Yamamoto, Ainosuke Kataoka တို့လို သရုပ်ဆောင်အသစ်၊ ဇာတ်ကောင်အသစ်တွေပါလာပါတယ်။ ဇာတ်ဝင်သီချင်းဖြစ်တဲ့ “Gold (Until We Meet Again)” ကို Hikaru Utada ကဆိုပေးထားပါတယ်။ Kingdom III ကိုကြည့်ပြီးတာနဲ့ Kingdom IV ကို ဆက်ကြည့်ချင်ကြပါလိမ့်မယ်။ တကယ့်ကို ဆန့်တငင်ငင်နဲ့ဇာတ်သိမ်းသွားခဲ့တာမို့လို့ပါ။ စကားမစပ် စိတ်မကောင်းစွာနဲ့ပြောရရင် တောင်တန်းဘုရင်မ ရိုတန်ဝါ (Youtanwa) ကိုစောင့်မျှော်နေကြသူများအတွက်တော့ ဒီဇာတ်ကားထဲမှာလည်း (တကယ်) မပါသေးပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAKမှ ပြန်ဆို ရေးသားထားပါတယ်)...
Kingdom (2019) ⭐TMDB: 72% User Score 🎬 #Action #History #War #Adventure #Fantasy 🗓 2019 🎞 Series 🌎 #Japan #UnitedStatesofAmerica ⏰ 2 နာရီ 15 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kingdom (2019) IMDb Rating (6.7) / Rotten Tomatoes (93 %) ဒီဇာတ်လမ်းရဲ့ထူးခြားချက်ကတော့ တရုတ်ပြည်ရဲ့ ရာဇဝင်ဇာတ်လမ်းကို ဂျပန်က ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ဂျပန်ရဲ့ နာမည်ကြီး Manga ရေးဆရာဖြစ်တဲ့ Yasuhisa Hara ရဲ့ ဇာတ်လမ်းကို ပြန်လည်အသက်သွင်းပြီး ရုပ်ရှင်အနေနဲ့ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။Kingdom Live Action အနေနဲ့ ၄ ကားထိထွက်ထားပြီး ဒီလင့်မှာhttps://www.channelmyanmar.to/?s=kingdom+live+actionအကုန်လုံးကိုကြည့်လို့ရပါတယ်။ Kingdom Live Action တွေရဲ့အစ ဒီ ၂၀၁၉ ရုပ်ရှင်ကားရဲ့ ဇာတ်လမ်းကတော့…. ဟရူးနဲ့ ရှင်း ဆိုတဲ့ မိဘမဲ့ အစေခံလေး နှစ်ယောက်မှာ အိပ်မက်ကြီးတစ်ခု ရှိကြပါတယ်။ကြီးမြတ်တဲ့ စစ်သူကြီးတွေ ဖြစ်လာဖို့ပါပဲ။ ဒီလိုနဲ့ တစ်နေ့မှာ သူတို့၂ယောက်ထဲက ဟရူးကို နန်းတော်ကအမတ်တစ်ယောက်က အမှုထမ်းဖို့သပ်သပ် ရွေးခေါ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဟရူးက ရှင်းဆီကို မကြာခင်မှာပဲ ပြန်ရောက်လာပြီးသူနဲ့အတူ နန်းတွင်းအရှုပ်တော်ပုံနဲ့ပြည်တွင်း စစ်ပွဲကြီးတစ်ခု သယ်ဆောင်လာတဲ့အခါမှာတော့ Kingdom အရှုပ်တော်ပုံကြီး စတင်ပါတော့တယ်။...
Kingdom 2: Far and Away (2022) ⭐TMDB: 72% User Score 🎬 #Action #Adventure #History #War 🗓 2022 🎞 Series 🌎 #Japan ⏰ 2 နာရီ 14 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kingdom 2: Far and Away (2022) Alice in Borderland ထဲက အာရိဆု ပါင်သရုပ်ဆောင်ထားတဲ့ Kingdom 2: Far and Away ဆိုတဲ့ ဂျပန်ဇာတ်ကားလေး ထွက်ရှိလာပါပြီခင်ဗျာ။ သူ့ရှေ့ကားKingdom 2019လည်း ရှိပါသေးတယ်။Kingdom Live Action အနေနဲ့ ၄ ကားထိထွက်ထားပြီး ဒီလင့်မှာhttps://www.channelmyanmar.to/?s=kingdom+live+actionအကုန်လုံးကိုကြည့်လို့ရပါတယ်။ ဇာတ်လမ်းအကျဉ်း …တစ်မိုးအောက်စစ်သူကြီးဖြစ်ချင်တဲ့ ရှင်းတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ ဒုတိယမြောက် ဇာတ်ကားလေးပါ။ ဒီတစ်ခေါက်မှာလည်း မပျင်းရအောင်ဖန်တီးထားပြီး ဇာတ်အိမ်ကတော့ ရှင်းပြည်ထောင်နဲ့ ဂီပြည်ထောင်ကြားက နယ်မြေလုစစ်ပွဲတစ်ခု ကို အခြေတည်ထားပါတယ်။ ဒီလိုနဲ့ပဲ ဘာမဆို ရှေ့တန်းကပါတတ်တဲ့ ရှင်းတစ်ယောက်လည်း စစ်ချီထွက်လို့လာခဲ့ပါတယ်။ လူကသာအာကျယ်ပေမယ့် ခန္ဓာကိုယ်က သေးသေးလေးမို့ အုပ်စုဖွဲ့ရာမှာအကျဉ်ခံရရင်း အားအနည်းဆုံးသော လူတွေနဲ့အတူတကွ စစ်ပွဲဆင်နွှဲဖို့ ဖြစ်လာပါတော့တယ်။ ရှင်းတစ်ယောက် ဘယ်လိုလူတွေနဲ့ ဘယ်လိုသံယောဇဉ်တွေဖန်တီးပြီး ရွတ်ရွတ်ချွန်ချွန် တိုက်ခိုက်သွားမလဲ?နယ်မြေလုစစ်ပွဲကြားက ပြည်ထောင်စစ်သူကြီးတွေရဲ့ ဗျူဟာနည်းစနစ်တွေကိုရော ရှင်းဘယ်လိုသင်ယူသွားမလဲ? ဆိုတာကို ဓားရေးလှံရေး အမိုက်စားတွေနဲ့ တစ်ဝကြီးကြည့်ရှုရဦးမယ့် ဇာတ်ကားတစ်ခုပါပဲ။ မင်းသမီးအလှလေးကလည်း ပါ၊ ဇာတ်လမ်းရိုက်ချက်တွေကလည်း ရင်သပ်ရှုမောလောက်စရာမို့ လက်မလွှတ်တမ်းကို ကြည့်ရှုလိုက်ဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Hae Areumပါ။)...
Screw Mickiewicz (2024) ⭐TMDB: 52% User Score 🎬 #Drama 🗓 2024 🎞 Series 🌎 #Poland ⏰ 1 နာရီ 41 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Screw Mickiewicz (2024) IMDb Rating (4.7) ဒီကားလေးမှာ တစ်ကျောင်းလုံးရဲ့ အဆိုးဆုံးကျောင်းသားတွေရှိတဲ့ Bခန်းကို ကိုင်တွယ်ဖို့ဖြစ်လာတဲ့ ဆရာသစ်ဖြစ်သူ Jan Sienkiewicz ရဲ့ ကိုင်တွယ်ပုံအဆန်းတွေကို ရယ်မောရင်း စိတ်ဝင်တစားကြည့်ရှူရမှာပဲဖြစ်ပါတယ်။ ဒီလိုခပ်ဆိုးဆိုးကျောင်းသားတွေကို ကိုင်တွယ်ရတဲ့ ဆရာတွေရဲ့ ဇာတ်ကားတွေ အများကြီးရှိပေမယ့် ဒီကားလေးကတော့ တမူထူးခြားပါတယ်။ စာလုပ်ဖို့ထက် မူးရူးသောင်းကျန်းဖို့ပဲ ပိုစိတ်ဝင်စားတဲ့ ကျောင်းသားတွေကို ပိုလန်စာဆိုတော်ကြီးတစ်ယောက်ရဲ့ စာစီစာကုံး ရေးခိုင်းတဲ့အခါမှာ သူတို့ ဘယ်လိုတုံ့ပြန်ကြမလဲ။ ဆန္ဒပြကြမှာလား။ ဒါမှမဟုတ် တခြားဘယ်လို ပြုမူကြမလဲ။ ဆရာက သူတို့ကို ထုံးစံအတိုင်း သင်မှာမဟုတ်ဘူးဆိုရင် စာပေကို ဘယ်လို သင်ပေးမလဲ။ သူတို့ကရော ဘယ်လို တုံ့ပြန်ကြမလဲ။ ဒါမှမဟုတ် သူတို့ရဲ့ ပုန်ကန်တဲ့စိတ်ကို ပိုပြီး လှုံ့ဆော်ပေးသလို ဖြစ်သွားမှာလား။ ဆရာက သည်းခံမှုရှိရှိ သင်ပေးနိုင်ပါ့မလား။ ဒီဇာတ်လမ်းက သင်ယူမှုနဲ့ ပတ်သက်ပြီး ဘယ်လို အမြင်သစ်တွေ ပေးမလဲ။ ဆရာနဲ့ ကျောင်းသားတွေရဲ့ ဆက်ဆံရေးက ဘယ်လို ပြောင်းလဲသွားမလဲ။ ဒီဇာတ်လမ်းက လူငယ်တွေကို ပညာရေးစနစ်ကို ပြန်လည်သုံးသပ်စေနိုင်မှာလား။ ဒါမှမဟုတ် ဆရာက သူတို့ကို ပြင်းပြင်းထန်ထန်ပဲ ဆုံးမမှာလား.. စသဖြင့် ဇာတ်ကားကြည့်ရင်း ဒီလိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းလေးတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mahaw ဖြစ်ပါတယ်။)...
Book of Shadows: Blair Witch 2 (2000) ⭐TMDB: 43% User Score 🎬 #Adventure #Fantasy #Horror #Mystery #Thriller 🗓 2000 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 41 စက္ကန့် 👑 Channel Myanmarဇာတ်ညွှန်း 📜 Book of Shadows: Blair Witch 2 (2000) ဒီရုပ်ရှင်မှာက ပရိသတ်ကိုအတွေးစတွေ ချန်ထားခဲ့မှာဖြစ်ပါတယ် ။ဒါကတော့ ဂျက်ဖ်တို့လူစုကြုံရတာကအစုလိုက်အပြုံလိုက် အရူးထတာလားဒါမှမဟုတ်သဘာလွန်ဖြစ်ရပ်လားဆိုတာပါပဲ။ ဒီဇတ်ကားကလည်း ငွေကြေးအရအောင်မြင်တဲ့ဇတ်ကားဖြစ်ခဲ့ပါတယ်။ဒါရိုက်တာကတော့ မှတ်တမ်းတင်ရုပ်ရှင်တွေရိုက်လေ့ရှိတဲ့ Joe Berlingerဖြစ်ပါတယ်။ အခုတိုးတက်ပြီးယဥ်ကျေးပါတယ်ပါတယ်ဆိုတဲ့ဥပရောတိုက်သားတွေကစုန်းအတတ်နဲ့ပြုစားပါတယ်လို့စွပ်စွဲပြီး၁၄၀၀ခုနှစ်ကနေ၁၇၇၅ထိ လူ၃၀၀၀၀ကနေ ၆၀၀၀၀ကို သတ်ခဲ့တယ်ဆိုရင်အံသြသွားကြမယ်ထင်ပါတယ်။ ရောမအင်ပါယာ ဂျာမဏီ ပြင်သစ် အင်္ဂလန် ဆွစ်ဇာလန် စကော့တလန် ဆွီဒင် အင်္ဂလိပ်ကိုလိုနီဖြစ်တဲ့အမေရိကနဲ့မက္ကဆီကိုတို့မှာစုန်းတွေကိုလိုက်ရှာပြီးသတ်ဖြတ်တာတွေလုပ်ခဲ့ကြပါတယ်။ အကျော်ကြားဆုံးစွပ်စွဲသတ်ခံရတဲ့သူကတော့ ပြင်သစ်အာဇာနည် “ဂျုံး”ပါ။ စုန်းအယူအဆကတော့နတ်ဆိုးနဲ့ဆက်နွယ်ပြီးလူတွေကို ကျိန်စာတိုက်ပြီးမကောင်းတာတွေဖြစ်စေတယ်ဆိုပါတယ်။ စုန်းအယူအဆကအာဖရိကနဲ့မြန်မာမှာလည်းရှိပါတယ်။အနောက်တိုင်းနဲ့တော့ကွဲပြားပါတယ်။ ၁၉၉၉ မှာထွက်တဲ့ Blair Witch Project ရုပ်ရှင်က ထိတ်လန့်သည်းဖို ရုပ်ရှင်ဖန်တွေကြားတော်တော်ကိုပေါက်ခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ တော်တော်ကိုကြောက်စရာကောင်းတဲ့ရုပ်ရှင်လို့ဆိုကြပါတယ် ။ငွေကြေးအရလည်းအောင်မြင်ခဲ့ပါတယ် ။ ရုပ်ရှင်ရိုက်တဲ့အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်”ဘာ့ခ်ကစ်ဗေး”မြို့လည်း ကျော်ကြားသွားပြီးခရီးသည်တွေကြိတ်ကြိတ်တိုးလာကြလို့အမှတ်တရပစ္စည်းတွေလည်းရောင်းကောင်းသွားပါတယ်။ “ဘလဲယားစုန်းမစီမံချက်”ဇတ်ကားကဖြစ်ရပ်မှန်မဟုတ်ပေမယ့်ရုပ်ရှင်ထဲကစုန်းမလို့စွပ်စွဲခံရပြီး ၁၇၈၅ခုနှစ်မှာရွာကနှင်ထုတ်ခံရ နှင်းတောထဲမှာသေအောင်ပစ်ထားခံရတဲ့ကယ်လီကက်ထ်ဝါ့ဒ်အကြောင်းကတော့ အမေရိကန်တောင်ပိုင်းရဲ့“ဘဲလ်စုန်းမခြောက်လှန့်ခြင်း”(Bell WitchHaunting)ဒဏ္ဍာရီကိုအခြေခံထားတယ်လို့ဆိုပါတယ်။ Book of Shadows: Blair Witch 2ကတော့“ဘလဲယားစုန်းမစီမံချက်”ရုပ်ရှင်ကိုအခြေခံပြီးရိုက်ထားတာပါ။ ဇတ်လမ်းအကျဥ်း ဘလဲယားစုန်းမစီမံချက်ဇတ်ကားဝက်ဝက်ကွဲအောင်မြင်ပြီး ဘာ့ခ်ကစ်ဗေးမြို့လေးက ကမ္ဘာလှည့်ခရီးသည်တွေ ခရီးသွားတွေရုပ်ရှင်ပရိသတ်တွေနဲ့စည်ကားနေတဲ့အချိန်မှာ မြို့ခံ ဂျက်ဖ်ပက်တာဆန်က ရုပ်ရှင်ရဲ့ကျော်ကြားမှုကို စီးပွါးရေးအရအမြတ်ထုတ်ပြီး၁၉၉၉နိုဝင်ဘာလမှာခရီးစဥ်တစ်ခုကိုစတင်လိုက်ပါတယ် ။ သူ့ရဲ့ခရီးစဥ်မှာပါတဲ့သူတွေကရုပ်ရှင်နဲ့ပါတ်သက်ပြီးအစုလိုက်အပြုံလိုက်စွဲလမ်းမှုဖြစ်တာနဲ့လျို့ဝှက်ဆန်းကြယ်တာကိုသုတေသနပြုနေတဲ့ဘွဲ့လွန်ကျောင်သားစတီဖင်ပတ်ကားနဲ့ ကိုယ်ဝန်ရှိနေတဲ့သူ့ ရည်းစား ထရစ်စတန်ရိုင်လာ၊ ခေတ်သစ်ဝှစ်ကာမှော်ဘာသာရေးလိုက်စားတဲ့အဲရစ်ကာဂီယာဆန်နဲ့ဂို့သ်လိုဝတ်စားနေထိုင်တဲ့ကင်မ်ဒိုင်းမွန်းတို့ပါဝင်ပါတယ်။ သူတို့တွေကခရီးစထွက်တဲ့ညမှာပဲရပ်စတင်ပါးလ်ရဲ့အိမ်အပျက်အစီးမှာ (ရပ်စတင်ပါးလ်က ဘလဲယားစုန်းမစီမံချက်ရုပ်ရှင်ထဲကလူသတ်သမားပါ) စခန်းချကြပါတယ်။ ဂျက်ဖ်က သဘာဝလွန်ဖြစ်ရပ်တွေကိုမှတ်တမ်းတင်ရအောင်ဆိုပြီး ကင်မရာတွေကိုဆင်ထားပါတယ်။ အဲဒီအချိန်မှာပဲလူငါးယောက်ပါတဲ့ခရီးသွားအုပ်စုကရောက်လာပြီးသူတို့လည်းဒီနေရာမှာစခန်းချမယ်ပြောလာတဲ့အတွက်ခေါင်းတလားကျောက်တုံးဘက်မှာစိတ်ဝင်စားစရာတွေ့တယ်ပြောပြီးစတီဖင်တို့ပဲလက်ရှိနေရာမှာစခန်းချမယ်ပြောလိုက်ပါတယ်။ အဲဒီခရီးသည်အုပ်စုထွက်သွားပြီးတဲ့နောက် ဂျက်ဖ်တို့အုပ်စုကအရက်သောက် ဆေးခြောက်ချပြီးတစ်ညလုံးမအိပ်ပဲနေမယ်ဆိုပြီးကဲနေကြပါတယ်။ မနက်ရောက်တော့ အားလုံးအိပ်ပျော်သွားမိတာသိရပြီး စတီဖင်တို့ရဲ့ သုတေသနမှတ်တမ်းတွေရောဂျက်ဖ်ရဲ့ကင်မရာတွေပါဖျက်ဆီးခံရပါတယ်။ဂျက်ဖ်ရဲ့တိတ်ခွေတွေပဲကျန်ခဲ့ပါတယ်။ သူတို့တွေမနေ့ညက အဖြစ်အပျက်ကိုမမှတ်မိကြပါဘူး။အခြားခရီးသွားအုပ်စုနဲ့တွေ့ခဲ့တာပဲနောက်ဆုံးမှတ်မိကြပါတယ်။ထရစ်စတန်ကရုတ်တရက်ကိုယ်ဝန်ပျက်ကျပြီးဆေးရုံကိုပြေးရပါတယ်။ ဆေးရုံကဆင်းလာတော့ ဂျက်ဖ်ရဲ့အိမ် တစ်ဖြစ်လဲသစ်တောထဲကစက်ရုံဟောင်းတစ်ခုကိုသွားကြပါတယ်။ အဲဒီမှာသူတို့ကမနေ့ညကဘာဖြစ်ခဲ့သလဲသိရအောင်ဗွီဒီယိုတိတ်တွေကိုပြန်ကြည့်ရင်းသူတို့ထဲကတစ်ယောက်ကိုမသင်္ကာဖြစ်လာပါတယ်။ ထရစ်စတန်ကလည်းထူးထူးဆန်းဆန်းတွေပြောလာပြီး စျေးဝယ်ထွက်သွားတဲ့ကင်မ်ကရပ်စတင်ပါးသတ်လိုက်တဲ့တစ္ဆေကလေးတွေကိုရှောင်လိုက်လို့ကားရှေ့ဘန်ပါပျက်သွားတယ်ပြောသလိုစတီဖင်ကလည်းဒီမြို့ကနေထွက်သွားဖို့လုပ်လာပါတယ်။ မြို့ကရဲအရာရှိက ခေါင်းတလားကျောက်တုံးမှာ ခရီးသွားငါးယောက်ကို ဘလဲယားစုန်းမစီမံချက်ကားထဲကအတိုင်းသတ်ထားတာတွေ့ပြီးဂျက်ဖ်ရဲ့တိတ်ခွေကိုအခင်းဖြစ်တဲ့နေရာမှာတွေ့တာကြောင့် သူတို့ငါးယောက်ကိုဘယ်မှထွက်မသွားဖို့ဖုန်းဆက်ပြောလာတဲ့အခါမှာတော့..ဘာဆက်ဖြစ်သလဲဖန်သားပြင်ပေါ်မှာဆက်ကြည့်ကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Kh...
Family Padam (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Comedy #Drama #Romance 🗓 2024 🎞 Series 🌎 #India ⏰ 2 နာရီ 10 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Family Padam(2024)ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ် အခုတစ်ခါ ပရိသတ်ကြီးကို တင်ဆက်ပေးချင်တဲ့တမီးလ်ဇာတ်ကားလေးကတော့ ကျွန်တော်ကိုယ်တိုင်ပေးထားတဲ့မြန်မာမှုနာမည်လေးအတိုင်းပေါ့ အကြည်တော်စာအုပ်ထဲက မချောတို့မိသားစုလိုပဲတစ်ယောက်တစ်ပေါက်နဲ့ ရုန်းကန်ကြရင်း လောကဓံကိုဂျိုနဲ့လားဆိုပြီး ရယ်ရယ်မောမော ရင်ဆိုင်နေကြတဲ့ မိသားစုလေးအကြောင်းပါပဲ။ ဇာတ်လမ်းအစ တစ်မြို့လုံးဒေပါဝလီပွဲတော်ကျင်းပနေချိန်မှာဇာတ်လိုက်ကျော်ကြီးတို့မိသားစုကတော့ အိမ်လုံးကျွတ်ရဲစခန်းကိုရောက်နေပါတယ် အမှုကတော့ ခန်းဝင်ပစ္စည်းတွေယူပြီးမှ ယူရမယ့်မိန်းမကိုမယူပဲ လစ်သွားလို့ပါတဲ့…..ဒီလိုတလွဲတချော်တွေအားလုံး အစပြုရာမိသားစုဝင်တွေကလည်း စိတ်ဝင်စားစရာလူတွေပါပဲအဖေက ကာယဗလမောင်၊အမေကမှီခို၊အဘိုးက နိုင်ငံရေးတွေလေကန်နေတဲ့ကျောင်းစာရေး(ငြိမ်း)၊ အကိုကြီးကအစိုးရရှေ့နေ၊အကိုလတ်ကညပိုင်းပဲအလုပ်လုပ်ရတဲ့အိုင်တီသမား၊ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီးက ဘာရုပ်ရှင်ကားကြီးမှမရိုက်ရတဲ့လက်ထောက်ဒါရိုက်တာပါ ဒီလိုလူလတ်တန်းစားမိသားစုလေးက အားလပ်ချိန်မှာရုပ်ရှင်ကြည့်ရင်းအပန်းဖြေရတာဝါသနာပါပါတယ်တဲ့.. အဲ့မှာပဲ သူတို့ရဲ့အငယ်ဆုံးသားလေးက ရုပ်ရှင်ကားကြီးရိုက်ရမယ့်ဒါရိုက်တာဖြစ်ချင်ဝာာကို အားလုံးကအဖြစ်မရှိအသုံးမကျတဲ့ကောင်လို့မပြောတဲ့အပြင် ဝိုင်းအားပေးကူညီရာကနေစပြီးတစ်မိသားစုလုံးပါ ရဲစခန်းရောက်သွားပါတော့တယ်.. အဲ့တော့ ဒီလိုကပေါက်တိကပေါက်ချာ အမှုတွေတက်အောင် ဘာတွေတလွဲလုပ်လိုက်ကြတာလဲဇာတ်လိုက်ကျော်ကြီးရဲ့ ဒါရိုက်တာဖြစ်ချင်တဲ့အိမ်မက်အကောင်အထည်ပေါ်သွားမလားဆိုတာ ပရိသတ်ကြီးပဲဆက်လက်ရှုစားကြဖို့ တင်ဆက်ပေးလိုက်ပါတယ်…. အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်...
Brothers' Nest (2018) ⭐TMDB: 66% User Score 🎬 #Comedy #Thriller #Crime 🗓 2018 🎞 Series 🌎 #Australia ⏰ 1 နာရီ 38 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Brothers’ Nest (2018) ************************* IMDb – 6.5,,,,Rotten..91% ခပ်ဆန်းဆန်းလေးပါပဲ…Thriller/Comedy ကားလေးပါ…ရယ်လည်းရယ်ရမယ် သည်းထိပ်ရင်ဖိုလည်းဖြစ်မယ်ပေါ့…. Plot Twist တွေနဲ့ အတော်ဆွဲဆောင်မှုရှိတယ်….ဇာတ်ကားတစ်ကားလုံးမှာ လူငါးယောက်ရယ် မြင်းတစ်ကောင်ရယ် အိမ်တစ်လုံးရယ် ကားနှစ်စီးရယ်ပဲပါတယ်… ကိုင်း… ဇာတ်လမ်းက ညီအစ်ကို နှစ်ယောက်က စတယ်…သူတို့ရဲ့ ပထွေးကို မကျေနပ်လို့ နိဂုံးချုပ်ပစ်ဖို့ကြိုးစားနေကြတာ.. .အဲ့လိုလုပ်ဖို့ကို Plan တွေအကျအနချပြီးလုပ်တဲ့ ဆရာကြီးညီအစ်ကိုနှစ်ယောက်ပေါ့… အဓိကဇာတ်ဆောင် ညီအစ်ကိုနှစ်ယောက်အဖြစ် တကယ့်ညီအစ်ကိုတွေဖြစ်တဲ့ Clayton Jacobson နဲ့ Shane Jacobson တို့က ပါဝင် သရုပ်ဆောင်ထားပါတယ်… ရှုစားကြည့်ပါဦး...
Halimuyak (2025) ⭐TMDB: 50% User Score 🎬 #Adult #Drama 🗓 2025 🎞 Series 🌎 #Philippines ⏰ 1 နာရီ 10 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Halimuyak (2025) မိုင်ကီးဆိုတဲ့ကောင်မလေးဟာ ငယ်စဉ်ကတည်းက သူနဲ့သူ့မိခင်ကိုစွန့်ခွာသွားခဲ့တဲ့ ဖခင်ကိုအခုချိန်ထိ စိတ်နာရှောင်ဖယ်နေဆဲဖြစ်ပါတယ်။ တစ်နေ့တော့ သဘောကျလို့ဝင်ကြည့်မိတဲ့ ရေမွှေးဆိုင်လှလှလေးမှာ ပိုင်ရှင်လှလှလေးတစ်ဦးဖြစ်နေတဲ့ ဒဗိုင်းဆိုတဲ့ချစ်စဖွယ်မိန်းကလေးငယ်တစ်ယောက်ကိုတွေ့ဆုံခဲ့ပါတယ်။ ဒဗိုင်းမှာ တတွဲတွဲကောင်လေးတစ်ယောက်ရှိပေမယ့် အဲ့ဒီတစ်ယောက်ဟာအပျော်သက်သက်ဆိုတာ သိလိုက်ရတဲ့နောက် မိုင်ကီးနဲ့ဒဗိုင်းတို့ကြား ချစ်သံယောဇဉ်တွေ ရင့်သန်လာချိန်မှာ နှစ်ယောက်လုံးရဲ့အတိတ်ဟာ တကျော့ပြန်မွှေနှောက်ဖို့ သူတို့ဘ၀ထဲကို ပြန်လည်ရောက်ရှိလာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
Soodhu Kavvum 2: Nadum Naatu Makkalum... (2024) ⭐TMDB: 0% User Score 🎬 #Action #Bollywood #Comedy #Drama #Crime #Thriller 🗓 2024 🎞 Series 🌎 #India ⏰ 2 နာရီ 9 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Soodhu Kavvum 2 (2024) “မမွှေးသင့်သောမီး” အသစ်ထွက်ရှိထားတဲ့ တမီးလ်အက်ရှင်ဟာသဇာတ်လမ်းလေးကိုပရိသတ်တို့အတွက် တင်ဆက်လိုက်ရပါတယ် ၁၉၈၇ ခုနှစ်မှာ ကျင့်ဝတ်စောင့်ထိန်းပြီး အများချစ်ခင်တဲ့နိုင်ငံရေးခေါင်းဆောင်တစ်ဦးဟာ တမီးလ်နာဒူပြည်နယ်ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာမတော်တဆ ချော်လဲသွားပါတယ် ကံဆိုးပုံကတော့ သူ့တပည့်တစ်ယောက်က ကျမ်းကျိန်တဲ့နေ့မှာသားကလေးမွေးလို့ သူ့ကို ကလေးနာမည်ပေးခိုင်းရာမှာကလေးက သေးပေါက်ချမိလို့ သေးစိုနေတဲ့ကြမ်းပြင်ပေါ်နောက်ပြန်လဲကျမိကာ ကိုမာဝင်သွားခဲ့ပါတယ် နှစ်များစွာအကြာ ပါတီခေါင်းဆောင် သတိပြန်ရလာချိန်မှာတော့ခုနက ဂြိုဟ်ကောင် ကလေးက အကျင့်ပျက်ခြစားတဲ့ဘဏ္ဍာရေးဝန်ကြီးဖြစ်နေပြီး သူ့ပါတီကလူတွေလည်းသူ့ခံယူချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတော့တယ် တစ်ဖက်မှာလည်း ထောင်ကလွတ်လာတဲ့ စည်းမျဉ်းတွေနဲ့အညီလုပ်ကိုင်တတ်တဲ့ ဂုရုနဲ့ သူ့ဘော်ဒါတွေက အာဏာပါဝါရှိတဲ့လူတစ်ယောက်ကိုပြန်ပေးဆွဲဖို့ စီစဉ်တဲ့အခါမှာတော့ …. အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်...
Boy Erased (2018) ⭐TMDB: 70% User Score 🎬 #Biography #Drama 🗓 2018 🎞 Series 🌎 #Australia #China #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Boy Erased (2018) ******************** IMDb…..7.0,,,Rotten…..81% “ဟဲလို” “မစ္စနန်စီအီမန်လားခင်ဗျ” “ဟုတ်ပါတယ်” “‘ကျွန်တော်က ဒန်နင်ကော်လိပ်က တာဝန်ရှိသူပါ..ခင်ဗျားတို့သားနဲ့ပတ်သက်ပြီးကျောင်းမှာ သတင်းဆိုးတွေပြန့်နေလို့ပါ” “ရှင် ဘာများဖြစ်လို့လဲ” “အဲဒါက….” ဒီဖုန်းလေးတစ်ချက်ကြောင့် နန်စီတို့မိသားစု ကမ္ဘာပျက်သလိုဖြစ်သွားရတယ်… သူတို့မိသားစု(၃)ဦးရှိတယ်..ယောက်ျားဖြစ်သူနာမည်က မာရှယ်ဖြစ်ပြီး သင်းအုပ်ဆရာတစ်ဦးလည်းဖြစ်တယ်… သားရဲ့နာမည်ကတော့ ဂျဲရက်… ဖုန်းဆက်ပြီးပြောသွားတဲ့ကိစ္စကတော့ ဂျဲရက်ဟာ လိင်တူစိတ်ဝင်စားသူဖြစ်တဲ့အကြောင်းပြောတာပါ… မိဘ(၂)ပါးဖြစ်သူဟာ LGBTကိစ္စကိုလုံးဝရှုံချသူတွေပီပီ ဒီသတင်းကိုကြားတော့ ယူကျုံးမရဖြစ်နေတယ်…ဒီလိုနဲ့ သားကို မျက်နှာချင်းဆိုင်မေးတဲ့အခါမှာတော့ ဂျဲရက်ကိုယ်တိုင်က “သားတကယ်လိင်တူစိတ်ဝင်စားမိပြီထင်တယ် အဖေနဲ့အမေ..ဘာကြောင့်မှန်းမသိဘူး…သားတောင်းပန်ပါတယ်”တဲ့… ဒီကားကတော့ LGBT တွေကို ရှုတ်ချပြီး အသွင်ပြန်ပြောင်းပေးဖို့ ကြိုးစားကြတဲ့အဖွဲ့နဲ့ LGBT ဖြစ်နေတဲ့သူတွေအကြောင်းကိုရိုက်ထားတာပါ… မိဘတွေကိုယ်တိုင်က လက်မခံတဲ့အပြင် အသိုင်းအဝန်းတစ်ခုလုံးကလည်း ကဲ့ရဲ့စရာဖြစ်နေတော့ ဂျဲရက်ခဗျာ ယောက်ျားစိတ်စင်စစ်ဖြစ်အောင်ကြိုးစားဖို့ ကတိပေးလိုက်ရတယ်… ကျွန်တော်တို့မြန်မာကားတွေထဲမှာတော့ LGBTကို ဟာသ အဖြစ်သရုပ်ဖော်ရုံမက စရိုက်ခပ်ကျကျပုံမျိုးတွေ သရုပ်ဖော်ထားတာများသောအားဖြင့်တွေ့ရတယ်… ..သူတို့ရဲ့ပုံဖော်မှုအကျိုးဆက်ကတော့လူအသိုင်းအဝိုင်းကနေ ဖယ်ကျဉ်ဖို့ ဆိုတာမျိုးကြီးပဲကျန်နေခဲ့တယ်…. ကျွန်တော်ဟာ ဒီကားနဲ့ပတ်သက်လို့ ထွေထွေထူးထူးမညွှန်းလိုဘူး…. နောက်ဆုံးပြောချင်တာက လိင်တူချစ်သူဆိုတိုင်း ဟာသတစ်ခုလို၊ ကဲ့ရဲ့စရာ၊ လှောင်ပြောင်စရာ၊ နှိမ့်ချစရာလို မမြင်ပါနဲ့… အဆင့်အတန်းရှိပြီး လေးစားလောက်စရာ လိင်တူချစ်သူတွေ ကမ္ဘာမှာရော မြန်မာမှာပါ အများကြီးရှိပါတယ်.. မြန်မာဇာတ်ကားအချို့ကိုကြည့်ပြီး လမ်းမဆုံးကြပါနဲ့လို့ ပြောချင်ပါတယ်။ ဒါကိုလည်း ဒီဘက်ခေတ်မှာ အတေ်ာများများသိပြီးသားထင်ပါတယ်… မှတ်ချက်….(မြန်မာဇာတ်ကားဆိုသည်မှာ LGBTများကို ဟာသ သဖွယ်ရိုက်ပြထားသည့် ဇာတ်ကားများကိုသာဆိုလိုသည်...
The Wranglers (2024) ⭐TMDB: 10% User Score 🎬 #Reality 🗓 2024 🎞 Series 🌎 #UnitedStatesofAmerica ⏰ 41 မိနစ် 20 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Wranglers ဆိုတဲ့ မွန်တားနားက စက်ဝိုင်းဘား(Circle Bar Dude Ranch) လို့ခေါ်တဲ့မြင်းမွေးမြူအပန်းဖြေခြံတစ်ခုနဲ့ အဲဒီနေရာကို ဦးစီးတဲ့ရက်ဆဲလ်ထရူးတို့ရဲ့အကြောင်း documentary စီးရီးလေးဖြစ်ပါတယ်။ ဒီစီးရီးလေးထဲမှာတော့ ဒီမွေးမြူရေးခြံထဲက ကောင်းဘွိုင်တွေ ကောင်းဂဲလ်တွေရဲ့ နေ့စဉ်ကြုံတွေ့ရတဲ့ပြဿနာတွေ အခက်အခဲတွေနဲ့ အနောက်တိုင်းသဘာဝသူတို့ရဲ့ ထိန်းသိမ်းစောင့်ရှောက်ပုံနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ ရောယှက်နေပုံကိုပါ တကယ့်လက်တွေ့အဖြစ်အပျက်တွေကို ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အလုပ်ထဲက စိန်ခေါ်မှုပြဿနာတွေနဲ့အတူ တကယ့်ဘဝမှာဖြစ်ပျက်နေတဲ့ ဒီတိရစ္ဆာန်တွေကိုထိန်းသိမ်းစောင့်ရှောက်နေကြတဲ့ စောင့်ရှောက်သူတွေကြားက ကိစ္စတွေကိုပါတစ်ပါတည်းမြင်တွေ့နိုင်မှာပါခင်ဗျာ။ Farming နဲ့ Husbandry စိတ်ဝင်စားတဲ့ပရိသတ်တွေအနေနဲ့ ဒရာမာအချို့ပါ ရောယှဉ်ထားတဲ့ ဒီ documentaryစီးရီးလေးက အပန်းပြေအကြိိုက်တွေ့စေမှာ ဖြစ်ပါတယ်ခင်ဗျာ။...
Murder Mindfully (2024) ⭐TMDB: 77% User Score 🎬 #Comedy #Crime #Drama 🗓 2024 🎞 Series 🌎 #Germany ⏰ 35 မိနစ် 7 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အပိုင်း ( ၁ မှ ၈ ) အထိ စ/ ဆုံး Crime ၊ Mystery နဲ့ Thriller အမျိုးအစားဆိုပေမယ့် စိတ်အေးလက်အေးအပန်းပြေကြည့်လို့ရတဲ့မီနီစီးရီးဖြစ်တဲ့အပြင် လူသတ်ကားကို စိတ်ဖိအားတွေတောင်ပျောက်သွားအောင် ရိုက်ကူးထားတာတဲ့ပုံစံက ဒီစီးရီးရဲ့ထူးခြားချက်လို့ပြောရမှာပါ။ Murder Mindfully ဆိုတဲ့နာမည်အတိုင်းပဲ အဓိကဇာတ်ကောင် ရှေ့နေဘီယွန်ဒီမဲလ်ဟာ အလုပ်နဲ့မိသားစုကဖိအားတွေကြောင့် အလုပ်နဲ့ဘဝမျှတတဲ့လူနေမှုဘဝကိုရအောင် သတိကပ်စိတ်ဖြေ လျှော့တဲ့လေ့ကျင့်စဥ်တွေလုပ်ဆောင်ရင်း မထင်မှတ်ဘဲလူတွေ အများကြီးသတ်မိပြီး လူဆိုးဂိုဏ်းကြီးတစ်ခုရဲ့နောက်ကွယ်က ကြိုးကိုင်ခြယ်သူတစ်ယောက်ဖြစ်လာပုံကို ဟာသနှောရိုက်ကူးထား ဖြစ်ပါတယ်။ နာမည်ကျော်ဂျာမန်ရုပ်ရှင်မင်းသား Tom Schilling က အဓိက ပါဝင်သရုပ်ဆောင်ပေးထားပြီး IMDb 7.4/10 ရရှိထားပါတယ်။...
Beauty in Black (2024) ⭐TMDB: 75% User Score 🎬 #Drama 🗓 2024 🎞 Series 🌎 #UnitedStatesofAmerica ⏰ 46 မိနစ် 13 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး အဖော်အချွတ်တွေ ဘ၀သင်ခန်းစာတွေ ကြမ်းတမ်းတဲ့ ဘ၀တွေအကြောင်းကို တစ်ပုံကြီးတွေ့ရမဲ့ အသက်မပြည့်သေး သူများမကြည့်သင့်တဲ့ Series ကောင်းလေးတစ်ခုကိုတင်ဆက် ပေးလိုက်ပါတယ်။Series ရဲ့နာမည်ကတော့ Beauty In Black ဖြစ်ပြီး လက်ရှိ IMDb Rating 5.0 အထိရရှိထားပါတယ်။ လူဖြူလူမည်းခွဲခြားမှုဆိုတာ ဟိုးအရင်ဘိုးဘေးဘီဘင်ခေတ် ကတည်းက အခုထက်ထိကိုမဆုံးနိုင်သေးသလို အနာဂတ်မှာလည်း ပြီးဆုံးဦးမဲ့ပြဿနာမဟုတ်ပါဘူး။အထူးသဖြင့်ဖိနှိပ်ခံရတာတော့ လူမည်းတွေပါပဲ။အမေရိကန်မှာလူမည်းဆိုရင် အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် အမြဲတမ်းအနှိမ်ခံဘ၀မှာရှင်သန်နေရတာများတဲ့ အတွက် အဲ့ဒီအကြောင်းတွေကိုအရင်းပြုပြီး လူမည်းအမျိုးသမီး တစ်ယောက်ရဲ့ဘ၀အကြောင်းကိုစိတ်ဝင်စားစရာကောင်းအောင် ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ကင်မီဆိုတဲ့လူမည်းအမျိုးသမီးက အသက် ၁၈ နှစ်ပြည့်ခါနီးမှာတင် အမေဖြစ်သူကစွန့်ပစ်သွားတာကိုခံခဲ့ရတဲ့အတွက် ဘာလုပ်ရမှန်း မသိလမ်းပျောက်နေခဲ့ပြီး လမ်းပေါ်မှာတင်သူနဲ့ဘ၀တူ ရိန်းဆိုတဲ့ ကောင်မလေးနဲ့တွေ့ခဲ့ပါတော့တယ်။ဒီလိုနဲ့ဘ၀ကြမ်းတဲ့သူတို့ နှစ်ယောက် ပိုက်ဆံရှာဖို့တွေ့သမျှအကုန်လုပ်ရင်း လေဆိပ်မှာ မူးယစ်ဆေးရောင်းတာမိသွားလို့ သူတို့ကိုကယ်ပေးထားတဲ့ ဂျူးစ်ဆိုတဲ့အဖော်အချွတ်ကလပ်ပိုင်ရှင်လက်အောက်မှာ အလုပ် လုပ်ရင်း အဖော်အချွတ်မယ်တွေဖြစ်လာခဲ့ကြပါတော့တယ်။ ရိန်းကတော့ဘ၀ကိုအဖော်အချွတ်မယ်ပဲလုပ်ပြီး ဒီအတိုင်းရေစုန် မျောသွားချင်ပေမဲ့ ကင်မီကတော့ဒီဘ၀ကနေရုန်းထွက်ချင်သူ တစ်ယောက်ဖြစ်ပါတယ်။ဒီလိုနဲ့သူငယ်ချင်းနှစ်ယောက် ကိုယ်ရဲ့ အိပ်မက်တွေကိုပြည့်၀အောင်ကြိုးစားရင်းနဲ့ တွေ့ကြုံလာရမဲ့ အခက်အခဲတွေ ကူရာကယ်ရာမဲ့တဲ့ဘ၀တွေနဲ့ လူမည်းအမျိုးသမီး တစ်ယောက်အနေနဲ့ ရိုးရိုးသားသားကြိုးစားပြီးအောင်မြင်ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လာနိုင်ပါ့မလားဆိုတဲ့ရသမျိုးစုံကို ရှုစားရမဲ့ Series ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။...
High School of the Dead (2010) ⭐TMDB: 82% User Score 🎬 #Animation #Action #Adventure #Drama #SciFi #Fantasy 🗓 2010 🎞 Series 🌎 #Japan #UnitedStatesofAmerica ⏰ 24 မိနစ် 1 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇွန်ဘီးတွေကို တိုက်ခိုက်တာလည်း ကြည့်ချင်တယ်၊ ဇာတ်လမ်းကောင်းတာလေးလည်း ဖြစ်ရမယ်၊ အထက်တန်းကျောင်းသူလေးတွေ ဆရာမတွေရဲ့ ဟိုပေါ် ဒီပေါ် ဆက်စီလေးတွေလည်း ပါချင်သေးတယ်ဆို ဒီ Anime စီးရီးကောင်း/ဟောင်းလေးကိုသာ ကြည့်လိုက်ပါတော့ဗျာ။ တစ်ခုရှိတာကတော့ အသစ်ထွက်စီးရီး မဟုတ်ပဲ ၂၀၁၀ ခုနှစ်တုန်းက ထွက်ခဲ့တာဖြစ်ပါတယ် ဒါမို့ ကြည့်ပြီးသားလူတွေလည်း ပြန်နွှေးပြီး မကြည့်ရသေးတဲ့လူတွေလည်း ခံစားကြည့်ပေါ့။ ဇာတ်လမ်းလေးကတော့ ငယ်ငယ်လေးကတည်းက ကြိတ်ကြိုက်ခဲ့ရတဲ့ ကောင်မလေးက သူများနဲ့ ဖြစ်နေလို့ အသည်းကွဲနေတဲ့ ကောင်ဇိုးလေးရယ်၊ သူ ကြိုက်နေတဲ့ ခပ်လန်းလန်း ကောင်မလေးရယ်၊ ဉာဏ်ကောင်းပေမဲ့ စွာတေးလန်လွန်းတဲ့ မှန်ကြောင်လေးရယ်၊ သွေးအေးအေးနဲ့ ကန်ဒိုသိုင်းပညာရှင် ဂျပန်ဂျက်မအလန်းစားရယ်၊ သူတို့ ကျောင်းက XL ဆိုဒ် ပေါက်စီနဲ့ သူနာပြုဆရာမတစ်ယောက်ရယ်၊ ကျောင်းမှာ အူကြောင်ကြောင်နဲ့ စစ်တပ်ဆိုင်ရာကြမ်းပိုးဖြစ်နေပေမဲ့လည်း လိုအပ်လာရင် ရှယ်ကြမ်းပြတဲ့ ဖက်တီးလေးရယ် အားလုံးက ဇွန်ဘီးကပ်ဘေးဆိုက်လာတဲ့အချိန် သူတို့ အထက်တန်းကျောင်းကနေ ဘယ်လိုမျိုး လွတ်မြောက်အောင် ကြိုးပမ်းကြမလဲဆိုတာ အက်ရှင်အလန်းတွေ ခပ်မိုက်မိုက်ကောင်မလေးတွေနဲ့ Ecchi ဆန်ဆန်လေး ကြည့်ရမှာပါ။ Ecchi ဆိုတဲ့ အမျိုးအစားကို မသိသေးတဲ့လူတွေအတွက် ရှင်းပြရမယ်ဆို သူက ကိမုချိတို့လို တစ်ခါတည်း အိပ်ရာပေါ် ရောက်တာမျိုး မဟုတ်ပဲ မလုံတလုံလေးတွေ ရင်သားတင်သားလေးတွေနဲ့ လိင်အသားပေးဆန်ဆန်လေးတွေလည်း ထည့်သွင်းရိုက်ပြတာမျိုးပါ ဇွန်ဘီးတွေ ချရင်း အပျင်းလည်းပြေး ငမ်းရတာပေါ့ဗျာ။ ဒီစီးရီးထဲက မင်းသား သေနတ်ပစ်တဲ့အခန်းဆိုလည်း အရမ်းကို နာမည်ကြီးပါတယ် Matrix တို့ Wanted တို့လို Slow-mo အလန်းစားကို ဆော်လေးနှစ်ပွေနဲ့ ပစ်ပြသွားတာပါ Clip အတိုလေးတွေလည်း ထွက်ပါသေးတယ်။ နောက်ပြီး အထက်တန်းကျောင်းဆိုလို့ ကျောင်းမှာတင် ပြီးသွားတာမျိုးမဟုတ်ပဲ ဇာတ်အိမ်က ပိုကျယ်လာပြီး လူတွေရဲ့အတ္တတွေ သရုပ်မှန်တွေလည်း ပါပြီး တစ်ယောက်ချင်းစီရဲ့ နောက်ကြောင်းဇာတ်လမ်းကောင်းလေးတွေလည်း ပါဝင်ပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့ ဒီဇာတ်လမ်းရဲ့ ဖန်တီးသူ Daisuke Sato ဟာ ၂၀၁၇ ခုနှစ်တုန်းက နှလုံးရောဂါနဲ့ ဆုံးပါးသွားခဲ့ပြီ ဖြစ်ပါတယ်။ (ကောင်မလေးများရဲ့ အပေါ်ပိုင်းအလှ အောက်ပိုင်းအလှ မလုံတလုံလေးတွေ ဆက်စီဆန်တာလေးတွေပါဝင်တဲ့အတွက် ကလေးသူငယ်များနဲ့ အဆင်မပြေပါဘူး R Rated လည်း ဖြစ်တဲ့အတွက် သတိထား ကြည့်ရှုစေလိုပါတယ်ခင်ဗျာ)...
The Tribe (2024) ⭐TMDB: 0% User Score 🎬 #Reality 🗓 2024 🎞 Series 🌎 #India ⏰ 37 မိနစ် 27 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Tribe (2024)“လော့အိန်ဂျလိစ်ရောက် မိန်းကလေးငါးယောက်” IMDb 7.6 ဒီတစ်ခါမှာတော့ ခေတ်ဆန်ဆန် reality show တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် အိပ်မက်မြို့တော် လော့အိန်ဂျလိစ်မှာ ငယ်ရွယ်ဖျတ်လတ်တဲ့ influencerကောင်မလေးတွေက ပရောဂျက်ကြီးတစ်ခုကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲ ရှုစားရမှာပါ ဟာဒစ်ဆိုတဲ့ လူငယ်စွန့်ဦးလုပ်ငန်းရှင်တစ်ယောက်က အလားအလာကောင်းတဲ့မိန်းကလေးတွေကို ငွေကြေးများစွာသုံးပြီး စင်တင်ပေးနေတဲ့လူဖြစ်ကာInfluener ကောင်မလေး လေးယောက်ပါတဲ့ CollabTribe ကိုဖွဲ့စည်းပြီး ကွန်းတန့်တွေအများကြီး ဖန်တီးခဲ့တာပါ အခုတစ်ခါမှာ သူတို့ရဲ့ဒုတိယအကြိမ် လက်တွဲမှု CollabTribe 2.0အဖြစ်အကောင်အထည်ဖော်ဖို့ရာ အကြောတင်းတဲ့ အဖွဲ့ဝင်ကောင်မလေးအသစ်ကို မိတ်ဆက်ပေးလိုက်ရာကနေအဖွဲ့တွင်း ဘယ်လိုမျိုး ပြဿနာဒရာမာပေါင်းစုံ ကြုံရမလဲ LA ကခမ်းနားတဲ့သူတို့ရဲ့ ဘဝနေထိုင်မှုပုံစံတို့ကိုလည်း မြင်တွေ့ရမယ့် ဒီရှိုးလေးကို ရှုစားအားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်...
Nobody Wants This (2024) ⭐IMDB: 7.9/10 (51 k Votes) 🎬 #Comedy #Drama #Romance 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 32 မိနစ် 23 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nobody Wants This (2024) IMDb Rating (7.9) / Rotten Tomatoes (94%) ဒီဇာတ်လမ်းကတော့ rating 7.9 ရထားတဲ့ ပေါ့ပေါ့ပါးပါး အချစ်ဟာသ စီးရီးလေးပါ။ ဂျိုအန်ဆိုတဲ့ အမျိုးသမီးဟာ ရည်းစားတွေ တစ်ယောက်ပြီး တစ်ယောက်ထားပြီး သူကြုံခဲ့ရတဲ့ အတွေ့အကြုံတိုင်းကို သူ့ညီမနဲ့အတူ ပေါ့ကတ်စ် ပြန်လုပ်ပါတယ်။ ပေါ့ကတ်စ်ကလည်း သူ့အရှိန်လေးနဲ့သူ အောင်မြင်သင့်သလောက် အောင်မြင်ပြီး အလားအလာ ကောင်းတယ်လို့ ပြောရမှာပေါ့။ ဂျိုအန့်အတွက် အလားအလာမကောင်းတာကတော့ လူကြီးမင်းတို့လိုပဲ အချစ်ကံခေတာပါ။ သူက အတည်တကျနဲ့တွဲဖို့ ချစ်သူတစ်ယောက်လည်း လိုချင်နေသူပါ။ တစ်နေ့တော့ သူ့ရဲ့ ပေါ့ကတ်စ်အတွက် ကုန်ကြမ်းရှာဖို့ ပါတီတစ်ခုကို သွားရင်း ဂျူးဘာသာဝင် တရားဟောသူ နိုအာဆိုတဲ့ အမျိုးသားတစ်ယောက်နဲ့ ဆုံပြီး ဂျိုအန်ဟာ စိတ်ကစားမိပါတော့တယ်။ သူ အတည်တွဲမယ်ကြံကာမှ သူသဘောကျမိသူက သူနဲ့ စရိုက် အနေအထိုင် ခံယူချက် အကုန်ဆန့်ကျင်ဘက်ဖြစ်နေတော့ ဂျိုအန်နဲ့ နိုအာတို့ကြား ချစ်မှုရေးရာ အခက်အခဲတွေ ကြုံလာရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Act Molemy ဖြစ်ပါတယ်။)...
The Cage (2024) ⭐IMDB: 6.5/10 (2 k Votes) 🎬 #Action #Adventure #Drama #Biography #Sport 🗓 2024 🎞 tv series 🌎 #France ⏰ 1 နာရီ 6 မိနစ် 12 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Cage 2024IMDb – 6.5======================= The Cage ကတော့ ဘာမဟုတ်တဲ့ Amateur ဘဝကနေတဖြည်းဖြည်းအောင်မြင်မှုရလာတဲ့ MMA ကစားသမားတစ်ယောက်အကြောင်းရိုက်ပြထားတဲ့ ပြင်သစ်က Netflix Series တစ်ခုပါ။ ပြင်သစ်မှာနေတဲ့ Amateur ကစားသမားဖြစ်တဲ့ တေလာတစ်ယောက်ငွေရေးကြေးရေးအဆင်မပြေ သူကလည်း ဒီအားကစားမှာနေရာမရဘူးဆိုပြီး လက်လျော့ဖို့ဖြစ်လာပါတယ်။ သူလက်လျော့ဖို့လုပ်နေတုန်းမှာပဲ Pro နာမည်ရကစားသမားတစ်ယောက်ကို စိန်ခေါ်မိပြီးသူ့ဘဝ နေ့ချင်းညချင်းပြောင်းလဲသွားပါတယ်။ ဘယ်သူကမှ သူ့ကို အောင်မြင်လာမယ် မထင်ထားကြပေမယ့်သူ့ကိုယ်သူယုံကြည်တဲ့ တေလာတစ်ယောက် သူရည်ရွယ်ထားတဲ့ပန်းတိုင်ကို ဆက်သွားဖို့ ကြိုးစားတာကို ကြည့်ကြရမှာဖြစ်ပါတယ်။ MMA အားကစားလိုပဲ စိတ်လှုပ်ရှားစရာ ရင်ခုန်စရာ အပြည့်နဲ့ဒီ Series ကို ပရိတ်သတ်ကြီး ခံစားနိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်။...
Red Room (2024) ⭐IMDB: 7.4/10 (125 Votes) 🎬 #Action #Drama #Romance #Thriller 🗓 2024 🎞 Series 🌎 #India ⏰ 26 မိနစ် 52 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Red Room 2024 ခန်းဆောင်နီကလပ် ဘယ်လိုနေနေ ကြမ်းမှကြိုက်တာဆိုတဲ့ ဘောလိဝုဒ်ပရိသတ်တို့အကြိုက်တွေ့စေမယ့် erotic thriller genreနဲ့ထွက်ရှိလာတဲ့red room ဆိုတဲ့ ဇာတ်လမ်းတွဲသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ erotic thriller ဖြစ်တာနဲ့အတူ ရင်ဖိုစရာညလေးတွေကြားကမြှုပ်ကွက်လေးတွေကို ရှုစားရမှာပါ။ ချိုပရာဟိုတယ်လုပ်ငန်းစုကြီးရဲ့တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်တဲ့တီယာနဲ့ ဗီဗက်ကအပြင်ပန်းကကကြည့်ရင်တော့ အများအားကျရတဲ့ လင်မယားပေါ့။ ဒါပေမဲ့ မိန်းမပိုင်တဲ့လုပ်ငန်းစုကို ဝင်ဦးစီးတာဖြစ်တဲ့ ဗီဗက်အတွက်လည်းအရာရာကို သက်သေပြဖို့ ကြိုးစားနေရတဲ့အပြင် ဘုတ်အဖွဲ့ကလည်းတီယာက ၁ ဆို ၂ မလုပ်ကြတာဖြစ်လို့ သူ့ရဲ့ဆုံးဖြတ်နိုင်စွမ်းကိုသံသယဝင်တယ် ဝင်စွက်ဖက်တယ်ဆိုပြီး မကျေမနပ်ဖြစ်နေ၊တစ်ဖက်ကလည်း တီယာက အေးစက်လာတဲ့အိမ်ထောင်ရေး၊အလုပ်နဲ့အရက်ကိုပဲဖက်တွယ်နေတဲ့ ခင်ပွန်းဖြစ်သူဗီဗက်ကတစ်ဖက်၊အိပ်ရာထဲလဲနေပြီး သေမင်းခံတွင်းဝရောက်နေတဲ့ အဖေဖြစ်သူကတစ်ဖက်၊ဒီကြားထဲ ကလေးမရလို့ ယောက္ခမတွေရဲ့ဖိအားကတစ်ဖက်နဲ့ စိတ်ဖိစီးနေရသူပါ။ ဒီလိုနဲ့ ဘက်ပေါင်းစုံကဖိအားတွေကြောင့် မွန်းကြပ်နေတဲ့ တီယာတစ်ယောက်သူငယ်ချင်းဆာလိုနီရဲ့တိုက်တွန်းမှုနဲ့ အခန်းနီကလပ်ကိုသွားရာကနေသူ့ဘဝရဲ့ အိုအေစစ်လေးကိုတွေ့သွားချိန်မှာတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)...
Rivals (2024) ⭐IMDB: 8.0/10 (12 k Votes) 🎬 #Drama 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedKingdom ⏰ 1 နာရီ 2 မိနစ် 58 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rivals (2024) Season 01 IMDb Rating (8.0%) / Rotten Tomatoes (94%) Disney+ ရဲ့ ဒီနှစ်ထဲထွက်သမျှထဲ အကောင်းဆုံးစီးရီးတွေထဲကတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ Rivals ဆိုတာဟာ စာရေးဆရာမ Jilly Cooper ရဲ့ Rutshire Chronicles ဆိုတဲ့ ဝတ္ထုကိုအခြေခံထားတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ Rupert Campbell-Black လို့ခေါ်တဲ့ မျိုးရိုးမြင့်၊လူကုံထဲ၊ စော်ကြည်၊ လူချော၊ အကျင့်ယုတ် စတဲ့ ဂုဏ်ပုဒ်ပေါင်းများစွာကိုပိုင်ဆိုင်ထားတဲ့မင်းသားတစ်ပါးလိုနေတဲ့သူ နဲ့ အိုင်ယာလန်သား ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ မဟုတ်မခံ Declan O’Hara ရဲ့သမီးလေး Agatha တို့ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ထားတာပဲဖြစ်ပါတယ်။ ဒီထဲမှာက လူကုံထံတွေရဲ့ ကြွယ်ဝမှုတွေနဲ့ အပျော်အပါးမက်တာတွေ ချစားနေတဲ့ စိတ်ဓာတ်တွေကို ကွက်ကွက်ကွင်းကွင်းပြထားပါတယ်။ အငုံ့စိတ်နဲ့ Rupert ကို လိုက်ပြိုင်ချင်နေတဲ့ Lord Tony Baddinghamနဲ့ Rupert ကြားက ရန်ပွဲ၊ Alpha Male နှစ်ယောက်ဖြစ်တဲ့ Declan နဲ့ Rupert တို့ရဲ့ အားပြိုင်မှုကို ဒီဇာတ်လမ်းထဲမှာ အသေအချာကိုကြည့်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ နာမည်ကျော်တွေရဲ့နောက်ကွယ်က သပွတ်အူဇာတ်လမ်းတွေကိုလည်း သေသေချာချာရိုက်ပြထားပြီး 18+ အခန်းတွေလည်း ပေါပေါသီသီပါတာဖြစ်လို့ မိသားစုနဲ့တော့မကြည့်သင့်ပါဘူး။ ဒါပေမဲ့ ဇာတ်လမ်းဇာတ်အိမ်က အလွန်ကောင်းပြီး သရုပ်ဆောင်တွေရဲ့ Performance လည်းကောင်းတာမလို့ IMDb မှာပါ 8/10 အထိရရှိထားပြီး Rotten Tomatoes မှာလည်း 94% ထိရရှိထားတဲ့ Series ကောင်းတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ S4L ဖြစ်ပါတယ်။)...
