es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
The 3rd Guest (2023) ⭐IMDB: 2.4/10 (62 Votes) 🎬 #Horror #Thriller 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #USA #UnitedStates ⏰ 1 နာရီ 27 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The 3rd Guest (2023)================ အီဗီကန်းနက်သ်ဟာ စာရေးဆရာမတစ်ယောက်။ဟာ့တ်ကန်းနက်သ်က ဓာတ်ပုံဆရာတစ်ယောက်။သူတို့လင်မယားနှစ်ယောက်က သမီးလေးဆုံးပြီးတဲ့နောက် ဝိညာဉ်တွေနဲ့လိုက်ဆက်သွယ်ဖို့လုပ်ရင်းဇာတ်လမ်းယူပြီး စာအုပ်ရေးကြတဲ့သူတွေပေါ့။ တစ်နေ့ကျ သူတို့ကို အမျိုးသမီးတစ်ယောက်ကအလုပ်လာအပ်ပါလေရော။ အဲ့အမျိုးသမီးရဲ့ ဆုံးသွားတဲ့ အဖေ့အမွေအိမ်ကို သူတို့ရောက်သွားပြီးနောက်ကြုံတွေ့လိုက်ရတဲ့အရာတွေက သူတို့ဘဝကိုတဖြည်းဖြည်းနဲ့ ကမောက်ကမဖြစ်လာစေတဲ့အခါ….။ (18+ဇာတ်ဝင်ခန်းအနည်းငယ်ပါတာကြောင့် မိသားစုနဲ့အတူ ကြည့်ရှုရန်မသင့်တော်ပါ။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)

The Extraordinary Adventures of Adèle Blanc-Sec (2010) ⭐IMDB: 6.3/10 (22 k Votes) 🎬 #Action #Adventure #Comedy #Fantasy #Mystery #Family 🗓️ 2010 🎞️ Movie 📺 1080p FHD 🌎 #France #UnitedStates ⏰ 1 နာရီ 45 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating (6.3/10) ဒီပြင်သစ်ကားက အခွီကားပါ… ရီနေရပါတယ်။မံမီတွေရော… ရှေးခေတ်က ငှက်တွေရော …မှော်ပညာတွေရော… စွန့်စားခန်းတွေရောနဲ့တကယ်ကိုကြည့်လို့ကောင်းတဲ့ Comedy ဇာတ်ကားပါ။ ဇာတ်လမ်းကတော့…. အဒဲဆိုတာ ပြင်သစ်က နာမည်ကျော် ဆောင်းပါးရေးတဲ့ဆရာမပါ။ သူ့မှာအရမ်းချစ်ရတဲ့အမွှာညီမတစ်ယောက်ရှိပါတယ်… သူမရဲနမော်နမဲ့တစ်ခုကြောင့် သူ့ညီမခမျာ ခေတ်ဆရာဝန်တွေမကုနိုင်တော့တဲ့ ဝေဒနာရပြီး သေလုမျောပါးဖြစ်နေရှာပါတယ် …ဒါကိုမရှုစိမ့်တော့တော့တဲ့အဆုံး သူ့ညီမကို ရှေးခေတ်မှော်ပညာနဲ့ အသက်ပြန်သွင်းဖို့ အဒဲတစ်ယောက် အီဂျစ်က မံမီတွေနောက်ကို လိုက်ပါတော့တယ်… သူ့ညီမကိုအသက်ပြန်သွင်းဖို့ မံမီတွေကို အသက်ပြန်သွင်းမယ့် အဒဲရဲ့ မဟာအကြံအစည်ကြီး စွန့်စားခန်းတို့ရဲ့ထုံးစံအတိုင်း အခက်အခဲတွေကြားထဲက အောင်မြင်နိုင်ပါ့မလားဆိုတာ….အလွဲလွဲအချော်ချော်တွေနဲ့ အတည်ပေါက်နဲ့ရီနေရမယ့် ဇာတ်လမ်းဖြစ်ပါတယ်။

Dear David (2023) ⭐IMDB: 5.9/10 (318 Votes) 🎬 #Comedy #Drama #Romance 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #Indonesia ⏰ 1 နာရီ 59 မိနစ် 05 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dear David (2023) ****************** ဇာတ်လမ်းလေးကတော့ဂျာကာတာမြို့က ကဟရာအထက်တန်းကျောင်းမှာ Dear David ဆိုတဲ့ အပြာဇာတ်လမ်းဟာ ကျောင်းသားကျောင်းသူတွေကြားမှာ အရမ်းရေပန်းစားလာပါတယ်။ ဒါပေမယ့် ကျောင်းမှာကလည်း ကျောင်းသူတွေကြားမှာ‌နာမည်ကြီးနေတဲ့ ဒေးဗစ်ဆိုတဲ့ကျောင်းသားလေးတစ်ယောက်ကလည်းရှိနေပြန်တယ်။ ဒီလိုဇာတ်လမ်းထွက်လာတော့ ဒေးဗစ်က အနေအထိုင်ကျပ်လာပြီး စာရေးတဲ့သူကိုလိုက်တဲ့အခါ ကျောင်းသားရေးရာဥက္ကဌလည်းဖြစ် စကော်လာရှစ်ရထားတဲ့အတန်းဖော်ကျောင်းသူလေး လာရာစ်ဖြစ်နေတာကိုသိလိုက်ရတယ်။ တကယ်ရေးခဲ့လား မရေးခဲ့လားဆိုတာမေးခဲ့အခါမှာ‌တော့ လာရာစ်ဟာ သူရေးခဲ့ကြောင်းဝန်ခံတယ်။ လာရာစ်က ကျောင်းမှာဘယ်သူ့ကိုမှလျှောက်မပြောဖို့နဲ့ ဘာမဆိုလုပ်ပေးမယ်လို့ပြောလိုက်တယ်။ အဲ့ဒီနောက်မှာတော့….

Banshee (2013-2016) ⭐IMDB: 8.4/10 (107 k Votes) 🎬 #Action #Crime #Drama #Mystery #Thriller 🗓️ 2013-2016 🎞️ Series 📺 1080p FHD 🌎 #UnitedStates ⏰ 59 မိနစ် 55 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Banshee (2013)Antony Starr လို့ ခင်ဗျားတို့ မသိရင်တောင်The Boy စီးရီးထဲက ဟုမ်းလန်ဒါ ဆို ခင်ဗျားတို့ သူ့ကို သိလောက်ပါပြီဒီဇတ်လမ်းတွဲကို တင်ပေးချင်နေတာ အတော်ကြာပါပြီAntony Starr ရဲ့ အကောင်းဆုံး အက်ရှင်ဇတ်လမ်းတွဲတစ်ခုဆိုလဲ မမှားပါဘူးဇတ်လမ်းပုံစံက ထောင်ထွက် လူမိုက်တစ်ယောက်ဟာဘန်ရှီး ဆိုတဲ့ မြို့လေးမှာ ရဲ ဝင်လုပ်ပြီး သူ့ထက်မိုက်တဲ့ ဆိုးတဲ့ရာဇဝတ်ကောင်တွေကို တစ်စ စီ ဖြုတ်တဲ့ အကြမ်းအရမ်းအက်ရှင် ဇတ်လမ်းတွဲ ဖြစ်ပါတယ်အခန်းတိုင်းဟာလဲ အဘုတလိုင်း မို့R Rated ဇတ်လမ်းတွဲ အဖြစ် သက်မှတ်ထားပါတယ်သွေးထွက်သံယို နှင့် လိင်ကိစ္စများစွာ ပါဝင်လို့အသက်မပြည့်သေးသော သူများ မိသားစုများနှင့်အတူကြည့်ရှုရန် မသင့်တော်ပါဒီဇတ်လမ်းတွဲကို ဘာသာပြန်ပေးထားတာကတော့CM Team ဖြစ်ပြီး August မှ တင်ဆက်ပေးထားပါတယ် File Size – 600mbQuality – 1080P BluraySubtitle –  Burmese

Crazed Fruit (1981) ⭐IMDB: 5.9/10 (116 Votes) 🎬 #Adult #Drama #Romance #Thriller 🗓️ 1981 🎞️ Movie 📺 1080p FHD 🌎 #Japan ⏰ 1 နာရီ 24 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Crazed Fruit (1981) တက်ဆုဟာ မြို့ကြီးပေါ်မှာတက်ပြီး နေ့အလုပ်ညအလုပ်နှစ်ခုနဲ့ နယ်မှာကျန်ခဲ့တဲ့ မိခင်ကိုပြန်ထောက်ပံ့နေတဲ့ ရိုးအေးတဲ့ကောင်လေးတစ်ယောက်ပါ။ ညအလုပ်အနေနဲ့ မိန်းကလေးတွေနဲ့ဧည့်ခံတဲ့ဘားတစ်ခုမှာ အလုပ်လုပ်ပြီး ဘားပိုင်ရှင်နဲ့ရော သူ့ဇနီးဘားမယ်နဲ့ပါ ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်။ တစ်နေ့တော့ ချီကာဆိုတဲ့ သူဌေးသမီးလေးတစ်ယောက် သူ့ဘဝထဲကို မဖိတ်ခေါ်ဘဲဝင်ရောက်လာရာကနေ တည်ငြိမ်နေတဲ့သူ့ဘဝ ဗြောင်းဆန်ဖို့ဖြစ်လာပါတော့တယ်။ လှပသွက်လက်သလို တစ်ဇွတ်ထိုးဆန်တတ်တဲ့ ချီကာ၊ လူချမ်းသာသူငယ်ချင်းတစ်စုနဲ့ ချီကာ၊ ပထွေးဖြစ်သူရဲ့ အမြှောင်မယားအဖြစ်ပါ ခံယူထားသေးတဲ့ ချီကာဟာ သူ့ဘဝကိုကောင်းကောင်းမွှေနှောက်ပါတော့တယ်။ Roman Porno လိုင်းထဲကဆိုပေမယ့် Mainstream ကားတွေလို ဇာတ်လမ်းဇာတ်အိမ်ကောင်းတဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)

The Lying Life of Adults (2023- ) ⭐IMDB: 6.5/10 (1 k Votes) 🎬 #Drama 🗓️ 2023- 🎞️ Series 📺 1080p FHD 🌎 #Italy ⏰ 1 နာရီ 01 မိနစ် 18 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Lying Life of Adults (2023)2023ထွက် Netflixရဲ့ အီတလီစီးရီးလေးလာပါပြီ.. နာမည်ကြီးဝတ္ထု The Lying Life of Adults ကို ပြန်ရိုက်ထားတာဖြစ်ပြီး ဝတ္ထုအရသာမပျက်လို့ ဝေဖန်ရေးသမားတွေ ချီးကျူးတာခံနေရတဲ့ စီးရီးကောင်းလေးပါ.. စုစုပေါင်း ၆ပိုင်းရှိပါတယ်.. ဇာတ်လမ်းအကျဥ်း အီတလီနိုင်ငံ နာပလီမြို့လေးမှာ ဂျိုအန်နာဆိုတဲ့ ၁၅နှစ်အရွယ်ကောင်မလေးရှိပါတယ်.. အဖေ ပရော်ဖက်ဆာနဲ့ အမေ အယ်ဒီတာတို့ရဲ့ တစ်ဦးတည်းသောသမီးဆိုတော့ ဖိအားများမှာ တွေးကြည့်ရုံနဲ့သိမှာပါ.. ဒီကြားထဲ စာပါညံ့တော့ပိုဆိုးပြီပေါ့.. သူ့အဖေမှာ ဗစ်တိုရီးယားဆိုတဲ့ ညီမတစ်ယောက်ရှိတယ်.. သူတို့မိသားစုရဲ့ classicစတိုင်နဲ့ လုံးဝကွဲပြီး စရိုက်ဆန်တဲ့မိန်းမကြမ်းပေါ့.. ဂျိုအန်နာအတွက်ကတော့ ဗစ်တိုရီးယားနဲ့တွေ့လိုက်ရတာ အသက်ရှုပေါက်ပွင့်သွားသလိုပါပဲ.. lifestyle နှစ်ခုကြားဘယ်လိုရွေးချယ်မလဲ.. တည်ငြိမ်နေတဲ့ဘဝလေးက ဒရာမာချိုးသွားတဲ့အခါ ဘယ်လိုဖြတ်ကျော်မလဲ.. လမ်းမှန်ကိုရော ရွေးနိုင်ပါ့မလား…ဆယ်ကျော်သက်အရွယ်မှာ idolize လုပ်မိတဲ့သူက သောက်တလွဲဖြစ်နေရင် ဂွမ်းတာပါပဲ.. ကလေးတွေရဲ့ insecurityတွေ jealousyတွေကို ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြထားတာမလို့ ပညာလည်းယူရင်း ကြည့်ရှုခံစားလိုက်ကြပါဦး… (18+ အနည်းငယ်ပါတာမလို့ မိသားစုနှင့်ကြည့်ရန် မသင့်တော်ပါ)File size…470MB / 895MB

El fin del Amor (2022- ) ⭐IMDB: 6.0/10 (336 Votes) 🎬 #Comedy #Drama 🗓️ 2022- 🎞️ Series 📺 1080p FHD 🌎 #Argentina ⏰ 35 မိနစ် 12 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The End of Love (2022)The End of Love (2022)ဝတ္ထုတစ်ပုဒ်ရဲ့အသွားအလာဟာ ဟင်းတစ်ခွက်ဆိုရင်တော့ ဟင်းအရသာနဲ့တူတဲ့ ဝတ္ထုရဲ့သဘောတရားကိုချုပ်ကိုင်ထားတာဟာ ဆားနဲ့တူတဲ့ စာရေးဆရာရဲ့ရှုထောင့်အမြင်ပါပဲ။ ဒီတော့ အစွန်းရောက်Feministတစ်ယောက်ဖြစ်တဲ့ တမ်မီရေးတဲ့စာအုပ် နဲ့ သူ့ရဲ့ဟောပြောပွဲတွေအားလုံးမှာ အမျိုးသမီးဝါဒကြီးစိုးရေးက တော်တော်များများပါဝင်နေပါတယ်။ ယခုခေတ်စကားနဲ့ပြောရမယ်ဆိုရင်တော့ တမ်မီဟာ ထက်မြက်တဲ့မိန်းမတစ်ယောက်ပေါ့။တမ်မီဟာ ဖေ့ဘုတ်ပေါ်မှာ မကြာခဏရေးတင်နေကြဖြစ်တဲ့ ထက်မြက်တဲ့မိန်းမဆိုတဲ့စရိုက်လက္ခဏာတွေအကုန်ပြည့်စုံနေတယ်ဆိုပါတော့။ ယောက်ျားတွေဆို အထင်မကြီးတာတို့ ဖိုဝါဒီမုန်းတီးရေးတို့ ကိုယ့်အားကိုယ်ပဲကိုးရမယ်တို့အပြင်ကို နည်းနည်းလေးအစွန်းရောက်နေတဲ့ သူကတော့ လက်ထပ်ခြင်းတို့ အိမ်ထောင်ရေးတို့ကို အယုံအကြည်ရှိသူမဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့အတွေးအမြင်တွေနဲ့ အင်မတန်ကိုဆန့်ကျင်နေတဲ့အချက်ကတော့ သူဟာ အမျိုးသမီးတွေကိုဖိနှိပ်ရာမှာ အလွန်နာမည်ကြီးတဲ့ ဂျူးလူမျိုးဖြစ်နေတာပါပဲ။ သူ လက်ခံထားတဲ့အရာတွေကြောင့် သူဟာ ဆွေမျိုးတွေကြားမှာ အရှုပ်ထုပ်ဖြစ်နေကိုတော့ ပြောစရာလိုမယ်မထင်ပါဘူး။ဒါပေမဲ့ ငယ်သူငယ်ချင်းဖြစ်သူဆာရီတာရဲ့ မင်္ဂလာဆောင်ဖိတ်စာနဲ့အတူ ဂျူးလူမျိုးတွေရဲ့ impurity lawဆိုတာနဲ့ပတ်သက်ပြီး စာရေးဖို့အကြံရသွားတဲ့အခါမှာတော့ သူ တစ်သက်လုံးမျက်ကွယ်ပြုလာခဲ့တဲ့ ဖိုဝါဒီကြီးစိုးတဲ့ ဂျူးလူမျိုး ဂျူးဘာသာရဲ့ အတွေးအမြင်တွေကို လေ့လာရဖို့ဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆို အားလုံးအတူကြည့်ရှုရမှာဖြစ်ပါတယ်။(Ps. Impurity lawဆိုတာကတော့ အမျိုးသမီးတွေဓမ္မတာလာနေချိန်မှာ မသန့်စင်ဘူးလို့သတ်မှတ်တဲ့အတွက် ခင်ပွန်းဖြစ်သူနဲ့ထိတွေ့ခြင်းကိုရှောင်ရမယ်တို့ဘာတို့ကိုပြောတာပါ)စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ ဒီစီးရီးလေးထဲမှာ အခုခေတ်မှာ လူတွေစိတ်ဝင်စားမှုမြင့်တက်နေတဲ့ Feminism နောက်ကွယ်က လက်မည်းကြီးတွေရယ်၊ လူငယ်တွေကြားမှာဖြစ်နေတဲ့ sexual orientation ပျောက်ဆုံးနေတာတွေနဲ့အတူ love life ပြဿနာပေါင်းစုံကို ကြည့်ရမှာပါ။Bonusအနေနဲ့ လတ်တလောမှာ ခေတ်ထသွားတဲ့ Are we dating the same guyကနေ ဇာတ်လမ်းစလိုက်တဲ့ Polygamyဆိုတဲ့ အယူအဆတွေက genuine connection ပေါ်မှာ ဘယ်လို drawback တွေ ရှိလာမလဲဆိုတာကိုပါ လေ့လာနိုင်မဲ့စီးရီးကောင်းတစ်ခုအဖြစ် ညွှန်းပေးလိုက်ရပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre…..Drama

You People (2023) ⭐IMDB: 5.5/10 (40 k Votes) 🎬 #Comedy #Romance 🗓️ 2023 🎞️ Movie 📺 720p HD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 You People (2023) နှစ်ဦးနှစ်ဖက်စလုံးမှာ ယောက္ခမမရှိကြတာမို့ အာဒမ်နဲ့ ဧဝဟာ ကမ္ဘာမှာအပျော်ဆုံးအတွဲပဲတဲ့။ ရံဖန်ရံခါဆိုသလို အသိုင်းအဝိုင်းဆိုတာ အိမ်ထောင်ရေးရဲ့ ပြဿနာတစ်ခု ဖြစ်လာတတ်တာပဲ။ ဒီလိုနဲ့ ယောက္ခမနဲ့ တစ်ထောင့်တစ်ညဖြစ်ကြတဲ့ ဇာတ်တွေလည်း မနည်းဘူး။ အခုဇာတ်ကတော့ ယောက္ခမနှစ်ဖက်စလုံးရဲ့ ဒဏ်တွေကို ခံကြရတဲ့ အတွဲတစ်တွဲရဲ့အကြောင်းပါပဲ။ ပုံမှန်အတွဲတွေမှာတောင် ယောက္ခမပြဿနာက ရှိတတ်တာဆိုတော့ ဒီအတွဲကတော့ လူဖြူလူမဲ အတွဲဆိုတော့ ပိုဆိုးပါတယ်။ သို့ပေမဲ့ ဒီ၂ဘက်ကို မတူညီတဲ့ ဒုက္ခပေးခြင်း ၂မျိုးနဲ့ပြသွားတာတော့ တော်တော်လေး လှပါတယ်။ တစ်ဘက်ကတော့ လူမဲအဖေက သူ့သမီးအတွက် စိတ်ပူလို့ လူဖြူကောင်လေးကို ညစ်ပြီး တစ်ဘက်ကကျ လူဖြူအမေက သူ့သားကောင်မလေးကို လက်ခံကြောင်းအပြချင်လွန်ပြီး လူမဲဖြစ်နေတာ မဆန်းကြောင်း ခဏခဏထုတ်အပြလွန်ပြီး ဆန်းအောင်လုပ်မိသွားတယ်။ ဒီလိုအသိုင်းအဝိုင်း၂ခုရဲ့ကြား ဒီအတွဲရဲ့ မင်္ဂလာပွဲ ဖြစ်မှဖြစ်လာပါ့မလား ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ဟာသ ရိုမန့်ကားလေးပါပဲ။ Jonah Hill နဲ့ Eddie Murphy တို့လို သရုပ်ဆောင်ကောင်းတွေ ပါဝင်ထားပြီး The X-Files စီးရီးနဲ့ နာမည်ကျော်ခဲ့တဲ့ မင်းသား David Duchovny လည်းပါပါတယ်။ နောက် ဒီကားရဲ့အလှတရားအနေနဲ့တော့ တော်တော်ချစ်ဖို့ကောင်းတဲ့ Molly Gordon လေးလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)

Scorpion (2007) ⭐IMDB: 5.4/10 (779 Votes) 🎬 #Action #Drama 🗓️ 2007 🎞️ Movie 📺 720p HD 🌎 #France ⏰ 1 နာရီ 34 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Scorpion (2007)============= “ရန်သူတစ်သိန်းကို အနိုင်ရတာထက်ကိုယ့်စိတ်ကိုယ်အနိုင်ရတာကပိုပြီး အောင်မြင်မှုကြီးတယ်”တဲ့။ စိတ်လေးတစ်ချက်မထိန်းနိုင်လိုက်တဲ့ ခဏအတွင်း ပျက်စီးသွားတဲ့ဘဝတွေမနည်းဘူး။ ကွဲကွာသွားတဲ့ မိသားစုတွေလည်း အများကြီးပဲ။ အခုလည်းပဲ လက်ဝှေ့သမားကောင်းတစ်ယောက်ဖြစ်ချင်လွန်းလို့ အရာအားလုံးပုံအောပြီး အသေလဲကြိုးစားခဲ့​​ပြီးမှ စိတ်လေးတစ်ချက်မထိန်းနိုင်လိုက်လို့ ထောင်ထဲမှာခြောက်နှစ်လောက်သွားနေလိုက်ရတဲ့ အန်ဂျလိုဆိုတဲ့အရွယ်ကောင်း လက်ဝှေ့သမားတစ်ယောက်ရဲ့ ဇာတ်လမ်းလေးကိုကြည့်ရမှာဖြစ်ပါတယ်။ သူထောင်ကပြန်ထွက်လာတဲ့အခါတလွဲတွေအပြည့်နဲ့ ဒုစရိုက်လောကကြီးထဲမှာ မငယ်တော့တဲ့ သူ့အသက်အရွယ်နဲ့ သူ့အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ပါဦးမလားဆိုတာကို ဥပဒေမဲ့ လက်ဝှေ့ပွဲတွေနဲ့ အတူပြင်သစ်ဒုစရိုက်လောကနဲ့ပါယှဥ်တွဲပြီးကြည့်ရှုခံစားရမှာပါ။မဆိုးလှတဲ့ဇာတ်ကားလေးပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Momo ဖြစ်ပါတယ်)

Scorpion (2007) ⭐IMDB: 5.4/10 (779 Votes) 🎬 #Action #Drama 🗓️ 2007 🎞️ Movie 📺 1080p FHD 🌎 #France ⏰ 1 နာရီ 34 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Scorpion (2007)============= “ရန်သူတစ်သိန်းကို အနိုင်ရတာထက်ကိုယ့်စိတ်ကိုယ်အနိုင်ရတာကပိုပြီး အောင်မြင်မှုကြီးတယ်”တဲ့။ စိတ်လေးတစ်ချက်မထိန်းနိုင်လိုက်တဲ့ ခဏအတွင်း ပျက်စီးသွားတဲ့ဘဝတွေမနည်းဘူး။ ကွဲကွာသွားတဲ့ မိသားစုတွေလည်း အများကြီးပဲ။ အခုလည်းပဲ လက်ဝှေ့သမားကောင်းတစ်ယောက်ဖြစ်ချင်လွန်းလို့ အရာအားလုံးပုံအောပြီး အသေလဲကြိုးစားခဲ့​​ပြီးမှ စိတ်လေးတစ်ချက်မထိန်းနိုင်လိုက်လို့ ထောင်ထဲမှာခြောက်နှစ်လောက်သွားနေလိုက်ရတဲ့ အန်ဂျလိုဆိုတဲ့အရွယ်ကောင်း လက်ဝှေ့သမားတစ်ယောက်ရဲ့ ဇာတ်လမ်းလေးကိုကြည့်ရမှာဖြစ်ပါတယ်။ သူထောင်ကပြန်ထွက်လာတဲ့အခါတလွဲတွေအပြည့်နဲ့ ဒုစရိုက်လောကကြီးထဲမှာ မငယ်တော့တဲ့ သူ့အသက်အရွယ်နဲ့ သူ့အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ပါဦးမလားဆိုတာကို ဥပဒေမဲ့ လက်ဝှေ့ပွဲတွေနဲ့ အတူပြင်သစ်ဒုစရိုက်လောကနဲ့ပါယှဥ်တွဲပြီးကြည့်ရှုခံစားရမှာပါ။မဆိုးလှတဲ့ဇာတ်ကားလေးပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Momo ဖြစ်ပါတယ်)

You People (2023) ⭐IMDB: 5.5/10 (40 k Votes) 🎬 #Comedy #Romance 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 You People (2023) နှစ်ဦးနှစ်ဖက်စလုံးမှာ ယောက္ခမမရှိကြတာမို့ အာဒမ်နဲ့ ဧဝဟာ ကမ္ဘာမှာအပျော်ဆုံးအတွဲပဲတဲ့။ ရံဖန်ရံခါဆိုသလို အသိုင်းအဝိုင်းဆိုတာ အိမ်ထောင်ရေးရဲ့ ပြဿနာတစ်ခု ဖြစ်လာတတ်တာပဲ။ ဒီလိုနဲ့ ယောက္ခမနဲ့ တစ်ထောင့်တစ်ညဖြစ်ကြတဲ့ ဇာတ်တွေလည်း မနည်းဘူး။ အခုဇာတ်ကတော့ ယောက္ခမနှစ်ဖက်စလုံးရဲ့ ဒဏ်တွေကို ခံကြရတဲ့ အတွဲတစ်တွဲရဲ့အကြောင်းပါပဲ။ ပုံမှန်အတွဲတွေမှာတောင် ယောက္ခမပြဿနာက ရှိတတ်တာဆိုတော့ ဒီအတွဲကတော့ လူဖြူလူမဲ အတွဲဆိုတော့ ပိုဆိုးပါတယ်။ သို့ပေမဲ့ ဒီ၂ဘက်ကို မတူညီတဲ့ ဒုက္ခပေးခြင်း ၂မျိုးနဲ့ပြသွားတာတော့ တော်တော်လေး လှပါတယ်။ တစ်ဘက်ကတော့ လူမဲအဖေက သူ့သမီးအတွက် စိတ်ပူလို့ လူဖြူကောင်လေးကို ညစ်ပြီး တစ်ဘက်ကကျ လူဖြူအမေက သူ့သားကောင်မလေးကို လက်ခံကြောင်းအပြချင်လွန်ပြီး လူမဲဖြစ်နေတာ မဆန်းကြောင်း ခဏခဏထုတ်အပြလွန်ပြီး ဆန်းအောင်လုပ်မိသွားတယ်။ ဒီလိုအသိုင်းအဝိုင်း၂ခုရဲ့ကြား ဒီအတွဲရဲ့ မင်္ဂလာပွဲ ဖြစ်မှဖြစ်လာပါ့မလား ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ဟာသ ရိုမန့်ကားလေးပါပဲ။ Jonah Hill နဲ့ Eddie Murphy တို့လို သရုပ်ဆောင်ကောင်းတွေ ပါဝင်ထားပြီး The X-Files စီးရီးနဲ့ နာမည်ကျော်ခဲ့တဲ့ မင်းသား David Duchovny လည်းပါပါတယ်။ နောက် ဒီကားရဲ့အလှတရားအနေနဲ့တော့ တော်တော်ချစ်ဖို့ကောင်းတဲ့ Molly Gordon လေးလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)

Close Range (2015) ⭐IMDB: 5.1/10 (5 k Votes) 🎬 #Action #Crime #Thriller 🗓️ 2015 🎞️ Movie 📺 720p HD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Close Range (2015) ================= အတိုက်အခိုက် အသတ်အပုတ်မှာ လှပကျွမ်းကျင်လှတဲ့ မင်းသား Scott Adkins ရဲ့ ၂၀၁၅ ခုနှစ်တုန်းက အက်ရှင်ကားကောင်း တစ်ကားပါ။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ အမေရိကန်-မက်ဆီကိုနယ်စပ် မက်ဆီကိုဂိုဏ်းတစ်ခုရဲ့စခန်းမှာ မင်းသားတစ်ယောက် သူ့တူမကို တစ်ကိုယ်တော်စွန့်စားတိုက်ခိုက်ပြီး ဝင်ကယ်ရာကနေ စတင်ထားပါတယ်။ သူ့တူမ အဖမ်းခံရတယ်ဆိုတာလည်း သူ့အစ်မရဲ့နောက်ယောက်ျားဖြစ်သူက မူးယစ်ဆေးတွေနဲ့ ပတ်သက်နေသူ ဖြစ်ပြီး သူတစ်ခုကိုရှုပ်ထားလို့ ဟိုဖက်က ပြန်ပေးဆွဲသွားရတာဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းက မရိုးရှင်းပြန်ပါဘူး၊ သူတို့အမေရိကန်ဖက်ခြမ်းက ရဲတွေကိုလည်း ဟိုဖက်က ဂိုဏ်းခေါင်းဆောင်ဆိုတာက ခါးပိုက်ထဲ ထည့်ထားနိုင်တဲ့အနေအထားပါ။ အဲဒါနဲ့ ဒီဂိုဏ်းခေါင်းဆောင်ကြီးက အမေရိကန်ဖက်က အကျင့်ပျက်ရဲတွေကို မင်းသားတို့ဆီ တစ်မိသားစုလုံး အရင်သွားဖမ်းခိုင်းထားပါတယ် ပြီးမှ သူတို့လိုက်လာပြီး တရားမျှတအောင် ကိုယ့်ဘာသာစီရင်ချက်ချမယ်ဆိုပြီး ကြိမ်းဝါးခဲ့ပါတယ်။ ထိုအခါမှာတော့ မင်းသားတစ်ယောက် သူ့အစ်မနဲ့ တူမဖြစ်သူကို ရန်သူတွေ (မူးယစ်ဂိုဏ်းရော အကျင့်ပျက်ရဲတွေရော) လက်ကနေ ကယ်တင်ရဖို့ ဖြစ်လာပါတော့တယ်…..။ ဂိုဏ်းခေါင်းဆောင်ကြီးက အတင်းလိုက်ဖမ်းချင်တာ ဘာလျှို့ဝှက်ချက်ရှိလို့လဲ….. မင်းသားရဲ့ နောက်ကြောင်းကရော ဘယ်လိုတွေရှိခဲ့တာလဲ… အများနဲ့တစ်ယောက် တိုက်ခိုက်လွတ်မြောက်နိုင်မလားဆိုတာကို Scott Adkins ရဲ့ အက်ရှင်လှလှတွေနဲ့အတူ ကင်မရာရိုက်ချက် မိုက်တဲ့ အက်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

La querida (2023) ⭐TMDB: 43.0% User Score 🎬 #Adult #Drama 🗓️ 2023 🎞️ Movie 📺 720p HD 🌎 #Philippines ⏰ 1 နာရီ 34 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 La Querida (2023) ဂျိုဝယ်ဟာ မိခင်စီစဉ်ပေးတဲ့ အိမ်ထောင်ရေးကိုလက်မခံပဲ တစ်သက်တာအတူဖြတ်သန်းရမယ့် မိန်းမဟာ သူတကယ်မြတ်နိုးတဲ့ အမျိုးသမီးတစ်ဦးသာဖြစ်စေရမယ်ဆိုပြီး ကြွေးကြော်ရင်း အိမ်ပေါ်ကဆင်းလာခဲ့တဲ့သူ။ မကြာခင်မှာပဲ သူရှာဖွေနေတဲ့ အချစ်စစ်ကို သမိုင်းမေဂျာကျောင်းသူ မာရီယာဆိုတဲ့ မိန်းမလှလေးတစ်ဦးဆီမှာရှာတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ မာရီယာဟာ တရားလွန်ချုပ်ချယ်လွန်းတဲ့ ဖခင်တစ်ဦးရဲ့သမီး၊ နောက်ကွယ်မှာမပြီးပြတ်သေးတဲ့အတိတ်တစ်ခုရှိနေခဲ့တာကို သူသိလိုက်ရပြီးနောက် သူတို့ပြတ်စဲသွားခဲ့ကြတယ်။ ဆယ်စုနှစ်တစ်ချို့ကြာပြီးတဲ့နောက်မှာ လီယိုဆိုတဲ့ သက်လတ်ပိုင်းအမျိုးသားတစ်ဦးဟာ သူအိမ်ထောင်ရှိနေတယ်ဆိုတာ သိသိရက်နဲ့ လိုက်လံတွယ်ကပ်နေတဲ့ ကော်နီဆိုတဲ့သက်တူရွယ်တူအမျိုးသမီးတစ်ယောက်နဲ့ တိတ်တခိုးချစ်ကြိုးသွယ်မိခဲ့ပါတယ်။ မချစ်ပဲလက်ထပ်ခဲ့ရတဲ့၊ သမီးလေးသံယောဇဉ်ကြောင့်သာ ပေါင်းဖက်နေရဆဲဖြစ်တဲ့ မသာယာတဲ့အိမ်ထောင်ရေးကနေ ကော်နီနဲ့ဆုံတွေ့မိချိန်ဟာ သူ့ဘ၀ တစ်ဖန်ပြန်လည်ရှင်သန်လာသလို ဖြစ်ခဲ့ရပါသတဲ့။ ပထမဇာတ်လမ်းလေးဟာ အလွမ်းနဲ့အဆုံးသတ်ခဲ့ရသလို ဒုတိယဇာတ်လမ်းလေးမှာ ပျော်စရာဇာတ်သိမ်းရနိုင်ပါ့မလား။ ဂျိုဝယ်၊ မာရီယာ၊ လီယို နဲ့ ကော်နီတို့ကြားက ဆက်နွယ်မှုတွေက ဘာဖြစ်လေမလဲဆိုတာကို ဇာတ်လမ်းလေးမှာအဖြေရှာကြပါ။ 18 နှစ်အထက်ဇာတ်ကားမဆန်ပဲ အချစ်ဒရာမာ ကားလေးတစ်ကားလိုဇာတ်အိမ်မျိုးပေမယ့် ထုံးစံအတိုင်း အချစ်ခန်းတွေကတော့ ကြမ်းကြမ်းရမ်းရမ်းပါဝင်ထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)

Close Range (2015) ⭐IMDB: 5.1/10 (5 k Votes) 🎬 #Action #Crime #Thriller 🗓️ 2015 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Close Range (2015) ================= အတိုက်အခိုက် အသတ်အပုတ်မှာ လှပကျွမ်းကျင်လှတဲ့ မင်းသား Scott Adkins ရဲ့ ၂၀၁၅ ခုနှစ်တုန်းက အက်ရှင်ကားကောင်း တစ်ကားပါ။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ အမေရိကန်-မက်ဆီကိုနယ်စပ် မက်ဆီကိုဂိုဏ်းတစ်ခုရဲ့စခန်းမှာ မင်းသားတစ်ယောက် သူ့တူမကို တစ်ကိုယ်တော်စွန့်စားတိုက်ခိုက်ပြီး ဝင်ကယ်ရာကနေ စတင်ထားပါတယ်။ သူ့တူမ အဖမ်းခံရတယ်ဆိုတာလည်း သူ့အစ်မရဲ့နောက်ယောက်ျားဖြစ်သူက မူးယစ်ဆေးတွေနဲ့ ပတ်သက်နေသူ ဖြစ်ပြီး သူတစ်ခုကိုရှုပ်ထားလို့ ဟိုဖက်က ပြန်ပေးဆွဲသွားရတာဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းက မရိုးရှင်းပြန်ပါဘူး၊ သူတို့အမေရိကန်ဖက်ခြမ်းက ရဲတွေကိုလည်း ဟိုဖက်က ဂိုဏ်းခေါင်းဆောင်ဆိုတာက ခါးပိုက်ထဲ ထည့်ထားနိုင်တဲ့အနေအထားပါ။ အဲဒါနဲ့ ဒီဂိုဏ်းခေါင်းဆောင်ကြီးက အမေရိကန်ဖက်က အကျင့်ပျက်ရဲတွေကို မင်းသားတို့ဆီ တစ်မိသားစုလုံး အရင်သွားဖမ်းခိုင်းထားပါတယ် ပြီးမှ သူတို့လိုက်လာပြီး တရားမျှတအောင် ကိုယ့်ဘာသာစီရင်ချက်ချမယ်ဆိုပြီး ကြိမ်းဝါးခဲ့ပါတယ်။ ထိုအခါမှာတော့ မင်းသားတစ်ယောက် သူ့အစ်မနဲ့ တူမဖြစ်သူကို ရန်သူတွေ (မူးယစ်ဂိုဏ်းရော အကျင့်ပျက်ရဲတွေရော) လက်ကနေ ကယ်တင်ရဖို့ ဖြစ်လာပါတော့တယ်…..။ ဂိုဏ်းခေါင်းဆောင်ကြီးက အတင်းလိုက်ဖမ်းချင်တာ ဘာလျှို့ဝှက်ချက်ရှိလို့လဲ….. မင်းသားရဲ့ နောက်ကြောင်းကရော ဘယ်လိုတွေရှိခဲ့တာလဲ… အများနဲ့တစ်ယောက် တိုက်ခိုက်လွတ်မြောက်နိုင်မလားဆိုတာကို Scott Adkins ရဲ့ အက်ရှင်လှလှတွေနဲ့အတူ ကင်မရာရိုက်ချက် မိုက်တဲ့ အက်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

La querida (2023) ⭐TMDB: 43.0% User Score 🎬 #Adult #Drama 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #Philippines ⏰ 1 နာရီ 34 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 La Querida (2023) ဂျိုဝယ်ဟာ မိခင်စီစဉ်ပေးတဲ့ အိမ်ထောင်ရေးကိုလက်မခံပဲ တစ်သက်တာအတူဖြတ်သန်းရမယ့် မိန်းမဟာ သူတကယ်မြတ်နိုးတဲ့ အမျိုးသမီးတစ်ဦးသာဖြစ်စေရမယ်ဆိုပြီး ကြွေးကြော်ရင်း အိမ်ပေါ်ကဆင်းလာခဲ့တဲ့သူ။ မကြာခင်မှာပဲ သူရှာဖွေနေတဲ့ အချစ်စစ်ကို သမိုင်းမေဂျာကျောင်းသူ မာရီယာဆိုတဲ့ မိန်းမလှလေးတစ်ဦးဆီမှာရှာတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ မာရီယာဟာ တရားလွန်ချုပ်ချယ်လွန်းတဲ့ ဖခင်တစ်ဦးရဲ့သမီး၊ နောက်ကွယ်မှာမပြီးပြတ်သေးတဲ့အတိတ်တစ်ခုရှိနေခဲ့တာကို သူသိလိုက်ရပြီးနောက် သူတို့ပြတ်စဲသွားခဲ့ကြတယ်။ ဆယ်စုနှစ်တစ်ချို့ကြာပြီးတဲ့နောက်မှာ လီယိုဆိုတဲ့ သက်လတ်ပိုင်းအမျိုးသားတစ်ဦးဟာ သူအိမ်ထောင်ရှိနေတယ်ဆိုတာ သိသိရက်နဲ့ လိုက်လံတွယ်ကပ်နေတဲ့ ကော်နီဆိုတဲ့သက်တူရွယ်တူအမျိုးသမီးတစ်ယောက်နဲ့ တိတ်တခိုးချစ်ကြိုးသွယ်မိခဲ့ပါတယ်။ မချစ်ပဲလက်ထပ်ခဲ့ရတဲ့၊ သမီးလေးသံယောဇဉ်ကြောင့်သာ ပေါင်းဖက်နေရဆဲဖြစ်တဲ့ မသာယာတဲ့အိမ်ထောင်ရေးကနေ ကော်နီနဲ့ဆုံတွေ့မိချိန်ဟာ သူ့ဘ၀ တစ်ဖန်ပြန်လည်ရှင်သန်လာသလို ဖြစ်ခဲ့ရပါသတဲ့။ ပထမဇာတ်လမ်းလေးဟာ အလွမ်းနဲ့အဆုံးသတ်ခဲ့ရသလို ဒုတိယဇာတ်လမ်းလေးမှာ ပျော်စရာဇာတ်သိမ်းရနိုင်ပါ့မလား။ ဂျိုဝယ်၊ မာရီယာ၊ လီယို နဲ့ ကော်နီတို့ကြားက ဆက်နွယ်မှုတွေက ဘာဖြစ်လေမလဲဆိုတာကို ဇာတ်လမ်းလေးမှာအဖြေရှာကြပါ။ 18 နှစ်အထက်ဇာတ်ကားမဆန်ပဲ အချစ်ဒရာမာ ကားလေးတစ်ကားလိုဇာတ်အိမ်မျိုးပေမယ့် ထုံးစံအတိုင်း အချစ်ခန်းတွေကတော့ ကြမ်းကြမ်းရမ်းရမ်းပါဝင်ထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)

Lock, Stock and Two Smoking Barrels (1998) ⭐IMDB: 8.2/10 (588 k Votes) 🎬 #Action #Comedy #Crime 🗓️ 1998 🎞️ Movie 📺 720p HD 🌎 #UnitedKingdom ⏰ 1 နာရီ 47 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Lock, Stock and Two Smoking Barrels (1998) =================================== IMDB – 8.2Rotten tomatoes – 75%Metascore – 66% ဒီတစ်ခါတင်ဆက်ပေးမှာကတော့ နာမည်ကြီးဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Guy Richie ရဲ့ဟာသအက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ R-rated ဖြစ်တာမလို့ သွေးထွက်သံယိုတွေ၊ ကြမ်းတမ်းတဲ့စကားတွေပါပြီး dark comedy ကားမျိုးဖြစ်တာမလို့ ဒီလိုဇာတ်ကားမျိုးတွေကိုကြည့်ရှုချင် နေတဲ့သူတွေအတွက်တော့ လုံးဝကို Old but Gold ပါပဲခင်ဗျ။ ဇာတ်လမ်းအကျဉ်းကတော့ မြို့ထဲကရာဇဝတ်ဂိုဏ်း‌ ခေါင်းဆောင်တစ်ဦးနဲ့ အတူဖဲဆော့ရင်း တင်သွားတဲ့ ဖဲကြွေး ပေါင် ၅သိန်းကို (၇)ရက်အတွင်း ပေးရမဲ့ Eddy, Tom, Bacon, Soap ဆိုတဲ့ သူငယ်ချင်းလေးယောက်ရှိပါတယ်။ ဒီလေးယောက်က အကြွေးပြန်ဆပ်ဖို့အတွက် ပိုက်ဆံရှာနိုင်မဲ့အလွယ်နည်းလမ်း ကိုလိုက်ရှာရင်း သူတို့ဘေးအခန်းထဲမှာ နေရာတနေရာကို ဓါးပြတိုက်ဖို့လုပ်နေတဲ့ Dog တို့ရဲ့လူမိုက်အဖွဲ့က ပြောနေတာကို နားထောင်မိပြီး သူခိုးလက်က သူဝှက်လု လုပ်ဖို့ ကြံစည်ကြပါတော့တယ်။ ဒီလိုနဲ့ ဘယ်လိုတွေရှုပ်ပြီး ဘယ်လိုတွေရုပ်တည်ကြီးနဲ့ လွဲကြမလဲ၊ ဘယ်လိုအရှုပ်ထုတ်တွေထဲကိုဝင်ပါမိကြမလဲ၊ နောက်ဆုံးမှာရော သူတို့ရဲ့အကြွေးကိုပြန်ဆပ်နိုင်မှာလားဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာပါ။

Lock, Stock and Two Smoking Barrels (1998) ⭐IMDB: 8.2/10 (588 k Votes) 🎬 #Action #Comedy #Crime 🗓️ 1998 🎞️ Movie 📺 1080p FHD 🌎 #UnitedKingdom ⏰ 1 နာရီ 47 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Lock, Stock and Two Smoking Barrels (1998) =================================== IMDB – 8.2Rotten tomatoes – 75%Metascore – 66% ဒီတစ်ခါတင်ဆက်ပေးမှာကတော့ နာမည်ကြီးဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Guy Richie ရဲ့ဟာသအက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ R-rated ဖြစ်တာမလို့ သွေးထွက်သံယိုတွေ၊ ကြမ်းတမ်းတဲ့စကားတွေပါပြီး dark comedy ကားမျိုးဖြစ်တာမလို့ ဒီလိုဇာတ်ကားမျိုးတွေကိုကြည့်ရှုချင် နေတဲ့သူတွေအတွက်တော့ လုံးဝကို Old but Gold ပါပဲခင်ဗျ။ ဇာတ်လမ်းအကျဉ်းကတော့ မြို့ထဲကရာဇဝတ်ဂိုဏ်း‌ ခေါင်းဆောင်တစ်ဦးနဲ့ အတူဖဲဆော့ရင်း တင်သွားတဲ့ ဖဲကြွေး ပေါင် ၅သိန်းကို (၇)ရက်အတွင်း ပေးရမဲ့ Eddy, Tom, Bacon, Soap ဆိုတဲ့ သူငယ်ချင်းလေးယောက်ရှိပါတယ်။ ဒီလေးယောက်က အကြွေးပြန်ဆပ်ဖို့အတွက် ပိုက်ဆံရှာနိုင်မဲ့အလွယ်နည်းလမ်း ကိုလိုက်ရှာရင်း သူတို့ဘေးအခန်းထဲမှာ နေရာတနေရာကို ဓါးပြတိုက်ဖို့လုပ်နေတဲ့ Dog တို့ရဲ့လူမိုက်အဖွဲ့က ပြောနေတာကို နားထောင်မိပြီး သူခိုးလက်က သူဝှက်လု လုပ်ဖို့ ကြံစည်ကြပါတော့တယ်။ ဒီလိုနဲ့ ဘယ်လိုတွေရှုပ်ပြီး ဘယ်လိုတွေရုပ်တည်ကြီးနဲ့ လွဲကြမလဲ၊ ဘယ်လိုအရှုပ်ထုတ်တွေထဲကိုဝင်ပါမိကြမလဲ၊ နောက်ဆုံးမှာရော သူတို့ရဲ့အကြွေးကိုပြန်ဆပ်နိုင်မှာလားဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာပါ။

Somebody I Used to Know (2023) ⭐IMDB: 5.8/10 (994 Votes) 🎬 #Comedy #Romance #Drama 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Somebody I Used to Know(2023) ******************************* ဒီရုပ်ရှင်လေးကတော့ ရည်းစားဟောင်းရဲ့ မင်္ဂလာဆောင်ကို သွားရှုပ်တဲ့အကြောင်းကိုမှ ပူရဆွေးရတာတွေ၊လက်ခံပေးရတာ၊အသည်းကွဲရတာ၊ အသစ်ပြန်စရတာမျိုးတွေစတဲ့ ချိုချဥ်စပ်ခါးအရသာလေးနဲ့ကြည့်ရှုရမှာပါ၊ဇာတ်လမ်းကိုတော့ မမAlison Brieနဲ့ ခင်ပွန်းဖြစ်သူ now you see meထဲက မင်းသားDave Francoတို့အတူတူဇာတ်ညွှန်းရေးပြီးအယ်လီနေရာမှာ မမAlison Brieကသရုပ်ဆောင်၊ Dave Francoက ဒါရိုက်တာလုပ်ပြီးအပြိုင်ကြဲထားကြပါတယ်။အတိတ်မှာဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အတိတ်မှာပဲထားခဲ့၊ လက်ရှိဘဝကိုယူလာရင်တော့ အနာဂတ်ပါရှုပ်ထွေးသွားနိုင်တာကိုရိုက်ပြထားပြီးကိုယ့်ကိုယ်ကိုလက်ခံတတ်စေဖို့ စိတ်ဝင်စားစရာဇာတ်လမ်းလေးနဲ့ရိုက်ပြထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ဇာတ်လမ်းအကျဥ်းကတော့ အယ်လီဟာ အစီအစဥ်တင်ဆက်သူတစ်ယောက်၊ အလုပ်ကိုပဲတမ်းတမ်းစွဲလုပ်တတ်သူပေါ့၊ ဒီအလုပ်ကိုရွေးချယ်ခဲ့တာကြောင့် ရည်းစားဟောင်းဖြစ်သူ ရှောင်နဲ့ ကွေကွင်းခဲ့ရတာပေါ့နော်။သူလုပ်ချင်တဲ့ ရှိုးကို သုံးနှစ်လောက်လုပ်အပြီးမှာ အကြောင်းမလှဘဲရှိုးပွဲကရပ်နားခံလိုက်ရတေ ာ့ အယ်လီတစ်ယောက်စိတ်ဓာတ်တွေကျပြီး မိခင်ရှိရာနယ်မြို့လေးကိုပြန်လာခဲ့တယ်ပေါ့၊ရောက်တဲ့နေ့မှာပဲ မထင်မှတ်ဘဲ ရီးစားဟောင်း ရှောင်နဲ့ပြန်တွေ့ပြီး ဇာတ်လမ်းလေးတွေပြန်စမယ်ကြံမိခါမှ သူက မင်္ဂလာဆောင်တော့မှာတဲ့၊ အဲ့ဒီနောက်မှာတော့

My Dad the Bounty Hunter (2023- ) ⭐IMDB: 6.3/10 (192 Votes) 🎬 #Animation #Action #Adventure #Comedy #Family #Fantasy #SciFi 🗓️ 2023- 🎞️ Series 📺 1080p FHD 🌎 #UnitedStates #France #UnitedStatesofAmerica ⏰ 28 မိနစ် 34 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 My Dad the Bounty Hunter (2023)My Dad the Bounty Hunter (2023)အခု animation series လေးကတော့ Netflix မှာ ပြသနေတဲ့ စိတ်ဝင်စားစရာလည်းကောင်း ချစ်စရာလည်းကောင်းတဲ့ Sci-Fi လေးပါ။ ဇာတ်လမ်း အကျဥ်းချုပ်ကတော့ လူဆိုးတွေကိုလိုက်ဖမ်းတဲ့သူရဲ့ သားနဲ့သမီးဟာ သူ့အဖေနောက် ခိုးလိုက်ရင်း အာကာသထဲ မတော်တဆ ရောက်ရှိသွားပြီး သူအဖေနဲ့အတူ စွန့်စားခန်းတွေ ဖွင့်ကြတာပါပဲ။ သူ့အဖေဟာ ဂြိုလ်သားတွေနဲ့တိုက်ခိုက်တာကို သိသွားတဲ့ အချိန်မှာတော့ သူ့အဖေရဲ့အလုပ်က စိတ်ဝင်စားစရာကောင်းမှန်း သိသွားကြပါတယ်။ အဲ့မှာ သူတို့ရဲ့ အရင်က အဆင်သိပ်မပြေတဲ့ ဆက်ဆံရေးတွေက အဲ့လို စွန့်စားခန်းတွေ ဖွင့်ပြီးတဲ့ နောက်မှာတော့ ဘာဆက်ဖြစ်မယ်ဆိုတာ ကြည့်ရူလိုက်ကြပါဦးဗျို့။စဆုံး ၁၀ ပိုင်း ရှိမှာ ဖြစ်ပြီးတော့ ဆက်တိုက်ဆိုသလို တက်ပေးသွားမှာပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hetang ပဲ ဖြစ်ပါတယ်။Genre….. Action & Adventure, Animation, Comedy, Family

Revolutionary Road (2008) ⭐IMDB: 7.3/10 (216 k Votes) 🎬 #Drama #Romance 🗓️ 2008 🎞️ movie 📺 720p HD 🌎 #UnitedStates #UnitedKingdom ⏰ 2 နာရီ 00 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Titanic စုံတွဲ လီယိုနာဒိုနဲ့ကိတ်ဝင်းစလတ်တို့ကို ပူးတွဲပြီး ထပ်မံမြင်တွေ့ရမယ့်ဇာတ်ကားပါ။ ဒီဇာတ်ကားနဲ့ မင်းသမီးကိတ်ဝင်းစလတ်ဟာ Golden Globe Awards ဆုကိုရရှိခဲ့ပါတယ်…ရုပ်ရှင်အညွှန်းကိုတော့ ကိုဝဏ္ဏသန်းထွန်းရဲ့ ခံစားမှုဆောင်းပါးနဲ့ မိတ်ဆက်ပေးပါရစေ။ ——————————————- Revolutionary Road အား ဆင့်ပွားခံစားခြင်း ============================== ပထမဆုံး မိတ်ဆက်ပေးချင်တာတော့ ဒီ ဇာတ်လမ်းကို ရေးသားခဲ့သူ စာရေးဆရာ Richard Yates နဲ့ သူ့ ဝတ္တုအကြောင်းပါ။ ဒီ ဝတ္တုဟာ ရစ်ချက် ရဲ့ ပထမဆုံး ဖန်တီးမှု တစ်ခုဖြစ်ခဲ့ပြီး (၁၉၆၂) ခုနှစ်ရဲ့ National Book Award မှာ နောက်ဆုံး စကာတင် သုံးဆုထဲ ပါခဲ့ပါတယ်။ ပရိသတ်အကြိုက်ဖြစ်ခဲ့ပြီး (၂၀၀၅) ခုနှစ်မှာ Time မဂ္ဂဇင်းက ရွေးချယ်တဲ့ (၁၉၂၃) ခုနှစ်ကနေ လက်ရှိအချိန်ထိ အကောင်းဆုံး အင်္ဂလိပ်ဘာသာနဲ့ ရေးသားတဲ့ စာအုပ်တစ်ရာ အတွင်း ပါဝင်ခဲ့တယ်လို့ အင်တာနက် မှတ်တမ်းများအရ သိရပါတယ်။ ဒီ Revoultionary road နဲ့ ပါတ်သတ်ပြီး ရစ်ချက်က အင်တာဗျူး တစ်ခုမှာ … “ကျွန်တော် ဒါကို ရေးခဲ့တာ (၁၉၅၀) ခုနှစ်များဆီက အမေရိကန်တွေရဲ့ ဘဝတွေကို ပုံဖော်ပြချင်တာထက် ပိုပါတယ်။ ခင်ဗျားတို့လည်း သိမှာပါ။ အဲဒီကာလတွေ တုန်းက ဆင်ခြေဖုန်းရပ်ကွက်တွေမှာ နေတဲ့ သာမန် လူတန်းစား အလွှာ တစ်ခုတင် မကပါဘူး။ တစ်နိုင်ငံလုံးမှာ ကြပ်တည်းမှုတွေ၊ ရုန်းကန်ရပ်တည်ရတာတွေ၊ ဘဝအာမခံချက်မရှိ၊ လုံခြုံမှု မရှိတဲ့ အခြေအနေတွေကို ကျနော်တို့ ရင်ဆိုင်ခဲ့ရတာ မှတ်လား” ဆိုပြီး ဖြေကြားသွားပါတယ်။ အဲဒီခေတ်ကာလ က လူနေမှုပုံစံတွေကို ထင်ဟပ်ပြတဲ့ အိမ်ထောင်ရေး ဇာတ်လမ်းတစ်ခုပေါ့။ (၁၉၅၀) နှစ်များဆီက အမေရိကန် တောင်ပိုင်းပြည်နယ် တစ်ခုရဲ့ မြို့ တစ်မြို့မှာ Frank နဲ့ April တို့ နှစ်ဦးက Bar တစ်ခုမှာ တွေ့ဆုံပြီး ချစ်ကြိုက်ခဲ့တယ်။ အဲဒီ အချိန်မှာ ဖရန့်ခ် က အလုပ်ကိုင် မယ်မယ်ရရမရှိ ကြုံရာကျပန်း လုပ်နေရသလို၊ အေပရယ်ကလည်း မင်းသမီးဖြစ်ချင်လို့ ကြိုးစားနေဆဲ ကာလ၊ အေပရယ်ကို လက်ထပ်ပြီး ဖရန့်က ကုမ္ပဏီ တစ်ခုမှာ အရောင်းစာရေးနေရာက ဝင်လုပ်တယ်။ နောက်ပိုင်း အေပရယ် ကိုယ်ဝန်ရလာတဲ့ အချိန်ကျမှ ဆင်ချေဖုန်းရပ်ကွက် တစ်ခု ရဲ့ Revolutionary road လို့ အမည်ရတဲ့ လမ်းက နေအိမ်ကို ပြောင်းရွှေ့ပြီး နေထိုင်ခဲ့ကြပါတယ်။ (သူတို့နဲ့ တစ်ရပ်ကွက်တည်း နေတဲ့အိမ်နီးချင်းတွေကတော့ ရုန်းကန်ရပ်တည်ရမှုတွေနဲ့ အသားကျနေတဲ့ Revolutionary လမ်း က မိသားစုတွေထဲ မှာ သူတို့ ဇနီးမောင်နှံက အဒီ အခြေအနေတွေကို တော်လှန်ပြီး ပျော်ရွှင်တဲ့ အိမ်ထောင်သည် ဘ၀ တွေကို ထူထောင်နိုင်သူများ အဖြစ် သတ်မှတ်ခဲ့ပါတယ်။) အများရဲ့ အမြင်မှာ သာယာချမ်းမြေ့တဲ့ လူငယ်စုံတွဲ အိမ်ထောင်သည် ဘဝကို ဖရန့်ခ် နဲ့ အေပရယ် တို့က ပိုင်ဆိုင်ထားတယ်လို့ ဆိုနိုင်ပေမယ့် တကယ့် လက်တွေ့ဘဝမှာ တော့ သူတို့ နှစ်ဦးအိမ်ထောင်ရေးက အဆင်မပြေလှပါဘူး။ သားသမီးတွေရလာချိန်မှာ အေပရယ်က ဘဝနောင်ရေးအတွက် ခိုင်မာချင်လာတယ်။ ခင်ပွန်းဖရန့်ခ် ကိုလည်း သူ ဝါသနာဗီဇ နဲ့ ကိုက်ညီတဲ့ အလုပ်တစ်ခု လုပ်စေချင်တယ်။ ဒါကတော့ မထူးဆန်းပါဘူး။ မိခင်ကောင်း၊ အိမ်ထောင်ရှင်မတိုင်း ဖြစ်ချင်ကြတဲ့ စိတ် ဆန္ဒမျိုးပါပဲ။ ဖရန်ခ့်ဘက်က ကြည့်တော့လည်း သူ ဝါသနာမပါလှတဲ့ အလုပ်ထဲမှာ တစ်နေ့ (၁၀) နာရီ အချိန်ပေးပြီး အလုပ် လုပ်နေတယ်။ သားသမီးတွေကို အဆင်ပြေအောင် ကျွေးမွေးနိုင်တယ်။ ဒါပေမယ့် သူ အိမ်ထောင်ရေးဘဝက အဆင်မပြေလှဘူး။ ဇနီးဘက်က Demanding တွေ များလွန်းတယ်ပေါ့။ မပျော်ရွှင်တဲ့ အိမ်ထောင်သည် ဘဝကို ဖြေရှင်းဖို့ အမျိုးမျိုး ကြိုးစားနေပေမယ့် မအောင်မြင်၊ ဒါကိုပဲ ဖုံးကွယ်ဖို့ ကြိုးစားရင်း နဲ့ လုံးခြာလိုက်နေတော့တာပဲ။ ဧပရယ်က ပြင်သစ်မှာ အခြေကျဖို့ စီစဉ်တယ်။ ဖရန့်ခ်ကလည်း သဘောတူပြီးကာမှ ဧပရယ် မှာ တတိယ ကိုယ်ဝန်လွယ်လာရချိန်၊ ဖရန့်ခ် အလုပ်ကလည်း လခ ကောင်းကောင်းနဲ့ ရာထူးတိုးပေးလို့ တိုင်ပင်ထားတဲ့ အစီအစဉ်က ပျက်၊ အဲဒီ မလိုချင်တဲ့ ကိုယ်ဝန်ကို ဧပရယ်က ဖျက်ချပစ်ချင်၊ ယောက်ကျားလုပ်သူက သဘောမတူ၊ အခြေအနေရ ဒီမှာပဲ ဆက်နေဖို့ လက်ခံလိုက်ရပေမယ့် ဇနီးဖြစ်သူရဲ့ စိတ်ထဲမှာတော့ ပဲရစ် အစီအစဉ် အကောင်အထည် ဖော်ခွင့်မရလိုက်တာ ကြီးမားတဲ့ မကျေနပ်မှု အစိုင်အခဲပဲ။ သူ့ရဲ့ မျှော်လင့်ချက်ကို ခင်ပွန်းဖြစ်သူက ရိုက်ချိုးခဲ့တယ်လို့ပဲ ထင်နေတယ်။ အဲဒီ နောက်ပိုင်းမှာ သူတို့ လင်မယား နှစ်ယောက် ရဲ့ ကြားက ဆက်ဆံရေးက အရမ်း အေးခဲသွားခဲ့ပြီ။ အဲဒီ အခြေအနေကြားမှာ ဖရန့်ခ် က သူ့ အလုပ်ထဲက အမျိုးသမီး မော်ရင်း နဲ့ ဖောက်ပြန်ခဲ့သလို၊ အေပရယ်ကလည်း အိမ်နီးချင်း ကလေးအဖေ တစ်ဦးနဲ့ ငြိစွန်းသွားခဲ့တယ်။ ဒါက ဘယ်လိုမှ လက်သင့်ခံစရာ မရှိတဲ့ အမည်းစက်ပါ။ ဒါပေမယ့် … လူတွေရဲ့ အပြုအမူကို ခေတ်ကြောင့်လို့ အတိအကျ လက်ညိုးထိုးလို့ မရပေမယ့် ဒီ scene တွေကို ထည့်ရိုက်ပြထားတာဟ