ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Detective K: Secret of Virtuous Widow (2011) ⭐IMDB: 6.2/10 (1 k Votes) 🎬 #Adventure #Comedy #Historical #Mystery #Action #History #Crime 🗓 2011 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 56 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Detective K: Secret of Virtuous Widow (2011) ************************************************** Comedy, Mystery ဇာတ်လမ်းအမျိုးအစား ဖြစ်တဲ့ ဂျိုဆွန်းခေတ်ရဲ့ စုံထောက်ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးက 2011,2015,2018 ဆိုပြီး 3ကားထွက်ရှိထားပြီး တစ်ကားချင်းစီမှာ မတူညီတဲ့ အမှုတွေကို စုံစမ်းဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ အဓိက ဇာတ်ဆောင်ကြီးကတော့ Your Honor ဇာတ်လမ်းတွဲထဲက မင်းသားကြီး Kim Myung Min နဲ့အတူ Oh Dal Soo၊ Han Ji Min တို့အပြင် နာမည်ကျော် ဇာတ်ပို့ဇာတ်ရန်များစွာ ပါရှိထားပါတယ်။ -ဇာတ်လမ်းအကျဥ်း- ဂျိုဆွန်းခေတ် ဂျောင်ဂျိုဘုရင်လက်ထက်မှာ အစိုးရ အမှုထမ်းတွေရဲ့ လာဘ်ပေးလာဘ်ယူမှုနဲ့ အတူ နောက်ဆက်တွဲ လူသတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဂျောင်ဂျိုဘုရင် ခန့်အပ်ထားတဲ့ လျှို့ဝက်အထောက်တော်ကြီး ဂင်မင်းဟာ ဒီလူသတ်မှုကို စုံစမ်းရင်းကနေ ကံဆိုးစွာနဲ့ပဲ တရားခံအဖြစ် အထင်လွဲခံရပြီး အကျဉ်းချခံလိုက်ရပါတယ်။ ဒါပေမဲ့ အထော်တော်ကြီးဟာ အကျည်းထောင်ကို ဖောက်ပြေးခဲ့တာကြောင့် ဘုရင်က နယ်နှင်ဒဏ်ပေးလိုက်ပြီး မုဆိုးမ အမှုတစ်ခုကို စုံစမ်းစေခဲ့ပါတယ်။ အဲဒီလိုနဲ့ နယ်နှင်ဒဏ်ပေးခံလိုက်ရတဲ့ အထောက်တော်ကြီးဟာ မထင်မှတ်ဘဲ သိကျွမ်းခဲ့ရတဲ့ သူ့ရဲ့ မိတ်ဆွေကြီး ဟန်ဆောဖီးနဲ့ အတူ ဂျော့ဆောင်းဆိုတဲ့ နယ်ဘက်ကို ရောက်ရှိလာပြီး ပေးအပ်ထားတဲ့ တာဝန်အတိုင်း အမှုကို စုံစမ်းဖော်ထုတ်သွားမှာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဂျိုဆွန်းခေတ် စုံထောက်ကြီးရဲ့ အမှုလိုက် ခရီးစဉ်ကို ဟာသနှောပြီး ရိုက်ကူးထားတာမို့လို့ အပန်းပြေစေမဲ့ ဇာတ်ကားလေး ဖြစ်စေမှာ အမှန်ပါပဲ။ (ဇာတ်လမ်းအကျဉ်းကို Treasure Htet မှ ရေးသားပေးထားပါတယ်။)...
Dharmaveer (2022) ⭐IMDB: 7.9/10 (2 k Votes) 🎬 #Bollywood #Crime #Drama #Biography 🗓 2022 🎞 movie 🌎 #India ⏰ 2 နာရီ 48 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dharmaveer Mukkam Post Thane (2022)“စံပြ” IMDb 7.9 မာရသီစကားပြော ကိုယ်ရေးအတ္ထုပတ္တိရုပ်ရှင်တစ်ပုဒ်ကို ရှုစားရမှာပါ သတင်းထောက်မလေးက ‘အာနန်ဒီဂေ’ ဆိုသူ နိုင်ငံရေးသမားတစ်ယောက်ကွယ်လွန်ခြင်းနှစ် ၂၀ ပြည့် အောက်မေ့သတိရအခမ်းအနားအတွက်သတင်းတင်ဆက်ပေးရဖို့ ဖြစ်လာတယ် ဒီသတင်းအတွက် ဘောလိဝုဒ်ပါတီတစ်ခုကို သွားရမယ့်အရေးကိုဆုံးရှုံးလိုက်ရတာကြောင့် ဘာမှန်းမသိတဲ့ဒီလူ့ကို နေရင်းထိုင်ရင်းတင်းနေပါလေရော အဲဒီမကျေနပ်ချက်တွေကို သုံးဘီးသမားက ကြားတဲ့အခါကိုယ်မသိတဲ့လူကို သိအောင်လုပ်ဖို့ ဂူးဂဲလ်ကအချက်အလက်တွေနဲ့ မပြည့်စုံနိုင်ကြောင်း၊သူတို့အရပ်ကပြည်သူတွေရဲ့နှလုံးသားထဲမှာ အာနန်ဒီဂေဟာ အမြဲရှိနေတဲ့အကြောင်း၊သိချင်ရင် သူတို့လူတွေကို မေးမြန်းသင့်ကြောင်း ပြောလာပါတယ် လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ဆုံးပါးသွားတဲ့ နိုင်ငံရေးသမားတစ်ယောက်ရဲ့ဘဝဇာတ်လမ်း၊ ပြည်သူတွေက သူကိုဘာလို့ဒီလောက်တန်ဖိုးထားကြလဲဆိုတာကိုဆက်လက်ကြည့်ရှုအားပေးရအောင်ပါ အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Zwe Yan ~ Linn Lunn ~ ToMo ~ Yunni မှ ဖြစ်ပါတယ်...
Dharmaveer 2 (2024) ⭐IMDB: 7.2/10 (10 k Votes) 🎬 #Bollywood #Crime #Drama #Documentary #Biography 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 30 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dharmaveer 2: Mukkam Post Thane (2024)”စံပြ ၂”======================================== အိန္ဒိယနိုင်ငံရေးမှာ လွှမ်းမိုးမှုကြီးခဲ့တဲ့ နိုင်ငံရေးသမားကြီးအာနန်ဒီဂေရဲ့ ဘဝဇာတ်ကြောင်း အပိုင်းနှစ်ကိုစီအမ်ကနေ ပရိသတ်တွေအတွက် ထပ်မံတင်ဆက်ပေးချင်ပါတယ်။ ဓမ္မဝီရလို့ နာမည်ရခဲ့တဲ့ အာနန်ဒီဂေဟာ အိန္ဒိယနိုင်ငံရေးလောကမှာအင်မတန်လေးစားခံရတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီးအိန္ဒိယရဲ့ လက်ရှိ မျက်မှောက်ခေတ်ရွေးကောက်ပွဲတွေအထိသူ့ရဲ့ လွှမ်းမိုးမှုတွေ ကျန်ရှိနေဆဲပါပဲ။ ဒီ ဓမ္မဝီရ အပိုင်းနှစ်မှာလည်း ပထမပိုင်းတုန်းကလိုပဲအာနန်ဒီဂေရဲ့ နိုင်ငံရေးအတွေးအခေါ်တွေ၊ ဘာသာရေးအယူအဆတွေ၊လွှမ်းမိုးမှုကြီးပုံတွေကို ထပ်မြင်ရမှာဖြစ်ပြီး ရုပ်ရှင်တစ်ခုတည်းနဲ့အလုံးစုံအောင်မပြနိုင်ခဲ့တဲ့ ဓမ္မဝီရခေါ် အာနန်ဒီဂေရဲ့ဘဝဇာတ်ကြောင်းကို ဆက်လက်မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Zwe Yan ~ Linn Lunn ~ ToMo ~ Yunni ~ KKKZ တို့ပဲဖြစ်ပါတယ်။)...
A Hard Day (2014) ⭐IMDB: 7.2/10 (17 k Votes) 🎬 #Action #Crime #Mystery #Thriller 🗓 2014 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 51 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Hard Day (2014)*******************ကိုရီးယားရုပ်ရှင်လောကရဲ့ ကြွေလွင့်သွားရတဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့မင်းသားကြီး Lee Sun-Kyun ရဲ့ Crime ,Action ,Thriller ,Policeအမျိုးအစား ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း*************အမေဖြစ်သူရဲ့ ဈာပနကို သွားနေတဲ့လမ်းမှာစုံထောက်ဂိုဂွန်းဆူ(Lee Sun-Kyun)တစ်ယောက်ဘယ်ကပေါ်လာမှန်းမသိတဲ့ လူကို ကားနဲ့တိုက်မိသွားပါတယ်။ တိုက်မိသွားတဲ့လူဟာ လမ်းပေါ်မှာတင် ပွဲချင်းပြီးသေသွားတော့စုံထောက်ဂိုဟာ အရမ်းလန့်သွားပြီးကြံရာမရတဲ့အဆုံး အဲဒီအလောင်းကို ကားနောက်ဖုံးထဲ တင်ခေါ်ခဲ့ရာကနေစုံထောက်ဂိုဂွန်းဆူရဲ့ ခက်ခဲသော နေ့တစ်နေ့(A Hard Day) စတင်ပါတော့တယ်…..။ ဇာတ်လမ်းအစ ၄မိနစ်ကတည်းက တက်လာခဲ့တဲ့ ဇာတ်ရှိန်ကဇာတ်လမ်းပြီးတဲ့အထိကို တစ်ချက်မှ ကျမသွားဘဲမင်းသားကြီးရဲ့ ပီပြင်လှတဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ နစ်မြောခံစားသွားရမဲ့အချိန်ပေးရကျိုးနပ်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်တာကြောင့်CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ (အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်)...
A Good Day to Have an Affair (2007) ⭐TMDB: 56% User Score 🎬 #Adult #Comedy #Drama #Romance 🗓 2007 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 44 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 [18+] A Good Day to Have an Affair (2007) ****************************************** Behind Your Touch တို့ Crash တို့ကားထဲက မင်းသားချော Lee Min Ki, Under the Queen’s Umbrella ထဲက မားမား Kim Hye Soo တို့အပြင် မင်းသားကြီး Lee Jong Hyuk, မင်းသမီး Yoon Jin Seo တို့ အဓိက ပါဝင်ထားတဲ့ အချစ်ဟာသ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ..ဇာတ်လမ်းအညွှန်း ************* Dew နဲ့ Small bird ဆိုတဲ့ မိန်းကလေးနှစ်ယောက်က အိမ်ထောင်ရှိလျက်နဲ့ online မှာတွေ့တဲ့ ယောကျာ်းနှစ်ယောက်နဲ့ ဖောက်ပြန်နေကြတဲ့သူတွေပါ ..တစ်နေ့ သူတို့ဖောက်ပြန်နေတဲ့တွေနဲ့ မိုတယ်တစ်ခုမှာ ချိန်းဒိတ်ကြတုန်း Dew ရဲ့အမျိုးသားသိပြီး ရဲတွေနဲ့အတူ လက်ပူးလက်ကြပ်ဖမ်းမိဖို့ ရောက်လာပါတော့တယ် ..အဲဒီအချိန်ဘေးခန်းမှာရှိနေတဲ့ Small bird ဆိုတဲ့ မိန်းကလေးဟာလည်း အပူမီးတောက်နေပါပြီ… ဘာလို့လဲဆိုရင် ဘေးအခန်းကိုလာဖမ်းတဲ့ရဲက သူ့ရဲ့ယောကျာ်းဖြစ်နေလို့ပါပဲ ..မိန်းကလေးနှစ်ယောက် သူတို့ယောကျာ်းတွေမသိအောင် ဘယ်လိုဖောက်ပြန်ကြမလဲဆိုတာကို comedy ဆန်ဆန်ကြည့်ရမှာပဲဖြစ်ပါတယ်...
Adrenaline (2023) ⭐IMDB: 2.7/10 (396 Votes) 🎬 #Action #Crime 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 15 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Adrenaline (2023) Andrenaline အက်ရှင်ကားကို ဒါရိုက်တာ Massimiliano Cerchi က စီစဥ်ရိုက်ကူးတင်ဆက်ထားပါတယ်။ အလုပ်ကိုပဲ ဇောက်ချလုပ်တတ်တဲ့ FPI အေးဂျင့် ဗစ်တိုးရီးယားဟာ အလုပ်ကြိုးစားလွန်းတာကြောင့် သူ့အထက်လူကြီးက နယ်ဝေးကို အပန်းဖြေဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပို့ခံလိုက်ရပါတယ်။ ဗစ်တိုးရီးယားကတော့ ဒါ သူ့ကို သက်သက်ညစ်လိုက်တာလို့ယူဆနေပါတယ်။ ဒါပေမယ့်ဖြစ်ချင်တော့ အပန်းဖြေခရီးမှာပဲ သူ့အတွက် လုပ်စရာတွေရှိလာပါတော့တယ်။ တဖက်မှာလဲ သူ့မိသားစုဟာ သူ့ကြောင့် ဒုက္ခရောက်ရတာမျိုး ကြုံလာတဲ့အခါ ပြသနာတွေကို သူပြန်ပြီးဖြေရှင်းနိုင်ပါ့မလားဆိုတာကတော့.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။)...
Dinner with Friends (2001) ⭐TMDB: 54% User Score 🎬 #Comedy #Drama #Romance 🗓 2001 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၁၉၉၈ ခုနှစ်က ပြဇာတ်ရေးဆရာ Donald Margulies ရဲ့ ပူလစ်ဇာဆုရပြဇာတ်ကို မှီငြိမ်း ရိုက်ကူးထားတာဖြစ်ပါတယ်။ အိမ်ထောင်သက်တမ်းလည်း ကြာပြီဖြစ်သလို သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာလည်း ကြာပြီဖြစ်တဲ့ အိမ်ထောင်သည်စုံတွဲ (၂) တွဲဖြစ်တဲ့ ဂေ့ဘ် နဲ့ ကယ်ရန်၊ တွမ် နဲ့ဘက် ဟာ ကလေး (၂) ယောက်စီရပြီးချိန်အထိ အစားအသောက်ဝေဖန်ရေးဆောင်းပါးရှင် ဂေ့ဘ် နဲ့ ကယ်ရန် တို့ရဲ့ လက်ရာကို မြည်းစမ်းကြရင်း ဂေ့ဘ်တို့အိမ်မှာ ညစာပါတီကျင်းပကြတဲ့ အလေ့အထကို နှစ်များစွာကြာအောင် ထိန်းသိမ်းခဲ့ပါတယ်။ တစ်ညမှာ ဘက် နဲ့ ကလေး (၂) ယောက်ပဲ ဂေ့ဘ်တို့ရဲ့ ညစာစားပွဲကို ရောက်လာနိုင်ခဲ့ပါတယ်။ တွမ်တစ်ယောက် ဒီစီကို သွားနေရတယ်လို့ ဘက်ကပြောပြီး ညစာကို ထုံးစံအတိုင်း အတူတူစားပြီးတဲ့နောက် ဂေ့ဘ်နဲ့ ကယ်ရန်ကလည်း သူတို့ရဲ့ ခရီးစဉ်အကြောင်းကို ရွှန်းရွှန်းဝေအောင် ပြောနေကြပါတယ်။ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းပြီး စိတ်တူကိုယ်တူပြောဆိုနေကြတဲ့ ဂေ့ဘ် တို့ (၂) ယောက်ကိုကြည့်ပြီး ဘက်က မခံစားနိုင်တော့ဘဲ ရင်ဖွင့်လာခဲ့ပါတော့တယ်။ တွမ်က သူ့ကို ထားခဲ့တော့မှာဖြစ်တဲ့အကြောင်း၊ နန်စီဆိုတဲ့လေယာဉ်မယ်နဲ့ တွေ့နေပြီဆိုတဲ့အကြောင်း သူ့ကို ရင်ဖွင့်ခဲ့တာတွေ၊ သူတို့ ကွာရှင်းတော့မယ်ဆိုတဲ့အကြောင်းတွေကို ပြောရင်းနဲ့ ငိုချလာခဲ့ပါတော့တယ်။ အားရပါးရ ရင်ဖွင့်ခဲ့ပြီးနောက်မှာတော့ ဘက်က ကလေး (၂) ယောက်နဲ့အတူ အိမ်ကို ပြန်လာခဲ့ပါတယ်။ ထိုအချိန်မှာ ဒီစီကို သွားနေပြီဖြစ်တဲ့ တွမ်ကလည်း ရောက်ချလာခဲ့ပြီး လေယာဉ်ခရီးစဉ် ဖျက်သိမ်းလို့ ပြန်လာခဲ့တာဖြစ်ကြောင်း ဘက်ကို ပြောပြကာ ညစာစားပွဲအကြောင်းကို မေးမြန်းခဲ့ပါတယ်။ နည်းမျိုးစုံအစ်အောက် မေးမြန်းပြီးနောက်မှာ တွမ်က ဂေ့ဘ်တို့ကို ရင်ဖွင့်ခဲ့ပြီလားလို့ စွပ်စွဲမေးမြန်းခဲ့ပါတယ် သူတို့ (၂) ယောက်လုံးဆုံမှ ကွာရှင်းမယ့်အကြောင်း ဂေ့ဘ်နဲ့ကယ်ရန်တို့ကို မျက်နှာချင်းဆိုင်ပြောဖို့ သဘောတူထားတာ ဖြစ်တဲ့အကြောင်း တစ်ယောက်တစ်ခွန်း ပြောကြရင်း ရန်ဖြစ်ခဲ့ကြပါတယ်။ လုံးလားထွေးလားအခြေအနေကနေ ပွေ့ဟယ်ဖက်ဟယ် နဲ့ ချစ်ပွဲဝင်ခဲ့ကြပြန်ပါတယ်။ ဂေ့ဘ်နဲ့ ကယ်ရန်တို့ကလည်း ဘက်စကားကိုပဲ မယုံသင့်ကြောင်း၊ တွမ်ရဲ့စကားကိုလည်း နားထောင်သင့်ကြောင်း ဂေ့ဘ်က တစ်ဖက်၊ ကယ်ရန်ကလည်းမိသားစုအပေါ် သစ္စာဖောက်သွားတဲ့ တွမ့်ကို ခွင့်မလွှတ်သင့်ကြောင်း ငြင်းခုန်နေချိန်မှာပဲ တွမ်က ပေါက်ချလာခဲ့ပါတော့တယ်။ ကယ်ရန်က တွမ်ကို မတွေ့ချင်ပေမယ့် ဂေ့ဘ်က မေတ္တာရပ်ခံခဲ့တာကြောင့် ဧည့်ခံစကားပြောခဲ့ပေမယ့် သဘောထားချင်း မတိုက်ဆိုင်ကြဘဲ စိတ်ဆိုးပြီး အိပ်ရာဝင်သွားပါတော့တယ်။ တွမ်က ဂေ့ဘ်တစ်ယောက်တည်းကိုပဲ ဘက်က သူ့ကို မထိတွေ့တော့တဲ့အကြောင်း၊ သူ စမ်းသပ်မှုတစ်ခု လုပ်အပြီးမှာတော့ ဘက်က သူ့ကို တစ်ပတ်တိတိ မထိတွေ့ဘဲနေနိုင်ကြောင်း သိပြီးတဲ့အခါမှာ ကြေကွဲရပုံတွေကို ရှင်းပြရင်း သူနဲ့ စိတ်သဘောထားချင်းတူတဲ့ နန်စီကို တွေ့ခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ အိမ်ထောင်ရေးတစ်ခုမှာ နှစ်ဦးနှစ်ဖက် ဘယ်သူမှားတယ်မှန်တယ်ဆိုတာကို လက်ညှိုးထိုး ငြင်းခုန်နေကြမလား၊ တစ်ယောက်အမှားကို တစ်ယောက်ခွင့်လွှတ်ပြီး ရှေ့ဆက်ကြမလား၊ အိမ်ထောင်ရေးဆိုတာကလည်း အချစ်တွေနဲ့ လက်ထပ်ခဲ့ကြပေမယ့် နှစ်များစွာကြာတော့မှ အပြစ်တွေမြင်လာခဲ့ပြီး ကိုယ်က မနက်ခင်းတိုင်းကို သူစိမ်းတစ်ယောက်ဘေးကနေ နိုးထနေရပါလားဆိုတဲ့ အသိဝင်လာတတ်ကြပါတယ်။ အိုမင်းတဲ့အထိ ပေါင်းသင်းခဲ့ကြတဲ့သူတွေကရော တစ်ယောက်ကိုတစ်ယောက် ဘယ်နှစ်ကြိမ်အထိ ခွင့်လွှတ်ခဲ့ကြပြီးပြီလဲ။ ခွင့်မလွှတ်နိုင်လို့ ကိုယ့်ရဲ့အစစ်အမှန်လက်တွဲဖော်ကို ရှာဖွေတဲ့သူတွေကိုရော အပြစ်ဆိုရမှာလား။ အတွေးပေါင်းများစွာ ပေးနိုင်တဲ့ဇာတ်လမ်းတစ်ပုဒ်လို့ ဆိုရပါလိမ့်မယ်။...
Navy Seals vs. Zombies (2015) ⭐IMDB: 3.3/10 (2 k Votes) 🎬 #Action #Horror 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Zombie ပရိသတ်တွေအတွက် ၂၀၁၅ မှာ ထွက်ထားတဲ့ Zombie အက်ရှင်ဟော်ရာကားကိုတင်ဆက်လိုက်ပါတယ်။ ဇာတ်လမ်းကတော့…CIA က သုတေသနလုပ်နေတဲ့ ဇီဝလက်နက်တစ်မျိုးကြောင့်ဘတန်ရူးဂ် မြို့လေးက လူတွေ ရောဂါကူးစက်ခံရပြီး zombie တွေ ဖြစ်သွားကြပါတယ်အဆိုပါမြို့လေးမှာ ဟောပြောပွဲပြုလုပ်နေတဲ့ ဒုသမ္မတ ပြန်ခေါ်ထုတ်နိုင်ဖို့အတွက် SEAL တပ်ဖွဲ့ဝင်တွေကို ထိုမြို့လေးဆီကို စေလွှတ်လိုက်ပါတယ်နောက်ပိုင်းမှာတော့ လူလုပ် ဗိုင်းရပ်ကြောင့် ဖြစ်တယ်ဆိုတာကို SEAL အဖွဲ့ဝင်တွေ သိသွားတဲ့အချိန်မှာအဲ့ဒီမြို့က CIA ရဲ့ သိပ္ပံပညာရှင်တွေရှိနေတဲ့ အစိုးရဓာတ်ခွဲခန်းလေးဆီကို သူတို့သွားပြီး ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ကြိုးစားကြပါတယ်။ Zombie ဗိုင်းရပ်ဟာ ဒီမြို့ထဲတင်မဟုတ်ဘဲ တခြားမြို့တွေကိုပါ ကူးစက်နိုင်ကြောင်း သိရှိသွားတဲ့အခါမှာတော့…တမြို့လုံးကိုရှင်းထုတ်ရမလား..သူတို့ကိုယ်တိုင်ရော အသက်ရှင်ရက်ပြန်ထွက်နိုင်ကြမလားဆိုတာ...
Family Pack (2024) ⭐IMDB: 5.4/10 (3 k Votes) 🎬 #Adventure #Comedy #Fantasy #Action 🗓 2024 🎞 movie 🌎 #France ⏰ 1 နာရီ 35 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jumanji ရုပ်ရှင်တွေလိုမျိုး လက်တွေ့ကမ္ဘာကနေ ဂိမ်းထဲကို ရောက်သွားမဲ့ ပြင်သစ် Fantasy ရုပ်ရှင်တစ်ကားကိုတင်ဆက် ပေးလိုက်ချင်ပါတယ်။ ဂျာဟုမ်းတို့မိသားစုဟာ အားလပ်ရက်မှာ သူတို့အဖေဆီသွားလည် ကြရင်း မိသားစုဝင်တွေစုံတုန်း Werewolves of Miller’s Hollow ဆိုတဲ့ Board gameကို ဆော့ဖို့လုပ်ကြပါတယ်။ အဲဒီဂိမ်းကတော့ တော်တော်များများသိကြတဲ့ မာဖီးယားဂိမ်းလို imposter ရှာရတဲ့ဂိမ်းပါ။ ကစားသမားတွေမှာ ကိုယ်ပိုင် ကာရိုက်တာတွေရှိကြပြီး မတူညီတဲ့ အစွမ်းတွေရှိပါတယ်။ အဲဒီအစွမ်းတွေကိုအသုံးချပြီး ညဘက် ရောက်တိုင်း ရွာထဲကလူတွေကိုအမဲလိုက်စားသုံးတဲ့ လူယောင်ဆောင် Werewolves တွေရဲ့သရုပ်မှန်ကိုဖော်ထုတ်ရမဲ့ဂိမ်းမျိုးပါ။ ဂျာဟုမ်းတစ်ယောက်ကတော့ ငယ်ငယ်က သူ့အဖေနဲ့ဆော့ခဲ့တဲ့ ဒီ ဘုတ်ဂိမ်းကို ဆော့ဖို့စိတ်အားထက်သန်နေပေမဲ့ ကျန်တဲ့ မိသားစုဝင်တွေကတော့ မဆော့ချင်ကြပါဘူး။ အသက်အရွယ်ကြီးလို့ မှတ်ဉာဏ်ချို့တဲ့နေပြီဖြစ်တဲ့ ဂျာဟုမ်းရဲ့ အဖေကလည်း ဂိမ်းရဲ့စည်းမျဉ်းတွေကို ဘာတစ်ခုမှမမှတ်မိတော့လို့ ကာရိုက်တာကတ်တွေပဲ ဝေပြီး ဆက်မဆော့ဖြစ်ဘဲ ကစားပွဲ ပျက်သွားပါတယ်။ ဂျာဟုမ်းတစ်ယောက် ကတ်တွေကို သိမ်းနေတုန်းမှာ ရုတ်တရက် Board game boxကြီးက လှုပ်ခါလာပြီး ငလျင်တွေလှုပ်လာပါ တော့တယ်။ ငလျင်လှုပ်လို့ မိသားစုဝင်တွေအကုန် မြေအောက်ခန်းထဲ ရောက်သွားပြီး အပြန်အထွက်မှာ 1497 ခုနှစ်ဆီကိုရောက်သွား ကြပါတော့တယ်။ အဲဒီကနေမှသိရလိုက်တာက သူတို့ဟာ ဆော့လက်စ board gameထဲကိုရောက်နေတာဖြစ်ပြီး မီလာဟောလိုးက သမန်း ဝံပုလွေတွေကိုရှာဖွေသတ်ဖြတ်နိုင်မှ ဂိမ်းထဲကထွက်နိုင်မယ်ဆိုတာပါပဲ။ ဒီလိုနဲ့ ဂျာဟုမ်းတို့မိသားစု ကိုယ်စီအစွမ်းတွေနဲ့အတူ အလယ်ခေတ်ကနေ လွတ်မြောက်အောင်ကြိုးစားကြပါတော့တယ်။ Jumanji နဲ့တူမယ်လို့ ထင်ထားခဲ့ပေမဲ့ သူတို့ရောက်သွားတဲ့ timeline ကအလယ်ခေတ်ဖြစ်ပြီး မိသားစုကိုအသားပေးရိုက်ပြထားပုံက ဒီရုပ်ရှင်ကိုထူးခြားစေတာပါ။ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...
The Miranda Brothers (2024) ⭐IMDB: 6.5/10 (80 Votes) 🎬 #Action #Bollywood #Drama #Sport #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 39 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Miranda Brothers 2024 ကြမ္မာ Imdb 6.6 နိုင်ငံကျော်ဘောလုံးသမားဖြစ်လာချင်တဲ့ ဂျူလီယိုနဲ့ ရီဂါလိုအမေနဲ့ပဲကြီးပြင်းလာရပြီး ဘောလုံးကိုဝါသနာပါကြတဲ့ ညီအစ်ကို၂ယောက်ပေါ့ ဒါပေမဲ့အရင်းတွေမဟုတ်ကြပါဘူး ဂျူလီယိုလေးကိုကလမ်းဘေးကကောက်ယူမွေးစားခဲ့ပြီးသားအရင်းလိုပြုစုပျိုးထောင်ပေးခဲ့တာပါ သူတို့ဒေသမှာကဘောလုံးအစား ခရစ်ကတ်က ပိုနာမည်ကြီးပါတယ် ဒီတော့ခရစ်ကတ်ကစားသူတွေက ဘောလုံးဘက်ကသူတို့ကိုအမြဲအထင်သေးတဲ့စကားတွေပဲပြောတတ်ကြပါသေးတယ်တစ်နေ့တော့ သူတို့၂ယောက်ကစားတာကိုဂိုအာရဲ့နာမည်အကြီးဆုံးကစားသမားကတွေ့သွားပြီးသူတို့အဖွဲ့ထဲဝင်ဖို့ကမ်းလှမ်းလာတော့ဒီညီကို၂ယောက်အတွက်တော့ ကောင်းကင်ဆီတက်ဖို့လှေကားဖြစ်လာခဲ့တာပေါ့ ဒါပေမဲ့လည်းဒီလိုအောင်မြင်မှုရဲ့နောက်မှာပေးဆပ်မှုရှိစမြဲမို့သူတို့အောင်မြင်မလား ဘာတွေပေးဆပ်ရမယ်ဆိုတာကိုတော့။။။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Zwe Yan ~ ToMo ~ KKKZ တို့ပဲဖြစ်ပါတယ်)...
Qayamat Se Qayamat Tak (1988) ⭐TMDB: 68% User Score 🎬 #Drama #Musical #Romance 🗓 1988 🎞 movie 🌎 #India ⏰ 2 နာရီ 35 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အငြိုးအတေးဆိုတာ အရမ်းကြောက်ဖို့ ကောင်းတဲ့အရာပါ။ ဇာတ်လမ်းရဲ့ အစမှာ ဒါနက်ပူးရ် ရွာလေးရဲ့ မြေပိုင်ရှင်ကြီးသား မင်္ဂလာပွဲ ပြင်နေတာက စပါတယ်။ ဘယ်သူမှ မသိတာက အဲဒီလူရဲ့ သားနဲ့ တခြား မြေရှင်ကြီးရဲ့ သမီးတို့ ငြိစွန်းပြီး ကိုယ်ဝန်ရှိနေတာပါပဲ။ သူနဲ့ ရတာ မဟုတ်ဘူးလို့ ငြင်းဆိုလိုက်ပြီး အဲဒီ ကောင်မလေးလဲ ကိုယ့်ဟာကိုယ် အဆုံးစီရင်သွားပါတယ်။ ဒါကို မကျေနပ်လို့ အစ်ကိုဖြစ်သူက ညီမအစား လူသတ်မှုကျူးလွန်ခဲ့တဲ့အထိ ဖြစ်ကုန်ကြပါတယ်။ ၁၄နှစ်အကြာမှာ ကြမ္မာရဟတ်က တစ်ပတ်ပြန်လည်လာခဲ့ပြီး အဲဒီ မိသားစု ၂ခုရဲ့ သား နဲ့ သမီးတို့ ချစ်ကြိုက်သွားကြပြန်ပါတယ်။ မိသားစု ၂ခုရဲ့ မပြေနိုင်တဲ့ အငြိုးအတေးတွေကြား သူတို့ရဲ့ အချစ်ခရီးက ဖြောင့်ဖြူးပါ့မလား။ ဇာတ်သိမ်းမှာရော ဘယ်လို ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာ ဖြစ်ပါတယ်...
Mirg (2024) ⭐IMDB: 7.8/10 (13 Votes) 🎬 #Action #Bollywood #Comedy #Drama #Crime 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 23 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mirg ( 2024 )မုဆိုးနဲ့သားကောင် ဒီတစ်ခါ မိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ ၂၀၂၄ ခုနှစ်ထွက်အက်ရှင်ဟာသကားအမျိုးအစားဖြစ်ပါတယ်။ Mirg ဆိုတဲ့ ကျားသစ်ဟာ တွေ့မြင်ရခဲတဲ့ဒဏ္ဍာရီလာကျားသစ်ဖြစ်ပြီး ဟိမချပ်ပြည်နယ်ရဲ့အနိမ့်ပိုင်းဒေသတွေမှာ ကျက်စားလေ့ရှိပါတယ်။ ဇာတ်ကားအကျဉ်းကတော့-ဒီကားထဲမှာတော့ အနဲလို့ခေါ်တဲ့ကောင်လေးတစ်ယောက်ဟာတရားမဝင်အလုပ်တွေခိုင်းတတ်တဲ့ ခေါင်းဆောင်လက်အောက်မှာအမိန့်တွေကို နာခံတတ်သူတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူနဲ့တွဲဖက် ရစ်ထုပ်ကြီးရာဗီနဲ့ကြားမှာအမှတ်မထင် သဘောထားကွဲလွဲမှုလေးတွေဖြစ်ပြီးတဲ့နောက်ဘဝအပေါ်အမြင်တွေလည်း ပြောင်းလဲသွားခဲ့ပါတယ်။ သူက ဘာလို့ ဒီအမိန့်တွေကို မျက်စိမှိတ်နားပိတ်ပြီး လိုက်နာနေရသလဲ?မတရားမှန်းသိပေမယ့်လည်း ဘာကြောင့် ဘယ်သူကမှ မတော်လှန်ရဲကြတာလဲ?အာဏာရှိသူတွေက တကယ်ပဲ ဒဏ္ဍာရီတွေထဲကပြောသလို နည်းနည်းမှသွားထိလို့မရတဲ့သူတွေဟုတ်ရဲ့လား? ဒါမှမဟုတ်သူတို့အပေါ်ကြောက်ရွံမှုတွေပိုများလာစေဖို့ ဝါဒဖြန့်ခြင်းသက်သက်ပဲလား? မုဆိုး(hunter)နဲ့ သားကောင်(hunted)ကြားမှာ စာလုံးလေးတစ်လုံးပဲကွာခြားတယ်။Dထည့်လိုက်တာနဲ့ သားကောင်ဖြစ်ပြီး R ထည့်ရင် မုဆိုးဖြစ်သွားတယ်။ ဒီထက်မပိုသလို ဒီထက်လည်းမနည်းဘူး။ အနဲကိုယ်တိုင်ရောမုဆိုးဖြစ်မလား သားကောင်ဖြစ်မလားဆိုတာ… ( ဘာသာပြန်နဲ့အညွှန်းက CM Bollywood Team မှဖြစ်ပါတယ်...
Possession: Kerasukan (2024) ⭐IMDB: 3.9/10 (108 Votes) 🎬 #Drama #Horror #Thriller 🗓 2024 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 33 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Drama ၊ Thriller အမျိုးအစားဖြစ်တဲ့ အင်ဒိုနီးရှားသရဲကား Possession: Kerasukan. က သရဲကားဆိုတာထက် တကယ်တော့ အဆိပ်အတောက်ဖြစ်စေတဲ့အိမ်ထောင်ရေးပုံစံကို အဓိကမီးမောင်းထိုးရိုက်ကူးပြထားတာဖြစ်ပါတယ်။ ဒီလိုအိမ်ထောင်ရေးပုံစံထဲမှာပိတ်မိနေတဲ့ အမျိုးသမီးတွေရဲ့ အကူအညီတောင်းဆိုသံတွေကိုကိုယ်စားပြုပြီး အိမ်ထောင် ဘက်ချင်းကျူးလွန်တဲ့မုဒိမ်းမှု၊ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ဆက်တိုက်အယုံအကြည်ကင်းမဲ့မှုတွေက ဘာလဲဆိုတာ ပြသထားပါတယ်။ ရေတပ်မှာတာဝန်ထမ်းဆောင်နေရာကနေပြန်လာတဲ့ဖာရစ္စကို အိမ်ရောက်ရောက်ချင်း မိန်းမဖြစ်တဲ့ရတ်နာက ကွာရှင်းဖို့ ပြောလာခဲ့ပါတယ်။ ရုတ်တရက်အံ့အားသင့်သွားတဲ့ ဖာရစ္စ တစ်ယောက် ရတ်နာက တခြားယောကျ်ားတစ်ယောက်နဲ့ ဖောက်ပြန်နေတာလို့တပ်အပ်စွပ်စွဲပြီး လိုက်စုံစမ်းခဲ့ပါတယ်။ ဒါပေမဲ့ သူပိုသိလာရတာကတော့ မိန်းမကဖောက်ပြန်တာထက် ပိုကြောက်စရာကောင်းတဲ့သဘာဝလွန်ကိစ္စတွေရှိနေတယ်ဆိုတာပဲ ဖြစ်ပါတယ်။...
Intruders (2013) ⭐TMDB: 62% User Score 🎬 #Mystery #Thriller 🗓 2013 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 39 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကျူးကျော်သူများ (၂၀၁၃) လက်ဟောင်းကိုရီးယားတို့ ထုံးစံအတိုင်း လျှို့ဝှက်ချက်တွေကို တစ်ခုချင်းစီဖြည်ရင်း၊ပဟေဠိအဖြေညှိရမယ့် Thriller, Mystery ဇာတ်ကား ထပ်မံရောက်ရှိလာပါပြီ။ ဆိုးလ်မြို့သား ဇာတ်ညွှန်းရေးဆရာတစ်ယောက်က တစ်နေ့ စိတ်ပြေလက်ပျောက် အလုပ်လုပ်နိုင်ဖို့အတွက် နယ်ဘက်ကို ခရီးဆက်ခဲ့ပါတယ်။နှင်းထူထူ လူကျဲကျဲ ခေါင်လီလှတဲ့ တောင်ကြားက တည်းခိုဆောင်မှာ တစ်ယောက်တည်း အလုပ်ကို အာရုံစိုက်ဖို့အကြံပါပဲ။ဒီလိုနဲ့ ခရီးလမ်းတစ်လျှောက်မှာ ထောင်ထွက်တစ်ယောက်နဲ့ ဆုံခဲ့ရသလို၊မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေပါ ဝင်ရောက်လာတဲ့အခါ…။ ဇာတ်ညွှန်းရေးဆရာရဲ့ ခရီးစဉ်တစ်လျှောက် ပဟေဠိများစွာနဲ့ ကိုယ်တိုင်ပါ အဖြေညှိနိုင်မှာမို့စိတ်ပြေလက်ပျောက်ကြည့်ဖို့ ရွေးချယ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Su Myatဖြစ်ပါတယ်။...
Glassmates (2024) ⭐IMDB: 9.3/10 (60 Votes) 🎬 #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 5 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Glassmate 2024 သောက်ဖော်သောက်ဖက် “တစ်တန်းတည်းအတူတက်ပြီး ဘွဲ့အတူရတဲ့သူတွေကိုအတန်းဖော်လို့ခေါ်ရင် တစ်ခွက်တစ်ဖလားအတူသောက်တဲ့သူကိုတော့ သောက်ဖော်လို့ခေါ်ရမှာပေါ့” အရက်သမားဖြစ်နေတဲ့ လူနာတွေရဲ့ ကယ်တင်ရှင်လို့သတ်မှတ်ထားကြတဲ့ ဒေါက်တာဖီးလစ်ပြောရရင် ဒေါက်တာဖီးလစ်ဆိုတာ အရက်သမားကြောင့်ဒုက္ခရောက်နေရတဲ့ မိသားစုတိုင်းရဲ့ ကယ်တင်ရှင်ပေါ့လေ ဒါပေမဲ့ သေသောက်ကြူးယမကာလုလင်ညီနောင်နဲ့အတွေ့မှာတော့ဒေါက်တာဖီးလစ်တစ်ယောက် ကိုယ်တိုင်ယမကာလုလင်ဘဝရောက်သွားတဲ့အထိပါပဲ။ ဒီလိုအရက်ဖြတ်ပေးမယ့်ဆရာဝန်ကိုပါ သောက်ဖော်သောက်ဖက်ဖြစ်အောင်လုပ်နိုင်တဲ့အထိအဆွယ်ကောင်းလွန်းတဲ့ညီအစ်ကိုနှစ်ယောက်၊ ဘာလာလာနဲ့အရက်နဲ့ဓာတ်ကြမ်းကုရင်ပြောတယ်ဆိုတဲ့ယမကာရမ်းကုနှစ်ယောက်ရဲ့ဘဝက အလွဲပေါင်းသောင်းခြောက်ထောင်ကိုရှုစားရင်း ရယ်မောခြင်းနဲ့ ဘဝအမောတွေ ဖြေဖျောက်လိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)...
Till the End of the Night (2023) ⭐IMDB: 5.4/10 (251 Votes) 🎬 #Crime #Thriller #Drama 🗓 2023 🎞 movie 🌎 #Germany ⏰ 1 နာရီ 59 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ‘လီနီ’ကတော့ trans woman တစ်ဦးဖြစ်ပြီး သူမက မူးယစ်ဆေးရောင်းဝယ်မှုနဲ့ ထောင်ကျနေတာ ဖြစ်ကာ တစ်ရက်မှာတော့ သူမကို ရဲတွေက ထောင်ကနေ စောလွှတ်ပေးမှာဖြစ်ကြောင်းနဲ့ အွန်လိုင်းကနေတဆင့် မူးယစ်ဆေး ကုန်သွယ်နေတဲ့ ဝက်ဘ်ဆိုဒ် တည်ထောင်သူတစ်ဦးကို ဖမ်းဆီးပေးဖို့အတွက် အသွင်ယူရဲတစ်ဦးနှင့်အတူ ပူးပေါင်း၍ စစ်ဆင်ရေးတစ်ခု လုပ်ပေးစေလိုကြောင်း ဆက်သွယ်လာပါတော့တယ်။ ဝက်ဘ်ဆိုဒ် တည်ထောင်သူက သူမရဲ့ အရင်ဘော့စ် ဖြစ်ပြီး စစ်ဆင်ရေးမှာ သူမ လက်တွဲပြီးလုပ်ကိုင်ရမယ့် အသွင်ယူရဲကတော့ သူမအနေနဲ့ လိင်ပြောင်းဖို့ မစဉ်းစားခင်က ချစ်ခဲ့ရသူ စုံထောက် ‘ရောဘတ်’ပါ။ ‘ရောဘတ်’ဘက်ကကြည့်ပြန်တော့လည်း သူက ဂေးတစ်ယောက်ဖြစ်နေပြီး လိင်ပြောင်းဖို့ ဆုံးဖြတ်ထားသူ ‘လီနီ’ ကို ဘာလုပ်လုပ် အကောင်းကို မမြင်နိုင်ပါဘူး။ ဒီတော့ ဒီစစ်ဆင်ရေးက ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုလိုက်ပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။)...
Swag (2024) ⭐IMDB: 8.1/10 (2 k Votes) 🎬 #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 37 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Swag (2024) “အမွေလုပွဲ” ကျား၊မ တန်းတူညီမျှရေးဆိုတာကို သရော်ထားတဲ့ တလေဂူးရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ အမျိုးသမီးတွေပဲကြီးစိုးနေတဲ့ ခေတ်ကာလတစ်ခု။ အဲဒါကိုဖောက်ဖျက်ပစ်ခဲ့တဲ့ ယောကျ်ားတစ်ယောက်။မျိုးရိုးစဉ်ဆက် သားတွေကိုပဲ အမွေဆက်ခံဖို့စည်းမျဉ်းချထားခဲ့တဲ့ ဆွက်ဂါနီကာမျိုးဆက်။ကာလရှည်လျားလာတာနဲ့အမျှ ဒီမျိုးဆက်က ယောကျ်ားလေးအမွေခံကိုရှာဖို့အတွက်တာဝန်ကအိမ်တော်ထိန်းသားမိနှစ်ယောက်ပဲကျန်ရစ်ခဲ့ပါတယ်။ အိမ်တော်ထိန်းသားဖြစ်သူက အမွေတွေအပေါ်လောဘတက်ပြီး အပိုင်သိမ်းဖို့ကြံပေမဲ့မိခင်ဖြစ်သူကို မလွန်ဆန်နိုင်တာကြောင့် အမွေခံယောကျ်ားလေးကိုရှာမတွေ့စေဖို့ကြိုးစားပေမဲ့လူ့ချဉ်ဖတ် စုံစမ်းရေးမှူးကြီး ဘာဗာဘူသီက အမွေခံဆိုပြီး ရောက်ချလာတဲ့အခါမှာတော့…။တကယ့်အမွေခံကို ရှာတွေ့မှာလား…။ အိမ်တော်ထိန်းသားဖြစ်သူ ဒါမှမဟုတ် ဘာဗာဘူသီကပဲအမွေတွေကိုအပိုင်သိမ်းလိုက်မှာလားဆိုတာ ကြည့်ရှု။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)...
April, Come She Will (2024) ⭐IMDB: 6.3/10 (280 Votes) 🎬 #Drama #Mystery #Romance 🗓 2024 🎞 movie 🌎 #Japan ⏰ 1 နာရီ 48 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 (အညွှန်းနဲ့ဘာသာပြန်ကတော့ Thu Thu ဖြစ်ပါတယ်။)File size…(1.6 GB) / (710 MB)Quality….WED-DL 1080p HEVC / 720pFormat…. mkv/mp4Genre….Drama, Mystery, RomanceDuration….01:48:30Subtitle….Myanmar Subtitle (Hardsub)Encoder….BenjaminTranslated by Thu Thu (အညွှန်းနဲ့ဘာသာပြန်ကတော့ Thu Thu ဖြစ်ပါတယ်။) File size…(1.6 GB) / (710 MB)Quality….WED-DL 1080p HEVC / 720pFormat…. mkv/mp4Genre….Drama, Mystery, RomanceDuration….01:48:30Subtitle….Myanmar Subtitle (Hardsub)Encoder….BenjaminTranslated by Thu Thu April, Come She Will (2024) IMDb Rating (6.3) စိတ်ကျန်းမာရေး ဆရာဝန် Fujishiro ဟာ တိကု ဆရာဝန်မလေး Yayoi နဲ့ စေ့စပ်ထားပါတယ်။ သူတို့ နှစ်ယောက် မင်္ဂလာဆောင်ဖို့အထိ ဆုံးဖြတ် စီစဉ်နေကြချိန်မှာ Fujishiro ရဲ့ ရည်းစားဟောင်း Haru ဆီကနေ စာတစ်စောင်ကို လက်ခံရရှိလာပါတယ်။ Yayoiကို သူမအကြောင်းတွေ သေချာပြောပြလိုက်ပါတယ်။ ဒါနဲ့ Yayoi ရဲ့မွေးနေ့မှာတင် Yayoi ဟာ Fujishiro နဲ့ ဝေးရာကို အသိမပေးဘဲ ထွက်ခွာသွားပါတော့တယ်။ Fujishiro က လိုက်လံရှာဖွေ စုံစမ်းပေမယ့် ရှာမတွေ့ခဲ့ပါဘူး။ Japanese drama တွေရဲ့ ထုံးစံအတိုင်း ခံစားချက် အသားပေးဇာတ်လမ်း ဖြစ်တာကြောင့် ချစ်သူတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းတွေကို ထင်ထင်ရှားရှားပြသထားတာမို့ အေးအေးငြိမ့်ငြိမ့်လေးနဲ့ လိုက်ခံစားလို့ကောင်းမယ့် ရုပ်ရှင်တစ်ကားအဖြစ် ညွှန်းလိုက်ပါတယ်။...
The Red Dress (2024) ⭐TMDB: 0% User Score 🎬 #Horror #Drama 🗓 2024 🎞 movie 🌎 #Japan #Philippines ⏰ 1 နာရီ 5 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Red Dress (2023) Horror-Crime ကြိုက်သူတွေအတွက် ဖိလစ်ပိုင်-ဂျပန်သရုပ်ဆောင်များ တွဲဖက်ရိုက်ကူးထားတဲ့The Red Dress ဇာတ်ကားလေးကိုညွှန်းပေးချင်ပါတယ်။Horror နဲ့ Crime ကို ချိတ်ဆက်ရိုက်ကူးထားတဲ့အတွက် ရင်တထိတ်ထိတ်အရသာကို ခံစားချင်သူတွေ ကြည့်ရှုသင့်ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း ဂျပန်ရောက် ဖိလစ်ပိုင်နိုင်ငံသူ မားမားလျူဟာ စားသောက်ဆိုင်လေးဖွင့်ပြီး ညီမလက်စ်လီနဲ့သမီးလေး ရူနာတို့နဲ့အတူတူ အလုပ်ကြိုးစားနေသူဖြစ်ပါတယ်။ရုတ်တရက် သူကွယ်လွန်သွားချိန်မှာ ညီမဖြစ်သူ လက်စ်လီက အစ်မရဲ့အိပ်မက်ဖြစ်တဲ့ဖိလစ်ပိုင်မှာ သမီးလေးအတွက် စားသောက်ဆိုင်ဖွင့်ပေးဖို့အတွက် ဂျပန်မှာပဲ အလုပ်ဆက်လုပ်ရင်း ငွေစုနေခဲ့ပါတယ်။တစ်နေ့ ဈေးသက်သာပြီးအရမ်းလှတဲ့ အနီရောင်ဝတ်စုံလေးဝတ်မိသွားပြီးနောက်မှာ သူဟာ သရဲတွေကို မြင်လာခဲ့ပါတော့တယ်။အနီရောင်ဝတ်စုံဝတ်ထားမိတဲ့အခိုက်မှာတော့ သူ့ဘဝမှာ မထင်မှတ်ထားတဲ့အရာတွေ ကြုံတွေ့လာရပါတော့တယ်… အညွှန်း နဲ့ ဘာသာပြန်ကတော့Dao Phyoပဲ ဖြစ်ပါတယ်။...
Criminal or Devil (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Thriller #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 42 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Criminal or devil 2024 (ရာဇဝတ်ကောင်လား နတ်ဆိုးလား) ဆစ်ဒူးရယ် သူ့မိဘနှစ်ပါးရယ်ဟာ အိမ်ကြီးတစ်လုံးမှာ အေးအေးချမ်းချမ်းနဲ့ ဘဝကို ဖြတ်သန်းနေကြသူတွေပေါ့။ ဆစ်ဒူးဆိုတဲ့ကောင်လေးဟာ ငယ်ငယ်လေးကတည်းက သရဲကားကို ကြိုက်နှစ်သက်သူဖြစ်ပြီးအသက်ကြီးလာတဲ့အချိန်ထိလည်း သရဲကားပဲ ကြည့်တတ်သူတစ်ယောက်ပေါ့။ တစ်ရက်မှာ ဆစ်ဒူးမိဘတွေက မင်္ဂလာဆောင်ရှိတာကြောင့် အိမ်ကနေ သွားကြတဲ့အချိန်ဆစ်ဒူးတစ်ယောက်တည်း အိမ်မှာ ကျန်ခဲ့တာပေါ့။ အဲဒီအချိန်မှာပဲ ဆစ်ဒူဟာသူ့အိမ်ထဲမှာ ထူးခြားမှုတွေကို ကြုံတွေ့လာရပြီးတော့ သူ့အိမ်မှာ မကောင်းတာတစ်ခုခုတော့ရှိနေပြီဆိုပြီး စမ်းသပ်မှုတွေ လုပ်ပါတော့တယ်။ ဒီလိုမသင်္ကာမှုတွေနဲ့ စမ်းသပ်နေတုန်းမှာ အိမ်အစေခံကသူတို့ဘေးအိမ်ကို အိမ်နီးချင်းကောင်မလေးအသစ်ပြောင်းလာမယ်လို့ ပြောသွားပါသေးတယ်။ အဲဒီအချိန်မှာပဲ သူတို့နေတဲ့နေရာလေးမှာ လူသတ်မှုတွေဖြစ်ပွားနေပြီးတော့အင်စပက်တာကလည်း ဒီအမှုရဲ့ တရားခံဟာ အောက်လမ်းပညာကိုတက်မြောက်တဲ့မိန်းကလေးတစ်ဦးဖြစ်မယ်လို့ ကောက်ချက်ချထားပါတယ်။ သူတို့အိမ်နားကိုပြောင်းလာတဲ့ကောင်မလေးကတော့ ရက်ရှာလို့ခေါ်ပြီးတော့ဆစ်ဒူးနဲ့ မထင်မှတ်ထားတဲ့တွေ့ဆုံမှုမျိုးနဲ့ တွေ့ဆုံခဲ့ကြပါတယ်။သူတို့အိမ်နားကို ပြောင်းလာတဲ့ ရက်ရှာဆိုတဲ့ကောင်မလေးကသာမာန်ကောင်မလေးတစ်ယောက်ရော ဟုတ်ရဲ့လား …….ဆစ်ဒူးနဲ့ ရက်ရှာတို့ကရော ဘာတွေဆက်ဖြစ်ကြဦးမလဲ …..ဖြစ်ပွားနေတဲ့ လူသတ်မှုတွေနဲ့ကရော ရက်ရှာဆိုတဲ့ကောင်မလေးနဲ့ သက်ဆိုင်နေမှာလား …..စတာတွေကို ကြည့်ရှုရမယ့် ပဟေဠိဆန်ဆန် Thrillerကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~V~Yunni တို့ပဲ ဖြစ်ပါတယ်)...
