es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Moon Garden (2022) ⭐IMDB: 6.2/10 (350 Votes) 🎬 #Drama #Fantasy #Horror 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Moon Garden (2022) ~ IMDb – 6.2/10, Rotten Tomatoes – 86% ~ ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ ဆုတွေအများကြီးရထားပြီး ၅နှစ်အရွယ်ကလေးမလေးရဲ့ အံ့ဩစရာ သရုပ်ဆောင်ကောင်းပုံကို ချီးကျူးရမယ့် Fantasy ကားကောင်းဖြစ်ပါတယ်။ အမ်မာဆိုတဲ့ ကလေးမလေး ကိုမာဖြစ်နေတုန်း အိပ်မက်ဆိုးလိုနေရာထဲမှာ အပြန်လမ်းရှာဖွေတဲ့ခရီးစဉ်အနေနဲ့ ပုံဖော်ထားတာပါ။ အမ်မာရဲ့ဖခင်က အမြဲအလုပ်များနေပြီး မိခင်နဲ့ဖခင် တစ်ချိန်လုံးအချေအတင်ဖြစ်တာကို ကြုံတွေ့နေရသူလေး အမ်မာဟာ တစ်ညတော့ သူ့အဖေနဲ့အမေ အကြီးအကျယ်ရန်ဖြစ်စကားများတာကို တွေ့သွားပြီး လှေကားပေါ်က ပြေးဆင်းရာကနေ ချော်ကျပြီး ကိုမာ၀င်သွားပါတယ်။ ကိုမာ၀င်နေတုန်း Wonderland လို ထူးထူးဆန်းဆန်းနေရာမှာ ကြောက်စရာသတ္တဝါတွေလိုမျိုးတွေ့ရပြီး ရေဒီယိုကလာတဲ့သူ့အမေရဲ့ အသံကနေတစ်ဆင့် အိမ်အပြန်လမ်းကို ရှာဖွေရပါတော့တယ်။ မိဘတွေမသင့်မြတ်တဲ့ကြား နေရတဲ့ကလေးရဲ့ စိတ်ဒဏ်ရာတွေ ကြောက်ရွံ့မှုတွေကို အမ်မာရဲ့စိတ်ကူးပုံဖော်မှုအတိုင်း စီးမျောခံစားရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...

Mangkujiwo 2 (2023) ⭐IMDB: 7.1/10 (82 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #Indonesia ⏰ 2 နာရီ 1 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mangkujiwo 2 (2023) (မှန်သရဲ)IMDb 7.4/10 မျှော်လင့်စောင့်စားနေခဲ့တဲ့ မှန်သရဲကတော့ ၂အနေနဲ့ ထွက်ရှိလို့လာခဲ့ပါပြီအရင်က ၁ ကို ပြန်လည်အစဖော်ပေးရမယ်ဆိုရင် စုန်းမအဖြစ် သမုတ်ပြီးလူတောမတိုးအောင်အခန်းထဲပိတ်ခံရပြီး နတ်ဆိုးသားကောင်ဖြစ်ခဲ့ရတဲ့ ကွန်တီနဲ့ အမေ့အတွက်လက်စားချေခဲ့တဲ့ သူ့သမီးလေးအူမာ..အူမာရဲ့သဘာဝလွန်စွမ်းအားကတော့ ဒေါသထွက်ပြီဆိုတာနဲ့ လူစိတ်ပျောက်ပြီး ခွန်အားတွေအဆမတန်ကြီးထွားလာတာပါပဲဒါကို သူ့အမေက ဝင်ကူညီပေးတယ်လို့မှတ်ယူထားသူပေါ့ ပထမပိုင်းမှာ ပြီးဆုံးသွားတဲ့ နတ်ဆိုးရိုးရာတွေကို ဒုတိယပိုင်းမှာ ဘယ်သူတွေက ထပ်မံပြီးလှုပ်နှိုးအသက်သွင်းကြမလဲဒီမှာ ထပ်မံပေါ်ပေါက်လာမဲ့ လူစွမ်းကောင်းကတော့ ရင်ဘာ ..၆နှစ်တစ်ခါပူဇော်လေ့ရှိတဲ့ယဇ်ပူဇော်ပွဲထဲ အဖေဖြစ်သူပါ ပါဝင်ခဲ့ရလို့ကလဲ့စားချေဖို့အတွက် လိုက်လံရှာဖွေရင်း အူမာနဲ့တွေ့ဆုံဖို့ အကြောင်းဖန်လာတယ် ဝိညာဉ်တွေကိုမြင်ရတဲ့အူမာနဲ့ ခေတ်ပညာတတ် သိပ္ပံဆန်ဆန်တွေးတတ်တဲ့ ရင်ဘာတို့၂ယောက် ဘယ်လိုပူးပေါင်းသွားကြမလဲအူမာ့ဘဝရဲ့ဇာတ်လမ်းမှန်ကို စုံစမ်းရင်းသိလာရတဲ့ အမှန်တရားတွေနဲ့သူတို့ထိန်းသိမ်းရမဲ့ ပရလောကနဲ့ မျက်မှောက်ခေတ်ကိုဆက်စပ်နေတဲ့ ဒီမန်ကူဂျီဝိုမှန်ကြီးကို သူတို့ကာကွယ်နိုင်ပါ့မလားအဖေ့အတွက်လက်စားချေမှုကိုရော အောင်မြင်နိုင်ပါ့မလားဆိုတာတော့ ဇာတ်ကားထဲမှာ ဆက်လက်ရှုစားကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့Yunniပဲဖြစ်ပါတယ်...

Kill the Drug Lords (2023) ⭐TMDB: 90.0% User Score 🎬 #Action #Crime 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 33 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မူးယစ်ဆေးဝါးရောင်းဝယ်အသုံးပြုနေတဲ့ ဂိုဏ်းကြီးတစ်ခုရဲ့ခေါင်းဆောင်ဖြစ်တဲ့ချင်းရုံနဲ့ ချင်းဟန့်ညီအကိုနှစ်ယောက်ဟာ အမှုအခင်းတွေကိုဖန်တီးပြီးတော့လုပ်ကြံသတ်ဖြတ်နေကြတဲ့သူတွေပါ ညီဖြစ်သူချင်းရုံ ဖန်တီးခဲ့တဲ့ အိမ်ခြံမြေပွဲစားရဲ့ယာဉ်တိုက်မှုနဲ့ချင်းချန်ဆိုတဲ့လူတစ်ယောက်သေနတ်နဲ့ကိုယ်ဟာကိုယ်အဆုံးစီရင်သွားခဲ့တဲ့အမှုအခင်းနှစ်ခုကို ရဲတပ်ဖွဲ့မှသံသယရှိနေပြီး အမှန်တရားကိုဖော်ထုတ်ဖို့ကြိုးစားနေကြတယ်။ အကိုဖြစ်သူချင်းဟန့်ရဲ့ လောကရဲ့ထိပ်ဆုံးကိုရောက်ချင်တဲ့လောဘနဲ့ညီဖြစ်သူနဲ့ဘယ်လိုတွေ လက်တွဲပြီးတော့ အကောင်အထည်ဖော်ကြမယ်ဆိုတာနဲ့ရဲမှုခင်းတပ်ဖွဲ့ကလဲ သူတို့ညီအကိုနှစ်ဦးရဲ့ ရာဇဝတ်မှုတွေကိုဘယ်လိုဖော်ထုတ်ကြမလဲဆိုတာကိုစိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်...

Big Momma's House 2 (2006) ⭐TMDB: 57.0% User Score 🎬 #Action #Comedy #Crime 🗓 2006 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Big Momma’s House 2 (2006)====================== ရှေ့ကတင်ဆက်ခဲ့တဲ့ Big Momma’s House 1 (2000)ရဲ့ FBIအေးဂျင့်မယ်လ်ကွန်တစ်ယောက် ယခုဒုတိယမြောက်ဇာတ်ကားမှာ သားနဲ့မယားနဲ့အပြင် လူ့လောကရောက်လာတော့မဲ့ ပေါက်စနတစ်ကောင်နဲ့ ပျော်စရာမိသားစုလေးကိုပိုင်ဆိုင်နေပါပြီ။ ဒါပေမဲ့ သူ့မိန်းမရှယ်ရီက နောင်ရေးကိုတွေးပြီးယောက်ျားဖြစ်သူကို ရဲအလုပ်ကနေ တခြားအလုပ်ပြောင်းလုပ်ခိုင်းနေပါတယ်။ အဲဒီအချိန်မှာပဲ မယ်လ်ကွန့်ရဲ့ပထမဆုံးပါတနာအေးဂျင့်ဟာ အသွင်ယူစုံစမ်းရာကနေ သရုပ်မှန်ပေါပြီး လက်စဖျောက်ခံလိုက်ရပါတယ်။ မယ်လ်ကွန်ဟာအဲဒီအမှုကို သူပဲဆက်ပြီးတာဝန်ယူချင်ပေမဲ့ အထက်လူကြီးကတော့ တခြားအလုပ်ပါတွဲလုပ်နေရပြီး၊ မကြာခင်ကလေးအဖေဖြစ်တော့မဲ့ မယ်လ်ကွန့်ကိုအန္တရာယ်များမှာစိုးလို့ ကွင်းဆင်းအေးဂျင့်အဖြစ်ကနေ ရပ်စဲပစ်လိုက်ပါတယ်။ဒါပေမဲ့ အေးဂျင့်ပိုးမသေသေးတဲ့ မယ်လ်ကွန်ကတော့ အားလုံးကိုတစ်ပတ်ရိုက်ပြီး အဲဒီအမှုထဲပါဝင်ပတ်သက်နေတဲ့ နည်းပညာကုမ္ပဏီအကြီးအကဲတွမ်ဖူလာရဲ့အိမ်မှာ ကလေးထိန်းအဖြစ် သူ့သဘောနဲ့သူ အလုပ်သွားလျှောက်လိုက်ပါရော။ ဒါပေါ့ဗျာ။ ရှေ့ကားထဲကအတိုင်း မိန်းမဝဝဝတ်စုံကြီးကို နောက်တစ်ခါထပ်ဝတ်ပြီးမယ်လ်ကွန်တစ်ယောက် မေမေကြီးဇာတ်ကို တဖန်ပြန်က ပါတော့တယ်။ ဒီတစ်ခါမှာလည်း မေမေကြီးရဲ့ပြောင်မြောက်လှတဲ့ အမှုလိုက်ပုံတွေကို ကြည့်ရှုခံစားလိုက်ပါဦးလို့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)...

Karmalink (2021) ⭐IMDB: 6.1/10 (202 Votes) 🎬 #Drama #SciFi #ScienceFiction #Adventure 🗓 2021 🎞 movie 🌎 #Cambodia #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Karmalink (2022) Sci-Fi, Mystery အမျိုးအစား ကမ္ဘောဒီးယားဇာတ်ကားတစ်ကားကို တင်ဆက်ပေးပါ့မယ်။အတိတ်ဘဝကို အိပ်မက်တွေကနေ ပြန်မှတ်မိနေတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ အရင်ဘဝက ရတနာတစ်ခုကို တစ်နေရာမှာ မြှုပ်ထားခဲ့တယ်ဆိုပြီး ခဏခဏအိပ်မက်မက်နေတဲ့သူပါ။တစ်နေ့ သူတို့ရပ်ကွက်နေရာမှာ ကျည်ဆံရထားလမ်း ဆောက်လုပ်မှာကြောင့် အိမ်ရာတွေရွှေ့ပေးဖို့ ဖိအားပေးခံလာရတဲ့အပြင်မိသားစုကလည်း စီးပွားရေးအဆင်မပြေတဲ့အခါမှာတော့ သူ့အိပ်မက်ထဲက ရတနာကို သူငယ်ချင်းတွေနဲ့အတူတူလိုက်ရှာဖို့ ကြိုးစားပါတော့တယ်။ သူ့အတိတ်ဘဝက တကယ်ရှိခဲ့တာလား၊သူ့အိပ်မက်ထဲကအတိုင်း အဲဒီရတနာကို တကယ်ရှာတွေ့ပါ့မလားဆိုတာကိုဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုကြရအောင်ပါ။ အညွန်းနဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။...

Big Momma's House (2000) ⭐TMDB: 58.0% User Score 🎬 #Action #Comedy #Crime 🗓 2000 🎞 movie 🌎 #Germany #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Big Momma’s House (2000)===================== စုံထောက်မင်းသားက မိန်းမဝဝ ဝတ်စုံကြီးဝတ်ပြီး အမှုလိုက်တဲ့ကားလို့ကျွန်တော်တို့ငယ်ငယ်က သိခဲ့တဲ့ Big Momma’s House ကို CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Big Momma’s House(1,2,3)ဆိုပြီး 3ကားရှိတဲ့ထဲက ဒါကတော့ (2000)ခုနှစ်မှာ ထွက်ခဲ့တဲ့ ပထမဆုံးကားဖြစ်ပါတယ်။ ကျွန်တော်ငယ်ငယ်ကလည်း အရမ်းကြိုက်ခဲ့ရတဲ့ငယ်ဘဝအမှတ်တရကားဖြစ်ပြီး ဒီကားက ကျွန်တော့်ထက် ၅နှစ်တောင်ကြီးပါသေးတယ်။ ဇာတ်လမ်းအညွှန်းကတော့ FBIရဲဝန်ထမ်း မယ်လ်ကွန်ဟာ ထောင်ဖောက်ပြေးတဲ့အကျဉ်းသားကို ပြန်လိုက်ဖမ်းတဲ့မစ်ရှင်မှာ ထောင်ဖောက်အကျဥ်းသားရဲ့ ရည်းစားဟောင်းကောင်မလေးရှယ်ရီပီးယားစ်ရဲ့ ကွဲကွာနေတဲ့အဘွားဖြစ်သူ (Big Momma-မေမေကြီး)ရဲ့အိမ်ကို စောင့်ကြည့်ရတဲ့တာဝန်ကိုယူရပါတယ်။ တစ်နေ့ မေမေကြီးမရှိခိုက် ရှယ်ရီက အိမ်ကိုပြန်လာမယ်ဆိုတဲ့သတင်းကြောင့် မယ်လ်ကွန်က မိန်းမဝဝ ဝတ်စုံကြီးဝတ်ပြီး မေမေကြီးနေရာဝင်နေလိုက်ပါတယ်။ အဲဒီနောက် အလွဲပေါင်းစုံနဲ့ မယ်လ်ကွန့်မစ်ရှင်ကြီးစတင်တော့တာပေါ့ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)...

In My Mother's Skin (2023) ⭐IMDB: 5.4/10 (352 Votes) 🎬 #Action #Fantasy #Horror #War #Thriller 🗓 2023 🎞 movie 🌎 #Philippines #Singapore #Taiwan ⏰ 1 နာရီ 38 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 In My Mother’s Skin (2023) ရယူခြင်းကိုသာမြင်ပြီး ပေးဆပ်ရမယ့်တန်ကြေးကိုမမြင်ရခြင်းရဲ့နောက်ကွယ်မှာ နတ်ဆိုးနဲ့အပေးအယူလုပ်သူတွေ တော်တော်များများဟာ အကျိုးထက်အဆိုးနဲ့ကြုံရတာများပါတယ်။တချို့ကလည်း ဒီနတ်ဆိုးနဲ့အပေးအယူလုပ်တယ်ဆိုတာကို ဒဏ္ဍာရီစကားသက်သက်လို့ပဲမှတ်ယူကြပါတယ်။ အခုဒီကားလေးကတော့ နတ်ဆိုးနဲ့အပေးအယူလုပ်မိတဲ့ ကောင်မ‌လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ဒါတွေတကယ်ရှိမရှိဆိုတာကိုတော့ ကိုယ့်အယူအဆနဲ့ကိုယ် လိုရာဆွဲတွေးနိုင်ပါကြောင်း… ဒုတိယကမ္ဘာစစ်အပြီးမှာ ဖိလစ်ပိုင်နိုင်ငံလည်း ဂျပန်စစ်မီးကြောင့် တော်တော်လေးအထုအထောင်းခံလိုက်ရပါတယ်။အယ်လ်ဒိုတို့ကလည်း ချမ်းသာတဲ့မိသားစုဖြစ်ခဲ့ပေမဲ့ စစ်ဒဏ်နဲ့နင်းပြားဖြစ်ပြီးတော့ အခြေအနေမဟန်လှပါဘူး။ဒါ့အပြင် အယ်လ်ဒိုတစ်ယောက်က ပဋိပက္ခတွေကြားမှာ စစ်ထွက်ရဖို့ ဖြစ်လာပြီး အယ်လ်ဒိုကို ရွှေတွေခိုးပါတယ်စွပ်စွဲသူကတစ်ဖက်၊ဖက်ဆစ်ဂျပန်ကောင်တွေရဲ့ အကုန်သုတ်သင်ရှင်းလင်းရေးကတစ်ဖက်နဲ့ ပြဿနာစုံကြားမှာ မိန်းမနဲ့သမီးကိုထားရစ်ခဲ့ပါတော့တယ်။စစ်မီးဒဏ်ကြောင့် စားစရာမရှိရတဲ့ကြားထဲ အမေဖြစ်သူကပါရောဂါသည်းလာလေတော့သမီးကြီးဖြစ်သူတာရာတစ်ယောက် အမေက တောထဲမသွားဖို့ အတန်တန်တားထားတဲ့ကြားထဲကမှ တောထဲသွားရင်း နတ်သမီးတစ်ပါးနဲ့ တွေ့လာတဲ့အခါ… တောကြီးမျက်မည်းထဲမှာ ကလေးပီပီ မဲမဲမြင်ရာ နတ်သမီးလို့ဇွတ်ထင်ပစ်လိုက်ပြီးသူ့ရဲ့အကူအညီကို လက်ခံလိုက်ချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ပါစို့လား။ အညွန်းနဲ့ ဘာသာပြန်ကတော့Mary Christပဲ ဖြစ်ပါတယ်။...

Ghost Rookie (2023) ⭐TMDB: 0.0% User Score 🎬 #Comedy #Romance 🗓 2023 🎞 movie 🌎 #Thailand ⏰ 1 နာရီ 52 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ghost Rookie (2023) ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ”Ghost Rookie ”ဆိုတဲ့ 2023 ထွက်သရဲကားလေးပါသူကသရဲကားဆိုပေမယ့်ရုပ်ဆိုးဆိုးသရဲမဟုတ်ပဲ သရဲအလှလေးနဲ့ သရဲအဆင်လေးတွေပါနော်ဝင်း ဆိုတဲ့ ကောင်လေးက မွေးတည်းက ကံဆိုးမှုနဲ့မွေးလာလို့ ဘဝတစ်လျှောက်လုံးအဆင်မပြေဖြစ်နေတဲ့ကောင်လေးပါတစ်နေ့မှာသူကထုံးစံအတိုင်းအပြင်ထွက်ပြီး အလုပ်လုပ်ရင်းကံဆိုးပြီးမတော်တဆသေ သွားတဲ့အခါတမလွန်ဘဝမှာ သူ အသက်ရှိစဥ်တုန်းက မိဘနှစ်ပါးအပေါ် တာဝန်မကျေခဲ့ရတဲ့အတွက် ထီပေါက်အောင်လုပ်ပေးဖို့ကြိုးစားပါတော့တယ်ဝင်းတစ်ယောက်မိဘတွေကိုထီပေါက်အောင်လုပ်ပေးပြီး နောက်ဘဝမှာစိတ်ချလက်ချနဲ့ပြန်ပြီးဝင်စားနိုင်ပါ့မလားဆိုတာကြည့်လိုက်ရအောင်နော် အညွန်းနဲ့ ဘာသာပြန်ကတော့Thae Thaeပဲ ဖြစ်ပါတယ်။...

Cats Don't Dance (1997) ⭐TMDB: 72.0% User Score 🎬 #Animation #Comedy #Family #Fantasy #Musical #Music 🗓 1997 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 16 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Cats Don’t Dance (1997)==================IMDb Rating – 6.9/10 တစ်ခါတုန်းက ဒန်နီဆိုတဲ့လယ်လုပ်သားကြောင်လေးတစ်ကောင်သီဆိုကပြဖျော်ဖြေချင်လို့ သူ့ရဲ့တောရွာလေးကနေ ဟောလိဝုဒ်မြို့ကိုတက်လာခဲ့တယ်။ အဲဒီမြို့မှာ ဒါလာဒင်ပယ်လ်ဆိုတဲ့ ကလေးမလေးကနာမည်ကြီး ဟောလိဝုဒ်ကြယ်ပွင့်ပေါ့။ ဒါပေမဲ့ ဒန်နီမသိခဲ့တာက အဲဒီဟောလိဝုဒ်မှာ လူတွေကသာနေရာရပြီးတိရိစ္ဆာန်တွေက သီဆိုကပြဖို့အရွေးမခံရတာပါပဲ။ သူထင်ထားတဲ့ အိပ်မက်အတိုင်း လက်တွေ့ဖြစ်မလာတဲ့ ကြောင်လေးက သူ့အိပ်မက်ကိုလက်မလျှော့ဘဲ ဘယ်လိုရအောင် ဆက်ကြိုးစားမလဲဆိုတာကိုတော့ဒီကာတွန်းဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)...

Boogeyman 2 (2007) ⭐TMDB: 55.0% User Score 🎬 #Drama #Horror #Thriller 🗓 2007 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Boogeyman 2 (2007)================ 11နှစ်သား ဟင်နရီနဲ့ 8နှစ်သမီး လော်ရာတို့ မောင်နှမနှစ်ယောက် တစ်ညမှာသူတို့မိဘတွေ ရက်ရက်စက်စက်အသတ်ခံလိုက်ရတာကိုမျက်မြင်ကြုံတွေ့ခဲ့ရတယ်။ ရဲတွေက တရားခံကို တစ်ခါမှမဖမ်းမိခဲ့ဘူး။ ဟင်နရီနဲ့လော်ရာကသူတို့မိဘတွေကိုသတ်တဲ့တရားခံက ဘိုဂီမန်းလို့ခေါ်တဲ့ သရဲတစ္ဆေလို့ ယုံကြည်စွဲလမ်းပြီး စိတ်ရောဂါရသွားကြတယ်။ ငယ်ငယ်ကတည်းက ဘိုဂီမန်းကိုကြောက်တဲ့ ဟင်နရီကတော့ သူ့ကြောက်ရွံ့မှုကပိုဆိုးလို့ စိတ်ကျန်းမာရေးဆေးခန်းမှာ နေပြီးကုသလိုက်ရတယ်။ လော်ရာ 18နှစ်ပြည့်တော့ ရောဂါပျောက်ကင်းပြီး အများကြီးသက်သာသွားပုံရတဲ့ အစ်ကိုဖြစ်သူ ဟင်နရီက အလုပ်အင်တာဗျူးအတွက် ဆန်ဖရန်စ္စကိုကိုသွားမယ်ဖြစ်ကြောင်းပြောပြီး သူ့ညီမကို သူနေတဲ့ စိတ်ကျန်းမာရေးဆေးခန်းမှာဒေါက်တာရိုင်နဲ့ ကျန်တဲ့phobiaစိတ်ရောဂါသည်သူငယ်ချင်းတွေနဲ့ နှစ်ရက်အပ်ထားခဲ့ပါတယ်။ ပထမနေ့ညမှာပဲ လော်ရာတို့အဖွဲ့ထဲကတစ်ယောက် ကိုယ်တစ်ပိုင်းပြတ် သေသွားတယ်။ နောက်နေ့ညမှာ ကျန်တဲ့လူနာသူငယ်ချင်းတစ်ယောက်ထပ်သေပြီး ဆေးခန်းကကျန်တဲ့လူတွေအကုန် အဆောက်အအုံမှာ ပိတ်မိသွားကြတယ်။ တစ်ညတာပိတ်မိသွားပေမဲ့ အဲဒီဆေးရုံထဲပိတ်မိသွားတဲ့ညအတွင်းဘယ်လောက်စိတ်ခြောက်ခြားစရာကိစ္စတွေနဲ့ ကြုံရမလဲဆိုတာတော့ ဒီဇာတ်လမ်းမှာ စိတ်လှုပ်ရှားခြောက်ခြားဖွယ် ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)...

Boogeyman (2005) ⭐TMDB: 50.0% User Score 🎬 #Drama #Horror #Mystery #Thriller 🗓 2005 🎞 movie 🌎 #UnitedStates #NewZealand #Germany #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Boogeyman (2005)============== “အဲဒါကိုပြောစမှတ်တွင်တဲ့ဇာတ်လမ်းတစ်ခုလို့ ထင်ထားပေမဲ့ မဟုတ်ခဲ့ဘူး”ဒီတစ်ခေါက် ပရိတ်သက်ကြီးအတွက် Boogey man ဆိုတဲ့ Horror/ Mysteryဆန်ဆန် ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့…တင်က သူ့အဖေရဲ့ပုံပြင်တွေကြောင့် ဗီရိုတွေကိုအရမ်းကြောက်တတ်တဲ့သူပါ။အဲဒီဗီရိုတွေထဲကနေ Boogey man ကြီး ထွက်လာပြီးတော့ သူ့ကိုခေါ်သွားတော့မယ်လို့ကို ယုံကြည်ပြီး ကြောက်ရွံ့တဲ့အထိပါပဲ။ တစ်နေ့မှာတော့ သူ့အဖေကိုBoogey man ကခေါ်သွားတာကို သူ့မျက်စိရှေ့မှာတွေ့လိုက်ရပါတယ်။ သူက ၈နှစ်သာရှိသေးတာကြောင့် အားလုံးက သူ့အဖေကို အိမ်ကနေထွက်သွားတာကလေးကစိတ်ဒဏ်ရာမရချင်လို့ လုပ်ဇာတ်ဖန်တီးပြီးပြောတာလို့ထင်ခဲ့ကြတာပေါ့။ တင် ကိုယ်တိုင်ကလည်း Boogey man က လက်တွေ့တကယ်ရှိနေခဲ့တယ်ဆိုတာကို မယုံကြည်ချင်ခဲ့ပါဘူး။ ၁၅ နှစ်ကြာပြီး တင်ရဲ့အမေအသုဘပွဲနေ့မှာ တင်တစ်ယောက် Boogey man ကိုစတွေ့ခဲ့တဲ့ အိမ်ကိုပြန်သွားဖို့ဖြစ်လာတဲ့အခါမှာတော့သူကြောက်ရွံ့နေတဲ့ Boogey man က အပြင်မှာတကယ်ရှိနေတာလား၊ သူ့ရဲ့စိတ်ကထင်ယောင်ထင်မှားဖြစ်ပြီး ဆွဲတွေးနေတာလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာစိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့June ဖြစ်ပါတယ်)...

Boogeyman (2005) ⭐TMDB: 50.0% User Score 🎬 #Drama #Horror #Mystery #Thriller 🗓 2005 🎞 movie 🌎 #UnitedStates #NewZealand #Germany #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Boogeyman (2005)============== “အဲဒါကိုပြောစမှတ်တွင်တဲ့ဇာတ်လမ်းတစ်ခုလို့ ထင်ထားပေမဲ့ မဟုတ်ခဲ့ဘူး”ဒီတစ်ခေါက် ပရိတ်သက်ကြီးအတွက် Boogey man ဆိုတဲ့ Horror/ Mysteryဆန်ဆန် ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့…တင်က သူ့အဖေရဲ့ပုံပြင်တွေကြောင့် ဗီရိုတွေကိုအရမ်းကြောက်တတ်တဲ့သူပါ။အဲဒီဗီရိုတွေထဲကနေ Boogey man ကြီး ထွက်လာပြီးတော့ သူ့ကိုခေါ်သွားတော့မယ်လို့ကို ယုံကြည်ပြီး ကြောက်ရွံ့တဲ့အထိပါပဲ။ တစ်နေ့မှာတော့ သူ့အဖေကိုBoogey man ကခေါ်သွားတာကို သူ့မျက်စိရှေ့မှာတွေ့လိုက်ရပါတယ်။ သူက ၈နှစ်သာရှိသေးတာကြောင့် အားလုံးက သူ့အဖေကို အိမ်ကနေထွက်သွားတာကလေးကစိတ်ဒဏ်ရာမရချင်လို့ လုပ်ဇာတ်ဖန်တီးပြီးပြောတာလို့ထင်ခဲ့ကြတာပေါ့။ တင် ကိုယ်တိုင်ကလည်း Boogey man က လက်တွေ့တကယ်ရှိနေခဲ့တယ်ဆိုတာကို မယုံကြည်ချင်ခဲ့ပါဘူး။ ၁၅ နှစ်ကြာပြီး တင်ရဲ့အမေအသုဘပွဲနေ့မှာ တင်တစ်ယောက် Boogey man ကိုစတွေ့ခဲ့တဲ့ အိမ်ကိုပြန်သွားဖို့ဖြစ်လာတဲ့အခါမှာတော့သူကြောက်ရွံ့နေတဲ့ Boogey man က အပြင်မှာတကယ်ရှိနေတာလား၊ သူ့ရဲ့စိတ်ကထင်ယောင်ထင်မှားဖြစ်ပြီး ဆွဲတွေးနေတာလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာစိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့June ဖြစ်ပါတယ်)...

Month of Madhu (2023) ⭐IMDB: 7.0/10 (112 Votes) 🎬 #Bollywood #Drama #Romance 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 18 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Month Of Madhu (မာဒူတို့ရဲ့ ဘဝ)IMDb – 8.3/10 အခုတစ်ခါမှာတော့ ဒရာမာကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက်မတူညီတဲ့ အခြေ‌‌အနေမှာ ရှိနေတဲ့ မာဒူနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးကို မိတ်ဆက်ပေးလိုက်ပါတယ် USမှာကြီးပြင်းတဲ့ အသက်၁၉နှစ်ပဲရှိသေးတဲ့ မာဒူမာသီဆိုတဲ့ အိန္ဒိယ‌သူကောင်မလေးကသူ့ဝမ်းကွဲရဲ့ မင်္ဂလာဆောင်အတွက် အိန္ဒိယမြေပေါ်ကို ပြန်လည်ရောက်ရှိလို့ လာခဲ့ပါတယ်။သူမကတော့ USသူ ပီပီ ပျော်ပျော်ပါးပါးပေါ့ပေါ့လေးနဲ့ပဲ ဘဝကို ဖြတ်သန်းနေသူ တစ်ဦးပေါ့။ နောက်ထပ် မာဒူဆူဒ်ဟန်ရောင်ဝ် ဆိုတဲ့ အဘိုးကြီးတစ်ယောက်။ အသက်တွေကြီးလာခါမှမိန်းမဖြစ်သူက ကွာရှင်းခွင့်တောင်းလို့ ကြေကွဲအဘိုးကြီးဖြစ်နေရရှာသူတစ်ဦး။ ပေါ့ပေါ့ပါးပါးကောင်မလေး မာဒူနဲ့ ကြေကွဲအဘိုးကြီး မာဒူတို့ တွေ့ကြတဲ့အခါမှာတော့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ငိုတစ်လှည့် ကြည်နူးစရာတစ်လှည့်နဲ့ ကြည့်ရှုရမယ့်ဒရာမာဇာတ်ကားကောင်းလးတစ်ပုဒ်ပဲ ဖြစ်ပါတယ်(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Magic Man (2022) ⭐TMDB: 30.0% User Score 🎬 #Action #Fantasy 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 20 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ရှိုးလော်ဂိုဏ်းလို့ခေါ်တဲ့ လူသတ်သမားအဖွဲ့အစည်းတစ်ခုကလူသတ်သမားဖြစ်တဲ့ လန်ကန်းဟာ မွေးရာပါသတ္တုနှင့်ထိတွေ့ခဲ့ရင်ဏ်ရာပြန်ကောင်းလာနိုင်တဲ့ ထူးခြားစွမ်းအင်တခုရှိပါတယ် လန်ကန်းဟာတပ်မှူးကြီးကိုလုပ်ကြံတဲ့ လှုပ်ရှားမှုတစ်ခုမှာဒဏ်ရာအပြင်းအထန်ရခဲ့ပြီး အရက်ဆိုင်ပိုင်ရှင်ဟုန်လော်နဲ့သူ့ညီမမိုက်ကျစ်ရဲ့ ကယ်တင်ခြင်းကိုခံခဲ့ရတယ် ကျေးဇူးပြန်ဆပ်ဖို့အတွက် လန်ကန်းကအရက်ဆိုင်မှာယာယီနေပြီးစားပွဲထိုးအဖြစ်လုပ်ခဲ့တယ် ဒီလိုအေးချမ်းသာယာတဲ့ဘဝမျိုးကမှောင်မိုက်ပြီးဓားကိုင်လူသတ်တဲ့ဘဝကိုဖြတ်သန်းရတဲ့လန်ကန်းကိုစိတ်လှုပ်ရှားစေခဲ့ပြီး သာမန်အေးချမ်းတဲ့ဘဝကိုဖြတ်သန်းချင်ခဲ့တယ် ဒီလိုမျိုးအေးဆေးတည်တည်ငြိမ်ငြိမ်လေးနေချင်တဲ့သူ့ဘဝကိုတနေ့မှာ ဇောက်ထိုးမိုးမျှော်ဖြစ်စေမယ့် ကိစ္စတခုကျရောက်လာတဲ့အခါမှာတော့ လန်ကန်းတစ်ယောက်ဘယ်လိုတွေရင်ဆိုင်မလဲဆိုတာကိုဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်...

Nuovo Olimpo (2023) ⭐IMDB: 7.2/10 (1 k Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #Italy ⏰ 1 နာရီ 53 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb 7.2/10Rotten Tomatoes 86% “ ငါတို့ဘယ်ရထားမှာ လွဲခဲ့သလဲ တစ်ခါလွဲရင် နှစ်ပေါင်း ဘယ်လောက်ကြာတတ်သလဲ “ ဆိုတဲ့ဆရာအောင်ချိမ့်ရဲ့ စာအတိုင်းပါပဲ ။ အန်နီယာနဲ့ ပီယက်ထရိုတို့နှစ်ယောက်ကတော့ တစ်ခါလွဲတာ နှစ်ပေါင်း သုံးဆယ်ကြာခဲ့ပါတယ် ။ ဇာတ်လမ်းအကျဥ်းကတော့ 1970 ခုနှစ်ဝန်းကျင် အီတလီနိုင်ငံ ရောမမြို့က ဆေးကျောင်းသားလေးနဲ့ ရုပ်ရှင်ကျောင်းသားလေးရဲ့ အချစ်ဇာတ်လမ်းလေးပါပဲ ။ ဇာတ်လမ်းကိုတော့ Nuovo Olimpo ဆိုတဲ့ ခေတ်ဟောင်းရုပ်ရှင်ရုံလေး တစ်ခုမှာ အခြေခံထားပါတယ် ။ အီတလီရဲ့ ရှုပ်ထွေးနေတဲ့ ဆန္ဒပြပွဲတွေကြားမှာ လူချင်းကွဲသွားတဲ့ သူတို့နှစ်ယောက် ဘယ်အချိန်မှ ဘယ်လိုပုံစံမျိုးနဲ့ ပြန်တွေ့ကြမလဲ ။ ဇာတ်ဆောင်တွေ အပြင် ဇာတ်ပို့ကာရိုက်တာတွေအထိ ချစ်ခြင်းတရားကို ပုံစံအမျိုးမျိုး ရှုထောင့်အမျိုးမျိုးနဲ့ ဖော်ကျူးထားတဲ့ အီတလီရုပ်ရှင်ကားလေးဖြစ်ပြီး Right Person Wrong Timing ဇာတ်လမ်းမျိုး ကြိုက်တဲ့သူတွေအတွက် ကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားလို့ ညွှန်းလိုက်ပါရစေ...

Oracle (2023) ⭐IMDB: 5.2/10 (351 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ‌တက္ကသိုလ်ကျောင်းသူ ငမွဲမလေး Shayဟာ ကျောင်းစရိတ် မလုံလောက်တာကြောင့် အချိန်ပိုင်းအလုပ်တွေကို အသည်းအသန် ရှာဖွေနေပါတယ်။ လက်ရှိလုပ်နေတဲ့အလုပ်ကပါ အလုပ်ချိန်နာရီတွေ လျှော့ချခံရတော့ ပိုလို့အခက်တွေ့တာပေါ့။ တစ်ရက်တော့ ကလေးထိန်း ရှာဖွေရေးဝဘ်ဆိုက်တစ်ခုက အလုပ်ကိုလက်ခံဖို့ အကြောင်းဖန်လာပါတယ်။ သူကလေးသွားထိန်းပေးရမယ့်အိမ်ကြီးက သာမန်မဟုတ်ဘဲ ပြည်တွင်း စစ်ကာလတုန်းက လူမည်းကျွန်စနစ်သုံးစိုက်ခင်းဖြစ်တာကြောင့် သူဟာ သိပ်လက်မခံချင်လှပေမဲ့ အိမ်ကိုလာရောင်ကြည့်ရုံနဲ့တင် ဒေါ်လာ၂၀၀ပေးမယ် ဆိုတဲ့ ကမ်းလှမ်းမှုကြောင့် သွားကြည့်ဖြစ်ခဲ့ပါတယ်။ အဲဒီအိမ်ရောက်တော့ သူအမြဲမက်နေတဲ့အိပ်မက်ဆိုးတွေဟာ ဒီအိမ်ကြီးနဲ့ ဆက်စပ်မှုရှိနေတဲ့အခါ ဘယ်လိုခြောက်ခြားစရာတွေဖြစ်လာမလဲ ဇာတ်ကွက်အလှည့်အပြောင်းတွေ ဘယ်လိုဖြစ်မလဲ ကြည့်ရှုလိုက်ပါဦးနော်။...

Ex Machina (2015) ⭐TMDB: 76.0% User Score 🎬 #Drama #Mystery #SciFi #Thriller #ScienceFiction 🗓 2015 🎞 movie 🌎 #UnitedKingdom #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ex Machina က 2015 တုန်းက ထွက်ရှိထားတဲ့ sci-fi ကားအမျိုးအစားဖြစ်ပြီး IMDb rating 7.7 အထိရရှိထားတဲ့ ကားဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာ့အကြီးဆုံး အင်တာနက်ရှာဖွေရေး ကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ 26 နှစ်အရွယ် Programmer ကယ်လက်ဟာ CEO ဖြစ်သူ နေသန်တည်ဆောက်နေတဲ့ အေဗာအမည်ရှိ စွမ်းဆောင်ရည်မြင့် အသိဉာဏ်တုသုံး စက်ရုပ်အား စစ်ဆေးပေးရန် မဲနှိုက်ရွေးချယ်ခြင်း ခံခဲ့ရပါတယ်….. စစ်ဆေးခြင်းများကို လုပ်နေရင်း နေသန်ရဲ့ မူမမှန်တဲ့ အပြုအမူတွေ အေဗာရဲ့ သာမန်ထက်ထူးခြားတဲ့ အပြုအမူတွေက ကယ်လက်ကို မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ ဖြစ်စေခဲ့ပြီး စစ်ဆေးခံနေရသူက အေဗာလား သူကိုယ်တိုင်လားဆိုတာတောင် မကွဲပြားနိုင်တော့တဲ့အခါ…….. ဇာတ်ကားက Artifical Intelligence ကို ဇောင်းပေးရိုက်ထားသော ရုပ်ရှင်ဖြစ်ပြီး nude scene အနည်းငယ်ပါဝင်သောကြောင့် 18 နှစ်အောက် မကြည့်သင့်သော ရုပ်ရှင်ဖြစ်ပါတယ်...

K.G.F: Chapter 2 (2022) ⭐IMDB: 8.3/10 (144 k Votes) 🎬 #Action #Drama #Thriller #Adventure #Crime 🗓 2022 🎞 movie 🌎 #India ⏰ 2 နာရီ 46 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 K.G.F: Chapter 2(2022) အညွှန်း **************************** IMDb..8.9 WEB-DL1080P5.1CH ကြည်တောက်ရှင်း ရပါပြီ….. KGF 1 မှာရော့ကီဟာ အင်အားကြီးမားလာသလို ရန်သူအပေါင်းရဲ့  အဓိက နှိမ်နှင်းစရာဖြစ်လာတယ်… ဒါ့ကြောင့်ပဲ KGF 2 မှာတော့ ရော့ကီနဲ့အပြိုင်ကြမ်းမဲ့ အမိုက်စားဗီလိန် တစ်ယောက်ပါဝင်လာပါတယ်… ဒါ့အပြင် နိုင်ငံရေးအရှုတ်တော်ပုံတွေလည်း ပါဝင်လာတဲ့အခါမှာတော့...

Lost Sofia (2023) ⭐TMDB: 73.0% User Score 🎬 #Romance #Fantasy 🗓 2023 🎞 movie 🌎 #Brazil ⏰ 1 နာရီ 56 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Perdida (2023)============IMDb Rating – 6.1/10 မတူညီတဲ့ ခေတ်နှစ်ခေတ်ကို အခြေခံထားတဲ့ ပေါ်တူဂီစကားပြော ဘရာဇီးအချစ်ကားလေး ဖြစ်ပါတယ်။ ဆိုဖီယာဆိုတာက လက်ရှိအချိန်ကာလမှာစာအုပ်ထုတ်ဝေရေးတိုက်က ရှေးဂန္ဒဝင်စာအုပ်တွေကို ချစ်မြတ်နိုးတဲ့ ကောင်မလေးတစ်ယောက်၊ အချစ်ဆိုတာကို နာကျင်မှုတွေနဲ့သာ အဆုံးသတ်လေ့ရှိပြီးစာအုပ်တွေထဲမှာသာ ပျော်စရာဇာတ်သိမ်း ရှိနေတယ်လို့ အချစ်ကို အယုံအကြည်မရှိ အစွန်းရောက်နေသူလေးပေါ့။ ငယ်စဉ်ကတည်းက တစ်ဦးတည်းရှိတဲ့သူငယ်ချင်းမလေး နီနာက အချစ်စစ်နဲ့တွေ့ပြီး အိမ်ထောင်ပြုမယ် ယောင်နောက်ဆံထုံးပါတော့မယ်ဆိုတော့ လက်ထပ်တာကို မယုံကြည်သူ ဆိုဖီယာနဲ့ နီနာတို့စကားများကြပြီး တစ်ယောက်တည်း အိမ်ပြန်လာချိန် ထူးဆန်းတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဆုံစည်းခဲ့ပါတယ်။ ထို အမျိုးသမီးဖြစ်သူက ဆိုဖီယာကို သူ သိပ်နှစ်သက်တဲ့ ရှေးဂန္ဒဝင်စာအုပ်တွေထဲကအတိုင်း ၁၈၀၀ ကျော်ကာလဆီကို ပို့ပေးလိုက်ပါတော့တယ်။ အဲဒီမှာ ဆိုဖီယာတစ်ယောက် အမျိုးသမီးတွေဆို အပိုးကျိုးကျိုးနေရတဲ့ ရှေးခေတ်ကို ရောက်သွားပြီး လူကုံထံအသိုင်းအဝိုင်းက ရုပ်ချော ဥစ္စာပေါ သူဌေးလေး အီယန်နဲ့ တွေ့ဆုံလိုက်ရတဲ့အခါမှာတော့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာ ဟာသလေးနှောပြီးအချစ်ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပါ။ အမျိုးသမီးတွေရဲ့ လွတ်လပ်မှုတွေကို ပိတ်ပင်ချုပ်နှောင်ထားတာတွေ အရင်ခေတ်ရဲ့ မတူညီတဲ့ စံနှုန်း ယဉ်ကျေးမှု ဓလေ့စရိုက် ကွာခြားမှုကို ပညာပါးပါး ပုတ်ပြထားပါသေးတယ်။ ပါဝင်ထားတဲ့ မင်းသား မင်းသမီးလည်း ချောမောပြီး ကျွန်တော်ကတော့ အရံလေးတွေကိုတောင် အဓိကမင်းသမီးထက် ပိုသဘောကျမိပါသေးတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung ဖြစ်ပါတယ်)...

Dear Mr. Gacy (2010) ⭐IMDB: 6.4/10 (4 k Votes) 🎬 #Crime #Drama #Thriller 🗓 2010 🎞 movie 🌎 #Canada ⏰ 1 နာရီ 43 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dear Mr. Gacy (2010)=================IMDb Rating – 6.4/10 စိတ္တဇလူသတ်သမားတစ်ယောက်ရဲ့စိတ်ကို နားလည်ချင်ပါသလား၊နားလည်ချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်လေးကိုကြည့်ဖို့ တိုက်တွန်းပါတယ်။ စိတ္တဇလူသတ်သမားနဲ့မိတ်ဆွေဖြစ်ခဲ့တဲ့သူက အရိပ်လိုလွှမ်းမိုးနိုင်ခဲ့တဲ့အကြောင်းတွေရဲ့ ဖြစ်ရပ်မှန်အချက်အလက်တွေကိုသေချာရိုက်ပြထားတာပါ။ အက်ဖ်ဘီအိုင်တောင်အဖြေမရှာနိုင်တဲ့ စိတ္တဇကွင်းဆက်လူသတ်သမားတစ်ယောက် ဂျွန်ဝိန်းဂေဆီ ကို ၁၈နှစ်အရွယ် ကောလိပ်ကျောင်းသားဖြစ်တဲ့ ဂျေဆန်မော့စ် ကတော့ စိတ်ဝင်စားမိပါတယ်။ ကျောင်းမှာလည်းစာတော်တဲ့ မော့စ်က သူ့စာတမ်းအတွက် ဂေဆီ့အကြောင်းရေးဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အချိန်ကတော့ ဂေဆီကိုသေဒဏ်မပေးခင် ခြောက်လအလို… မော့စ်က ဂေဆီကိုချဉ်းကပ်ဖို့အတွက် စာတစ်စောင်ရေးခဲ့ပါတယ်။လွယ်လွယ်နဲ့စာပြန်မလာတဲ့အတွက် ဂေဆီစိတ်ဝင်စားမယ့် ဂေးဆန်ဆန်ဓါတ်ပုံတွေပါ ထည့်ပြီး စာပို့လိုက်ပါတယ်။ ယောက်ျားလေး ၃၃ယောက်ကို မုဒိန်းကျင့်လူသတ်ခဲ့တဲ့ ဂေဆီအတွက်တော့ ထောင်ထဲနေရင်း မုတ်ဆိတ်ကိုပျားစွဲတော့တာပေါ့။ သိပ်မကြာခင်မှာ မော့စ် နဲ့ဂေဆီတို့ စာအပြန်အလှန်ရေးဖြစ်ရင်း ဖုန်းပါပြောဖြစ်ခဲ့ကြပါတယ်။ ဂေဆီ့အကြောင်းတွေကို တစ်ဖြေးဖြေးနားလည်လာခဲ့တဲ့ မော့စ် တစ်ယောက်၊ ဂေဆီ နဲ့သူက တစ်သားတည်းဖြစ်လာသလို ခံစားခဲ့ရပါတယ်။အပြစ်တင်စိတ်တွေစိုးမိုးလာခဲ့တယ်။ ကြောက်စိတ်တွေပြင်းထန်လာခဲ့တယ်။ မော့စ်ဆိုတဲ့ လူတစ်ယောက် တစ်ဖြေးဖြေးပျောက်ကွယ်လာတဲ့အချိန် ဂေဆီ သေဒဏ်ပေးခံရတဲ့နေ့မှာတော့…. မော့စ် ဘယ်လိုရပ်တည်သွားလဲ… အမှောင်ထုထဲကနေ ဘယ်လိုရုန်းထွက်ခဲ့လဲဆိုတာတွေကိုဆက်ပြီးကြည့်ရှူလိုက်ကြပါကုန်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Jo Jo Va ဖြစ်ပါတယ်)...