ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
https://m.media-amazon.com/images/M/MV5BNjFkYjIwOTEtYWJlOS00MTI2LTliMTEtMjhhMjBmYjAwZjA0XkEyXkFqcGdeQXVyNTI5NjIyMw@@._V1_FMjpg_UX1000_.jpg
Panibugho (2023)
⭐IMDB: 8.0/10 (26 Votes)
🎬 #Drama
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #Philippines
⏰ 1 နာရီ 51 မိနစ် 01 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
[18+]Panibugho (2023)ဒီတခါတော့ 90 ခုနှစ်လွန်တဲ့ timeline ပုံဖော်ရိုက်ကူးထားပြီး အချစ်၊ အမုန်း၊ မနာလိုမှုတွေ စတဲ့ရသစုံ ဇာတ်လမ်းမျိုးကိုခံစားရမှာဖြစ်ပါတယ်။အလွန်ချစ်ခင်တဲ့ ညီမသုံးယောက်ရဲ့ သာယာတဲ့ ဘဝထဲကို ယောက်ျားတယောက် ရုတ်တရက် ဝင်လာပြီးနောက်မှာတော့ ချစ်ခြင်းမေတ္တာအစား မုန်းတီမှု၊ မနာလိုမှုတွေဖြစ်ပေါ်လာတာကို ရသစုံစွာခံစားရမှာဖြစ်ပြီး Imdb ratingကလည်း 7.9တောင်ရှိတာမို့ ကြည့်ရှုခံစားပေးကြပါReviewed and Translated by AMOEncoded by SiranSet in the late 90s, a story of love, hatred, and jealousy unfolds when a stranger suddenly enters the lives of three sisters.
10 ene 2023, 10:28
https://m.media-amazon.com/images/M/MV5BZjllN2NhYmQtM2ZmYi00Y2ExLWI1NjYtZTIxNDgxY2NhOGVkXkEyXkFqcGdeQXVyMjQwMjk0NjI@._V1_FMjpg_UX1000_.jpg
The Legend of Fong Sai-Yuk 2 (1993)
⭐IMDB: 6.9/10 (4 k Votes)
🎬 #Action #Adventure #Comedy #History
🗓️ 1993 🎞️ Movie 📺 1080p FHD
🌎 #China #HongKong
⏰ 1 နာရီ 33 မိနစ် 07 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခေါက်မှာလဲ မင်းသားကြီးဂျက်လီပါဝင်တဲ့သိုင်းအက်ရှင်ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။
မန်ချူးနဲ့ ဂျပန်တွေကျူးကျော်မှုခံရတဲ့အချိန်မှာတော်ဝင်မျိုးဆက်ရင်သွေးကို ပန်းနီဂိုဏ်းရဲ့အကူအညီနဲ့ ဂျပန်ကိုပို့ထားခဲ့ပါတယ်။အရွယ်ရောက်လာတဲ့ မင်းအလောင်းအလျာဟာပန်းနီဂိုဏ်းရဲ့ခေါင်းဆောင်ဖြစ်လာပြီး ဘုန်းကြီးတစ်ပါးကသူ့ကို ဧကရာဇ်ဖြစ်ကြောင်း သူ့ဘေးမှာသစ္စာဖောက်တစ်ယောက်နဲ့ကယ်မယ့်သူ တစ်ယောက်ရှိကြောင်း ဗေဒင်ဟောခဲ့ပါတယ်။
ဘုန်းတော်ကြီးရဲ့ဟောပြောချက်မှန်မလားမှားမလားတော့ရုပ်ရှင်မှာပဲစီးမျောခံစားကြည့်ပါ။သိုင်းအက်ရှင်တင်မကပဲဟာသနဲ့မင်းသမီးချောတွေကြောင့်ကြည့်ရတန်ပါလိမ့်မယ်။
10 ene 2023, 10:26
https://m.media-amazon.com/images/M/MV5BMTkyMjYzMjE1OV5BMl5BanBnXkFtZTgwNzk4Mzk1MzE@._V1_FMjpg_UX1000_.jpg
Asterix and Obelix: Mansion of the Gods (2014)
⭐IMDB: 6.9/10 (14 k Votes)
🎬 #Adventure #Animation #Comedy #Family
🗓️ 2014 🎞️ Movie 📺 1080p FHD
🌎 #France #Belgium
⏰ 1 နာရီ 26 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Asterix: The Mansions of the Gods(2014)
**************************************
ရောမဘုရင် ဂျူးလီယက် ဆီဇာဟာတိုက်ပွဲတိုင်းကိုနိုင်ကာနယ်မြေများစွာသိမ်းပိုက်နိုင်ပေမဲ့လည်းဂေါလ်လူမျိုးတွေနေထိုင်ရာအာမိုးရခ်ဒေသကရွာလေးကိုတော့ မသိမ်းပိုက်နိုင်ပါဘူး။အကြောင်းအရင်းကတော့ ဂေါလ်သူရဲကောင်း အက်စတီးရစ်နဲ့ လူသန်ကြီး အော့ဘလိဇ်တို့ကကာကွယ်ပေးနေလို့ပါပဲ။ ရွာကဆရာတော်ရဲ့မှော်ဆေးရည်အစွမ်းကိုလည်းကြောက်ရသေးတာကိုး။ဒီဇာတ်ကားမှာတော့ ဘုရင် ဆီဇာဟာ အာမိုးရခ်ဒေသကတောအုပ်ထဲမှာသူ့အိမ်တော်လာဆောက်ချင်တာပါ။ဘုရင်ဖြစ်တဲ့အတိုင်း အတင်းအကြပ်လာဆောက်တော့နယ်ခံဖြစ်တဲ့ အက်စတီးရခ်တို့ကလည်းတောအုပ်ကိုကာကွယ်ရင်း ရွာသားတွေနဲ့ ရောမသားတွေကြားအလွဲလွဲအချော်ချော်တွေကိုထိုင်ခွီရမယ့်ကားလေးပဲဖြစ်ပါတယ်File Size : (1.3GB) and (652MB)Quality : Blu-Ray1080p, 720pFormat…mp4Duration…01:25:00Genre : Animation, Adventure , ComedySubtitle : Myanmar Subtitle (Hard Sub)Translated by ThemesEncoded by Phyo Pyae
10 ene 2023, 10:15
https://m.media-amazon.com/images/M/MV5BZDY5OTM3YjItMjBmZS00NmRhLTljYzAtZmE1NzRkZmFhM2EwXkEyXkFqcGdeQXVyMTQxNzMzNDI@._V1_FMjpg_UX1000_.jpg
Eden Lake (2008)
⭐IMDB: 6.7/10 (87 k Votes)
🎬 #Horror #Thriller
🗓️ 2008 🎞️ Movie 📺 720p HD
🌎 #UnitedKingdom
⏰ 1 နာရီ 31 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Eden Lake (2008)
~ IMDb – 6.7/10, Rotten Tomatoes – 80% ~
ခရမ်းချဉ်သီး အလုံးရှစ်ဆယ်ရထားတဲ့ Horror ကားဆိုတော့ တော်တော်ကောင်းတဲ့ကားလို့ပြောရပါမယ်။ ကြည့်ပြီးတဲ့သူအနေနဲ့ ညွှန်းရရင်လည်း တော်တော်ကြည့်ကောင်းတာပါပဲ။ သရုပ်ဆောင်တွေကလည်း ရဲလိုးစတုန်းက အဓိကမင်းသမီး၊ ရှားလော့ဟုမ်းထဲက မေရီမော်စတန် Kelly Reilly, သူက ဒန်ဇယ်နဲ့ ဖလိုက်ခ်လည်းရိုက်ဖူးတယ်။ နောက် Michael Fassbender သူတော့ ပြောစရာမလိုလောက်ဘူး။ နောက် သိပ်မကြာသေးခင်ကပဲ SAS: Rogue Heroes မှာ Paddy အဖြစ် ပြန်ကမ်းဘက်ခဲ့တဲ့ ဂျက် အိုကော်နယ်။ သရုပ်ဆောင်တွေကတော့ အလန်းပါပဲ။
ဇာတ်လမ်းတော့ လက်ထပ်ဖို့ကြံနေတဲ့အတွဲရှိတယ်ဗျာ။ ကျောက်ကျင်းတစ်ခုကို ကောင်လေးက ခေါ်သွားတယ်။ ရေကန်လိုဖြစ်နေတာပေါ့။ ဘီကီနီနဲ့စကီက ရေထဲစိမ်လိုက် တက်လိုက် နေတာပေါ့။ ၁၂နှစ်သားကလေးတွေက မလှမ်းမကမ်းမှာ နှောင့်ယှက် ချောင်းကြည့် အကုန်လုပ်ပေါ့။ နောက်ကျ သူတို့ကားသော့ပါယူပြေးရော။ ဒီလိုနဲ့ မိုက်ကယ်ကြီးက ကားသော့ပြန်ယူဖို့ကြိုးစားရင်း ကတောက်ကဆတ်တွေဖြစ်လာတယ်။ ဒီနောက် ဘယ်လိုအသည်းထိတ်စရာတွေ ကြုံရမလဲကြည့်ရမှာပါ။ ၁၂နှစ်ကလေးတွေနဲ့ဖြစ်တဲ့ဇာတ်ကိုမှ တော်တော်ကြီးကြမ်းနေတော့ အသဲထိတ်စရာတော်တော်ကောင်းပါတယ်။ မကြည့်ရသေးရင်တော့ ကြည့်ကြည့်ပါ။ Must Watch ပါပဲ။ ဒါမျိုးကားဆိုတာ ရှားရှားပါးပါးနဲ့ကို အရသာရှိနေတဲ့ကားလို့ဆိုရပါမယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)
10 ene 2023, 10:12
https://m.media-amazon.com/images/M/MV5BMmMwNmVkZDItY2UzNi00ZGE2LTlkOTUtNDNlOGJkZDNhYjVlXkEyXkFqcGdeQXVyNDAxNjkxNjQ@._V1_FMjpg_UX1000_.jpg
Kiss of Death (1995)
⭐IMDB: 5.9/10 (20 k Votes)
🎬 #Crime #Drama #Thriller
🗓️ 1995 🎞️ Movie 📺 1080p FHD
🌎 #UnitedStates
⏰ 1 နာရီ 41 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Kiss of Death(1995)
******************
ဒီဇာတ်ကားကတော့ ပရိတ်သတ်အချစ်တော် မာသာဖာသာကြီး Samuel L.Jackson နဲ့မင်းသားကြီး Nicolas Cage တို့ အပြင်မင်းသားကြီး David Caruso, Stanley Tucci နဲ့မင်းသမီး Helen Hunt, Kathryn Erbe တို့ပါဝင်သရုပ်ဆောင်ထားတဲ့မှုခင်းစုံထောက်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
ဒုစရိုက်လောကကနေအနားယူပြီး မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ဂျင်မီကင်မာတင်ကို ဝမ်းကွဲညီအစ်ကိုဖြစ်သူက ဒုစရိုက်မှုတစ်ခုနဲ့ပတ်သတ်ပြီးကူညီပေးဖို့အကူအညီလာတောင်းတဲ့အခါ ပရဟိတစိတ်ဓာတ်ပိုင်ရှင်ကင်မာတင်အနေနဲ့ မနေနိုင်မထိုင်နိုင်လိုက်ကူညီပေးမိပါတယ်။ကူညီရင်းနဲ့ပဲ အလွဲလွဲအချော်ချော်တွေဖြစ်ကာ ကင်မာတင်အနေနဲ့ထောင်နန်းစံသွားရပါတော့တယ်။ထောင်ကထွက်ပြီးရင် ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့အတွက်ကင်မာတင်အနေနဲ့ လူဆိုးခေါင်းဆောင်းတစ်ယောက်ကိုစုံစမ်းထောက်လှမ်းပေးဖို့ ရဲတွေနဲ့အပေးအယူတွေလုပ်တဲ့အခါ…
ငွေကြေးဥစ္စာနဲ့ အာဏာပါဝါက ဥပဒေအရေးမှာပါဝင်ပတ်သတ်နေပုံ…ရာထူးအာဏာအတွက် ဥပဒေကိုဘယ်လို လက်တစ်လုံးခြားကစားနေသလဲဆိုတာကိုခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်
10 ene 2023, 10:08
https://m.media-amazon.com/images/M/MV5BZDY5OTM3YjItMjBmZS00NmRhLTljYzAtZmE1NzRkZmFhM2EwXkEyXkFqcGdeQXVyMTQxNzMzNDI@._V1_FMjpg_UX1000_.jpg
Eden Lake (2008)
⭐IMDB: 6.7/10 (87 k Votes)
🎬 #Horror #Thriller
🗓️ 2008 🎞️ Movie 📺 1080p FHD
🌎 #UnitedKingdom
⏰ 1 နာရီ 31 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Eden Lake (2008)
~ IMDb – 6.7/10, Rotten Tomatoes – 80% ~
ခရမ်းချဉ်သီး အလုံးရှစ်ဆယ်ရထားတဲ့ Horror ကားဆိုတော့ တော်တော်ကောင်းတဲ့ကားလို့ပြောရပါမယ်။ ကြည့်ပြီးတဲ့သူအနေနဲ့ ညွှန်းရရင်လည်း တော်တော်ကြည့်ကောင်းတာပါပဲ။ သရုပ်ဆောင်တွေကလည်း ရဲလိုးစတုန်းက အဓိကမင်းသမီး၊ ရှားလော့ဟုမ်းထဲက မေရီမော်စတန် Kelly Reilly, သူက ဒန်ဇယ်နဲ့ ဖလိုက်ခ်လည်းရိုက်ဖူးတယ်။ နောက် Michael Fassbender သူတော့ ပြောစရာမလိုလောက်ဘူး။ နောက် သိပ်မကြာသေးခင်ကပဲ SAS: Rogue Heroes မှာ Paddy အဖြစ် ပြန်ကမ်းဘက်ခဲ့တဲ့ ဂျက် အိုကော်နယ်။ သရုပ်ဆောင်တွေကတော့ အလန်းပါပဲ။
ဇာတ်လမ်းတော့ လက်ထပ်ဖို့ကြံနေတဲ့အတွဲရှိတယ်ဗျာ။ ကျောက်ကျင်းတစ်ခုကို ကောင်လေးက ခေါ်သွားတယ်။ ရေကန်လိုဖြစ်နေတာပေါ့။ ဘီကီနီနဲ့စကီက ရေထဲစိမ်လိုက် တက်လိုက် နေတာပေါ့။ ၁၂နှစ်သားကလေးတွေက မလှမ်းမကမ်းမှာ နှောင့်ယှက် ချောင်းကြည့် အကုန်လုပ်ပေါ့။ နောက်ကျ သူတို့ကားသော့ပါယူပြေးရော။ ဒီလိုနဲ့ မိုက်ကယ်ကြီးက ကားသော့ပြန်ယူဖို့ကြိုးစားရင်း ကတောက်ကဆတ်တွေဖြစ်လာတယ်။ ဒီနောက် ဘယ်လိုအသည်းထိတ်စရာတွေ ကြုံရမလဲကြည့်ရမှာပါ။ ၁၂နှစ်ကလေးတွေနဲ့ဖြစ်တဲ့ဇာတ်ကိုမှ တော်တော်ကြီးကြမ်းနေတော့ အသဲထိတ်စရာတော်တော်ကောင်းပါတယ်။ မကြည့်ရသေးရင်တော့ ကြည့်ကြည့်ပါ။ Must Watch ပါပဲ။ ဒါမျိုးကားဆိုတာ ရှားရှားပါးပါးနဲ့ကို အရသာရှိနေတဲ့ကားလို့ဆိုရပါမယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)
10 ene 2023, 10:07
https://m.media-amazon.com/images/M/MV5BMmMwNmVkZDItY2UzNi00ZGE2LTlkOTUtNDNlOGJkZDNhYjVlXkEyXkFqcGdeQXVyNDAxNjkxNjQ@._V1_FMjpg_UX1000_.jpg
Kiss of Death (1995)
⭐IMDB: 5.9/10 (20 k Votes)
🎬 #Crime #Drama #Thriller
🗓️ 1995 🎞️ Movie 📺 720p HD
🌎 #UnitedStates
⏰ 1 နာရီ 41 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Kiss of Death(1995)
******************
ဒီဇာတ်ကားကတော့ ပရိတ်သတ်အချစ်တော် မာသာဖာသာကြီး Samuel L.Jackson နဲ့မင်းသားကြီး Nicolas Cage တို့ အပြင်မင်းသားကြီး David Caruso, Stanley Tucci နဲ့မင်းသမီး Helen Hunt, Kathryn Erbe တို့ပါဝင်သရုပ်ဆောင်ထားတဲ့မှုခင်းစုံထောက်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
ဒုစရိုက်လောကကနေအနားယူပြီး မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ဂျင်မီကင်မာတင်ကို ဝမ်းကွဲညီအစ်ကိုဖြစ်သူက ဒုစရိုက်မှုတစ်ခုနဲ့ပတ်သတ်ပြီးကူညီပေးဖို့အကူအညီလာတောင်းတဲ့အခါ ပရဟိတစိတ်ဓာတ်ပိုင်ရှင်ကင်မာတင်အနေနဲ့ မနေနိုင်မထိုင်နိုင်လိုက်ကူညီပေးမိပါတယ်။ကူညီရင်းနဲ့ပဲ အလွဲလွဲအချော်ချော်တွေဖြစ်ကာ ကင်မာတင်အနေနဲ့ထောင်နန်းစံသွားရပါတော့တယ်။ထောင်ကထွက်ပြီးရင် ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့အတွက်ကင်မာတင်အနေနဲ့ လူဆိုးခေါင်းဆောင်းတစ်ယောက်ကိုစုံစမ်းထောက်လှမ်းပေးဖို့ ရဲတွေနဲ့အပေးအယူတွေလုပ်တဲ့အခါ…
ငွေကြေးဥစ္စာနဲ့ အာဏာပါဝါက ဥပဒေအရေးမှာပါဝင်ပတ်သတ်နေပုံ…ရာထူးအာဏာအတွက် ဥပဒေကိုဘယ်လို လက်တစ်လုံးခြားကစားနေသလဲဆိုတာကိုခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်
10 ene 2023, 10:01
https://channelmyanmar.org/wp-content/uploads/2023/01/jul-211.jpg
[21+] Romance Days{JUL-211}
⭐IMDB: ⁉️
🎬 #Adult #Asian #Romance
🗓️ 211 🎞️ Movie 📺 1080p FHD
🌎 #⁉️
⏰ 1 နာရီ 57 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Nao Jinguji ဆိုတာ ပရိသတ်တွေကိုမိတ်ဆက်ပေးစရာမလိုလောက်အောင်မျက်မှန်းတန်းပြီးသားဖြစ်နေမှာပါ
အသက်ကလေးငယ်ပေမဲ့ အရွယ်အစားကတော့မငယ်လှပါဘူးသို့ပေမဲ့ လုံးကြီးပေါက်လှနဲ့ စိတ်နှလုံးကိုသိမ်းသွင်းဆွဲငင်နိုင်သောခန္ဓာကိုယ်လေးလို့ ပြောရမှာပါ
အချိုးအစားကလှသလို မျက်နှာကျလေးကလဲ ညိုပြာညက်အရှေ့တိုင်းမျက်နှာပေးလေးကိုမှ ကြည့်မဝချင်စရာအမူအရာလေးတွေကိုလဲ လုပ်ပြတတ်ပါသေးတယ်ဆိုတော့ကာ ညိုကီတို့အတွက် အလှအပမြင်ရင်လက်တို့ပေးချင်တာမို့ ခုပဲတင်ဆက်ပေးလိုက်ပါပြီ
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။
10 ene 2023, 09:57
https://m.media-amazon.com/images/M/MV5BNjk5ODU1NDIxN15BMl5BanBnXkFtZTgwOTE3MDQ5NDE@._V1_FMjpg_UX1000_.jpg
Empire of Lust (2015)
⭐IMDB: 6.0/10 (702 Votes)
🎬 #Action #Adult #Drama #Romance
🗓️ 2015 🎞️ Movie 📺 720p HD
🌎 #SouthKorea
⏰ 2 နာရီ 04 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Empire of Lust ( 2015 )
Uncut Version ဖြစ်ပြီး ဆင်ဆာဖြတ်ထားတဲ့ Scene တွေကို ပြန်ထည့်ပေးထားတာမလို့ BluRay Version ထဲမှာ Scene အစုံဆုံး Version ဖြစ်ပါတယ်။——————-Empire of Lust ဟာ softcore ကားလို့ပြောလို့ရတဲ့အထိ လိင်မှုခန်းတော်တော်များပြီး အင်္ဂါတွေကလွဲလို့ တော်တော်ကြီး သေချာကိုပြထားတာပါ။ သို့ပေမဲ့လည်း ဒီရုပ်ရှင်ဟာ သာမန် 18+ကားသက်သက်ဆိုတာထက်တော့ အများကြီးပိုပါတယ်။ castတွေကတော့ တော်လည်းတော် နာမည်လည်းကြီးတဲ့ သူတွေပါ။ ဒီရုပ်ရှင်ရဲ့ကောင်းကွက်ထဲ castတွေ သရုပ်ဆောင်ကောင်းတာကလည်း အဓိကပါပဲ။
Shin Ha-kyun – သူ့ကိုတော့ တောင်ကိုရီးယားက ထိပ်ဆုံးဆရာတွေထဲက တစ်ပါးဖြစ်တဲ့ ပတ်ချန်းဝုရဲ့ ရုပ်ရှင်အများစုမှာ လူအများစုရင်းနှီးပြီးသားဖြစ်မှာပါ။ ဆောင်းကန်ဟိုတို့ အီဗြောင်ဟွန်းတို့လို လူတွေနဲ့ ရင်ဘောင်တန်းသရုပ်ဆောင်နိုင်လောက်အောင် သရုပ်ဆောင်ကောင်းတဲ့သူပါပဲ။ စီးရီးအနေနဲ့ဆိုလည်း မနှစ်က သူရိုက်ထားတဲ့ beyond evilဟာ တစ်ပြိုင်တည်းထွက်တဲ့ တော်တော်ရေးပန်းစားတဲ့ mouseထက်တောင် သရုပ်ဆောင်ရော တင်ဆက်ပုံရော ပိုအဆင့်မြင့်တဲ့ တော်တော်ရှားရှားပါးပါးမြင်ရခဲ့တဲ့ အဆုံးထိသေသပ်နေတဲ့ ကိုရီးယားမှုခင်းဇာတ်လမ်းတွဲပါပဲ။Jang Hyuk – သူ့ကိုလည်း ကိုရီးယား မှုခင်းကားဇာတ်လမ်းတွဲတွေ ရုပ်ရှင်ပရိသတ်တွေ တော်တော်ကိုမှ ရင်းနှီးပြီးသားပါပဲ။ ဒီရုပ်ရှင်မှာ သူက ကိုရီးယားရဲ့ ရုပ်ရှင်အရိုက်ခံရဆုံး မင်းသားလို့ပြောရမလားမသိတဲ့ အီဘန်းဝန်နေရာက သရုပ်ဆောင်ထားတာပါ။ ပုဂ္ဂလိကအမြင်အရတော့ အီဘန်းဝန်လို ဇာတ်ကောင်မျိုးနဲ့ သူကအတော်လိုက်ပါတယ်။ My Country: The New Ageမှာလည်း အီဘန်းဝန်နေရာကပဲ သရုပ်ဆောင်ဖူးပါတယ်။ ဒီရုပ်ရှင်ရဲ့ အဓိကကောင်းကွက်ထဲ သူနဲ့ Shin Ha-kyunသရုပ်ဆောင်ကောင်းတာက အဓိကအချက်ပါပဲ။
Kang Ha-neul – ဒီကားထွက်တုန်းကတော့ သူနာမည်ဒီလောက်မကြီးသေးပါဘူး။ အရင်နှစ်တွေက When the Camellia Bloomsနဲ့ ဆုတွေဘာတွေရခဲ့သလို ဒီနှစ်လည်း သူပါတဲ့ infernal affairs ကိုရီးယားမူပြောလို့ရတဲ့ insiderကလည်း သူ့ဟာနဲ့သူ တော်တော်လေးကောင်းတဲ့ဇာတ်ပါပဲ။ သူ့သရုပ်ဆောင်စကေးကလည်း နောက်ပိုင်းတက်လာသလို ဒီကားမှာတင်တော်တော်ကောင်းနေပါပြီ။ အပေါ်က ဘဲကြီး၂ပွေနောက်က အမီလိုက်နိုင်ခဲ့ပါတယ်။
Kang Han-na – start-upနဲ့ တစ်နှစ်ကမှ စပေါက်လာတယ်ပြောရမယ်ထင်တယ်။ Moon Loversမှာ လည်းပါတော့ပါဖူးပေမဲ့ ဗီလိန်ဆိုတော့ သိပ်အချစ်ခံရမယ်မထင်ဘူး။ ဒီကားရိုက်ပြီးမှ Moon Loversရိုက်တာဆိုတော့ ဒီကားက သူနာမည်လုံးဝမရှိသေးတဲ့အချိန်က ကားပါပဲ။ ဒါကြောင့်မို့လည်း ဆောင်းဂျီဟိုတို့ ဟာဂျီဝန်တို့ငယ်ငယ်ကကားတွေထက်တောင် sex sceneတွေ ပိုကြမ်းနေတာဖြစ်ပါလိမ့်မယ်။ ဒီကားရိုက်တုန်းက နာမည်မရှိသေးပေမဲ့ သူလည်း သရုပ်ဆောင်ကောင်းပါတယ်။ တော်တော်လည်းလှပါတယ်။ ဒီကားကထွက်တာကြာပြီဆိုတော့ တော်တော်များများလည်းကြည့်ဖူးမှာပါ။ ဒီရုပ်ရှင်ထဲက သူ့အလှတရားတွေကြည့်ဖူးတဲ့သူတွေသိကြမှာပါ။
Empire of Lustဟာ ဂျိုဆွန်းတည်ထောင်ပြီး ခုနှစ်နှစ်အကြာမှာ ဇာတ်အိမ်တည်ထားပြီး ကိုရီးယားသမိုင်းရဲ့ နာမည်ကျော် အီဘန်းဝန်ရဲ့ သမိုင်းကို ပုံစံသစ်တစ်မျိုးနဲ့ ချဉ်းကပ်ပြသထားတဲ့ကားဆိုလည်းမမှားပါဘူး။ ဒီလိုပြသပုံကို လူတစ်ချို့က အမြင်သစ်တယ် ချီးကျူးခဲ့ကြသလို နာမည်နဲ့လိုက်အောင်ပဲ lustအပြည့်နဲ့ တော်တော်ကြည့်ကောင်းတဲ့ကားပါပဲ။ softcore ဆန်ဆန်ကားဆိုတော့ ဇာတ်အိမ်ကတော့ အသေကြီးကောင်းပါတယ်ဆိုတဲ့ အနေအထားတော့မရောက်ပေမဲ့ အပေါ်မှာပြောခဲ့တဲ့ ဆရာကြီးတွေရဲ့သရုပ်ဆောင်ကောင်းတာနဲ့ သူ့ဟာနဲ့သူကောင်းနေတဲ့ဇာတ်အိမ်ရယ်ပေါင်းလိုက်တဲ့အခါမှာတော့ ဒီရုပ်ရှင်ဟာ သူ့လိုင်းမှာတော့ တော်တော်လေးကောင်းးတဲ့ ရုပ်ရှင်လို့ပြောလို့ရတဲ့ ရုပ်ရှင်လို့ပြောရင် မမှားပါဘူး။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Wira Aung မှ တင်ဆက်ထားပါတယ်။)
10 ene 2023, 09:52
https://m.media-amazon.com/images/M/MV5BNTRjMzU2OGEtOGIxYy00MGViLWE5NTEtNDJjNGVjMjAyMGQwXkEyXkFqcGdeQXVyODMyOTYyMTM@._V1_FMjpg_UX1000_.jpg
Table for Six (2022)
⭐IMDB: 7.3/10 (562 Votes)
🎬 #Comedy #Family #Romance
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #China #HongKong
⏰ 1 နာရီ 56 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီနေ့မှာတော့ CM က ပရိတ်သတ်ကြီးကို ပေါ့ပေါ့ပါးပါးရယ်ရယ်မောမောနဲ့ကြည့်ရှုရမဲ့ Comedy အမျိုးအစားဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်ရှင် ။
ဒီဇာတ်ကားလေးကတော့ မအေတူ ဖအေကွဲညီအစ်ကိုသုံးယောက်အကြောင်း ရိုက်ကူးထားတာပါ ။အိမ်ရဲ့ အစ်ကိုကြီးဆုံးဖြစ်သူဟာ အစွဲအလန်းကြီးသူဖြစ်ပြီးတော့သူ့ရဲ့အရင်ရည်းစားဖြစ်တဲ့ မိုနီကာကို မမေ့နိုင်ဖြစ်နေခဲ့ပါတယ် ။
ဒါပေမဲ့လို့ သူ့ရဲ့ အရင်ရည်းစားဟာ သူ့ရဲ့ မအေတူ ဖအေကွဲ ညီလေး(၂) ရဲ့ လက်ရှိရည်းစားဖြစ်နေခဲ့သောအခါ…။ သူ့ရဲ့ မာနတရားတွေအတွက်သူဟာ လက်ရှိသူ့မိတ်ဆွေ မြောင်မြောင်ကို လိုက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ် ။နောက်ထပ် ညီအငယ်ဆုံးလေးဖြစ်သူဟာလဲသူ၏ ချစ်သူနဲ့ နှစ်ပေါင်းရည်ကြာလာအောင်တွဲလာခဲ့ပေမဲ့လက်ရှိမှာတော့ အချစ်ရေးဟာ ပြတ်ဆဲလုနီးပါးဖြစ်ပြီးနေ့တိုင်းပြဿနာတွေနဲ့ပဲ ကြုံတွေ့ရနေရတာပါ ။တစ်မိုးအောက်ထဲမှာ စုံတွဲ ၃ တွဲ ဆက်ဆံရေး ၄ ခုနဲ့ အတူအစ်ကိုကြီး အဖအရာ ဆိုတဲ့ စကားအတိုင်း အစ်ကိုကြီးဖြစ်သူတစ်ယောက် ဘယ်လိုရင်ဆိုင်ကြမလဲ –
❏ အချစ်ဟောင်းနဲ့ အချစ်စစ်တို့ ထိပ်တိုက်တွေ့လာတဲ့အခါမှာရော ဘယ်လိုဖြေရှင်းကြမလဲ?❏ အိမ်ရဲ့ ပြဿနာတွေကိုရော သူတို့တွေ ဘယ်လိုကိုင်တွယ်ကြမလဲ?❏မိသားစုအငွေ့အသက်လေးတွေ ရောထွေးပြီး ပျော်ရွှင်စရာကောင်းတဲ့အသိုက်အမြုံလေး ဖြစ်သွားနိုင်ပါ့မလား ?ဆိုတာဟာသလေးတွေ ရောနှောပြီး ဘဝအမောတွေဖြေကာ ကြည့်ရှုလိုက်ကြရအောင်ပါနော်။
10 ene 2023, 09:50
https://m.media-amazon.com/images/M/MV5BNjk5ODU1NDIxN15BMl5BanBnXkFtZTgwOTE3MDQ5NDE@._V1_FMjpg_UX1000_.jpg
Empire of Lust (2015)
⭐IMDB: 6.0/10 (702 Votes)
🎬 #Action #Adult #Drama #Romance
🗓️ 2015 🎞️ Movie 📺 1080p FHD
🌎 #SouthKorea
⏰ 2 နာရီ 04 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Empire of Lust ( 2015 )
Uncut Version ဖြစ်ပြီး ဆင်ဆာဖြတ်ထားတဲ့ Scene တွေကို ပြန်ထည့်ပေးထားတာမလို့ BluRay Version ထဲမှာ Scene အစုံဆုံး Version ဖြစ်ပါတယ်။——————-Empire of Lust ဟာ softcore ကားလို့ပြောလို့ရတဲ့အထိ လိင်မှုခန်းတော်တော်များပြီး အင်္ဂါတွေကလွဲလို့ တော်တော်ကြီး သေချာကိုပြထားတာပါ။ သို့ပေမဲ့လည်း ဒီရုပ်ရှင်ဟာ သာမန် 18+ကားသက်သက်ဆိုတာထက်တော့ အများကြီးပိုပါတယ်။ castတွေကတော့ တော်လည်းတော် နာမည်လည်းကြီးတဲ့ သူတွေပါ။ ဒီရုပ်ရှင်ရဲ့ကောင်းကွက်ထဲ castတွေ သရုပ်ဆောင်ကောင်းတာကလည်း အဓိကပါပဲ။
Shin Ha-kyun – သူ့ကိုတော့ တောင်ကိုရီးယားက ထိပ်ဆုံးဆရာတွေထဲက တစ်ပါးဖြစ်တဲ့ ပတ်ချန်းဝုရဲ့ ရုပ်ရှင်အများစုမှာ လူအများစုရင်းနှီးပြီးသားဖြစ်မှာပါ။ ဆောင်းကန်ဟိုတို့ အီဗြောင်ဟွန်းတို့လို လူတွေနဲ့ ရင်ဘောင်တန်းသရုပ်ဆောင်နိုင်လောက်အောင် သရုပ်ဆောင်ကောင်းတဲ့သူပါပဲ။ စီးရီးအနေနဲ့ဆိုလည်း မနှစ်က သူရိုက်ထားတဲ့ beyond evilဟာ တစ်ပြိုင်တည်းထွက်တဲ့ တော်တော်ရေးပန်းစားတဲ့ mouseထက်တောင် သရုပ်ဆောင်ရော တင်ဆက်ပုံရော ပိုအဆင့်မြင့်တဲ့ တော်တော်ရှားရှားပါးပါးမြင်ရခဲ့တဲ့ အဆုံးထိသေသပ်နေတဲ့ ကိုရီးယားမှုခင်းဇာတ်လမ်းတွဲပါပဲ။Jang Hyuk – သူ့ကိုလည်း ကိုရီးယား မှုခင်းကားဇာတ်လမ်းတွဲတွေ ရုပ်ရှင်ပရိသတ်တွေ တော်တော်ကိုမှ ရင်းနှီးပြီးသားပါပဲ။ ဒီရုပ်ရှင်မှာ သူက ကိုရီးယားရဲ့ ရုပ်ရှင်အရိုက်ခံရဆုံး မင်းသားလို့ပြောရမလားမသိတဲ့ အီဘန်းဝန်နေရာက သရုပ်ဆောင်ထားတာပါ။ ပုဂ္ဂလိကအမြင်အရတော့ အီဘန်းဝန်လို ဇာတ်ကောင်မျိုးနဲ့ သူကအတော်လိုက်ပါတယ်။ My Country: The New Ageမှာလည်း အီဘန်းဝန်နေရာကပဲ သရုပ်ဆောင်ဖူးပါတယ်။ ဒီရုပ်ရှင်ရဲ့ အဓိကကောင်းကွက်ထဲ သူနဲ့ Shin Ha-kyunသရုပ်ဆောင်ကောင်းတာက အဓိကအချက်ပါပဲ။
Kang Ha-neul – ဒီကားထွက်တုန်းကတော့ သူနာမည်ဒီလောက်မကြီးသေးပါဘူး။ အရင်နှစ်တွေက When the Camellia Bloomsနဲ့ ဆုတွေဘာတွေရခဲ့သလို ဒီနှစ်လည်း သူပါတဲ့ infernal affairs ကိုရီးယားမူပြောလို့ရတဲ့ insiderကလည်း သူ့ဟာနဲ့သူ တော်တော်လေးကောင်းတဲ့ဇာတ်ပါပဲ။ သူ့သရုပ်ဆောင်စကေးကလည်း နောက်ပိုင်းတက်လာသလို ဒီကားမှာတင်တော်တော်ကောင်းနေပါပြီ။ အပေါ်က ဘဲကြီး၂ပွေနောက်က အမီလိုက်နိုင်ခဲ့ပါတယ်။
Kang Han-na – start-upနဲ့ တစ်နှစ်ကမှ စပေါက်လာတယ်ပြောရမယ်ထင်တယ်။ Moon Loversမှာ လည်းပါတော့ပါဖူးပေမဲ့ ဗီလိန်ဆိုတော့ သိပ်အချစ်ခံရမယ်မထင်ဘူး။ ဒီကားရိုက်ပြီးမှ Moon Loversရိုက်တာဆိုတော့ ဒီကားက သူနာမည်လုံးဝမရှိသေးတဲ့အချိန်က ကားပါပဲ။ ဒါကြောင့်မို့လည်း ဆောင်းဂျီဟိုတို့ ဟာဂျီဝန်တို့ငယ်ငယ်ကကားတွေထက်တောင် sex sceneတွေ ပိုကြမ်းနေတာဖြစ်ပါလိမ့်မယ်။ ဒီကားရိုက်တုန်းက နာမည်မရှိသေးပေမဲ့ သူလည်း သရုပ်ဆောင်ကောင်းပါတယ်။ တော်တော်လည်းလှပါတယ်။ ဒီကားကထွက်တာကြာပြီဆိုတော့ တော်တော်များများလည်းကြည့်ဖူးမှာပါ။ ဒီရုပ်ရှင်ထဲက သူ့အလှတရားတွေကြည့်ဖူးတဲ့သူတွေသိကြမှာပါ။
Empire of Lustဟာ ဂျိုဆွန်းတည်ထောင်ပြီး ခုနှစ်နှစ်အကြာမှာ ဇာတ်အိမ်တည်ထားပြီး ကိုရီးယားသမိုင်းရဲ့ နာမည်ကျော် အီဘန်းဝန်ရဲ့ သမိုင်းကို ပုံစံသစ်တစ်မျိုးနဲ့ ချဉ်းကပ်ပြသထားတဲ့ကားဆိုလည်းမမှားပါဘူး။ ဒီလိုပြသပုံကို လူတစ်ချို့က အမြင်သစ်တယ် ချီးကျူးခဲ့ကြသလို နာမည်နဲ့လိုက်အောင်ပဲ lustအပြည့်နဲ့ တော်တော်ကြည့်ကောင်းတဲ့ကားပါပဲ။ softcore ဆန်ဆန်ကားဆိုတော့ ဇာတ်အိမ်ကတော့ အသေကြီးကောင်းပါတယ်ဆိုတဲ့ အနေအထားတော့မရောက်ပေမဲ့ အပေါ်မှာပြောခဲ့တဲ့ ဆရာကြီးတွေရဲ့သရုပ်ဆောင်ကောင်းတာနဲ့ သူ့ဟာနဲ့သူကောင်းနေတဲ့ဇာတ်အိမ်ရယ်ပေါင်းလိုက်တဲ့အခါမှာတော့ ဒီရုပ်ရှင်ဟာ သူ့လိုင်းမှာတော့ တော်တော်လေးကောင်းးတဲ့ ရုပ်ရှင်လို့ပြောလို့ရတဲ့ ရုပ်ရှင်လို့ပြောရင် မမှားပါဘူး။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Wira Aung မှ တင်ဆက်ထားပါတယ်။)
10 ene 2023, 06:56
https://image.tmdb.org/t/p/original/vajk8wNhl96DnjSdP1AshDf1nGo.jpg
Beauty Dart ( 2022 )
⭐IMDB: ⁉️
🎬 #Comedy #Drama #Fantasy
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #⁉️
⏰ 1 နာရီ 24 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားလေးဟာဆိုရင် သူရဲကောင်း မိန်းမလှလေး လေးယောက်ယောကျာ်းတွေနဲ့ရင်ဘောင်တန်းပြီး တာဝန်တွေကိုယ်စီထမ်းရွက်ကြတဲ့အကြောင်းလေးကို ရိုက်ကူးထားတဲ့ ကားလေးပဲဖြစ်ပါတယ် ။ဇာတ်လမ်းအကျဥ်းလေးကတော့ –
တိုင်းပြည်ရဲ့ အခြေအနေ မတည်မငြိမ်ဖြစ်နေချိန်….!ဝိဉာဥ်ဂိုဏ်းရဲ့ လက်ရှိဧကရာဇ်ဟာ အသတ်ခံရပြီးအိမ်ရှေ့စံလေးဟာ ပျောက်ဆုံးလို့နေခဲ့ပါတယ် ။အဲဒီအချိန်မှာ သေချာလေ့ကျင့်ထားတဲ့ သစ္စာခံအဖွဲ့တစ်ဖွဲ့ဟာလျှို့ဝှက်ရတနာမြေပုံကို ယူဆောင်ပြီး တာဝန်တစ်ခုလုပ်ဆောင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ် ။
လမ်းခရီးမှာ အကြောင်းအမျိုးမျိုးကြောင့် မိန်းမလှလေး(၄)ယောက်တွေ့ဆုံမိပြီး ပေါင်းမိသွားကြတဲ့ အခါ…? အဲဒီသစ္စာခံထားတဲ့ သူရဲကောင်းအဖွဲ့ထဲမှာ အိမ်ရှေ့စံကိုယ်တိုင် ပါဝင်နေတဲ့အခါ….?
❏ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ သူတို့ တွေ့ကြုံရမလဲ?❏ သူတို့ ယူဆောင်လာတဲ့ လျှို့ဝှက်ရတနာမြေပုံကရော ဘယ်လိုတွေ အရေးကြီးသလဲ ?❏ အိမ်ရှေ့စံမင်းသားတစ်ယောက် သစ္စာခံ မိန်းမလှလေးတွေတွေနဲ့ပူးပေါင်းပြီး ပြည်သူတွေရဲ့ ငြိမ်းချမ်းမှုအတွက်ဘယ်လိုမျိုးပြန်လုပ်ပေးမလဲဆိုတာ ? ကြည့်ရှုရမှာပဲဖြစ်ပါတယ် ။သိုင်းလောကရဲ့ ဂိုဏ်းတွေပါ ပါတာမို့ ဓားသိုင်းယှဥ်တာတွေသိုင်းလောကရဲ့ အရှုပ်အထွေးတွေ ကြိုက်နှစ်သက်တဲ့သူတွေကတော့ ဒီဇာတ်ကားလေးကိုနှစ်သက်မယ်လို့ထင်ပါတယ် ။
10 ene 2023, 06:54
https://m.media-amazon.com/images/M/MV5BNjUxMzVhNjgtYTQxNS00Zjg3LThlYjctOGFlZjg0YmI1ZmYyXkEyXkFqcGdeQXVyMjUzOTY1NTc@._V1_FMjpg_UX1000_.jpg
Robin Hood: Prince of Thieves (1991)
⭐IMDB: 6.9/10 (197 k Votes)
🎬 #Action #Adventure #Drama #Romance
🗓️ 1991 🎞️ Movie 📺 1080p FHD
🌎 #UnitedStates
⏰ 2 နာရီ 35 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Robin Hood Prince of Thieves (1991)
=============================
ရော်ဘင်ဟုဒ်ကားတွေအများကြီးထဲကမှ ဗားရှင်းတမျိုးကားကောင်း
အဟောင်းလေးတခုနဲ့မိတ်ဆက်ပေးပါမယ်။
Kevin Costner Alan Rickman တို့လို ဝါရင့်သရုပ်ဆောင်ကြီး
တွေမှလည်းပါ၀င်ထားပါတယ် ရော်ဘင် လော့စလေ ဟာ
ခရူးဆိပ်စစ်ပွဲမှာ အဖမ်းခံရပြီး ငါးနှစ်အကြာမှာအိမ်ပြန်လာနိုင်ခဲ့သူပါ။
ဒါပေမဲ့သူပြန်ရောက်လာခဲ့ချိန်မှာသူ့အိမ်ဖြစ်တဲ့လော့စလေ နယ်မြေ
ကတော့ နော့တင်ဟမ်မြို့စားကြီးရဲ့အကောက်ကြံမှုအောက်မှာအလူး
အလိမ့်ခံစားနေရပါတယ်။ ဖခင်ဖြစ်သူကလည်းအသတ်ခံရသလိုမိမိ
အိမ်ကိုလည်းဆုံးရှုံးခဲ့ရတဲ့ရော်ဘင်တယောက် မြို့စားကြီးလက်ကနေ
လွတ်အောင်ပြေးရင်း ရှားဝုဒ်တောထဲကဂျွန် လစ်တဲယ်ရဲ့လူတစုနဲ့
တွေ့သွားခဲ့တဲ့အခါမှာတော့ ရော်ဘင်လော့စလေတဖြစ်လဲ
ရော်ဘင်ဟုဒ်ဟာ မြို့စားကြီးရဲ့အကြံစည်တွေကိုစတင် နှောင့်ယှက်
ပါတော့တယ်။ ရော်ဘင်တယောက်မြို့စားကြီးကိုအနိုင်ယူနိုင်ပါ့မလား။
သူ့ရဲ့သူငယ်ချင်းပီတာက မသေခင်တောင်းဆိုခဲ့တဲ့မေရီယန်ဆိုတဲ့
ပီတာ့ညီမလေးကိုရော ကာကွယ်ပေးနိုင်ပါ့မလား။ မြို့စားကြီးကရော
ဘာတွေကြံစည်နေတာလဲ အဆုံးမှာဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို
Robin Hood Prince of Thieves ဆိုတဲ့ဇာတ်ကားလေးမှာရှုစားပေးကြပါဦး…
10 ene 2023, 03:52
https://m.media-amazon.com/images/M/MV5BYjM3NGMzYTMtNzQwYS00Yzc0LTkzNDYtYjFlM2Q2MDY0M2E5XkEyXkFqcGdeQXVyMTk5MTg1OTg@._V1_FMjpg_UX1000_.jpg
Deception (2021)
⭐IMDB: 5.6/10 (1 k Votes)
🎬 #Drama #Romance
🗓️ 2021 🎞️ Movie 📺 1080p FHD
🌎 #France
⏰ 1 နာရီ 42 မိနစ် 24 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Deception (2021)ဒီတခါတော့ ပြင်သစ် အချစ်ဇာတ်လမ်း လေးကို တင်ဆက်ပေးလိုက်ပါတယ် ဖီးလစ်ဆိုသူက အမေရိကန် စာရေးဆရာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အငယ်မယားနဲ့ ပေါင်းသင်းနေထိုင်ကာ ဒသာန အကြောင်းတွေ ပြောရင်း….အချစ်တွေ နယ်ကျွန်ရင်း….Translated & Encoded by A.M.O
10 ene 2023, 03:43
https://m.media-amazon.com/images/M/MV5BNjUxMzVhNjgtYTQxNS00Zjg3LThlYjctOGFlZjg0YmI1ZmYyXkEyXkFqcGdeQXVyMjUzOTY1NTc@._V1_FMjpg_UX1000_.jpg
Robin Hood: Prince of Thieves (1991)
⭐IMDB: 6.9/10 (197 k Votes)
🎬 #Action #Adventure #Drama #Romance
🗓️ 1991 🎞️ Movie 📺 720p HD
🌎 #UnitedStates
⏰ 2 နာရီ 35 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Robin Hood Prince of Thieves (1991)
=============================
ရော်ဘင်ဟုဒ်ကားတွေအများကြီးထဲကမှ ဗားရှင်းတမျိုးကားကောင်း
အဟောင်းလေးတခုနဲ့မိတ်ဆက်ပေးပါမယ်။
Kevin Costner Alan Rickman တို့လို ဝါရင့်သရုပ်ဆောင်ကြီး
တွေမှလည်းပါ၀င်ထားပါတယ် ရော်ဘင် လော့စလေ ဟာ
ခရူးဆိပ်စစ်ပွဲမှာ အဖမ်းခံရပြီး ငါးနှစ်အကြာမှာအိမ်ပြန်လာနိုင်ခဲ့သူပါ။
ဒါပေမဲ့သူပြန်ရောက်လာခဲ့ချိန်မှာသူ့အိမ်ဖြစ်တဲ့လော့စလေ နယ်မြေ
ကတော့ နော့တင်ဟမ်မြို့စားကြီးရဲ့အကောက်ကြံမှုအောက်မှာအလူး
အလိမ့်ခံစားနေရပါတယ်။ ဖခင်ဖြစ်သူကလည်းအသတ်ခံရသလိုမိမိ
အိမ်ကိုလည်းဆုံးရှုံးခဲ့ရတဲ့ရော်ဘင်တယောက် မြို့စားကြီးလက်ကနေ
လွတ်အောင်ပြေးရင်း ရှားဝုဒ်တောထဲကဂျွန် လစ်တဲယ်ရဲ့လူတစုနဲ့
တွေ့သွားခဲ့တဲ့အခါမှာတော့ ရော်ဘင်လော့စလေတဖြစ်လဲ
ရော်ဘင်ဟုဒ်ဟာ မြို့စားကြီးရဲ့အကြံစည်တွေကိုစတင် နှောင့်ယှက်
ပါတော့တယ်။ ရော်ဘင်တယောက်မြို့စားကြီးကိုအနိုင်ယူနိုင်ပါ့မလား။
သူ့ရဲ့သူငယ်ချင်းပီတာက မသေခင်တောင်းဆိုခဲ့တဲ့မေရီယန်ဆိုတဲ့
ပီတာ့ညီမလေးကိုရော ကာကွယ်ပေးနိုင်ပါ့မလား။ မြို့စားကြီးကရော
ဘာတွေကြံစည်နေတာလဲ အဆုံးမှာဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို
Robin Hood Prince of Thieves ဆိုတဲ့ဇာတ်ကားလေးမှာရှုစားပေးကြပါဦး…
10 ene 2023, 03:41
https://m.media-amazon.com/images/M/MV5BOWJmZTExZTYtZjg1Mi00ZDFmLTk3MTYtZTUwYzkzODA2M2ZmXkEyXkFqcGdeQXVyNjk1Njg5NTA@._V1_FMjpg_UX1000_.jpg
Big Daddy (1999)
⭐IMDB: 6.4/10 (221 k Votes)
🎬 #Comedy #Drama
🗓️ 1999 🎞️ Movie 📺 1080p FHD
🌎 #UnitedStates
⏰ 1 နာရီ 33 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Big Daddy (1999)=============IMDb Rating – 6.4/10
၁၉၉၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီး မင်းသား Adam Sandler ရဲ့ဟာသဒရာမာ ဇာတ်ကားတစ်ကားပါ။ Adam Sandler ရဲ့ ထုံးစံအတိုင်းဟာသတွေအများကြီးပါသလို ဒရာမာကိုလည်း ခပ်ပါးပါးလေး ထည့်ထားပါတယ်။ Adam Sandler လျှမ်းလျှမ်းတောက်ခဲ့တဲ့ အချိန်တွေကိုပြန်လည်အမှတ်ရရင်း ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှု့နိုင်အောင် CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။
ဆန်နီဟာ ဥပဒေနဲ့ ဘွဲ့ရထားတဲ့ သူတစ်ယောက်ဖြစ်ပေမယ့် ရှေ့နေ အလုပ်ကိုမလုပ်ဘဲ လမ်းကြေးကောက်တဲ့ ဂိတ်မှာ အလုပ်လုပ်နေတဲ့သူပါ။ ဘဝကိုအလေးအနက်မထားဘဲ ခပ်ပေါ့ပေါ့ပဲ ဖြတ်သန်းနေတာမို့ ရည်းစားဖြစ်သူဗနက်ဆာက သိပ်ပြီး မကြိုက်လှပါဘူး။ ဗနက်ဆာဟာလည်း ဆန်နီနဲ့ လမ်းခွဲဖို့ပြောခဲ့လိုက်ပါတယ်။ ဆန်နီဟာ ဖခင်ဖြစ်စေချင်တဲ့ ရှေ့နေ အလုပ်ကိုမလုပ်တဲ့အတွက် ဖခင်ဖြစ်သူနဲ့လည်း အဆင်မပြေပါဘူး။ ဒီလိုမျိုး ဘဝကို ဖြတ်သန်းနေတဲ့ဆန်နီ့ဘဝထဲကို ဂျူလီယန်ဆိုတဲ့ ကောင်လေးတစ်ယောက်ရောက်လာခဲ့ပါတယ်။
တကယ်တော့ ဂျူလီယန်ဟာ ဆန်နီ့အခန်းဖော်ဖြစ်တဲ့ ကယ်ဗင်ရဲ့ ရှိလို့ရှိမှန်းမသိရဘဲရုတ်တရက်ပေါ်လာတဲ့ သားတစ်ယောက်ပါ။ ထိုအချိန် ကယ်ဗင်ဟာ တရုတ်ပြည်ကိုသွားနေတာမို့ ဆန်နီလည်း ဗနက်ဆာများ စိတ်ပြန်လည်လာမလားဆိုပြီး ဂျူလီယန့်ကိုမွေးစားဖို့လုပ်ပါတော့တယ်။ ကိုယ့်ကိုယ်ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ တာဝန်မယူတတ်၊ဘဝကို ပေါ့ပေါ့တန်တန် ဖြတ်သန်းနေတဲ့ ဆန်နီ ကလေးတစ်ယောက်နဲ့ ဘယ်လိုတွေဖြတ်သန်းရမလဲ၊ ဘယ်လို ပေါက်တတ်ကရတွေ လုပ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ရှု့စားလိုက်ပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Linဖြစ်ပါတယ်)
10 ene 2023, 03:36
https://m.media-amazon.com/images/M/MV5BNjk0MmQwNGUtZTNhNy00ZTA1LWFiNGMtNWU4NzU4Y2YwY2M0XkEyXkFqcGdeQXVyNjgxMTkwMjY@._V1_FMjpg_UX1000_.jpg
Lifemark (2022)
⭐IMDB: 5.9/10 (707 Votes)
🎬 #Drama
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #UnitedStates
⏰ 1 နာရီ 45 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Lifemark (2022)=============IMDb Rating – 5.9/10
ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်ကားလေးတစ်ကား 2022 မှာထပ်ထွက်လာပါပြီဗျာ။ အရွယ်သုံးပါးမရွေးကြည့်ရင်ကြိုက်မယ့် ရုပ်ရှင်ကားလေးပါ။ Lifemark လို့အမည်ပေးထားတဲ့ဒီရုပ်ရှင်ကားလေးက ဘဝတစ်ကွေ့မှာ ချခဲ့တဲ့ဆုံးဖြတ်ချက်တွေအကြောင်းကို သဘာဝဆန်ဆန်ရိုက်ကူးထားတာဖြစ်ပါတယ်။
ကျောင်းမှာသူငယ်ချင်းတိုင်းကချစ်ပြီး မိဘတွေကလည်းအလိုလိုက်ပြီး နွေးထွေးတဲ့မိသားစုမှာ ကြီးပြင်းလာခဲ့တဲ့ဒေးဗစ်က အမှန်တော့မွေးစားခံရတာပါ။ သူများတွေအားကျရတဲ့မိသားစုမှာ နေထိုင်ရပေမယ့် ကိုယ့်ကိုမွေးစားထားတာပါဆိုတဲ့အကြောင်းကို ပြောပြဖို့မဝံ့မရဲဖြစ်နေခဲ့တာပါ။တစ်နေ့မှာ ဒေးဗစ်ရဲ့မွေးမိခင်ဖြစ်တဲ့မီလီဆာက ဆက်သွယ်လာခဲ့ပါတယ်။
သူတို့နိုင်ငံရဲ့ဥပဒေအရ အသက် ၁၈ နှစ်ပြည့်ရင် မိဘအရင်းနဲ့ပြန်တွေ့လို့ရပါတယ်တဲ့။ မွေးစားမိဘတွေကိုလည်းအရမ်းချစ်ပြီးသူ့ရဲ့မိဘအရင်းနဲ့လည်း တစ်ခေါက်လောက်တော့ တွေ့ချင်မိပါတယ်။ ဒေးဗစ်က “ဘယ်သူ့ကိုမှအစားထိုးခံရတယ်လို့ မခံစားစေချင်ပါဘူး” တဲ့။ ပြီးတော့ သူ့ကိုရွေးချယ်ခဲ့လို့မွေးစားမိဘတွေကိုလည်း ကျေးဇူးတင်ပြီး၊ သူ့ကိုပေးမွေးစားခဲ့တဲ့အမေအရင်းကိုလည်း ကျေးဇူးတင်ပါတယ်တဲ့
ဒါပေမဲ့…. အမေအရင်းဖြစ်တဲ့ မီလီဆာက ဘာလို့ပေးမွေးစားခဲ့ရတာလဲ ? ဒေးဗစ်ရဲ့မွေးစားမိဘကရော ဘာလို့သူစိမ်းတစ်ယောက်ကို ကိုယ့်သွေးသားအရင်းလိုမျိုး ချစ်နိုင်ရတာလဲစသဖြင့် ဘဝတစ်ကွေ့မှာ ချခဲ့တဲ့ဆုံးဖြတ်ချက်တွေအကြောင်းတွေကို ဒီကားလေးထဲမှာ ဆက်လက်ကြည့်ရှုကြပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Vaဖြစ်ပါတယ်)
10 ene 2023, 03:33
https://m.media-amazon.com/images/M/MV5BNDFlNTZmOGYtYmE0ZC00OTE4LWI5YzctNmZmZDU3M2ZiMmI4XkEyXkFqcGdeQXVyNDk3NzU2MTQ@._V1_FMjpg_UX1000_.jpg
Absolute Power (1997)
⭐IMDB: 6.7/10 (56 k Votes)
🎬 #Action #Crime #Drama #Thriller
🗓️ 1997 🎞️ Movie 📺 1080p FHD
🌎 #UnitedStates
⏰ 2 နာရီ 02 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အက်ရှင်ကားတွေရဲ့မင်းသားကြီးဖြစ်တဲ့ အော်စကာဆုများရှင် ကလင့်အိစ်ဝုဒ်က ခေါင်းဆောင်မင်းသားေနရာကေန ပါဝင်သရုပ်ေဆာင်ထားပြီး ကိုယ်တိုင်ရိုက်ကူးထုတ်လုပ်ထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရေးပုံစံကိုအခြေခံထားတဲ့ Action, Thriller ဇာတ်လမ်းအမျိုးအစားဖြစ်တာမလို့ ဒီလိုgenereတွေကို ကြိုက်တဲ့သူတွေအတွက် လက်မလွှတ်စတမ်းကြည့်ရှုသင့်ပါတယ်။
ကလင့်အိစ်ဝုဒ်သရုပ်ေဆာင်ထားတဲ့ အဓိကဇာတ်ကောင် လူသာဝစ်တနီဟာ ဖောက်ထွင်းနိုင်စွမ်းအကောင်းဆုံးတွေထဲက အမိုက်စားသူခိုးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ သူဟာ ဘီလျံနာသူဌေးကြီးတစ်ယောက်ရဲ့အိမ်ကို ဖောက်ထွင်းရာကနေ လူသတ်မှုတစ်ခုနဲ့ပါဝင်ပတ်သက်သွားပါတော့တယ်။ အဲဒီလူသတ်မှုရဲ့အဓိကတရားခံဟာလည်း နိုင်ငံရဲ့ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ဖြစ်နေချိန်မှာတော့ လူသာက ဒီအမှုရဲ့သံသယရှိသူေနရာကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်ပြီး ဥပဒေဘောင်အပြင်ဘက်ကနေ တရားခံကိုဘယ်လိုအပြစ်ပေးမယ်ဆိုတာတွေကို ရင်တဖိုဖိုနဲ့ကြည့်ရမှာဖြစ်ပါတယ်။
သူခိုးအကျော်အမော်လူသာဝစ်တနီနေရာကနေ ကလင့်အိစ်ဝုဒ်၊ အမေရိကန်သမ္မတအယ်လန်ရစ်ခ်ျမွန်းနေရာကနေ ဂျီးန်ဟက်ခ်မန်း၊ အထက်တန်းစုံထောက်ဆက်သ်ဖရန့်နေရာကနေ အက်ခ်ဟဲရစ်နဲ့ ကိတ်ဝစ်တနီနေရာကနေ လော်ရာဝင်းနေးတို့က အသီးသီးပါဝင်သရုပ်ဆောင်ထားကြပါတယ်။
1997မှာ ရုံတင်ထားတာဖြစ်ပါတယ်။
10 ene 2023, 03:27
https://m.media-amazon.com/images/M/MV5BMzQ0NWZkNzYtNDNhZS00OTMyLThlMGMtNjViMmZhMDA1ZDhmXkEyXkFqcGdeQXVyNTM0NTU5Mg@@._V1_FMjpg_UX1000_.jpg
Baking All the Way (2022)
⭐IMDB: 5.9/10 (246 Votes)
🎬 #Comedy #Drama #Romance
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Canada
⏰ 1 နာရီ 25 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Baking All the Way (2022)===================
ချီကာဂိုမြို့က မုန့်လုပ်စားဖိုမှူး Julia ဟာ သူရဲ့ ဟင်းချက်နည်းစာအုပ်အသစ်ထဲမှာ ထည့်ဖို့ အကောင်းဆုံး Gingerbread ခရစ္စမတ်ကွတ်ကီးကို နည်းလမ်းမျိုးစုံသုံးပြီး ရှာနေခဲ့တာကြာပါပြီ။သူလက်လှမ်းမီသမျှနေရာတွေက ကွတ်ကီးတွေကို လိုက်မြည်းကြည့်တာကစပြီး သူ့ဆီပို့ပေးတဲ့အထဲက အကောင်းဆုံးကွတ်ကီးကို သူ့စာအုပ်အသစ်မှာ ထည့်သွင်းဖော်ပြမဲ့အကြောင်း တစ်နိုင်ငံလုံးကမုန့်တိုက်တွေဆီ သတင်းလွှင့်တာထိအဆုံးပေါ့။
တစ်နေ့မှာတော့ Hampton Grove ဆိုတဲ့ နယ်မြို့လေးတစ်မြို့ကမုန့်တိုက်တစ်တိုက်ကနေ ပို့လိုက်တဲ့ကွတ်ကီးတွေက Julia လိုချင်တဲ့အရသာနဲ့ကွက်တိကျတဲ့ အကောင်းဆုံးကွတ်ကီးတွေဖြစ်နေပါတော့တယ်။ အဲဒါနဲ့ သူတို့ကွတ်ကီးတွေကို သူ့စာအုပ်မှာထည့်ဖော်ပြဖို့ရွေးလိုက်ပြီဖြစ်တဲ့အကြောင်းကြားဖို့ အဲဒီဆိုင်ကို ဝမ်းသာအားရနဲ့လူကိုယ်တိုင်သွားပါတော့တယ်။ ဒါပေမဲ့ ဆိုင်ရှင်နဲ့တွေ့တော့ သူတို့ဆိုင်ကနေ ဘာကွတ်ကီးမှ Julia ဆီ မပို့လိုက်ကြောင်း၊ ကွတ်ကီးလုပ်နည်းကိုလည်း လူအများသိအောင်ချပြဖို့ အစီအစဥ်မရှိဘူးဆိုတဲ့အကြောင်းပဲ Julia ခဗျာကြားလိုက်ရပါတော့တယ်။
ဒါပေမဲ့ Julia ဟာ လက်မလျော့ဘဲ နောက်တစ်ခေါက်ပြန်ဖျောင်းဖျဖို့အဲဆိုင်ကိုပြန်သွားတဲ့အခါမှာ ဆိုင်ရဲ့ရောင်းအားအခြေအနေသိပ်မကောင်းတဲ့အကြောင်း သိလိုက်ရပါတယ်။ ရောင်းအားကို ၅၀ ရာခိုင်နှုန်းတိုးလာအောင် သူလုပ်ပေးနိုင်ခဲ့ရင် ကွတ်ကီးလုပ်နည်းကို စာအုပ်ထဲထည့်ခွင့်ပေးမယ်လို့ ဆိုင်ရှင်နဲ့ အပေးအယူလုပ်လိုက်တဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ . . . ခရစ္စမတ်ကာလ နောက်ခံထားထားတဲ့ Bakingall the way ဆိုတဲ့ ဒီဇာတ်ကားထဲမှာဆက်လက်ကြည့်ရှုနိုင်ပါပြီ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Myat Noe Choဖြစ်ပါတယ်)
10 ene 2023, 03:25
https://m.media-amazon.com/images/M/MV5BZTE5NDZlYTQtODNjZi00OTI3LThhODktYTgxYzYyYTI3MDI0XkEyXkFqcGdeQXVyNzg5OTk2OA@@._V1_FMjpg_UX1000_.jpg
Little Nicky (2000)
⭐IMDB: 6.7/10 (88 Votes)
🎬 #Comedy #Fantasy #Action #Adventure #Horror
🗓️ 2000 🎞️ Movie 📺 1080p FHD
🌎 #UnitedStates
⏰ 1 နာရီ 31 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Little Nicky (2000)===============
ငရဲပြည်ကို အုပ်စိုးတဲ့ စေတန်သခင်ကြီးမှာ အေဒရီယန်၊ကတ်ဆီးရပ်စ်နဲ့ နစ်ကီဆိုပြီးသား(၃)ယောက် ရှိပါတယ်။ပျော့တိပျော့ညံ့ နစ်ကီက အစ်ကိုနှစ်ယောက် ဗိုလ်ကျ နှိပ်စက်တာကိုတစ်ချိန်လုံး ခါးစည်းခံနေရသူပါ။ တစ်နေ့တော့စေတန် သခင်ကြီး ငရဲပြည်ကိုအုပ်ချုပ်တာ နှစ်(၁)သောင်းပြည့်တဲ့နေ့ကို ရောက်လာပါတယ်။
နှစ်(၁)သောင်းပြည့်ရင် အုပ်ချုပ်သူနေရာကို လွှဲပေးရတဲ့ စည်းမျဉ်းရှိပေမဲ့ ကြီးကျယ်မြင့်မြတ်တဲ့ စေတန်နတ်ဆိုးကြီးက ဘယ်သူ့ကိုမှ လွှဲမပေးဘဲ သူကိုယ်တိုင်ပဲဆက်ပြီး အုပ်စိုးမယ် လုပ်ပါတော့တယ်။ အဲဒီမှာပဲ အေဒရီယန်နဲ့ကတ်ဆီးရပ်စ်တို့က မကျေမနပ်တွေဖြစ်၊ ငရဲပြည်အသစ် ဖန်တီးမယ်ဆိုပြီး ဝိဉာဉ်တွေ ဝင်တဲ့ငရဲမီးဂိတ်ပေါက်ကနေတစ်ဆင့်ကမ္ဘာမြေပေါ်ကို ထွက်သွားပါတော့တယ်။
အဝင်ဂိတ်လို့ သတ်မှတ်ထားတဲ့ ငရဲမီးဂိတ်ကနေထွက်သွားတာကြောင့် ငရဲမီးဂိတ်ဝကြီး ခဲသွားပြီးဝိဉာဉ်တွေ ဝင်လို့မရ ဖြစ်ကုန်ပါတော့တယ်။ စေတန်ကြီးလည်း တတိတိနဲ့ အားနည်းလာပြီးသေမလို ဖြစ်လာတာပေါ့။ အဲဒီမှာပဲ ကမ္ဘာမြေပေါ် ထွက်သွားတဲ့အစ်ကိုနှစ်ယောက်ကို ငရဲပြည်ဆီ ပြန်ခေါပြီး ဖခင်ဖြစ်သူကို ကယ်တင်ပေးဖို့ကနစ်ကီ့ခေါင်းပေါ် ရောက်လာပါတော့တယ်။
ရုပ်ဆိုးဆိုး၊ စကားထစ်ထစ်၊ အူကြောင်ကြောင်ရုပ်နဲ့ ပျော့ဖတ်ဖတ်နစ်ကီတစ်ယောက်ကမ္ဘာမြေပေါ် ရောက်သွားပြီး အလွဲလွဲအချော်ချော်တွေ ဖြစ်ပျက်ပုံကိုအခွီတစ်လိုင်းနဲ့ ကြည့်ရှုရမယ့် ဟာသဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ နစ်ကီအဖြစ် မင်းသားကြီး AdamSandler က သရုပ်ဆောင်ထားပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Roman NoxYa ဖြစ်ပါတယ်)
10 ene 2023, 03:20
