es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Mimamsa (2022) ⭐IMDB: 3.1/10 (83 Votes) 🎬 #Bollywood #Crime #Thriller 🗓 2022 🎞 movie 🌎 #India ⏰ 1 နာရီ 56 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mimamsa 2023 “တယ်ဆာရာမိုနိုစ် ခေါ် လေးလောင်းပြိုင်လူသတ်မှု Murder suspenseကိုနှစ်သက်တဲ့ပရိသတ်ကြီးတို့ ဇာတ်လမ်းနောက်ကလိုက်ပြီးပဟေဠိအဖြေညှိဖို့အတွက် Mimamsaဆိုတဲ့ မှုခင်းစုံထောက်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။Murder suspense ပီပီ ဟိုလူဒီလူတရားခံထင်ရင်းနဲ့ နောက်ဆုံးမှာဘယ်လိုပလေးခံရမလဲဆိုတာ စီအမ်နဲ့တူတူ အဖြေရှာလိုက်ရအောင်ပါ။ မြို့ငယ်လေးတစ်ခုမှာ ဆက်တိုက်ဆိုသလိုဖြစ်လာတဲ့ ကွင်းဆက်လူသတ်မှုတစ်ခု၊ ကျွမ်းကျင်သူတစ်ယောက်ရဲ့လက်ရာအလားသေသပ်လွန်း ပိရိလွန်းလို့ ရဲတွေရဲ့ခေါင်းကိုက်စရာဖြစ်နေတဲ့အမှုဆိုရင်လည်းမမှားပါဘူး။ ဒီလိုနဲ့ ဒုတိယလူသတ်မှုဖြစ်လာချိန်မှာတော့ပြည်သူနဲ့မီဒီယာကပါ ရဲဘက်ကိုဖိအားပေးလာချိန်မှာတော့ အဒီရာတစ်ယောက် အမှုကိုထဲထဲဝင်ဝင် စုံစမ်းဖို့ဖြစ်လာတဲ့အခါ… သဲလွန်စ‌ပျောက်ပြီး ဘဲဥအစရှာမရဖြစ်နေတဲ့အမှုကို အစဆွဲထုတ်ဖို့အတွက် လူသတ်သမားရဲ့စိတ်ကိုနားလည်ဖို့ အဒီရာတစ်ယောက်ကြိုးစားရင်းနဲ့ လူတွေကိုရော တိရစ္ဆာန်တွေကိုပါ ထဲထဲဝင်ဝင်ကူညီချင်တဲ့ ပါရမီရှင်ဒေါက်တာကာရန်နဲ့ ဆုံဖို့ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ အမှုကိုနားလည်ဖို့ကြိုးစားလေ မဆုံးနိုင်လေဖြစ်နေတဲ့အပြင် လူသတ်မှုတွေကပါ ဆက်တိုက်ဖြစ်လာချိန်မှာအဒီရာတစ်ယောက် ဘယ်လိုဆက်ဖြေရှင်းမလဲ။ ဒီလူသတ်မှုရဲ့နောက်ကွယ်မှာဘယ်လိုလက်မည်းကြီးတွေရှိနေမလဲဆိုတာ အားလုံးအတူ အဖြေရှာလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေက CM Bollywood Teamပဲဖြစ်ပါတယ်) (CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

The Walking Dead: Daryl Dixon (2023- ) ⭐IMDB: 7.9/10 (9 k Votes) 🎬 #SciFi #Fantasy #Action #Adventure #Horror 🗓 2023- 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 54 မိနစ် 53 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Walking Dead: Daryl Dixon (2023)The Walking Dead: Daryl Dixon (2023) ============================ IMDb Rating – 8.3/10The walking dead ရဲ့ fanတွေကြိုက်တဲ့ဇာတ်ကောင် Daryl Dixon ရဲ့ ကိုယ်ပိုင်series ထွက်လာပါပြီ။ မူရင်းseries မှာ ဒဲလ် တစ်ယောက်တည်း ထွက်သွားပြီးတဲ့နောက်ပိုင်းကနေ ဇာတ်လမ်းဆက်မှာပါ။ အခုseriesက အရင် walking dead စီးရီးတွေနဲ့မတူပဲ ထူးခြားနေတာကတော့ ဇာတ်လမ်း ကို ပြင်သစ်နိုင်ငံမှာနေရာယူထားတာမို့ virus ကြောင့်ပျက်စီးနေတဲ့ခတ်ပျက် တစ်ခုကို ပြင်သစ်နိုင်ငံရဲ့ဆက်တင်တွေနဲ့ အသွင်တစ်မျိုးကြည့်ရမှာပါ။ Your browser does not support the video tag.ကမ်းခြေတစ်ခုကို ဒဲလ်ဟာ ဘာကြောင့်မှန်းမသိသောင်တင်ပြီးရောက်လာတာ ကနေ စထားပါတယ်။ zombie တွေနဲ့တိုက်ခိုက်ရင်း ဒဏ်ရာရသွားတဲ့အခါ မှာ အစ်ဇဘဲလ်ဆိုတဲ့သီလရှင်တစ်ပါးက ဘုရားကျောင်းကိုခေါ်သွားပြီး ကုပေး လိုက်ပါတယ်။ အစ်ဇဘဲလ်က ကယ်တင်ရှင်ဖြစ်လာမယ်လို့ပြောတဲ့ကလေးတစ် ယောက်ကို မြောက်ပိုင်းကိုပို့ပေးဖို့ တောင်းဆိုလာတဲ့အခါမှာ ဘာကိုမှအယုံအ ကြည်မရှိပဲ အချုပ်အနှောင်တွေမလိုချင်တဲ့ဒဲလ်ဟာ ရွေးချယ်မှုတွေလုပ်ဖို့ဖြစ် လာပါတော့တယ်။တစ်ပတ်တစ်ပိုင်းနှုန်းနဲ့ (6)ပိုင်းထွက်ရှိမှာဖြစ်ပြီး၊ CMမှ အပတ်စဥ်တင် ဆက်ပေးသွားပါမယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Pyi T. Nyein ဖြစ်ပါတယ်။)...

Critical Keertanegalu (2022) ⭐IMDB: 6.3/10 (681 Votes) 🎬 #Bollywood #Comedy #Uncategorized #Drama 🗓 2022 🎞 movie 🌎 #India ⏰ 2 နာရီ 8 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Critical Keertanegalu (2023) ” ဒလိမ့်ကောင်ရှေ့နေနဲ့ အသေကြူးမယ့် မမများအဖွဲ့”IMDb 6.3/10 မြန်မာနိုင်ငံမှာ လူကြီးလူငယ်မရွေး ဘောလုံးပွဲကိုနှစ်သက်ကျသလို အိန္ဒိယမှာလည်းခရစ်ကတ်ဆိုတာ အရွယ်မရွေးနှစ်သက်တဲ့အားကစားပါပဲ။ အားကစားရဲ့ရည်ရွယ်ချက်ကကောင်းပေမဲ့ယှဉ်ပြိုင်ခြင်းရဲ့နောက်ဆက်တွဲအနေနဲ့ အနိုင်အရှုံးနဲ့ အလောင်းအစားလေးက ကပ်ပါလာတဲ့အခါ… အပျော်တွေက ကောင်းကျိုးထက် ဆိုးကျိုးတွေကို ဖြစ်လာစေတဲ့အခါမှာ လောင်းကစားကလည်းအပျော်ဆော့တယ်ဆိုပေမဲ့ လောင်းရင်းလောင်းရင်း စွဲလမ်းစိတ်များလာတဲ့အခါမှာ ဒီစွဲလမ်းစိတ်ကြောင့်အိမ်ခြေရာမဲ့ဘဝတွေသာမကဘဲ အသက်တွေကိုပါ ဆုံးရှုံးရတာမျိုးတွေရှိလာတတ်ပါတယ်…ဒီဇာတ်လမ်းလေးကတော့ ဒီအချက်တွေကို အလေးထားပြီးတော့ လောင်းကစားတားမြစ်ဖို့အတွက်အသားပေးရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဒီလို အချက်တွေကို ထောက်ပြပြီးတော့ တရားရုံးမှာ အယူခံခဏခဏဝင်တဲ့ ပြည်သူ့ဘက်တော်‌သားအကြံပေးရှေ့နေ ကာရီရပ်ပါ…အမှုတွေတစ်ခုမှမနိုင်တဲ့အပြင် ပိုက်ဆံတစ်ပြားမှမရှာနိုင်တဲ့အတွက် အိမ်ထောင်ရှင်တို့ဘဝမှာ ဖြစ်တတ်တဲ့ မိန်းမသားတို့ရဲ့ ဆူပူနားငြီးတတ်တာတွေ… အချစ်အိမ်လေးကိုရှေ့တန်းတင်ပြီးတော့ ပညာရေးကို လစ်ဟထားလိုက်တော့ ဖြစ်လာတတ်တဲ့အကျိုးဆက်တွေ…ဒီလိုဇာတ်ရှုပ်ပေါင်းများစွာကို ဟာသလေးကို အခြေခံပြီးတော့ ရိုက်ကူးထားလိုက်တော့ ကြည့်ရှုရင်းနဲ့ဘဝအမောတွေကို ပြေပျောက်သွားစေမှာမလို့ review လေးဖတ်ရင်း တစ်လက်စတည်း ကြည့်ရှုလိုက်ကြပါဦး… ဒီဇာတ်လမ်းလေးကိုတော့ CM Bollywood Team မှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။ (CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Romina, VTM (2023) ⭐IMDB: 2.7/10 (1 k Votes) 🎬 #Comedy #Romance 🗓 2023 🎞 movie 🌎 #Romania ⏰ 1 နာရီ 24 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်လမ်းအကျဥ်းလေးက Costinestiကမ်းခြေမြို့လေးမှာနေတဲ့ ရိုမီနာကို သူ့ချစ်သူအဆိုတော်ပေါက်စဂျီနိုက အောင်မြင်မှုနဲ့ငွေနောက်လိုက်ရင်း ဖောက်ပြန်သွားတယ်။ ရိုမီနာတို့က ကမ်းခြေက အပန်းဖြေကွင်းလိုနေရာမျိုးမှာပဲကြီးလာတာဆိုတော့ မိသားစုက စားသောက်ဆိုင်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုတာပေါ့.. ဒါပေမဲ့ကမ်းခြေက စားသောက်ဆိုင်တွေမှာ အဆိုတော်ကောင်းကောင်းရှိဖို့ကလည်း အရေးကြီးနေတော့ ဂျီနိုဖောက်ပြန်သွားတဲ့အခါမှာ ရိုမီနာအတွက်အဆိုတော်ရဖို့အခက်အခဲကြုံရတာပေါ့.. ဂျီနိုအောင်မြင်ခဲ့တာက ရိုမီနာရေးပေးတဲ့သီချင်းတွေကြောင့်ဖြစ်ပြီး ဂျီနိုရဲ့အရည်အချင်းက မပါသလောက်ပါပဲ ဒီတော့ ရိုမီနာဘာဆက်လုပ်မလဲ ရိုမီနာရဲ့အချစ်သစ်နဲ့ရောပျော်ရွှင်နိုင်မလား နောက်ဆုံးမှာအခက်အခဲတွေအားလုံးကိုကျော်ဖြတ်နိုင်မလားဆိုတာကြည့်ရမယ့် ရိုမန့်စ်ဟာသဇာတ်ကားအမျိုးအစားလေးတစ်ကားပဲဖြစ်ပါတယ်...

Spirit: Stallion of the Cimarron (2002) ⭐TMDB: 77.0% User Score 🎬 #Adventure #Animation #Drama #Family #Western #Comedy 🗓 2002 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Imdb 7.2ရထားတဲ့ Dreamworksရဲ့ Animationကောင်း ကားဟောင်းလေးတစ်ခုကို ထပ်ပြီးတင်ပေးလိုက်ပါတယ်။ ၁၉ ရာစုနှစ်မှာအသက်ရှင်နေထိုင်ခဲ့တဲ့ မြင်းရိုင်းလေး Spirit ရဲ့ဇာတ်လမ်းပါ။ အကောင်းဆုံး animation အော်စကာဇကာတင်စာရင်းထဲမှာ ပါဝင်ခဲ့ပြီးအကြီးအကျယ် အောင်မြင်မှုရခဲ့တဲ့ ကားလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းမှာတော့ မြင်းအုပ်ရဲ့ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့တဲ့ မြင်းရိုင်းလေး Spirit ဟာ သိလိုစိတ်ကို မထိန်းနိုင်ဘဲ စူးစမ်းမှုကြောင့် လူတွေရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး အမေရိကန် မြင်းတပ်ဆီကို ခေါ်ဆောင်သွားခံခဲ့ရပါတယ်။ အဲဒီမှာ ကျွန်ပြုခံထားရတဲ့ တခြားမြင်းတွေနဲ့ အတူထားပေမယ့် Spiritကို နာခံအောင် ယဥ်ပါးအောင် ဘယ်သူမှ လေ့ကျင့်မပေးနိုင်ပါဘူးတဲ့….။ ဒါကို မရမကယဥ်ပါးအောင်လုပ်ဖို့ရည်ရွယ်တဲ့ ကိုလိုနယ်ကြီးနဲ့ ထိပ်တိုက်တွေ့ကြတဲ့ အချိန်မှာတော့ ……… ဒါ့အပြင် Spiritလေးဟာ သူနဲ့ဘဝတူ အဖမ်းခံထားရတဲ့ လာကိုတာနယ်ခံလူရိုင်းလေး Little Creek နဲ့ ပတ်သတ်မိပြီး…. Creek ရဲ့မြင်းမလေး Rain နဲ့သံယောဇဉ်တွေ…..အဲဒီကြားထဲက ကံဆိုးမှုတွေ အခက်အခဲတွေကြားထဲမှာ သူဘယ်လို လှုပ်ရှားရုန်းကန်ခဲ့မလဲ ဆိုတာတွေကို တစ်ဖန်ပြန်လည်ခံစားရမယ့်ဇာတ်ကားလေးပါ...

In the Fire (2023) ⭐TMDB: 62.0% User Score 🎬 #Thriller #Drama 🗓 2023 🎞 movie 🌎 #Italy #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 In the Fire (2023) ဟိုတလောတုန်းက တော်တော်လေးနာမည်ကြီးခဲ့တဲ့ မင်းသမီးချော Amber Heard ရဲ့ ရုပ်ရှင်ကားအသစ်ပါ။ ရှေးအင်္ဂလန်မှာ ဇာတ်အိမ်တည်ထားတာဆိုတော့… ထုံးစံအတိုင်း ရှေးအင်္ဂလိပ်တွေရဲ့ အယူသီးမှုတွေနဲ့ သိပ္ပံပညာကြားက ပဋိပက္ခတွေအကြောင်းကိုပဲ နောက်ထပ်ဇာတ်အိမ်အသစ်နဲ့ ပြထားတယ်။ မွေးရာပါ ဉာဏ်ကောင်းပြီး စိတ်စွမ်းအားသဘောမျိုးပါရှိနေတဲ့ ကောင်လေးတစ်ယောက်ဟာ တစ်မူထူးနေတော့ မကောင်းဆိုးရွားဆိုပြီး တစ်ရွာလုံး ဝိုင်းစွပ်စွဲပြီး ပစ်ပယ်ထားကြတယ်။ အခြေအနေအကြောင်းကြောင်းနဲ့ တိုက်ဆိုင်မှုတွေဖြစ်လာပြီး မိုးခေါင်တာတွေ စိုက်ခင်းပျက်တာတွေ ဖြစ်လာတော့ သူ့ကို ဝိုင်းသမုတ်ကြဖို့ ပိုအကြောင်းဖန်လာခဲ့တယ်။ ဒီလိုနဲ့ နောက်ဆုံး ရွာက သူ့အကြောင်းနဲ့သူ ကပ်ဘေးဆိုက်လာလေလေ အကြောက်တရားနဲ့လူတွေဟာ အကြောက်တရားကို ကောင်လေးကြောင့်ပါဆိုပြီး လွှဲချပြီး အကြောက်တရားကို ဖြေဖျောက်ဖို့ ကြိုးစားကြရင်း ကောင်လေးအိမ်ကိုမီးရှို့၊ ကောင်လေးကိုပါ သတ်ဖြတ်ဖို့အထိဖြစ်လာတယ်။ ဒါကို ကောင်လေးရဲ့ စိတ်စွမ်းအင်ကိုရော စိတ်ဝေဒနာကိုရော သိပ္ပံနည်းကျဖြေရှင်းချင်တဲ့ ဆရာဝန်မတစ်ယောက်ရောက်လာပြီး ကောင်လေးကို ကုသပေးဖို့ နားလည်ပေးဖို့ ကြိုးစားရင်း ဒီအရှုပ်ထဲဝင်မိသွားတဲ့အကြောင်းကို ဇာတ်အိမ်တည်ပြသထားတာပါ။ သိပ္ပံပညာနဲ့ အယူသီးမှုတွေ အားပြိုင်တဲ့အကြောင်းဆိုတော့ ပမာဏတစ်ခုထိ ကြည့်ကောင်းတာမို့ စိတ်ပြေလက်ပျောက်တော့ဖြစ်ကြမယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်)...

Ibiza (2019) ⭐IMDB: 5.0/10 (2 k Votes) 🎬 #Comedy 🗓 2019 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 26 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ibiza (2019)Genre – ComedyIMDB – 5/10 ပေါ့ပေါ့ပါးပါးဖြစ်မယ့် ပြင်သစ် ဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဖိလစ်ဆိုတာ အသက်ကြီးကြီး ခြေဖဝါးအထူးကု ဆရာဝန်တစ်ယောက်ပေါ့။ ရထားတဲ့ချစ်သူက မကြာသေးခင်မှ ကွာရှင်းထားတဲ့ အသက်ငယ်တဲ့ အမျိုးသမီး ကာရိုးလ်။ သူ့မှာကလည်း အရွယ်ရောက် သားတစ်ယောက် သမီးတစ်ယောက်ရှိတယ် ဖိလစ်လို ဘိုးတော်ကြီးကို သိပ်ပြီး အမြင်ကြည်လင်ကြတာ မဟုတ်ဘူး။ အဲဒီမှာ ကာရိုးလ်သားက စာမေးပွဲ ခဏခဏကျတော့ ဘဲကြီးကနေ စာမေးပွဲအောင်မယ်ဆို သွားချင်တဲ့နေရာ လိုက်ပို့မယ်ဆိုပြီး ပြောလိုက်တော့ အောင်သွားပါလေရော။ ဒီမှာတင် ဆရာသမားလေးက အီဘီဇာ သွားမယ်တဲ့ အီ ဘီဇာဆိုတာ လူတွေ အိပ်တောင် သိပ်မအိပ်ကြပဲ အပျော်အပါးတွေ ပါတီတွေ မူးယစ်ဆေးအစုံ ပွဲပေါင်းစုံရှိတဲ့ စပိန်ကျွန်းစုလေး တစ်ခုပါ ပါတီ လူငယ်တွေရဲ့ နတ်ဗိမာန်ပေါ့။ ဒီမှာတင် ဘဲကြီးလည်း အမေကို လိုချင်တဲ့အတွက် ကလေးတွေနဲ့ အဆင်ပြေအောင်ဆိုပြီး အီဘီဇာကို မဖြစ်သေးတဲ့ မိသားစုလိုက် ခရီးထွက်လိုက်ကြတာ ပေါက်ကရပေါင်းစုံ ဖြစ်ပြီး လွဲချော်ကြတာကို ကြည့်ရှုရမှာပါ။ သားဖြစ်သူရဲ့ အီဘီဇာသွားချင်ရခြင်း အကြောင်းရင်းတို့ သမီးဖြစ်သူကလည်း ဘယ်လိုဖောက်တာတို့ အမေကလည်း အီစီကလီဟောင်းနဲ့ တွေ့ပြီး ပွဲမှာ ဘယ်လိုကြမ်းကြတာတို့ ဘဲကြီးရဲ့ အူူတူတူ အလွဲတွေနဲ့ ဟာသဆန်ဆန် ကြည့်ရမှာပါ။ စာဖိုင်အနေနဲ့ ပြည့်စုံမှု မရှိတဲ့အတွက် တချို့နေရာများကို ရိပ်ကဲဖမ်း ပြန်ထားရလို့ လိုအပ်မှုရှိလည်း ကြိုတောင်းပန်ထားပါရစေပါ။ အီဘီဇာနဲ့ ပတ်သက်တဲ့ ဆိုရိုးလေးကတော့ “မင်းက အီဘီဇာကို ရွေးချယ်တာ မဟုတ်ဘူး အီဘီဇာက မင်းကို ရွေးချယ်တာ” လို့ အဆိုရှိပါလေရဲ့။...

Black Hawk Down (2001) ⭐TMDB: 74.0% User Score 🎬 #Uncategorized #Action #Drama #History #War 🗓 2001 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 32 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Black Hawk Down(2001) IMDb – 7.7/10_____Rotten – 76%Won 2 Oscars.Another 9 wins & 37 nominations အကောင်းဆုံးသော စစ်ကားစာရင်းဝင်မို့ ဘာသာပြန်လိုအပ်ချက်တစ်ချို့ ပြန်လည်ပြင်ဆင်ပြီး 4K ပါတင်ပေးထားပါတယ်… ဆိုမာလီနိုင်ငံဟာ ၁၉၉၀ဝန်းကျင်က ငတ်မွတ်မှုကြောင့် ပြည်သူသုံးသိန်းကျော်သေဆုံးခဲ့ပါတယ် အကြောင်းရင်းကတော့ ယခုထိတိုင်မပြီးဆုံးနိုင်သေးတဲ့ တစ်နိုင်ငံထဲနေမျိုးနွယ်စုတွေ အချင်းချင်းဖြစ်ပွားတဲ့ ကာလရှည်ပြည်တွင်းစစ်ကြောင့်ဖြစ်ပါတယ် ဆိုမာလီယာအစိုးရဟာ မထိန်းချုပ်နိုင်ပဲ ငါတလူမင်းမူနေတဲ့ ခေါင်းဆောင်တွေကြားမှာ Mohamed Farrah Aididဟာ အာဏာအရှိဆုံးဖြစ်ခဲ့ပြီး ထိုအချိန်က မြို့တော်မိုဂါဒစ်ရှူ;ကို အုပ်စိုးခဲ့ပါတယ် နိုင်ငံတကာကထောက်ပံတဲ့ရိက္ခာ အထောက်အပံတွေကို ငတ်မွတ်နေတဲ့ပြည်သူတွေဆီမဝေငပဲ အရက်စက်ဆုံးထင်ရာဆိုင်းမင်းမူနေတဲ့ Aididကိုဖယ်ရှားပစ်မယ် အစီအစဉ်တွေထဲကတစ်ခုကို ၁၉၉၃ခုနှစ်အတွင်း မြို့တော်မိုဂါဒစ်ရှူးမှာ ထုံးစံအတိုင်းအမေရိကန်တို့ လုပ်ခဲ့ပါတယ် Aididအစိုးရအဖွဲ့ရဲ့အစည်းအဝေးတစ်ခုကိုဝင်စီးကာ ဝန်ကြီးတွေကိုဖမ်းဖို့ဖြစ်ပြီး တစ်နာရီအတွင်းအပြီးသတ်ဖို့စနစ်တကျ စီစဉ်ထားတဲ့စစ်ဆင်ရေးဟာ Aididစစ်တပ်ရဲ့ မထင်မှတ်တဲ့ အပြင်းအထန်ခုခံမှုတွေကြောင့် ဘလက်ဟော့ဟယ်ရီကော်ပတာ တွေပျက်ကျမှုမှစတင်ကာ အလွဲလွဲချော်ချာ်ဖြစ်ပြီး အမေရိကန်စစ်တပ်ဟာ အချိန်မှီမြို့ထဲကပြန်မထွက်နိုင်ပဲ ပိတ်မိကာ တစ်ရက်နီးပါးကြာမြင့်သွားပါတယ် ဒီဇာတ်ကားဟာထိုအခါက အမေရိကန်နဲ့ဆိုမာလီတွေရဲ့ အပြင်းအထန်တိုက်ခဲ့ကြပုံတွေ စစ်ရဲ့မာန် စစ်ရဲ့ဓလေ့နဲ့ စစ်ရဲ့ကြေကွဲဖွယ်ရာတွေကို အပီပြင်ဆုံးရိုက်ကူးပြထားပြီး အကယ်ဒမီဆုတွေကို သိမ်းပိုက်သွားခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ် Imdb 7.7နဲ့ RT 76%ထိရရှိထားပြီး စစ်ကားဆိုမှစစ်ကားကိုကြိုက်တဲ့သူတွေအနေနဲ့ ကြည့်ဖူးတဲ့စစ်ကားတွေထဲမှာ ဒီကားမပါသေးရင် အမြန်ဆုံးသာ download လုပ်လိုက်ပါလို့တိုက်တွန်းချင်ပါတယ်...

Mortal Kombat Legends: Cage Match (2023) ⭐TMDB: 88.0% User Score 🎬 #Action #Adventure #Animation #Fantasy 🗓 2023 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 20 မိနစ် 31 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mortal Kombat လို့ပြောလိုက်တာနဲ့ လုံးဝကိုမိတ်ဆက်ပေးစရာမလိုအောင် လူတိုင်းနီးပါးသိကြမှာပါ။အဓိကအားဖြင့်တော့ ဂိမ်းနဲ့နာမည်ကြီးပြီးတော့ Animation တွေရုပ်ရှင်တွေလည်း အများကြီးထွက်ရှိထားပါတယ်။ အခုလည်း Mortal Kombat Legends Cage Match ဆိုတဲ့ Animation ကားတစ်ကားကိုထပ်တင်ဆက်ပေးချင်ပါတယ်။ ရှေ့မှာလည်းတင်ဆက်ပေးထားတဲ့ Mortal Kombat ဇာတ်ကားတွေအများကြီး ရှိတဲ့အတွက်မကြည့်ရသေးရင် ကြည့်လို့ရပါတယ်။ဒီကားထဲမှာတော့ Mortal Kombat ကိုသိတဲ့ လူတိုင်းနဲ့မစိမ်းတဲ့ Johnny Cage (ဂျွန်နီကေ့ဂျ်) အကြောင်းကို တွေ့ရမှာပဲဖြစ်ပါတယ်။သူ့ရဲ့ဘဝနေထိုင်မှုပုံစံတွေ မင်းသားအလုပ်အကိုင်တွေအပြင် တခြားအကြောင်းအရာတွေ အများကြီးကိုလည့်းတွေ့ရမှာပါ။အကျဉ်းချုပ်ပြောရရင်တော့ ဂျွန်နီတစ်ယောက် နင်ဂျာမိုင်းဆိုတဲ့ရုပ်ရှင်ရိုက်ကူးနေရင်းသူနဲ့ အတူရိုက်ကူးနေတဲ့ မင်းသမီးပျောက်သွားလို့ ဇာတ်ကားဆက်ရိုက်လို့မရတော့မှာကို စိတ်ပူပြီး ကိုယ်တိုင် လိုက်ရှာရင်းနဲ့ ရှုပ်ထွေးတဲ့ အမှောင်နတ်ဘုရားတွေနဲ့ပတ်သတ်တဲ့ အန္တရာယ်တွေကို တွေ့မြင်လာရပြီး ဘယ်လိုတွေရင်ဆိုင်မလဲ သူ့အစွမ်းတွေကရော ဘယ်လိုရလာတာလည်း ဆိုတာကိုမြင်ရမှာပဲဖြစ်ပါတယ်။...

Chandramukhi 2 (2023) ⭐IMDB: 3.3/10 (2 k Votes) 🎬 #Bollywood #Comedy #Drama #Horror 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 35 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Chandramukhi 2 (2023) (သို့) နှစ်ဘဝကလဲ့စား ဘောလိဝုဒ်သရုပ်ဆောင်တွေကြား တမူထူးတဲ့ရုပ်ရည်လေးနဲ့ မင်းသမီးချောလေး ကန်ဂနားကို တစ္ဆေမလေးအဖြစ်မြင်တွေ့ရမဲ့ကားဖြစ်ပါတယ်ဂမ္ဘီရဆန်ဆန် လျှို့ဝှက်ဆန်းကြယ်ပုံတွေက ဂျန်ဂျမားတို့ Plot နဲ့ သွားဆင်နေတာဖြစ်လို့ ကြည့်ရင်းနဲ့ ဂျန်ဂျမား vibe မျိုးရစေမှာပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း ********************************* အရမ်းကို ချမ်းသာတဲ့မိသားစုတစ်စုက ပြဿနာပေါင်းသောင်းခြောက်ထောင်တတ်ပြီးတော့ မိသားစုပိုင် စက်ရုံလည်း မီးလောင်၊လုပ်သမျှ အလုပ်တိုင်းကလည်း မဖြစ်၊ စေ့စပ်ခါနီး သမီးဖြစ်သူမှာလည်း ကားအက်စီးဒန့်ကြောင့်နဲ့ အောက်ပိုင်းသေသွားခဲ့ပြီးသမီးကြီးကလည်း ဘာသာမတူတဲ့သူနဲ့ ခိုးရာလိုက်ပြေးလို့ အဆက်အသွယ်ဖြတ်ထားရာကနေကလေးနှစ်ယောက်ရပြီးကာမှ လေယာဥ်ပျက်ကျပြီး ဆုံးသွားခဲ့ရပါတယ်။ ဒီလို ပြဿနာတွေ တောက်လျှောက်ဖြစ်နေတဲ့အတွက်ကြောင့် ဘာများဖြစ်တာလဲဆိုပြီးတော့ သူတို့ကိုးကွယ်နေတဲ့ ဂုရုကြီးကို ပင့်ပြီး မေးမြန်းတဲ့အခါမှာတော့သူတို့က ဘုရားရှင်ကို နေ့စဥ်မပြတ် ပူဇော်ကိုးကွယ်နေပေမဲ့ ဘိုးဘေးတွေကိုတော့ ပစ်ထားခဲ့တဲ့အတွက် ဘိုးဘေးတွေကနေအမျက်ထွက်ပြီးတော့ အခုလိုဒုက္ခတွေ ကြုံတွေနေရတာဖြစ်ကြောင်း၊ ဒီဒုက္ခတွေကနေ လွတ်မြောက်အောင် ဘိုးဘေးတွေကိုပြန်ပြီးတော့ ပူဇော်ပေးရမှာဖြစ်ကြောင်း၊ ဘိုးဘေးတွေကို ပူဇော်တဲ့နေရာမှာလည်း သွေးသားတော်စပ်တဲ့ မိသားစုတိုင်းကဘိုးဘေးတွေကိုးကွယ်ခဲ့တဲ့ ဘုရားကျောင်းကို သွားပြီးတော့ ၄၈ရက်ကြာအောင် သွားရောက် ပူဇော်ရမယ်ဆိုတဲ့ဂုရုကြီးရဲ့ပြောကြားချက်ကြောင့်နဲ့ ဒီမိသားစုဟာ ဘိုးဘေးတွေကိုးကွယ်တဲ့ ဘုရားကျောင်းရှိရာမြို့လေးဆီကို လာရဖို့ ဖြစ်လာတဲ့အခါမှာ သူတို့ တစ်မိသားစုလုံး နေထိုင်နိုင်ဖို့အတွက် ဘုရားကျောင်းနဲ့လည်း နီးတဲ့ စံအိမ်ကြီးတစ်ခုကိုငှားလိုက်ရာကနေ အဲဒီစံအိမ်ကြီးထဲကို သူတို့တွေ ရောက်လို့လာခဲ့ကြတဲ့နောက်ပိုင်းမှာတော့ ……..စံအိမ်ကြီးထဲမှာ ဘယ်လို ဆန်းကြယ်မှုတွေ ရှိနေမလဲ…. သူတို့မိသားစုနဲ့ စံအိမ်ကြီးကရော ဘယ်လိုဆက်စပ်မှုတွေ ရှိနေမလဲ….၄၈ရက်ကြာ ပူဇော်ပြီးတဲ့ နောက်မှာရော သူတို့မိသားစုတွေရဲ့ ဆိုးနေတဲ့ကံတွေပြန်ကောင်းလာနိုင်မလား ဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ အထိတ်တလန့် ကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Who Killed Bambi? (2013) ⭐IMDB: 5.6/10 (1 k Votes) 🎬 #Adventure #Comedy #Crime 🗓 2013 🎞 movie 🌎 #Spain ⏰ 1 နာရီ 30 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီစပိန်ဇာတ်လမ်းလေးကတော့ သူငယ်ချင်းနှစ်ယောက်ရဲ့တလွဲစွန့်စားခန်းလေးပဲဖြစ်ပါတယ်။ ကိုယ်အလုပ်လုပ်နေတဲ့ရုံးကသူဠေးသမီးနဲ့မှ ကြိုက်မိတဲ့ကောင်လေးတစ်ယောက် သူ့ ယောက်ခမသူဠေးကြီး ‌ပေါက်ကရအဖြစ်အပျက်တွေကြားထဲက အိမ်ကိုကောင်းကောင်းပြန်ရောက်ဖို့အရာ နည်းလမ်းတွေရှာ ကြိုးစားနေချိန်မှာ အခြားတစ်ဖက်မှာလဲ အကြွေးတွေနစ်နေတဲ့ လူနှစ်ယောက် သူဠေးကို ပြန်ပေးဆွဲဖို့ကြိုးစားတဲ့အခါ ပြဿနာ‌တွေစတက်ပါတော့တယ်။ ပေါက်ကရတိုက်ဆိုင်မှုတွေနဲ့ဇာတ်လမ်းကိုစထားပြီးတော့ သူငယ်ချင်းနှစ်ယောက်၊ သူဠေးနဲ့ ပြန်ပေးသမားတွေကြားဘယ်လိုဆက်ဖြစ်ကြမှာလဲ ဇာတ်လမ်းက ဘယ်လိုအဆုံးသတ်မှာလဲ နောက်ဆုံးဇာတ်လမ်းနာမည်ဖြစ်တဲ့မေးခွန်းကို အဖြေဘယ်လိုပေးသွားမလဲဆိုတာကို ရယ်ရင်းမောရင်း ‌ ရင်လဲမောရင်းကြည့်ရမှာပြဖြစ်ပါတယ်။ The Hangover တို့လိုဇာတ်ကားမျိုးတွေကြိုက်တတ်ရင် ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်ဖို့အကြံပေးချင်ပါတယ်ခင်ဗျာ...

A Frustrated Married Woman with A Part-time Job- Amatsuka Moe [FSDSS-681-Decensored] ⭐- 🎬 #Adult #Asian 🗓 - 🎞 tv series 🌎 #Japan ⏰ 2 နာရီ 1 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 JAV မင်းသမီးတွေထဲ ပိုစတာမှာ အရုပ်မလေးလိုချောတယ်ထင်ရတာတွေ တပုံကြီးရှိပေမယ့် ဇာတ်ကားထဲမှာကျ မတူတော့တာများပါတယ်… ဒီထဲမှာ Moe ကတော့ မပါခဲ့ပါဘူး… Decensored Version နဲ့ဆိုတော့ Moe ကို ငြိတွယ်ဖို့လုံလောက်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...

Fearless Hyena (1979) ⭐TMDB: 66.0% User Score 🎬 #Action #Comedy #JackieChan 🗓 1979 🎞 movie 🌎 #HongKong #SouthKorea #HongKong #SouthKorea ⏰ 1 နာရီ 37 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ချန်းလုံဆိုတဲ့ လူငယ်လေးဟာ အဘိုးနဲ့အတူ တစ်ရွာပြီးတစ်ရွာ ရွှေ့ပြောင်းနေထိုင်ရင်း ရရာအလုပ်လုပ်ပြီး ဘဝကို ပျော်အောင်ဖြတ်သန်းနေတဲ့လူငယ်လေးဖြစ်ပါတယ်။ အဖိုးဖြစ်သူသင်ကြားပေးတဲ့ ကွန်ဖူးသိုင်းပညာကို ကြိုးစားလေ့ကျင့်ပြီး ပြဿနာပဲရှာနေတတ်တဲ့လူငယ်လေးရဲ့ အရည်အချင်းတွေကို အမြတ်ထုတ်မယ့် လူတစ်စုနဲ့ ဆုံတွေ့လာပါတော့တယ်။ ကလိမ်ကကျစ်ကျတတ်တဲ့ လူတစ်စုစီ ရောက်သွားတဲ့ သူကရော ဘာတွေတွေ့ကြုံရမလဲ၊ အဖိုးက စည်းကမ်းတွေတားမြစ်ထားတာ ဘာကြောင့်များလဲ၊စည်းကမ်းတွေ မလိုက်နာခဲ့တဲ့ အကျိုးဆက်ကို ချန်းလုံတစ်ယောက် တွေ့ကြုံလာရတဲ့အခါမှာတော့ … comedy actionအမျိုးအစားဖြစ်တာကြောင့် ရယ်ရယ်မောမောကြည့်ရမယ့်အပြင် ဟောင်ကောင်မင်းသားကြီး Jackie Chanရဲ့ အသက်၂၀ကျော် ကာလအပိုင်းအခြားမှာ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဖြစ်တာကြောင့် old but goldလို့ အပြည့်အဝဆိုနိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ရိုးရာသိုင်းပညာကားတွေကို လွမ်းနေတဲ့သူတွေအတွက်လည်း ဟာသနှောထားပေမယ့် သိုင်းပညာဘက်မှာလည်း မလျှော့ထားတဲ့ The Fearless Hyena (1979) ကိုကြည့်ပြီး ဘဝအမောပြေနိုင်တဲ့ရုပ်ရှင်ကားတစ်ခုဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်။ အညွှန်းနဲ့ဘာသာပြန် Ahorne ဖြစ်ပါတယ်...

The Rising of the Shield Hero (2019- ) ⭐IMDB: 7.9/10 (16 k Votes) 🎬 #Animation #Action #Adventure #SciFi #Fantasy #Drama #Comedy #Romance 🗓 2019- 🎞 tv series 🌎 #Japan #SouthKorea ⏰ 23 မိနစ် 39 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Rising of The Shield Hero (season 01)ဆယ်ကျော်သက်ကျောင်းသားIwatani Naofumiဟာအပြိုင်စကြဝဠာကိုအခြားလူ၃ယောက်နဲ့အတူ Your browser does not support the video tag.သူရဲကောင်းတွေဖြစ်လာဖို့အတွက် ဆင့်ခေါ်ခြင်းခံခဲ့ရပါတယ်သူတို့လေးယောက်စလုံးဟာသက်ဆိုင်ရာဒဏ္ဍာရီဝင်လက်နက်တစ်ခုစီကိုရရှိခဲ့ပြီးIwatani Naofumiကတော့ဒိုင်းကာကိုလက်နက်အနေနဲ့ရရှိခဲ့ပါတယ်အပြင်လောကရဲ့အတွေ့အကြုံနည်းပါးမှုနဲ့သြဇာကင်းမဲ့မှုတို့ကြောင့်သူရဲကောင်း၄ယောက်ထဲမှာ အားအနည်းဆုံးအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်အစ၃ရက်မှာတင်သစ္စာဖောက်ခံရ၊မှားပြီးအစွပ်စွဲခံရတဲ့အပြင်ပစ္စည်းလုတာပါခံခဲ့ရပြီးဘုရင်ကအစ ကျွန်အဆုံးရဲ့မသတီခြင်းကိုပါခံခဲ့ရပါတယ်အဲ့လိုကိစ္စတွေကြောင့်Iwatani Naofumiအတွက်တော့လက်စားချေလိုစိတ်နဲ့အမုန်းတရားကလွဲပြီးမရှိတော့ပါဘူးသူရဲ့အပြိုင်ကမ္ဘာစွန့်စားခန်းကဘယ်လိုဖြစ်သွားမလဲဆိုတာကိုကြည့်နိုင်ပါပြီ(ဘာသာပြန်ပေးထားတာတော့ DrNyanပဲဖြစ်ပါတယ်)...

Annabelle (2014) ⭐IMDB: 5.4/10 (170 k Votes) 🎬 #Horror #Mystery #Thriller 🗓 2014 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2013 တုန်းက ထွက်ရှိထားခဲ့တဲ့ The Conjuring နောက်ကနေ 2014 မှာဒီဇာတ်ကားထွက်လာပါတယ်.. သရဲကားမို့လို့ထူးထူးခြားခြားအညွှန်းတွေပေးမနေတော့ပါဘူး CM ပရိတ်သတ်လည်းဒီ အရုပ်နဲ့ပတ်သတ်တဲ့ ဇာတ်ကားကိုမစိမ်းဘူးလို့ထင်ပါတယ်.. မကြည့်ဖူးဘူးဆိုရင်လည်းသေချာကြည့်လိုက်ပါ. အတော်ကြောက်ဖို့ကောင်းတဲ့သရဲဇာတ်လမ်းဖြစ်ပြီး သရဲကားကောင်းကောင်းတွေကိုမှကြည့်ချင်တဲ့သူတွေ အတွက်တော့အထူးအကြိုက်တွေ့စေမယ့်ဇာတ်ကားမျိုးပါ.. .ကြောက်တတ်သူများ.. နှလုံးရောဂါရှိသူများ နှင့် ကလေးသူငယ်များ.. တစ်ဦးတစ်ယောက်တည်းကြည့်ချင်းလုံးဝမသင့်တော်ပါ...

Annabelle: Creation (2017) ⭐IMDB: 6.5/10 (146 k Votes) 🎬 #Horror #Mystery #Thriller 🗓 2017 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၂၀၁၄ တုန်းကAnnabelle အမည်နဲ့ ဇာတ်ကားထွက်ခဲ့ဖူးပြီး အခုဇာတ်လမ်းကတော့ အမှောင့်ပယောဂ ဝင်နေတဲ့ အန်နာဘဲလ် အရုပ်မရဲ့ ရာဇဝင်ကို ရိုက်ကူးထားတာမို့ အရင်အန်နာဘဲလ်ဇာတ်လမ်းနဲ့ ရင်းနှီးပြီးသား ပရိ သတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလို့ဆိုရမှာပါ။ ဆမ်မြူရယ်မူလင်ဟာ ဇနီးအက်စ်သာ၊ သမီးလေးအန်နာ ဘဲလ်နဲ့အတူ ကယ်လီဖိုးနီးယားက ယာတောအိမ်ကြီးမှာနေထိုင်ရင်း ကစားစရာအရုပ်တွေ ပြုလုပ်ပြီးအသက်မွေးသူပါ။ တစ်ရက်မှာတော့ (၇)နှစ်အရွယ်သမီး လေး အန်နာဘဲလ်ဟာ ဆိုးရွားလှတဲ့ ယာဉ်တိုက်မှုတစ်ခုကြောင့် ကွယ်လွန်သွားခဲ့ပြီး ဆမ်မြူရယ်ဟာလည်းသူ့သမီးမရှိတော့တဲ့နောက် အရုပ်တွေလည်း မလုပ်တော့ပါဘူး။အဲဒီလိုနဲ့နေလာရင်း အန်နာဘဲလ်ဆုံးတာ ၁၂နှစ်ပြည့်ပြီးတဲ့နောက်မှာတော့ ဆမ်မြူရယ်တို့ ဇနီးမောင်နှံဟာ ယာတောအိမ်ကြီးမှာ သူတို့နှစ်ယောက်တည်းနေ တာဖြစ်တဲ့အတွက် မိဘမဲ့ဂေဟာ ပိတ်လိုက်ရလို့ နေစရာမရှိဖြစ်နေတဲ့ သီလရှင်တစ်ပါးနဲ့ မိဘမဲ့ မိန်းကလေးခြောက်ယောက်ကို ယာတောအိမ်ကြီးမှာ လာနေဖို့ ခွင့်ပြုခဲ့ပါတယ်။ အဲဒီအိမ်ကြီးကို မိန်းကလေးတွေ ရောက်လာပြီးနောက်မှာတော့ ထူးဆန်းတဲ့ကိစ္စရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာပြီး မိဘမဲ့မိန်းကလေးတွေထဲက ပိုလီယိုကြောင့် ခြေထောက်မသန်တဲ့ ဂျန်နစ္စတစ်ယောက် အရုပ်လိုလို၊ လူလိုလို လှုပ်ရှားမှုတစ်ခုရဲ့ ခြောက်လှန့်မှုနဲ့ကြုံခဲ့ပါတော့တယ်။ ဂျန်နစ္စက ယာတောအိမ်ကြီးက ပိတ်ထားတဲ့အခန်းတစ်ခန်းကို သွားဖွင့်မိရာကနေ မိန်းကလေးတစ်ယောက်ပုံစံ ထူးဆန်းတဲ့အရုပ်နဲ့ ကြုံခဲ့တာဖြစ်ပါတယ်။ နောက်တော့ တစ်ယောက်ပြီးတစ်ယောက် အိမ်ကြီးထဲက ဆန်းကြယ်တဲ့အဖြစ်အပျက်တွေ၊ အခြောက်အလှန့်တွေကြုံခဲ့ပြီး အရုပ်လုပ်သူ ဆမ်မြူရယ်ရဲ့ စမ်းသပ်မှုတစ်ခုရဲ့ ဓားစာခံတွေဖြစ်ခဲ့ရပါတော့တယ်။ အခြောက်အလှန့်တွေလုပ်တဲ့အရုပ်နဲ့ သေသွားတဲ့အန်နာဘဲလ်က ဘယ်လိုအဆက်အစပ်တွေရှိနေတာလဲ၊ သီလရှင်နဲ့ မိဘမဲ့မိန်းကလေးတွေ အမှောင့်ပယောဂဝင်နေတဲ့ သစ်သားရုပ်ရဲ့ လက်က လွတ်မြောက်နိုင်ပါ့မလား၊ ဒီအရုပ်နဲ့ပတ်သက်လို့ ဆမ်မြူရယ်က ဘာတွေလျှို့ဝှက်ကြံစည်ထားသလဲဆိုတာတော့ ဆက်ကြည့်လိုက်ပါဦးလို့။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေက စတက်ဖနီဆစ်မန်း၊ တာလီသာဘိတ်မန်း၊ လူလူဝီလ်ဆင်၊ ဖီလစ်ပါကော့လ်ဟာ့တ်၊ အန်သိုနီလာပါဂလီယာ၊ မီရန်ဒါအော့တို စသူတွေ ဖြစ်ပါတယ်။ ။(ဇာတ်လမ်းအညွှန်းကိုတော့ 7Daily Website မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ ခင်ပြည့်စုံကျော်ပါ)...

Annabelle Comes Home (2019) ⭐IMDB: 5.9/10 (84 k Votes) 🎬 #Horror #Thriller #Mystery 🗓 2019 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ပရလောက ကိုစပ်စုတက်တဲ့ ဒန်နီရယ် ဆိုတဲ့ မယ်ရီ ရဲ့ သူငယ်ချင်းကောင်မလေးက ၀ါရန်းမိသားစု ရဲ့ လျို့ဝှတ်ခန်းဆိုတာကို ကြားပဲ ကြားဖူးပြီး အရမ်းအင်မတန် ရောက်ချင် တွေ့ချင်စိတ် ရှိသူဖြစ်ပါတယ် ဒါကြောင့် ကလေးထိန်း လုပ်နေတဲ့ မယ်ရီကို ကပ်ပြီး ဂျူဒီလေး ရဲ့ မွေးနေ့ကို အကြောင်းပြကာ ၀ါရန်း အိမ်ကြီးသို့ မရရအောင် ဝင်လာခဲ့ပါတယ်….. ၀ါရန်းလင်မယားက လျို့ဝှတ်အခန်းကို ဘယ်လောက်ပဲ သော့တွေ အထပ်ထပ်ပိတ်ပြီး တားဆီးထားပါစေ အန်နာဘယ် အရုပ်ထဲ ဝင်နေတဲ့ မကောင်းဆိုးဝါး က ဒန်နီရယ်ကို လမ်းပြပြီး သူ့အရှေ့ကို ရောက်အောင် ခေါ်ဆောင်ခဲ့သော အခါမှာတော့...

Mary Cherry Chua (2023) ⭐TMDB: 0.0% User Score 🎬 #Asian #Horror 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 33 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mary Cherry Chua (သို့) သွေးရောင်လွှမ်းတဲ့ည (2023)IMDb – 6.3/10 ကျွန်မတို့ဘဝမှာ သရဲခေါ်နည်းပေါင်းစုံကစားခဲ့ကြဖူးမှာပါ ဖျာလိပ်နတ် ဆေးလိပ်နတ် ဘောပင်နတ် စသဖြင့်ပေါ့ခေါ်ရင်းနဲ့သိချင်တာတွေမေးပြီး အရယ်အမောနဲ့ဇာတ်သိမ်းသွားသူတွေရှိသလို နှင်ပုံနှင်နည်းမဟုတ်လို့ဒုက္ခရောက်ကြသူတွေကိုလည်း ကြားဖူးကြမှာပါ ဒီဇာတ်လမ်းဟာဆိုရင် ဖိလစ်ပိုင်မှာလူသိများတဲ့ မတရားသဖြင့်အသတ်ခံလိုက်ရတဲ့ ကျောင်းသူလေး မယ်ရီချယ်ရီချူရာဆိုတဲ့လူပြောများတဲ့ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ ကျောင်းမှာဆို စာကြိုးစားတဲ့ကလေးမလေး ရုပ်ကလည်းချော စာလေးကလည်းတော်နဲ့ လူချစ်လူခင်များတဲ့လူတစ်ယောက်..တစ်နေ့မှာတော့ တစ်ကျောင်းလုံးကိုရှော့ခ်ရစေတဲ့သတင်းတစ်ပုဒ်တက်လာခဲ့တယ် ဒါကတော့ သူမရဲ့အလောင်းကိုကျောင်းရေကူးကန်မှာတွေ့လိုက်ရလို့ပါပဲ သွေးအလိမ်းလိမ်းနဲ့မြင်မကောင်းအောင်အသက်မရှိတော့တဲ့သူ့ကို ဘယ်သူကများအငြှိုးတကြီးသတ်လိုက်တာများလဲ ခံပြင်းလွန်းလှတဲ့သူမအတွက်တော့ သွေးတွေနဲ့ပဲတစ်ကျောင်းလုံးကိုလှည့်ပတ်ပြီးတရားမျှတမှုတောင်းဆိုနေပါတော့တယ် ကာရန်ဆိုတဲ့ ကျောင်းသူလေးကတော့ သရဲဇာတ်လမ်းတွေ အရမ်းစိတ်ဝင်စားပြီး အပေါင်းအသင်းသိပ်မရှိတဲ့ ကောင်မလေးတစ်ယောက်ပါ..လူငယ်သဘာဝ တားထားတာကိုမှပိုလုပ်ချင်တဲ့သူမ သူငယ်ချင်းဖြစ်သူနဲ့ မယ်ရီ့ကိုခေါ်ဖို့ မယ်ရီသေခဲ့တဲ့ရေကန်ဆီသွားပြီးခေါ်ပါတော့တယ်ဒါပေမဲ့ ဂိမ်းကစားရင်းအကြောက်လွန်ပြီး ဂိမ်းစည်းကမ်းဖောက်ဖျက်လိုက်တဲ့ သူငယ်ချင်းကြောင့် ဘာတွေဆက်ဖြစ်သွားမလဲ..အဆိုရှိနေကြတဲ့ မယ်ရီဆိုတာရောတကယ်ရှိရဲ့လား သူမရဲ့တရားမျှတမှုကိုရှာနိုင်ပါ့မလားနောက်ဆုံး ဒီသရဲဇာတ်လမ်းက ကာရန်ကိုယ်တိုင်နဲ့ပါ ဆက်နွယ်မှုရှိနေတာကို သိလိုက်ရတဲ့အခါမှာတော့… ဘယ်လိုဆက်ဖြစ်မလဲ အာရှ horror ကြိုက်တဲ့ CM ပရိသတ်ကြီးအတွက်ဖိလစ်ပိုင်စကားပြော horror ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် (အညွှန်းကိုတော့ Yunni မှရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni ~ V ~ ToMo ~KKKZ တို့ပဲဖြစ်ပါတယ်...

Khufiya (2023) ⭐IMDB: 6.1/10 (3 k Votes) 🎬 #Action #Bollywood #Drama #Crime #Thriller #Mystery #Biography 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 39 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kufiya (2023) IMDb-6/10 ယောကျာ်ားက မိန်းမကို ပစ် သားသမီးကိုပစ်ပြီးအချစ်သစ်ရှာတဲ့သာမန် အိမ်ထောင်ရေးဇာတ်လမ်းတွေနဲ့ကွဲထွက်ပြီးမိန်းမက သူသိပ်ချစ်ရတဲ့အမျိုးသမီးအတွက် သူ့အိမ်ထောင််ရေးကိုစွန့်ခွာကွဲထွက်တဲ့ဘောလိဝုဒ်ရုပ်ရှင်အသစ်တခုကို တင်ဆက်ပေးချင်ပါတယ် Netflix ကထုတ်လွှင့်လိုက်တဲ့ တဘူးရဲ့ Spy / Thriller ကားပါ ဒီကားက Amur Bhushan ရဲ့Escape to Nowhere စာအုပ်ကိုအခြေခံပြီးရိုက်ကူးထားတာလို့ ပြောကြတာတွေလည်းရှိသလိုဒီကားရဲ့ ဒါရိုက်တာ Vishal Bhardwaj ကလည်း သူ့ဇာတ်လမ်းတွေမှာ ရှိတ်စပီးယားပြဇာတ်တွေထဲကနေအလျဉ်းသင့်သလိုယူပြီး ထည့်သွင်းရိုက်ကူးတတ်သူလို့လည်းပြောကြပါတယ်ဒီကားထဲက စစ်ဆေးရေးတွေနာမည်ကိုက ဂျုးလီးယက်ဆီဇာတို့ ဘရူးတက်စ်တို့ ဖြစ်နေတာပါပဲ ဇာတ်လမ်းအညွှန်း ကရစ်ရှနာ(တဘူး) တို့ စပိုင်အဖွဲ့ကလူတွေ စစ်ဆင်ရေးလုပ်တဲ့အချိန်မှာ ရန်သူဘက်ကအမြဲအသာစီးရနေပြီးစပိုင်အဖွဲ့ဝင်တွေပဲ အရင်ရှင်းပစ်ခံနေရတဲ့အချိန် ဟီနာဆိုတဲ့ စပိုင်တစ်ယောက်လည်း အဲဒီလိုအဖြစ်ဆိုးမျိုးကြုံလိုက်ရတယ် ဒီကိစ္စကိုစုံစမ်းဖို့အတွက် စပိုင်အဖွဲ့က ကရစ်ရှ်နာကိုတာဝန်ပေးလိုက်တယ် အလုပ်ကနေအနားယူတော့မဲ့ကရစ်ရှ်နာတစ်ယောက် အဖွဲ့အတွက်အရေးကြီးဆုံးတာဝန်လည်းဖြစ်ချစ်ရသူသေရတဲ့ကိစ္စလည်းဖြစ်နေတော့ မနေသာပဲဝင်ပါရပြန်တယ် ဒီလိုအဖြစ်အပျက်တွေအတွက် အဖွဲ့ကနေအဓိကသံသယရှိသူက ရာဗီ သူကလည်းသူ့ကိုသိသွားကြမှန်းသိ‌တာနဲ့ ချက်ချင်းမိသားစုပါခေါ်ပြီး လစ်ပြေးတော့တာပဲဒါပေမဲ့သူကခိုင်းစေခံရသူသာသာပဲ သူ့နောက်ကွယ်မှာအဓိကတရားခံကရှိနေသေးတယ် စပိုင်တွေကိုတောင် အသာစီးယူပြီးရှင်းပစ်နိုင်နေတဲ့ရန်သူကိုအနိုင်ယူဖို့….ခင်ပွန်းနဲ့ သားကိုဖုံးကွယ်ထားတဲ့ ချစ်ခြင်းတရားတစ်ခုအတွက်လက်စားချေဖို့…ဒါတွေကို ကရစ်ရှ်နာတစ်ယောက်အဆုံးထိအောင်မြင်အောင်လုပ်နိုင်သွားမလား ဆိုတာမင်းသမီးချောသုံးယောက်ရဲ့အလှကို ရှူစားရင်းခံစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Alex ~ ToMo ~ KKKZ ~ Zwe ~ Aditi တို့ပဲဖြစ်ပါတယ်...

Our Flag Means Death (2022- ) ⭐IMDB: 7.8/10 (35 k Votes) 🎬 #Comedy #Action #Adventure #Drama #Biography #History #Romance 🗓 2022- 🎞 tv series 🌎 #UnitedStates #NewZealand #PuertoRico ⏰ 28 မိနစ် 44 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Our Flag Means Death (2022) (Complete)Our Flag means Death (2022) (Completed Limited Series)  Your browser does not support the video tag.~ IMDb – 7.4/10, RT – 90%, Meta – 61% ~ ပင်လယ်ဓားပြကားကောင်းလေးတွေကို လွမ်းနေမိတာတော်တော်ကြာပြီပဲဆိုပါတော့။ ကိုရီးယားပင်လယ်ဓားပြကားကောင်းလေးထွက်ထားပေမဲ့ အနောက်တိုင်းပင်လယ်ဓားပြ vibe လေးကိုလည်း ကြည့်ချင်နေမိတာဗျ။ အဲလိုမျှော်နေတုန်း ထွက်လာတဲ့ ပင်လယ်ဓားပြစီးရီးလေးကတော့ Our Flag means Death ပဲဖြစ်ပါတယ်။ အနောက်တိုင်းပင်လယ်ဓားပြတွေရဲ့ ဝတ်ပုံစားပုံတိုက်ပုံခိုက်ပုံတွေကို ပြန်လည်ရှုစားရမယ့်ပင်လယ်ဓားပြစီးရီးလေးဆို‌ပေမဲ့ ကပ္ပတိန်စပဲရိုးတို့နဲ့မတူတာက ဒီစီးရီးက ဟာသဘိုင်အိုဂရပ်ဖီစီးရီးလေးဗျ။ အဓိကကတော့ဗျာ ကာရေဘီယံပင်လယ်ပြင်ကြီးက ပင်လယ်ဓားပြတွေရဲ့ ဘဝကိုပြန်လည်‌မြင်တွေ့ရမှာရယ်၊ အနောက်တိုင်းပင်လယ်ပြင်တိုက်ပွဲတွေကိုပြန်ခံစားရမှာရယ်၊ ဘဝအမောတွေပြေအောင် ရယ်ရမောရမှာတွေရယ်ကြောင့် တော်တော်ကြည့်ရှုသင့်တဲ့စီးရီးလေးပါ။ ဇာတ်လမ်းလေးရဲ့အကျဉ်းလေးကိုပြောရမယ်ဆိုရင် ကြောက်တတ်၊ လန့်တတ်၊ အစိုးရိမ်လွန်တတ်တဲ့ ကပ္ပတိန်ကြီးစတိဘောနက်နဲ့ ကြမ်းချင် ရမ်းချင် မိုက်ချင် ကန်းချင် တပည့်ကျော်လူမိုက်ကြီးတွေနဲ့ ပင်လယ်ဓားပြလောကကို စတင်ဝင်ရောက်လာတဲ့ကားလေးပေါ့ဗျာ။ ဒီတော့ တစ်လွဲ‌တွေချည်းလုပ်နေတဲ့ကပ္ပတိန်ကြီးနဲ့ သူ့အောက်တပည့်ကျော်ကြီးတွေ ဘယ်လိုတစ်လွဲဟာသတွေ လုပ်နေရင်း ပင်လယ်ပြင်မှာ ရေပြင်စစ်ပွဲဆင်နွှဲကြမယ်၊ ဘယ်လိုထူးဆန်းထွေလာတွေကြုံကြမယ်၊ ဘယ်လိုမျိုးတွေ ဆရာတပည့်‌တွေ တိုင်လည်နေကြမယ်ဆိုတာ ရင်ထိတ်စရာရှိတဲ့အခါ ထိတ်ရလိုက်၊ အူနာအောင်ရယ်တဲ့အခါရယ်ရလိုက်နဲ့ကြည့်ရမယ့် မနေ့ညမှစတင်ထွက်ရှိလာခဲ့တဲ့ ရှယ်ကောင်းတဲ့ ပင်လယ်ဓားပြစီးရီးလေးပါပဲ။ ပင်လယ်ဓားပြဇာတ်လမ်းတိုင်းရဲ့ နာမည်ကျော် အပြင်မှာလည်း တကယ်ရှိခဲ့ဖူးတဲ့ ပင်လယ်ဓားပြတိုင်းရဲ့ အိပ်မက်ဆိုးဖြစ်တဲ့ မုတ်ဆိတ်နက်ကြီးလည်း ဒီစီးရီးထဲပါပါတယ်။ သူ့နေရာမှာတော့ ရုပ်ရှင်ပရိသတ်တိုင်းနဲ့မစိမ်းမယ့် ဇာတ်ကားတွေဖြစ်တဲ့ What We Do in the Shadows, Thor: Ragnarok, Jojo Rabbit တို့ရဲ့ ပဲ့ကိုင်ရှင် Taika Waititi ကိုယ်တိုင် သရုပ်ဆောင်ထားပါတယ်။ (ဒီစီးရီးရဲ့ အညွှန်းကိုရေးသားပေးသူကတော့ San Thu Aung ပဲဖြစ်ပါတယ်။)...