es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete 👈

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
The Monster Is Coming (2024) ⭐TMDB: 0.0% User Score 🎬 #Action #Adventure #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 24 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ပင်လယ်နယ်နိမိတ်အတွင်းမှာ နိုင်ငံတကာက ပူးပေါင်းထူထောင်ထားတဲ့ခါအော်စီးကျွန်းဟာ ပတ်ဝန်းကျင်လှပပြီး သဘာဝအရင်းအမြစ်ပြည့်ဝတဲ့ရှားပါတောရိုင်းတိရစ္ဆာန်တွေ ရှင်သန်ရာ နယ်မြေလေးတစ်ခု ဖြစ်ပါတယ်။ကျွန်းပေါ်မှာ လက်ဝါးကြီးအုပ်ထားတဲ့ ဟော်ကျုံနည်းပညာကုမ္ပဏီရဲ့အပေးအယူတစ်ခုမှာ ဗီဇပြောင်းတိရစ္ဆာန်ကြီး ၂ ကောင်ကလွတ်မြောက်သွားခဲ့ပြီး လူသားတွေကို အန္တရာယ်ပြုနေခဲ့ပါတယ်။ ဇီဝဗေဒပညာရှင် စုန်နန်ဟာလည်း ဒီကိစ္စကို လိုက်လံစုံစမ်းချိန်မှာသူ့သမီးလေးရှောင်ထင်ကို တိရစ္ဆာန်ကြီးက ဖမ်းခေါ်သွားခဲ့ပါတယ်။စုန့်နန်အတွက် မထင်ထားရဆုံးအဖြစ်က ဒီတိရစ္ဆာန်ကြီး ၂ ကောင်ကိုတီထွင်ဖန်တီးသူက သူ့ရဲ့ ဇနီးဟောင်းဖြစ်သူ ကျိုးချန့်ပဲ ဖြစ်နေပါတယ်။ရှာဖွေစုံစမ်းမှုတွေနဲ့ တိရစ္ဆာန်ကြီးတွေကို ပြန်လည်ထိန်းသိမ်းဖို့ရှောင်ထင်ကို ကယ်တင်ဖို့ တာဝန်ကြီးက စတင်ရပါတော့တယ်။ ဒီလို အန္တရာယ်တွေကို စုန့်နန်တစ်ယောက် ဘယ်လို ဖြေရှင်းမလဲ……သူ့ကို ဘယ်လို အန္တရာယ်အသစ်တွေကရော စောင့်နေမလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။
...

Irish Wish (2024) ⭐IMDB: 5.3/10 (5 k Votes) 🎬 #Comedy #Fantasy #Romance 🗓 2024 🎞 movie 🌎 #Ireland #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၂၄ မတ်လ ၁၅ ရက်ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ Irish Wish ဆိုတဲ့ အချစ်ဟာသဇာတ်မြူးကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားရဲ့အဓိကဆွဲဆောင်မှုက မင်းသမီး Lindsay Lohan ဆိုရင်လည်း မမှားပါဘူး။ အချိန်အကြာကြီးအနားယူနေခဲ့တဲ့ Lindsay Lohan ရဲ့ Netflix နဲ့ဒုတိယမြောက်လက်တွဲ ရိုက်ကူးခဲ့တဲ့ဇာတ်ကားလည်း ဖြစ်ပါတယ်။ Kirsten Hansen ရေးသားပြီး Janeen Damian ရိုက်ကူးထားတဲ့အမေရိကန်ရုပ်ရှင်ဇာတ်ကားဟာ အိုင်ယာလန်မှာအခြေတည်ထားတာဖြစ်ပြီး အိုင်ယာလန်ရဲ့ လှပတဲ့ရှု့မျှော်ခင်းများစွာပါဝင်ပါတယ်။ မင်းသမီး Lindsay Lohan နဲ့တင် ကြည့်ရတာတန်တဲ့ရုပ်ရှင်ဖြစ်တယ်လို့ ဝေဖန်ရေးသမားတွေက ဆိုထားပါတယ်။ ဇာတ်ကားထွက်ရှိလာပြီးနောက်တစ်ရက်မှာပဲ Netflix ရဲ့ လူကြည့်အများဆုံးရုပ်ရှင်စာရင်းမှာ နံပါတ်တစ်ချိတ်ခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ****************ဝတ္တုအယ်ဒီတာမလေးမတ်ဒဲလင်ကယ်လီဟာ သူတည်းဖြတ်ပေးရတဲ့စာအုပ်ရဲ့စာရေးဆရာ ပေါလ်ကနေဒီကို ကြိတ်ကြိုက်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပေါလ်ကမတ်ဒဲလင်ရဲ့သူငယ်ချင်းအမ်မာကို မြင်မြင်ချင်းချစ်မိသွားတဲ့အခါ ပေါလ်နဲ့အမ်မာဟာ အိုင်ယာလန်မှာ လက်ထပ်ဖို့ဖြစ်လာခဲ့ပါတယ်။ သတို့သမီးအရံလုပ်ရမယ့်မတ်ဒဲလင်က အိုင်ယာလန်ကို လိုက်သွားရင်း မှော်ကျောက်ကုလားထိုင်တစ်ခုပေါ်မှာ ပေါလ်နဲ့လက်ထပ်ရမယ့်သူဟာ သူပဲဖြစ်ပါစေလို့ ဆုတောင်းလိုက်မိပါတယ်။ မထင်မှတ်ဘဲ မတ်ဒဲလင်ရဲ့ ဆုတောင်းပြည့်ပြီး သတို့သမီးနေရာကိုရောက်သွားတဲ့အခါ မတ်ဒဲလင်ရဲ့ကံကြမ္မာလည်း ပြောင်းလဲသွားခဲ့ရပါတော့တယ်။
...

Grudge: The Revolt of Gumiho (2010) ⭐TMDB: 33.0% User Score 🎬 #Drama #SciFi #Fantasy 🗓 2010 🎞 Series 🌎 #SouthKorea ⏰ 1 နာရီ 9 မိနစ် 22 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Grudge: The Revolt of Gumiho (2010)Grudge: The Revolt of Gumiho (2010) ***********************************စ/ဆုံး  ဒီတစ်ခါ Channel Myanmar ကနေ တင်ဆက်ပေမဲ့ drama လေးကတော့ supernatural နဲ့ historical movie genre ကြိုက်သူတွေအကြိုက်ဖြစ်နိုင်လောက်မဲ့ ဂျိုဆွန်းခေတ်အခြေတည်ထားတဲ့ Grudge: The Revolt of Gumiho (2010) ကားလေးပဲ ဖြစ်ပါတယ် ဒီကားက မင်မင်တို့ငယ်ငယ်ကအရမ်းကြိုက်ခဲ့ရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ခဏခဏပြန်ကြည့်ဖြစ်တဲ့ကားလေးတစ်ကားပါ ဒီဇာတ်လမ်းထဲမှာ MY DEMON ထဲ အသည်းကျော်လေး YOO JUNG ပေါက်စကိုလည်း မြင်ကြရဦးမှာပါ အဓိကဇာတ်ဆောင်တွေအဖြစ်နဲ့ကတော့ မင်းသမီးကြီး Han Da Gam မင်းသမီးအငယ်လေးနှစ်ယောက်ဖြစ်တဲ့ Kim Yoo Jung, Seo Shin Ae, မင်းသားကြီး Jang Hyun Sung တို့နဲ့အတူ အခြား နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်း _______________ခင်ပွန်းဖြစ်သူ လူသားတစ်ယောက်ရဲ့ ကတိမတည်မှုကြောင့် လူသားတစ်ယောက်ဖြစ်နိုင်မဲ့ အခွင့်အရေးကို ဆုံးရှုံးလိုက်ရတဲ့ ဂူမီဟိုမလေး ဂူဆန်း(Han Da Gam)နဲ့ သူမရဲ့ သမီးလေး ယွန်းဟီး(Kim Yoo Jung) ခင်ပွန်းဖြစ်သူ သေဆုံးသွားတာကြောင့် နေထိုင်စရာ အခက်အခဲရှိနေတဲ့ သားအမိနှစ်ယောက်ကို ကြင်နာတတ်တဲ့အရာရှိမင်းဟောင်း ယွန်းဒိုဆူ (Jang Hyun Sung) က နေထိုင်စရာနေရာပေးပြီး ကူညီခဲ့ပါတယ် လူကြီးမင်းယွန်းကတော့ သူ့သမီးလေး ယွန်းချိုအို့(Seo Shin Ae)ရဲ့ ထူးဆန်းတဲ့ရောဂါအတွက် ကုသနည်းကိုလိုက်ရှာနေခဲ့တာပါ ချိုအို့ရဲ့ရောဂါပျောက်ကင်းနိုင်မဲ့တစ်ခုတည်းသောနည်းလမ်းက သမီးလေးလိုချစ်ရတဲ့ ယွန်းဟီးကို စတေးလိုက်မှရမဲ့ကိစ္စဖြစ်လာတဲ့အခါ…. လူသားတွေရဲ့ လောဘ အတ္တတွေနဲ့ ဂူမီဟိုတစ်ယောက်ရဲ့ ရန်ငြိုးကြီးမားစိတ်တို့မှာ ဘယ်အရာက အနိုင်ရသွားမလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးဇာတ်လမ်းတွဲအညွှန်းကိုတော့ Theint Naychi Wai မှ ရေးသားပေးထားပါတယ်
...

Bandidos (2024) ⭐TMDB: 84.0% User Score 🎬 #Action #Adventure 🗓 2024 🎞 Series 🌎 # ⏰ 47 မိနစ် 31 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bandidos (2024) ရတနာသိုက်ကိုလိုက်ရှာတဲ့ စွန့်စားခန်းဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် Netflixရဲ့အသစ်စက်စက်စပိန်ဇာတ်လမ်းတွဲဖြစ်တဲ့ Bandidos၊ စပိန်ဓားပြကားတွေဘယ်လောက်လန်းလဲဆိုတာကို Money Heist က သက်သေပြထားတာမလို့ ဒီကားလေးရော စိတ်တိုင်းကျဖြစ်ပါ့မလားဆိုတာ ရှုစားကြည့်လိုက်ရအောင်ပါ။ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီးမီဂဲလ်က ငယ်စဉ်ကတည်းကအဖေဖြစ်သူ နာမည်ကျော် ရှေးဟောင်းသုတေသနပညာရှင်ဂျူအန်မိုရာလိစ်နဲ့အတူ ရှေးဟောင်းရတနာသိုက်တွေလိုက်ရှင်းရင်းကြီးပြင်းလာသူဆိုတော့ ရှေးဟောင်းပစ္စည်းတွေနဲ့ အကျွမ်းတဝင်ရှိသူပါ။ဒါပေမဲ့ အဖေ့လိုလူရိုသေရှင်ရိုသေ ရှေးဟောင်းသုတေသီဖြစ်မလာဘဲဦးလေးနဲ့ပေါင်းပြီး ခိုးဆိုးလုနှိုက်ပေါက်စဖြစ်လာတဲ့သိုးမည်းလေးပေါ့။ဒီလိုနဲ့ အဖေဖြစ်သူ အယ်ဇိုင်းမားဖြစ်လာတော့ ဘုရားစူးဂုဏ်ယူရတဲ့သားတော်မောင်ကိုမမှတ်မိတော့ဘဲ သူ့ရဲ့တပည့် တက်သစ်စသုတေသီအာရီရယ်ကိုပဲမှတ်မိနေလို့ ကြိတ်မနိုင်ခဲမရဖြစ်နေတာကတစ်ဖက်၊အဖေ့ဆေးဖိုးနဲ့ အကြွေးပတ်လည်ဝိုင်းနေတာကတစ်ဖက်ကြောင့်အစွမ်းပြချင်နေတော့တာပေါ့။ဒီလိုနဲ့ တစ်နေ့ ဟိုတယ်မှာအလုပ်လုပ်ရင်း ဂျူအန်မိုရာလိစ်ဆိုတဲ့နာမည်နဲ့လာရှာတဲ့ ဖာနန်ဒက်ဇ်ဆိုသူဆီကနေ ခန်းနိုင်ငံနောက်ဆုံးဘုရင်ရဲ့ရွှေရတနာသိုက်အကြောင်း လမ်းစရသွားလေတော့ နဂိုထဲကဇလေးနဲ့မီဂဲလ်တစ်ယောက် အကြွေးနွံကနေအလွတ်ရုန်းဖို့ ရတနာသိုက်ရှာမယ်တကဲကဲဖြစ်ပြီး လူစုပါတော့တယ်။ဒါပေမဲ့ ရတနာသိုက်အကြောင်းကို သူတို့လိုပဲလမ်းစရပြီး သူတို့ထက်ဦးသွားတဲ့သူတွေလည်းရှိနေတဲ့ မီဂဲလ်၊ ဦးလေးဝီဆင်၊ တစ်ချိန်ကလုပ်ဖော်ကိုင်ဖက်တစ်ဖြစ်လည်း တိတ်တခိုးချစ်ရတဲ့လီလီနဲ့ လူးကပ်စ်တို့၄ ယောက် ရတနာသိုက်ကို လက်ဦးမှုရယူဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကြည့်ရှုခံစားလိုက်ရအောင်ပါ
...

Followers (2024) ⭐IMDB: 5.3/10 (67 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 14 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Social media influencer တစ်ယောက်ဖြစ်တဲ့ ဟယ်သာဟာ သူမရဲ့​Daily Life ကို​အမြဲတမ်းမျှဝေလေ့ရှိသူပါ တစ်နေ့မှာ​တော့​ဟယ်သာ ဆမ်နဲ့ရိုင်လေတို့သူငယ်ချင်း သုံးယောက်ဟာ Hiking ထွက်လာခဲ့ပါတယ်. မရောက်ဖူးမသွားဖူးတဲ့နေရာကို သွားကြရင်း မျှော်လင့်မထားတဲ့ အန္တရာယ်ဆိုးကြီးကိုကြုံတွေ့ ခဲ့ကြရပြီး ကံကောင်းစွာနဲ့ လွတ်မြောက်လာခဲ့ကြပါတယ်.. ဒီလိုနဲ့တစ်နှစ်ခွဲလောက်ကြာတော့ သူတို့ရဲ့ဖြစ်ရပ်မှန် Documentary ကို​influencer ဖြစ်သူဟယ်သာက တင်လိုက်ချိန်မှာတော့ပေါက်​သွားပြီး​ဟယ်သာ့မှာလည်း follower တွေတိုးလာပါတော့တယ် မဆုံဖြစ်တာကြာတဲ့ ဟယ်သာတို့ သူငယ်ချင်းသုံးယောက်​ပြန်ဆုံကြဖို့အတွက် ဟယ်သာကသူ့ကောင်လေးရဲ့မိဘတွေအိမ်မှာ အတူပြန်ဆုံ ကြဖို့ချိန်းရင်း သူတို့သုံးယောက်ပြန်ဆုံဖို့ဖြစ်လာပါတော့တယ် သူတို့မသိတာက ဟယ်သာ့ရဲ့ influencer အလုပ်က သူတို့အပေါ်ဘယ်လိုသက်ရောက်နေလဲဆိုတာကိုပါ သူတို့ရဲ့ပြန်လည်တွေ့ဆုံမှုမှာ ဘာတွေဆက်ဖြစ်မှာလဲဆိုတာကိုတော့
...

Addicted to Love (1997) ⭐TMDB: 61.0% User Score 🎬 #Comedy #Romance 🗓 1997 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Addicted to Love ဇာတ်ကားလေးဟာဆိုရင် ၁၉၉၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဒါရိုက်တာ Griffin Dunne က ရိုက်ကူးထားတဲ့ ရိုမန်းတစ်ဟာသ အချစ်ဇာတ်မြူးလေးဖြစ်ပါတယ်။ ဒီကားထဲမှာ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Matthew Broderick၊ Kelly Preston၊ Linda တို့က အဓိကပါဝင်ထားပြီး လူသားတယောက်ရဲ့ အချစ်ပုံသဏ္ဍန်ကို အဓိပ္ပာယ်များစွာနဲ့ ဖော်ကျူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** Sam က နက္ခတ္တ‌ဗေဒပညာရှင်တယောက်ဖြစ်ပြီးတော့ သူ့ရဲ့ စေ့စပ်ထားတဲ့ချစ်သူ Linda ရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရပါတယ်။ Linda ကတော့ ကျောင်းဆရာမအလုပ်ကို ပျော်မွေ့တဲ့သူဖြစ်ပါတယ်။ နယူးယောက်မြို့မှာ ကျောင်းဆရာမအလုပ်ကို သွားလုပ်တဲ့ Linda ရဲ့ လမ်းခွဲနှုတ်ဆက်စာကို ဖတ်ပြီးချိန်မှာ Sam တယောက် ရတက်ပွေပြီး သူ့ချစ်သူနောက်ကို ခြေရာခံလိုက်ပါတော့တယ်။ Linda က နယူးယောက် စားသောက်ဆိုင်ပိုင်ရှင်သူဌေး Anton နဲ့ အချစ်သစ်ရှာတွေ့သွားခဲ့တာဖြစ်ပြီး Sam က သူတို့နှစ်ယောက်ကို လျှို့ဝှက်စောင့်ကြည့်ဖို့ စက်ကိရိယာအသစ်တခုတီထွင်လိုက်ပါတော့တယ်။ ဒီအခါမှာ Anton ရဲ့ရည်းစားဟောင်း Maggie ကလည်း သူ့ဘဝကို အသုံးချပြီးသစ္စာဖောက်သွားတဲ့ Anton ကို လက်စားချေဖို့ ကြံစည်နေတာပါ။ အဲဒီမှာပဲ Sam နဲ့ Maggie တို့ နှစ်ယောက်ပူးပေါင်းပြီး Anton နဲ့ Linda တို့နေထိုင်တဲ့ တိုက်ခန်းကို အသံဖမ်းခိုးနားထောင်ကြပါတယ်။ ဒါတင်မက သူတို့စုံတွဲကို နေ့တိုင်း ပြဿနာတမျိုးပြီးတမျိုးတက်အောင် ဇာတ်လမ်းဆင်ပြီး နောက်ကွယ်ကနေ တိတ်တိတ်ကလေး လုပ်ကြံပါတော့တယ်။ ဒီနောက်ပိုင်းမှာတော့ အန်တန်တို့စုံတွဲ ဘယ်လိုဆက်ဖြစ်သွားမှာလဲ၊ Sam က သူအရမ်းချစ်ရတဲ့တဲ့ Linda နဲ့ ပြန်ပေါင်းထုပ်နိုင်မှာလား၊ Maggie ကရော သူ့ရဲ့အစီအစဉ်ကို အကောင်အထည်ဖော်နိုင်မှာလား၊ Anton ရဲ့ ဘဝကို Maggie တယောက် ဘယ်လိုနစ်နာအောင် လက်စားချေပြမလဲဆိုတာ ဟာသအသော ကလေးတွေနဲ့ ဇာတ်ဝင်ခန်း တခန်းပြီးတခန်း ငြီးငွေ့စရာမရှိအောင် စောင့်မျှော်‌ အားပေးကြရမှာဖြစ်ပါတယ်။
...

School Society (2022) ⭐IMDB: 6.2/10 (160 Votes) 🎬 #Comedy 🗓 2022 🎞 movie 🌎 #France ⏰ 1 နာရီ 44 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ နိုင်ငံအများစုမှာ ကျင့်သုံးနေတဲ့ ပညာရေးစနစ်နှင့် မိဘတွေ မှားယွင်းစွာ စွဲမြဲနေတဲ့ အကျင့်စရိုက်တွေကြောင့် အနာဂါတ်ခေါင်းဆောင်လေးတွေဖြစ်တဲ့ ကလေးငယ်လေးတွေ အညွန့်ချိုးခံနေရတဲ့အဖြစ်ကို မီးမောင်းထိုးရိုက်ကူးတင်ဆက်ထားတဲ့ ပြင်သစ်ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မစ္စ ဗာဂျင်နီသီဗနုက အရင်က တက္ကသိုလ်မှာ အဆင့်မြင့်သင်္ချာဘာသာရပ်ကို သင်ကြားတဲ့ တက္ကသိုလ်ဆရာမ ဖြစ်ပေမယ့် သူ့အတန်းကကျောင်းသားတစ်ယောက်ဟာ ဖိအားများလွန်းပြီး သတ်သေသွားတာကြောင့် စိတ်ဒဏ်ရာရပြီး အလယ်တန်းကျောင်းလေးကို သာမာန်သင်္ချာဆရာမအဖြစ် ပြောင်းလာပါတော့တယ်။ ဒီလိုနဲ့ သူမရောက်ပြီး မကြာပါဘူး၊ ဒီအလယ်တန်းကျောင်းလေးမှာ ပညာရေးဘုတ်အဖွဲ့က ရန်ပုံငွေကိုလျှော့ချလိုက်တဲ့ အတွက် ကလေးတွေကို အဓိကဘာသာရပ်တွေကလွဲပြီး တခြားဘာသာရပ်တွေကို လျှော့ချဖို့လုပ်တဲ့အခါမှာ ဆရာတွေရော ကျောင်းသားမိဘတွေပါ ကျောင်းမတက်ဘဲ ဆန္ဒပြပါတော့တယ်။ ဒါပေမဲ့ တချို့မိဘတွေက သူတို့သားသမီးက ဆန္ဒပြကာလအတွင်းမှာလည်း ကျောင်းတက်စေချင်တဲ့အတွက် ဒီကလေးအချို့ကို မစ္စသီဗနုနှင့် စက်မှုဆရာက ထိန်းရပါတော့တယ်၊ ဒီအချိန်မှာ မစ္စသီဗနုအနေနဲ့ ကလေးတွေအတွက် မွန်းကြပ်စရာကောင်းတဲ့ ကျောင်းကြီးကို ကလေးတွေ လာချင်စိတ်ဖြစ်အောင် ဘယ်လိုသင်ကြားမလဲ၊ မိဘတွေရဲ့ လောင်းရိပ်တွေ ဆရာဝန်မှ အင်ဂျင်နီယာမှဆိုတဲ့ လွဲမှားနေတဲ့အတွေးအခေါ်တွေကို ဘယ်လိုပြုပြင်ပေးမလဲဆိုတာကို စိတ်ဝင်စားဖွယ် အတုယူဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။
...

The Pumpkin Man (2023) ⭐IMDB: 4.4/10 (110 Votes) 🎬 #Horror #Fantasy 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ငယ်ငယ်တုန်းက အပျော်အပျက်သဘောနဲ့ သရဲခေါ်တမ်း ကစားဖူးပါသလား ? The Pumpkin 2023 ရုပ်ရှင်မှာတော့ အဲဒီလိုမျိုး လက်တည့်စမ်းချင်တဲ့ ကလေးတစ်သိုက်ရဲ့ အဖြစ် အပျက်ကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ် ။ ခရုမ်းဝဲလ်လို့ ခေါ်တဲ့ မြို့ကလေးမှာ ဖရုံသီးလူသားဆိုတာ ဟောလိုးဝင်းအချိန်ရောက်တိုင်း နာမည်ကြီးလာနေကျ ဇာတ်လမ်းတစ်ပုဒ်လည်းဖြစ်သလို မြို့ရဲ့ အတိတ်ဆိုးတစ်ခု လို့လည်း ပြောလို့ရပါတယ် ။ သည်းထိပ်ရင်ဖိုတွေကို စိတ်ဝင်စားတဲ့ ကတ်သရင်းလို့ ခေါ်တဲ့ ကလေးမလေးဟာ သူငယ်ချင်းဖြစ်သူ ဂျန်းနီနဲ့အတူ သရဲအိမ်ဝင်ရင်း ဖရုံသီး လူသားနဲ့ ဆက်စပ်နေတဲ့ စာရွက်ပိုင်းလေးတစ်ခုကို ရှာတွေ့ခဲ့ပါတယ် ။ ကလေးပီပီ စပ်စုချင်စိတ်တွေက ဒီမှာတင် ရပ်တန့်မသွားခဲ့ဘဲ နောက်ဆုံးမှာ ကတ်သရင်း ၊ ဂျန်းနီတို့ အပြင် နောက်ထပ် သူငယ်ချင်းနှစ်ယောက် ဖြစ်တဲ့ မိုက်ကယ်နဲ့ တီနာကိုပါ အဖော်ညှိပြီး ဖရုံသီးလူသားကို ဆင့်ခေါ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ် ။ အပျော်သဘောနဲ့ စမ်းကြည့်တဲ့ သူတို့လုပ်ရပ်ကြောင့် တကယ်ပဲ ဖရုံသီးလူသားက ရောက်လာမှာလား ? မကြာခင်မှာပဲ တီနာတစ်ယောက် ပျောက်ချင်းမလှ ပျောက်သွားရပါတော့တယ် ။ တီနာကို တကယ်ပဲ ဖရုံသီးလူသားက ခေါ်သွားတာလား ။ ကျန်တဲ့ သူငယ်ချင်း တွေကရော ဖရုံသီးလူသားနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ဟောလိုးဝင်းအငွေ့အသက်တွေ လွှမ်းနေတဲ့ The Pumpkin Man ရုပ်ရှင်မှာ အားလုံးအတူတူ ကြည့်ရှုလိုက်ရအောင်နော်
...

Weak Layers (2023) ⭐IMDB: 4.9/10 (218 Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 32 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခေါင်းဆောင်မင်းသမီး Katie Burrell ကိုယ်တိုင် ရေးသားရိုက်ကူးတင်ဆက်ထားတဲ့ ဟာသကားတစ်ကား ဖြစ်ပါတယ်။ Katie Burrell အပြင် Jadyn Wong ၊ Evan Jonigkeit နဲ့ Neal Bledose တို့လည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။ နှင်းလျှောစီးအပန်းဖြေစခန်းရှိရာ မြို့တွေကို ခရီးသွားတွေနဲ့ကြေးစားနှင်းလျှောစီးအားကစား သမားတွေရောက်ရှိလာချိန်မှာ ဒေသခံတွေအတွက်ပေးတဲ့ မေတ္တာစာတစ်စောင်လို လွမ်းမောဖွယ်ရာခံစားချက်မျိုးရရှိ စေတဲ့အတွက် အော်ဟစ်ရယ်မောနေရတဲ့ဟာသ ဇာတ်ကား မျိုးတော့မဟုတ်ပါဘူး။ ဇာတ်လမ်းအကျဉ်း *************** ပါတီကိုခုံမင်လွန်းတဲ့ အချစ်ဆုံးသူငယ်ချင်းသုံးယောက်ဟာ ငှားနေတဲ့အိမ်ကနေနှင်ထုတ်ခံလိုက်ရပြီးတဲ့နောက် နှင်းလျှောစီး ရုပ်ရှင်ပြိုင်ပွဲတစ်ခုမှာ ပါဝင်ယှဉ်ပြိုင်ဖို့ဖြစ်လာခဲ့ပါတယ်။ ပြိုင်ပွဲကရရှိတဲ့ဆုကြေးငွေနဲ့အိမ်ငှားရမှာဖြစ်ပေမယ့် နာမည်ကျော် ရုပ်ရှင်ရိုက်ကူးသူတွေ၊ ကြေးစားနှင်းလျှောစီးသမားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အမျိုးသားတွေကြီးစိုးထားတဲ့ နှင်းလျှောစီးအားကစားလောကကိုနောက်ခံထားပြီး တောင်ပေါ် မြို့လေးမှာ သူငယ်ချင်းသုံးယောက်ရဲ့ဗရုတ်သုတ်ခဟာသတွေကို ကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်။
...

My Norwegian Holiday (2023) ⭐IMDB: 6.6/10 (2 k Votes) 🎬 #Comedy #Drama #Romance #TVMovie 🗓 2023 🎞 tv movie 🌎 #UnitedStates #Canada #Ireland #Norway ⏰ 1 နာရီ 24 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတင်ဆက်ပေးသွားမှာကတော့ နော်ဝေးနိုင်ငံသား ဟင်နရစ်နဲ့ JJဆိုတဲ့ ကောင်မလေးရဲ့ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ် JJ ဟာ ဒေါက်တာဘွဲ့ရရှိအောင် ကြိုးစားနေသူဖြစ်ပြီး လက်ရှိမှာတော့ အထက်တန်းကျောင်းမှာ ဆရာမလုပ်ရင်း စာတမ်းပြုစုနေသူတစ်ဦးပါ။ သိပ်မကြာခင်အချိန်က အဘွားဖြစ်သူကို ဆုံးရှုံးထားရပြီး ဘဝမှာလမ်းပျောက်နေသလို ခံစားနေခဲ့ရသူလည်းဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ သူ ကော်ဖီဆိုင်ထိုင်နေချိန် ကောင်မလေးတစ်ယောက်နဲ့ စကားများရင်း ကျန်ရစ်ခဲ့တဲ့ ဟန်နရစ်‌နဲ့ တွေ့ဆုံခဲ့ပါတယ်။ အကျိုးအကြောင်းတိုက်ဆိုင်ပြီး ဟန်နရစ်ကို ထားခဲ့တဲ့ကောင်မလေးနဲ့  JJ နာမည်တူနေတဲ့အချိန်မှာ ဟန်နရစ်ဟာ အပိုရှိနေတဲ့ လေယာဉ်လက်မှတ်ကို JJ ကိုပေးပြီး နှစ်ယောက်သား အတူတူ နော်ဝေးကိုသွားဖို့ အကြောင်းဖန်လာတဲ့အခါ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လည်း စတင်လာပါတော့တယ်
...

Urban Legends: Bloody Mary (2005) ⭐TMDB: 48.0% User Score 🎬 #Horror #Mystery #Thriller 🗓 2005 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Urban Legends: Bloody Mary (2005)=========================== Urban Legends: Bloody Mary ဟာ Urban Legends ဇာတ်ကားတွဲတွေရဲ့တတိယနဲ့နောက်ဆုံးကားဖြစ်ပြီး ပထမနှစ်ကားနဲ့လည်း ဘာအဆက်အစပ်မှမရှိတော့တာကိုတွေ့ရပါလိမ့်မယ်။ ထူးခြားတာက ဒီဇာတ်ကားမှာ သဘာ၀လွန်အယူအဆတွေကိုထည့်သုံးထားပြီး လူသတ်မှုတွေကိုလိုက်ပါစုံစမ်းပြီး နောက်ကွယ်က လက်သည်ကိုဖော်ရာမှာအစောပိုင်း supernatural ဇာတ်လမ်းတွဲတွေရဲ့အငွေ့အသက်ကိုရနေတာပါပဲ။ ၁၉၆၉ မှာ ဝါသင်တန်အထက်တန်းကျောင်းရဲ့ကပွဲမှာ ကျောင်းဘောလုံးအဖွဲ့ဝင်အုပ်စုဟာ သူတိုရဲ့ပွဲတက်ဖော်တွေကို ဆေးခတ်ဖမ်းခေါ်သွားဖို့ကြိုးစားခဲ့ကြပါတယ်။ အဲ့ဒီဖြစ်ရပ်မှာ တစ်ခြားမိန်းကလေးတွေပြန်လွတ်မြောက်လာခဲ့ပေမယ့် သူတို့ထဲ မေရီဆိုတဲ့တစ်ယောက်ကိုတော့ လုံး၀ရှာမတွေ့တော့တာ အခုချိန်ထိဖြစ်ပါတယ်။ နောက်ထပ် ၃၅ နှစ်အကြာမှာ အဲ့ဒီလိုအဖြစ်မျိုးထပ်တူပြန်ဖြစ်ခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ အားလုံးပြန်လွတ်လာခဲ့ပါတယ်။ ဒါပေမယ့် သူတို့ပြန်လွတ်လာပြီးနောက်မှ သူတို့သူငယ်ချင်းအုပ်စုထဲကလူတွေထူးဆန်းတဲ့နည်းနဲ့တစ်ယောက်ပြီးတစ်ယောက်သေဆုံးလာခဲ့ချိန်မှာတော့ ၊bloody maryဒဏ္ဍာရီဟာ ဒီဖြစ်ရပ်တွေနဲ့ဆက်စပ်နေမလား? လွန်ခဲ့တဲ့ ၃၅ နှစ်က မေရီတစ်ယောက် ဘယ်လိုအဖြစ်မျိုးကြုံခဲ့ရလဲ အဲ့ဒီအဖြစ်အပျက်တွေရဲ့လက်သည်အမှန်ဟာ ဘယ်သူဖြစ်မလဲ အစရှိတာတွေကို ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)
...

Mami Wata (2023) ⭐IMDB: 6.6/10 (315 Votes) 🎬 #Drama #Fantasy #Thriller 🗓 2023 🎞 movie 🌎 #Nigeria #France #UnitedKingdom ⏰ 1 နာရီ 47 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mami Wata (2023)===============IMDb Rating – 6.6/10 “Mami Wata”ဆိုတဲ့ ဇာတ်ကားလေးဟာ အရမ်းကိုခေတ်နောက်ကျကျန်နေခဲ့တဲ့ အီရီရွာလေးကို အခြေတည်ပြီးရိုက်ကူးထားတဲ့ပညာပေးဆန်ဆန်ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ်။ ကိုးကွယ်ယုံကြည်မှုမှာရော၊ လူတွေကိုယုံကြည်တဲ့နေရာမှာရော ဘယ်အရာကိုမှ အစွန်းမရောက်သင့်ဘူးဆိုတဲ့သင်ခန်းစာ‌လေးကို မီးမောင်းထိုးပြသွားတာပေါ့။ ထူးခြားတာက တစ်ကားလုံး အဖြူနဲ့အမည်းကာလာပဲမို့လို့  ဇာတ်ကားကပေးချင်တဲ့မက်ဆေ့ဂ်ျကို ပိုပြီးပေါ်လွင်သွားစေတယ်လို့ထင်ပါတယ်။ အီရီရွာလေးက “Mami Wata”ဆိုတဲ့ ရေနတ်ဘုရားမကိုကိုးကွယ်ကြပြီး စာသင်ကျောင်းလည်းမရှိ၊ အနောက်တိုင်းဆေးပညာကိုလည်းမယုံ၊ သူများတွေ ဂန်းနဲ့ဆော်နေချိန် သူတို့က လျှပ်စစ်မီးတောင်မရသေးတဲ့ ရွာလေးတစ်ရွာ။ အီရီရွာမှာ ရေနတ်ဘုရားမရဲ့ကိုယ်စားပြုသဘောမျိုးဖြစ်တဲ့ မေမေကြီးအိဖ်ဆိုတာရှိတယ်။ တစ်နေ့တော့ သူ့မွေးစားသမီးက ပင်လယ်ထဲကနေ လူတစ်ယောက်ကိုကယ်လာခဲ့ရာကနေ သူတို့ရွာလေးရဲ့ကံကြမ္မာ တစ်မျိုးတစ်ဖုံပြောင်းလဲဖို့ဖြစ်လာပါတော့တယ်။ IMDb rating 6.6/10နဲ့ Rotten Tomatoes 100% ထိရရှိထားတဲ့ကားလေးမို့ ကြည့်ရှုခံစားကြည့်လိုက်ကြပါဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)
...

Incident in a Ghostland (2018) ⭐IMDB: 6.4/10 (39 k Votes) 🎬 #Drama #Horror #Mystery #Thriller 🗓 2018 🎞 movie 🌎 #Canada #China #France ⏰ 1 နာရီ 31 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Psychopath ကားမျိုးကိုမှ ကြည့်ချင်တဲ့သူအတွက် Ghostland ဆိုတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းနဲ့မိတ်ဆက်ပေးပါရစေ။ Ghostland ဆိုလို့ သရဲက ဟိုခြောက်လိုက်ဒီခြောက်လိုက်နဲ့ ဟိုအော်ဒီအော်နဲ့ပြီးသွားမယ့် ကားလို့မထင်လိုက်ပါနဲ့။ Elizabeth Keller ဆိုတဲ့ နာမည်ကြီး သရဲဝတ္တုစာရေးဆရာမကြီးရှိတာပေါ့။ သူက Incident in Ghostland ဆိုတဲ့ ဖြစ်ရပ်မှန်သရဲဝတ္တုစာအုပ်နဲ့ ရောင်းအားအကောင်းဆုံးမှာ ရှိနေတာပေါ့။ သူ့ကို interview တွေလည်းမေးကြတယ် ဒီစာအုပ်နဲ့ ပတ်သက်ပြီးတော့ပေါ့။ Beth မှာ အမေရယ် Vera ဆိုတဲ့ အစ်မတစ်ယောက်ရှိပါတယ်။ သူတို့ဟာ လွန်ခဲ့တဲ့ ၁၆ နှစ်က သူရယ် သူ့အစ်မရယ် သူ့အမေ ရယ်က အိမ်ကြီးတစ်အိမ်ပြောင်းသွားတော့ Psychopath နှစ်ယောက်ရဲ့ တိုက်ခိုက်မှုကိုခံရတဲ့ အကြောင်းကို Beth ကရေးထားတာလေ။ အဲ့တော့ လူတိုင်းက စိတ်ဝင်စားနေကြတာပေါ့။ တစ်ရက်တော့ အဲ့ဒီကို အိမ်ကို သူူပြန်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ သူပြန်ရောက်တော့ သူ့အစ်မ Vera နဲ့တွေ့ပြီး တကယ့်လက်တွေ့ဘဝက သူအဲ့ဒီအိမ်မှာပဲပိတ်မိနေသေးတယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ သူတို့ညီအစ်မ နှစ်ယောက် ဘယ်လို လွတ်အောင်ပြေးမလဲ Pscychopath နှစ်ယောက်ရဲ့ လက်ခုတ်ထဲကရေလိုပဲ ဆက်နေသွားရမလားဆိုတာ ပရိတ်သတ်ကြီးကိုယ်တိုင်ပဲကြည့်လိုက်ပါလို့ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Brilliant Star ဖြစ်ပါတယ်)
...

Highlander (1986) ⭐TMDB: 69.0% User Score 🎬 #Action #Adventure #Fantasy 🗓 1986 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Highlander (1986)================IMDb Rating – 7.0/10 Highlander 1986 ဇာတ်ကားကတော့ စိတ်ကူးယဥ် Fantasyကားပါ။ စကော့နလန်ဓားသမားတစ်ယောက်ဟာ သူ့ကိုယ်သူမသေမျိုးဖြစ်နေမှန်းသိလာခဲ့ပါတယ်။ သူတို့လိုမသေမျိုးတွေဟာနောက်ဆုံးတစ်ယောက်ပဲ ရှင်ကျန်ရစ်တဲ့အထိ တိုက်ခိုက်ရတာမျိုးပါ။ လူတွေက မသေချင်ကြပါဘူး။ ဒါပေမယ့် ကော်နာမက်ခလောက်စ်တစ်ဖြစ်လဲ နက်ရှ်ကတော့ အသက်ရှင်နေရတာကို ငြီးငွေ့လို့နေပါတယ်။ သူချစ်ရတဲ့ အမျိုးသမီးတွေဟာ သေမျိုးဖြစ်နေတော့ တစ်ယောက်တည်း ရှင်ကျန်ရစ်ခဲ့ရတာမျိုးပါပဲ။ ချစ်ခြင်း ၊ တိုက်ခိုက်ခြင်း၊ရှင်သန်ရခြင်းတွေနဲ့တွဲဖက်ရိုက်ထားတာပါ။ ဒါရိုက်တာ RussellMulcahy က ရိုက်ကူးထားတာဖြစ်ပြီး ဆုအတွက် နှစ်ကြိမ်တောင်တင်သွင်းခံရပါတယ်။ IMDB rating 7.0 ရရှိထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thy Santa ဖြစ်ပါတယ်)
...

Hanu-Man (2024) ⭐TMDB: 66.0% User Score 🎬 #Action #Adventure #Bollywood #Fantasy #Comedy #ScienceFiction 🗓 2024 🎞 movie 🌎 #India #Telugu ⏰ 2 နာရီ 30 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hanu-man (2024) Imdb8.4/10 Rtscore 86% လက်ရှိမှာ ဟင်ဒီအသံဖြင့်သာ အကြည်ထွက်ရှိလာသေးတာမလို့ဟင်ဒီအကြည်ဗားရှင်းဖြင့်သာ တင်ဆက်ပေးထားပါတယ်========================စူပါမျောက်မင်း ဟာနုမန် ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့တီလဂူလ်စူပါဟီးရိုးကားလေးပဲ ဖြစ်ပါတယ်အမြတ်ငွေလည်း ၃၅၀ ကုဋေလောက်ရရှိခဲ့ပြီး 2024 မှာဒုတိယရုံဝင်ငွေအကောင်းဆုံးကားဖြစ်ပါတယ် ဇာတ်လမ်းလေးကို ပြောရရင်rating တွေ ကြည့်ရုံနဲ့ မခေလှတာကိုတော့ တွေ့မှာပါပဲအထူးပြုလုပ်ချက်ဘာညာကလည်း ရိုးရာလဲမပျက်ခေတ်လဲမှီတဲ့ပုံစံလေးမို့ မဆိုးဘူးလို့ပဲ မှတ်ချက်ပေးရမှာပါတစ်ခုပြောပြရမှာကတော့ ဗီလိန်ကတော့ ဆရာဘတ်နဲ့အဲဖရက်ကိုRef ယူထားတာပါ ဆရာဘတ်လိုမိဘတွေသေမှ စူပါဟီးရိုးဖြစ်မှာဆိုပြီးကိုယ့်မိဘကိုယ်ပြန်သတ်တဲ့ ဆရာဘတ်အဇာတသတ် ဗားရှင်းကဗီလိန်ကြီးပါအဲ့ချိန်မှာ မင်းသားတို့ရဲ့ရွာလေးမှာလည်း ရွာကိုအနိုင်ကျင့်စားနေတဲ့လူမိုက်ခေါင်းဆောင်နဲ့ သူ့တပည့်တွေရှိပါတယ်အဲ့ကောင်တွေက မင်းသားရဲ့ကောင်မလေးနဲ့ ပြသနာဖြစ်လို့အဲ့ကောင်မလေးကို သတ်ဖို့လုပ်တာကို မင်းသားကအချစ်စွမ်းအားနဲ့ကြားကဝင်တားတာ ဟိုကောင်တွေက ချောက်ထဲကိုကန်ချလိုက်ပါတယ်ချောက်ထဲပြုတ်ကျပြီး သိုင်းကျမ်းမရပဲ အစွမ်းရသွားတဲ့စူပါဟာနုမန်နဲ့ စူပါဟီးရိုးဖြစ်ချင်လှတဲ့ ဆရာဘတ်အတုတို့ရင်ဆိုင်ကြရတဲ့အခါမှာတော့…..ပရိသတ်ကြီးပဲ အာရှစူပါဟီးရိုးကားလေးကို အားပေးကြပါဦးအခြေအနေကောင်းရင် စူပါဒဿဂီရိတွေ ထပ်ထွက်လာနိုင်ပါသေးတယ်… အညွှန်းနဲ့ဘာသာပြန်ကတော့ Saii ~ BpL ~ V ~ Thaik San တို့ပဲ ဖြစ်ပါတယ်
...

61* (2001) ⭐TMDB: 69.0% User Score 🎬 #Biography #Drama #History #TVMovie 🗓 2001 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 8 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb raing – 7.7/10 အခုတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ M&M boys လို့ဘေ့စ်ဘောသမိုင်းမှာ legendary most valuable players တွေလို့ကိုတင်စားထားတဲ့ Roger Maris နဲ့ Mickey Mantle တို့ သူတို့ရဲ့သမိုင်းမှတ်တိုင်ဖြစ်တဲ့ home run- 61 ခု မှတ်တိုင်ကိုဘယ်လိုစိုက်ထူခဲ့လဲဆိုတာကိုကြည့်ရမယ့် biography, drama ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ တကယ့်ကိုအချိန်ပေးရထိုက်တန်တဲ့ Motivation အပြည့်အဝရနိုင်တဲ့ဇာတ်လမ်းလေးဆိုရင်လည်းမမှားပါဘူး။ ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့…. Babe Ruth ဟာ Base Ball Single-season တစ်ခုတည်းနဲ့ home run record မှတ်တမ်းဝင်ထားတဲ့ most valuable player တစ်ယောက်ပါ။ ဒီ record ကိုချိုးဖျက််နိုင်တဲ့သူဟာ အမေရိကန်ပရိတ်သတ်တွေ တစ်ခဲနက်အားပေးကြတဲ့ ထူးချွန်တဲ့ Mickey Mantle ဖြစ်မယ်လို့အားလုံးကယူဆထားကြပါတယ်။ ဒီအချိန်မှာတော့ အသင်းဝင်အသစ်လေး Roger Maris တစ်ယောက်က အသင်းသားတွေနဲ့တွဲဖက်ညီညီဆော့နိုင်တဲ့အပြင် Mickey Mantle ကိုပါ supporting ကောင်းကောင်းပေးနိုင်တဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်လာပါတယ်။ ဒီလိုနဲ့တစ်ဦးကိုတစ်ဦးဖေးမရာကနေ M&M boys ရာဇဝင်လေးစတင်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်ထဲက ဘယ်သူက record breaker – most valuable player ဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။
...

Exodus (2023) ⭐IMDB: 7.4/10 (2 k Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Sweden #Greece ⏰ 1 နာရီ 38 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူဖြစ်လာပြီးရင် ကမ္ဘာပေါ်မှာ ကိုယ်ဟာ နေရာ တစ်နေရာ ပိုင်ဆိုင်ရမှာပါပဲ။ ဒါပေမယ့် Syria လိုစစ်ဖြစ်နေတဲ့ တိုင်းပြည်တွေမှာတော့ ကိုယ့်အတွက် နေရာဆိုတာ အုတ်ဂူလား လို့ပဲ မေးစရာ ရှိပါတယ်။ ဘဝရှင်သန်ရေးအတွက် တခြားနိုင်ငံကို ပြေးရင်း နိုင်ငံရေးခိုလှုံရတဲ့ ဒုက္ခသည်တွေထဲမှာလိုရာ ပန်းတိုင်ကို ရောက်သွားတဲ့သူတွေက အတော်ကံကောင်းသူတွေပါ။ ဘာလို့လဲဆို လမ်းခရီးမှာတင်ပဲ ကံမကောင်းစွာနဲ့ အသက်ဆုံးရှုံးကြရလို့ပါပဲ။ ဒါတောင်မှပဲ ဒုက္ခသည်တွေဟာ မှောင်ခို လူပို့ပေးတဲ့သူတွေနဲ့ ဆက်သွယ်ပြီး တခြားနိုင်ငံတွေကို ခိုးဝင်ရပါတယ်။ ဒီဇာတ်လမ်းဟာ Swedenကို ဝင်ဖို့လာရင်းနဲ့ မိသားစုနဲ့ ကွဲသွားတဲ့ ဒုက္ခသည် ကလေးမလေး Amal နဲ့ မှောင်ခိုလူပို့တဲ့သူ Sam တို့ရဲ့ အကြောင်းဖြစ်ပါတယ်။ Sam က တူရကီကို ကွန်တိန်နာစီးပြီး ရောက်လာတဲ့ Amalကို သူ့အစ်မတွေ ရောက်သွားတဲ့ Sweden နိုင်ငံဆီ နိုင်ငံတွေ ကျော်ဖြတ်ရင်း လိုက်ပို့ပေးတာကို ကြည့်ရမှာပါ။ သနားစရာလည်းကောင်းပြီး စိတ်ဝင်စားဖို့လည်းကောင်းတာကြောင့် ကြည့် ကြည့်ဖို့ တိုက်တွန်းပါတယ်။
...

The Snow Walker (2003) ⭐TMDB: 70.0% User Score 🎬 #Drama #Adventure 🗓 2003 🎞 movie 🌎 #Canada ⏰ 1 နာရီ 51 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၀၃ ခုနှစ်က ထွက်​ရှိခဲ့တဲ့ ကနေဒါရုပ်ရှင်ဖြစ်တဲ့ ဒီဇာတ်ကားက​ ကနေဒါနိုင်ငံအနောက်​မြောက်ပိုင်းက ရာသီဥတု​အေးစက်​ကြမ်း​တမ်းပြီး သစ်ပင်​တောင်ပေါက်ရောက်နိုင်ခြင်းမရှိတဲ့ ကမ္ဘာ့မြောက်ဘက်ခြမ်း​ အအေးပိုင်းစိမ့်မြေတွေကို ကျော်​ဖြတ်​ပြီး အသက်ရှင်သန်ဖို့ကြိုးစားကြတဲ့ လူဖြူ​လေယာဉ်မှူး​နဲ့ ဒေသခံအက်စကီးမိုး မိန်းကလေးတစ်ဦးအကြောင်း ရိုက်​ကူးထားတာဖြစ်ပါတယ်။ ၁၉၅၂ ကာလတွေကို တည်​ထားတာဖြစ်ပြီး ဖြစ်​ရပ်​မှန်​ကို တစိတ်တပိုင်းအခြေခံထားတဲ့ Walk Well Brother​ ဆိုတဲ့​ ဝတ္ထု​တိုကို ရုပ်​ရှင်​အဖြစ်​ အသက်​သွင်း​ထားတာဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဉ်းက ချာ​လီ​ဟောလီးဒေးက ဒုတိယ​ကမ္ဘာ​စစ်အတွင်းက ကနေဒါ​လေတပ်မှာ ဗုံးကြဲ​လေယာဥ်​မှူးအဖြစ် ထမ်း​ဆောင်​ခဲ့သူဖြစ်ပြီး စစ်အပြီးမှာ ဒေသခံကုမ္ပဏီတစ်ခုမှာ Bush Pilot အဖြစ်ဆောင်ရွက်နေပါတယ်။ တစ်နေ့မှာ​ အလုပ်​ကိစ္စ​တစ်ခုအတွက် လေယာဥ်​မောင်း​လာရင်း လမ်းခုလတ်မှာ ဒေသခံ​ Inuk အက်​စကီး​မိုး​လူမျိုး​တစ်စုနဲ့တွေ့ပြီး ဖျားနာ​နေတဲ့ ဒေသခံ​မိန်းကလေးတစ်ဦးကို ဆေးရုံ​ပို့ဖို့ Yellowknife မြို့​ကို ပို့ပေးရမဲ့အကြောင်းဖန်လာပါတယ်။ လမ်း​မှာ လေယာဉ်​ပျက်ကျပြီး ကျယ်​ပြောလှတဲ့အအေးပိုင်းစိမ့်မြေလွင်ပြင်ပေါ်မှာ နှစ်ယောက်​သား သောင်​တင်နေပါတော့တယ်။ အင်္ဂလိပ်​စကား​ကောင်းကောင်းမပြောတတ်တဲ့ အက်​စကီး​မိုးမလေး Kanaalaq နဲ့ အကျိုး​အမြတ်​လိုချင်​လို့သာ မိန်း​ကလေး​ကို ဆေးရုံ​ပို့ပေး​ဖို့ဆုံးဖြတ်ခဲ့တဲ့ မောက်​မာရိုင်းစိုင်းပြီး ကျွတ်​ဆတ်ဆတ်နိုင်တဲ့ လူဖြူ​ပိုင်း​လော့​ ချာ​လီတို့​နှစ်ဦး လူသူကင်းမဲ့တဲ့ လွင်တီးခေါင်ကြီးမှာ အသက်​ရှင်​သန်ဖို့ကြိုးစားကြပုံကို တင်​ဆက်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်​က Leo Awards ၆ ခု​အပြင်​ တခြား​ဆုများစွာ ဆွတ်​ခူး​ခဲ့ပြီး ဝေဖန်​သူတွေအကြိုက်တွေ့ခဲ့တဲ့ ရုပ်ရှင်​ဖြစ်​ပါတယ်။ အက်စကီးမိုးအမျိုးသမီးငယ်နေရာမှာ သရုပ်ဆောင်​တဲ့ မင်း​သမီးကိုယ်တိုင်ကလည်း ဒေသခံ​ Inuit တိုင်း​ရင်း​သူဖြစ်ပါတယ်။ ဒီရုပ်ရှင်​မှာ နာမည်ကြီး​ Dance​s with Wolves​ လို အငွေ့​အသက်​မျိုးတွေ့ရပြီး Kannalaq နဲ့ ခင်​မင်​ရင်းနှီးလာပြီးနောက် ​ဒေသခံ​တိုင်းရင်း​သားတွေအပေါ် ချာ​လီရဲ့အမြင် တွေပြောင်းလဲလာပုံက Dances with Wolves ရုပ်ရှင်​က ဗိုလ်​လေးဒန်ဘာနဲ့ လူနီအင်​ဒီးယန်း​လူမျိုး​တွေအကြား သံယောဇဉ်​ဖြစ်တည်လာပုံနဲ့ ဆင်တူပါတယ်။ နောက်​ဆုံး​ဇာတ်​သိမ်းလေးကလည်း ဆွတ်​ပျံ့ကြည်နူးဖွယ်ကောင်းပြီး ကြည့်လိုက်​လို့ အရှုံး​မရှိတဲ့ရုပ်ရှင်မျိုးလို့မြင်ပါတယ်။
...

Thundu (2024) ⭐IMDB: 5.4/10 (263 Votes) 🎬 #Action #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 5 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Thundu (2024)ရဲအရာရှိဘေဘီ IMDb-5.7/10 ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ စိတ်သဘောထားကောင်း ရိုးသားကြိုးစားပေမဲ့လုပ်သမျှတလွဲတွေချည်းဖြစ်နေတဲ့သူတွေမြင်ဖူးကြမှာပါသူတို့လုပ်လိုက်တိုင်း ရယ်ရခက် စိတ်ဆိုးရခက်တွေချည်းပဲရဲအရာရှိဘေဘီဆိုတာလည်း အဲဒီလိုလူစား။ ဘေဘီက ရဲအရာရှိ ၊ သူ့ဇနီးက ကလေးတွေအိမ်ခေါ်သင်ပေးတဲ့ဆရာမ ၊ သူ့သားက ၁၁ တန်းကျောင်းသား၊တစ်တန်း‌လုံးကကျောင်းသားတွေအတွက် ခိုးစာပုံစံမျိုးစုံလုပ်ပေးလို့ ဆရာမကဘေဘီ့ကိုလှမ်းတိုင်တာပေါ့ ၊ဘေဘီကလည်း အလျင်စလိုထွက်လာရင်း စစ်ဆေးရေးဂိတ်မှာဖမ်းထားတဲ့ သုံးဘီးတက်မောင်းပြီး ယာဉ်တိုက်မှုဖြစ်။ နောက်ရက်မှာ အက်ဆီးဒင့်အမှုကိုစစ်မေးပြီးအပြန် ခွေးဝင်တိုက်ပြီးလဲ သူ့နောက်ကအရာရှိလက်ကျိုးပြီးတိုက်ခံရလို့ သေသွားတဲ့ခွေးကလည်း ဗိုက်ထဲမှာကလေးရှိနေတဲ့ ရဲခွေး…။ ဒီလိုအလွဲလွအချော်ချော်နဲ့ဘေဘီဟာ သူ့နောက်မှလာပြီး စာမေးပွဲတွေအောင်ရာထူးတွေတက်သွားတဲ့အငယ်တွေကြား သူလည်းရာထူးတက်ချင်လို့ စာမေးပွဲ ဝင်ဖြေဖို့လုပ်တော့တာပဲ။ အသက်ကကြီးနေတဲ့ကြားက အမြဲလွဲချော်နေတဲ့ဘာဘီတစ်ယောက်သူလိုချင်တဲ့ရာထူးတိုးရသွားမလား။ ဝါးလုံးကွဲ ရယ်မောရတဲ့ကားမဟုတ်ဘဲ ရိုးသားဖြူစင်တဲ့လူတစ်ယောက်ရဲ့တလွဲတချော်လေးတွေနဲ့ ပြုံးမိစေမဲ့ ဇာတ်ကားတစ်ကားပါ။ အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်
...

Bad Caller (2016) ⭐IMDB: 3.8/10 (24 Votes) 🎬 #Drama 🗓 2016 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 14 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bad Caller (2016) အခုဖြစ်နေတဲ့ကိစ္စတစ်ခုကို အရင်ကလဲဖြစ်ခဲ့ဖူးသလိုစိတ်ထဲမှာထင်မိကြတဲ့သူတွေရှိလားနေရာသစ်တစ်ခုကိုရောက်ရင် အရင်ကရောက်ခဲ့ဖူးသလိုမျိုး စကားတစ်ခွန်းပြောလိုက်ရင်တောင်အရင်က ဒီလိုအချိန် ဒီလိုနေရာမျိုးမှာ ဒီလိုစကားပြောခဲ့ဖူးတဲ့ ခံစားချက်မျိုး ကြုံဖူးကြလားဒါဆို ဒီကားလေးကိုကြည့်ကြည့်ပါ ဒီကားကတော့ ၂၀၁၆ မှာဒါရိုက်တာ AI Carretta ကိုယ်တိုင်ရိုက် ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်ဖြစ်ခဲ့ဖူးပြီးသားအကြောင်းအရာတစ်ခု ထပ်ဖြစ်မှာကိုမလိုလားတာကြောင့် ရှောင်လွှဲဖို့အမျိုးမျိုးကြိုးစားခဲ့ကြတဲ့အချိန်မှာတာရန်စပရင်းဆိုတဲ့မင်းသမီးက နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ဘဝကနေအရင်ဘဝကလူဝင်စားတစ်ယောက်လို့သက်မှတ်ခံရပြီး Studio တစ်ခုထဲမှာဖမ်းခံခဲ့ရတဲ့အချိန်မှာတော့ … တကယ့်ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံထားလို့ အပြင်မှာလဲ ကိုယ့်အတွက်မထင်မှတ်တဲ့အမှားလေးကကိုယ့်ဘဝတစ်ခုလုံးကိုတစ်ကယ်ပြောင်းလဲစေမယ် ဆိုရင် ပရိတ်သတ်ကြီးရော ဘယ်လိုနေမလဲစားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးအမျိုးသမီးတစ်ဦးနဲ့ စကားများရန်ဖြစ်ရာကနေ ဇာတ်အိမ်စတည်ထားပြီးတော့အစပိုင်းမှာ နားလည်ဖို့ခက်ပေမယ့် နောက်ပိုင်းမှာ သနားတာ ကိုယ်ချင်းစာတာတွေရောပြီးတော့ တကယ့်ကို ရင်သက်ရှုမောရမယ့်ကားလေးဖြစ်ပါတယ် ဇာတ်အိမ်ခိုင်ခိုင်မာမာလေးရှိနေတော့ ကြည့်လို့ကောင်းပါတယ်ဒါပေမယ့် ဇာတ်ကားက ဘတ်ဂျက် အရမ်းကို ချွေတာပြီး ရိုက်ထားတာမို့အများကြီးမျှော်လင့်မထားဖို့ ကြိုတင်ပြောပြထားပါရစေCarbon Fox ကားထဲကမင်းသမီး Freya Parson ကိုကြည့်ရတာနဲ့တင်တန်နေပါပြီ အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။
...