ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Outbreak (2024) ⭐IMDB: 4.4/10 (447 Votes) 🎬 #Horror #Mystery #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ Psychological Thriller အမျိုးအစားဇာတ်ကားလေးဖြစ်ပြီး ဒီကားလေးမှာဆိုရင်တော့ သားဖြစ်သူသေဆုံးမှုကြောင့် စိတ်နှလုံးကွဲကြေနေတဲ့ Neil Morris နဲ့ Abby Morris တို့ ဇနီးမောင်နှံနှစ်ယောက် Zombie ဆန်ဆန် ရောဂါပိုးကူးစက်မှုကနေ ထွက်ပြေးကြပုံကို အသည်းအေးစရာအနေနဲ့ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်… Psychological Thriller တစ်ကားဖြစ်တာနဲ့အညီ အဓိကဇာတ်ကောင် Neil Morris ရဲ့ အတွင်းစိတ်တိုက်ပွဲကို အသားပေးတင်ဆက်ထားပြီး အတိုက်အခိုက် အသတ်အပုတ် ဇာတ်ဝင်ခန်းတွေကို ပါလေကာမျှသာ ထည့်သွင်းရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ အကြောက်တရားနဲ့ ရှုပ်ထွေးတဲ့ခံစားချက်တွေ ရောပြွန်းထားတဲ့ ဇာတ်ကောင်အခြေပြု Thriller ကား နှစ်သက်သူတွေ အတွက် မြည်းစမ်းကြည့်ထိုက်တဲ့ဇာတ်ကားလေးတစ်ကား မိသားစုတွင်းဆက်ဆံရေးပြဿနာကို အခြေပြုပြီး ဇာတ်အိမ် တည်ထားတဲ့ ဒီ Thriller ဇာတ်ကားလေးဟာ Jump scare တွေမပါဘဲ ဇာတ်လမ်းတည်ဆောက်မှု ဖြေးဖြေးနှေးနှေးဖြစ်တာကြောင့် Drama ချစ်သူတွေလည်း မတူထူးခြားတဲ့အရသာတွေ့နိုင်မယ့် ကားလေးဖြစ်လို့ မြည်းစမ်းခံစားကြည့်ဖို့ ညွှန်းဆိုလိုက်ရပါတယ်...
My Son's Deception (2024) ⭐IMDB: 5.2/10 (114 Votes) 🎬 #Thriller #TVMovie 🗓 2024 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 29 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီ ဇာတ်ကားလေးကတော့ မယ်ရီယာလို့ ခေါ်တဲ့ အမေဖြစ်သူနဲ့ သူ့သားဖြစ်သူ ဂျက်ဆန်တို့ရဲ့ ကြားထဲက ချစ်ခြင်း မေတ္တာအကြောင်း ရိုက်ထားတဲ့ ဒရာမာကားလေး ဖြစ်ပါတယ်။ ဂျက်ဆန်ရဲ့ အဖေ ဆုံးပြီးနောက်မှာ သူတို့သားအမိဟာ စားသောက်ဆိုင်လေး တစ်ဆိုင်ကို ဖွင့်နိုင်အောင် ကြိုးစား ရုန်းကန်ကြရပါတယ်။ သူ့အမေဖြစ်သူရဲ့ ငွေကြေးဆိုင်ရာ အခက်အခဲတွေကို ကူညီပေးဖို့အတွက် ဂျက်ဆန်ဟာ သူ့ သူငယ်ချင်းဖြစ်သူ တိုင်လာဆီက အကူအညီတစ်ခု ရခဲ့တယ်။ အဲဒါကတော့ လူချမ်းသာတွေ လုပ်တဲ့ ပါတီတွေမှာ အစီအစဉ်မှူး အဖြစ် လုပ်ရင်း လွယ်လွယ်နဲ့ ပိုက်ဆံတွေ အများကြီးရတဲ့ အလုပ်ပေါ့။ အစပိုင်းမှာ အဲဒီအလုပ်က အဆင်ပြေသလို ဖြစ်ခဲ့ပေမဲ့ အခြေအနေတွေဟာ ပြောင်းပြန်ဖြစ်သွားပါတယ်။ အဲဒီလို အခြေအနေဆိုးတွေကြားမှာ သူတို့သားအမိ ဘယ်လို ရုန်းကန်ခဲ့ကြမလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှုခံစားလိုက်ပါတော့ .. ( ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန် BZW ဖြစ်ပါတယ်...
Perfect Game (2011) ⭐IMDB: 6.9/10 (247 Votes) 🎬 #Drama #Sport 🗓 2011 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 8 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Perfect Game (2011) ********************* IMDb… 6.9 ဒီနေ့မှာဆိုရင်တော့ တောင်ကိုရီးယားဘေ့စ်ဘောလောကရဲ့ အထင်ကရဘေ့စ်ဘောကစားသမားနှစ်ယောက်ဖြစ်ကြတဲ့ “ချွဲဒုံဝန်း” နဲ့ “ဆွန်းဒုံယော” တို့အကြောင်းရိုက်ကူးထားတဲ့ biographical sports drama ကားဟောင်း ကားကောင်းလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ Lotte Giants အသင်းရဲ့ ကစားသမားဖြစ်တဲ့ “ချွဲဒုံဝန်း” နဲ့ “Haitai Tigers” အသင်းရဲ့ကစားသမားဖြစ်တဲ့ “ဆွန်းဒုံယော” တို့ဟာ အစပိုင်းမှာတော့ သိပ်ကိုခင်မင်ရင်းနှီးကြတဲ့စီနီယာ-ဂျူနီယာ ဘေ့စ်ဘောကစားသမားနှစ်ယောက်ပေါ့။စီနီယာဖြစ်တဲ့ “ချွဲဒုံဝန်း” ရဲ့အောင်မြင်မှုအရှိန်အဝါကြီးနေတဲ့အချိန်မှာ ဂျူနီယာဖြစ်တဲ့“ဆွန်းဒုံယော” ကတော့ “စီနီယာ ချွဲဒုံဝန်းလိုမျိုး ဘောလုံးပစ်သမားဖြစ်ချင်ပါတယ်” လို့အင်တာဗျူး ဖြေရတဲ့ အနေအထားမှာပဲရှိပါသေးတယ်။ ဒီလိုနဲ့ အချိန်တွေကုန်ဆုံးလာတာနဲ့အမျှ ကြိုးစားမှုက အရာထင်လာပြီး တကယ်လည်း “ဆွန်းဒုံယော” က၁၉၈၆ ခုနှစ် တောင်ကိုရီးယားဘေ့စ်ဘောရာသီရဲ့ MVP တစ်ယောက်ဖြစ်လာပါတော့တယ်။ဒီအထိလည်း အခင်အမင်မပျက်ဖြစ်နေကြသေးတဲ့ သူတို့နှစ်ယောက်ဟာဆိုရင် ပတ်ဝန်းကျင်ရဲ့နှိုင်းယှဥ်မှုတွေ အားကောင်းတဲ့ အသင်းကြီးနှစ်သင်းရဲ့ ပရိသတ်တွေရဲ့ “ပြိုင်လာရင်နိုင်ချင်တာပဲ” ဆိုတဲ့စိတ်တွေကြောင့် ဘေ့စ်ဘောလောကရဲ့ အားအကောင်းဆုံး ပြိုင်ဘက်နှစ်ယောက်ဖြစ်ခဲ့ရပါတယ်။ သူတို့နှစ်ယောက်ယှဥ်ကစားလိုက်ရင် ထိန်းမနိုင်သိမ်းမရလောက်အောင် အင်မတန်ပွဲဆူလွန်းတာမို့သူတို့နှစ်ယောက်ကို ယှဥ်မကစားခိုင်းရဲလောက်အောင် ဖြစ်ရတဲ့အထိပါပဲ။ဒီလိုနဲ့ တစ်နေ့မှာတော့ ကံကြမ္မာက သူတို့နှစ်ယောက်ကို နောက်တစ်ကြိမ်ထိပ်တိုက်ရင်ဆိုင်ဖို့ဖန်တီးပေးလိုက်တဲ့အခါမှာ ..။ စလိုက်ပြီဆိုတာနဲ့ ရှေ့သို့သာဆက်သွားတတ်တဲ့အကျင့်စရိုက်ရှိတဲ့ သံမဏိလက်ပိုင်ရှင် “ချွဲဒုံဝန်း” နဲ့ဇွဲလုံ့လဝီရိယအားကောင်းလွန်းလှတဲ့ ရော်ဘာလက်ပိုင်ရှင် “ဆွန်းဒုံယော” တို့ရဲ့ ၁၉၈၇ ခုနှစ် ဘူဆန်မှာကျင်းပခဲ့တဲ့ သမိုင်းဝင်ဘေ့စ်ဘောပွဲကြီးကို ရင်သပ်ရှုမောဖွယ် ခံစားချက်မျိုးစုံနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Cho Seung Woo, Yang Dong Geun, Ma Dong Seok,Choi Jung Won, Oh Jung Se, Juni, Cho Jin Woong နဲ့ တခြားသော အနုပညာရှင်များစွာပါဝင်သလို ကိုကို Park Seo Joon ကလည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Lai Laii မှ ရေးသားပေးထားပါတယ်...
Night Courier (2023) ⭐IMDB: 7.6/10 (5 k Votes) 🎬 #Comedy #Crime #Drama #Thriller 🗓 2023 🎞 movie 🌎 #India #SaudiArabia ⏰ 1 နာရီ 53 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Night Courier (2023) ညဝန်ထမ်း IMDb 7.6/10 သည်းထိတ်ရင်ဖို ဟာသ ဇာတ်လမ်းလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။ ဖာဟတ်နာဆာက service center တစ်ခုမှာအလုပ်လုပ်နေတာပါ။တစ်နေ့သူ့အထက်လူကြီးက ရုံးခန်းကိုခေါ်တွေ့ပါတယ်။ပြီးတော့သူ ဖုန်းလက်ခံဖြေဆိုတဲ့ အသံဖိုင်ကိုဖွင့်ပြတဲ့အခါအဲဒီအသံဖိုင်မှာ မိန်းကလေးတစ်ယောက်ကသူလိုင်းပြတ်နေလို့အကူအညီတောင်းထားတာပါ။ သူကလိုအပ်တဲ့အချက်အလက်တွေတောင်းတော့ ကောင်မလေးကသူ့လိုင်းမဟုတ်ကြောင်း၊ သူ့အဖေလိုင်းဖြစ်ကြောင်း ပြောတော့ဖာဟတ်ကလည်း သူအကူအညီမပေးနိုင်ကြောင်းပြန်ပြောပါတယ်။ ဒါကိုကောင်မလေးက မကျေမနပ်ဖြစ်ပြီးမန်နေဂျာကိုခေါ်ခိုင်းခဲ့တဲ့အသံဖိုင်ပါ။သူကခေါ်ပေးပါမယ်ပြောအပြီး ဖုန်းကကျသွားပါတယ်။ အဲဒီအသံဖိုင်ကိုနားထောင်ပြီး သူ့အထက်လူကြီးကသူဟာဖုန်းစစချင်းမှာစက္ကန့်ပိုင်းလောက်တုန့်ဆိုင်းပြီးမှ ပြန်ဖြေကြောင်း စည်းကမ်းချိုးဖောက်ကြောင်းနဲ့ဖုန်းကိုချလိုက်ကြောင်း ပိုဆိုးတာက ဒါကဒုဥက္ကဌရဲ့သမီးဖြစ်နေတဲ့အပြင်သူဒီလိုစည်းကမ်းချိုးဖောက်တာ တစ်ခါနှစ်ခါမကတော့ကြောင်းပြောပါတော့တယ်။ သူ့ကိုသက်ညှာပေးတဲ့အနေနဲ့ အလုပ်ထုတ်တာမဟုတ်ဘဲ နှုတ်ထွက်စာရေးခိုင်းခဲ့ပါတယ်။ဒါကိုသူကလည်း သူ့အမှားမဟုတ်တဲ့အကြောင်းပြောပြီး လက်မှတ်မထိုးဘဲ ရုံးခန်းကထွက်လာပါတယ်။ အပြင်မှာတော့ လူတွေရဲ့ထုံးစံ သူ့ကိုတီးတိုး အတင်းပြောသံတွေနဲ့ ပြည့်နေတာပါ။ဖြစ်ချင်တော့သူ့အလုပ်ကအထက်လူကြီးဟာ သူ့သူငယ်ချင်းဖြစ်နေပါတယ်။သူဟာသူ့ဖခင်ကို ပြုစုလုပ်ကျွေးချင်လို့ အလုပ်ကိုလျှော့လုပ်ခဲ့ပြီးသူပေးခဲ့လို့ဒီနေရာရတယ်ဆိုတဲ့အတွေးနဲ့ မကျေမနပ် ပေါက်ကွဲပြီးသောင်းကြမ်းခဲ့ပါတော့တယ်။ အဲဒီလိုနဲ့သူဟာအလုပ်ထွက်ရပြီး အလုပ်အသစ်မှာဘာအလုပ်လုပ်တွေလုပ်ရမလဲ ဘယ်လိုကိစ္စတွေကြုံတွေ့ဖြေရှင်းရမလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Team ပဲဖြစ်ပါတယ်။...
Tekkonkinkreet (2006) ⭐TMDB: 74% User Score 🎬 #Action #Adventure #Animation #Crime #Drama #Fantasy 🗓 2006 🎞 movie 🌎 #Japan ⏰ 1 နာရီ 51 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီ Anime ဇာတ်ကားလေးကတော့ ထူးထူဆန်းဆန်း ဂျပန် Anime ကို English Director Michael Ariasက Black and White ဆိုတဲ့ Manga ကိုပြန်ရိုက်ထားတာပါ။ ဒီဇာတ်လမ်းက သူ့ခေတ်အခါက Visual တွေ artist ဒီဇိုင်းတွေ အရမ်းကောင်းတယ်ဆိုပြီးချီးကျူးခံထားရပါတယ် ။ 2006 ခုနှစ် Japan Academy Prize for Animation of the Year ကိုလည်းရထားတာဆိုတော့ ဘယ်လောက်ကောင်းလဲကို ဒီဇာတ်လမ်းထဲမှာပဲကြည့်ရှူလိုက်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဘလက် နဲ့ ဝှိုက်စ် နဲ့ကောင်လေး နှစ်ယောက်က Treasure Town ဆိုတဲ့မြို့မှာ လူမိုက်လိုမျိူး မြို့ကို အုပ်ချုပ်နေတာဆိုပြီး ကိုယ်ကိုယ်ကိုယ် ကြေညာထားပါတယ်။ တစ်နေ့မှာဒီမြို့ကို Theme park တစ်ခုလိုမျိုး ပြောင်းပစ်ဖို့ဆိုပြီး အဖွဲ့တစ်ခုက ရာကူဇာ အဖွဲ့တွေအားကိုးနဲ့လုပ်ပါတော့တယ်။ ဒီမှာ ဘလက်နဲ့ ဝှိုက်စ် က မြို့ကိုဘယ်လိုအစွမ်းကုန်ကာကွယ်မလဲဆိုတာကိုကြည့်ရမှာပါ ။ ကြည့်ပြီးရင် အနည်းဆုံး ရင်ထဲမှာ တခုခုတော့ ကျန်ခဲ့မဲ့ ကားလေးမလို့ Anime ကြိုက်တဲ့သူဆို လက်မလွှတ်တမ်း ကြည့်ရှူ့သင့်ပါတယ်။...
The Last 12 Days (2024) ⭐TMDB: 0% User Score 🎬 #Romance 🗓 2024 🎞 movie 🌎 #Philippines ⏰ 2 နာရီ 4 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Last 12 Days (2024)“တို့နှစ်ယောက်ခရီး” ကိုရီးယားကားတွေနည်းတူ ရိုကြမယ့် ဖိလစ်ပိုင်အချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ဒန်နီရယ်နဲ့ ကမ်မီလီတို့ဟာဆိုရင် အိမ်မွေးတိရစ္ဆာန်ပစ္စည်းစတိုးဆိုင်လေးမှာအတူတူအလုပ်လုပ်ရင်း အနာဂတ်အတွက် ရှေ့တစ်လှမ်းတိုးဖို့ ပြင်ဆင်နေကြတဲ့ ချစ်သူနှစ်ဦးဒန်နီရယ်ဆီမှာ နေစရာမရှိလို့ ကမ်မီလီရဲ့တိုက်ခန်းမှာ အတူနေရင်းရုတ်တရက်အိမ်ကိုလာတဲ့ ကမ်မီလီ့အမေကြောင့် ပြဿနာတက်သွားခဲ့တယ် ဒါကြောင့်ပဲ ဒန်နီရယ်တစ်ယောက် မိဘအိမ်ကိုပြန်သွားပြီး ခဏတာဝေးကွာသွားခဲ့ပါတယ် ဒီလိုမျိုး အကြိမ်ကြိမ်အခါခါ စာမေးပွဲစစ်တာတွေကိုကျော်ဖြတ်ပြီး သူတို့နှစ်ယောက် လက်ထပ်နိုင်မှာလားငိုပဲငိုရမှာလားကတော့ ပရိသတ်တို့ပဲ ဆက်လက်ကြည့်ရှုလိုက်ပါ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Team မှ ဖြစ်ပါတယ်...
Lucy Shimmers and the Prince of Peace (2020) ⭐IMDB: 7.1/10 (1 k Votes) 🎬 #Drama #Family 🗓 2020 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခရစ္စမတ်ဆိုတာက ယေရှုခရစ်တော် မွေးဖွားတဲ့နေ့ရက်ဖြစ်ပြီးတော့ ပျော်ရွှင်မှု၊ ယုံကြည်မှု၊ နဲ့ မျှော်လင့်ချက် စတဲ့အရာတွေကို ကိုယ်စားပြုတဲ့နေ့ရက်ဆိုရင်လည်း မမှားပါဘူး.။ မိသားစုတွေနဲ့အတူ အချိန်တွေကုန်ဆုံးပြီး အချစ်မေတ္တာတွေ ဝေမျှကြတဲ့ ခရစ္စမတ်ကာလကို နောက်ခံထားတဲ့ဇာတ်လမ်းတွေအများကြီးထဲကမှ ရိုးရှင်းပြီးချစ်စရာကောင်းလွန်းတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ လူစီရှင်းမားစ်ဆိုတဲ့ ၅ နှစ်အရွယ်ကလေးမလေးဟာ အရွယ်နဲ့မလိုက်အောင် သိတတ် ပါးနပ် စကားကြွယ်လွန်းတဲ့သူမို့ တွေ့မြင်ကြသူတိုင်းက ချစ်ခင်ကြသူလေးလည်း ဖြစ်ပါတယ်။ အဘိုးတွေ အဘွားတွေနဲ့ အနေများတဲ့သူလေး ဖြစ်တာကြောင့်လည်း လူကြီးဆန်ပြီး တစ်မျိုးလေး ချစ်ဖို့ကောင်းနေပါတယ်။ ဘုရားသခင်က လူသားတိုင်းကို ကြင်နာသလို လူတွေကလည်း အချင်းချင်းချစ်ခင်ကြင်နာကြရမယ်လို့ ရိုးရှင်းစွာ ခံယူထားခဲ့ပါတယ်။ တစ်ရက်မှာတော့ လူစီ့ဆီကို နမိုးနီးယားဆိုတဲ့ ရောဂါဆိုးကြီး ကူးစက်လာခဲ့ပါတယ်။ သေဆုံးသွားတဲ့ အဘိုးဖြစ်သူကို အနားမှာမြင်နေရတဲ့အကြောင်း အမြဲပြောနေတဲ့အပြင် သူ့အိမ်မက်ထဲက ဝမ်းနည်းနေတဲ့လူကြီးအကြောင်း တဖွဖွပြောနေတာကြောင့် ဂျိမ်းစ်နဲ့ဧပရယ်တို့ ဇနီးမောင်နှံအဖို့ သမီးအတွက် ရတက်မအေးစရာ ဖြစ်လာခဲ့ပါတယ်။ ရောဂါအခြေအနေဆိုးရွားလာတဲ့အချိန်မှာတော့ ဆေးရုံမှာ ရက်အနည်းငယ်စောင့်ကြည့်ဖို့ ဖြစ်လာခဲ့ပါတယ်။ ထိုအချိန်မှာပဲ လူစီရဲ့ အိမ်မက်ထဲက ဝမ်းနည်းနေတဲ့လူကြီးဖြစ်တဲ့ အက်ဂါကို အပြင်မှာ မျက်ဝါးထင်ထင် တွေ့ကြုံဖို့ ဖြစ်လာခဲ့ပါတယ်။ အတိတ်က လုပ်ရပ်ဆိုးတွေကြောင့် ထောင်ဒဏ်ကျခံနေရသူ အက်ဂါအနေနဲ့ သူ့ရဲ့ကျောက်ကပ်က အလုပ်မလုပ်နိုင်တော့တဲ့အခြေအနေမှာ လိုအပ်တဲ့ဆေးကုသမှုခံယူဖို့ ဆေးဝါးကိရိယာပြည့်စုံတဲ့ လူစီကုသနေတဲ့ ဆေးရုံဆီကို ရွှေ့ပြောင်းလာခဲ့ပါတယ်။ သူ့ရဲ့ အိပ်မက်ထဲက ဝမ်းနည်းနေတဲ့လူကြီး အက်ဂါဆီကို ဘုရားသခင်အလိုတော်အရ ကူညီလမ်းပြပေးနိုင်ဖို့ စိတ်အားထက်သန်နေတဲ့ လူစီနဲ့ မိသားစုကပါ စွန့်ခွာထားခဲ့ပြီး ခံစားနေရတဲ့ဝေဒနာကြောင့် အနှေးနဲ့အမြန်သေဖို့သာ စိတ်စောနေတဲ့ အက်ဂါတို့ရဲ့ တွေ့ဆုံမှုက ဘုရားသခင်ရဲ့ ဆန်းကြယ်လှတဲ့ အစီအစဉ်တစ်ခုသာ ဖြစ်လာခဲ့မယ်ဆိုရင်… အမှားတွေ ကျူးလွန်မိခဲ့တဲ့ အက်ဂါအတွက် ဒုတိယအခွင့်အရေးဆိုတာ ရှိလာနိုင်မလား လူစီကရော အရှင်ယေရှု ပေးအပ်ထားတဲ့တာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်မလား. ဆိုတာကို အဖြေရှာနိုင်ဖို့ ဒီဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်...
Sookshma Darshini (2024) ⭐IMDB: 8.1/10 (3 k Votes) 🎬 #Bollywood #Thriller #Mystery 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 21 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sookshma Darshini (2024)“ထူးဆန်းတဲ့အိမ်နီးချင်း” ဒီတစ်ခေါက်မိတ်ဆက်ပေးဖြစ်မဲ့ ဇာတ်ကားလေးကတော့တစ်မူထူးခြားတဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်အိမ်တစ်ခုချင်းစီမှာ ပဟေဠိတွေကို တစ်ထပ်ချင်းစီဖြေပြသွားမှာဖြစ်တာကြောင့် လုံးဝမပျင်းရမဲ့ ဇာတ်လမ်းလေးဆိုလည်း မမှားပါဘူး။ ပရီယာဆိုတဲ့ အိမ်ထောင်သည်အမျိုးသမီးလေးမှာ အရာရာတိုင်းကိုအသေးစိတ်စူးစမ်းတတ်တဲ့ ဉာဉ်လေးရှိပါတယ်။သူ့ယောက်ျားဆို သေးသေးမွှားမွှားကအစ သူ့ကိုလိမ်ပြောလို့မရပါဘူး။ပရီယာတို့မိသားစု လောလောဆယ် အိမ်ငှားနေနေတဲ့ ရပ်ကွက်ကလည်း သိပ်တော့မခေပါဘူး။ တစ်နည်းပြောရရင် စီစီတီဗီအဒေါ်ကြီးတွေများတဲ့ ရပ်ကွက်လေးပေါ့။တစ်နေ့ သူတိုရပ်ကွက်ထဲကို မာနူးဆိုတဲ့လူတစ်ယောက် ပြောင်းလာပါတယ်။မာနူးတို့ဟာ ဒီရပ်ကွက်နဲ့စိမ်းတဲ့သူတွေတော့ မဟုတ်ပါဘူး။ငယ်ငယ်လေးတုန်းက ဒီမှာနေခဲ့ဖူးပြီး စီးပွားရေးနည်းနည်းအောင်မြင်သွားတော့အိမ်ပြောင်းသွားခဲ့တာပါ။ မာနူးမှာ အယ်လ်ဇိုင်းမားဖြစ်နေတဲ့အမေအိုကြီးတစ်ယောက်လည်းရှိပါသေးတယ်။ အများအမြင်က လူရိုးလူအေးလေး မာနူးကို ပရီယာကတော့တဖြည်းဖြည်းနဲ့ သင်္ကာမကင်းဖြစ်နေရှာပါတယ်။ကဲ ပရီယာရဲ့မှန်းချက်အတိုင်း မာနူးမှာနောက်မျက်နှာဖုံးတစ်ခုရှိနေသေးလားဆိုတာကိုတော့ပရီယာတို့အုပ်စုနဲ့အတူ အဖြေရှာကြည့်လိုက်ရအောင်နော်.. (အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)...
The Death of Stalin (2017) ⭐IMDB: 7.3/10 (118 k Votes) 🎬 #Comedy #Drama #History 🗓 2017 🎞 movie 🌎 #France #UnitedKingdom #Belgium #Canada #UnitedStates ⏰ 1 နာရီ 47 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Death of Stalin (2017) *************************** IMDb….7.3,,,Rotten……96% စစ်အာဏာရှင်ဆိုပြီး စတာလင်ကို မသိတဲ့သူ ခပ်ရှားရှားပါပဲ… သူ့ရဲ့ အကြောင်းတွေဟာ သမိုင်းစာမျက်နှာရဲ့ ဆိုးယုတ်မှုဆိုတဲ့ခေါင်းစဉ်အောက်မှာအမြဲနေရာယူထားလေ့ရှိတယ်… လူသန်းပေါင်း (၂၀)ခန့်ကို သတ်ခဲ့တဲ့သူ..သတ်ခဲ့ရတဲ့ အကြောင်းရင်းတွေကလည်း သူ့အတ္တနဲ့ သူ့မာနတွေကြောင့်က ခပ်များများ…..ဒီလို အာဏာရှင်ကို လူတိုင်းက သေချင်နေကြနေကြတယ်….ဒီဇာတ်ကားကတော့ စတာလင် ရုတ်တရက်ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းမှာ အုပ်ချုပ်ရေးပိုင်းကလူကြီးတွေကရော ဘယ်လိုတွေတုန့်ပြန်ကြလဲ…ဘယ်လိုတွေရှေ့ဆက်ကြလဲ….ဒါတွေအားလုံးကို ဟာသလေးနှောပြီး ပြောင်မြောက်စွာပုံဖော်ထားတယ်…ဟာသနှောတယ်ဆိုပြီး ဒီကားကရဲ့ ပုံစံကိုတစ်မျိုးမထင်လိုက်နဲ့ဦး…အကုန်လုံးက ပညာသားပါပါနဲ့ လှလှပပလေးထိုးနှက်သွားတာ..မူရင်းပုံစံတွေနဲ့ အနှစ်သာရလည်းမပျောက်ပျက်အောင် သမိုင်းကြောင်းကိုလည်းသွေဖီမသွားအောင် အားလုံးကို အပြောင်မြောက်ဆုံးတင်ဆက်ထားတယ်… ဒါကြောင့်လည်း ဆုပေါင်း(၁၈)ဆု အခြားဆုများအတွက် ဆန်ကာတင်(၃၂)ဆုရွေးချယ်ခံရသလို Rating တွေအနေနဲ့လည်းအမြင့်ဆုံးကိုရရှိထားတယ်… ကိုင်း နိုင်ငံရေးကိုလည်း လေ့လာဖြစ် ဟာသလေးတွေလည်း သဘောကျတဲ့အဖြစ်ကိုရောက်ရှိစေမယ့် ကားဆိုတော့ ကြည့်လိုက်ကြပါဦးဗျို့...
Brutal Heat (2023) ⭐IMDB: 4.4/10 (167 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Czechia #Slovakia #CzechRepublic ⏰ 1 နာရီ 13 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Brutal Heat (2023) IMDb Rating (4.4) လူသားတွေဟာ အခက်အခဲဒုက္ခတွေနဲ့တွေ့ကြုံလာရရင် သိမ်မွေ့နူးညံ့တယ်ဆိုတဲ့ အပြုအမူတွေမရှိတော့ဘဲ အဆင်ပြေပြေရှင်သန်နိုင်ဖို့အတွက် သင့်၏ မသင့်၏ မစဉ်းစားနေတော့ဘဲ ဦးနှောက်ကနေ ပေါ်လာတဲ့အတိုင်း ထင်ရာစိုင်းလုပ်တတ်လေ့ရှိပါတယ်။ ဒါကို ဒီ “Burning Heat” ဆိုတဲ့ ကားထဲမှာ တွေ့ရမှာပါဒီရုပ်ရှင်ကားထဲမှာဆိုရင်တော့ နေအပိုင်းအစတစ်ခုဟာ ကမ္ဘာဂြိုလ်နားနီးကပ်လာပြီးတော့ လှည့်ပတ်နေတာကြောင့် ကမ္ဘာကြီးဟာ ပုံမှန်ထက်အများကြီးပူလောင်လျက်ရှိပါတယ်။ ဒါကြောင့် ကမ္ဘာမြေပေါ်မှာနေထိုင်ကြတဲ့လူတွေဟာလည်း ဒီပူလောင်တဲ့ဒုက္ခကနေ ခဏတာဖြစ်ဖြစ်ကင်းဝေးဖို့ဆိုပြီး စိတ်ထဲထင်တာတွေအကုန် ဘာမှမစဉ်းစားဘဲ လုပ်လာကြပါတယ်။ အဲဒီထဲကမှ ဗင်းဆန့်ဆိုတဲ့လူငယ်လေးဟာ ရာသီပူလောင်လို့ စိတ်ညစ်ရသလို ဖခင်ဖြစ်သူနဲ့လည်း အဆင်မပြေတာကြောင့် တစ်နေ့မှာ သူ့သူငယ်ချင်း တွေ ပါတီစုဖွဲ့လုပ်နေတဲ့ အဝေးက သစ်သားအိမ်လေးဆီကို စိတ်ထွက်ပေါက်အဖြစ်နဲ့ ခရီးစထွက်လာခဲ့ပါတယ်။ ဒီခရီးလမ်းတလျှောက်မှာပဲ လူအမျိုးမျိုးကိုတွေ့ကြုံလာရပြီး ဘယ်လိုအခက်အခဲတွေ ကြုံတွေ့လာရမလဲဆိုတာနဲ့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးကိုပဲ ဆက်လက်ကြည့်ရှုအဖြေရှာကြည့်လိုက်ပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Fiona Spalko ဖြစ်ပါတယ်။)...
Kadha Innuvare (2024) ⭐IMDB: 5.7/10 (307 Votes) 🎬 #Bollywood #Drama #Family #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 9 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kadha Innuvare (2024)“အချစ်နောက်လိုက်ခြင်း” ရိုးရိုးစင်းစင်း မလေယာလမ် ဇာတ်လမ်းတစ်ပုဒ်ကိုပရိသတ်တို့ ရင်အေးစေဖို့ တင်ဆက်လိုက်ပါတယ် ဒီဇာတ်လမ်းမှာဆိုရင် မတူညီတဲ့ အချစ်ဇာတ်လမ်းလေးပုဒ်ကိုစတိုင်တစ်မျိုးနဲ့ တင်ဆက်ထားတာကို ကြည့်ရမှာပါ ရာမာချန်ဒရန်က သက်လတ်ပိုင်း ရုံးလုလင်တစ်ယောက်ဖြစ်ပြီးတစ်သက်လုံးလူပျိုလုပ်လာခဲ့ပြီးမှ ရုံးကိုအသစ်ရောက်လာတဲ့အထက်အရာရှိအမျိုးသမီးကို ချစ်မိသွားတဲ့လူ ဂျိုးဆပ်ဆိုတာက နိုင်ငံရေးသမားတစ်ယောက်ရဲ့ တပည့်ဖြစ်သူ၊အကြမ်းနည်းသုံးပြီး ပြဿနာတစ်ခုကို ဖြေရှင်းရင်းဆတ်ဆတ်ကြဲရန်တွေ့တတ်တဲ့ ကျောင်းသူတစ်ယောက်နဲ့ ငြိသွားခဲ့တယ် နောက်ပြီး ဆင်းရဲတဲ့ကျောင်းသားလေးတစ်ယောက်ကသူ့ထက်သာတဲ့ ကျောင်းသူကောင်မလေးရဲ့ အချစ်ကို ရဖို့ကြိုးစားပုံနဲ့အရက်ဆိုင်မှာအလုပ်လုပ်ပြီး ရွှေကြာမလေးတစ်ယောက်ကိုမှသဘောကျသွားတဲ့ ရိုးသားတဲ့ဖိုးသခွားလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပုဒ်ကို ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်...
A Dance in the Snow (2024) ⭐IMDB: 6.7/10 (480 Votes) 🎬 #Comedy #Drama #Romance #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedStates ⏰ 1 နာရီ 24 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Dance in the Snow (2024) IMDb Rating (6.7) ဒီဇာတ်ကားလေးကတော့ ခရစ်စမတ်မှာ မိသားစုနဲ့ ကြည့်ရမယ့် မိသားစုအချစ်ဇာတ်ကားလေး ပဲဖြစ်ပါတယ်။ Venessa Burghardt နဲ့ Erica Cerra တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာကတော့ Stefan Scaini ပါ။ ဇာတ်လမ်းအကျဉ်း… Melanie(Erica Cerra) ရဲ့ 17 နှစ်အရွယ် သမီးဖြစ်သူ Jenny(Venessa Burghardt) ဟာ ၁အော်တစ်ဇင်ရောဂါကို ခံစားနေရတဲ့ စီနီယာအထက်တန်းကျောင်းသူဖြစ်ပါတယ်။ Jenny ဟာ သူရဲ့စီနီယာနှစ်မှာကြုံတွေ့ခဲ့ရတဲ့ဆိုးရွားတဲ့ အတွေ့အကြုံကြောင့် နောက်ဆုံးဘွဲ့ယူပွဲမတိုင်ခင် ခရစ်စမတ် ကပွဲကို မသွားချင်ပဲဖြစ်နေခဲ့ပါတယ်။ အဲ့လိုနဲ့ Melanie က ကျောင်းပွဲစီစဉ်ရေးကော်မတီမှာပါဝင်ပြီး သူ့သမီးပျော်ရမယ့် ကပွဲမျိုးကို စီစဉ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲ့အချိန်မှာပဲ Jenny နဲ့ သူ့သူငယ်ချင်းများကလည်း Melanie ကို ဂုဏ်ပြုဖို့အတွက် ခရစ်စမတ်ကပွဲကို လျှို့ဝှက်စွာစီစဉ်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ တစ်ယောက်ကိုတစ်ယောက်အတွက် လုပ်ပေးချင်ကြတဲ့ ခရစ်စမတ်ကပွဲလေးတွေ အောင်မြင်စွာဖြစ်မြောက်သွားမလား အမေနဲ့ သမီးဖြစ်သူရဲ့ ကြားထဲက အဆင်မပြေဖြစ်နေမှုတွေ အဆုံးသတ်သွားမလားဆိုတာကို ကြည်နူးစွာ ကြည့်ရှုရမယ့် ကားလေးဖြစ်ပါတယ်။ ခရစ်စမတ် အချိန်အခါမှာ မိသားစုနဲ့ အတူ ကြည့်ရှုသင့်တဲ့ လှပတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Bunny ဖြစ်ပါတယ်။)...
假期历险记 (2024) ⭐TMDB: 0% User Score 🎬 #Family 🗓 2024 🎞 tv movie 🌎 #China ⏰ 1 နာရီ 3 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကျောင်းပိတ်ရက်မှာ အဖွားအိမ်ကိုပို့ခံရတဲ့ ကလေး၂ယောက်ရဲ့စွန့်စားခန်းဇာတ်လမ်းဖြစ်ပါတယ်။ဟောင်ရှောင်ကျင့်နဲ့ ကျော်ထျန်းရီးတိူ့ရဲ့အဖေဟာ နိုင်ငံခြားကိုအလုပ်နဲ့သွားရမှာဖြစ်တဲ့အတွက်သူတို့၂ယောက်ကို အဖွားအိမ်မှာထားခဲ့ရပါတယ်။ ထျန်းရီးကအဖွားအိမ်မှာလုံးဝမနေချင်ပဲငြင်းဆန်ပြီးပုန်ကန်နေခဲ့တယ်။ အဖွားအိမ်ကနေထွက်ပြေးသွားလို့လိုက်ရှာရတဲ့အထိဖြစ်ခဲ့တယ်။ သူငယ်ချင်းအသစ်တွေရလာပြီး တဖြည်းဖြည်းနဲ့အဖွားကိုနားလည်သွားတဲ့အခါမှာတော့ ဒီပတ်ဝန်းကျင်အသစ်မှာပျော်လာပါတယ်။သူတို့မောင်နှမ၂ယောက်ဟာ အဖွားရဲ့ဆန္ဒကိုဖြည့်ဆည်းပေးမယ်ဆိုပြီးတော့ခရီးစဉ်တစ်ခုကို သူတို့ရဲ့သူငယ်ချင်းအသစ်လေးတွေနဲ့စပြီး အစီအစဉ်ဆွဲပါတယ်။ကလေးတွေရဲ့ဒီအစီအစဉ်ဟာ တကယ်ဖြစ်လာနိုင်ပါ့မလား။သူတို့စွန့်စားခန်းရဲ့အဆုံးသတ်ကရော ဘယ်လိုဖြစ်လာမလဲ။...
Tinker Tailor Soldier Spy (2011) ⭐IMDB: 7.0/10 (217 k Votes) 🎬 #Drama #Mystery #Thriller 🗓 2011 🎞 movie 🌎 #UnitedKingdom #France #Germany #UnitedStates #Turkey ⏰ 2 နာရီ 8 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tinker Tailor Soldier Spy (2011) ********************************* IMDb – 7.0/10_____Rotten – 83% Tinker Tailor Soldier Spy ဇာတ်ကားကလည်း စပိုင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်.. စပိုင်တွေရဲ့ ထုံးစံအတိုင်း လျှို့ဝှက်တယ် အနေအထိုင်ကျစ်လစ်တယ်… သူ့တို့ဟာ တခြားဘက်ကလူဆိုတာကို မသိနိုင်လောက်အောင် လျှို့ဝှက်တတ်ကြတယ်… အရမ်းတော်တဲ့သူတွေနဲ့ဖွဲ့စည်းထားတဲ့ လျှို့ဝှက်အေဂျင်စီတစ်ခုရှိတယ်…. ဒီအေဂျင်စီခေါင်းဆောင်ဟာ သူ့အဖွဲ့ထဲမှာ စပိုင်တစ်ယောက်ပါနေတယ်လို့သံသယရှိနေတယ်… ဒါကြောင့် ခေါင်းဆောင်ဖြစ်သူဟာ စပိုင်ကိစ္စကိုစုံစမ်းဖို့ သူယုံကြည်ရတဲ့ သူတစ်ယောက်ကို စုံစမ်းဖို့ ဘူတာပက်စ်ကို လွှတ်ခဲ့ပါတယ်။ သို့ပေမယ့် သူလွှတ်လိုက်တဲ့သူဟာ ဘူတာက်စ်မှာ ပစ်သတ်ခံခဲ့ရပါတယ်… စပိုင်တွေရဲ့ နေထိုင်မှုပုံစံတွေနဲ့ အလုပ်တစ်ခုမှာ ယုံကြည်မှုဆိုတာ ဘယ်လိုမျိုးလဲ ကောင်းကောင်းပြထားတဲ့ကားပါ… ဒီကားထဲမှာပါဝင်သရုပ်ဆောင်ထားတဲ့သူတွေက နာမည်ကြီးမင်းသားတွေဖြစ်တဲ့အပြင် IMDb, Rotten ရော အကောင်းဆုံးအနေအထားမှာရှိနေပါတယ်….ကျွန်တော်တို့ရဲ့ doctor strange ကြီးလည်း ပါဝင်ထားပါတယ်...
EverAfter (1998) ⭐TMDB: 74% User Score 🎬 #Comedy #Drama #Romance #Uncategorized 🗓 1998 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 1 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ever After: A Cinderella Story (1998)*********************************** ဒီဇာတ်ကားလေးကတော့ ၁၉၉၈ခုနှစ်က ရိုက်ကူးခဲ့တာဖြစ်ပါတယ်… ကလေးဘဝကတည်းက ကြိုက်နှစ်သက်ခဲ့ကြတဲ့ စင်ဒရဲလားရဲ့ဇာတ်ကြောင်းကိုတော့… အထူးမိတ်ဆက်ပေးစရာမလိုလောက်ဘူး ထင်ပါတယ်။ ဒါပေမယ့် ဒီကားလေးမှာ… စင်ဒရဲလားရဲ့ ဘယ်လိုဗားရှင်းလေးနဲ့ ပုံဖော်သွားမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ… မင်းသမီးကြီး Drew Barrymore ရဲ့ ချစ်စရာကောင်းတဲ့ဟန်လေးတွေနဲ့ … စင်ဒရဲလားအသစ်ကလေးတစ်ယောက်ကို မြင်ရမှာပါ…သူ့ဇာတ်လမ်းဇာတ်အိမ်သီးခြားလေးနဲ့ … မူလကျောရိုးမပျက် ဇာတ်လမ်းလေးကိုလည်း ကြိုက်နှစ်သက်ကြမှာပါ။ ၁၉၉၈တုန်းက ရိုက်ခဲ့တာဆိုပေမဲ့… Drew Barrymoreရဲ့ ချစ်စရာကောင်းတဲ့သရုပ်ဆောင်ချက်လေးတွေကိုကြည့်ရတာနဲ့တင်… ရှေးဟောင်းကားတစ်ကားဆိုတာတောင် မေ့သွားလောက်မှာပါ … ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoon Wah wah Theint ပဲ ဖြစ်ပါတယ်...
Private Princess Christmas (2024) ⭐IMDB: 5.3/10 (718 Votes) 🎬 #Romance #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica #Canada ⏰ 1 နာရီ 25 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Private Princess Christmas (2024) ခရစ္စမတ်အချိန်မှာ ပျော်ရွှင်စေမယ့် Hallmark ရုပ်ရှင်တစ်ခုပါ။ ဇာတ်လမ်းဟာ Violet (Ali Skovbye) အကြောင်းကို အခြေခံထားပြီး သူမရဲ့ တာဝန်မလေးနက်မှုကြောင့် မိခင် Eleanor (Erica Durance) က အမေရိကန်နိုင်ငံကို ပညာသင်ကြားရန် လွှတ်ပေးခဲ့ပါတယ်။ အဲ့ဒီမှာ Violet ဟာ စစ်တပ်ခေါင်းဆောင် Ryan (Derek Klena) နဲ့ တွေ့ဆုံပြီး ခေါင်းဆောင်စွမ်းရည်နှင့် ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့ကြိုးစားပါတယ်။ ဇာတ်လမ်းဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းလေးနဲ့ ရယ်မောစရာ အခန်းများစွာ ဖန်တီးထားတာကြောင့် ခရစ္စမတ်အချိန်မှာ အပန်းဖြေဖို့ကောင်းတဲ့ဇာတ်ကားတစ်ခုပါ။ Violet ရဲ့ အခန်းကဏ္ဍတွေက စစ်မှန်တဲ့ခေါင်းဆောင်ဖြစ်ဖို့ကနေ အချစ်ဇာတ်လမ်းလေးဟာ ခရစ္စမတ်ရဲ့ အထူးပျော်ရွှင်မှု့ကို ပေးစွမ်းနိုင်မှာ အသေချာပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။)...
Seeking a Friend for the End of the World (2012) ⭐IMDB: 6.7/10 (121 k Votes) 🎬 #Adventure #Comedy #Drama #Romance #SciFi 🗓 2012 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica #Malaysia #Singapore ⏰ 1 နာရီ 41 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Seeking a Friend for the End of the World (2012) *********************************************** IMDb….6.7 ၃ပတ်အတွင်းမှာ ကမ္ဘာကြီးက ဂြိုလ်ဆိုင်တစ်ခုနဲ့တိုက်မိပြီး ကမ္ဘာပျက်တော့မယ်တဲ့ နောက်ဆုံးအချိန်လိုဖြစ်နေတဲ့ (၃)ပတ်မှာ ခင်ဗျားဆိုရင်ရော ဘာတွေဆက်လုပ်မိမှာပါလိမ့်…. Dodgeဆိုတဲ့ အာမခံဝန်ထမ်းတစ်ယောက်ကတော့ အဲဒီသတင်းကို ကြားလိုက်ရပြီး ခဏတာ သွေးပျက်သွားခဲ့သလို တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန်မှာ သူ့မိန်းမကလည်းထားသွားခဲ့တယ်.. ဒါပေမဲ့ သူ့ဘဝကို သူ ပုံမှန်ဆက်သွားဖို့ ကြိုးစားတယ် … Pennyဆိုတဲ့ ကောင်မလေး သူ့မိသားစုဆီသွားဖို့ နောက်ဆုံးလေယာဉ်ကို လွတ်သွားတယ်.. ကမ္ဘာကြီးကလည်း(၃)ပတ်အတွင်း ပျက်သုဥ်းသွားနိုင်သတဲ့… သူတို့၂ယောက်ကအိမ်နီးချင်းတွေ… (၃)ပတ်ဆိုသော ကာလလေးမှာ သူတို့(၂)ယောက်ဟာ ဘယ်လိုဖြတ်သန်းကြမလဲ…. … ဒီကားထဲကဟာသမင်းသားကြီး Steve Carell နဲ့ မင်းသမီးချော Keira Knightleyကိုတော့ ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်… ဟာသဟန်တွေနဲ့ ဘဝနေနည်းတစ်ချို့ကို အချိန်ကိုက်ပြသွားတဲ့ကားလေးမို့ ကြည့်လိုက်ပါဦးလို့……… (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ JtheKoala ဖြစ်ပါတယ်...
Scorched Earth (2024) ⭐IMDB: 6.7/10 (317 Votes) 🎬 #Crime #Thriller 🗓 2024 🎞 movie 🌎 #Germany ⏰ 1 နာရီ 41 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Scorched Earth (2024) IMDb Rating (6.7) ဒီရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ Thomas Arslan က စီစဥ်ရိုက်ကူးခဲ့ပြီးတော့ IMDb rating 6.7 ရရှိထားပါတယ်။ အမျိုးအစားကတော့ မှုခင်းရာဇဝတ်အမျိုးအစားပါ။ အိမ်တွေ ၊ ဘဏ်တွေ ၊ ပြတိုက်တွေ ဖောက်ထွင်းပြီးတော့ အသက်ရှင်ကြတဲ့သူတွေ အကြောင်းကို ရိုက်ကူးထားပါတယ်။ ထရိုဂျန်က သူရဲ့ ဘဝကို ဒီလိုပဲ ဖောက်ထွင်းပြီးတော့ ရှင်သန်ပါတယ်။ သူ့ဘဝကို ဒီလိုပဲ ဖြတ်သန်းနေရင်း ကိစ္စကြီးကြီးကို တစ်ချီတည်း လုပ်ကြည့်ဖို့ ကြိုးစားကြည့်တဲ့အခါမှာတော့ သူစဥ်းစားထားသလို ဖြစ်ပါ့မလား။ သေသပ်တဲ့ သရုပ်ဆောင်ချက်တွေ ၊ ခိုင်ခံ့တဲ့ ဇာတ်အိမ်တွေနဲ့ဆိုတော့ တကယ်ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ပါလို့ ညွှန်းပေးချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။)...
Novitiate (2017) ⭐IMDB: 6.7/10 (5 k Votes) 🎬 #Drama 🗓 2017 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 3 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Novitiate (2017) ~ IMDb – 6.7/10, RT – 86%, Meta – 73% ~ တလောတုန်းကမှ ထွက်ထားပြီး ခုထိ လူပြောသူပြောများနေတဲ့ The Substance မှာ မင်းသမီးကြီး Demi Moore နဲ့အတူ အပြိုင်ကြဲထားတဲ့ မမ Margaret Qualley ရဲ့ ကားအဟောင်းအကောင်းလေးပါ။ ကိုယ်တိုင် သူ့ကို စကြွေခဲ့ရတာကတော့ The Nice Guys မှာ ညဉ့်ငှက်မလေးအဖြစ်သရုပ်ဆောင်ခဲ့တုန်းကပေါ့။ နောက်ပြီးတော့ တာရန်တီနိုရဲ့ Once Upon A Time in Hollywood မှာလည်း မှတ်မှတ်ရရ ရှိကြပါလိမ့်မယ်။ သိပ်ကိုလှပလွန်းတဲ့ မျက်ဝန်းတစ်စုံပိုင်ရှင် အလှတရားလေးပါပဲ။ “ပေးဆပ်ခြင်းမရှိတဲ့ အချစ်က အချစ်မဟုတ်ဘူး။ အကြွင်းမဲ့အချစ်ဆိုတာ အဆုံးအစွန်ပေးဆပ် စတေးရခြင်းဖြစ်တယ်” ကိုယ့်ရည်းစားက တစ်ရက်လောက် စာမပို့ဘဲ ဖုန်းမဆက်ဘဲနေရင်တောင် စိတ်ကောက်နေတတ်ကြတဲ့ မမတွေနဲ့ ဆန့်ကျင်ဖက်ပါပဲ ဒီဇာတ်ကားထဲက အဓိကဇာတ်ဆောင် ကတ်သလင်းကတော့ တစ်ယောက်သောသူကို တစ်ဖက်သတ် တစ်ဘဝလုံးစာ ပေးဆပ်ပြီး ဥပေက္ခာပါရမီဖြည့်ရင်း ချစ်နေချင်ပါတယ်တဲ့။ သူချစ်မိတဲ့သူကတော့ ဘုရားသခင်ပါပဲ။ သူ့ရဲ့ ငယ်ရွယ်မှုအပါအဝင် တစ်ဘဝလုံးစာ စတေးပြီး ဘုရားသခင်ကို ချစ်ခွင့်ရဖို့ ဆယ်ကျော်သက်အရွယ်မှာပဲ သူ့ဆုံးဖြတ်ချက်နဲ့သူ သီလရှင်ဝတ်ဖို့ ပထမအကြိမ် သစ္စာပြုပြီး ဒုလ္လဘဝတ်လိုက်ပါတယ်။ (တစ်သက်လုံးစာ မဝတ်ခင်ဝတ်တဲ့ ယာယီသီလရှင်သဘောမျိုးပါပဲ။ မြန်မာမှာ အနီးစပ်ဆုံး စကားလုံးယူသုံးထားတာပါ။ နားလည်မှုအလွဲအမှားဖြစ်သွားရင် တောင်းပန်ပါတယ်) ကတ်သလင်းက ဘာသာရေးနဲ့ မနီးစပ်တဲ့အသိုင်းအဝိုင်းကနေ ဘုရားသခင်ကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ သီလရှင်ကျောင်းကို ရောက်လာတာပါ။ သီလရှင်ကျောင်းကို ရောက်တဲ့အချိန် တင်းကြပ်လွန်းတဲ့ ပညတ်တွေနဲ့ သူ့ရဲ့စတေးမှုက ထိုက်တန်ရဲ့လားဆိုတဲ့ သံသယတွေက တိုက်စားတာကို သူဘယ်လိုရင်ဆိုင်လဲဆိုတာကို ပြပေးထားပါတယ်။ ခေတ်ကတော့ ၁၉၆၀ များက ဗာတီကန် ၂ ကိုစမိတ်ဆက်ပြီး ရိုးရာဘာသာရေးကနေ ခေတ်သစ်ဘာသာရေးကို ပြုပြင်ပြောင်းလဲနေစဉ် ကာလမှာဖြစ်ပါတယ်။ လူတစ်စုရဲ့ ဆုံးဖြတ်ချက်ကြောင့် တချို့သူတွေ အခွင့်အရေးသစ်တွေရလာပြီး တချို့သူတွေရဲ့ တစ်ဘဝလုံးစာ အချည်းနှီးဖြစ်ရတာကို ခပ်ပါးပါးလေးပြပေးသွားပါတယ်။ ခင်ဗျားတို့ဆိုရင်ရော ရယူခြင်းလုံးဝမရှိဘဲ တစ်သက်လုံးစာစတေးပြီး ချစ်နိုင်ကြမလား… (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)...
The Unseen Sister (2024) ⭐TMDB: 50% User Score 🎬 #Drama #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 52 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အသက် ၁၄ နှစ်အရွယ်မှာတည်းက စာပေလောကထဲကို စာရေးဆရာအနေနဲ့ရောက်လာခဲ့တဲ့ ကျန်းယွဲ့ရန်ရဲ့ (Da Qiao Xiao Qiao)တချောင်ရှောင်ချောင် (ခ)ချောင်ညီအစ်မဇာတ်လမ်းက အွန်လိုင်းဝတ္ထုတိုလေးဆိုပေမယ့်လည်း….အခု ကျောက်လိယင်းနဲ့ ရှင်းကျစ်လေ မင်းသမီးနှစ်လက်အသားပေးပြီးThe Unseen Sister (2024) ရုပ်ရှင်ကားအဖြစ်တစ်မျိုး၊ တစ်ဖက်မှာလည်း Tencent က ကျောက်လုစီနဲ့ ချန်ဝေထင်တို့ကဇာတ်လိုက်သရုပ်ဆောင် ဖန်တီးထားတဲ့ Love’s Ambition ( 2025 မျှော်မှန်း)ဇာတ်လမ်းတွဲအဖြစ် တစ်ဖုံ စင်ပြိုင် အလုခံရတဲ့ ဝတ္ထုတိုလေးပါ… ဒီလိုစင်ပြိုင်လုခံရတဲ့ ဇာတ်ကားလေးက ဘယ်လို ဇာတ်အိမ်တွေနဲ့တည်ဆောက်ထားတယ်ဆိုတာကတော့ မူရင်းဝတ္ထုလေးဖတ်ဖူးသူတွေသိကြမှာပါ… ဒီနေ့မှာတော့ ယင်းပေါင်(ခ) ကျောက်လိယင်ရဲ့ ရုပ်ရှင်လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ရုပ်ရှင်ဗားရှင်းမှာတော့…နာမည်ကြီးသရုပ်ဆောင်မင်းသမီး ချောင်ယန် (ကျောက်လိယင်)ကအမည်မသိလူတစ်ယောက်ရဲ့ လျို့ဝှက်ခြိမ်းခြောက်မှုကို ခံနေရတာပေါ့… တစ်ဖက်မှာလည်း သူ့ကို ငွေရှာစက်လိုသဘောထား အသုံးချအသားယူဖို့ကြိုးစားနေတဲ့ ရှန်ဟောက်မင်ရဲ့စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဒဏ်ကိုလည်း ခံနေရပြန်တယ်…တစ်ဖက်မှာလည်း ချောင်ယန်ရဲ့ အောင်မြင်မှုကို တရုတ်နယ်စပ်မြန်မာနိုင်ငံကနေ ဗိုက်တစ်လုံးနဲ့ ကြည့်နေတဲ့သူကတော့ တချောင်( ရှင်းကျစ်လေ) ပါပဲ… တချောင်က တခြားသူမဟုတ်ပါဘူး…ချောင်ယန်နဲ့ ၁၇ နှစ်တာ ကွဲနေတဲ့ သူ့အစ်မအရင်းပါပဲ…သူ့မှာလည်း ဗိုက်တစ်လုံးနဲ့ ထားသွားတဲ့ ယောက်ျားကဒီတိုင်းမထားဘဲ အကြွေးရှင်တွေနဲ့ ထားသွားတော့…ကူသူကယ်သူမဲ့နေရာကနေ နောက်ဆုံးမှာတော့….ချောင်ယန်ရှိတဲ့ ပေကျင်းကို ထွက်လာဖို့ဖြစ်လာခဲ့တယ်… ၁၇ နှစ်တာ ဝေးကွာနေတဲ့ ညီအစ်မတွေ ပြန်ဆုံချိန်မှာအမှတ်မထင် တချောင်ပြောတဲ့စကားက…“နင့်ဆီက ချောင်ယန်ဘဝကို ပြန်လိုချင်လို့”တဲ့…ဟုတ်ပါတယ်… ချောင်ယန်ဆိုတဲ့နာမည်နဲ့ဘဝကအခုမင်းသမီးချောင်ယန်ရဲ့ ဘဝမဟုတ်ဘဲ တချောင်ရဲ့ နာမည်ပါတဲ့… ဒါပေမယ့် ဘာလို့ ရှောင်ချောင်က တချောင်ရဲ့ နာမည်နဲ့ဘဝကိုရသွားတာလဲ…ချောင်ယန်ကို လျို့ဝှက်ခြိမ်းခြောက်နေတဲ့သူကရော ဘယ်သူလဲ…နောက်ပြီး ချောင်ယန်တစ်ယောက် သူ့ကို ငွေရှာစက်လိုသဘောထားတဲ့ ရှန်ဟောက်မင်လက်က ဘယ်လိုရုန်းထွက်နိုင်မှာလဲ…တချောင် ရှောင်ချောင် ညီအစ်မနှစ်ယောက်ဘဝက ဘယ်လိုပြောင်းလဲသွားမှာလဲ…CM မှာ ဘာသာပြန်ပေးထားတာမို့ ကြည့်ရှုအားပေးလိုက်ကြရအောင်...
