es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
https://m.media-amazon.com/images/M/MV5BNTRmNjdjY2EtYmY4MC00NzEyLWE3ZjktOWQzNWFmMDViMWNjXkEyXkFqcGdeQXVyNTI5NjIyMw@@._V1_FMjpg_UX1000_.jpg Tag-init (2023) ⭐IMDB: ⁉️ 🎬 #Drama 🗓️ 2023 🎞️ Movie 📺 FHD 1080p 🌎 #Philippines ⏰ 2 နာရီ 08 မိနစ် 04 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 [18+] Tag init (2023)Martin က တက်ကြွတဲ့ ကြက်ဖပျိုလေးမို့ တွေ့ရာလက်တည့်စမ်းချင်တဲ့လူငယ်တယောက်ပေါ့။ နွေရာသီပိတ်ရက်မှာတော့ Martin က သူ့ရဲ့ ယောက်ျားပီသမှုကို သူငယ်ချင်းတွေနဲ့ အပြိုင်ဆိုင်စမ်းသပ်လိုမှုကြောင့် မိန်းမချောနှစ်ယောက်နဲ့ practical ဆင်းဖို့စီစဉ်ပါတော့တယ်။ သူများနဲ့မတူအောင် စရိုက်မတူတဲ့ Adeleနဲ့Nadine ဆိုတဲ့ ကောင်မလေးနှစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်။ Adeleတယောက်က နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ နိုင်ငံရေးသမား ဖြစ်ပြီး Nadineကတော့ လိင်ပိုင်းဆိုင်ရာတက်ကြွတဲ့ ကောင်မလေးဖြစ်ပါတယ်။18+ ဇာတ်ကားသစ်လေးဖြစ်တာမို့ ကြည့်ရှုခံစားကြပါဦး။ မိသားစုနှင့်အတူကြည့်ရှုရန်မသင့်တော်သော အခန်းများစွာပါဝင်သောကြောင့် အသက်အရွယ်မပြည့်သူများနှင့် မိသားစုများနှင့်စု၍လည်း ကြည့်ရှုရန်မသင့်တော်ပါ။Translated by AMO

https://m.media-amazon.com/images/M/MV5BMzY1ZjMwMGEtYTY1ZS00ZDllLTk0ZmUtYzA3ZTA4NmYwNGNkXkEyXkFqcGdeQXVyNDk3NzU2MTQ@._V1_FMjpg_UX1000_.jpg Almost Famous (2000) ⭐IMDB: 7.9/10 (279 k Votes) 🎬 #Adventure #Comedy #Drama #Music 🗓️ 2000 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 2 နာရီ 41 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Almost Famous(2000) =================== IMDb 7.9 / Rotten Tomatoes 89% “ဒီကမ္ဘာပေါ်မှာ အောင်မြင်ကျော်ကြားမှုကို မလိုချင်တဲ့လူရှိရင် ငါ့ကိုပြစမ်းပါ အဲ့ဒီလူဟာ အရူးပဲဖြစ်ရမယ်” “အောင်မြင်ကျော်ကြားမှုက အရာရာပဲ” “အောင်မြင်ကျော်ကြားတဲ့သူဟာ ဘာလုပ်လုပ် တင့်တယ်တယ်” ဒီရုပ်ရှင်ကတော့ ၁၉၇၃ခုနှစ်ဝန်းကျင်က ရော့ခ်ဂီတသတင်းစာဆရာလေး ဝီလီယမ်မင့်လားနဲ့ စတေးဝါးတား လို့ခေါ်တဲ့ ရော့ခ်ဂီတအဖွဲ့တို့ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် မိခင်ရဲ့ထိန်းချုပ်မှုအောက်မှာပဲ နေခဲ့ရတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့စာအ​ရေးအသား ပါရမီကြောင့် မဂ္ဂဇင်းတိုက်တစ်တိုက်ရဲ့ သတင်းစာဆရာအဖြစ် ကမ်းလှမ်းခြင်းကို ခံခဲ့ရပါတယ် ရေးရမယ့်ဆောင်းပါးအတွက် အင်တာဗျူးလုပ်ဖို့ စတေးဝါးတားလို့ခေါ်တဲ့ ရော့ခ်ဂီတအဖွဲ့နောက်ကို လိုက်ခဲ့ပါတော့တယ် ကမ္ဘာလှည့်ဖျော်ဖြေပွဲလုပ်နေတဲ့ စတေးဝါးတားအဖွဲ့နောက် လိုက်ရင်း ရော့ခ်ဂီတလောကအကြောင်း လူ့လောကအကြောင်း အတွေ့အကြုံတွေရခဲ့တဲ့ ဆယ်ကျော်သက်လူငယ်လေးရဲ့အခက်အခဲတွေ စိတ်အားထက်သန်မှုတွေကို နှစ်သက်ကြည်နူးဖွယ် ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ်….

https://m.media-amazon.com/images/M/MV5BMzI4NmE0NTctYTNjNi00ZDhhLTk3ZWMtNDBkMWViNDQyOGFjXkEyXkFqcGdeQXVyNjQ0MDEyMjg@._V1_FMjpg_UX1000_.jpg Battlebox (2023) ⭐IMDB: 7.4/10 (67 Votes) 🎬 #Drama #History #War 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #HongKong ⏰ 1 နာရီ 17 မိနစ် 53 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 BattleBox (2023)၁၉၄၁ ခုနှစ်မှာ ဟောင်ကောင်က ဗြိတိသျှအင်ပါယာရဲ့အရှေ့ဘက်ခံတပ်တစ်ခုဖြစ်ခဲ့ပါတယ်။ ရုတ်တရက် ဂျပန်တပ်‌တွေရဲ့ တိုက်ခိုက်မှုနဲ့အတူ လဲပြိုကျ‌နေတဲ့ မြို့ကြီးနောက်ခံကနေ ဇာတ်လမ်း သုံးခု ထွက်ပေါ်လာပါတော့တယ်။ ပထမဆုံးတစ်ခုက တစ်ယောက်ကနန်းတွင်းသူ*(courtesan) အဖြစ် အလုပ်လုပ်ပြီး နောက်တစ်ယောက်မှာတော့ Battlebox လို့သိကြတဲ့ ဗြိတိသျှစစ်ဌာနချုပ်ထဲရောက်ရှိသွားပြီး သူလျှိုစစ်ဆင်ရေးမှာ‌ပါသွားပါ‌တဲ့ တရုတ်ညီအစ်မနှစ်ယောက်ပဲဖြစ်ပါတယ်။ ဒုတိယဇာတ်‌ကြောင်းတစ်ခုကတော့ Rajput စစ်သားတစ်စု၊ ဂျပန်တို့ရဲ့ခြုံခိုတိုက်ခိုက်ရာမှာ ပိတ်မိပြီး ဘယ်လိုမျိုး သတ္တိရှိစွာနဲ့ တခြားသူတွေကိုကယ်တင်သွားမလဲဆိုတာပါပဲ။နောက်ဆုံးဇာတ်ကြောင်းကတော့ အသေခံတိုက်ပွဲဝင်မလား ဒါမှမဟုတ် လက်နက်ချပြီး ဗြိတိသျှကိုလိုနီကို အရှက်စေမလား၊‌ ဝေခွဲရခက်စေတဲ့ ဆုံးဖြတ်ချက်တို့နဲ့ ရုန်းကန်နေရတဲ့ ဗိုလ်ချုပ် Maltby နဲ့အရာရှိတွေရဲ့ တိုက်ပွဲစိန်ခေါ်သံတွေကိုဘယ်လိုတုံ့ပြန်သွားမလဲဆိုတာကို ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။Reviewed by YoonTranslated by Yoon & LwinMoeEncoded by Hubin

https://m.media-amazon.com/images/M/MV5BYmU5YjJlYjEtNGE5Ni00ODA5LWE4ZTAtNzZlNDhlODIzMzE4XkEyXkFqcGdeQXVyMTQxNzMzNDI@._V1_FMjpg_UX1000_.jpg Breakfast on Pluto (2005) ⭐IMDB: 7.2/10 (23 k Votes) 🎬 #Comedy #Drama 🗓️ 2005 🎞️ Movie 📺 1080p FHD 🌎 #Ireland #UnitedKingdom ⏰ 2 နာရီ 09 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Breakfast on Pluto (2005) ပီကီဘလိုင်းဒါမှာ စပယ်ရှယ်ကြမ်းတဲ့ ကျွန်တော်တို့အားလုံးရဲ့အချစ်တော်တွမ်မီ ဖာ့ခ်ကင်း ရှယ်လ်ဘီ ကြီးကို ဒီလိုပုံစံနဲ့မြင်တွေ့လိုက်ရလို့အားလုံးပဲ ပါးစပ်အဟောင်းသားဖြစ်သွားကြမယ်ထင်ပါတယ်။ အစကတော့ သူ့လိုလူနဲ့ ဒီလိုဇာတ်ကောင်ဘယ်လိုမှမလိုက်ဖက်မှာ မဟုတ်ဘူးလို့ ထင်ခဲ့ပေမယ့်တကယ်တမ်းကြည့်ပြီးချိန်မှာတော့ သိပ်ကိုနွဲ့ပြီးလှပတဲ့ ‘ကစ်တန်’ ဆိုတဲ့ သူ့ရဲ့ မိန်းမလျာဇာတ်ရုပ်ကို ချစ်မိသွားတဲ့အထိသရုပ်ဆောင်ပီပြင်တဲ့ Cillian Murphy ရဲ့အနုပညာစွမ်းရည်ကတော့ သြချလောက်စရာပါပဲ။ ဇာတ်လမ်းအကျဥ်းပြောရရင်တော့သူ့ကိုယ်သူ ကစ်တန်လို့ နာမည်ပေးထားတဲ့ ပတ်ထရစ် ဆိုတဲ့ကောင်လေးဟာမွေးကင်းစအရွယ်မှာတင် စွန့်ပစ်ခြင်းခံခဲ့ရပြီး အဖေ အမေ ဘယ်သူမှန်း သိခွင့်မရခဲ့သူလေးပါ။ မွေးစားမိသားစုနဲ့အတူ ကြီးပြင်းလာတဲ့ ပတ်ထရစ်ဟာငယ်ငယ်ကတည်းက ဂါဝန်တွေ မိန်းကလေးအသုံးဆောင်တွေကိုပဲ သဘောကျခဲ့ပြီးသူ့ကိုယ်သူ ဘာဆိုတာ သိခဲ့ပေမယ့် ပတ်ဝန်းကျင်နဲ့ မွေးစားမိသားစုရဲ့ ဟန့်တားမှုကြောင့်ပေါ်ပေါ်ထင်ထင် နေချင်တိုင်းနေလို့ မရခဲ့ပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့ သူ့လိင်ခံယူချက်အတိုင်း ပေါ်တင်ပဲနေထိုင်ပါတော့တယ်။ ဒါပေမဲ့ မိန်းမလျာတွေကို လုံးဝလက်သင့်မခံတဲ့ သူ့အသိုင်းအဝိုင်းကြောင့်တစ်နေ့မှာတော့ အိမ်ပေါ်ဆင်းပြီး သူ့အမေအရင်းရှိတယ်ဆိုတဲ့ လန်ဒန်မြို့ကြီးကိုရှာတော်ပုံတော်ခရီးစဥ် ထွက်လာတဲ့အကြောင်းပဲ ဖြစ်ပါတယ်။နောက်ဆုံးမှာ ပတ်ထရစ် (ခ) ကစ်တန်တစ်ယောက် သူ့အမေကို ရှာတွေ့သွားမှာလား။ခရီးတစ်လျှောက်မှာရော ဘယ်လိုအလွဲတွေ ဖြစ်ဦးမလဲဆိုတာ ကြည့်ရှခံစားလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့Robinပဲ ဖြစ်ပါတယ်။

https://m.media-amazon.com/images/M/MV5BMzY1ZjMwMGEtYTY1ZS00ZDllLTk0ZmUtYzA3ZTA4NmYwNGNkXkEyXkFqcGdeQXVyNDk3NzU2MTQ@._V1_FMjpg_UX1000_.jpg Almost Famous (2000) ⭐IMDB: 7.9/10 (279 k Votes) 🎬 #Adventure #Comedy #Drama #Music 🗓️ 2000 🎞️ Movie 📺 720p HD 🌎 #UnitedStates ⏰ 2 နာရီ 41 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Almost Famous(2000) =================== IMDb 7.9 / Rotten Tomatoes 89% “ဒီကမ္ဘာပေါ်မှာ အောင်မြင်ကျော်ကြားမှုကို မလိုချင်တဲ့လူရှိရင် ငါ့ကိုပြစမ်းပါ အဲ့ဒီလူဟာ အရူးပဲဖြစ်ရမယ်” “အောင်မြင်ကျော်ကြားမှုက အရာရာပဲ” “အောင်မြင်ကျော်ကြားတဲ့သူဟာ ဘာလုပ်လုပ် တင့်တယ်တယ်” ဒီရုပ်ရှင်ကတော့ ၁၉၇၃ခုနှစ်ဝန်းကျင်က ရော့ခ်ဂီတသတင်းစာဆရာလေး ဝီလီယမ်မင့်လားနဲ့ စတေးဝါးတား လို့ခေါ်တဲ့ ရော့ခ်ဂီတအဖွဲ့တို့ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် မိခင်ရဲ့ထိန်းချုပ်မှုအောက်မှာပဲ နေခဲ့ရတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့စာအ​ရေးအသား ပါရမီကြောင့် မဂ္ဂဇင်းတိုက်တစ်တိုက်ရဲ့ သတင်းစာဆရာအဖြစ် ကမ်းလှမ်းခြင်းကို ခံခဲ့ရပါတယ် ရေးရမယ့်ဆောင်းပါးအတွက် အင်တာဗျူးလုပ်ဖို့ စတေးဝါးတားလို့ခေါ်တဲ့ ရော့ခ်ဂီတအဖွဲ့နောက်ကို လိုက်ခဲ့ပါတော့တယ် ကမ္ဘာလှည့်ဖျော်ဖြေပွဲလုပ်နေတဲ့ စတေးဝါးတားအဖွဲ့နောက် လိုက်ရင်း ရော့ခ်ဂီတလောကအကြောင်း လူ့လောကအကြောင်း အတွေ့အကြုံတွေရခဲ့တဲ့ ဆယ်ကျော်သက်လူငယ်လေးရဲ့အခက်အခဲတွေ စိတ်အားထက်သန်မှုတွေကို နှစ်သက်ကြည်နူးဖွယ် ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ်….

https://image.tmdb.org/t/p/original/xcnCkyudjrzeA6wqeb5HrmTkmLS.jpg Dragon sword: Ancient battlefield ( 2023 ) ⭐IMDB: ⁉️ 🎬 #Action #Fantasy 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #China ⏰ 1 နာရီ 32 မိနစ် 01 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကသုံးကားရှိပါတယ်နော်အတွဲ ၁ ကို ဒီမှာ ကြည့်ပါအတွဲ ၂ ကို ဒီမှာ ကြည့်ပါ သာမန်လူတစ်ယောက်ဖြစ်တဲ့ ကျင့်စဥ်ကျင့်ကြံနေသူ ဖူယန် ဟာရှေးခေတ်စစ်မြေပြင်ဆီကို သွားရောက်ခဲ့ပါတယ် ။သွားရာလမ်းကြောင်းမှာ အာကာသ အပ်ကွဲကြောင်းကြီးတွေနဲ့ခဏ ခဏ တွေ့ဆုံပြီး အကြိမ်ကြိမ်လွတ်မြောက်ခဲ့ပါတယ် ။ အဲဒီနောက်မှာတော့ လူတစ်ပိုင်း သားရဲတစ်ပိုင်း နယ်မြေထဲကိုမတော်တဆဆိုသလို ကျရောက်သွားခဲ့ပြီးသူတော်စင်အရှင်လင်ထာနဲ့တွေ့ဆုံကာ အဂ္ဂိရတ်ပညာကိုအမွေကို ဆက်ခံခဲ့ပါတော့တယ် ။သူတို့တွေ အတူတူပူးပေါင်းမိပြီး အန္တရာယ်အရမ်းကြီးမားတဲ့ ရှေးခေတ် စစ်မြေပြင်ဆီကို ခရီးဆက် စွန့်စားခဲ့ ဝင်ခဲ့တဲ့ အချိန်မှာတော့ – ❏ လမ်းတစ်လျှောက်မှာ သားရဲ မိစ္ဆာတွေရဲ့တိုက်ခိုက်ခြင်းကို ခံရတဲ့အခါ သူတို့တွေ ဘယ်လိုရင်ဆိုင်မလဲ ?❏ ရှားပါးရတနာတွေတွေ့လာတဲ့ အခါမှာရော သူတို့တွေ ဘယ်လို အသုံးချမလဲ ?❏ နောက်ဆုံးမှာ သူတော်စင်လင်ထာရဲ့ လမ်းညွှန်မှုအောက်မှာဘယ်လို ကျင့်စဥ်တွေ ကျင့်ကြံသွားမလဲ ?ဆိုတာ S 3 မှာ အတူတူကြည့်ရှုလိုက်ရအောင်ပါနော် ။

https://m.media-amazon.com/images/M/MV5BYmU5YjJlYjEtNGE5Ni00ODA5LWE4ZTAtNzZlNDhlODIzMzE4XkEyXkFqcGdeQXVyMTQxNzMzNDI@._V1_FMjpg_UX1000_.jpg Breakfast on Pluto (2005) ⭐IMDB: 7.2/10 (23 k Votes) 🎬 #Comedy #Drama 🗓️ 2005 🎞️ Movie 📺 1080p FHD 🌎 #Ireland #UnitedKingdom ⏰ 2 နာရီ 09 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Breakfast on Pluto (2005) ပီကီဘလိုင်းဒါမှာ စပယ်ရှယ်ကြမ်းတဲ့ ကျွန်တော်တို့အားလုံးရဲ့အချစ်တော်တွမ်မီ ဖာ့ခ်ကင်း ရှယ်လ်ဘီ ကြီးကို ဒီလိုပုံစံနဲ့မြင်တွေ့လိုက်ရလို့အားလုံးပဲ ပါးစပ်အဟောင်းသားဖြစ်သွားကြမယ်ထင်ပါတယ်။ အစကတော့ သူ့လိုလူနဲ့ ဒီလိုဇာတ်ကောင်ဘယ်လိုမှမလိုက်ဖက်မှာ မဟုတ်ဘူးလို့ ထင်ခဲ့ပေမယ့်တကယ်တမ်းကြည့်ပြီးချိန်မှာတော့ သိပ်ကိုနွဲ့ပြီးလှပတဲ့ ‘ကစ်တန်’ ဆိုတဲ့ သူ့ရဲ့ မိန်းမလျာဇာတ်ရုပ်ကို ချစ်မိသွားတဲ့အထိသရုပ်ဆောင်ပီပြင်တဲ့ Cillian Murphy ရဲ့အနုပညာစွမ်းရည်ကတော့ သြချလောက်စရာပါပဲ။ ဇာတ်လမ်းအကျဥ်းပြောရရင်တော့သူ့ကိုယ်သူ ကစ်တန်လို့ နာမည်ပေးထားတဲ့ ပတ်ထရစ် ဆိုတဲ့ကောင်လေးဟာမွေးကင်းစအရွယ်မှာတင် စွန့်ပစ်ခြင်းခံခဲ့ရပြီး အဖေ အမေ ဘယ်သူမှန်း သိခွင့်မရခဲ့သူလေးပါ။ မွေးစားမိသားစုနဲ့အတူ ကြီးပြင်းလာတဲ့ ပတ်ထရစ်ဟာငယ်ငယ်ကတည်းက ဂါဝန်တွေ မိန်းကလေးအသုံးဆောင်တွေကိုပဲ သဘောကျခဲ့ပြီးသူ့ကိုယ်သူ ဘာဆိုတာ သိခဲ့ပေမယ့် ပတ်ဝန်းကျင်နဲ့ မွေးစားမိသားစုရဲ့ ဟန့်တားမှုကြောင့်ပေါ်ပေါ်ထင်ထင် နေချင်တိုင်းနေလို့ မရခဲ့ပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့ သူ့လိင်ခံယူချက်အတိုင်း ပေါ်တင်ပဲနေထိုင်ပါတော့တယ်။ ဒါပေမဲ့ မိန်းမလျာတွေကို လုံးဝလက်သင့်မခံတဲ့ သူ့အသိုင်းအဝိုင်းကြောင့်တစ်နေ့မှာတော့ အိမ်ပေါ်ဆင်းပြီး သူ့အမေအရင်းရှိတယ်ဆိုတဲ့ လန်ဒန်မြို့ကြီးကိုရှာတော်ပုံတော်ခရီးစဥ် ထွက်လာတဲ့အကြောင်းပဲ ဖြစ်ပါတယ်။နောက်ဆုံးမှာ ပတ်ထရစ် (ခ) ကစ်တန်တစ်ယောက် သူ့အမေကို ရှာတွေ့သွားမှာလား။ခရီးတစ်လျှောက်မှာရော ဘယ်လိုအလွဲတွေ ဖြစ်ဦးမလဲဆိုတာ ကြည့်ရှခံစားလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့Robinပဲ ဖြစ်ပါတယ်။

https://image.tmdb.org/t/p/original/aqWBBoIjhBtZmNPPgwgbeuedFMB.jpg Giant Fish 3: Fish Monster of Han River ( 2023 ) ⭐IMDB: ⁉️ 🎬 #Horror #Thriller 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #China ⏰ 1 နာရီ 21 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 “အယူသည်းမှုကနေ ဖြစ်ပေါ်လာတဲ့ ကြောက်မက်ဖွယ်ရာ အကျိုးဆက်များ” မြို့နဲ့ ဝေးလံခေါင်သီလှတဲ့ ကျေးရွာနယ်မြေလေးတွေမှာနတ်ဆရာမ ၊ စုန်း အစရှိတဲ့ အတတ်ပညာတွေ အယူသီးလေ့ရှိကြပါတယ် ။ဟန့်ကျန်းဆိုတဲ့ ရွာငယ်လေးတစ်ရွာမှာ ကလေးမီးမဖွားနိုင်တဲ့မိခင်တစ်ယောက်ကို မီးဖွားနိုင်စေဖို့အတွက် နတ်ဆရာမတစ်ဦးဟာအောက်လမ်းနည်းပညာ အတတ်တစ်ခုနဲ့ ပြုစားလုပ်ပေးခဲ့ပါတယ် ။ အဲ့ဒီကိစ္စဖြစ်ပျက်ပြီး ရှစ်နှစ်ကြာပြီးတဲ့နောက်မှာ ရွာငယ်လေးဆီဝယ်ထူးဆန်းလှတဲ့ သေဆုံးမှုတွေ ထူးဆန်းလှတဲ့ အဖြစ်အပျက်တွေအဆက်မပြတ်ဆိုသလို ပေါ်လာခဲ့ပါတော့တယ် ။ အဲဒီအထဲကမှသော်ပေါင် ဆိုသူကလဲ ဇနီးသည်ကို ဆုံးရှုံးလိုက်ရပြီးသမီးငယ်လေးဖြစ်သူနဲ့ မြို့မှာသွားရောက်နေထိုင်ခဲ့ပါတယ် ။ တစ်နေ့မှာတော့ သော်ပေါင် တစ်ယောက် မြိူ့ကနေ ရွာငယ်လေးဆီကို တစ်ဖန်ပြန်လာခဲ့တဲ့အခါ…?ထူးဆန်းလှတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း သိရှိလိုက်ရပြီးတဲ့နောက်ကြောက်မက်ဖွယ်ကောင်းလှတဲ့ နောက်ကွယ်က အမှန်တရားကိုရှာဖွေဖို့ အကြောင်းဖန်လာခဲ့ပါတယ် ။ အမည်မဖော်နိုင်တဲ့ထူးဆန်း ကြောက်မက်ဖွယ်ကောင်းတဲ့ ကိစ္စတွေထဲကမှအမှန်တရားကိုရှာဖွေပြီး ကဒ်ဆိုးဆိုက်နေတဲ့ ရွာငယ်လေးကိုကယ်တင်နိုင်ပါ့မလားဆိုတာ ကြည့်ရှုလိုက်ရအောင်လားရှင် ။

https://m.media-amazon.com/images/M/MV5BYzE3ODkxYjUtNDRlNS00Njg1LTg2MjEtMWViMTE1ZDIxMjJhXkEyXkFqcGdeQXVyMTA3MDk2NDg2._V1_FMjpg_UX1000_.jpg The Night Owl (2022) ⭐IMDB: 7.4/10 (67 Votes) 🎬 #Mystery 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #SouthKorea ⏰ 1 နာရီ 58 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Night Owl (2023) ဒီတစ်ခေါက် တင်ဆင်ပေးမှာကတော့ နန်းတွင်းဇာတ်ကားကိုမှ ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရမယ့် ရာဇဝတ်ဇာတ်လမ်းဖြစ်ပါတယ် ချောင်နိုင်ငံရဲ့လက်အောက်ခံဖြစ်နေတဲ့ ဂျိုဆွန်းမင်းဆက် အင်ဂျိုဘုရင်လက်ထက်မှာ ဇာတ်အိမ်တည်ထားပါတယ်ချောင်းဂယောင်းဆူဟာ ညီလေးဖြစ်သူရဲ့ ရောဂါကိုကုပေးချင်တဲ့အတွက် နန်းတွင်းသမားတော်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်အပ်စိုက် အထူးကျွမ်းကျင်တဲ့ ဂယောင်းဆူကတော့ အလင်းထဲမှာ မမြင်ရပေမဲ့ ညဘက်အမှောင်ထဲမှာဆိုရင်တော့ ရှင်းလင်းစွာ မြင်ရပါတယ်ဒါပေမဲ့နန်းတွင်းထဲမှာ မမြင်ချင်သလို မကြားသလို နေရမှာဖြစ်တဲ့အလျောက် အဲဒါကို ဖုံးကွယ်ထားခဲ့ပေမဲ့…၈ နှစ်ကြာမှ ချောင်နိုင်ငံဓားစာခံအဖြစ်ကနေ ပြန်လာတဲ့ အိမ်ရှေ့စံရဲ့ သေဆုံးမှုကိုမျက်မမြင်လို့သိထားကြတဲ့ ဂယောင်းဆူဟာ မျက်မြင်သက်သေအဖြစ် ထွက်ဆိုရပါတော့တယ် မျက်မမြင်တစ်ယောက်က မျက်မြင်သက်သေအဖြစ် ထွက်ဆိုမယ့်ကိစ္စဟာ မယုံနိုင်စရာဖြစ်တဲ့အပြင်ဘုရင်ကိုလိမ်ထားတဲ့ ပြစ်မှုလည်း မြောက်နေပြန်တော့ ဘယ်လိုတွေ ရှေ့ဆက်ပြီး ဖြေရှင်းမလဲဆိုတာကို အတူကြည့်ရှုရမှာပါ ဂယောင်းဆူအဖြစ် Ryu Joon Yeol နဲ့ မင်းသားကြီး Yu Hae Jin က အင်ဂျိုဘုရင်အဖြစ် သရုပ်ဆောင်ထားပါတယ်ဝါရင့်မင်းသားကြီးနှစ်လက်ရဲ့ ဇာတ်လမ်းဆိုတော့ သရုပ်ဆောင်ပိုင်းတော့ အထူးပြောစရာမလိုတော့ပါဘူးနော်ရာဇဝင်ဇာတ်လမ်း ကြိုက်တတ်တဲ့သူတွေအတွက် ကွက်တိပါပဲ အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့JoyzandHmweပဲ ဖြစ်ပါတယ်။

https://m.media-amazon.com/images/M/MV5BMTQ0NTk5Mzk2OV5BMl5BanBnXkFtZTcwMDE3NTE4MQ@@._V1_FMjpg_UX1000_.jpg RocknRolla (2008) ⭐IMDB: 7.2/10 (255 k Votes) 🎬 #Action #Crime #Thriller 🗓️ 2008 🎞️ Movie 📺 1080p FHD 🌎 #UnitedKingdom #UnitedStates #France ⏰ 1 နာရီ 55 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 RocknRolla(2008) =============== နာမည်ကြီး Director Guy Ritchie ရဲ့လက်ရာ အက်ရှင်ဇာတ်လမ်း ကောင်းတစ်ပုဒ်ဖြစ်တဲ့ Rocknrollaကိုတင်ဆက်ပေးလိုက်ပါတယ်။ လန်ဒန်မြို့ရဲ့ဒုစရိုက်လောက၊ မူးယစ်ဆေး၊ အိမ်ခြံမြေဥပဒေပိုင်း အကျင့်ပျက်ခြစားမှုတွေကို လှည့်ကွက်ကောင်းကောင်းနဲ့တင်ဆက် ထားလို့ အက်ရှင်ကားကြိုက်ရင် ကြည့်သင့်တဲ့ ပေးရတဲ့အချိန်နဲ့ တန်စေမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ ဇာတ်အိမ်ကတော့ လန်ဒန်အိမ်ခြံမြေလောကကို လက်ခုပ်ထဲထည့် ထားတဲ့ လောဘကြီးတဲ့သူဌေးကြီး လန်နီကိုးလ်ဆီကို ရုရှားသူဌေး တစ်ဦးက လုပ်ငန်းအတွက်ဆက်သွယ်လာရာမှ မထင်မှတ်ထားတဲ့ တိုက်ဆိုင်မှုတွေနဲ့ နှစ်ဦးကြားကို ပတ်သက်မိသွားတဲ့ ဒုစရိုက်အဖွဲ့ ဝိုင်းဘန့်ချ်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဘယ်လိုမျိုးအဖြစ်အပျက် တွေက ဝိုင်းဘန့်ချ်ကို စောင့်ကြိုနေမလဲ၊ မထင်မှတ်ထားတဲ့တိုက်ဆိုင်မှု တွေက ဘာတွေဆက်ဖြစ်လာစေမလဲ၊ အကွက်ကျ ကောက်ကျစ်တတ်တဲ့ သူဌေးနှစ်ဦးကြားမှာ မြေစာပင်ဖြစ်သွားမလားဆိုတာကို ပြကွက် တစ်ကွက်ချင်းဆီက အချိတ်အဆက်မိမိနဲ့ ဆွဲခေါ်သွားမှာပါ။

https://image.tmdb.org/t/p/original/sQ0yaNVu5zN5TCvTET9urHYIngN.jpg Sniper Vengeance ( 2023 ) ⭐IMDB: ⁉️ 🎬 #Action 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #China ⏰ 1 နာရီ 24 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကြီးမားလှတဲ့ စစ်ဆင်ရေး တာဝန်တစ်ခုမှာ သေဘေးကနေလက်မတင်လေးတင် လွတ်မြောက်လာခဲ့ပြီး သူယုံကြည်ရဆုံးရဲဘော် ရဲဘက်တွေကို ဆုံးရှုံးလိုက်ရသူ လက်ဖြောင့်စနိုက်ပါသမား – ကောင်းကျန်း ရဲဘော်တွေ သေဆုံးခဲ့ရလို့ ဖြေမဆည်နိုင်ဖြစ်နေပေမဲ့ကောင်းကျန်းဘဏ်အကောင့်ထဲမှာ အမေရိကန်ငွေ၄ သိန်းရောက်ရှိနေခဲ့တာမို့ သူ့ရဲဘော်တွေကိုသစ္စာဖောက်တယ်ဆိုပြီး စွပ်စွဲခံနေခဲ့ရပါတယ် ။ နာကျဥ်းမှုတွေ များစွာရင်ဝယ်ပိုက်ထားတဲ့ကောင်းကျန်းတစ်ယောက် မုန်တိုင်းအဖွဲ့ ဆိုတဲ့အဖွဲ့နဲ့ ပူးပေါင်းကာ လက်စားချေဖို့ လုပ်ဆောင်ခဲ့ပါတော့တယ် ။ ❏ ပြန်ပေးဆွဲမှုတွေ ခဏ ခဏ ကြုံတွေ့ရတဲ့ အချိန်မှာနောက်ကွယ်က ကြိုးကိုင်သူက ဘယ်သူဖြစ်နေမှာလဲ?❏ သူ့ကိုချောက်ချတဲ့ သူကတော့ အမှန်ပဲရှိနေခဲ့တာလား?❏ ကျဆုံးသွားတဲ့ ညီအစ်ကိုတွေအတွက်ရောကောင်းကျန်းတစ်ယောက် လက်စားချေနိုင်ပါ့မလား? ဆိုတာစိတ်ဝင်စားစွာနဲ့ ကြည့်ရှုလိုက်ရအောင်ပါနော် ။

https://m.media-amazon.com/images/M/MV5BODhhMGEwOGEtNDJjMi00OWQ1LThlZjItNTk3Y2IzZThlNjdkXkEyXkFqcGdeQXVyMTA0MjU0Ng@@._V1_FMjpg_UX1000_.jpg M. Butterfly (1993) ⭐IMDB: 6.7/10 (10 k Votes) 🎬 #Drama #Romance 🗓️ 1993 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #Canada ⏰ 1 နာရီ 42 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 M. Butterfly (1993) ဒီကားကို ရိုက်တဲ့ဘဲက ဒေးဗစ်ခရိုနင်ဘတ်။ သူ့တော့ သိကြတယ်ဟုတ်။ Crimes of the Future တို့၊ The Fly တို့၊ Crash တို့လို Body Horror တွေအရိုက်များခဲ့တဲ့သူပါပဲ။ Body Horror မာစတာတစ်ပါးအဖြစ်လူသိများတဲ့ ခရိုနင်ဘတ်ဟာ ဒီတစ်ခါတော့ ထူးထူးခြားခြား ဘာညာဘာညာကြတာတောင် ဘော်ဒီမပြတဲ့ ကားကို ရိုက်ချလိုက်တယ်။ မင်းသားက Jeremy Irons ပါ။ ပေါ်ပြူလာအရမ်းဖြစ်တဲ့ထဲ မပါပေမဲ့လည်း သရုပ်ဆောင် တော်တော်ကောင်းတဲ့ ဘိုးတော်ကြီးပေါ့။ မင်းသမီးကတော့ အဲလေ နောက်မင်းသားကတော့ ဂျွန်လုံးပါ။ သူကတော့ ပုရီကားမှာ တော်တော်များများသိကြမှာပါ။ Rush Hour 2 ကတော့ သူ့ကို လူသိအများကြဆုံးကားဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်းကတော့ ပြင်သစ်သံရုံးက စာရင်းကိုင်တစ်ယောက်ဟာ တစ်နေ့ အော်ပရာသွားကြည့်ရင်း ပီကင်းအော်ပရာသမလေးတစ်ယောက်နဲ့တွေ့တယ်။ ဘာမှတော့မသိပေမဲ့ အနုပညာကိုခံစားတတ်သလို ဘာလိုလိုနဲ့ ရောဖောရင်း စကားသွားပြောရာက ငြိတိတိဖြစ်မလိုလို ဖြစ်သွားတာပေါ့။ အဲဒီနောက် တော်တော်ကြာသွားတယ်။ မတွေ့ဖြစ်ကြဘူး။ နောက် သူလက်ထောက်ကောင်စစ်ဝန်ရာထူးတိုးသွားတဲ့အခါမှာ အဲဒီအော်ပရာသမလေးဆီသွားပြီး ချစ်ရေးဆိုရာကနေ ပြင်သစ် တရုတ်အချစ်ဇာတ်လမ်းလေးတစ်ခု ဖြစ်ထွန်းလာတယ်ပေါ့။ စပွိုင်လာလို့ပြောလို့ရပေမဲ့ ဇာတ်ကိုက ဖြစ်ရပ်မှန်ကို ရိုက်ထားတာဆိုတော့ ကျန်တဲ့ပြောမှာတွေက စပွိုင်လာဖြစ်နိုင်တာမို့ မသိသေးရင် ဒီမှာပဲ ရပ်လိုက်ပါ။ မပြောလို့လည်း မဖြစ်တာမို့ ပြောရပါဦးမယ်။ ဒီလိုနဲ့ သူတို့တွေ ချစ်ခင်စုံမက်ပေါင်းဖက်လာလိုက်တာ သားလေးမွေးကြတဲ့အထိပေါ့။ ————- ပြဿနာက တော်တော်ကြာပြီးမှ တရားရုံးက ခေါ်လို့သွားရာက အမှုအစစ်ဆေးခံရင်းသိလိုက်ရတာက သူမယားအဖြစ်ပေါင်းသင်းခဲ့တဲ့ အော်ပရာအဆိုတော်မက အမမဟုတ်ဘဲ အထီးကြီးဖြစ်နေရှာတာ။ အဲဒီမှာ တစ်လောကလုံးစာ အရှက်တွေကွဲပါလေရော။ ဟိုကလည်း ပိရိသကိုး။ ပီကင်းအော်ပရာသမားတွေက အစကတည်းကိုက အမျိုးသမီးဇာတ်ကောင်နေရာလည်း အမျိုးသားပဲ သရုပ်ဆောင်ကြတော့ အမျိုးသမီးနေရာက သရုပ်ဆောင်သွားတာလည်း သိပ်ကောင်းနေသကိုး။ ဂျင်းအကြီးကြီးမိသွားရှာတာပေါ့။ သို့ပေမဲ့ လိင်ပါဆက်ဆံတာတောင် မသိဘူးလားဆိုတဲ့အမေးတော့ရှိမယ်။ ဒါကတော့ ကားမှာလည်း တစ်ချို့တစ်ဝက်မြင်သာသလို တကယ့်အမှုကိုစစ်ခဲ့တုန်းက ဆေးပညာရှင်ရဲ့ အတည်ပြုချက်အရတော့ သူက ခုခေတ်လည်းသုံးကြတဲ့ Tucking လို့ခေါ်တဲ့ လိင်တံကို မပေါ်အောင် နောက်ပစ်ထားတဲ့နည်းဆိုလား သုံးခဲ့သတဲ့။ နောက် သူက ထူးထူးခြားခြားပဲ သူ့ဝှေးကိုလည်း သူလိုချင်သလိုပုံစံဖြစ်ရအောင် ကြွလို့ရှုံ့လို့ရတဲ့ စွမ်းရည်လည်းရှိသတဲ့။ ဒီတော့ ဗဂျိုင်နာလို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နိုင်ခဲ့သတဲ့။ ဇာတ်ကတော့ တိုနီဆုပါရခဲ့တဲ့ ဘ‌ရော့ဒ်ဝေးပြဇာတ်တစ်ခုကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ အဲဒီပြဇာတ်ကလည်း ပြင်သစ်သံအမတ်နဲ့ Shi Pei Pu လို့ခေါ်တဲ့ တရုတ်အော်ပရာအဆိုတော်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကကို အခြေတည်ထားတာပါ။ ဒီအဖြစ်အတွက် နှစ်ယောက်စလုံး ထောင်ကျပြီး လွတ်လာခဲ့ပါတယ်။ အပြင်မှာတော့ Shi ဟာ မသေခင်မှာ ပြင်သစ်သံအမတ်ကို ကျွန်တော်ကတော့ အစ်ကို့ကို ချစ်တုန်းပဲလို့ ပြောခဲ့သလို ၂၀၀၉အထိအသက်ရှည်ရှည်နေခဲ့ရပြီး ၇၀နဲ့ဆုံးသွားခဲ့ပါတယ်။ ဖြစ်ရပ်မှန်ဆိုပေမဲ့လည်း ဒီဇာတ်လမ်းဟာ သိပ်မယုံနိုင်စရာကောင်းလွန်းနေသလို မူရင်းပြဇာတ်ကို ရေးတဲ့စာရေးဆရာကလည်း ” ဒီပြဇာတ်မှာ Gay နဲ့ Straight ကြားက မျဉ်းလေးဟာ အင်မတန်ဝေဝါးပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီလူဟာ သူယောက်ျားတစ်ယောက်နဲ့ သံဝါသပြုနေခဲ့တယ်ဆိုတဲ့အချက်ကို သိခဲ့မယ်လို့ထင်ပါတယ်။ ဒါကြောင့်မို့ ပမာဏတစ်ခုအထိတော့ သူ့စိတ်က Gay ဖြစ်နေပုံပါပဲ ” တဲ့။ ပြဇာတ်ရေးဆရာရဲ့ ဒီစကားကတော့ ပိုပြီးနှိုင်းဆကြည့်ရလွယ်ပါလိမ့်မယ်။ ပီကင်းအော်ပရာသမားတွေ ဈာန်အဝင်လွန်ပြီး ဒီမျဉ်းအရမ်းပါးလျသွားတာလည်း ဒါဦးဆုံးမဟုတ်ဘူးမို့လား။ Farewell My Concubine မှာလည်း ကျွန်တော်တို့တွေ့ခဲ့ရပြီးပြီပဲလေ… (ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)

https://m.media-amazon.com/images/M/MV5BY2E2YWYxY2QtZmJmZi00MjJlLWFiYWItZTk5Y2IyMWQ1ZThhXkEyXkFqcGdeQXVyMTMxODk2OTU@._V1_FMjpg_UX1000_.jpg Boogie Nights (1997) ⭐IMDB: 7.9/10 (269 k Votes) 🎬 #Drama 🗓️ 1997 🎞️ Movie 📺 720p HD 🌎 #UnitedStates ⏰ 2 နာရီ 36 မိနစ် 01 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မင်းသား Mark Wahlberg ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားကို တင်ပေးထားလိုက်ပါပြီ ဒီကားကတော့ အက်ဒီအဒမ်စ်ဆိုတဲ့ကောင်လေးကို ညစ်ညမ်းကားဒါရိုက်တာဂျက်ခ်ဟော်နာက တွေ့ရှိသွားပြီး ခေါ်လာခဲ့ရာမှ နာမည်ကြီးအပြာမင်းသားဖြစ်သွားတဲ့အကြောင်းကိုရိုက်ပြထားတာပါ။Pornography ဖန်တီးတဲ့အကြောင်းတွေ ထဲထဲဝင်ဝင်ရိုက်ပြထားတဲ့အပြင် အဖော်အချွတ်အခန်းတွေအများကြီးပါတဲ့အတွက် ကလေးတွေနဲ့ကြည့်ရှူဖို့တော့ မသင့်တော်ပါဘူး.. Imdb 7.9/10 ရထားတဲ့ဇာတ်ကားလေးဖြစ်ပြီး ဆုပေါင်းများစွာလည်းရရှိခဲ့ပါတယ်။ အခုအချိန်အထိလည်း Masterpiece ကားလို့တင်စားခံနေရတုန်းပါ။

https://m.media-amazon.com/images/M/MV5BZGU2ZGQxOWQtZGFhOS00YzJkLWFkOTItNTIzNmNhMzVlN2M4XkEyXkFqcGdeQXVyNDU0NjMyNTQ@._V1_FMjpg_UX1000_.jpg Transit (2018) ⭐IMDB: 6.9/10 (11 k Votes) 🎬 #Drama #Sci-Fi 🗓️ 2018 🎞️ Movie 📺 1080p FHD 🌎 #Germany #France ⏰ 1 နာရီ 42 မိနစ် 07 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Transit(2018) ************* ငါတို့ဟာ တရွေ့ပြီးတရွေ့ငါတို့ဟာ တငွေ့ငွေ့ငါတို့ဟာ ဘယ်ရထားမှာလွဲခဲ့လဲတစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာခဲ့သလဲခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။ဆရာကြီးအောင်ချိမ့်ရဲ့ ကဗျာထဲကလိုပဲ။ ကိုယ့်ဘဝမှာ ကိုယ့်အနား တစ်သက်လုံးခေါ်မထားနိုင် တဲ့သူ (ဒါမှမဟုတ်) သူ့အနားမှာ ကိုယ့်ကို တစ်သက်လုံးလက်မတွဲနိုင်သူတွေကို ဘယ်လိုမျိုးအလွဲခံပြီး၊ ဘယ်လောက်များဒုက္ခအရောက်ခံပြီး ချစ်ခဲ့ဖူးပါသလဲ။ တစ်ချိန်ချိန်မှာ ခွဲရမယ်မှန်းသိသိနဲ့ မျဉ်းပြိုင် နှစ်ကြောင်းလို မဆုံအောင်လုပ်မှာလား၊ ဆုံပြီးမှဝေးရတဲ့ မျဉ်းဆုံလိုမျိုး ကြုံချင်သလား တစ်ခါတရံ ဝေခွဲမရဖြစ်ခဲ့ဖူးပါသလား။ ဒီဂျာမန် အချစ်ကားလေးထဲမှာတော့ ဒီလိုမျိုး ခံစားချက်တွေရဲ့ လေးနက် ပြင်းထန်မှုကို လှလှပပဖော်ကျူးထားပါတယ်။ ဇာတ်လမ်းကို ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမန်တွေ ပြင်သစ်ဝင်သိမ်းတဲ့နောက်ခံအခြေအနေကို ယနေ့ခေတ်ပုံစံနဲ့ ရိုက်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ဂျော့ဂ်ျဟာ တေလေတစ်ယောက်ဖြစ်ပြီး သူငယ်ချင်းတစ်ယောက် အကူ အညီ တောင်းတာကြောင့် ပြည်ပကိုထွက်ပြေးဖို့ကြိုးစားနေတဲ့ နာမည်ကြီးဂျာမန်စာရေးဆရာဝိုက်ဒယ်လ်ကို သူပုန်းတဲ့နေရာမှာသွားတွေ့ပြီး စာ(၂)စောင် သွားပေးပါတယ်။ ဒါပေမယ့် ဝိုက်ဒယ်လ်သေနေသွားတဲ့အတွက် မာဆေးလ်မြို့အထိသွားပြီး ဒီသတင်းကို သူ့မိတ်ဆွေတွေဆီပေးဖို့ဖြစ်လာပါတယ်။ မာဆေးလ်မြို့ကို အရောက်မှာ သူဟာ မိန်းမတစ်ယောက်နဲ့ ကလေးငယ်လေးတစ်ယောက်ကို ချစ်မိသွား၊ သံယောဇဉ်တွယ်မိသွားပါတယ်။ အဲဒီ အချစ်စိတ်၊ သံယောဇဉ်စိတ်တွေနဲ့ သူ့ရဲ့ အတ္တတစ်ကိုယ်ကောင်းဆန်မှုတို့ လွန်ဆွဲကြပါတော့တယ်။ သူရဲ့အတ္တကပဲ အနိုင်ရမလား၊ အချစ်စိတ်ကပဲ အောင်ပွဲခံ အသာရသွားမလားဆိုတာ ကိုယ်တိုင်ခံစားကြည့်ရှုလိုက်ပါဗျာ။ နောက်ပြီး ဒီဇာတ်ကားက ဆုကြီး ၉ဆုတောင်ရရှိထားပါတယ်..

https://m.media-amazon.com/images/M/MV5BMTE2MTQxNGQtNDJhOC00M2U1LWE3YmYtNTIzYTBlZjMxOGM2XkEyXkFqcGdeQXVyMTI1NDEyNTM5._V1_FMjpg_UX1000_.jpg Sonsuza Dek Nedime (2022) ⭐IMDB: 3.3/10 (73 Votes) 🎬 #Comedy #Romance 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #Unknown #Turkey ⏰ 1 နာရီ 23 မိနစ် 41 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Sonsuza Dek Nedime (2022)ဇာတ်လမ်းအကျဉ်းလေးကတော့… သတို့သမီးအရံတစ်ယောက်ဟာ သူငယ်ချင်းရဲ့လက်ထပ်ပွဲမှာပဲ ရှစ်နှစ်ကြာတွဲခဲ့တဲ့ချစ်သူဆီကနေ လမ်းခွဲခံလိုက်ရပါတယ်။ အသည်းကွဲနေတဲ့ သတို့သမီးအရံဟာ စိတ်ပြေလက်ပျောက်နောက်သူငယ်ချင်းတစ်ယောက်ရဲ့လက်ထပ်ပွဲကို စီစဉ်ပေးရာမှသတို့သားရဲ့ ဝမ်းကွဲနဲ့ အချစ်ခရီးလမ်းသစ် စဖို့ ဒုတိယအခွင့်အရေးရခဲ့ပါတယ်… သို့သော် ကိစ္စတွေက အကုန်အဆင်ပြေပါ့မလား ငြိမ်းငြိမ်းချမ်းချမ်း ရည်းစားဘဝကိုပိုင်ဆိုင်နိုင်မလား ရက်စက်တဲ့ရည်းစားဟောင်းကရော ဘယ်လိုတွေလာရှုပ်ဦးမလဲ ဆိုတာကို ဒီကားလေး‌ထဲမှာ ကြည့်ရှုပေးကြပါဦးနော်Reviewed by EllaWuTranslated by EllaWu & MayKayaeEncoded by Siran

https://m.media-amazon.com/images/M/MV5BNjRjODE0ZTMtNGNiYi00YTZhLThmNmItODhiYzhjZjYwMDMyXkEyXkFqcGdeQXVyMTUzMTg2ODkz._V1_FMjpg_UX1000_.jpg Dog Gone (2023) ⭐IMDB: 6.0/10 (2 k Votes) 🎬 #Biography #Drama #Family 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 1 နာရီ 36 မိနစ် 01 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dog Gone (2023)=============IMDb Rating – 6.0/10 “ဘာ မင်းက ခွေးမွေးမယ် မင်းလို ကိုယ့်တာဝန်ကိုယ်တောင်မယူနိုင်တဲ့လူကလေ ခွေးတစ်ကောင်မွေးရတာ လွယ်မှတ်နေလား”ဒီစကားတွေကတော့ ခွေးမွေးမယ်လို့ ပြောလိုက်တိုင်း အိမ်မှာကြားနေကျ စကားတွေပေါ့။ ဖီးလ်ဒင်း ဆိုတဲ့ ကောင်လေးလည်း အတူတူပါပဲ။ ကံကောင်းထောက်မပြီး ဘွဲ့ရသွားပေမဲ့ ဘာဆက်လုပ်ရမလဲ မသိသေးတဲ့စော်ပစ်ကောင်လေးတစ်ယောက်ပေါ့။ အဲဒီလို ဘာလုပ်ရမလဲမသိတာနဲ့ ခွေးလေးကောက်မွေးလိုက်ရာကနေ တစ်အိမ်လုံးအငြိမ်မနေနိုင်၊ အိမ်ဦးခန်းက အမေ့ဓာတ်ပုံ အာဝုပုံနဲ့ ပြောင်းချိတ်မယ် ဆိုတဲ့ ဇာတ်လမ်းတွေ ဖြစ်လာပါတော့တယ်။ ဟူးမန်းတွေနဲ့ အာဝု‌တို့ကြားက ချစ်ခြင်းမေတ္တာသံယောဇဉ်တွေကိုအလှပဆုံး ဖော်ကျူးပေးထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး မိသားစုကြားက ပြဿနာအဖုအထစ်လေးတွေကိုပါ ဖြေရှင်းပြသွားတာမို့မိသားစုဝင်တွေနဲ့အတူတူ ကြည့်လို့ရတဲ့ ဇာတ်ကားလေးဖြစ်ကြောင်းပြောကြားရင်းတင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို May Thet Khine Soe မှရေးသားပေးပြီ၊ဘာသာပြန်ရေးသားပေးသူများကတော့ Ngwe Zin, May Thet KhineSoe တို့ဖြစ်ပါတယ်)

https://m.media-amazon.com/images/M/MV5BMGQxMWQ1YWMtNWNlNC00MTg3LWEzNDAtM2E0NWE4M2FmZjM3XkEyXkFqcGdeQXVyNTAyNDQ2NjI@._V1_FMjpg_UX1000_.jpg Body Jumper (2001) ⭐IMDB: 4.9/10 (174 Votes) 🎬 #Comedy #Horror #Thriller 🗓️ 2001 🎞️ Movie 📺 720p HD 🌎 #Thailand ⏰ 1 နာရီ 38 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Body Jumper (2001) ” အကြည်ရဖို့မလွယ်လို့ 480p ကိုပဲ ကြည့်ရပြေအောင် ချဲ့ကုတ်ပေးထားပါတယ်ခင်ဗျာ “ တစ်ချိန်က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သရဲမ ဘော့ဘ်ဟာ သူကျင်လည်ကျက်စားရာရွာလေးမှာ ယောက်ျားတွေကို မြူစွယ်ရင်း အသည်းဖောက်စားလေ့ရှိတယ်။ အဲဒီတော့ ရွာသားတွေလည်း တစ််နေ့တခြားဆိုးသွမ်းလာတဲ့ ဘော့ဘ်ကို သရဲနှင်ဆရာတွေခေါ်ပြီး ရေတွင်းပျက်တစ်ခုထဲ ပိတ်လှောင်ခဲ့ကြတယ်။ နှစ်ပေါင်း ၇၀အကြာမှာတော့ မြို့ကကျောင်းသားတစ်အုပ် အဲဒီဆမ်ခေါ်ရွာလေး တိုးတက်ဖို့ဆိုပြီး ကျောင်းပရောဂျက်အတွက် ရောက်လာကြတယ။ သူတို့ထဲက သိပ်လှတဲ့ ကောင်မလေး ဂဲ ရေချိုးတာကို ချောင်းကြရင်း သရဲမဘော့ဘ်ကို မတော်တဆ လွတ်မြောက်သွားစေခဲ့တယ်။ ဘော့ဘ်ဟာ ဂဲဆီ ဝင်ပူးပြီး ကျောင်းသားအုပ်စုနဲ့အတူ ဘန်ကောက်မြို့ကို ပြန်လိုက်သွားချိန်မှာတော့… ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် ထိုင်းသရဲဟာသကားလေးဖြစ်တာမို့ အားပေးလိုက်ကြပါဦး… (ဒီဇာတ်ကားနဲ့အညွှန်းကိုMugiwara Yaမှ ပြန်ဆို ရေးသားထားပါတယ်)

https://m.media-amazon.com/images/M/MV5BNjM2OTI3NzQyNl5BMl5BanBnXkFtZTcwNjkzNzQ5MQ@@._V1_FMjpg_UX1000_.jpg Waltz with Bashir (2008) ⭐IMDB: 8.0/10 (58 k Votes) 🎬 #Animation #Biography #Documentary #Drama #History #Mystery #War 🗓️ 2008 🎞️ Movie 📺 1080p FHD 🌎 #Israel #France #Germany #UnitedStates #Finland #Switzerland #Belgium #Australia ⏰ 1 နာရီ 30 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Waltz with Bashir(2008) *********************** ၁၉၈၂ ခုနှစ် ဇွန်လမှာ အစ္စရေးဟာ လက်ဘနွန်နိုင်ငံကိုကျူးကျော်စစ်စတင်ခဲ့စဉ်က အကြောင်းတွေပြန်လည်ဖော်ထုတ်ထားတဲ့ဖြစ်ရပ်မှန်နောက်ခံဇာတ်ကားဖြစ်ပါတယ်။Ari Flomanဟာထိုစစ်ပွဲမှာ အစ္စရေးဘက်ကတိုက်ခိုက်ခဲ့သူဖြစ်ပြီး လက်ရှိမှာ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်ကာ စစ်ပွဲနဲ့ပတ်သက်တာတွေကို သူမမှတ်မိနိုင်ဖြစ်နေပါတယ်။တစ်နေ့မှာသူငယ်ချင်းဖြစ်သူ ဘော့ဇ်က သူ့အိပ်မက်အကြောင်းပြောပြတော့ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က စစ်ပွဲမှာဖြစ်ပျက်ခဲ့တာတွေကိုရေးရေးမြင်လာပါတယ်။စစ်ပွဲမှာ သူဘာတွေလုပ်ခဲ့လဲ၊ဘယ်တွေရောက်ခဲ့လဲဆိုတာကို ပြန်လည်ရှာဖွေဖို့ မိတ်ဆွေတွေဆီလိုက်မေးတဲ့ ပုံစံမျိုးနဲ့ဇာတ်အိမ်တည်ထားပါတယ်။ဘာလို့လိုက်မေးရသလဲ ဒီဇာတ်ကားကိုသူဘာကြောင့်ထုတ်လုပ်ရသလဲဆိုတော့ အဲ့အချိန် အဲ့စစ်ပွဲမှာဖြစ်ပျက်ခဲ့ပြီး ဘာစီရင်ချက်မှမရှိခဲ့တဲ့ လက်ဘနွန်ဒုက္ခသည်စခန်းတွေကအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို မီးမှောင်းထိုးပြချင်လို့ပါပဲ။ ဇာတ်လမ်းအဆုံးမှာ ထိုအချိန်ကရိုက်ကူးခဲ့တဲ့ video footageလေးနဲ့အဆုံးသတ်ထားပါတယ်။

https://m.media-amazon.com/images/M/MV5BYTVkNWIwZmYtMzM5MS00ZTcwLWI0ZjEtNTVlMTNjZWViNzliXkEyXkFqcGdeQXVyNTIzOTk5ODM@._V1_FMjpg_UX1000_.jpg Raw Deal (1986) ⭐IMDB: 5.5/10 (35 k Votes) 🎬 #Action #Crime #Thriller 🗓️ 1986 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #Netherlands ⏰ 1 နာရီ 45 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Raw Deal(1986) ============== မာဖီးယားဂိုဏ်းကြီးတခုရဲ့ အမှုမျက်မြင်သက်သေ ကိုကာကွယ်ရင်း သေဆုံးသွားတဲ့ သားဖြစ်သူအတွက် လက်စားခြေဖို့ ကြိုးစားနေတဲ့ အရာရှိကြီး ဟယ်ရီရှန်နွန် သက်ငယ်မုဒိမ်းမှု တရားခံကို ကြမ်းတမ်းစွာ ဖမ်းဆီးမှုနဲ့ ရာထူးချခံလိုက်ရပြီး နယ်မြို့လေးမှာ အရက်စွဲနေတဲ့ ဇနီးဖြစ်သူနဲ့ နေထိုင်ရင်း စိတ်ဓာတ်ကျနေတဲ့ နယ်ထိန်း ကာမင်စကီ(အာနိုး) အဲ့ဒီနှစ်ယောက်ပူးပေါင်းမိပြီး အရာရှိတွေပါအိပ်ထဲထည့်ထားနိုင်တဲ့ ချီကာဂိုမြို့ရဲ့အကြီးဆုံးမာဖီးယားဂိုဏ်းကြီး ထဲမှာ သူလျှိုအဖြစ် ဝင်ရောက်ကာ ဖျက်ဆီးဖို့ကြိုးစားကြပုံတွေကို ၁၉၈၀ခေတ်ကာလက ‌ဇာတ်ကားဟောင်းလေးတွေ အမှတ်တရ ပြန်လည်ကြည့်ရှုလိုသူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်.. (Arnold Schwarzenegger(အားနိုး)  ငယ်ဘဝ ရဲ့  ပုံရိပ်လေးတွေကို ဒီကားမှာ ပြန်လည် ခံစားလို့ ရမှာ ဖြစ်ပါတယ်)

https://m.media-amazon.com/images/M/MV5BNWJjMzg3MDctMzEyZS00ZGU4LWI0MzgtMDY3NTViZjNjMGU4XkEyXkFqcGdeQXVyMjkxNzQ1NDI@._V1_FMjpg_UX1000_.jpg Mukundan Unni Associates (2022) ⭐IMDB: 8.0/10 (2 k Votes) 🎬 #Bollywood #Comedy #Crime #Drama 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 07 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mukandan Unni Associate====================‌imdb rating 8.0/ 1.5k ၂၀၂၃ မှာထွက်ရှိလာတဲ့ ဒီကားလေးက အင်ဒီယန်း မာလာရမ်စကားပြောရုပ်ရှင်ဖြစ်ပြီး ရှားရှားပါးပါးblack comedy အမျိုးအစားဖြစ်ပါတယ်။Night crawler ကြည့်ဖူးတဲ့သူတွေဆိုရင် အဲ့ထဲက မင်းသားဘယ်လောက်တောင်သောက်ခွက်ဖြတ်ရိုက်ချင်စရာကောင်းလဲသိမှာပါ ခုဒီဇာတ်ကားထဲက အဓိကဇာတ်ဆောင် ရှေ့နေမူကန်ဒန်ရဲ့ မအောင်မြင်တဲ့ဘဝကနေအောင်မြင်လာအောင် ဘယ်လိုတက်ကျမ်းတွေကို ဘယ်လိုသုံးပြီးအိန္ဒိယကားများထုံးစံ နိုင်ငံရေး ကျန်းမာရေး ရဲ တရားသူကြီးရှေ့နေ တစ်ခုမကျန် ပတ်လှောင်ထားတာကိုတွေ့ရမှာပါ ဒီမင်းသားရဲ့ ယဉ်ယဉ်လေးရူးနေတဲ့ပုံစံနဲ့ ဇာတ်ကိုသယ်သွားတဲ့ပုံကဇာတ်လမ်းပြီးသွားတာတောင် မသိလိုက်ရလောက်အောင်ဇာတ်ရှိန်လုံးဝမကျတဲ့ထိပါပဲ အဲ့တော့ ပရိသတ်များခံစားဖို့အတွက်ဒီအောင်မြင်ကြီးပွားရေးဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်