es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete 👈

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Zero Fucks Given (2021) ⭐IMDB: 6.4/10 (5 k Votes) 🎬 #Drama #Comedy 🗓 2021 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 55 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Zero Fuck Given(2021) ပြင်သစ်ရုပ်ရှင်တွေဟာ လူတွေရဲ့ နေ့စဉ်ဓူဝ ဘဝအဖုံဖုံကိုအေးဆေးလေးဖော်ပြသွားတဲ့နေရာမှာ ကြည့်ရတာ အရမ်းကဗျာဆန်လွန်းတယ်.. Rating 6. 4 လောက်ရထားတဲ့ ဒီ Drama ရုပ်ရှင်မှာလည်းမိခင်ဆုံးသွားပြီး အိမ်မှာမနေချင်ဘဲ အိမ်ပြေးဖြစ်နေတဲ့ကန်ဆန်ဒေါ်ဝီဆယ်ဆိုတဲ့ ကောင်မလေးတစ်ယောက် အကြောင်းကိုရိုက်ပြထားတယ်…အသေးစားဘက်ဂျက်လေယာဉ်လိုင်းမှာ လေယာဉ်မယ်ဝင်လုပ်ရင်းနိုင်ငံပေါင်းစုံက ဘဝအဖုံဖုံလူမျိုးစုံနဲ့တွေ့ပြီး ဖြတ်သန်းခဲ့ရပုံတွေ…နောက်ဆုံး private jet ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ရရင်း ဘဝရဲ့ တစ်ဆစ်ချိုးပြောင်းလဲမှုတွေကြားမှာအကောင်းဆုံးနေနေတဲ့ အမျိုးသမီးငယ်တစ်ယောက်အကြောင်းကို ရိုက်ပြထားပါတယ်ဇာတ်ရှိန်က ဖြေးဖြေးလေးတက်သွားတာဖြစ်တဲ့အတွက်…အပျင်းပြေကြည့်ဖို့တော့ အဆင်ပြေမှာမဟုတ်ပါဘူး…ကော်ဖီသောက်ရင်း ဖတ်နေရတဲ့ စာအုပ်တစ်အုပ်လိုပါပဲ..ဒီဇာတ်ကားကိုလည်း အေးဆေးလေးကြည့်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ် ( အညွှန်းနဲ့ ဘာသာပြန်ကိုတော့Thiha Yan Naingကရေးသားထားပါတယ်
...

The Late Game (2024) ⭐IMDB: 4.4/10 (253 Votes) 🎬 #Comedy 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါကတော့ ရေခဲပြင်ဟော်ကီအကြောင်းရိုက်ထားတဲ့ ရုပ်ရှင်ပါ။ ရုပ်ရှင်ဆိုတာထက် ရေခဲပြင်ဟော်ကီပွဲကစားပွဲတစ်ခုကို ရိုက်ကူးပြထားတာလို့ပြောရင်တော့ ပိုမှန်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရေခဲပြင်ဟော်ကီကစားသမားအသစ်တစ်ဦးက မိတ်ဆွေတွေနဲ့ ညသန်းခေါင်မှာ ရေခဲပြင်ဟော်ကီကို ဘီယာတိုက်ကြေး အပျော်ဆော့ကြတဲ့အကြောင်းပါပဲ။ ရေခဲပြင်ဟော်ကီရဲ့ ကစားပုံကစားနည်းတွေ၊ စည်းမျဉ်းတွေ၊ ကစားသမားတွေရဲ့အထာတွေကို မြင်တွေ့ရမယ်။ ကစားသမားအချင်းချင်း trash talk လုပ်တာတွေ၊ လူလဲတုန်း ဟော်ကီကွင်းဘေးမှာ အချင်းချင်းပြောကြတဲ့ စကားဝိုင်းတွေ စသဖြင့် ညသန်းခေါင် ရေခဲပြင်ဟော်ကီပွဲကို စ လယ် ဆုံး ကြည့်ရှုရမှာပါ။ ရေခဲပြင်ဟော်ကီက ဒီနိုင်ငံမှာ အတော်များများ မရင်းနှီးကြတဲ့အားကစားဖြစ်တာကြောင့် အားကစားပရိတ်သတ်တွေ၊ မတူညီတဲ့အားကစားတွေကို စူးစမ်းချင်နေတဲ့သူတွေအဖို့တော့ အပျင်းပြေစေမယ့်ရုပ်ရှင်လေးဖြစ်ပါတယ်။
...

Cadaver (2007) ⭐TMDB: 50% User Score 🎬 #Horror 🗓 2007 🎞 Series 🌎 #SouthKorea ⏰ 1 နာရီ 51 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Cut (2007) မင်းသမီး Han Ji Min ရဲ့ ၂၀၀၇ ခုနှစ်တုန်းကထွက်ခဲ့တဲ့Horror အမျိုးအစားဇာတ်လမ်းလေးတစ်ခုတင်ဆက်ပေးပါဦးမယ်နော် ဆေးကျောင်းသားတွေဟာ အဖွဲ့တွေခွဲပြီး လူသေအလောင်းကိုလက်တွေ့ခွဲစိတ်ပြီး လေ့လာရတာနဲ့ ဇာတ်အိမ်အစပျိုးထားပါတယ်သူငယ်ချင်း ၅ ယောက်ဟာ တစ်ဖွဲ့တည်းအတူကျပြီး လူသေအလောင်းကို ခွဲစိတ်တဲ့အခါမှာတစ်ယောက်ချင်းစီ စတင်သေဆုံးလာပြီး သူတို့အဖွဲ့တစ်ဖွဲ့တည်းကိုပဲ မကောင်းတဲ့နိမိတ်တွေပြလာပါတော့တယ် အဲလိုနဲ့ ဆွန်းဟွာ၊ ဂျောင်ဆော့၊ ဂီဘုန်းတို့ဟာ ဒီအဖြစ်အပျက်တစ်ခုလုံးရဲ့ ဇစ်မြစ်ကိုအောက်ခြေကနေ စလိုက်ပြီး တရားခံအစစ်ကိုတွေ့ပြီး ဝိညာဉ်တွေဟာလည်းသူတို့အဖွဲ့ကို ဘာကြောင့်လိုက်ငြိုးနေလဲဆိုတဲ့ အကြောင်းအရင်းကို တွေ့လိုက်ရပါတော့တယ် သူတို့တွေ အဲဒီကိစ္စကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ ကြည့်ပေးကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့Joyzပဲ ဖြစ်ပါတယ်။
...

Parasyte: The Grey (2024) ⭐TMDB: 100% User Score 🎬 #SciFi #Fantasy #Action #Adventure #Drama 🗓 2024 🎞 Series 🌎 #SouthKorea ⏰ 52 မိနစ် 56 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Parasyte: The Grey (2024)Parasyte: The Grey (2024)************************** အပိုင်းသစ် (၁ မှ ၆) စ/ဆုံး Trailer ထွက်ထွက်ချင်းမှာပဲ ပရိသတ် စိတ်ဝင်စားမှုများပြားခဲ့တဲ့Parasyte:The Grey ထွက်ရှိလို့လာပါပြီ။ကောင်းကင်ပေါ်ကနေ ရုတ်တရက် ကျ‌ရောက်လာတဲ့ Parasyte တွေဟာလူတွေရဲ့ ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်ရောက်ပြီး လူသား‌တွေကိုရန်ရှာသတ်ဖြတ်လာကြပါတယ်။ကိုယ်ပိုင်အင်အားစု ဖန်တီးဖို့ ကြိုးစားနေတဲ့ Parasyte တွေရဲ့ ရန်ကနေကာကွယ်ဖို့အတွက် လူသားတွေကလည်း ပြန်လည် ထိုးစစ်ဆင်ကြပါတော့တယ်။ဂျောင်ဆူအင်ကတော့ Parasyte လက်ခံကောင်ဖြစ်သွားပြီးနောက်မှာParasyte နဲ့ အတူယှဉ်တွဲနေထိုင်နေရပါတယ်။ဆောဂန်းအူကတော့ ပျောက်ဆုံးသွားတဲ့ ညီမဖြစ်သူကို ရှာဖွေဖို့အတွက်Parasyte တွေနောက်ကို လိုက်နေသူတစ်ဦးပါ။ချွဲဂျွန်းဂယောင်းကတော့ Parasyte တွေကြောင့် ယောကျာ်းဖြစ်သူကိုဆုံးရှုံးလိုက်ရပြီး သူ့ဘဝ ရည်မှန်းချက်က Parasyte တွေကိုအမြစ်ဖြတ်ချေမှုန်းဖို့ပဲဖြစ်ပါတယ်။ဇာတ်ကြောင်းကိုယ်စီရှိကြတဲ့ လူသားတွေနဲ့ Parasyte တွေကြားကပြင်းထန်တဲ့ တိုက်ပွဲစတင်လာခဲ့ပြီး နောက်ဆုံးမှာ ဘယ်ဘက်ကအနိုင်ရရှိသွားမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ခံစားကြည့်ရှူရမှာပဲဖြစ်ပါတယ်။Cast တွေအနေနဲ့လည်း D.P ထဲက မင်းသား Koo Kyo Hwan နဲ့Our Blooming Youth ထဲက မင်းသမီး Jeon So Nee တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး နာမည်ကြီး အရန်သရုပ်ဆောင်တွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရှုရဦးမဲ့ သည်းထိပ်ရင်ဖို့ Sci-fi စီးရီးလေးပဲ ဖြစ်ပါတယ်။ (အညွှန်းကိုတော့ Treasure Htet မှ ရေးသားထားပါတယ်။)
...

Three Nights a Week (2022) ⭐IMDB: 6.1/10 (343 Votes) 🎬 #Comedy #Drama #Romance 🗓 2022 🎞 movie 🌎 #France ⏰ 1 နာရီ 39 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 (18+) Three Nights A Week [2022](IMDb 6.2/10, RT 100% ) ဘက်ပ်တစ်က ဆမီယာဆိုတဲ့ သူနာပြုသင်တန်းကျောင်းသူရဲ့ ရည်းစားဖြစ်ပြီးတော့ဆမီယာ အလုပ်သင်လုပ်နေတဲ့ ဆေးခန်းက လူထုအကျိုးပြု ပရဟိတလုပ်သားအဖြစ်လိင်လုပ်သားတွေကို လိင်ပညာအသိပေးတာ ဆေးကုသပေးတာမျိုးတွေကို အပတ်စဉ်ဆောင်ရွက်ကြပါတယ်..တစ်နေ့မှာတော့ ဘက်ပ်တစ်ဟာ ကွတ်ကီးဆိုတဲ့ Drag queenတစ်ယောက်နဲ့ စတင်သိကျွမ်းပါတော့တယ်…သူ ပထမဆုံးတွေ့ဖူးတဲ့ Queenတွေမို့ ဓာတ်ပုံရိုက်ယူရင်းက ပရောဂျက်အသစ်တစ်ခုအတွက် အကြံရသွားပါတော့တယ်…သူ့အကြံဉာဏ်ကတော့ Queenတွေရဲ့ စင်ပေါ်က ဖျော်ဖြေမှုတွေကို လူတိုင်းမြင်ဖူးကြပြီးသားမို့သူတို့ရဲ့ စင်အောက်က ဘဝကို တင်ဆက်ပြသဖို့ပဲ ဖြစ်ပါတယ်…ဒီလိုနဲ့ ဘက်ပ်တစ်ယောက် Dragလောကထဲကို ထဲထဲဝင်ဝင်လေ့လာရင်းစိတ်ရောကိုယ်ပါဖြစ်သွားရာက ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ရှုစားရမှာပဲဖြစ်ပါတယ်…ဒီဇာတ်ကားက Rating ကောင်းသလို တကယ်လည်း ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်ခဗျာ အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။
...

Sanjuro (1962) ⭐TMDB: 70% User Score 🎬 #Action #Drama #Thriller #Comedy 🗓 1962 🎞 movie 🌎 #Japan ⏰ 1 နာရီ 36 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၁၉၆၂ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂျပန်အဖြူအမည်း ရုပ်ရှင်ဖြစ်ပါတယ်။ Director Akira Kirosawa ရဲ့ 1961က ထွက်ရှိခဲ့တဲ့ Yojimbo ဆိုတဲ့ ရုပ်ရှင်ရဲ့ sequel လည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လူငယ် ဆာမူရိုင်းလေး ကိုးယောက်ဟာ သူတို့ရဲ့ သခင် Mutsuta ဆီမှာ အမှုထမ်းလို့နေပါတယ်။ တစ်နေ့ သူတို့ရဲ့ အသနားခံလွှာကို Mutsuta က တရားရုံးမှာ ဆုတ်ဖြဲလိုက်တဲ့အတွက် သူတို့ထဲက တစ်ယောက်က Kikui ဆိုတဲ့ ကြီးကြပ်သူကို ဝင်ရောက်ဖြေရှင်းပေးဖို့ ပြောခဲ့ပါတယ်။ သူတို့ ကိုးယောက်က နတ်ကွန်းအဆောင် တစ်ခုထဲမှာ ဆွေးနွေးနေကြတုန်း ဆာမူရိုင်း တစ်ယောက်က သူတို့ပြောတာကို ကြားသွားပါတယ်။ ဒီဆာမူရိုင်းက Sanjuroလို့ခေါ်ပြီး ဘယ်သူ့ကိုမှ အမှုမထမ်းတဲ့ လျှောက်သွားနေတဲ့ ဆာမူရိုင်းဖြစ်ပြီး Kikui ဆိုတဲ့ ကြီးကြပ်သူကို မယုံဖို့ သတိပေးခဲ့ပါတယ်။ ဒီလိုနဲ့ သူသတိပေးတဲ့အတိုင်း Kikuiက Mutsuta ကို ခြစားမှုနဲ့ လုပ်ကြံပြီး ဖမ်းခေါ်သွားပြီးတော့ တပည့် ကိုးယောက်ကို ရှင်းပစ်ဖို့ သူ့လူတွေကို လွှတ်ခဲ့တာပါ။ ဒါနဲ့ Sanjuroက သူတို့ကို Kikuiရဲ့လူတွေ လက်ထဲက ကာကွယ်ပေးရင်း Mutsuta ကိုပါ Kikui လက်ထဲက ဘယ်လိုပြန် ကယ်မလဲဆိုတာ ကြည့်ရမှာပါ။ လွန်ခဲ့တဲ့ နှစ်၆၀ကျော်က ရုပ်ရှင်ကား ပေမယ့် အောင်မြင်တဲ့ ရုပ်ရှင်ကားကောင်းဖြစ်ပါတယ်။ ရုပ်ရှင်အဟောင်းတွေ ကြည့်ရတာ နှစ်သက်သူတွေ သဘောကျစေမယ့် ရုပ်ရှင်ဖြစ်ပါတယ်။
...

Heartbreak Hotel (2015) ⭐IMDB: 6.8/10 (18 Votes) 🎬 #Action #Romance 🗓 2015 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 27 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Heartbreak Hotel (2015) အိပ်မက်နဲ့ငွေ ဘယ်အရာက ပိုအရေးကြီးသလဲလို့တွေးရင်းငွေရှိမှ အိပ်မက်မက်နိုင်မယ့်ဘဝတွေအကြောင်းကို ရိုက်ကူးပြထားတဲ့Heartbreak Hotel (2015) ကို CM မှာ ကြည့်လို့ရပါပြီနော်။ ဇာတ်လမ်းအကျဉ်းကတော့ ပျောက်ဆုံးနေတဲ့ ဖခင်ဖြစ်သူကိုလိုက်ရှာရင်းအမေရိကကို တရားမဝင်ရောက်လာခဲ့ကြတဲ့ “ဂျွန်” နဲ့ သူ့သူငယ်ချင်း “ချန်း” တို့ဟာလူတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်မှာတော့ အဲဒီလူအတွက် အလုပ်လုပ်ပေးဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂျွန်ဟာ အမေရိကကိုရောက်နေတဲ့ ကိုရီးယားသူလေး “ဆာရာ” ကို သဘောကျမိသွားတဲ့အချိန်မှာတော့အချစ်ရော အိပ်မက်ဟာ ငွေရှိမှဖြစ်နိုင်ကြောင်းကို သဘောပေါက်သွားပါတော့တယ်။ဒါ့ကြောင့် ဂျွန်နဲ့ဆာရာတို့ဟာ နှစ်ယောက်သား ပေါင်းဖက်ဖို့ကြိုးစားကြရင်ငွေရဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုးစားကြမလဲ၊ ငွေနောက်ကိုလိုက်ရင်းနှစ်ယောက်သားရဲ့အချစ်တွေက ဆက်လက်တည်မြဲနိုင်ပါ့မလား စတာတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မယ့် Action/Romance ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Hmwe Thet Winပဲ ဖြစ်ပါတယ်။
...

Rani Chithira Marthanda (2023) ⭐TMDB: 0% User Score 🎬 #Bollywood #Comedy #Drama 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 1 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rani Chithira Marthanda (2023)IMDb 8/10…..ဘဝဇာတ်ခုံ…. CM ပရိသတ်ကြီးကို ထူးခြားကောင်းမွန်တဲ့ မလေယာလမ်းဘာသာစကားပြောအိန္ဒိယဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ် တောင်ပိုင်း မဆလးယာလမ်းသရုပ်ဆောင်တွေပဲ ပါဝင်ထားပြီးနာမည်မကြီးဝိတ်မရှိပေမဲ့ သူ့နေရာနဲ့သူတော့ ဇာတ်ကြောင်းကိုကောင်း‌မွန်စွာပုံဖော်သရုပ်ဆောင်တဲ့နေရာမှာ အပိုအလိုမရှိဘူးပဲ‌ ပြောပါရစေ အိန္ဒိယကားတွေကို အိုဗာအိုက်တင်တွေ မင်းသားအသားပေးဇာတ်ကောင်တွေကြောင့်ကြိုက်တဲ့သူရှိသလို တစ်ခါတလေစိတ်ကုန်မိတဲ့သူတွေလည်း ရှိမှာပါ ဒီကားလေးမှာ‌တော့ လှပတဲ့ရှုခင်းတွေရယ် ရိုးရှင်းတဲ့ဇာတ်ကောင်တွေရယ် သဘာဝကျတဲ့ဇာတ်အိမ်ရယ်သုံးခုကိုသုံးနာညီတြိဂံလို အချိုးကျကျပေါင်းစပ်ကာ ပရိသတ်ကြည့်နေကျ ဘောလီးဝုဒ်ကားတွေနဲ့ ရသတစ်မျိူးတမူထူးကာပေးစွမ်းနိုင်မှာပဲ ဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ အဖေကိုအရမ်းကြောက်ရတဲ့ အန်ဆွန်ရယ် သူ့အဖေရယ် သူတို့ရဲ့ဆေးဆိုင်လေးရယ်နိစ္စဓူဝနေ့စဉ်ဘဝလေးမှာ အန်ဆွန်နဲ့ ကောင်မလေးတစ်ယောက် စတင်သိကျွမ်းသွားပြီးတဲ့နောက်တော့ ….ဘာဆက်ဖြစ်မလဲကတော့ သိသာရင်လဲ သိသာမှာပါ ဒါပေမဲ့တချို့ဇာတ်ကားတွေက ဘာဆက်ဖြစ်မလဲဆို‌တာထက် ဘယ်လိုဖြစ်သွားလဲရိုက်ပြတာကိုကြည့်နေရတာကလည်း ရသတစ်မျိုးပဲမို့ CM ပရိသတ်ကြီးကိုဘဝသရုပ်မှန်ပုံဖော်‌ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်
...

The Wicked Are Alive (2015) ⭐IMDB: 5.9/10 (17 Votes) 🎬 #Drama #Thriller 🗓 2015 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 32 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Wickerd are Alive / Villain is alive (2015) မထင်မှတ်တဲ့ plot twist မျိုးကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ချင်တဲ့သူတွေအတွက်ကိုရီးယား Thriller ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးပါဦးမယ် ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ဥက္ကဌဘဲ့ဟာ ကုမ္ပဏီမသမာမှုတွေကြောင့် ရှိသမျှအကုန်ရောင်းပြီးလှေနဲ့ထွက်ပြေးရတော့မယ့်အခြေအနေမှာ သူ့ကိုမကျေနပ်တဲ့သူတွေကလည်း နောက်ကနေ လိုက်နေကြပါတယ် ဥက္ကဌဘဲ့ရဲ့ မန်နေဂျာကလည်း ရုတ်တရက်သေဆုံးသွားပြီး အဲဒီအမှုကို ရဲဘက်ကလိုက်တဲ့အခါမှာမန်နေဂျာရဲ့ခင်ပွန်း ဟန်ဗြောင်ဒိုက မသင်္ကာစရာတွေလုပ်နေတာကို သတိထားမိသွားကြပါတယ် ဒါပေမဲ့ ရဲတွေထင်သလို တကယ်မကောင်းမှုလုပ်ဖို့ကြံနေတဲ့သူကဘယ်သူဖြစ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ပေးကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့Joyzပဲ ဖြစ်ပါတယ်။
...

Miracle (2004) ⭐TMDB: 70% User Score 🎬 #Biography #Drama #History 🗓 2004 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 16 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ IMDB 7.4/10, Rt 81% ရရှိထားတဲ့ ဖြစ်ရပ်မှန် Sport/Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။၁၉၈၀ ဆောင်းရာသီအိုလံပစ်အားကစားပွဲက အမေရိကန် ဟော်ကီအသင်းရဲ့ နည်းပြတစ်ယောက်အကြောင်း အခြေတည်ရိုက်ကူးထားတဲ့ ဒီကားလေးထဲမှာ မင်းသားကြီး Kurt Russell က နည်းပြဟာ့ဘ်အဖြစ်နဲ့ အခြားဟော်ကီကစားသမားပေါင်းများစွာက ပါဝင်အားဖြည့်ထားကြပါတယ်။ ၁၉၆၀ နောက်ပိုင်းကစလို့ အိုလံပစ်အားကစားပွဲတွေမှာ အမေရိကန်က ဆိုဗီယက်ကို နှစ်တိုင်း ရှုံးနိမ့်ခဲ့ပါတယ်။ နှစ် ၂၀ လုံး ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ အပြောင်းအလဲတစ်ခုအဖြစ် နည်းပြဟာ့ဘ်ကို အိုလံပစ်ဝင်ဖို့ အသင်းတစ်သင်း ဖွဲ့စည်းစေခဲ့ပါတယ်။ နောက်ခံအသီးသီးက တက္ကသိုလ်အသင်းတွေ၊ ချန်ပီယံရှစ်အသင်းတွေမှာပဲ ပြိုင်ဖူးတဲ့သူတွေနဲ့ အပျော်တမ်းကစားသမားလေးတွေကို နည်းပြ စိတ်ကြိုက်ရွေးချယ်ပြီး အမေရိကန်ကိုယ်စားပြုအသင်းအဖြစ် ဖွဲ့စည်းရာမှာ လူငယ်လေးတွေဖြစ်တာကြောင့် ကျောင်းတော်က ရန်စတွေနဲ့ အချင်းချင်းမတည့်ကြ၊ ရန်ဖြစ်ကြ၊ ထိုးကြ ကြိတ်ကြနဲ့ ပြဿနာမျိုးစုံတက်နေခဲ့ပေမဲ့ နည်းပြ ဟာ့ဘ်ကတော့ အရေးမထားခဲ့ပါဘူး။ သူ့နည်းသူ့ဟန်နဲ့ နည်းပြရင်း နောက်ဆုံးမှာ အိုလံပစ်ပွဲစဉ်ကို ယှဉ်ပြိုင်ရဖို့ ဖြစ်လာပါတော့တယ်။ ၃လအတွင်း ၄၂ ပွဲ ကစားရာမှာ ၄၂ ပွဲလုံးနိုင်ခဲ့တဲ့ ၁၀၀ % အောင်ပွဲရ ဆိုဗီယက်အသင်းကို နှစ် ၂၀ လုံး ရှုံးနိမ့်ခဲ့တဲ့ သမိုင်းကို နည်းပြဟာ့ဘ်ရဲ့အမေရိကန်အသင်းက နိုင်အောင်ကစားနိုင်မလား။ ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိရမဲ့ စိတ်နေစိတ်ထားနဲ့ အရည်အချင်းတွေကို နည်းပြဟာ့ဘ်က ဘယ်လို ပညာသားပါပါ ထုတ်ပြသွားမလဲဆိုတာနဲ့ သူ့အသင်းကရော သူခိုင်းတဲ့အတိုင်း တစ်သွေမတိမ်း လိုက်ပါလုပ်ဆောင်ပြီး အောင်မြင်နိုင်ပါ့မလား ဆိုတာကိုတော့ နောက်ဆုံးအထိ အသည်းယားစဖွယ် ရှုစားရမှာပါ။ Old but gold ကားလေးမို့ အားကစားချစ်သူ ပရိသတ်ကြီးက လိုက်ပါစီးမျောကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။)
...

I Am David (2003) ⭐TMDB: 60% User Score 🎬 #Adventure #Drama #Family 🗓 2003 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အသက်ဆယ့်နှစ်နှစ်အရွယ် ဒေးဗစ်ဆိုတဲ့ ကောင်လေးဟာ ဘူဂေးရီးယားပြည်ရဲ့ ကွန်မြူနစ် အကျဉ်းစခန်းထဲမှာ ကြီးပြင်းခဲ့ရပြီး တစ်နေ့မှာတော့ အဲ့ဒီ ငရဲအလား ရက်စက်ကြမ်းကြုတ်မှု‌တွေနဲ့ ပြည့်နှက်နေပြီး၊ လွတ်မြောက်ဖို့ခက်ခဲတဲ့ အကျဉ်စခန်းကြီးကနေ ထွက်ပြေးလွတ်မြောက်ဖို့ အကြောင်းဖန်လာပါတယ်။ သူဘယ်လိုထွက်ပြေးလွတ်မြောက်သွားသလဲ…..ဘယ်ကို ဆက်သွားမှာလဲ…..လမ်းခရီးမှာ ဘယ်သူတွေနဲ့ဆုံရမှာလဲ…….စတာတွေကို သိချင်ရင်‌တော့ ရုပ်ရှင်ကို ဒေါင်းလုတ်ဆွဲဖို့ အကြံပြုပါတယ် မိတ်ဆွေ။
...

Vasil (2022) ⭐IMDB: 6.5/10 (616 Votes) 🎬 #Comedy #Drama 🗓 2022 🎞 movie 🌎 #Spain #Bulgaria ⏰ 1 နာရီ 33 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စပိန်ကို ရောက်လာတဲ့ ဘူလ်ဂေးရီးယန်း တစ်ယောက် သူစပိန်ကို တကယ် ရောက်လာတဲ့အခါမှာ မျှော်မှန်းထားသလို မဖြစ်ဘဲ နေထိုင်သူတစ်ယောက်ရဲ့ ကြုံတွေ့ရတဲ့ အခက်ခဲ ဒုက္ခတွေက ဘယ်လိုလဲဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်သာအာင် ရိုက်ပြထားတဲ့ ရုပ်ရှင်ကားကာင်းတစ်ခုပါပဲ။ ကျောတစ်ခင်းစာနေရာလေးတစ်ခုရဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာတွေ၊ နိုင်ငံသား တစ်ယာက်အတွက် တရားဝင်အလုပ်တစ်ခုရဖို့ ဘယ်လောက်ထိခက်ခဲတယ်ဆို‌‌တာတွေကိုပါ ပုံဖော်ပြသပေးထားတာမလို့ ဒီကာလမှာ ကြည်ကိုကြည့်သင့်တဲ့ ဇာတ်ကား ကောင်း တစ်ခုလို့ ပြောချင်ပါတယ်။ ဒါတွေအပြင် ဇာတ်ကားထဲမှာ Vasil ဟာ ဘယ်လိုပဲ အခက်အခဲဒုက္ခ တွေကြုံနေရပါစေ စိုးရိမ်ပူပန်မှုတွေ မဖြစ်ပဲ စိတ်အေးအးထားပြီး အားလုံးရင်ဆိုင်ဖြတ်ကျာ်ကာ ပျော်ပျော်နေတတ်သူ တစ်ယောက်အဖြစ် တွေ့ရဦးမှာပါ။ အဲ့ဒါကြောင့် ဒီလိုကာလမျိူးမှာ ကျွန်တာ် တွေဟာ လည်း ဘယ်လိုပဲ အခက်အခဲတွေ ရှိပါစေ Vasil တစ်ယောက်လိုမျိူး ကျော်ဖြတ်နိုင်တဲ့ ခွန်အားမျိူးတွရရှိဖို့အတွက် ဒီကားလေးက လုံးဝ အထောက်အကူဖြစ်မှာ အ‌သေအချာပါပဲ။
...

Amores Perros (2000) ⭐TMDB: 70% User Score 🎬 #Drama #Thriller 🗓 2000 🎞 movie 🌎 #Mexico ⏰ 2 နာရီ 35 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားရဲ့အမည်ဖြစ်တဲ့Amores Perrosဆိုတာကို ဘာသာပြန်ရရင် အဓိပ္ပါယ်က နှစ်မျိုးသုံးမျိုးကွဲနေပေမယ့် တိုက်ရိုက်ပြောရရင်တော့ ခွေးချစ်တတ်သောသူများပေါ့။ ဒီဇာတ်ကားက The Revenant တို့ Birdmanတို့ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Alejandro González Iñárritu ကပဲရိုက်ကူးထားတာဖြစ်ပြီး IMDbမှာလဲ 8.1ရခဲ့သလို Rotten Tomatoesမှာလဲ 93%အထိရခဲ့တာမို့လို့ ဇာတ်ကားကောင်းတစ်ကားဆိုတာတော့ ပြောစရာတောင် မလိုပါဘူး။ ဒီဇာတ်ကားထဲမှာတော့ ကားအက်စီးဒန့်တစ်ခုကြောင့် ခွေးချစ်တတ်တဲ့လူသုံးယောက်ရဲ့ဘဝတွေဟာ သူတို့ရည်ရွယ်ထားတဲ့အတိုင်းမဟုတ်ဘဲ ကောင်းတာရော ဆိုးတာရောဒွန်တွဲပြီး တဆစ်တချိုး ပြောင်းလဲသွားတဲ့အကြောင်းကို တစ်ယောက်တစ်ပိုင်းနှုန်းနဲ့ခွဲပြီး ရိုက်ပြပေးထားပါတယ်။ ထိုအက်စီးဒန့်ဖြစ်တဲ့အထဲမှာ ပါခဲ့တာကတော့ အစ်ကိုဖြစ်သူရဲ့ဇနီးကို တိတ်တခိုးချစ်နေပြီး အလုပ်အကိုင်မရှိ ပိုက်ဆံလဲမရှိနဲ့ ဘာလုပ်လို့လုပ်ရမှန်းမသိတာကြောင့် သူ့ရဲ့ခွေးနဲ့ ခွေးတိုက်ပွဲတွေမှာ ပါဝင်ဆင်နွှဲနေတဲ့ အိုတာဗီယို… လှပတဲ့အတွက် အရမ်းနာမည်ကြီးပြီး လူတကာကချစ်ခင်တဲ့မော်ဒယ်တစ်ယောက်ဖြစ်ပေမဲ့ အိမ်ထောင်ရှိအမျိုးသားတစ်ယောက်ကို အိမ်ထောင်ကွဲစေခဲ့ပြီး ထိုအမျိုးသားနဲ့ တိတ်တခိုးပေါင်းနေခဲ့တဲ့ ဗာလဲရီယာ… ဇနီးနဲ့သမီးကို ထားခဲ့ပြီး နိုင်ငံရေးထဲမှာဝင်ပါပြီးနောက် အနှစ်၂၀ထောင်ကျပြီးပြန်ထွက်အလာမှာ မိသားစုကလက်မခံတော့လို့ ခြေသလုံးအိမ်တိုင်လျှောက်သွားပြီး သူ့ဘဝကိုလမ်းဘေးခွေးတွေနဲ့ပဲဖြတ်သန်းနေတဲ့ ချီဗို…တို့ပဲဖြစ်ပါတယ် ထိုသုံးယောက်ရဲ့ဘဝတွေဟာ ကားအက်စီးဒန့်ဖြစ်ပြီးနောက်မှာတော့ ဘာတွေဘယ်လိုပြောင်းလဲသွားကုန်ကြမလဲဆိုတာကိုတော့ ဇာတ်ကားလေးကိုပဲကြည့်ပြီး အဖြေရှာလိုက်ကြတာပေါ့။ (ဒီဇာတ်ကားထဲမှာ သွေးသံရဲရဲခွေးတိုက်ပွဲတွေပီပြင်စွာပါဝင်နေတဲ့အတွက် source တွေမှာသေချာရှာကြည့်တော့ “ခွေးတွေက ကစားနေတာသာဖြစ်ပြီး သူတို့ကို လုံးဝမထိခိုက်စေခဲ့ပါ” တဲ့ခင်ဗျ)
...

The Illusionist (2006) ⭐TMDB: 70% User Score 🎬 #Drama #Fantasy #Romance #Thriller #Mystery 🗓 2006 🎞 movie 🌎 #UnitedStates #Czechia #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသားကြီး Edward Norton ရဲ့ နာမည်ကျော် ရုပ်ရှင်ကောင်းတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ Now You See Me လို မျက်လှည့်ကားကောင်းကောင်းမျိုးတွေထဲက တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မဖြစ်နိုင်တဲ့အရာတွေကိုအာရုံစိုက်လွန်းတဲ့အခါ ဖြစ်နိုင်ချေရှိတဲ့အချက်တွေကိုလွတ်ထွက်သွားတတ်ပါတယ်။ မျက်လှည့်ဆိုတာ ဒီလိုမျိုးပါပဲ။ လူငယ်မျက်လှည့်ဝါသနာရှင်အက်ဝဒ်က မြို့စားသမီးနဲ့ လူငယ်သဘာဝချစ်ကြိုက်ခဲ့ကြတယ်။ဒါပေမဲ့ မျိုးရိုးဂုဏ်မတူတဲ့သူတို့နှစ်ယောက်က ဘယ်လိုမှပေါင်းဖက်ဖို့မဖြစ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ အက်ဝဒ်က အချစ်ဦးဆိုဖီနဲ့ဝေးပြီး၁၅နှစ်ကြာတဲ့အခါ မျက်လှည့်ဆရာအိုက်စ်ဟန်ဖြစ်လာခဲ့တယ်။ အချစ်ဦးနဲ့ နောက်ထပ်ပြန်တွေ့တဲ့အချိန်မှာတော့ အိုက်စ်ဟန်က သူ့ရဲ့မျက်လှည့်ပြကွက်တွေနဲ့အချစ်ဦးကိုပြန်ရဖို့ကြိုးစားမှာပါ။ မျက်လှည့်ဆိုတဲ့အရာကဘယ်လောက်ထိစွမ်းနိုင်လဲဆိုတာနဲ့ အဆုံးသတ်မှာအိုက်စ်ဟန်ဖြစ်ချင်သလိုဖြစ်လာနိုင်မလားဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။
...

The Illusionist (2006) ⭐TMDB: 70% User Score 🎬 #Drama #Fantasy #Romance #Thriller #Mystery 🗓 2006 🎞 movie 🌎 #UnitedStates #Czechia #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသားကြီး Edward Norton ရဲ့ နာမည်ကျော် ရုပ်ရှင်ကောင်းတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ Now You See Me လို မျက်လှည့်ကားကောင်းကောင်းမျိုးတွေထဲက တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မဖြစ်နိုင်တဲ့အရာတွေကိုအာရုံစိုက်လွန်းတဲ့အခါ ဖြစ်နိုင်ချေရှိတဲ့အချက်တွေကိုလွတ်ထွက်သွားတတ်ပါတယ်။ မျက်လှည့်ဆိုတာ ဒီလိုမျိုးပါပဲ။ လူငယ်မျက်လှည့်ဝါသနာရှင်အက်ဝဒ်က မြို့စားသမီးနဲ့ လူငယ်သဘာဝချစ်ကြိုက်ခဲ့ကြတယ်။ဒါပေမဲ့ မျိုးရိုးဂုဏ်မတူတဲ့သူတို့နှစ်ယောက်က ဘယ်လိုမှပေါင်းဖက်ဖို့မဖြစ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ အက်ဝဒ်က အချစ်ဦးဆိုဖီနဲ့ဝေးပြီး၁၅နှစ်ကြာတဲ့အခါ မျက်လှည့်ဆရာအိုက်စ်ဟန်ဖြစ်လာခဲ့တယ်။ အချစ်ဦးနဲ့ နောက်ထပ်ပြန်တွေ့တဲ့အချိန်မှာတော့ အိုက်စ်ဟန်က သူ့ရဲ့မျက်လှည့်ပြကွက်တွေနဲ့အချစ်ဦးကိုပြန်ရဖို့ကြိုးစားမှာပါ။ မျက်လှည့်ဆိုတဲ့အရာကဘယ်လောက်ထိစွမ်းနိုင်လဲဆိုတာနဲ့ အဆုံးသတ်မှာအိုက်စ်ဟန်ဖြစ်ချင်သလိုဖြစ်လာနိုင်မလားဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။
...

Neneh Superstar (2022) ⭐IMDB: 5.4/10 (164 Votes) 🎬 #Comedy #Drama 🗓 2022 🎞 movie 🌎 #France ⏰ 1 နာရီ 38 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယ‌ခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၂ ခုနှစ်ထွက် ပြင်သစ်ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အသက် ၁၂ နှစ်အရွယ် Neneh ဆိုတဲ့ကောင်မလေးတစ်ယောက်အကြောင်းပါ။ သူမကလူမည်းတစ်ယောက်ပါ။ သူမဟာဘဲလေးအကကိုအရမ်းဝါသနာပါပါတယ်။ ဒီတော့သူမကပဲရစ်မြို့ကအော်ပရာဘဲလေးသင်တန်းကျောင်းမှာဝင်ခွင့်သွားလျှောက်တဲ့အခါ ပါရမီပါသူတယောက်ဖြစ်တဲ့အတွက်ဝင်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ လူမည်းတစ်ယောက်ဖြစ်နေတဲ့အတွက် ကျောင်းအုပ်ကြီးကတော့ သူမကိုသဘောမကျပါဘူး။ ကျောင်းအုပ်ကြီးကဘဲလေးအကဟာလူဖြူတွေကတာဆိုတဲ့ရိုးရာကိုထိန်းသိမ်းချင်သူပါ။ဒီတော့ Neneh အနေနဲ့လူဖြူတွေကြားထဲကလူမည်းတစ်ယောက်ဖြစ်နေတော့ ကျောင်းအုပ်ကြီးရဲ့ကြည်ဖြူမှုကိုရဖို့ အခြားသူတွေထက်ပိုကြိုးစားရပါတယ်။ ထို့ပြင် Neneh ကထူးချွန်တဲ့အတွက်ကြောင့်မနာလိုတဲ့ကျောင်းသူအချို့ကလည်းရှိနေပါတယ်။သူတို့က Neneh ကိုပြဿနာရှာကြတဲ့အခါ Neneh အနေနဲ့မိဘခေါ်ပြီးကျောင်းအုပ်ကြီးနဲ့တွေ့ရတာမျိုး‌တွေရှိလာပါတယ်…ထိုအခါ Neneh ရဲ့အခြေအနေဟာပိုပြီးတော့ကျပ်တည်းလာပါတယ်…. ဒီဇာတ်ကားမှာ လူဖြူတွေရဲ့ခွဲခြားမှုကိုခံရတဲ့လူမည်းမိန်းကလေးရဲ့ခံစားချက်တွေ…သူမဘဝအပေါ်မကျေနပ်မှုလေးတွေရိုက်ပြထားပါတယ်…ခံစားကြည့်ကြပါခင်ဗျာ
...

Befikre (2016) ⭐IMDB: 4.1/10 (8 k Votes) 🎬 #Comedy #Drama #Bollywood #Romance 🗓 2016 🎞 movie 🌎 #France #India ⏰ 2 နာရီ 10 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Befikre (2016)===================“ပါရီမြိုကို သက်သေတည်” CM ပရိသတ်ကြီးအတွက် ချိုမြိန်ပြီး ချစ်ဖိုကောင်းတဲ့ ၂၀၁၆ ကဟင်ဒီရိုမန့်ဇာတ်လမ်းအဟောင်းလေး တင်ဆက်ပေးလိုက်ပါတယ် သရုပ်တောင် အချောအလှတွေတင်မက အရောင်အသွေးစုံလင်တဲ့ ပဲရစ်မြိုကြီးကိုနောက်ခံထားပြီး ရိုက်ထားတာဆိုတော့ ရိုမန့်တစ်မဆန်မှာတော့ မပူနဲ့ ကမ္ဘာ့ပေါ်မှာ ရိုမန့်တစ်အဆန်ဆုံး မြိုလေးအဖြစ် ပဲရစ်မြိုလေးကို သတ်မှတ်ထားကြတာ အားလုံးသိမှာပါရမ္မက်ပြင်းတဲ့ french kiss ဆိုတဲ့ သမုတ်ချက်တွေလည်း ရှိတဲ့အပြင် သော့ခလောက်တွေ တံတားဘောင်မှာအစုလိုက်အပြုံလိုက် ခတ်ပြီး ချစ်သက်သေတည်တယ်ဆိုတာတွေလည်း ကြားဖူးမှာပါ ဇာတ်လမ်းလေးကတော့ အတော်လေးရိုးရှင်းပါတယ် အိန္ဒိယဖွား ရယ်ရယ်မောမော နေတတ်တဲ့ဟာသပညာရှင် ဒါရမ်နဲ့ အိန္ဒိယသွေး/ပြင်သစ်သူ ဖြစ်တဲ့ တိုးဂိုက် ရှာယာတို ရိုမန့်မြိုတော် ပဲရစ်မှာ ဆုံကြတယ်ပေါ့ ခေတ်ဆန်တဲ့ မိန်းကလေးနဲ့ တောသားမြိုတက် ဒါရမ်တို အဝေမတည့်တာတွေခဏခဏ ဖြစ်ကြပေမယ့် ရန်ဖြစ်လိုက် ပြန်အဆင်ပြေသွားလိုက်ပါပဲ ဒီတစ်ခေါက်မှာတော့ တစ်ကိုယ်တည်းနေဖို ကိုယ်စီကိုယ်ငှ ဆုံးဖြတ်ကြပေမယ့် ပဲရစ်မြိုကအမှတ်တရတွေက မနေသာလို ပြန်ဆုံကြပြီး လမ်းခွဲခြင်းသော့ခလောက်ကိုနှစ်ဦးသဘောတူ တိုင်တည်ကာ “သူငယ်ချင်းတွေလို” နေဖို ဆုံးဖြတ်လိုက်ပေမယ့်… တကယ်တမ်း တစ်ချိန်က ကြည်နူးခြင်း အမှတ်တရများစွာကိုသူငယ်ချင်းဆိုတဲ့ စည်းဘောင်က ထိန်းနိုင်ပါ့မလား ဆိုတာကတော့… ဒီ ရိုမန့် ကမ်မဒီ အဟောင်းလေးမှာပဲ ပရိသတ်ကြီးက ကြည့်ရှုခံစားပေးပါဦးနော် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
...

Crimson Snout (2023) ⭐TMDB: 40.0% User Score 🎬 #Horror 🗓 2023 🎞 Series 🌎 #Vietnam ⏰ 1 နာရီ 40 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Crimson Snout 2023(IMDb – 6.7/10) ခွေးသားစားဖူးတဲ့သူတွေရှိလား?စားဖူးတဲ့သူတွေရော မစားဖူးတဲ့သူတွေရော ဒီကားလေးကိုကြည့်ကြည့်ပါဟာသ မပါပဲ လုံးဝ serious ရိုက်ကူးထားတဲ့ ဗီယက်နမ်သရဲကားလေးဖြစ်ပါတယ်ဝတ္ထုကိုအခြေခံပြီးရိုက်ကူးထားတော့ ဇာတ်အိမ်ကတော့ လုံးဝအခိုင်အမာပါပဲ ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်မိသားစုလုံးခွေးသားအရမ်းကြိုက်တဲ့သားသတ်ရုံပိုင်ရှင်လူကြီးတစ်ယောက် လမ်းမှာရေနစ်သေတာကနေစပြီးမိသားစုပြဿနာတွေ အကုသိုလ်တွေကြောင့် ဗုဒ္ဓဘာသာအယူအဆအတိုင်း ဝဋ်လည်မှုတွေစတင်လာတဲ့အချိန်မှာတစ်ဦးတည်းသောသားဖြစ်သူကလဲ လက်ထပ်မယ့်မိန်းကလေးကိုခေါ်ပြီးပြန်ရောက်လာတယ်ခွေးသားက သူတို့နယ်မြို့လေးရဲ့ အထင်ကရစားသောက်ကုန်ဖြစ်နေပြီးလိုက်လာတဲ့ ကောင်မလေးလဲ ခွေးသားမစားတော့ အဆင်မပြေမှုတွေအများကြီးကြုံရတာပေါ့သူတို့နှစ်ယောက် မိသားစုပြဿနာတွေ မကောင်းတဲ့နတ်ဆိုးတွေကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာ….မျက်နှာကိုလက်နဲ့အုပ်ပြီး လက်ချောင်းတွေကြားထဲကချောင်းကြည့်ပေးကြပါဦးဇာတ်လမ်းထဲမှာ ခွေးကြီးက မတ်တပ်ရပ်ပြီးပြုံးပြမှာမို့လို့ပါ… အညွှန်း နဲ့ ဘာသာပြန်ကတော့Thet Ooပဲ ဖြစ်ပါတယ်။
...

Burning Flames (2024) ⭐TMDB: 90.0% User Score 🎬 #Drama #SciFi #Fantasy 🗓 2024 🎞 Series 🌎 #China ⏰ 50 မိနစ် 32 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Burning Flamesဒီတစ်ခါမှာ CM ပရိသတ်တွေကော Ren Jia Lun ပရိသတ်တို့အကြာကြီးစောင့်မျှော်ခဲ့ရတဲ့ Wu Geng Ji ဆိုတဲ့ Anime ကိုပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ မီးလျှံကြားမှသူရဲကောင်းဝူကန်း ဆိုတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းရာကတော့ လူ့ပြည်မှာအလွန်အေးချမ်းသာယာလွန်းလှတဲ့ ရှင်းတိုင်းပြည်မှာ ဝူကန်းဆိုတဲ့ မင်းသားလေးတစ်ပါးရှိသတဲ့။ ဒီလိုအေးချမ်းသာယာလွန်းတဲ့ ရှင်းတိုင်းပြည်ကိုတနေ့မှာတော့ ကံဆိုးခြင်းပေါင်းများစွာသယ်ဆောင်လာခဲ့ပါတော့တယ်။ ဒါကတော့ လူသားဆိုတာကထာဝရနတ်မျိုးနွယ်ရဲ့ ကျေးကျွန်လို့ခံယူထားကြတဲ့ နတ်မျိုးနွယ်တွေကရှင်းတိုင်းပြည်ကိုလာခြယ်လှယ်ကြရင်းသွေးချောင်းစီးတဲ့ စစ်ပွဲဖြစ်ခဲ့ကြတယ်။ စစ်မြေပြင်မှာတင် ဝူကန်းရဲ့ခမည်းတော်ဘုရင်က နတ်ရွာစံသွားပြီးဝူကန်းရဲ့မယ်တော်ကတော့ နတ်စွမ်းအားပိုင်ဆိုင်ထားတဲ့လူသားမျိုးနွယ်စုဝင်ဖြစ်တာကြောင့် သူ မသေဆုံးခင်မှာဝူကန်းကိုနတ်စွမ်းအားတွေလွှဲပေးခဲ့တယ်။ ဒီလိုနဲ့တိုင်းပြည်ပျက်သုဉ်းသွားတဲ့အခါ ဝူကန်းဟာတိုင်းပြည်မင်းသားဘဝကနေအနိမ့်ကျဆုံးအစေခံဘဝထိရောက်သွားပြီး ခက်ခဲကြမ်းတမ်းစွာရုန်းကန်းနေပေမဲ့လည်း တိုင်းပြည်ပျက်သုဉ်းပြီးမိဘနှစ်ပါးသေဆုံးခဲ့တဲ့ရန်ငြိုးကတော့မပျက်ပြယ်ပဲ ခိုင်မာတည်ရှိနေခဲ့တယ်။ဒီရန်ငြိုးကိုလက်စားချေဖို့ရာ ဝူကန်းကအဖိုးဖြစ်သူ ဖူရှီးနောက်လိုက်ပြီးသိုင်းပညာတွေကော နတ်စွမ်းအားတွေကိုပါ ကျင့်ကြံလေ့ကျင့်အားထုတ်ခဲ့တယ်။ ဒီလိုလေ့ကျင့်ရင်းနဲ့သနားကြင်နာတတ်တဲ့ ပိုင်ချိုက်မိန်းကလေးနဲ့ ဝူကန်းရဲ့ဦးလေးဖြစ်သူ ကျီယွီတို့သင်ပေးမှုအောက်မှာ အန္တရာယ်အခက်အခဲဘေးဒုက္ခတွေအတူတူရင်ဆိုင်ဖြေရှင်းကြတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။လူ့ပြည်နဲ့နတ်ပြည်စစ်ပွဲကြီးဘယ်လိုအဆုံးသတ်လိုက်ကြမလဲ။ မိဘနှစ်ပါးနှင့်တိုင်းပြည်ပါ ဆုံးရူံးရတဲ့ရန်ငြိုးကိုဘယ်လိုလက်စားချေကြမလဲ။ ပျက်သုဉ်းသွားတဲ့အမိတိုင်းပြည်ကို ဘယ်လိုပြန်တည်ထောင်မလဲစတဲ့ အမိုက်စားဇာတ်ကွက်တွေနှင့်သာမက သိုင်းလောကပရိသတ်တွေအကြာကြီး စောင့်မျှော်ခဲ့ရတဲ့ ဇာတ်လမ်းတွဲလေးဖြစ်တာကြောင့်လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင်။
...

My Boyfriends' Dogs (2014) ⭐IMDB: 5.8/10 (2 k Votes) 🎬 #Comedy #Family #Romance #TVMovie 🗓 2014 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Boyfriends’ Dogs [2014]( IMDb 5.8/10 ) မိုးသည်းတဲ့ ညတစ်ညမှာ ဘေလီတစ်ယောက် ပိတ်နေပြီဖြစ်တဲ့ ဆိုင်တစ်ဆိုင်အတွင်းကိုခွေးသုံးကောင်ရယ် မင်္ဂလာ‌ဆောင်ဂါဝန်ကြီး ဝတ်လျက်သားရယ်နဲ့ ဝင်ရောက်လာခဲ့ပါတယ်…စပ်စုလိုတဲ့ ဆိုင်ရှင်လင်မယားဟာ ဘေလီ့ကို မင်္ဂလာပွဲပျက်လို့ ထွက်ပြေးလာတယ်လို့ပဲထင်မှတ်ပြီး ဇာတ်ကြောင်းကို ရှင်းပြဖို့ တိုက်တွန်းပါတော့တယ်…ဒီလိုနဲ့ ခွေးသိပ်ချစ်တဲ့ ဘေလီလည်း သူ့ရဲ့ ဖြစ်ကြောင်းကုန်စင်ကို စတင်ရှင်းပြပါတော့တယ်…အိမ်အသစ်ကို စတင်ပြောင်းရွှေ့ရာကနေ အစပြုခဲ့တဲ့ သူ့ရဲ့အချစ်ဇာတ်လမ်းတွေဟာဘယ်နည်းဘယ်ပုံနဲ့ အဆုံးသတ်သွားပြီး အခုလို မင်္ဂလာဆောင်ဂါဝန်တကားကားနဲ့မိုးရေထဲ ပြေးလွှားနေရတဲ့ အဖြစ်ကို ရောက်သွားရလဲဆိုတာ တစ်ဆင့်ချင်းစီ ကြည့်ရှုသွားရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။
...