ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
One on One (2014) ⭐IMDB: 5.7/10 (1 k Votes) 🎬 #Crime #Drama #Mystery #Thriller 🗓 2014 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 2 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 One on One (2014) ************************* IMDb… 6 ဒီနေ့မှာတော့ Ma Dong Seok, Kim Young Min, Lee Yi Kyung, Teo Yoo, Park So Dam နဲ့တခြားသော အနုပညာရှင်တွေပါဝင်ထားတဲ့ mystery, thriller ရုပ်ရှင်ကားဟောင်းလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ ဒီကားလေးက တောင်ကိုရီးယား ဒါရိုက်တာ Kim Ki Duk က ရိုက်ကူးထားပြီး ၇၁ ကြိမ်မြောက်Venice Internationl Film Festival မှာ အဖွင့်အနေနဲ့ ပြသခဲ့တဲ့ကားလေးလည်းဖြစ်ပါတယ်။ နှစ်တစ်နှစ်ရဲ့ မေလ ၉ ရက်နေ့မှာ အိုမင်ဂျူလို့ခေါ်တဲ့ ကျောင်းသူလေးတစ်ယောက်ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။ဘာအကြောင်းအရင်းကြောင့်မှန်းမသိ ကြံရာပါ အရွယ်ရောက်လူကြီး ၇ ယောက်ကဒီကောင်မလေးကို သတ်ခဲ့ကြတာပါ။ ခိုင်းတဲ့လူကလည်း ခိုင်းတယ်..။အမိန့်ကိုမလွန်ဆန်နိုင်လို့ မတတ်သာဘဲ ကျူးလွန်ခဲ့ရတဲ့သူကလည်း ကျူးလွန်ခဲ့ပြီးဖြစ်လို့လူ့အသက်တစ်ချောင်း ဆုံးရှုံးခဲ့ပြီးဖြစ်ပေမဲ့ ဒီအရေးကိုမျက်ကွယ်မပြုနိုင်တဲ့အရိပ် ၇ ယောက်ကလည်း ရှိနေပြန်ပါသေးတယ်။ဒီလိုနဲ့ အမှန်တရားကို ဖော်ထုတ်ဖို့လုပ်နေကြတဲ့ အရိပ် ၇ ယောက်ဟာ ကျူးလွန်သူ ၇ ယောက်ကိုတစ်ယောက်ချင်းစီ ပြန်ပေးဆွဲ ရက်ရက်စက်စက် ညှဥ်းပန်းနှိပ်စက်ပြီး တကယ့်နောက်ကွယ်ကအမှန်တရားကို ဖော်ထုတ်ကြတဲ့အခါမှာ အဖြေက ဘာဖြစ်နေမှာလဲ ..။ ဒီကားလေးမှာ ဒါရိုက်တာ Kim Ki Duk က ကွာဟလွန်းလှတဲ့ လူ့အဆင့်အတန်း၊ကြွယ်ဝချမ်းသာမှု၊ အာဏာ စတာတွေကို အဓိက ယှဥ်ပြထားတာပဲ ဖြစ်ပါတယ်။ခေါက်ဆွဲပြုတ်ကို လူတန်းစားတစ်ရပ်က အသက်ရှင်ဖို့ အဓိကစားကုန်အနေနဲ့ စားနေရပေမဲ့တချို့သော လူတန်းစားတွေကတော့ အပျင်းပြေ သရေစာအနေနဲ့ စားကြတာမျိုးချမ်းသာတဲ့လူက ချမ်းသာပြီးရင်း ချမ်းသာနေကြသလောက် ဆင်းရဲတဲ့လူကလည်းဆင်းရဲသထက် ဆင်းရဲနေကြတာမျိုး အထက်က ခိုင်းတယ်ဆိုတာနဲ့ အကြောင်းအရင်းကဘာမှန်းမသိ မှားမှားမှန်မှန် ကိုယ့်တစ်ကိုယ်စာ အနေချောင်ဖို့အရေး လုပ်လိုက်ရတာမျိုးစတဲ့ လူ့အသိုင်းအဝိုင်းက အထက်အောက် ကွာခြားချက်တွေကို အဓိကပြထားတာမို့စိတ်ဝင်စားဖို့ကောင်းတဲ့ ကားလေးတစ်ကားလည်းဖြစ်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို Lai Laii မှ ရေးသားပေးထားပါတယ်။)...
Choke (2008) ⭐TMDB: 61% User Score 🎬 #Comedy #Drama 🗓 2008 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Choke (2008)IMDb – 6.4/10 R-ratedဖြစ်တဲ့အတွက် ၁၇နှစ်အောက်ကလေးတွေ လက်ရှောင်ပေါ့။ဒါရိုက်တာက Clark Gregg၊ မင်းသားကြီး ဟယ်ရီဆန်ဖို့ဒ်ရဲ့ What Lies Beneath (2000)ရုပ်ရှင်ကိုရေးခဲ့တဲ့ဆရာ။ မင်းသားက Sam Rockwell။ ဇာတ်လမ်းအကျဉ်းပြောရရင် ငယ်ငယ်ကတည်းက မွေစားမိဘတွေ တစ်ယောက်ပြီးတစ်ယောက်ဆီကနေထွက်ပြေးခဲ့တဲ့သူ။ ဘာလို့ထွက်ပြေးလဲ၊ အမေအရင်းက လာလာခေါ်ပြီး ပညာတွေပေးနေလို့။ ဘယ်လိုပညာလဲ၊ ဒီကမ္ဘာကြီးဆိုတာ တိရစ္ဆာန်ဥယျာဉ်လိုပဲ အကျဉ်းထောင်တစ်ခု၊ တိရစ္ဆာန်တွေနဲ့ ငါတို့ကြားကကွာခြားမှုက တိုင်တွေနောက်မှာရှိနေရတာနဲ့ ရှိမနေရတာပဲဆိုပြီး လမ်းသစ်ဖောက် ဘ၀အသစ်ကိုလျှောက်ဆိုတဲ့အမေ။ အရွယ်ရောက်လာတဲ့အချိန် အမေဖြစ်သူ အယ်လ်ဇိုင်းမားရောဂါနဲ့ စိတ်ကျန်းမာရေးဆေးရုံတင်ထားရတဲ့အချိန်။သူ့အလုပ်အကိုင်က ရှေးခေတ်ကိုသရုပ်ဖော်တဲ့နေရာမှာ သရုပ်ဆောင်နေရတာ။ အမေ့ဆေးဖိုးလောက်ငှဖို့ ရောက်လေရာစားသောက်ဆိုင်မှာအစာနင်ချင်ယောင်ဆောင်ပြီး လာကူပေးသူတွေဆီက ထောက်ပံ့ပေးကြေးရအောင် ဟန်ဆောင်တယ်။ နောက်ပြီး တွေ့သမျှမိန်းမနဲ့အတူနေတဲ့ လိင်စိတ်စွဲလန်းနေတဲ့ဘဲ။ ဒီလိုနဲ့ စိတ်ကျန်းမာရေးဆေးရုံက သူ့အမေကိုကုသပေးနေတဲ့ဒေါက်တာမလေးနဲ့တွေ့တဲ့နောက်မှာ သူ့ဘ၀ တစ်ဆစ်မက နှစ်ဆစ် သုံးဆစ်ချိုးပြောင်းလဲသွားတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoဖြစ်ပါတယ်။)...
The Hidden Web (2023) ⭐IMDB: 6.1/10 (402 Votes) 🎬 #Drama #Mystery #Thriller 🗓 2023 🎞 movie 🌎 #Poland ⏰ 1 နာရီ 41 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Hidden Web (2023) IMDb Rating (6.1) ဒီကားကတော့ 2023 ခုနစ်ကထွက်ထားတဲ့ ပိုလန်လျှို့ဝှက်ဆန်းကျယ်ဇာတ်ကားလေးပါ။ အဓိက သရုပ်ဆောင်တွေအနေနဲ့ ကတော့ ပိုလန်နာမည်ကြီး မင်းသားမင်းသမီး တွေဖြစ်တဲ့ Magdalena Kolesnik , Andrzej Seweryn , Piotr Trojan တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာကတော့ Piotr Adamski ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း Julia Wójcicka ဆိုတဲ့ သတင်းထောက်မလေးက နာမည်ကြီး တီဗီအစီအစဉ်တင်ဆက်သူတစ်ယောက်ရဲ့ သေဆုံးမှုဟာ အာဏာပိုင်တွေကြေညာခဲ့သလို မတောတဆ သေဆုံးမှုမဟုတ်ပဲ သေသေချာချာစီစဉ်ထားခဲ့တဲ့ ကျူးလွန်မှုတစ်ခုဖြစ်တယ်ဆိုတာကို ယုံကြည်ခဲ့တဲ့ အတွက် စုံစမ်းဖို့ဖြစ်လာပါတော့တယ်။ အမှန်တရားကို ရှာဖွေတွေ့ရှိဖို့ နီးကပ်လာတာနဲ့ အမျှ Julia ကိုပါအသက်အန္တရာယ်ဖြစ်လာစေပါတော့တယ်။ တစ်စုံတစ်ယောက်က သူမကို အမြဲစောင့်ကြည့်နေပြီးတော့ Julia ရဲ့ ရှက်စရာလျှို့ဝှက်ချက်များကိုပါ သိထားကာ သူမရဲ့လှုပ်ရှားမှုများကိုပါ ကြိုတင်သိရှိနေခဲ့ပါတယ်။ နောက်ထပ်သားကောင်တစ်ယောက် မဖြစ်လာဖို့အတွက် Julia ဟာလဲ ဖုံးကွယ်ထားတဲ့ဆိုင်ဘာကွန်ရက် ထဲကို ဝင်ရောက်လာဖို့ ဖြစ်လာပြီးတော့ သူမ မထင်မှတ်ထားတဲ့ လျှို့ဝှက်မှုတွေကို သိလာတဲ့ အခါမှာတော့ ဘယ်လိုတွေဆက်ဖြေရှင်းသွားမလဲ ဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။)...
Thappinchuku Thiruguvadu Dhanyudu Sumathi (2024) ⭐IMDB: 6.1/10 (1 k Votes) 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 31 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Thappinchuku Thiruguvadu Dhanyudu Sumathi 2024 (ဓားပြတိုက်ထားတဲ့ပိုက်ဆံတွေနဲ့ ပတ်လည်ရိုက်ကြသောသူတို့) မိဘတွေရဲ့အသက်အတွက်နဲ့ ဘဏ်ကို ဓားပြတိုက်ခဲ့ရတဲ့ လူတစ်ယောက်၊ သမီးဖြစ်သူ ကင်ဆာဖြစ်နေလို့ ငွေလိုအပ်နေပြီးတဲ့တက္ကစီဒရိုက်ဘာတစ်ယောက်၊ မိဘတွေသဘောမတူတဲ့ချစ်သူနောက်ကို ခိုးရာလိုက်ခဲ့ပြီးတော့မှချစ်သူရဲ့စွန့်ပစ်ခြင်းကို ခံလိုက်ရတဲ့ကောင်မလေးတစ်ယောက်၊ ငယ်ငယ်လေးကတည်းက ချစ်ခဲ့ကြပေမယ့်ကောင်မလေးရဲ့မိဘတွေက သူ့သမီးကို ချမ်းသာတဲ့သူနဲ့ပဲ ပေးစားချင်နေလို့ပြဿနာဖြစ်နေရတဲ့ စုံတွဲတစ်တွဲ တို့က ဒီဇာတ်လမ်းရဲ့ ဇာတ်ကောင်တွေဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဘဏ်ကို ဓားပြတိုက်ခဲ့တဲ့သူကနေ စတင်ခဲ့ပါတယ်။ သာမာန်လူတစ်ယောက်ဖြစ်ခဲ့ပေမယ့်အခြေအနေအကြောင်းအရင်းတွေကြောင့် ဘဏ်ကို ဓားပြတိုက်ပြီးနောက် ထွက်ပြေးလာခဲ့ရင်းတက္ကစီတစ်စီးကိုတွေ့ရာကနေ ကားပေါ်တက်လိုက်ပြီး သေနတ်ပြမောင်းခိုင်းရာကနေဓားပြနဲ့ တက္ကစီသမားတို့ရဲ့ စစခြင်းတွေ့ဆုံမှုပေါ့၊ ကားသမားကလည်း ကြောက်ကြောက်နဲ့မောင်းခိုင်းတဲ့အတိုင်းမောင်းရင်းနဲ့ လူပြတ်တဲ့နေရာမှာ ကားတာယာပြားသွားရာကနေတာယာလဲရင်း ရုန်းရင်းဆန်ခတ်ဖြစ်ရာက ဓားပြကို မတော်တဆသေနတ်နဲ့ပစ်လိုက်မိပါတော့တယ်၊ဒီအချိန်မှာ သူ့အပြစ်ကြောင့်ဆိုတဲ့ အပြစ်ရှိတဲ့စိတ်နဲ့ သူ့မှာ ဓားပြကိုပြန်အားနာပြီး လိုက်ကူညီပေးပါတော့တယ်….. ဒီလိုနဲ့ ဓားပြနဲ့ တက္ကစီဒရိုက်ဘာတို့ ပိုက်ဆံတွေအပြည့်ပါတဲ့ အိတ်နဲ့အတူကားတစ်စီးနဲ့ ပတ်သွားနေကြတုန်း အပေါ်က ကျန်တဲ့ဇာတ်ကောင်တွေနဲ့ ဘယ်လိုတွေ့ဆုံလာမလဲ …….သူတို့တွေ အကုန်ဆုံသွားပြီးတော့ ဘာက ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)...
Telekinesis (2024) ⭐IMDB: 7.6/10 (22 Votes) 🎬 #Action #Crime #SciFi #Thriller #ScienceFiction 🗓 2024 🎞 tv movie 🌎 #Malaysia ⏰ 1 နာရီ 46 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Telekinesis (2024) IMDb Rating (7.5) ရှားရှားပါးပါးထွက်ရှိလာတဲ့ မလေးရှားစွမ်းအားရှင်ဇာတ်ကားသစ်ဖြစ်ပါတယ်။ စွမ်းအားရှင်ဆိုပေမယ့် လူတစ်ယောက်စီမှာ စွမ်းအားတစ်မျိုးဆီရှိနေတာမဟုတ်ပဲ တစ်ချို့လူတွေဟာ အရာ၀တ္ထုတွေကို စိတ်နဲ့ထိန်းချုပ်နိုင်တဲ့စွမ်းအားနဲ့ မွေးဖွားလာကြတဲ့ ကမ္ဘာကြီးကိုအခြေခံထားတာပါ။ နိုင်ငံတိုင်းမှာ အဲ့ဒီလိုလူသားတွေရှိနေပြီး သူတို့ဟာ သူတို့အသိုင်းအဝိုင်းနဲ့ သူတို့ သိုသိုသိပ်သိပ်နေထိုင်ကြပြီး ဦးဆောင်တဲ့အဖွဲ့တစ်ဖွဲ့က သူတို့ကိုဥပဒေနဲ့ထိန်းချုပ်ထားပါတယ်။ မလေးရှားနိုင်ငံမှာတော့ NTSF ဆိုတဲ့အဖွဲ့က အာဏာရရှိနေပြီး သူတို့ဆီကခေါင်းဆောင်ပိုင်းချင်း အကွဲအပြဲဖြစ်ကြရာက TLM ဆိုတဲ့အဖွဲ့တစ်ဖွဲ့ထပ်မံပေါ်ပေါက်လာပြီး အချင်းချင်းဦးသူဆော်စတမ်းလုပ်ကြံသတ်ဖြတ်နေတဲ့အချိန်ပါ။ ဖက်ဒ်လီကတော့ NTSF အဖွဲ့ရဲ့အလားအလာအကောင်းဆုံး လူငယ်အရာရှိတစ်ယောက်ဖြစ်ပြီး TLM အဖွဲ့သားတွေကိုဖမ်းမိတဲ့အခါကိုယ်ရေးကိုယ်တာအငြိုးတစ်ခုကြောင့် အသေသတ်ပစ်လေ့ရှိပါတယ်။ အဲ့ဒီအငြိုးကတော့ သူငယ်စဉ်တုန်းက TLM အဖွဲ့ခေါင်းဆောင်ဟာ သူ့ဖခင်ကိုသတ်ပြီး သူ့ညီဖြစ်သူကိုဖမ်းခေါ်သွားခဲ့ဖူးတဲ့ အတိတ်ကြောင့်ပါ။ NTSF နဲ့ TLM ကြားထဲက ဝိရောဓိတွေ အချင်းချင်းသစ္စာဖောက်မှုတွေ လှည့်ကွက်တွေကို တမူထူးခြားတဲ့ဇာတ်အိမ်နဲ့ စိတ်ဝင်စားစရာတွေ့မြင်ရမယ့် ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
The Layover (2017) ⭐IMDB: 4.8/10 (17 k Votes) 🎬 #Comedy #Romance 🗓 2017 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Layover (2017) နှုတ်ခမ်းထက်ကမှဲ့လေးမှာ ကမ္ဘာကြီးကိုထမ်းထားလို့ရတဲ့ Kate Upton နဲ့မျက်ဝန်းလဲ့ပြာပြာတစ်စုံမှာ ကမ္ဘာကြီးကို သိမ်းပိုက်ထားလို့ရတဲ့ Alexandra Daddario တို့နှစ်ယောက်အပြိုင်အဆိုင်ကြဲထားတဲ့ ဒီရုပ်ရှင်ကားက အချစ်ဟာသရိုမန့်ရုပ်ရှင်ကားကြီးပါ။ မဂ် နဲ့ ကိတ်တို့ နှစ်ယောက်က မတည့်အတူနေ သူငယ်ချင်းတွေပါ…စိတ်ထဲရှိသလို သောင်းကျန်းတတ်တဲ့ မဂ်ဟာ တနေ့တော့ အပန်းဖြေခရီးထွက်ဖို့ အတင်းစီစဉ်ပြီး ကိတ်ကိုပါအတင်းခေါ်ပါတော့တယ်။သူတို့နှစ်ယောက်လေယာဉ်ပေါ်ရောက်တော့ အလန်းစားဘဲတပွေက သူတို့နှစ်ယောက်ကြားမှာ ပါလာပါတယ်။ရွှေအိုရောင်ဆံပင်နဲ့ ပါးသိုင်းမွှေးနဲ့ six pack နဲ့ တောင့်တောင့်တင်းတင်းနဲ့ ရိုင်ယန်ဆိုတဲ့ဘဲကို အပြိုင်လုကြဖို့သူတို့နှစ်ယောက်ဂိမ်းကစားသလို ပြိုင်ကြပါတော့တယ်။လေယာဉ်ကလဲ ဟာရီကိန်းမုန်တိုင်းကြောင့် ခရီးစဉ်နှောင့်နှေးပြီး စိန့်လူးဝစ်မြို့မှာ ခဏဆင်းသက်နေရဖို့အကြောင်းကဖန်လာတဲ့အခါမှာတော့…သူငယ်ချင်းနှယောက် ရိုင်ယန်ကိုရရှိဖို့ ဂိမ်းကိုအောင်နိုင်သူဖြစ်ဖို့ ဘယ်လောက်ထိ ဆွဲဆောင်ပြသပြီး ဖိုက်ကြမလဲဆိုတာ…..။ ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောပျော်ရွှင်ကြည့်ရှုရမယ့်ဇာတ်ကားပါပဲ။...
Let's Start a Cult (2024) ⭐TMDB: 30% User Score 🎬 #Comedy 🗓 2024 🎞 movie 🌎 # ⏰ 1 နာရီ 30 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်က နာမည်အတိုင်းပဲ cult တစ်ခုထောင်ဖို့ ကြိုးစားကြတဲ့ လူနှစ်ယောက်အကြောင်းကို ဟာသတွေနဲ့ ရောယှက်ပြီး ရိုက်ကူးထားတာပါ။ William က The Cosmic Dynasty ဆိုတဲ့ cult ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ Chip ကတော့ cult ထဲက ဘယ်သူမှ သဘောမကျတဲ့ အပယ်ခံ ဖက်တီးလေးတစ်ယောက်ပေါ့။ သူတို့ cultက နောက်ဆုံးမှာ ဘုံဘဝကူးပြောင်းခြင်းဆိုပြီး မိမိကိုယ်ကို အဆုံးစီရင်ကြရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း William က သူတို့အားလုံး ဘုံမကူးပြောင်းခင် Chip ကို တိပ်ခွေတစ်ခွေပေးပြီး စာတိုက်ပုံးကို သွားပို့ခိုင်းပါတယ်။ ဘာလုပ်လုပ် တလွဲဖြစ်လာတဲ့ Chip က တိပ်ခွေမပို့ရသေးခင် စာအိတ်ပျက်စီးသွားတဲ့အတွက် ပြန်လာခဲ့ပါတယ်။ ဒါပေမယ့်လည်းအားလုံးသေနေကြပြီးဆိုတော့ သူ့ပစ္စည်းတွေ အကုန်မီးရှို့ပြီး အိမ်ကိုပဲ ပြန်သွားခဲ့ပါတယ်။ အိမ်ကလူတွေနဲ့လည်း အဆင်မပြေပဲ တစ်နေ့ သတင်းထဲမှာ သူတို့ cult အကြောင်းပါလာခဲ့ပါတယ်။ သတင်းကနေ Williamတစ်ယောက် မသေသေးဘဲ ထွက်ပြေးနေမှန်း သိလိုက်ရပြီး လိုက်ရှာခဲ့ပါတယ်။ William နဲ့ တွေ့တဲ့အချိန်မှာ ဒေါသထွက်နေတဲ့ Chip ကို စိတ်ပြေအောင် သူဟာ Chip မပါဘဲ ဘုံမကူးပြောင်းနိုင်လို့ သူ့ကို သေရာကနေ အသက်ပြန်ရှင်အောင် လုပ်ပေးခဲ့တာလို့ လိမ်ခဲ့ပါတယ်။ အယုံလွယ်တဲ့ Chip က William ရဲ့ အလိမ်အညာတွေကို ယုံသွားပြီး ဒီတစ်ခါ အမှန်တကယ် cult တစ်ခု အတူတူ တည်ထောင်ကြဖို့ ပြောလာပါတယ်။ ဒီလိုနဲ့ သူတို့ cult ထဲ တစ်ယောက်စ နှစ်ယောက်စ ဝင်ရင်း ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုရမှာပါ။...
No Other Land (2024) ⭐IMDB: 8.4/10 (2 k Votes) 🎬 #Documentary 🗓 2024 🎞 movie 🌎 #PalestinianTerritories #Norway #PalestinianTerritory ⏰ 1 နာရီ 36 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 No Other Land ( 2024 ) IMDb Rating (8.4) / Rotten Tomatoes (100%) ဒီဒိုကူမန်ထရီကိုတော့ ပါလက်စတိုင်းနဲ့အစ္စရေး တက်ကြွလှုပ်ရှားသူ လူငယ်တွေဖြစ်တဲ့ Basel Adra, Hamdan Ballal, Yuval Abraham နဲ့ Rachel Szor တို့က ရိုက်ထားတာပါ။ ပါလက်စတိုင်းနဲ့ အစ္စရေးရဲ့ အခြေအနေတစ်စွန်းတစ်စကို ပါလက်စတိုင်းကလူငယ်တွေရော အစ္စရေးက လူငယ်တွေရော ပေါင်းရိုက်ထားတာလို့ပြောလို့ရပါတယ်။ အစ္စရေးဘက်က ပါလက်စတိုင်းလူမျိုးရွာသားတွေကို နယ်မြေတစ်ခုကနေ စစ်တပ်အင်အားကိုသုံးပြီး အတင်းနှင်တဲ့ အဖြစ်အပျက်တစ်ခုကို ကိုယ်တွေ့ကြုံခဲ့တဲ့လူငယ်တွေ ဒိုကူမန်ထရီအဖြစ် ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ အဓိကဇာတ်ကောင်တွေကတော့ ပါလက်စတိုင်းသားတက်ကြွလှုပ်ရှားသူနဲ့ အစ္စရေးဂျာနယ်လစ်တို့ပါပဲ။ ဒါရိုက်တာတွေထဲလည်း သူတို့ပါပါတယ်။ ဒီဒိုကူမန်ထရီကို ၂၀၁၉ကနေ ၂၀၂၃အထိအတွင်းမှာ ရိုက်ကူးထားပြီး ၂၀၂၃အောက်တိုဘာမှာ ပရိုဒတ်ရှင်းအပြီးသတ်ခဲ့ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)...
I Know When You Dead: Suicide Village (2023) ⭐IMDB: 5.2/10 (134 Votes) 🎬 #Horror #Mystery #Thriller 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 46 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 I Know When You Dead: Suicide Village (2023) IMDb Rating (6.8) 2020 တုန်းကလူကြိုက်များခဲ့တဲ့ I Know When You Dead ရဲ့ sequel ဖြစ်ပါတယ်။ sequel ဆိုပေမယ့် ဆီယန်နာတစ်ယောက် သေခြင်းနိမိတ်ကိုမြင်နိုင်တာကလွဲလို့ အဆက်အစပ်မရှိတဲ့အတွက် ပထမကားမကြည့်ဖူးလည်းကြည့်လို့ရတဲ့ကားပါပဲ။ ဒီကားမှာတော့ လူတစ်ယောက်သေဆုံးကာနီးပြီဆိုရင် သူတို့အနားက သေခြင်းနိမိတ်တွေကိုမြင်နိုင်တဲ့ ဆီယန်နာဆိုတဲ့ကောင်မလေးဟာ အဲ့ဒီအစွမ်းကြောင့် စိတ်ဖိစီးအိမ်မက်ဆိုးတွေမက်ပြီး ဆေးတွေပါသောက်နေရပါတယ်။ တစ်နေ့တော့ သူတို့ကျောင်းဝင်းထဲမှာဖြစ်ပေါ်ခဲ့တဲ့ သေဆုံးမှုတစ်ခုမှာ အဲ့ဒီလူမသေခင်သေခြင်းနိမိတ်ကို သူမမြင်ခဲ့တဲ့အတွက် အံ့ဩခဲ့ရပြီး သူစုံစမ်းကြည့်မိချိန်မှာတော့ အဲ့ဒီလူဟာ သူနဲ့ရင်းနှီးချစ်ခင်တဲ့ ဆရာမ နာယာနဲ့ဆက်စပ်နေတာကိုသိခဲ့ရပါတယ်။ ဆရာမ နာယာဟာ အဲ့ဒီလူအလောင်းနဲ့အတူ သူတို့ရွာ ရယ်မတွတ်ခ်ကိုပြန်သွားပြီဆိုတာကိုပါ သိလိုက်ရချိန်မှာတော့ ဆီယန်နာနဲ့သူ့သူငယ်ချင်းနှစ်ယောက်ဟာ ဆရာမဆီကိုလိုက်သွားခဲ့ကြပါတယ်။ အဲ့ဒီရွာကိုရောက်ရောက်ခြင်းမှာပဲ ထူးခြားထိတ်လန့်ဖွယ်အဖြစ်အပျက်တွေ အံ့ဩစရာတွေကိုသူတို့သုံးယောက်ဆက်တိုက်ဆိုသလိုကြုံဆုံခဲ့ရပြီး သူတို့ရောက်နေချိန်မှာပဲ ရွာသားတွေတစ်ယောက်ပြီးတစ်ယောက်ကိုယ့်ကိုယ်ကိုသတ်သေကြတာတွေနဲ့ကြုံလာရချိန်မှာတော့..။ ဒီဖြစ်ရပ်ဆိုးတွေက ဘယ်အကြောင်းကြောင့်စတင်ခဲ့တာလဲ? သူတို့ဆရာမ နာယာကိုယ်တိုင်ရော ဘယ်လိုပတ်သက်နေမလဲ? အဲ့ဒီကျိန်စာကနေ သူတို့ရောလွတ်မြောက်နိုင်ပါ့မလား ဆိုတာတွေကိုဆက်လက်ရှုစားကြပါ။ Jump scare တွေရောဇာတ်လမ်းနဲ့လှည့်ကွက်တွေပါကောင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
Begin Again (2013) ⭐IMDB: 7.4/10 (170 k Votes) 🎬 #Comedy #Drama #Music #Romance 🗓 2013 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Begin Again (2013) IMDb Rating (7.4) / Rotten Tomatoes (83%) မင်းသားကြီး Mark Ruffalo နဲ့ မင်းသမီး Keira Knightley တို့အဓိကပါဝင်ထားတဲ့ Musical ဒရမ်မာ အချစ်ရိုမန့်ဇာတ်ကားလေးပါ။ Music ကိုဝါသနာပါတဲ့ သူများ ပိုမိုကြိုက်နှစ်သက်လောက်မယ့်ဇာတ်ကားမျိုးပါပဲ။သီချင်းလေးတွေရေးစပ်သွားတာ . Christmas လက်ဆောင်အဖြစ် သီချင်းလေးလက်ဆောင်ပေးသွားတာတွေဟာဇာတ်ကားရဲ့တကယ့်ကို ဆွဲဆောင်မှု အရှိဆုံးအချက်ထဲက တစ်ချက်လို့ပြောချင်ပါတယ်။သာမန် Acoustic Guitar တစ်လုံးနဲ့တီးခတ်နေတဲ့ Gretta ရဲ့ သီချင်းတစ်ပုဒ်ကိုလိုအပ်တဲ့ သံစဉ်ထောက်ပံ့မှုတွေကို အရက်သောက်နေရင်းနဲ့ မိမိစိတ်ထဲမှာတင် ခံစားတီးခတ်ပြသွားတဲ့Dan ရဲ့ ဂီတစွမ်းရည်ဟာ ကျွန်တော့်တို့လို ဂီတကိုကြိုက်နှစ်သက်တဲ့လူတွေအတွက်မလွတ်တန်းကြည့်ချင်မိတဲ့ ဇာတ်ကားအဖြစ် စိတ်ထဲကိုနေရာယူစေမိတယ်။ နောက်ထပ် အသိရသအနေနဲ့ကတော့ လဲကျနေတဲ့စိတ်ဓါတ်တွေကိုပြန်လည်မြင့်တင်ပေးပြီး .မိမိစိတ်ကို ပြန်အားတင်းစေတဲ့အသိခံစားမှုကိုလည်းပေးစွမ်းနိုင်တဲ့ Drama ဇာတ်ကားကောင်းတစ်ပုဒ်ပါ။ခပ်အေးခပ်ငြိမ့်ငြိမ့်ကြည့်ရှုဖို့အတွက် ဆူညံတဲ့နေရာ ပတ်ဝန်းကျင်မှာ မကြည့်ရှုဖို့တော့ အကြံပေးပါရစေ။ဇာတ်ကားကောင်းတစ်ကားရဲ့ အနှစ်ခံစားချက်အပြည့်အဝကို အတွင်းကျကျခံစားချင်ရင်အခုလိုအေးမြတဲ့ ဆောင်းရာသီမှာ မနက်စောစောဖြစ်ဖြစ် . ညဘက်ခပ်မှောင်မှောင်အချိန်လေး မှာဖြစ်ဖြစ်ကော်ဖီလေးတစ်ခွက်နဲ့သာကြည့်လို့ကတော့ အရမ်းကိုပြည့်စုံလွန်းတယ်လို့ကို ပြောချင်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Thet Oo Mon မှ တင်ဆက်ထားပါတယ်။ သီချင်းစာသားတွေကအစ ဘာသာပြန်ပေးထားပါတယ်။...
Do Not Open (2024) ⭐IMDB: 2.5/10 (210 Votes) 🎬 #Horror #Thriller #Drama 🗓 2024 🎞 movie 🌎 #UnitedStates #Sweden #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စိတ်ဒဏ်ရာတွေကြောင့် စိတ်သိပ်မမှန်တဲ့ အမေ၊ အလုပ်ထဲမှာ သောက်စားရင်း စိတ်ဓာတ်ကျနေတဲ့ အဖေ၊အချိန်တိုင်း ဂိမ်းဆော့နေတဲ့ဆယ်ကျော်သက်သားတစ်ယောက်၊ သူငယ်ချင်းတွေနဲ့ပဲ အွန်လိုင်းမှာစကားပြောနေရင်းအချိန်ကုန်နေတဲ့ ဆယ်ကျော်သက်သမီးတစ်ယောက်။ ဒီမိသားစုလေးက အမြဲတမ်း အဆင်ပြေနေတယ်မဟုတ်ပေမဲ့ ပုံမှန်တော့လည်ပတ်နေခဲ့ပါတယ်။ဒါပေမဲ့ ဇာတ်လမ်းနာမည်အတိုင်း မဖွင့်ရဆိုတဲ့အရာတစ်ခုကို ဖွင့်လိုက်မိတဲ့အချိန်မှာတော့။အရင်ကတည်းက ကိုယ်စီစိတ်ကူးတွေ ခံစားချက်တွေနဲ့မိသားစုတစ်ခု ဘယ်လိုတွေဖြစ်လာမလဲဆိုတာ…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)...
Sikandar Ka Muqaddar (2024) ⭐IMDB: 6.0/10 (22 k Votes) 🎬 #Action #Bollywood #Crime #Mystery #Thriller #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 23 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sikandar Ka Muqaddar (2024) “စိန်ခိုးမှု” ဘောလိဝုဒ်ပရိသတ်တို့အတွက် Netflix က အသစ်ထွက်ရှိလာတဲ့သည်းထိပ်ရင်ဖိုရုပ်ရှင်တစ်ကားကို ထွက်ထွက်ချင်းဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် သရုပ်ဆောင်တွေအနေနဲ့ Avinash Tiwary, Jimmy Sheirgill နဲ့ မင်းသမီးချောလေး Tamannaah Bhatia တို့ကပါဝင်ထားတဲ့ ဒီရုပ်ရှင်မှာ ဇာတ်လမ်းအကျဉ်းကတော့ မွမ်ဘိုင်းက နာမည်ကြီးလက်ဝတ်ရတနာပြပွဲတစ်ခုမှာလူလေးယောက် AK-47 တွေနဲ့ ဝင်စီးမယ်လို့ သတင်းပေးတစ်ယောက်က ဖုန်းဆက်လာပြီးအာဏာပိုင်တွေက လူတွေအားလုံး ပြပွဲခန်းမအပြင်ဘက် ဘေးလွတ်ရာကိုသွားခိုင်းကာဓားပြလေးယောက်ကို ထိန်းသိမ်းလိုက်နိုင်ပေမဲ့ အဲဒီလူတွေမရှိတဲ့ အခိုက်အတန့်လေးမှာပဲတန်ဖိုးကြီးစိန်တွေပျောက်သွားတာ သိလိုက်ရတဲ့အချိန် စုံစမ်းစစ်ဆေးရေးအရာရှိဂျက်စ်ဝင်ဒါကို တာဝန်ပေးရပါတော့တယ် မျက်နှာထားတင်းတင်းနဲ့ လုပ်ရဲကိုင်ရဲတဲ့ဂျက်စ်ဝင်ဒါက အပြစ်ရှိတယ်လို့ မထင်ရတဲ့ သံသယတရားခံ သုံးယောက်ကိုဆွဲထုတ်လိုက်တဲ့အခါမှာတော့ ဘယ်လိုတင်းမာမှုတွေဖြစ်လာမလဲအမှန်တရားကို သိရဖို့အတွက် ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်...
A Walk to Remember (2002) ⭐TMDB: 78% User Score 🎬 #Drama #Romance 🗓 2002 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Walk to Remember (2002) IMDb Rating (7.4) “A Walk to Remember” သို့ ပြန်တမ်းတခြင်း …။ Nicholas Sparks ရဲ့ဝတ္ထုတွေဘယ်လောက်ထိ နာမည်ကြီးတယ်ဆိုတာ အထူးအထွေမိတ်ဆက်စရာတောင်မလိုတော့ပါဘူး…Romance ကြိုက်သူတိုင်းရဲ့ playlist ထဲမှာ မပါမဖြစ်တဲ့ The Notebook, The Lucky One, Dear John, The best of me စတဲ့ ဇာတ်ကားတွေဟာသူ့ရဲ့ဝတ္ထုတွေကို ပြန်အသက်သွင်းထားတာပါ။အခု A Walk to Remember ရုပ်ရှင်ဟာလဲ သူ့ရဲ့စာအုပ်ကိုပဲရိုက်ကူးထားတာဖြစ်ပြီး 2002 ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပါတယ်။ အချစ်ဆိုတာ ဘယ်လိုမျိုးလဲ..အချစ်က ကျွန်တော်တို့အတွက် ဘယ်လောက်အရေးပါလဲ။တစ်နည်းအားဖြင့် အချစ်ကို ကျွန်တော်တို့ ဘယ်လိုသတ်မှတ်ကြလဲ။ Beauford ဆိုတဲ့ သိပ်လှတဲ့ ကမ်းနားမြို့လေးက ဇာတ်လမ်းတစ်ပုဒ်…။အဖေက သူတို့ကိုပစ်ပြီး နောက်မိန်းမယူသွားလို့ လောကကြီးကို အရွဲ့တိုက်ဆိုးပေနေတဲ့…၊မျှော်လင့်ချက်၊ ယုံကြည်ချက်၊ ပန်းတိုင်၊ မေတ္တာ ဘာမှမရှိတဲ့ Landon Carter ဆိုတဲ့ ကောင်လေးတစ်ယောက်။ ပြီးတော့ … ငယ်ငယ်ကလေးတည်းက အမေကို ဆုံးရှူံးထားရတဲ့ …၊ ခရစ်ယာန်ဘုန်းတော်ကြီးရဲ့ သမီးလေး …၊ယုံကြည်ခြင်း မျှော်လင့်ခြင်း ချစ်ခြင်းမေတ္တာတွေပြည့်နေတဲ့ နှလုံးသားတစ်ခုနဲ့ Jamie Sullivan ဆိုတဲ့ ကောင်မလေးတစ်ယောက် …။ မူလတန်းကတည်းက သူတို့တွေ ကျောင်းတူခဲ့ကြလို့၊ တစ်ယောက်ကိုတစ်ယောက် မျက်မှန်တန်းမိခဲ့ကြတယ်။ကျောင်းမှာပေါ်ပြူလာဖြစ်တဲ့ လန်ဒန်အတွက် ဂျင်မီဟာ ခပ်ထုံထုံ၊ ရှေးရိုးစွဲအယူအဆတွေနဲ့ ရယ်စရာမိန်းမတစ်ယောက် သက်သက်ပဲ။ဒါပေမယ့် အချစ်ဆိုတာက နေ့တိုင်းတွေ့မြင်နေရတဲ့ လူတစ်ယောက်ကိုတောင်အခိုက်အတန့်လေး တစ်ခုအတွင်းမှာ ကောက်ကာငင်ကာ စွဲလမ်းသွားစေတတ်တာမျိုး မဟုတ်လား။ “Love is like the wind. We can’t see it, but We can feel it.”အချစ်ဆိုတာ တကယ်ကို လေပြေညှင်းနဲ့တူပါတယ်။ မမြင်နိုင်ပေမဲ့ ခံစားနားလည် သိရှိနိုင်တယ်။ဂျေမီပြောခဲ့တဲ့ ဒီစကားလေးလိုပဲ …အချစ်ဟာ လေပြေညှင်းလို သူ့ဘဝထဲကို တိုးဝင်သက်ရောက်လာတဲ့အခါလန်ဒန်တစ်ယောက် ပြောင်းလဲသွားခဲ့ပြီးဘာတွေဆက်ဖြစ်လာမလဲဆိုတာ…။ကိုင်း Romance ပရိတ်သတ်တွေ တသသဖြစ်ရတဲ့ အချစ်ဇာတ်ကားလေးကို ခံစားကြည့်ကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)...
The Judge (2014) ⭐IMDB: 7.4/10 (211 k Votes) 🎬 #Crime #Drama #Mystery #Thriller 🗓 2014 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 22 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Judge (2014) IMDb Rating (7.4) ရင်ဘတ်ကြီးကိုဖွင့် နှလုံးသားကို စွင့်ပြီး ခံစားချင်သူတွေအတွက် ဒီဇာတ်ကားဟာ အကောင်းဆုံးကားတစ်ကားဖြစ်ပါတယ်.ပြကွက်တစ်ကွက်ချင်းစီမှာ အရေးကြီးတဲ့ စနစ်တကျခြယ်သမှုတွေနဲ့ တင်ဆက်ထားပါတယ်.. ဇာတ်လမ်းကြာချိန်ကလည်း နှစ်နာရီ ခွဲလောက်ဖြစ်တဲ့အတွက် အချိန်ကြာမြင့်စွာအရသာခံကြည့်ရှုရမယ့်ကားတစ်ကားဖြစ်ပြီးကြည့်ပြီးချိန်မှာ ရင်ဘတ်ထဲ ခံစားချက်တွေကျန်ခဲ့စေမယ့်အပြင် နောက်တစ်ခါထပ်ကြည့်ချင်လောက်အောင် ကောင်းလှပါတယ်.. kids တွေက ပါဝါရိန်းဂျား..men တွေက DC တွေ Marvel တွေကြိုက်တယ်ဆိုရင် ဒီကားက Legend တွေကြည့်တဲ့ကားလို့ သတ်မှတ်ပေးပါရစေ… Iron Man မင်းသား Robert Downey Jr က ဒီကားထဲမှာ ထက်မြက်တဲ့ရှေ့နေတစ်ယောက်ပါ..သူ့ရဲ့ထူးခြားတဲ့အကျင့်က အပြစ်ရှိသူတွေဖက်ကပဲ ရှေ့နေလိုက်ပေးတာပါ..သူ့မှာ ဇနီးနဲ့ သမီးတစ်ယောက်ရှိတယ်.. တစ်နေ့ တရားရုံးမှာ အမှုတစ်ခုရှေ့နေလိုက်နေရင်း သူ့အစ်ကိုအကြီးဆုံးဆီက သူ့အမေဆုံးပြီဆိုတဲ့ ဖုန်းဝင်လာပါတယ်..ဒါနဲ့သူ့အမေ အသုဘကိစ္စအတွက် သူ့ရဲ့နယ်မြို့လေးကို ပြန်ခဲ့သည်ပေ့ါ..ညီအစ်ကိုသုံးယောက်ရှိတဲ့အထဲမှာမှ အလတ်ကောင်ဖြစ်သူက တရားသူကြီးတစ်ဦးဖြစ်သူ ဖခင်နဲ့မတည့်လို့ အိမ်ကိုမပြန်ခဲ့တာနှစ်ပေါင်းအတော်ကြာပါပြီ. ပြန်ရောက်တဲ့အချိန်ကနေစလို့ အသုဘကိစ္စပြီးလို့ ပြန်မယ့်အချိန်ထိ အဖေနဲ့သား တကျက်ကျက်ပါပဲ..ဒီလိုနဲ့အဖေနဲ့ရန်ဖြစ်ပြီး အိမ်ပြန်ဖို့ လေယာဉ်ပေါ်အတက်..အစ်ကိုအကြီးဆုံးဆီကဖုန်းဝင်လာပြန်တာက..သူတို့အဖေတရားသူကြီး လူသတ်မှုနဲ့ ရဲစခန်းရောက်နေလို့ပါတဲ့… ဒီဇာတ်လမ်းဟာ မှုခင်း ဒရာမာကားလို့ ဆိုထားပေမယ့် ဒီထက် အများကြီးအများကြီး အတွေးတွေ ပေးနိုင်မယ့်ကားတစ်ကားဖြစ်ပါတယ်..ရိုးရှင်းတဲ့ ရိုက်ချက်တွေနဲ့ သားအဖတွေကြားဆက်ဆံရေးတွေ ..လူ့အသိုင်းအဝိုင်းနဲ့ တရားဥပဒေအပေါ် လေးစားမှု မလေးစားမှု..တရားဥပဒေရဲ့အရေးပါမှုတွေ..ကံတရားတစ်ပတ်လည်ပုံတွေကို အချိတ်အဆက်ကောင်းကောင်းနဲ့ ရိုက်ပြထားပါတယ် (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Zuel Khant Thwin မှ တင်ဆက်ထားပါတယ်။)...
Mononoke Movie: Paper Umbrella (2024) ⭐IMDB: 6.8/10 (710 Votes) 🎬 #Fantasy #Horror #Mystery #Animation 🗓 2024 🎞 movie 🌎 #Japan ⏰ 1 နာရီ 31 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB – 8.2/10, MyAnimeList – 7.9/10 Mononokoe အကြောင်း စပြောရမယ်ဆိုရင် သူ့ရဲ့ အံ့သြဖွယ်ရာ Art Style တွေပဲ ဖြစ်ပါတယ်။ ပုံမှန် Anime နဲ့ မတူပဲ အရောင်တွေစုံလင်ပြီး ကြည့်နေရတာ လှုပ်ရှားနေတဲ့ ရေဆေးပန်းချီကားချပ်တွေလိုပါပဲ။ မကြည့်တတ်တဲ့လူတွေအတွက်တော့ နည်းနည်းခေါင်းမူးစရာ ဖြစ်နေမလားတော့ မသိပါဘူး။ ကဲ Mononoke ရဲ့ အကြောင်းပြောရမယ်ဆို သူက Supernatural စီးရီးက ညီအစ်ကိုနှစ်ကောင်လို ဆရာမ ဒဂုန်ခင်ခင်လေးရဲ့ မှော်ဆရာမှတ်တမ်းထဲက အထက်လမ်းအပနှင်ဆရာတွေလိုပဲ ဒီထဲက ဘဲကြီးကလည်း ဆေးကုန်သည်အဖြစ် ရွာရိုးကိုးပေါက် လျှောက်သွားပြီး ပရလောက ဖြစ်ရပ်ဆန်းကြယ်တွေကို လိုက်လံဖြေရှင်းပေးတဲ့လူပါ။ သူ့ဆီမှာ ထူးဆန်းတဲ့ ဓားတစ်ချောင်း ရှိနေပြီး အဲဒီ ပရလောကသားတွေကို နှိမ်နှင်းဖို့ “သွင်ပြင်သဏ္ဍာန်” “အမှန်တရား” “အကြောင်းရင်း” ဒီ အချက် ၃ ချက်နဲ့ ပြည့်စုံမှ ဓားကို ကိုင်စွဲပြီး သုတ်သင်ဖြေရှင်းပေးတာပါ။ ဒီရုပ်ရှင်မှာကျ ဇာတ်လမ်းက ဂျပန်ရှေးခေတ် နန်းတွင်း အပျိုတော်အတွင်းဆောင်တစ်ခုမှာ အခြေခံထားတာပါ။ တစ်ယောက်က ထူးချွန်ထက်မြက်ပြီး နောက်တစ်ယောက်က ပျာယာစိန်ဆိုပြီး ကောင်မလေးနှစ်ယောက် အပျိုတော်အဆောင်ကို အလုပ်လုပ်ဖို့ ရောက်လာကြတယ်။ မကြာခင် အရှင်မင်းမြတ်ရဲ့ ကလေးမွေးဖွားခြင်း မင်္ဂလာပွဲအခမ်းအနားက စတော့မယ်။ အရင်တုန်းက အခမ်းအနားပွဲက ဘာကြောင့်ပျက်သွားရတာလဲ၊ အပျိုတော်တစ်ယောက် ပျောက်ဆုံးခဲ့တာကရော ဘာကြောင့်များလဲ၊ သူတို့နန်းတွင်းထဲက ထူးဆန်းတဲ့ ရေတွင်းကြီးက ဘာကြီးလဲ စသဖြင့် ပဟေဠိများစွာနဲ့ အစပိုင်းမှာ ဇာတ်ကို ရုပ်လုံးဖော်ပြီး နောက်ကျမှ တဖြည်းဖြည်းနဲ့ ဆွဲခေါ်သွားတဲ့ Anime ရုပ်ရှင်ကားကောင်းလေး ဖြစ်ပါတယ်။ သူက ၂၀၀၇ ခုနှစ်တုန်းက ၁၂ ပိုင်းပါ စီးရီးထွက်ခဲ့ပါသေးတယ်။ အခုဟာကတော့ ၂၀၂၄ မှာ စတင်ခဲ့တဲ့ ရုပ်ရှင် ၃ ကား စီမံကိန်း ဖြစ်ပြီး ပထမဆုံးထွက်လာတဲ့ ရုပ်ရှင်အသစ်စက်စက် ဖြစ်ပါတယ် ဒုတိယကားကိုတော့ နောက်နှစ်ထဲမှာပဲ ရုံတင်သွားမယ်လို့ ကြေငြာထားပါတယ်။ သူ့ဇာတ်လမ်းက ထူးခြားတဲ့ သရဲဇာတ်လမ်းအကြောင်းလေးတွေနဲ့ အပနှင်တာတွေပဲမို့ စီးရီးမကြည့်ပဲ ဒီ ရုပ်ရှင်သက်သက်ကြည့်လည်း ရပါတယ် စီးရီးကိုလည်း မကြာခင် အမြန်ဆုံး တင်ပေးမှာပါ။...
Her (2024) ⭐IMDB: 5.1/10 (117 Votes) 🎬 #Bollywood #Drama #Romance #Family 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 36 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Her 2024 သူပြောတဲ့သူမတို့ဘဝဇာတ်ကြောင်း Women centricဖြစ်တဲ့ရုပ်ရှင်တွေသဘောကျသူတွေအတွက် 2024 ထွက်မလေယာလမ်ရုပ်ရှင်လေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ အခုဒီကားလေးထဲမှာတော့ မတူညီတဲ့လူတန်းစားအလွှာကအမျိုးသမီး ၅ ယောက်ရဲ့နေထိုင်မှုဘဝ ပတ်ဝန်းကျင်ကသူတို့အပေါ်အမြင်နဲ့ သူတို့ရဲ့နေ့စဉ်ရုန်းကန်လှုပ်ရှားမှုတွေအကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။ အခုခေတ်ဟာ ကျားမတန်းတူ ရင်ဘောင်တန်း လှုပ်ရှားနေတဲ့ခေတ်ဆိုပေမဲ့လူအများစုရဲ့ မသိစိတ်တစ်နေရာမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ယှဉ်ရင်တစ်ဆင့်နိမ့်နေတယ်ဆိုတဲ့ ဖိုဝါဒီအကြွင်းကျန်အယူအဆတွေ ကိန်းအောင်းနေဆဲပါပဲ။ ဒီအတွက်နဲ့ အမျိုးသမီးတွေမှာ အနည်းနဲ့အများဆိုသလို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာနစ်နာမှုတွေ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှု ဖိနှိပ်မှုတွေ၊ မိန်းမဆိုတာ ကိုယ့်ဘာသာမရပ်တည်နိုင်ပါဘူး၊လင်ယောက်ျားကိုအားကိုးမှပဲတင့်တယ်မှာ အစရှိသဖြင့် ဒီလိုဝေဖန်မှုတွေကိုအနည်းနဲ့အများ ခံစားရတာချည်းပါပဲ။ ဒါတွေရဲ့အကျိုးဆက်အနေနဲ့ သူတို့ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတာ၊ စိတ်မလုံခြုံတာတွေကိုဒီကားလေးမှာ အတော်လေးပေါ်လွင်အောင် ရိုက်ကူးထားတာ မြင်ရမှာပါ။ ဒီရုပ်ရှင်လေးမှာ အမျိုးသမီးတွေလည်း လေးစားခံရမှု ဂရုစိုက်မှုအမြတ်တနိုးတန်ဖိုးထားမှုတွေနဲ့ ထိုက်တန်ပါတယ်ဆိုတာကိုcastတွေရဲ့ အကောင်းဆုံးသရုပ်ဆောင်ချက်တွေနဲ့ တစေ့တစောင်းတင်ပြထားတာဖြစ်လို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးအဖြစ် ညွှန်းလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)...
Death Wish II (1982) ⭐TMDB: 63% User Score 🎬 #Action #Crime #Drama 🗓 1982 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ နယူးယောက်မြို့ကနေ “Vigilante” ဘဝကို ဇာတ်မြုပ်ဖို့ ရည်ရွယ်ချက်နဲ့ ချီကာဂိုကို ပြောင်းသွားတဲ့ ပေါလ်ကာဆင်ရဲ့ နောက်ကို သူ့ရဲ့ “Vigilante” ဘဝကလည်း ထပ်ချပ်မကွာ လိုက်ပါလာခဲ့ပါတယ်။ မိတ်ဆွေဟောင်းတစ်ယောက်နဲ့ တွေ့ပြီး လော့စ်အိန်ဂျလိရုံးခွဲကို ပြောင်းရွှေ့သွားခဲ့တဲ့ ပေါလ်ကာဆင်ရဲ့ နောက်ကို နယူးယောက်မြို့က အိပ်မက်ဆိုးကြီးက ထပ်မံခြောက်လှန့်ခဲ့ပါတယ်.။ စိတ်ဒဏ်ရာတွေကနေ သက်သာစပြုလာတဲ့ သမီးဖြစ်သူနဲ့အတူ အေးချမ်းစွာ နေထိုင်မယ်ဆိုတဲ့ အိပ်မက်ကို လော့စ်အိန်ဂျလိမြို့က လူဆိုးတစ်သိုက်က ဖျက်ဆီးခဲ့ပြန်ပါတယ်။ ရေခဲမုန့်ကားရှေ့မှာ တန်းစီနေတုန်းမှာ လုယက်သူတစ်သိုက်က ပေါလ်ရဲ့ ပိုက်ဆံအိတ်ကို ရသွားရာကတစ်ဆင့် ပေါလ်ရဲ့အိမ်ထိသွားရောက်ပြီးတော့ ပေါလ်ကို ဆုံးမဖို့ စောင့်နေခဲ့ပါတယ်။ အိမ်စေကိုလည်းမုဒိန်းကျင့်စော်ကားသတ်ဖြတ်လိုက်ပြီး ပေါလ်ရောက်အလာမှာတော့ သတိမေ့အောင်လုပ်ကာပေါလ်ရဲ့သမီးဖြစ်သူ ကယ်ရိုးကို ဖမ်းဆီးသွားခဲ့ပြန်ပါတယ်။ ကယ်ရိုးဟာ ကာမဘီလူးတွေရန်ကနေ လွတ်မြောက်ဖို့ ကြိုးစားရင်းနဲ့ ခြံစည်းရိုးသံတိုင်ပေါ်ကို ပြုတ်ကျပြီး မရှုမလှဇာတ်သိမ်းခဲ့ရပါတယ်။ သမီးဖြစ်သူရဲ့ အဖြစ်ဆိုးကို ဒုတိယအကြိမ် ပြန်လည်တွေ့ကြုံခဲ့ရချိန်မှာတော့ ပေါလ်ကာဆင်အနေနဲ့ သူ့ရဲ့လက်စွဲတော်သေနတ်ကို ပြန်လည်ကိုင်စွဲပြီး သမီးဖြစ်သူအတွက် လက်စားချေဖို့ “Vigilante” ဘဝကို ပြန်ရောက်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်က နယူးယောက်မြို့ပေါ်က လူဆိုးလူမိုက်တွေကို အကွက်ဆင်သတ်ဖြတ်မှုတွေနဲ့ ဆင်တူတဲ့ မှုခင်းတွေကြောင့် လော့စ်အိန်ဂျလိရဲတပ်ဖွဲ့အနေနဲ့ “Vigilante” ရဲ့ သတ်ဖြတ်မှုတွေကို တားဆီးနိုင်ခဲ့တယ်လို့ထင်ပြီး နယူးယောက်ရဲတပ်ဖွဲ့ကို အကူအညီတောင်းလာခဲ့ပါတယ်.။ “Vigilante” ရဲ့ အကြောင်းစုံကို သိနေတဲ့ စုံထောက်ဖရန့်ခ်အိုချိုဟာက ပေါလ်ကာဆင်ကို အယ်လ်အေပီဒီ ထက် လက်ဦးစွာအမိဖမ်းနိုင်ဖို့ လော့စ်အိန်ဂျလိကို ရောက်လာခဲ့ပါတော့တယ်။...
Kiss the Ground (2020) ⭐IMDB: 8.1/10 (8 k Votes) 🎬 #Documentary 🗓 2020 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “ဒါက ဘာသာရေးလည်းမဟုတ်သလို နိုင်ငံရေးလည်းမဟုတ်ပါဘူး ချစ်ခြင်းမေတ္တာပါ တစ်စုံတစ်ခုကိုချစ်မြတ်နိုးပြီး တစ်စုံတစ်ယောက်ကိုချစ်ရင် သူတို့ကို နားလည်ချင်လာတယ် ဂရုစိုက်ပေးပြီး ကာကွယ်ပေးချင်လာတယ်” ဒီဇာတ်ကားထဲမှာတော့ ကမ္ဘာတစ်၀န်းက လေးစားအံသြဖို့ကောင်းတဲ့သူတွေကို တွေ့မြင်ရမှာပါ ကျွန်တော်တို့ နေထိုင်တဲ့ကမ္ဘာမြေကြီးကို ထိန်းသိမ်းဖို့ ကာကွယ်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားအဖြေရှာပြီး လုပ်ဆောင်နေကြသူတွေနဲ့ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို အတုယူဗဟုသုတဖြစ်ဖွယ်ကြည့်ရှူရမှာပါ တစ်ခေတ်တစ်ခါက ကြီးကျယ်မြင့်မြတ်တဲ့လူမှုအဖွဲ့အစည်းတွေ ပျောက်ကွယ်သွားခဲ့ကြတာ ဘာကြောင့်လဲ စိုက်ပျိုးရေးကို အဓိကစီးပွားရေးအဖြစ်ထားပြီးလုပ်ကိုင်ခဲ့ကြတဲ့နေရာတွေမှာ ဘာကြောင့်အရင်လို အလုပ်မဖြစ်တော့တာလဲ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးမှာ ဘယ်လိုပြသနာတွေကြုံနေရတာလဲ ကျွန်တော်တို့အတူ “Kiss The Ground”မှာ အဖြေရှာပြီး ကမ္ဘာမြေကြီးကို ချစ်တတ်ဖို့ ကာကွယ်တတ်ဖို့ လေ့လာကြည့်ကြရအောင်...
Brother (2024) ⭐IMDB: 6.3/10 (2 k Votes) 🎬 #Bollywood #Comedy #Family #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 14 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Brother (2024) “အမှန်တရားဘက်တော်သား ကာသစ်”IMDb – 7/10၂၀၂၄ မှာထွက်ထားတဲ့ အိန္ဒိယ တမီးလ် ဟာသဒရာမာရုံတင်ရုပ်ရှင်ကားကြီးဖြစ်ပြီး ပရိသတ်အချစ်တော်သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသား ဂျာရမ်ရာဗီ၊မင်းသမီး ပရီယန်ကာမွန်ဟန်တို့ ပါဝင်ရိုက်ကူးထားပါတယ်။ ကာသစ်ဆိုတဲ့ကောင်လေးမှာ ငယ်ငယ်လေးကတည်းကအမေးအမြန်းထူပြီး ဘယ်သူ့ကိုမှ မကြောက်တတ်တဲ့ဉာဉ်လေးရှိပါတယ်။ အမေးအမြန်းအစစ်အဆေးထူလွန်းတဲ့သူ့ကို ကာသစ်ရဲ့အဖေကကြီးလာရင် ရှေ့နေ့လုပ်ဖို့ အားပေးခဲ့ပါတယ်။ဒီလိုနဲ့ ကာသစ်လည်း ဥပဒေကျောင်းသားဖြစ်လာပါတော့တယ်။ ဒါပေမဲ့ စာမေးပွဲနေ့မှာ လာဘ်စားတဲ့ဆရာကို ဗီဒီယိုရိုက်ပြီးပြဿနာရှာလိုက်တာကြောင့် သူနဲ့ရွယ်တူ အတန်းဖော်တွေ တရားသူကြီးနေရာကိုရောက်လာတာတောင် သူကတော့ ဘာမှဟုတ်တိပတ်တိပြစရာမရှိပါဘူး။ ငယ်ငယ်လေးကတည်းက ပြဿနာမျိုးစုံရှာတတ်တဲ့ ကာသစ်ကို အဖေဖြစ်သူကဒီအတိုင်းလွှတ်ပေးထားပေမဲ့ တစ်ရက်မှာ သူလက်မခံနိုင်တဲ့ကိစ္စတစ်ခုဖြစ်လာပါတယ်။ အဲဒီကိစ္စကြောင့်ပဲ သူ့အဖေဟာ နှလုံးဖောက်ပြီး ဆေးရုံပါရောက်သွားပါတော့တယ်။သတင်းကြားကြားချင်း ကာသစ်အစ်မ အာနန်ဒီဟာ အုတီကနေ ချန်နိုင်းကိုလိုက်လာကာအဖေဖြစ်သူကျန်းမာရေးအတွက် ကာသစ်ကို သူ့ယောက်ျားတို့ဇာတိဆီ ခေါ်သွားပါတော့တယ်။ ကာသစ်တစ်ယောက် အဲဒီမှာရော အသားကျပါ့မလား။ သူ့ရဲ့မဟုတ်မခံတဲ့စိတ်နဲ့ မှန်တယ်ထင်ရင်တဇွတ်ထိုးလုပ်တတ်တဲ့စိတ်ကရော ပြောင်းလဲသွားပါ့မလားဆိုတာတော့… (အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)...
Bloody Beggar (2024) ⭐IMDB: 6.2/10 (4 k Votes) 🎬 #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 14 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bloody Beggar (2024)“သူတောင်းစား” IMDb 6.3 တင်ဆက်ပုံတစ်မျိုးဆန်းသစ်တဲ့ တမီးလ်ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် အမည်မသိသူတောင်းစားတစ်ယောက်ကကောင်လေးတစ်ယောက်နဲ့အတူနေထိုင်ပြီးနည်းလမ်းပေါင်းစုံနဲ့ တောင်းစားပါတယ် သူ့ရဲ့ မျက်မမြင်၊ ခြေကျိုး၊ လက်ကျိုးစတဲ့လှည့်ကွက်တွေတင်မကဘဲ တခြားဇာတ်လမ်းတွေထွင်ပြီး ပြောတတ်တာကြောင့်သူနဲ့တူတူနေတဲ့ကောင်လေးက စာရေးကိရိယာရောင်းပြီးမန်ကျည်းသီးထမင်းစားနေရတဲ့အချိန်မှာ သူက ပီဇာတွေ ဘာဂါတွေ မှာစားနိုင်တဲ့အထိပါပဲ တစ်နေ့တော့ စံအိမ်ကြီးတစ်အိမ်ရဲ့ပိုင်ရှင်ဆုံးတဲ့ ၁၆ ရက်မြောက်မှာသူဌေးကြီးရဲ့ နောက်ဆုံးဆန္ဒအဖြစ် ဆာလောင်မွတ်သိပ်နေတဲ့လူ ၂၅ ဦးကိုကျွေးမွေးဖို့ နောက်ဆုံးတစ်ယောက်လိုနေတဲ့အချိန် လိုက်သွားတဲ့အခါမှာ အမည်မသိ သူတောင်းစားရဲ့ ဘဝတစ်ခုလုံးပြောင်းလဲသွားစေနိုင်လောက်အောင်ဘယ်လိုအရှုပ်ဇာတ်လမ်းတစ်ခု ဖြစ်လာမလဲဆိုတာကတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်...
