es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Fanfic (2023) ⭐IMDB: 5.1/10 (311 Votes) 🎬 #Drama 🗓️ 2023 🎞️ Movie 📺 1080p 🌎 #Poland ⏰ 1 နာရီ 35 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Fanfic (2023)============ နေ့စဥ်လူ​နေဘဝမှာ စိတ်ပင်ပန်းစရာ​တွေ၊​ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာတွေက လူတိုင်း​တွေ့ကြုံခံစား​နေရတဲ့ကိစ္စ​တွေပါပဲ၊ “ငါက ဘယ်လိုလူလဲငါက ဘာမို့လို့ ဒါကိုမလုပ်နိုင်ရတာလဲ” စသဖြင့် မိမိကိုယ်မိမိယုံကြည်မှု​ပျောက်ဆုံး​နေတာလည်း ပိုပြီးဆိုးရွားတဲ့ခံစားချက်ပါပဲ “။ ငါ လမ်း​​ပျောက်​နေပြီ၊ ငါဘာဆက်လုပ်မလဲ၊ ငါကဘာ​ကောင်မှန်းမသိ​တော့ဘူး” ဒါ​တွေကကျွန်​တော်တို့ အ​တွေး​တွေထဲ အမြဲတ​စေ တခါတရံဖြစ်​ပေါ်လာတတ်ပါတယ်။ မိသားစုပြဿနာ​တွေ၊ အလုပ်ကိစ္စအဆင်မ​ပြေတဲ့အခါ၊ သမီးရည်းစားရန်ဖြစ်တာမျိုး​တွေမှာ၊ နှစ်ဦးနှစ်ဖက်ညှိနှိုင်းမရတဲ့အခါမျိုး​တွေမှာ စိတ်ရူးမတတ်အ​ခြေအ​နေမျိုး​တွေဖြစ်လာတတ်တယ်၊ အထူးသဖြင့် ခံစားချက်ကို ထိန်းချုပ်ဖို့မလွယ်တဲ့ ဆယ်​ကျော်သက်အရွယ်​တွေ​ပေါ့။ ဒီဇာတ်လမ်းမှာ ဆယ်​ကျော်သက်တွေဖြစ်တတ်တဲ့ စိတ်ကူးအယဥ်လွန်ပြီး​အမှားလုပ်မိတာ​တွေ၊ မိမိကိုယ်မိမိယုံကြည်မှု​ပျောက်ဆုံးတာ၊တဖက်လူရဲ့ခံစားချက်ကိုထည့်မတွက်ဘဲ ကိုယ်လုပ်ချင်တာလုပ်တတ်တာ၊ အရာရာကိုငါသိငါတတ်ဆိုတဲ့စိတ်​အခံ​တွေ၊ မိဘနဲ့သားသမီးကြားက မလိုအပ်တဲ့ အသေးအမွှားပြဿနာ​လေး​တွေကို​ဖော်ကျူးထားတာဖြစ်လို့ ငါသာဆိုရင်သူ့​နေရာမှာ ဘာလုပ်မလဲ စသဖြင့် ​ကိုယ်တိုင်ခံစားဖြည့်​တွေးရင်း ကြည့်ရှုရမယ့် ဇာတ်ကားလေးမို့ ခံစားကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ZWT ဖြစ်ပါတယ်)

Ride Above (2022) ⭐IMDB: 6.1/10 (165 Votes) 🎬 #Drama #Comedy #Family 🗓️ 2022 🎞️ Movie 📺 720p 🌎 #France #Canada ⏰ 1 နာရီ 50 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ride Above (2022)==============IMDb Rating – 6.1/10 ဒီဇာတ်လမ်း​လေးမှာ အ​ကြောင်းကိစ္စတစ်ခုခု​ကြောင့် စိတ်ပင်ပန်းပြီးခက်ခဲလာရင်​တောင် အားမ​လျှော့ဘဲ မဆုတ်မနစ်ကြိုးစားရင်အရာရာကို​ပြောင်းလဲပစ်နိုင်တယ်ဆိုတဲ့ သီအိုရီကို ကျကျနနပုံ​ဖော်ထားတယ်။ မြင်း​တွေနဲ့လူ​တွေရဲ့သ​ဘောသဘာဝကို အသာ​ပေးရိုက်ပြထားတာ​ကြောင့် အပြင်​လောကမှာဖြစ်ပျက်​နေတာ​တွေနဲ့ဆက်စပ်​မှုရှိပါတယ်။ ​​ဂျော်ကီတစ်​ယောက်ဖြစ်တဲ့ ဖီးလစ်က ပြိုင်မြင်း​တွေကို​လေ့ကျင့်ပေးတဲ့ထရိန်နာပါ။ သူ့ရဲ့လုပ်​ဖော်ကိုင်ဖက်ကူပါး ​ငွေစိုက်သူ​ပေါ့သူတို့နှစ်​ယောက်လုံးရဲ့ရည်မှန်းချက်က မြင်းပြိုင်ပွဲမှာဗိုလ်ဆွဲဖို့ပါ။ဖြစ်ချင်​တော့ ကိစ္စ​တွေက ထင်သ​လောက်မလွယ်ကူခဲ့ပါဘူး။ ဖီလစ်တစ်​ယောက် ပြိုင်ပွဲမှာအနိုင်ရဖို့ အစွမ်းကုန်ကြိုးစား​နေချိန်မှာ“ကံဆိုးမသွား​လေရာ အရပ်တိုင်း မိုးလိုက်၍ရွာ”ဆိုသလို သမီးဖြစ်သူကို ဒုက္ခိတဖြစ်သွား​စေတဲ့အ​ခြေအ​နေနဲ့ ကြုံ့​တွေ့လိုက်ရတဲ့အခါမှာ​တော့… (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ZWT ဖြစ်ပါတယ်)

Ride Above (2022) ⭐IMDB: 6.1/10 (165 Votes) 🎬 #Drama #Comedy #Family 🗓️ 2022 🎞️ Movie 📺 1080p 🌎 #France #Canada ⏰ 1 နာရီ 50 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ride Above (2022)==============IMDb Rating – 6.1/10 ဒီဇာတ်လမ်း​လေးမှာ အ​ကြောင်းကိစ္စတစ်ခုခု​ကြောင့် စိတ်ပင်ပန်းပြီးခက်ခဲလာရင်​တောင် အားမ​လျှော့ဘဲ မဆုတ်မနစ်ကြိုးစားရင်အရာရာကို​ပြောင်းလဲပစ်နိုင်တယ်ဆိုတဲ့ သီအိုရီကို ကျကျနနပုံ​ဖော်ထားတယ်။ မြင်း​တွေနဲ့လူ​တွေရဲ့သ​ဘောသဘာဝကို အသာ​ပေးရိုက်ပြထားတာ​ကြောင့် အပြင်​လောကမှာဖြစ်ပျက်​နေတာ​တွေနဲ့ဆက်စပ်​မှုရှိပါတယ်။ ​​ဂျော်ကီတစ်​ယောက်ဖြစ်တဲ့ ဖီးလစ်က ပြိုင်မြင်း​တွေကို​လေ့ကျင့်ပေးတဲ့ထရိန်နာပါ။ သူ့ရဲ့လုပ်​ဖော်ကိုင်ဖက်ကူပါး ​ငွေစိုက်သူ​ပေါ့သူတို့နှစ်​ယောက်လုံးရဲ့ရည်မှန်းချက်က မြင်းပြိုင်ပွဲမှာဗိုလ်ဆွဲဖို့ပါ။ဖြစ်ချင်​တော့ ကိစ္စ​တွေက ထင်သ​လောက်မလွယ်ကူခဲ့ပါဘူး။ ဖီလစ်တစ်​ယောက် ပြိုင်ပွဲမှာအနိုင်ရဖို့ အစွမ်းကုန်ကြိုးစား​နေချိန်မှာ“ကံဆိုးမသွား​လေရာ အရပ်တိုင်း မိုးလိုက်၍ရွာ”ဆိုသလို သမီးဖြစ်သူကို ဒုက္ခိတဖြစ်သွား​စေတဲ့အ​ခြေအ​နေနဲ့ ကြုံ့​တွေ့လိုက်ရတဲ့အခါမှာ​တော့… (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ZWT ဖြစ်ပါတယ်)

Bheed (2023) ⭐IMDB: 7.7/10 (7 k Votes) 🎬 #Bollywood #Drama #History 🗓️ 2023 🎞️ Movie 📺 1080p 🌎 #India ⏰ 1 နာရီ 39 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bheed 2023IMDb 7.7/10Drama မင်းသား Rajkummar Raoရဲ့ အသစ်ထွက်ရှိထားတဲ့ ရုံတင်ကားသစ်ပဲဖြစ်ပါတယ်။2020ခုနှစ်က တစ်ကမ္ဘာလုံးကို ကူးစက်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာရောဂါကြောင့်အားလုံးကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ထူးထူးခြားခြားအနေနဲ့အဖြူအမဲဗားရှင်းအဖြစ် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာ ကိုရိုနာရောဂါကြောင့် လူတွေရုတ်ရုတ်သဲသဲဖြစ်နေချိန်အိန္ဒိယပြည်မှာလည်း ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အကြပ်အတည်းကာလကိုရောက်ရှိနေကြတာဖြစ်ပါတယ်။ ရောဂါတွေပျံ့နှံ့နေတဲ့ မြို့ကြီးပြကြီးနဲ့ဝေးရာမွေးရပ်မြေကျေးလက်ဒေသကို ပြန်ရဖို့အရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။အစိုးရကတိုင်းပြည်အတွင်းမှာပဲ နယ်နိမိတ်တွေ သတ်မှတ်လိုက်ပြီး ပို့ဆောင်ဆက်သွယ်ရေးတွေကိုလည်းပိတ်လိုက်တဲ့အတွက် အခြေခံလူတန်းစားတွေအဖို့ ကူရာကယ်ရာမရတဲ့အခြေအနေဖြစ်နေကြပါတယ်။ ရဲတပ်ဖွဲ့ကလည်း အစိုးရက‌ အမိန့်ချမှတ်တဲ့အတိုင်း ဆောင်ရွက်ကြတာရမလို့ ရုန်းရင်းဆန်ခတ်တွေဖြစ်လာ‌ပါတော့တယ်။ရွှေ့ပြောင်းအလုပ်သမားတွေရဲ့အိမ်ပြန်ခရီး အထမြောက်ပါဦးမလား။ မွေးရပ်မြေကိုရောပြန်ရောက်သွားကြမလား။ ဘာတွေနဲ့ရင်ဆိုင်ရဦးမလဲဆိုတာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။

Phantom (2013) ⭐IMDB: 5.9/10 (15 k Votes) 🎬 #Thriller #Drama #History #War 🗓️ 2013 🎞️ movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 (၁၉၆၂) ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကျူးဘားဒုံးပျံအရေးအခင်းက ဆိုဗီယက်ပြည်ထောင်စုနဲ့ယူအက်စ်ကို နျူကလီးယားစစ်ပွဲဖြစ်ဖို့ ကိုက်အနည်းငယ်အကွာကို တွန်းပို့ခဲ့တယ်ဆိုရင် (၁၉၆၈) ခုနှစ်မေလမှာ ဖြစ်ပျက်ခဲ့တဲ့ ရုရှားဒုံးပစ်ရေငုပ်သင်္ဘောကြီး ရုတ်တရက်ပျောက်ဆုံးသွားခြင်းက တစ်ကမ္ဘာလုံးကို တတိယကမ္ဘာစစ်ဖို့ လက်မအနည်းငယ်အလိုထိ တွန်းပို့ပေးခဲ့တယ်လို့ ဆိုရပါမယ်။ ဒီဇာတ်လမ်းဟာဆိုရင် ဖြစ်ရပ်မှန်အပေါ်မှာ တစ်စိတ်တစ်ပိုင်းအခြေတည် ရိုက်ကူးထားတာဖြစ်ပြီး အတိတ်ကမတော်တဆမှုတစ်ခုကြောင့် အတိတ်ရဲ့အရိပ်တစ္ဆေခြောက်လှန့်ခြင်းကိုခံနေရတဲ့ ဇာတ်လိုက်ကပ္ပတိန်ဖြစ်သူ ဒယ်မီဟာ သူရဲ့နောက်ဆုံးမစ်ရှင်အဖြစ် သူတစ်ချိန်ကကွပ်ကဲခဲ့ဖူးတဲ့ ဘီ (၆၇) ရေငုပ်သင်္ဘောကြီးနဲ့အတူ ပင်လယ်ပြင်ခရီး စတင်ခဲ့ရပါတော့တယ် ကိုယ်ကိုယ်တိုင်တောင် ဘာမှန်းသိခွင့်မရှိတဲ့ မစ်ရှင်တစ်ခုအတွက် အစားထိုးဝန်ထမ်း ထူးဆန်းတဲ့လူတစ်စုနဲ့အတူ ပင်လယ်ပြင်ခရီးထွက်လာတဲ့ သင်္ဘောအရာရှိတစ်စုအတွက် ထူးဆန်းတဲ့အဖြစ်အပျက်တွေက စောင့်ကြိုနေတဲ့အခါ ဒီသင်္ဘောအရာရှိတစ်စုအနေနဲ့ လွတ်မြောက်ဖို့ဘယ်လိုကြိုးစားကြမလဲ ပျောက်ဆုံးသွားမဲ့ ဒီရေငုပ်သင်္ဘောကြီးဆီကနေ ဘယ်သူတွေအသက်ရှင်ရက် လွတ်မြောက်လာနိုင်မလဲဆိုတာတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ် IMDB rating အနေနဲ့ 5.9 အထိရရှိထားပြီး စစ်ကားဖြစ်တာမို့ လူတိုင်းကြိုက်လောက်မဲ့အထဲမှာမပါပေမဲ့ Thriller ဆန်ဆန်စစ်ကားတွေ သဘောကျတတ်တဲ့သူတွေအတွက်တော့ စိတ်ကျေနပ်မှုအပြည့်အဝရစေမဲ့ ဇာတ်အိမ်ခိုင်ခိုင်စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်ခင်ဗျာ

Great Expectations (1998) ⭐IMDB: 6.8/10 (55 k Votes) 🎬 #Comedy #Drama #Romance 🗓️ 1998 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 51 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကပေးတဲ့သင်ခန်းစာကတော့ ဘဝမှာ မမျှော်လင့်သင့်တဲ့သူကိုမျှော်လင့်မိရင်၊ အချိန်တန်ဖြတ်သင့်တဲ့ကြိုးကိုမဖြတ်ပဲနေရင် ကိုယ့်ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေဆုံးရှုံးရနိုင်တယ်ဆိုတာပါပဲ။ လူတိုင်းက ကိုယ့်လိုမဟုတ်ပါဘူး။ တချို့အရာတွေကို ကိုယ့်ဘက်ကသာ လေးလေးနက်နက်သဘောထားပေမဲ့ တဖက်လူအတွက်ဆိုရင် ကိုယ်ကအသုံးချခံတစ်ယောက်လည်းဖြစ်နေနိုင်ပါတယ်။ လူတွေက အချင်းချင်း false hopeတွေပေးတတ်ကြတယ်။ အဲဒါကြောင့် အကောင်းဆုံးက ငါးစာပဲမြင်ပြီးငါးမျှားချိတ်ကိုမမေ့တတ်ဖို့ပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ ပင်လယ်နားနီးမြို့လေးမှာနေတဲ့ ဖင်းဆိုတဲ့ကောင်လေးက မြို့မှာအချမ်းသာဆုံးဖြစ်တဲ့နိုရာဒရစ်ဂါဒင်စမောတို့အိမ်မှာ အလုပ်လုပ်ရဖို့ဖြစ်လာတယ်။ ဒင်စမောဆိုတဲ့အဖွားကြီးက အသဲကွဲပြီးယောကျ်ားတွေကိုမုန်းတီးနေသူပါ။ ဖင်းရဲ့အလုပ်က ထွေထွေထူးထူးမဟုတ်ပဲ ဒင်စမောရဲ့အိမ်က ကလေးမလေးအက်စတယ်လာကိုအဖော်ပြုပေးဖို့ပါပဲ။ အက်စတယ်လာကိုစတွေ့တွေ့ချင်း ချစ်မိခဲ့တဲ့ဖင်းကအပတ်တိုင်း ထိုအိမ်ကိုသွားပြီး ပုံဆွဲ၊ အတူကပေးရင်းအဖော်ပြုပေးခဲ့တယ်။ ငယ်စဥ်ကလေးဘဝကတည်းက ချစ်ခဲ့တဲ့အက်စတယ်လာကို လူပျိုပေါက်အရွယ်ရောက်သည့်တိုင်အောင် ဖင်းရဲ့ခံစားချက်တွေက မပြောင်းလဲခဲ့ပါဘူး။ အက်စတယ်လာ့အတွက်တော့ ဖင်းက အိမ်ကိုလာနေကျအလုပ်သမားတစ်ဦးဆိုတာထက်မပိုခဲ့ဘူး။ ဒါတွေကို ဖင်းဘက်က သိချင်မှသိခဲ့မှာပါ။ အချစ်ဦးအက်စတယ်လာကလည်း သူ့အပေါ်မှာခံစားချက်တွေရှိနေတယ်လို့ ဖင်းက တဖက်သတ်ယုံကြည်နေခဲ့တယ်။ နောက်ပိုင်းမှာ ဖင်းတစ်ယောက်ဘာတွေဆက်ဖြစ်မယ်၊ ဖင်းရဲ့ဘဝဘယ်လိုတွေပြောင်းလဲလာမယ်၊ ဖင်းနဲ့အက်စတယ်လာတို့ရဲ့ကံကြမ္မာကဘယ်လိုပြောင်းလဲလာမယ်ဆိုတာ…။

Great Expectations (1998) ⭐IMDB: 6.8/10 (55 k Votes) 🎬 #Comedy #Drama #Romance 🗓️ 1998 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 51 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကပေးတဲ့သင်ခန်းစာကတော့ ဘဝမှာ မမျှော်လင့်သင့်တဲ့သူကိုမျှော်လင့်မိရင်၊ အချိန်တန်ဖြတ်သင့်တဲ့ကြိုးကိုမဖြတ်ပဲနေရင် ကိုယ့်ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေဆုံးရှုံးရနိုင်တယ်ဆိုတာပါပဲ။ လူတိုင်းက ကိုယ့်လိုမဟုတ်ပါဘူး။ တချို့အရာတွေကို ကိုယ့်ဘက်ကသာ လေးလေးနက်နက်သဘောထားပေမဲ့ တဖက်လူအတွက်ဆိုရင် ကိုယ်ကအသုံးချခံတစ်ယောက်လည်းဖြစ်နေနိုင်ပါတယ်။ လူတွေက အချင်းချင်း false hopeတွေပေးတတ်ကြတယ်။ အဲဒါကြောင့် အကောင်းဆုံးက ငါးစာပဲမြင်ပြီးငါးမျှားချိတ်ကိုမမေ့တတ်ဖို့ပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ ပင်လယ်နားနီးမြို့လေးမှာနေတဲ့ ဖင်းဆိုတဲ့ကောင်လေးက မြို့မှာအချမ်းသာဆုံးဖြစ်တဲ့နိုရာဒရစ်ဂါဒင်စမောတို့အိမ်မှာ အလုပ်လုပ်ရဖို့ဖြစ်လာတယ်။ ဒင်စမောဆိုတဲ့အဖွားကြီးက အသဲကွဲပြီးယောကျ်ားတွေကိုမုန်းတီးနေသူပါ။ ဖင်းရဲ့အလုပ်က ထွေထွေထူးထူးမဟုတ်ပဲ ဒင်စမောရဲ့အိမ်က ကလေးမလေးအက်စတယ်လာကိုအဖော်ပြုပေးဖို့ပါပဲ။ အက်စတယ်လာကိုစတွေ့တွေ့ချင်း ချစ်မိခဲ့တဲ့ဖင်းကအပတ်တိုင်း ထိုအိမ်ကိုသွားပြီး ပုံဆွဲ၊ အတူကပေးရင်းအဖော်ပြုပေးခဲ့တယ်။ ငယ်စဥ်ကလေးဘဝကတည်းက ချစ်ခဲ့တဲ့အက်စတယ်လာကို လူပျိုပေါက်အရွယ်ရောက်သည့်တိုင်အောင် ဖင်းရဲ့ခံစားချက်တွေက မပြောင်းလဲခဲ့ပါဘူး။ အက်စတယ်လာ့အတွက်တော့ ဖင်းက အိမ်ကိုလာနေကျအလုပ်သမားတစ်ဦးဆိုတာထက်မပိုခဲ့ဘူး။ ဒါတွေကို ဖင်းဘက်က သိချင်မှသိခဲ့မှာပါ။ အချစ်ဦးအက်စတယ်လာကလည်း သူ့အပေါ်မှာခံစားချက်တွေရှိနေတယ်လို့ ဖင်းက တဖက်သတ်ယုံကြည်နေခဲ့တယ်။ နောက်ပိုင်းမှာ ဖင်းတစ်ယောက်ဘာတွေဆက်ဖြစ်မယ်၊ ဖင်းရဲ့ဘဝဘယ်လိုတွေပြောင်းလဲလာမယ်၊ ဖင်းနဲ့အက်စတယ်လာတို့ရဲ့ကံကြမ္မာကဘယ်လိုပြောင်းလဲလာမယ်ဆိုတာ…။

Dead Alive (1992) ⭐IMDB: 7.5/10 (100 k Votes) 🎬 #Comedy #Fantasy #Horror #Thriller 🗓️ 1992 🎞️ Movie 📺 720p 🌎 #NewZealand ⏰ 1 နာရီ 37 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Braindead a.k.a Dead Alive (1992) ~ IMDb – 7.5/10, Rotten Tomatoes – 89% ~ King Kong နဲ့ The Lord of The Rings Trilogy အပြင် The Hobbit Trilogy တို့နဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဒါရိုက်တာကြီး Peter Jackson ရဲ့ ဒါရိုက်တာပေါက်စဘဝက ရိုက်ခဲ့တဲ့ သူ့​ခေတ်သူ့အခါက တစ်မူထူးပြီးနာမည်​ကျော်ခဲ့တဲ့ Horror Comedy ကား​လေးနဲ့ မိတ်ဆက်​ပေးပါရ​စေ။ ” သတိချပ်​စေချင်တာက​တော့ တချို့အခန်း​တွေက အင်မတန်မှ သွေးထွက်သံယို အသတ်အဖြတ် အခုတ်အထစ်ကြမ်းပြီး WTF တ,​ရ​လောက်​အောင် အတော်လေးကို ကြမ်းတမ်းတာမို့ အသည်းငယ်သူများ၊ ရွံတတ်သူများ၊ က​လေးငယ်များ မကြည့်မိဖို့ အကြံပြုချင်ပါတယ်… “ ဒါပေမဲ့ အဲဒီ ရွံစရာ​တွေကြား ဟာသ​နှောထားပုံ​​လေးနဲ့ ကြည်နူးစရာလေး‌တွေကိုလည်း ​တွေ့မြင်ရမှာပါ။ ဇာတ်လမ်း​လေးက​တော့ ကြွက်လိုလို​မျောက်လိုလို ဇက်​တောက်ဇက်​တောက်ကောင်ကို ဖမ်းပြီး တိရစ္ဆာန်ရုံ ပို့ပြီး ရောင်းစားတဲ့​နေရာက အစပြုထားပါတယ်။မင်းသား လိုင်နယ်လ်ဟာ အ​မေချစ် မားမားဘွိုင်းတစ်​ယောက်ဖြစ်ပြီး သူ့နဲ့ကြမ္မာဖန်လာတဲ့ မင်းသမီး ပါခီတာနဲ့ တိရစ္ဆာန်ရုံမှာ ​လျှောက်လည်ကြရင်း အ​မေဖြစ်သူ ဗီရာဟာ တိတ်တခိုးလိုက်​ချောင်းပါ​တော့တယ်။အ​ချောင်း​ကောင်းတဲ့ ဗီရာတစ်​ယောက် ဇက်​တောက်​ကောင်ရဲ့ ကိုက်ဖြတ်မှုကို ခံလိုက်ရပြီး ဖုတ်ကောင်ဘဝရောက်၊ သူကနေတဆင့် မြို့က တခြားသူ‌တွေပါ ဖုတ်ကောင်တွေဖြစ်သွားချိန်မှာ မားမားဘွိုင်း​လေး ဘယ်လိုကယ်တင်မလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှု ခံစားရမှာ ဖြစ်ပါ​ကြောင်း…… (ဒီဇာတ်ကားနဲ့အညွှန်းကိုMugiwara Yaမှ ပြန်ဆို ရေးသားထားပါတယ်)

Dead Alive (1992) ⭐IMDB: 7.5/10 (100 k Votes) 🎬 #Comedy #Fantasy #Horror #Thriller 🗓️ 1992 🎞️ Movie 📺 1080p 🌎 #NewZealand ⏰ 1 နာရီ 37 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Braindead a.k.a Dead Alive (1992) ~ IMDb – 7.5/10, Rotten Tomatoes – 89% ~ King Kong နဲ့ The Lord of The Rings Trilogy အပြင် The Hobbit Trilogy တို့နဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဒါရိုက်တာကြီး Peter Jackson ရဲ့ ဒါရိုက်တာပေါက်စဘဝက ရိုက်ခဲ့တဲ့ သူ့​ခေတ်သူ့အခါက တစ်မူထူးပြီးနာမည်​ကျော်ခဲ့တဲ့ Horror Comedy ကား​လေးနဲ့ မိတ်ဆက်​ပေးပါရ​စေ။ ” သတိချပ်​စေချင်တာက​တော့ တချို့အခန်း​တွေက အင်မတန်မှ သွေးထွက်သံယို အသတ်အဖြတ် အခုတ်အထစ်ကြမ်းပြီး WTF တ,​ရ​လောက်​အောင် အတော်လေးကို ကြမ်းတမ်းတာမို့ အသည်းငယ်သူများ၊ ရွံတတ်သူများ၊ က​လေးငယ်များ မကြည့်မိဖို့ အကြံပြုချင်ပါတယ်… “ ဒါပေမဲ့ အဲဒီ ရွံစရာ​တွေကြား ဟာသ​နှောထားပုံ​​လေးနဲ့ ကြည်နူးစရာလေး‌တွေကိုလည်း ​တွေ့မြင်ရမှာပါ။ ဇာတ်လမ်း​လေးက​တော့ ကြွက်လိုလို​မျောက်လိုလို ဇက်​တောက်ဇက်​တောက်ကောင်ကို ဖမ်းပြီး တိရစ္ဆာန်ရုံ ပို့ပြီး ရောင်းစားတဲ့​နေရာက အစပြုထားပါတယ်။မင်းသား လိုင်နယ်လ်ဟာ အ​မေချစ် မားမားဘွိုင်းတစ်​ယောက်ဖြစ်ပြီး သူ့နဲ့ကြမ္မာဖန်လာတဲ့ မင်းသမီး ပါခီတာနဲ့ တိရစ္ဆာန်ရုံမှာ ​လျှောက်လည်ကြရင်း အ​မေဖြစ်သူ ဗီရာဟာ တိတ်တခိုးလိုက်​ချောင်းပါ​တော့တယ်။အ​ချောင်း​ကောင်းတဲ့ ဗီရာတစ်​ယောက် ဇက်​တောက်​ကောင်ရဲ့ ကိုက်ဖြတ်မှုကို ခံလိုက်ရပြီး ဖုတ်ကောင်ဘဝရောက်၊ သူကနေတဆင့် မြို့က တခြားသူ‌တွေပါ ဖုတ်ကောင်တွေဖြစ်သွားချိန်မှာ မားမားဘွိုင်း​လေး ဘယ်လိုကယ်တင်မလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှု ခံစားရမှာ ဖြစ်ပါ​ကြောင်း…… (ဒီဇာတ်ကားနဲ့အညွှန်းကိုMugiwara Yaမှ ပြန်ဆို ရေးသားထားပါတယ်)

Motion Detected (2023) ⭐IMDB: 3.3/10 (86 Votes) 🎬 #Horror #ScienceFiction #Thriller 🗓️ 2023 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 20 မိနစ် 17 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 When a recent victim of a terrifying home invasion moves to what she thinks is a safer house, the smart home security system begins to take over her life.

Motion Detected (2023) ⭐IMDB: 3.3/10 (86 Votes) 🎬 #Horror #ScienceFiction #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 20 မိနစ် 17 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 When a recent victim of a terrifying home invasion moves to what she thinks is a safer house, the smart home security system begins to take over her life.

The Stepford Wives (2004) ⭐IMDB: 5.3/10 (68 k Votes) 🎬 #Comedy #Horror #SciFi #Thriller 🗓️ 2004 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 33 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Stepford Wives (2004) မိန်းမတွေက အိမ်ထောင်ရေးနိုင်နင်း (ပြောချင်တာက ထမင်းချက် သန့်ရှင်းရေးလုပ် အိမ်အလုပ်တွေအကုန်လုပ် ကလေးတွေကိုထိန်း ဂရုစိုက်)၊ ယောက်ျားတွေက စီးပွားရှာ ပြန်လာတဲ့အချိန်မှာ ယောက်ျားကို အပြုံးမျက်နှာနဲ့ ပျော်စရာတွေအပြည့်နဲ့ ပြေးကြို လိုအပ်တာတွေလုပ်ပေး အဲဒါမျိုးကို လူတိုင်းလိုချင်ကြမှာပေါ့။ ဒါပေမဲ့ ဖြစ်နိုင်ပါမလား။ စိတ်ကူးယဉ်ပုံပြင်တွေထဲက ပြီးပြည့်စုံပြီး ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးဆိုတာ အပြင်မှာရော တကယ်ရှိနိုင်ပါမလား။ ထက်လွန်းတဲ့ မိန်းမတွေကို ရထားတဲ့ ယောက်ျားတွေက ဖောက်ပြန်ဖို့ ရာခိုင်နှုန်းအများဆုံးလို့ပြောကြတယ်။ အဲဒီတော့ အိမ်ထောင်ရေးသာယာဖို့ဆိုတာ မိန်းမတွေက ယောက်ျားတွေထက် မတော်မှဖြစ်တော့မှာပေါ့လို့ ပြောစရာဖြစ်လာရော။ ခပ်တုံးတုံးမိန်းမတွေပဲ အိမ်ထောင်ပြုလို့ ရမယ်ဆိုတဲ့ ကောက်ချက်ကြီးက တော်တော်လေးကို အဆင်မပြေတာပါ။ ဒါပေမဲ့လည်း အိမ်ထောင်ရေးဆိုတာက အများကြီးရှုပ်ထွေးပြီး နားလည်ရခက်ပါတယ်။ အပြန်အလှန်နားလည် ကူညီဖေးမ ထောက်ပံ့နေကြရင် အဆင်အပြေဆုံးဖြစ်နိုင်လောက်တယ် ဆိုတာကလွဲပြီး ဘာမှဝင်မပြောတော့ပါဘူး။ ဒီဇာတ်ကားမှာတော့ အိမ်ထောင်ရေးဆိုတဲ့အပိုင်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက တော်နေတတ်နေရုံနဲ့ အဆင်မပြေနိုင်ဘူးဆိုတာကို ပြထားတယ်လို့ ထင်တာပါပဲ။ ဒါပေမဲ့ အိမ်ထောင်ရေးဆိုတာ နှစ်ယောက်ပေါင်းမှ ဖြစ်တဲ့ ကိစ္စမဟုတ်လားဗျာ။ အဲဒီတော့ မိန်းမတွေ ပေးဆပ်ထားသလောက် ယောက်ျားတွေကလည်း ပြန်ပေးနိုင်ပြီး အပြန်အလှန်နားလည်နိုင်ကြမှ အဆင်ပြေမှာကိုး။ ခုလို Comedy, Horror, Sci-Fi ဇာတ်ကားလေးဖြစ်တဲ့ The Stepford Wives မှာ အရမ်းတော် အရမ်းထက်နေတဲ့ အမျိုးသမီးများ တစ်ခုခုတော့ စဉ်းစားစရာရသွားပြီး အမျိုးသားများလည်း တွေးစရာတစ်ခုရသွားနိင်တယ်လို့ ထင်ပါတယ်။ စကားမစပ် မင်းသမီးကလည်း အလန်းစားမမ Nicole Kidman ဖြစ်ပြီး လှပကျော့မော့တဲ့ Stepford က ဇနီးသည်တွေလည်းပါနေတဲ့အတွက် အစ်ကိုကာလသားများ မျက်စိပသာဒဖြစ်ကြမယ်ထင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)

The Stepford Wives (2004) ⭐IMDB: 5.3/10 (68 k Votes) 🎬 #Comedy #Horror #SciFi #Thriller 🗓️ 2004 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 33 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Stepford Wives (2004) မိန်းမတွေက အိမ်ထောင်ရေးနိုင်နင်း (ပြောချင်တာက ထမင်းချက် သန့်ရှင်းရေးလုပ် အိမ်အလုပ်တွေအကုန်လုပ် ကလေးတွေကိုထိန်း ဂရုစိုက်)၊ ယောက်ျားတွေက စီးပွားရှာ ပြန်လာတဲ့အချိန်မှာ ယောက်ျားကို အပြုံးမျက်နှာနဲ့ ပျော်စရာတွေအပြည့်နဲ့ ပြေးကြို လိုအပ်တာတွေလုပ်ပေး အဲဒါမျိုးကို လူတိုင်းလိုချင်ကြမှာပေါ့။ ဒါပေမဲ့ ဖြစ်နိုင်ပါမလား။ စိတ်ကူးယဉ်ပုံပြင်တွေထဲက ပြီးပြည့်စုံပြီး ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးဆိုတာ အပြင်မှာရော တကယ်ရှိနိုင်ပါမလား။ ထက်လွန်းတဲ့ မိန်းမတွေကို ရထားတဲ့ ယောက်ျားတွေက ဖောက်ပြန်ဖို့ ရာခိုင်နှုန်းအများဆုံးလို့ပြောကြတယ်။ အဲဒီတော့ အိမ်ထောင်ရေးသာယာဖို့ဆိုတာ မိန်းမတွေက ယောက်ျားတွေထက် မတော်မှဖြစ်တော့မှာပေါ့လို့ ပြောစရာဖြစ်လာရော။ ခပ်တုံးတုံးမိန်းမတွေပဲ အိမ်ထောင်ပြုလို့ ရမယ်ဆိုတဲ့ ကောက်ချက်ကြီးက တော်တော်လေးကို အဆင်မပြေတာပါ။ ဒါပေမဲ့လည်း အိမ်ထောင်ရေးဆိုတာက အများကြီးရှုပ်ထွေးပြီး နားလည်ရခက်ပါတယ်။ အပြန်အလှန်နားလည် ကူညီဖေးမ ထောက်ပံ့နေကြရင် အဆင်အပြေဆုံးဖြစ်နိုင်လောက်တယ် ဆိုတာကလွဲပြီး ဘာမှဝင်မပြောတော့ပါဘူး။ ဒီဇာတ်ကားမှာတော့ အိမ်ထောင်ရေးဆိုတဲ့အပိုင်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက တော်နေတတ်နေရုံနဲ့ အဆင်မပြေနိုင်ဘူးဆိုတာကို ပြထားတယ်လို့ ထင်တာပါပဲ။ ဒါပေမဲ့ အိမ်ထောင်ရေးဆိုတာ နှစ်ယောက်ပေါင်းမှ ဖြစ်တဲ့ ကိစ္စမဟုတ်လားဗျာ။ အဲဒီတော့ မိန်းမတွေ ပေးဆပ်ထားသလောက် ယောက်ျားတွေကလည်း ပြန်ပေးနိုင်ပြီး အပြန်အလှန်နားလည်နိုင်ကြမှ အဆင်ပြေမှာကိုး။ ခုလို Comedy, Horror, Sci-Fi ဇာတ်ကားလေးဖြစ်တဲ့ The Stepford Wives မှာ အရမ်းတော် အရမ်းထက်နေတဲ့ အမျိုးသမီးများ တစ်ခုခုတော့ စဉ်းစားစရာရသွားပြီး အမျိုးသားများလည်း တွေးစရာတစ်ခုရသွားနိင်တယ်လို့ ထင်ပါတယ်။ စကားမစပ် မင်းသမီးကလည်း အလန်းစားမမ Nicole Kidman ဖြစ်ပြီး လှပကျော့မော့တဲ့ Stepford က ဇနီးသည်တွေလည်းပါနေတဲ့အတွက် အစ်ကိုကာလသားများ မျက်စိပသာဒဖြစ်ကြမယ်ထင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)

Strong Underdog (2023) ⭐TMDB: 50.0% User Score 🎬 #Drama 🗓️ 2023 🎞️ Movie 📺 720p 🌎 #⁉️ #SouthKorea ⏰ 2 နာရီ 21 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Strong Underdog (2023) အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်တဲ့ ဂျောင်ဝူးဟာ ဘွဲ့ရဖို့အတွက် နေ့တိုင်းရုန်းကန်နေရပါတယ်၊သူက နေ့စဉ်နဲ့အမျှ အနိုင်ကျင့်ခံနေရပြီးတော့ တစ်ကျောင်းလုံးမှာ ကံမကောင်းဆုံးကျောင်းသား၊ လက်တိုလက်တောင်းအဖြစ် သတ်မှတ်ခံထားရသူပါ၊တခြားကျောင်းသားတွေရဲ့ အောက်ဆွဲလေးပေါ့၊ သူ့လိုပဲ တခြားအနိုင်ကျင့်ခံနေရတဲ့ လက်တိုလက်တောင်းကျောင်းသားလေးတွေ ရှိနေပါသေးတယ်၊တစ်နေ့မှာတော့ သူတို့လို လက်တိုလက်တောင်းကျောင်းသားလေးတွေအချင်းချင်း အပြိုင်အဆိုင် ရန်ဖြစ်ခိုင်းပြီးတော့နောက်ဆုံးကျန်ခဲ့တဲ့သူက လက်တိုလက်တောင်းဘဝက လွတ်မယ်ဆိုတဲ့ လောင်းကြေးနဲ့ပြိုင်ပွဲတစ်ပွဲရှိလာပါတယ်၊အဲဒီပြိုင်ပွဲမှာ အနိုင်ရဖို့ ဂျောင်ဝူးဟာ သူ့ဦးလေးပိုင်တဲ့ အားကစားခန်းမတစ်ခုမှာ စလေ့ကျင့်ဖို့ဖြစ်လာပါတယ်… ဂျောင်ဝူးဟာ တကယ်ပဲ ပြိုင်ပွဲမှာ ဝင်ပြိုင်မလားအနိုင်ရသွားပြီး လက်တိုလက်တောင်းဘဝကနေ လွတ်မြောက်သွားမလားဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ် အညွှန်းကိုတော့Hsuက ရေးထားပေးပြိးတော့ဘာသာပြန်တွေကတော့Hsu, Milkeux, Hsu Wai, Thae Thaeတို့ပဲ ဖြစ်ကြပါတယ်။

Top Gear (2022) ⭐IMDB: 7.8/10 (46 Votes) 🎬 #Action #Bollywood #Drama #Romance #Comedy #Thriller 🗓️ 2022 🎞️ Movie 📺 720p 🌎 #India ⏰ 1 နာရီ 59 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Top Gear (2022)IMDb 8.3/10Top Gear တဲ့။ဇာတ်ကားနာမည်ကြည့်လိုက်တာနဲ့ ကားတစီးနဲ့ပတ်ကြမ်းတာမျိုးဖြစ်မှာပဲလို့ တွေးမိလိုက်တယ်မလား။ဟုတ်ပါတယ် ခုတင်ဆက်ပေးမဲ့ ဇာတ်ကားက…မူးယစ်ရာဇာ စစ်ဒါးသ်ဆိုတဲ့ လူက မွမ်ဘိုင်းကနေ လစ်ထွက်ပြီးဟိုက်ဒရာဘတ်ကနေ စင်ကာပူကိုထွက်ပြေးဖို့ ကြိုးစားနေတဲ့အချိန်။ ကျွန်တော်တို့ ဇာတ်လိုက်ကျော် အာဂျွန်က ခုမှ ပူပူနွေးနွေး အိမ်ထောင်ကျပြီးကာစ၊သူက တက္ကစီဒရိုက်ဘာ၊မင်း ဘွဲ့ရပြီးသားကို ဘာလို့ တက္ကစီဆွဲစားနေတာလဲဆိုတော့ ကျွန်တော့်မိန်းမကို ကားစီးစေချင်လို့၊ရတဲ့ဘွဲ့နဲ့ အလုပ်ဝင်လုပ်ရင် ဆိုင်ကယ်နားတောင် ကပ်နိုင်မှာမဟုတ်ဘူး တဲ့၊မိန်းမကို အဲ့လောက်ချစ်တာ၊တရက် တက္ကစီဆွဲပြီး အိမ်ပြန်တဲ့လမ်းမှာ လမ်းကြုံတယ်ဆိုပြီး လူ၂ယောက် တင်ခေါ်လာရာကနေအစ၊အဲဒီလူ၂ယောက်က မူးယစ်ဂိုဏ်းနဲ့ပက်သတ်နေပြီး သူ့အကြောင်းကလည်း လမ်းမှာ ပြောထားဆိုထားတာ သိနေတော့သူ့ဇနီးချောလေးကို ပြန်ပေးဆွဲပြီး သူတို့ ပြောတာ လုပ်ခိုင်းပါရော၊ နောက်ခံတီးလုံးတွေရော သီချင်းတွေရောက ရေလည်မိုက်ပြီး ဇာတ်လမ်းကရော မိတ်ဆွေတို့ကို ပျင်းစေမှာမဟုတ်ဘူးဆိုတာလက်တို့ရင်း ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။(အညွှန်းကို chiclon3 မှရေးထားပြီး chiclon3 & Bpl & Yunni & YH တို့က ဘာသာပြန်ထားပါတယ်)

Top Gear (2022) ⭐IMDB: 7.8/10 (46 Votes) 🎬 #Action #Bollywood #Drama #Romance #Comedy #Thriller 🗓️ 2022 🎞️ Movie 📺 1080p 🌎 #India ⏰ 1 နာရီ 59 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Top Gear (2022)IMDb 8.3/10Top Gear တဲ့။ဇာတ်ကားနာမည်ကြည့်လိုက်တာနဲ့ ကားတစီးနဲ့ပတ်ကြမ်းတာမျိုးဖြစ်မှာပဲလို့ တွေးမိလိုက်တယ်မလား။ဟုတ်ပါတယ် ခုတင်ဆက်ပေးမဲ့ ဇာတ်ကားက…မူးယစ်ရာဇာ စစ်ဒါးသ်ဆိုတဲ့ လူက မွမ်ဘိုင်းကနေ လစ်ထွက်ပြီးဟိုက်ဒရာဘတ်ကနေ စင်ကာပူကိုထွက်ပြေးဖို့ ကြိုးစားနေတဲ့အချိန်။ ကျွန်တော်တို့ ဇာတ်လိုက်ကျော် အာဂျွန်က ခုမှ ပူပူနွေးနွေး အိမ်ထောင်ကျပြီးကာစ၊သူက တက္ကစီဒရိုက်ဘာ၊မင်း ဘွဲ့ရပြီးသားကို ဘာလို့ တက္ကစီဆွဲစားနေတာလဲဆိုတော့ ကျွန်တော့်မိန်းမကို ကားစီးစေချင်လို့၊ရတဲ့ဘွဲ့နဲ့ အလုပ်ဝင်လုပ်ရင် ဆိုင်ကယ်နားတောင် ကပ်နိုင်မှာမဟုတ်ဘူး တဲ့၊မိန်းမကို အဲ့လောက်ချစ်တာ၊တရက် တက္ကစီဆွဲပြီး အိမ်ပြန်တဲ့လမ်းမှာ လမ်းကြုံတယ်ဆိုပြီး လူ၂ယောက် တင်ခေါ်လာရာကနေအစ၊အဲဒီလူ၂ယောက်က မူးယစ်ဂိုဏ်းနဲ့ပက်သတ်နေပြီး သူ့အကြောင်းကလည်း လမ်းမှာ ပြောထားဆိုထားတာ သိနေတော့သူ့ဇနီးချောလေးကို ပြန်ပေးဆွဲပြီး သူတို့ ပြောတာ လုပ်ခိုင်းပါရော၊ နောက်ခံတီးလုံးတွေရော သီချင်းတွေရောက ရေလည်မိုက်ပြီး ဇာတ်လမ်းကရော မိတ်ဆွေတို့ကို ပျင်းစေမှာမဟုတ်ဘူးဆိုတာလက်တို့ရင်း ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။(အညွှန်းကို chiclon3 မှရေးထားပြီး chiclon3 & Bpl & Yunni & YH တို့က ဘာသာပြန်ထားပါတယ်)

Madrid, 1987 (2011) ⭐IMDB: 6.2/10 (2 k Votes) 🎬 #Adult #Drama 🗓️ 2011 🎞️ Movie 📺 720p 🌎 #Spain ⏰ 1 နာရီ 46 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Madrid 1987 (2011) IMDb Rating (6.2)/ Rotten Tomatoes (89%) ဝတ်လစ်စလစ်ခန်းများပါဝင်သဖြင့် အသက်မပြည့်သေးသူများကြည့်ရှုရန်မသင့်ပါ ၁၉၈၇… စပိန်နိုင်ငံမှာ နိုင်ငံရေးတင်းမာမှုတွေပြင်းထန်နေခဲ့တဲ့နှစ်။အာဏာရှင်လက်အောက်က လွတ်မြောက်ခါစ အချိန် ဆိုရှယ်လစ်ပါတီရအာဏာရနေတုန်း အလုပ်သမားသမဂ္ဂနဲ့ အာဏာလွန်‌ဆွဲ‌ပွဲတွေဖြစ်နေကြတဲ့အချိန် ဒီရုပ်ရှင်နာမည်ထဲက ၁၉၈၇ ဆိုတဲ့‌ခုနှစ်ဟာ အဲဒီလိုခေတ်မှာ နေထိုင်ရတဲ့လူတွေရဲ့ဘဝကိုပါ အရိပ်အယောင်ပြထားတယ်။အဲဒီလို အာဏာရှင်ခေတ်မှာ ကြီးပြင်းခဲ့ရတဲ့ စာရေးဆရာကြီး မီဂူရယ်လ်နဲ့ ‌ခေတ်သစ်မှာမှမွေးဖွားတဲ့ အိန်ဂျလာ ဆုံခဲ့ကြတယ်။အိန်ဂျလာက သူ့ကျောင်းမှာရေးဖို့စာတမ်းအတွက် မီဂူရယ်လ်လို ဝါရင့်စာရေးဆရာကြီးကို အင်တာဗျူးချင်ခဲ့တာ။အဲဒီလိုနဲ့ သူတို့ဟာ စာရေးဆရာကြီးရဲ့ မိတ်ဆွေအိမ်ဆီလာခဲ့ကြတာပေါ့။“‌ငါဟာ တောင်ပံတွေပြိုနေတဲ့ငှက်အို… မင်းတောင်ပံ‌တစ်စုံနဲ့ ငါပြန်နုပျိုပါ‌ရစေ”မီဂူရယ်လ်ဟာ တကယ့်မုန်းစရာလူ၊ စတွေ့ကတည်းက အတူအိပ်ဖို့ပဲတဂျီဂျီတောင်းဆိုနေခဲ့တယ်။ အကြောင်းပြချက်ကဘာလဲ။ ငါပြန်နုပျိုကြည့်ချင်လို့ပါတဲ့။ ဒီလိုနဲ့ ကံကြမ္မာဆန်းပြားပုံက သူတို့နှစ်ယောက် ရေချိုးခန်းတံခါးပိတ်ရင်း တံခါးညှပ်ပြီး ပိတ်မိသွားတော့တယ်။အဲဒီအချိန်မှပဲ အင်တာဗျူးစရတာပေါ့။ရေချိုးခန်းထဲကတစ်နေ့တာအချိန်မှာ နိုင်ငံရေးတွေ ငယ်ဘဝတွေ ရုပ်ရှင်အကြောင်း စာပေအကြောင်းတွေဆွေးနွေးရင်း သူတို့ကြားက Generation Gap ကို တဖြည်းဖြည်းမြင်လာရတယ်။အစမှာမြင်ခဲ့ရတဲ့ ဘုကန့်လန့်လူအိုကြီးဟာ တစ်ခါတစ်လေကျ သိပ်သနားစရာကောင်းသွားပြီး တစ်ခါတစ်လေကျလည်း သိပ်ချစ်စရာကောင်းနေပြန်တယ်။ဇာတ်လမ်းပြီးခါနီးမှာ အိန်ဂျလာကိုခေါ်ထိုင်ရင်း ရုပ်ရှင်ကြည့်မယ်ဆိုပြီး စိတ်ကူးယဉ်ပိတ်ကားပေါ် ဇာတ်လမ်းတစ်ခုလုံးကိုပုံဖော်ပြောပြနေပုံက သိပ်နူးညံ့ရိုးသားလွန်းတယ်။‌ပြောရင်းတန်းလန်း တံခါးဖွင့်ပေးမယ့်လူရောက်လာတော့ သူပြောလက်စဇာတ်လမ်းလေး ဘယ်လိုဇာတ်သိမ်းသွားလဲ အိန်ဂျလာကိုယ်တိုင်ကော ကြည့်နေတဲ့လူတွေပါ မသိရတော့ဘူး။သူကတော့ အိန်ဂျလာကိုပြောပါတယ် “ငါတို့နောက်တစ်ခါတွေ့မှ ဆက်ကြည့်ကြမယ်လေ” တဲ့။နောက်တစ်ခါဆိုတာရှိမရှိ သူတို့နှစ်ယောက်လုံးသိနေခဲ့ကြပါတယ်။ဒီရုပ်ရှင်ဟာ အစပိုင်းမှာတော့အေးအေးလေးသွားပေမယ့် နောက်ပိုင်းမှာ ဇာတ်ထဲမျောသွားတဲ့ ရုပ်ရှင်မျိုးပါ။ဒိုင်ယာလော့ခ်ကောင်းကောင်းလေးတွေအများကြီးပါတဲ့အပြင် အနုပညာနဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့လူတွေအတွက် ငြိမ့်ငြိမ့်လေးကြည့်ကောင်းမယ့် ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။)

Madrid, 1987 (2011) ⭐IMDB: 6.2/10 (2 k Votes) 🎬 #Adult #Drama 🗓️ 2011 🎞️ Movie 📺 1080p 🌎 #Spain ⏰ 1 နာရီ 46 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Madrid 1987 (2011) IMDb Rating (6.2)/ Rotten Tomatoes (89%) ဝတ်လစ်စလစ်ခန်းများပါဝင်သဖြင့် အသက်မပြည့်သေးသူများကြည့်ရှုရန်မသင့်ပါ ၁၉၈၇… စပိန်နိုင်ငံမှာ နိုင်ငံရေးတင်းမာမှုတွေပြင်းထန်နေခဲ့တဲ့နှစ်။အာဏာရှင်လက်အောက်က လွတ်မြောက်ခါစ အချိန် ဆိုရှယ်လစ်ပါတီရအာဏာရနေတုန်း အလုပ်သမားသမဂ္ဂနဲ့ အာဏာလွန်‌ဆွဲ‌ပွဲတွေဖြစ်နေကြတဲ့အချိန် ဒီရုပ်ရှင်နာမည်ထဲက ၁၉၈၇ ဆိုတဲ့‌ခုနှစ်ဟာ အဲဒီလိုခေတ်မှာ နေထိုင်ရတဲ့လူတွေရဲ့ဘဝကိုပါ အရိပ်အယောင်ပြထားတယ်။အဲဒီလို အာဏာရှင်ခေတ်မှာ ကြီးပြင်းခဲ့ရတဲ့ စာရေးဆရာကြီး မီဂူရယ်လ်နဲ့ ‌ခေတ်သစ်မှာမှမွေးဖွားတဲ့ အိန်ဂျလာ ဆုံခဲ့ကြတယ်။အိန်ဂျလာက သူ့ကျောင်းမှာရေးဖို့စာတမ်းအတွက် မီဂူရယ်လ်လို ဝါရင့်စာရေးဆရာကြီးကို အင်တာဗျူးချင်ခဲ့တာ။အဲဒီလိုနဲ့ သူတို့ဟာ စာရေးဆရာကြီးရဲ့ မိတ်ဆွေအိမ်ဆီလာခဲ့ကြတာပေါ့။“‌ငါဟာ တောင်ပံတွေပြိုနေတဲ့ငှက်အို… မင်းတောင်ပံ‌တစ်စုံနဲ့ ငါပြန်နုပျိုပါ‌ရစေ”မီဂူရယ်လ်ဟာ တကယ့်မုန်းစရာလူ၊ စတွေ့ကတည်းက အတူအိပ်ဖို့ပဲတဂျီဂျီတောင်းဆိုနေခဲ့တယ်။ အကြောင်းပြချက်ကဘာလဲ။ ငါပြန်နုပျိုကြည့်ချင်လို့ပါတဲ့။ ဒီလိုနဲ့ ကံကြမ္မာဆန်းပြားပုံက သူတို့နှစ်ယောက် ရေချိုးခန်းတံခါးပိတ်ရင်း တံခါးညှပ်ပြီး ပိတ်မိသွားတော့တယ်။အဲဒီအချိန်မှပဲ အင်တာဗျူးစရတာပေါ့။ရေချိုးခန်းထဲကတစ်နေ့တာအချိန်မှာ နိုင်ငံရေးတွေ ငယ်ဘဝတွေ ရုပ်ရှင်အကြောင်း စာပေအကြောင်းတွေဆွေးနွေးရင်း သူတို့ကြားက Generation Gap ကို တဖြည်းဖြည်းမြင်လာရတယ်။အစမှာမြင်ခဲ့ရတဲ့ ဘုကန့်လန့်လူအိုကြီးဟာ တစ်ခါတစ်လေကျ သိပ်သနားစရာကောင်းသွားပြီး တစ်ခါတစ်လေကျလည်း သိပ်ချစ်စရာကောင်းနေပြန်တယ်။ဇာတ်လမ်းပြီးခါနီးမှာ အိန်ဂျလာကိုခေါ်ထိုင်ရင်း ရုပ်ရှင်ကြည့်မယ်ဆိုပြီး စိတ်ကူးယဉ်ပိတ်ကားပေါ် ဇာတ်လမ်းတစ်ခုလုံးကိုပုံဖော်ပြောပြနေပုံက သိပ်နူးညံ့ရိုးသားလွန်းတယ်။‌ပြောရင်းတန်းလန်း တံခါးဖွင့်ပေးမယ့်လူရောက်လာတော့ သူပြောလက်စဇာတ်လမ်းလေး ဘယ်လိုဇာတ်သိမ်းသွားလဲ အိန်ဂျလာကိုယ်တိုင်ကော ကြည့်နေတဲ့လူတွေပါ မသိရတော့ဘူး။သူကတော့ အိန်ဂျလာကိုပြောပါတယ် “ငါတို့နောက်တစ်ခါတွေ့မှ ဆက်ကြည့်ကြမယ်လေ” တဲ့။နောက်တစ်ခါဆိုတာရှိမရှိ သူတို့နှစ်ယောက်လုံးသိနေခဲ့ကြပါတယ်။ဒီရုပ်ရှင်ဟာ အစပိုင်းမှာတော့အေးအေးလေးသွားပေမယ့် နောက်ပိုင်းမှာ ဇာတ်ထဲမျောသွားတဲ့ ရုပ်ရှင်မျိုးပါ။ဒိုင်ယာလော့ခ်ကောင်းကောင်းလေးတွေအများကြီးပါတဲ့အပြင် အနုပညာနဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့လူတွေအတွက် ငြိမ့်ငြိမ့်လေးကြည့်ကောင်းမယ့် ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။)

Ravenous (1999) ⭐IMDB: 6.9/10 (41 k Votes) 🎬 #Adventure #Horror #Western #Drama 🗓️ 1999 🎞️ Movie 📺 720p 🌎 #UnitedKingdom #CzechRepublic #Mexico #UnitedStates #Czechia ⏰ 1 နာရီ 41 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဗိုလ်ကြီး ဂျွန်ဘွိုက်က အမေရိကန်မက္ကဆီကန် စစ်ပွဲမှာ တစ်ကိုယ်တည်းရန်သူရဲ့စခန်းကို သိမ်းနိုင်ခဲ့တယ်။ အထက်အရာရှိများက အဖြစ်မှန်ကိုသိရှိသွားသောအခါ ဗိုလ်ကြီးဘွိုက်ကို ရာထူးအတိုးပြပြီးဖောဒ့်စပန်ဆာကို အပြစ်ဒဏ်အနေနဲ့လွှတ်လိုက်ပါတယ်။ ဖောဒ့်စပန်ဆာမှာ တာဝန်ထမ်းဆောင်နေစဉ် ငတ်ပြတ်ပြီးရောက်လာသော ကိုလ်ဟွန်းဟုခေါ်သည့်လူစိမ်းတစ်ယောက်က ဖြစ်ကြောင်းကုန်စဉ်ကိုရှင်းပြသောအခါ ဂူထဲမှာငတ်ပြတ်ကြသဖြင့် လူသားစားကြသည့်အကြောင်းကို သိခဲ့ရသည်။ အဖွဲ့သားအချင်းချင်းသတ်ဖြတ်ရာမှ နောက်ဆုံးသုံးယောက်ကျန်ခဲ့သည့်အချိန်တွင် အသတ်ခံရမှာကြောက်သဖြင့်ကိုလ်ဟွန်းက ထွက်ပြေးလာခဲ့ကြောင်း ဂူထဲမှာကျန်ရစ်ခဲ့သူရှိကြောင်းပြောသဖြင့် ဗိုလ်ကြီးဘွိုက်တို့အဖွဲ့က ကယ်ဆယ်ရန်သွားကြလေသည်။ကယ်ဆယ်ရန်သွားရင်းမှ အဖြစ်မှန်ကိုသိရှိတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်ကြမလဲ။ လူသားစားသုံးတဲ့သူတွေမှာ ဘယ်လိုမျိုးတွေဖြစ်လာကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။

Ravenous (1999) ⭐IMDB: 6.9/10 (41 k Votes) 🎬 #Adventure #Horror #Western #Drama 🗓️ 1999 🎞️ Movie 📺 1080p 🌎 #UnitedKingdom #CzechRepublic #Mexico #UnitedStates #Czechia ⏰ 1 နာရီ 41 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဗိုလ်ကြီး ဂျွန်ဘွိုက်က အမေရိကန်မက္ကဆီကန် စစ်ပွဲမှာ တစ်ကိုယ်တည်းရန်သူရဲ့စခန်းကို သိမ်းနိုင်ခဲ့တယ်။ အထက်အရာရှိများက အဖြစ်မှန်ကိုသိရှိသွားသောအခါ ဗိုလ်ကြီးဘွိုက်ကို ရာထူးအတိုးပြပြီးဖောဒ့်စပန်ဆာကို အပြစ်ဒဏ်အနေနဲ့လွှတ်လိုက်ပါတယ်။ ဖောဒ့်စပန်ဆာမှာ တာဝန်ထမ်းဆောင်နေစဉ် ငတ်ပြတ်ပြီးရောက်လာသော ကိုလ်ဟွန်းဟုခေါ်သည့်လူစိမ်းတစ်ယောက်က ဖြစ်ကြောင်းကုန်စဉ်ကိုရှင်းပြသောအခါ ဂူထဲမှာငတ်ပြတ်ကြသဖြင့် လူသားစားကြသည့်အကြောင်းကို သိခဲ့ရသည်။ အဖွဲ့သားအချင်းချင်းသတ်ဖြတ်ရာမှ နောက်ဆုံးသုံးယောက်ကျန်ခဲ့သည့်အချိန်တွင် အသတ်ခံရမှာကြောက်သဖြင့်ကိုလ်ဟွန်းက ထွက်ပြေးလာခဲ့ကြောင်း ဂူထဲမှာကျန်ရစ်ခဲ့သူရှိကြောင်းပြောသဖြင့် ဗိုလ်ကြီးဘွိုက်တို့အဖွဲ့က ကယ်ဆယ်ရန်သွားကြလေသည်။ကယ်ဆယ်ရန်သွားရင်းမှ အဖြစ်မှန်ကိုသိရှိတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်ကြမလဲ။ လူသားစားသုံးတဲ့သူတွေမှာ ဘယ်လိုမျိုးတွေဖြစ်လာကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။