ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
The Wild Blade of Strangers (2024) ⭐TMDB: 0.0% User Score 🎬 #Action #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 42 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးက နန်းတွင်းအရှုပ်တော်ပုံတွေနဲ့သိုင်းကားကောင်းကောင်းလေးကြည့်ချင်တဲ့သူတွေအတွက်ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ ထိုက်ရှင်းခေတ် ၇နှစ်မြောက်နှစ်မှာ အရင်မင်းကြီးနတ်ရွာစံသွားခဲ့ပါတယ် ။သူကသူ့ရဲ့သားတော် အိမ်ရှေ့စံမင်းသား ယန်ထန်ကိုထီးနန်းလွှဲအပ်ခဲ့ပါတယ် ။ဒါပေမဲ့ ထီးနန်းကိုလိုချင်နေတဲ့ မင်းကြီးရဲ့ညီတော် မင်းသားချီကတော်ဝင်ထီးနန်းလွှဲအမိန့်စာကို အတုလုပ်ပြီး ထီးနန်းကိုမင်းသားယန်သုန်းကို ပေးအပ်မယ်ဆိုပြီး ကြေညာခဲ့ပါတယ် ။ အဲဒီသတင်းကြောင့် အိမ်ရှေ့စံမင်းသား ယန်ထန်ဟာ သူရဲ့စစ်တပ်နဲ့အတူမင်းသားချီရှိတဲ့ လျန်မြို့ကိုဝန်းရံပြီး တိုက်ခိုက်ခဲပါတယ် ။ဒါပေမဲ့ တိုက်ခိုက်မှုကျရှုံးပြီး အိမ်ရှေ့စံမင်းသားအပါအဝင်အရှေ့နန်းဆောင်တစ်ခုလုံး မင်းသားချီရဲ့လက်ချက်နဲ့ သုတ်သင်ခံလိုက်ရပါတော့တယ် ။ မင်းသားယန်ထန်က သူမသေခင်မှာ သူ့မှာဆက်ခံသူကျန်သေးတယ်လို့ပြောသွားတဲ့အတွက်မင်းသားချီကသူ့ရဲ့ရုပ်သေးဘုရင် မင်းသားယန်သုန်း ပိုင်ဆိုင်ထားတဲ့ထီးနန်းကိုကာကွယ်ဖို့အတွက် အိမ်ရှေ့စံမင်းသားရဲ့ မျိုးဆက်ဖြစ်တဲ့ကချေသည်အမျိုးသမီးနဲ့ကလေး သားအမိကို လိုက်လံရှာဖွေသတ်ဖြတ်ခိုင်းပါတော့တယ် ။ အဲဒီလိုလိုက်လံသတ်ဖြတ်မှုခံရတဲ့ သားအမိကလည်းပုန်းရင်းရှောင်ရင်းပြေးရင်းနဲ့ကယ်တင်ရှင်တစ်ဦးနဲ့ကြုံပြီး သူတို့ကိုမြို့ပြင်ထွက်ခွင့်ရအောင်ကူညီပေးဖို့ အကူအညီတောင်းခဲ့ပါတော့တယ် ။ အဲဒီကယ်တင်ရှင်ကဘယ်သူဖြစ်မလဲ ?ဇာတ်လမ်းထဲမှာရောဘယ်လိုအရှုပ်အထွေးဆက်ဖြစ်မလဲ ?မင်းသားချီရဲ့ဆန္ဒအတိုင်း ဆက်ခံသူကိုသတ်နိုင်မလား ?အိမ်ရှေ့စံရဲ့တစ်ဦးတည်းသောသွေးသားကရော မြို့ပြင်ကိုရောက်အောင်သွားနိုင်ပြီးဘေးကင်းမလားဆိုတာကို ဇာတ်လမ်းလေးထဲမှာစိတ်ဝင်စားဖွယ် လိုက်ပါကြည့်ရှု့ဖို့ တိုက်တွန်းလိုက်ပါရစေ...
George and the Dragon (2004) ⭐TMDB: 53.0% User Score 🎬 #Action #Adventure #Comedy 🗓 2004 🎞 movie 🌎 #Germany #UnitedKingdom #UnitedStatesofAmerica #Luxembourg ⏰ 1 နာရီ 30 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါရိုက်တာ Tom Reeve ကိုယ်တိုင်ရေးသားရိုက်ကူးထားပြီး မင်းသား James Purefoy နဲ့မင်းသမီး Piper Perabo ပါဝင် သရုပ်ဆောင်ထားတဲ့ ဟာသစွန့်စားခန်းဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ************** ပထမခရူးဆိတ်စစ်ပွဲပြီးဆုံးချိန်မှာ ပင်ပန်းနွမ်းနယ်နေတဲ့ သူရဲကောင်းတွေ၊ စစ်သားတွေနဲ့ ဘုန်းတော်ကြီးတွေဟာ ဥရောပတစ်လွှားက မိမိတို့နေရပ်ကို အသီးသီးပြန်လာကြပါတယ်။ ရုပ်ရည်ချောမောတဲ့အင်္ဂလိပ်သူရဲကောင်းဂျော့ဂျ်ဟာ ပါလက်စတိုင်းမှာတွေ့ကြုံခဲ့ရတဲ့ သွေးထွက်သံယိုမြင်ကွင်း တွေကြောင့် အေးချမ်းတဲ့ဘဝမှာပဲနေထိုင်သွားဖို့ဆုံးဖြတ်ပြီး အင်္ဂလန်ကိုပြန်လာခဲ့ပါတယ်။ ဂျော့ဂျ်ဟာ အခြေချနေထိုင်ဖို့ မြေကွက်ရှာဖွေရင်း စိတ်ပူပန်သောကရောက်နေရရှာတဲ့ ဘုရင်အက်ဒ်ဂါနဲ့တွေ့ပြီး ပျောက်ဆုံးနေတဲ့မင်းသမီးလေးလူနာကို ရှာဖွေပေးဖို့ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ မင်းသမီးလေးကိုဖမ်းဆီး သွားတာဟာ နဂါးတစ်ကောင်ဖြစ်နေပြီး နဂါးမကြီးဟာ သေဆုံးသွားတဲ့အတွက် မင်းသမီးလေးလူနာက အကောင် ပေါက်တော့မယ့်နဂါးဥလေးကိုကာကွယ်ပေးဖို့ ဆုံးဖြတ်ထားတဲ့ အခါမှာတော့ ဂျော့ဂျ်ရဲ့စွန့်စားခန်းတွေက တစ်ဖန်ပြန်လည် စတင်လာပါတော့တယ်။...
Once Upon a Time in High School (2004) ⭐TMDB: 73.0% User Score 🎬 #Action #Drama #History #Romance 🗓 2004 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 59 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ drama အမျိုးအစားကားလေးဖြစ်ပါတယ် ဇာတ်ကားရဲ့အမည်လေးအတိုင်းပဲ အထက်တန်းကျောင်းဇာတ်လမ်းလေးတစ်ခုပါ ဇာတ်လမ်းရဲ့အစမှာတော့ ဟွန်းဆူဆိုတဲ့ကောင်လေးတစ်ယောက်ဟာ မိဘတွေကဆိုးလ်ကိုပြောင်းလာတာနဲ့ သူလည်းကျောင်းပြောင်းခဲ့ရတယ် အဲ့လိုနဲ့ ကျောင်းကိုသွားတဲ့ဘတ်စ်ကားပေါ်မှာ မထင်မှတ်ပဲ အွန်းဂျူဆိုတဲ့ကောင်မလေးနဲ့ဆုံခဲ့ကြတယ် အွန်းဂျူအပေါ်ကို ဟွန်းဆူကရော ဟွန်းဆူရဲ့သူငယ်ချင်းဝူးရှစ်ကပါ သဘောကျနေမိတဲ့အခါမှာတော့ သူတို့ဘာဆက်ဖြစ်ကြမလဲ အွန်းဂျူကရော ဘယ်သူ့ကိုရွေးချယ်လိုက်မှာလဲဆိုတာတွေကိုတော့ ဒီဇာတ်ကားလေးထဲမှာကြည့်ပေးကြပါဦး ထူးခြားတာက ဒီဇာတ်လမ်းလေးက လူငယ်အချစ်ဇာတ်လမ်းတင်မကဘဲ ကျောင်းတွင်းကြီးနိုင်ငယ်ညှင်း အနိုင်ကျင့်ကြတဲ့အကြောင်းတွေပါထည့်ရိုက်ထားတာမို့ ပိုစိတ်ဝင်စားစရာကောင်းပါတယ် ဇာတ်ကားတစ်ခုလုံးကို ၁၉၉၀ ပတ်ဝန်းကျင်ကိုအခြေခံရိုက်ထားတာမို့ အရင်ခေတ်ကအဝတ်အစား အပြင်အဆင်လေးတွေနဲ့မို့ တစ်မျိုးလေးပိုကြည့်လို့ကောင်းပါတယ်...
SAS: Red Notice (2021) ⭐IMDB: 5.3/10 (21 k Votes) 🎬 #Action #Thriller #Drama 🗓 2021 🎞 movie 🌎 #UnitedKingdom #Switzerland #Netherlands #Hungary ⏰ 2 နာရီ 4 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 SAS အဖွဲ့ဝင်ဟောင်း Andy McNab ရဲ့ရောင်းအားအကောင်းဆုံး ဝတ္တုကိုအခြေခံပြီး ဒါရိုက်တာ Magnus Martens က ရိုက်ကူးပေးထားပါတယ်။ ဗြိတိန်အက်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့ SAS: Red Notice မှာ Sam Heughan ၊ Ruby Rose နဲ့ Hannah John-Kamen တို့ပါဝင်သရုပ်ဆောင်ထားပြီး အရေးပေါ်စစ်ဆင်ရေးတစ်ခုကို လက်တွေ့ဆန်ဆန်ပုံဖော် ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** ဗြိတိန် SAS အထူးအဖွဲ့ဝင်တွမ်ဘက်ကင်ဟမ်ဟာ ဒေါက်တာမလေးဆိုဖီဟာ့တ်ကို လက်ထပ်ခွင့်တောင်းဖို့ လန်ဒန်ကနေ ပါရီကိုရထားနဲ့အသွား ဂရေ့စ်လူးဝစ္စ ခေါင်းဆောင်တဲ့ စစ်ရာဇဝတ်သားတွေဖြစ်တဲ့ငန်းမည်းအဖွဲ့က ချန်နယ်တန်နယ်ဥမင်တစ်နေရာအရောက်မှာ ရထားကို ပြန်ပေးဆွဲလိုက်ပါတယ်။ ဂရေ့စ်က သူတောင်းဆိုတဲ့ ပြန်ရွေးငွေကိုသာမပေးရင် ဗြိတိန်အစိုးရရဲ့ညစ်ညမ်းတဲ့ လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပြီး ဥမင်ကိုပါဖောက်ခွဲပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဒီအချိန်မှာ ရထားပေါ်မှာလိုက်ပါ လာတဲ့တွမ်က လက်နက်နဲ့လူအင်အားမပါဘဲ ချစ်သူဆိုဖီနဲ့ ခရီးသည်တွေကိုကယ်တင်နိုင်အောင် ကြိုးပမ်းရပါတော့တယ်။...
Alvin and the Chipmunks (2007) ⭐TMDB: 58.0% User Score 🎬 #Animation #Comedy #Family #Fantasy 🗓 2007 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ငယ်ဘဝတုန်းက တိရစ္ဆာန်လေးတွေနဲ့ လူတွေ တွဲဖက်ရိုက်ခဲ့ကြတဲ့ ရုပ်ရှင်တွေ အများကြီးကြည့်ဖူးခဲ့မှာပါ။ အဲဒီတုန်းက 3D effectဘာညာလည်း မသိနားမလည်သေးတဲ့ အရွယ်ဆိုတော့ တိရစ္ဆာန် အစစ်လေးတွေကို သေချာသင်ပေးပြီး ရိုက်ထားသလို ထင်ခဲ့ရတဲ့ အကြိမ်ရေလည်း မနည်းပါဘူး။ ဒီလိုဇာတ်ကားတွေထဲမှာ Alvinတို့ ရှဉ့်လေးသုံးကောင်ရဲ့ ဇာတ်ကားတွေလည်း အပါအဝင်ပါပဲ။ သူတို့ရဲ့ ငမွှေထိုးလုပ်ပုံ၊ ဗရုတ်ကျပုံတွေ၊ သူတို့အသံနဲ့ ဆိုထားတဲ့ သီချင်းတွေက ငယ်ဘဝရဲ့အမှတ်တရ ဖြစ်ခဲ့သလို နောက်ပိုင်းမှာ နာမည်ကြီးသီချင်းအများစုကို Chipmunks versionလို့ ပြန်ပြီး ဖန်တီးလာတဲ့အထိ ဒီရှဉ့်လေးတွေရဲ့ လွှမ်းမိုးမှုက တစ်ကမ္ဘာလုံး အတိုင်းအတာထိ ရှိခဲ့တာပါ။ ဒီဇာတ်ကားက Alvin, Simonနဲ့ Theodoreဆိုတဲ့ chipmunk ရှဉ့်လေးသုံးကောင်ကို စတင်မိတ်ဆက်ပေးခဲ့တဲ့ ဇာတ်ကားပါ။ မအောင်မြင်တဲ့ တေးရေးဆရာ ဒေးဗစ်ဆီဗီးလ်ဆီကို ဒီရှဉ့်လေး သုံးကောင်က ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တာပါ။ ဖိအားများနေတဲ့ ဒေ့ဗ်တစ်ယောက် ရှဉ့်လေးတွေနဲ့ စတွေ့ချိန် သူတို့ရဲ့ သောင်းကျန်းမှုကို မခံနိုင်လို့ မောင်းထုတ်ခဲ့ပေမဲ့ မထင်မှတ်ဘဲ သူတို့ရဲ့ talentဖြစ်တဲ့ သီချင်းဆိုတာကို ကြားလိုက်ရပြီးနောက် Chipmunkတွေအတွက် ပင်တိုင်သီချင်းရေးပေးသူ ဖြစ်လာပြီး အောင်မြင်မှုတွေ ရလာခဲ့ပါတယ်။ ဒါကိုမနာလိုတဲ့ တေးသံသွင်းပိုင်ရှင်က ဒေ့ဗ်ဆီကနေ ရှဉ့်တွေကို လုယူဖို့ အမျိုးမျိုးအဖုံဖုံကြိုးစားခဲ့ပြီး သူ့ရဲ့ကိုယ်ကျိုးအတွက်ပဲ ကြည့်ကာ ရှဉ့်လေးတွေကို အသုံးချဖို့ ကြိုးစားခဲ့ပါတယ်။ သူနဲ့ရှဉ့်လေးတွေကြားက အထင်လွဲမှုတွေကို ဖြေရှင်းဖို့ကြိုးစားရင်း ဒေ့ဗ်အနေနဲ့ လောဘအိုး producerရဲ့လက်ကနေ ရှဉ့်လေးတွေ လွတ်မြောက်နိုင်အောင် ဘယ်လိုကယ်တင်မလဲဆိုတာ သီချင်း မြူးမြူးလေးတွေ၊ chipmunkလေးတွေရဲ့ချစ်စရာကောင်းတဲ့ သီဆိုပုံတွေနဲ့အတူ ခံစားရမှာပါ။...
Alvin and the Chipmunks: The Squeakquel (2009) ⭐TMDB: 56.0% User Score 🎬 #Adventure #Animation #Comedy #Family #Fantasy #Music 🗓 2009 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက Alvinတို့ ရှဉ့်လေးသုံးကောင်ရဲ့ ဒုတိယမြောက် ဇာတ်ကား ဖြစ်ပါတယ်။ ဒေ့ဗ်နဲ့တူတူ နယ်လှည့်ဖျော်ဖြေပွဲတွေလုပ်နေရင်း ထုံးစံအတိုင်း အယ်ဗင်ကြောင့်ပဲ ဒေ့ဗ်တစ်ယောက် မတော်တဆဖြစ်ပြီး ဆေးရုံရက်ရှည် တက်လိုက်ရတာကြောင့် အယ်ဗင်တို့သုံးကောင် ဒေ့ဗ်ရဲ့အဒေါ်အိမ်မှာ သွားနေဖို့ ဖြစ်လာပါတယ်။ ဖြစ်ချင်တော့ အဲဒီအိမ်မှာ ဒေ့ဗ်ရဲ့တူတော်မောင်လည်း ရှိနေပြီး သူ့ကြောင့်ပဲ အဲဒီအဒေါ်ပါ ဆေးရုံတက်လိုက်ရချိန်မှာ အယ်ဗင်တို့ဟာ ဒေ့ဗ်ရဲ့တူဖြစ်သူနဲ့ တူတူနေဖို့ ဖြစ်လာပါတယ်။ ဒေ့ဗ်တောင် ထိန်းမနိုင်တဲ့ ရှဉ့်သုံးကောင်ကို တူဖြစ်သူကလည်း ထိန်းဖို့ အစီအစဉ်မရှိဘဲ ရှဉ့်သုံးကောင်ကို ကျောင်းတက်ဖို့ဆိုပြီး အထက်တန်းကျောင်းကို သွားတက်ခိုင်းလိုက်ပါတယ်။ ကျောင်းမှာလည်း ပြဿနာတွေ ရှာခဲ့တာကြောင့် အယ်ဗင်တို့ သုံးကောင်သား ကျောင်းနားမလား၊ ကျောင်းဂီတဌာန ရန်ပုံငွေ ရဖို့ ကျောင်းပေါင်းစုံ အဆိုပြိုင်ပွဲမှာ ဝင်ပြိုင်ပေးမလားဆိုပြီး အပေးအယူ လုပ်ရတဲ့ အခြေအနေတွေ ရောက်ကုန်ပါတယ်။ တစ်ဖက်မှာလည်း အယ်ဗင်တို့ကြောင့် မွဲသွားတဲ့ producer ကြီးက အခွင့်သာတိုင်း အယ်ဗင်တို့ကို လက်စားချေဖို့အတွက် စောင့်နေရင်း အယ်ဗင်တို့လိုပဲ သီချင်းဆိုတတ်တဲ့ ရှဉ့်မလေး သုံးကောင်က သူ့ဆီရောက်လာခဲ့ပါတယ်။ သူတို့အဖွဲ့ကိုတော့ချစ်ပက်တ်လို့ ခေါ်ပါတယ်။ Producerကြီး အီယန်က အဲဒီရှဉ့်မလေးတွေကို အသုံးချပြီး အဆိုပြိုင်ပွဲမှာ အယ်ဗင်တို့ကို အနိုင်ရဖို့ ကြံဖန်ပါတော့တယ်။ သူကပဲ ပြန်လက်စားချေသွားနိုင်မလား၊ အယ်ဗင်တို့ကပဲ အကြွေးထပ်ယူသွားမလားဆိုတာ ကြည့်ရှုရမှာပါ။...
Alvin and the Chipmunks: The Road Chip (2015) ⭐IMDB: 4.9/10 (22 k Votes) 🎬 #Adventure #Animation #Comedy #Family #Fantasy #Music #Musical 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက Chipmunkတွေရဲ့ နောက်ဆုံးထွက်ရှိထားခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ချစ်ပက်တ်တွေက ဂီတလောကမှာနေရာရနေပြီဖြစ်သလို ဒေ့ဗ်ကလည်း ဆမန်သာဆိုတဲ့ ဆရာဝန် တစ်ယောက်နဲ့ နီးစပ်နေတဲ့အချိန်ဖြစ်လို့ အယ်ဗင်တို့သုံးကောင် အထီးကျန်နေရတဲ့ ကာလတွေပေါ့။ ဆမန်သာမှာ မိုင်းစ်ဆိုတဲ့သားတစ်ယောက်ရှိပြီး သူတို့နဲ့စတွေ့ကတည်းက ကမ္ဘာ့ရန်တွေဖြစ်နေခဲ့တာပါ။ အဲဒီလိုနဲ့ ဒေ့ဗ်နဲ့ ဆမန်သာတို့ နှစ်ယောက်တည်း မိုင်ယာမီကို ခရီးထွက်ဖို့ဖြစ်လာတဲ့အခါ ဒေ့ဗ်တစ်ယောက် လက်ထပ်ခွင့် တောင်းတော့မယ်လို့ ထင်သွားကြပြီး ကိုယ့်ရန်သူနဲ့ မိသားစု မဖြစ််ချင်တဲ့ မိုင်းစ်နဲ့ ရှဉ့်သုံးကောင်တို့ ပန်းတိုင်တူ မိတ်ဆွေ တွေအနေနဲ့ ဟောလီးဝုဒ်ကနေ မိုင်ယာမီအထိ လိုက်သွားပြီး ဒေ့ဗ် လက်ထပ်ခွင့်တောင်းမယ့် အစီအစဉ်ကို လိုက်ဖျက်ဖို့ ကြိုးစားပါတော့တယ်။ သူတို့ရဲ့ ဖျက်လိုဖျက်ဆီး ခရီးစဉ်မှာ ဘယ်လိုတလွဲတွေ လုပ်ဦးမလဲ၊ သူတို့ရဲ့ရည်မှန်းချက်ကြီးကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်မလား၊ ဒါမှမဟုတ် ကျရှုံးသွားမလားဆိုတာ ကြည့်ရှုရမှာပါ။...
Uncensored: Sex In Philippine Cinema 3 (2005) ⭐TMDB: 0.0% User Score 🎬 #Adult #Asian #Documentary 🗓 2005 🎞 movie 🌎 #Philippines ⏰ 44 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခေါင်းစဉ်အတိုင်းပါပဲ၊ ဖိလစ်ပိုင်ရုပ်ရှင်လောကရဲ့ ဟိုယခင်ခေတ်ကတည်းက ထွက်ရှိခဲ့ဖူးတဲ့ဇာတ်ကားတွေထဲက နာမည်ကြီးမင်းသမီးတွေနဲ့ နာမည်ကြီးလိင်ဇာတ်ဝင်ခန်းများစုစည်းမှုဖြစ်ပါတယ်။ဒီအခန်းလေးတစ်ခန်းကြည့်ဖို့သက်သက် တစ်ကားလုံးကြည့်စရာမလို ရစ်ကြည့်စရာလည်းမလိုတဲ့အပြင်အခုချိန်ထိ နာမည်ကြီးနေဆဲဖြစ်တဲ့ Sunshine Cruz, Maui Taylor, Rosanna Roces တို့လိုဂန္ဓဝင်မမကြီးတွေရဲ့ ငယ်ဘဝအလှအပပုံရိပ်လေးတွေကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။ကြည့်လို့တန်သလို ဗဟုသုတလည်းယူတတ်ရင်ရမှာဖြစ်တဲ့အတွက် အချိန်ပေးရကျိုးနပ်မယ့် ဗီဒီယိုတွေပါပဲ။ ( အညွှန်းရေးသားထားသူကတော့...
Sex In Philippine Cinema 2 (2005) ⭐TMDB: 0.0% User Score 🎬 #Adult #Asian #Documentary 🗓 2005 🎞 Series 🌎 #Philippines ⏰ 44 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခေါင်းစဉ်အတိုင်းပါပဲ၊ ဖိလစ်ပိုင်ရုပ်ရှင်လောကရဲ့ ဟိုယခင်ခေတ်ကတည်းက ထွက်ရှိခဲ့ဖူးတဲ့ဇာတ်ကားတွေထဲက နာမည်ကြီးမင်းသမီးတွေနဲ့ နာမည်ကြီးလိင်ဇာတ်ဝင်ခန်းများစုစည်းမှုဖြစ်ပါတယ်။ဒီအခန်းလေးတစ်ခန်းကြည့်ဖို့သက်သက် တစ်ကားလုံးကြည့်စရာမလို ရစ်ကြည့်စရာလည်းမလိုတဲ့အပြင်အခုချိန်ထိ နာမည်ကြီးနေဆဲဖြစ်တဲ့ Sunshine Cruz, Maui Taylor, Rosanna Roces တို့လိုဂန္ဓဝင်မမကြီးတွေရဲ့ ငယ်ဘဝအလှအပပုံရိပ်လေးတွေကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။ကြည့်လို့တန်သလို ဗဟုသုတလည်းယူတတ်ရင်ရမှာဖြစ်တဲ့အတွက် အချိန်ပေးရကျိုးနပ်မယ့် ဗီဒီယိုတွေပါပဲ။ ( အညွှန်းရေးသားထားသူကတော့...
Stranger Things (2016) ⭐TMDB: 86.0% User Score 🎬 #Drama #SciFi #Fantasy #Mystery 🗓 2016 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 17 မိနစ် 53 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Stranger Things Season 1 [COMPLETE] လက်ရှိ Netflix ကနေ ထုတ်လွှင့်နေပြီး လူကြိုက်များ ရေပန်းစားနေတဲ့စီးရီးအသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဒါကတော့ Stranger Things Series လေးပါ။သဘာဝလွန်ဖြစ်ရပ်တွေ ခြောက်ခြားစရာဇာတ်လမ်းတွဲတွေကို ခုံမင်သူ ပရိသတ်တွေအတွက်ကတော့အကြိုက်ဖြစ်မှာပါ။လက်ရှိ Season 2အထိ ထွက်ရှိထားတဲ့ ဒီစီးရီးလေးက ၁၉၈ဝခုနှစ်များမှာဇာတ်အိမ်တည်ထားပါတယ်။ဆယ်ကျော်သက်ကလေးတွေရဲ့ပီပြင်လွတ်လပ်တဲ့သရုပ်ဆောင်ချက်တွေရယ်ခိုင်မာတဲ့ဇာတ်အိမ်ရယ်ကမပျင်းမရိ ကြည့်လို့ကောင်းအောင်ပံ့ပိုးပေးထားနိုင်တယ်လို့ပြောရမှာပါ။လတ်တလော ရေပန်းအစားဆုံးဖြစ်နေတဲ့အပြင် ပီပြင်တဲ့သရုပ်ဆောင်ချက်တွေအတွက်The Screen Actors Guild Award ဆု နဲ့ the 69th Primetime Emmy Awardsအတွက်လျာထားခံရတဲ့ ဆုက၁၈ဆု ဒါ့အပြင် Outstanding Drama Series ဆုတွေပါရရှိထားတာပါ။Imdb Rating 8.9/10 , Rotten Tomatoes Rating 96% ရရှိထားတဲ့ဒီSeries လေးက အပြိုင်အဆိုင်များတဲ့ သဘာဝလွန်ဇာတ်လမ်းတွဲတွေရဲ့ အစဉ်အလာကနေဘယ်လိုဖောက်ထွက်မလဲဆိုတာစိတ်ဝင်စားစရာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့………..2016 ခုနှစ်ထွက်ရှိထားပြီး Sci-Fi, Thriller, Horror အမျိုးအစား miniseries လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီလောကနဲ့ အပြိိုင်တခြားလောကတွေ မြေအောက်ကမ္ဘာတွေ ထူးဆန်းအံ့သြဖွယ် သတ္တဝါတွေရှိတယ်လို့ယုံကြည်ကြပါသလား။ အကယ်၍ ရှိခဲ့မယ်ဆိုရင်ရော ဘယ်လိုမျိုးများဖြစ်မလဲ ဘယ်လိုပုံစံနဲ့တည်ရှိနေမှာလဲ ဒီကမ္ဘာနဲ့ဘယ်လိုများဆက်စပ်နေမှာလဲလို့ တွေးကြည့်ခဲ့ဖူးပါသလား။ ဒီိလိုစိတ်ကူးတွေကို ဒီစီးရီးလေးကပုံဖော်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့……..ဟော့ကင်းမြို့ကလေးမှာ တိတ်ဆိတ်အေးချမ်းပြီး ရာဇဝတ်မှုတွေကင်းလို့ အေးချမ်းတဲ့နယ်မြို့လေးတစ်မြို့ပါ။ဒီမြို့လေးမှာ ဉာဏ်ကောင်းပြီးသွက်သွက်လက်လက်ရှိတဲ့ “မိုက်ကယ်” ၊ချစ်စရာကောင်းပြီး အစားပုတ်တဲ့ “ဒက်စတင်” ၊သိပ္ပံပညာကို ၀ါသနာအရမ်းပါပြီး စကားတတ်တဲ့ ကပ္ပလီလေး “လူးကပ်စ်”၊လူကြောက်တတ်ပြီး ရိုးရိုးအေးအေးနေတတ်တဲ့ “ ဝေလ်” ဆိုတဲ့ ၁၂ နှစ်အရွယ်အရမ်းချစ်ကြတဲ့သူငယ်ချင်းလေးလေးယာက်ရှိပါတယ်။ဟော့ကင်းမြို ့လေး နဲ့ မနီးမဝေးမှာ အမေရိကန်အစိိုးရရဲ့ သုတေသနဌာနကြီးတစ်ခုရှိပါတယ်။အဲဒီဌာနကတော့ အဓိကစိတ်နယ်လွန်ဖြစ်ရပ်တွေနဲ့ စိတ်စွမ်းအားတွေကို အထူးပြု လျှို့ဝှက်လေ့လာနေတဲ့သုတေသနဌာနကြီးပါပဲ။ တစ်နေ့တော့ သူငယ်ချင်းလေးယောက်ထဲက “ဝေလ်” တစ်ယောက် ပျောက်ချင်းမလှပျောက်ဆုံးသွားပါတော့တယ်။တစ်ပြိုင်နက်တည်းမှာပဲ စမ်းသပ်ခန်းတစ်ခုနေ ထွက်ပြေးလာတဲ့ ဘာဆိုဘာမှသိပ်မသိပေမယ့်စိတ်စွမ်းအားတွေ ပိုင်ဆိုင်တဲ့ “အဲလ်လဗင်း” ဆိုတဲ့ကလေးမလေးလည်းဒီမြို့ထဲကို ထွက်ပြေးလွတ်မြောက်လာပါတယ်။-ဘာကြောင့် ဝေလ်က ပျောက်ဆုံးသွားရတာလဲ– ဝေလ် ပျောက်ဆုံးမှုကရော အဲလ်လဗင်းနဲ့ ဘယ်လိုများဆက်စပ်ပတ်သတ်နေလဲ– သူတို့ အချစ်ဆုံးသူငယ်ချင်းလေး ဝေလ်ကိုရော သူ့ဘော်ဒါသူငယ်ချင်းတွေဘယ်လိုလိုက်ရှာမလဲဆိုတာကိုတော့ ဆက်လက်ရှုစားလိုက်ပါ။(ဒီစီးရီးလေးနဲ့ပတ်သတ်ပြီး ထူးခြားချက်လေးက ကလေးသရုပ်ဆောင်တွေကိုအဓိကနေရာကနေထားပြီး သုံးသွားတာပါ။ ဒါပေမယ့် ဒီစီးရီးက ကလေးပရိသတ်အတွက်သီးသန့်စီးရီးလိုမျိုး မဟုတ်ပါဘူး။ ဒီကားကို Netflix က မထုတ်လွင့်ခင်ကတခြားရုပ်သံလိုင်းပေါင်း ၁၅ ခုက ကလေးတွေနဲ့ပဲ အဓိက သရုပ်ဆောင်ထားလို့ ငြင်းပယ်ခဲ့ဖူးပါတယ်တဲ့။ဒီကားကို စိတ်ကြိုက်ပုံဖော်နိုင်ဖို့ ဒါရိုက်တာက ကလေးသရုပ်ဆောင်ပေါင်း ၁၀၀၀ ကျော်လောက်နဲ့စမ်းရိုက်ကြည့်ပြီးမှ ဒီအဓိကဇာတ်ဆောင် ကလေးတွေကို ရွေးချယ်ထားတာပါ။ဒါကြောင့်လည်း Season 1 ထုတ်လွင့်ပြီးချိန်မှာ အရမ်းကိုလူကြိုက်များအောင်မြင်ခဲ့ပါတယ်။ဒါကြောင့် Season 2 ထပ်မံရိုက်ကူးထားပါတယ်)...
Narakasura (2023) ⭐TMDB: 0.0% User Score 🎬 #Action #Bollywood #Comedy #Family 🗓 2023 🎞 movie 🌎 # ⏰ 2 နာရီ 15 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Narakasura (2023)“နတ်ဆိုး” IMDb 8.4 ရထားတဲ့ တေလဂူး အက်ရှင်ဇာတ်ကားလေးဖြစ်ပြီး စွန့်လွှတ်ခြင်း၊ အချစ်၊ အာဏာ၊ ရိုမန့်၊LGBT community အစရှိသဖြင့် ခံစားမှုရသစုံလင်အောင် ပရိသတ်ကြီးကို ဖျော်ဖြေပေးနိုင်မယ့်ဇာတ်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ် “နတ်ဘုရားတစ်ပါး မိစ္ဆာအသွင်ပြောင်းသွားရင် သာမန်မိစ္ဆာတွေထက် အဆမတန်ပိုပြီးရက်စက်တတ်တယ်” ဆိုတဲ့ စကားအတိုင်း ဇာတ်လိုက်ကျော် “ရှီဗာ” ရဲ့ အမျက်ဒေါသနဲ့အတူနောက်ဆက်တွဲ လက်စားချေခြင်းတို့ကို တွေ့မြင်ရမှာပါ ဇာတ်လမ်းအစမှာ ငရုတ်ကောင်းခြံတစ်ခြံရဲ့ လူတိုင်းအားထားရတဲ့ အလုပ်သမား “ရှီဗာ”ပျောက်ဆုံးသွားတာကို အားလုံးလိုက်ရှာစုံစမ်းကြရင်း လျှို့ဝှက်ချက်တွေနဲ့ တစ်ဖက်သတ်အချစ်ဇာတ်လမ်းတို့ သိလာကြပြီး… ရှီဗာ့ကိုချစ်တဲ့သူ၊ ရှီဗာက ချစ်တဲ့သူတွေကို လွှတ်တော်အမတ်ရဲ့သားဖြစ်သူ အာဒီနိုင်ဒူကနှောင့်ယှက်လာတဲ့အခါမှာ ပင်ကိုယ်ခွန်အားကြီးပေမယ့် အေးဆေးနေတတ်သူ “ရှီဗာ” တစ်ယောက်နတ်ဆိုးသဖွယ် ဒေါသငယ်ထိပ်တက်သွားခဲ့ပြီး အပျက်အစီး ထိခိုက်မှုတွေ သောင်းပြောင်း ဖြစ်လာခဲ့ချိန်မှာတော့ ။။။ ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာ ခံစားကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ Alex ~ ToMo ~ KKKZ တို့ ဖြစ်ပါတယ်...
Narakasura (2023) ⭐IMDB: 8.3/10 (1 k Votes) 🎬 #Action #Bollywood #Comedy #Family #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 15 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Narakasura (2023)“နတ်ဆိုး” IMDb 8.4 ရထားတဲ့ တေလဂူး အက်ရှင်ဇာတ်ကားလေးဖြစ်ပြီး စွန့်လွှတ်ခြင်း၊ အချစ်၊ အာဏာ၊ ရိုမန့်၊LGBT community အစရှိသဖြင့် ခံစားမှုရသစုံလင်အောင် ပရိသတ်ကြီးကို ဖျော်ဖြေပေးနိုင်မယ့်ဇာတ်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ် “နတ်ဘုရားတစ်ပါး မိစ္ဆာအသွင်ပြောင်းသွားရင် သာမန်မိစ္ဆာတွေထက် အဆမတန်ပိုပြီးရက်စက်တတ်တယ်” ဆိုတဲ့ စကားအတိုင်း ဇာတ်လိုက်ကျော် “ရှီဗာ” ရဲ့ အမျက်ဒေါသနဲ့အတူနောက်ဆက်တွဲ လက်စားချေခြင်းတို့ကို တွေ့မြင်ရမှာပါ ဇာတ်လမ်းအစမှာ ငရုတ်ကောင်းခြံတစ်ခြံရဲ့ လူတိုင်းအားထားရတဲ့ အလုပ်သမား “ရှီဗာ”ပျောက်ဆုံးသွားတာကို အားလုံးလိုက်ရှာစုံစမ်းကြရင်း လျှို့ဝှက်ချက်တွေနဲ့ တစ်ဖက်သတ်အချစ်ဇာတ်လမ်းတို့ သိလာကြပြီး… ရှီဗာ့ကိုချစ်တဲ့သူ၊ ရှီဗာက ချစ်တဲ့သူတွေကို လွှတ်တော်အမတ်ရဲ့သားဖြစ်သူ အာဒီနိုင်ဒူကနှောင့်ယှက်လာတဲ့အခါမှာ ပင်ကိုယ်ခွန်အားကြီးပေမယ့် အေးဆေးနေတတ်သူ “ရှီဗာ” တစ်ယောက်နတ်ဆိုးသဖွယ် ဒေါသငယ်ထိပ်တက်သွားခဲ့ပြီး အပျက်အစီး ထိခိုက်မှုတွေ သောင်းပြောင်း ဖြစ်လာခဲ့ချိန်မှာတော့ ။။။ ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာ ခံစားကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ Alex ~ ToMo ~ KKKZ တို့ ဖြစ်ပါတယ်...
Breathe (2023) ⭐IMDB: 5.9/10 (47 Votes) 🎬 #Bollywood #Thriller #Drama 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 27 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Breathe 2023IMDb – 5.5/10 ဝန်ကြီး မစ္စတာအာဒီတယာဗီရ်မာက ဂေါက်ကွင်းမှာ မူးလဲသွားတာကြောင့်အရေးပေါ်ကုသရင်း Breatheဆေးရုံကိုရောက်သွားခဲ့ပါတယ်။ လူထုကလည်း ဝန်ကြီးဘာဖြစ်လဲအရမ်းကိုသိချင်နေခဲ့ပါတယ်။ဝန်ကြီးက ဆေးရုံရောက်တဲ့အချိန်မှာပဲ ဝန်ကြီးရဲ့ တိတ်တိတ်ပုန်းသားဖြစ်တဲ့အာဘီကလည်း ဝန်ကြီးတက်တဲ့ဆေးရုံရဲ့ အရေးပေါ်ခန်းမှာတက်ရောက်ကုသနေရင်းနဲ့ကျောင်းနေဘက်သူငယ်ချင်းဖြစ်သူ ကာဒါလီနဲ့တွေ့ဆုံခဲ့ပါတယ်။ ဆေးရုံရောက်ပြီးတဲ့နောက်မှာ သူ့ရဲ့ကျန်းမာရေးအခြေအနေကို လူထုကိုတင်ပြရင်းမှားယွင်းစွာတင်ပြထားတာကို သိလိုက်တဲ့ ဝန်ကြီးရဲ့တိတ်တိတ်ပုန်းသားလေးအာဘီကနေ မသင်္ကာဖြစ်ပြီးတော့ သူ့အဖေရဲ့အကြောင်းကို ဘာလို့ဒီလိုတင်ပြရလဲဆိုတဲ့အကြောင်းကို စုံစမ်းရင်းနဲ့ပဲ ဒီဇာတ်လမ်းလေးဖြစ်လာတာဖြစ်ပါတယ်။ အာဘီတစ်ယောက် သူ့အဖေရဲ့ကိစ္စကို စုံစမ်းရင်း နောက်ကွယ်မှာ ဘယ်လိုအရာတွေကိုရှာဖွေတွေ့ရှိသွားမလဲ ………….ဝန်ကြီးကရော ကျန်းမာရေးပြန်ကောင်းလာပါ့မလား …….အာဘီနဲ့ ကာဒါလီတို့ရဲ့ဇာတ်လမ်းကရော ဘယ်လိုဆက်ဖြစ်မလဲ……..အစရှိတာတွေကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Sai~V~ToMo~Yunni တို့ပဲဖြစ်ပါတယ်)...
Korea-Khitan War (2023) ⭐TMDB: 87.0% User Score 🎬 #Drama #War #Politics 🗓 2023 🎞 Series 🌎 #SouthKorea ⏰ 49 မိနစ် 58 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Goryeo-Khitan War (2023)Goryeo-Khitan War (2023)Goryeo-Khitan War သမိုင်းကြောင်းနောက်ခံဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် KBSကနေ ထွက်ရှိလာတဲ့ Historical Drama ကောင်းလေးပါ။ ဒီကားကိုတော့ Korea သမိုင်းရဲ့လူသိများတဲ့ကာလ ၁၁ရာစုအစောပိုင်းတွင်း ဖြစ်ပွားခဲ့တဲ့ Goryeo နဲ့ Khitan စစ်ပွဲအကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ ဂိုလျောရဲ့ ၈ဆက်မြောက် ဘုရင်Hyeonjongလက်ထက်မှာ Khitanတွေကျူးကျော်ဝင်ရာက်လာတဲ့အချိန် ဂိုလျောမှ စစ်အင်အား လူအင်အားစုဆောင်းပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ အားပြိုင်စစ်ပွဲကို သမိုင်းကြောင်းစုံစုံလင်လင်နဲ့ ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။စာရေးဆရာ Gil Seung Soo ရဲ့”Goryeo-Khitan War: Sweet Rain in The Winter” ဆိုတဲ့ novel ကို မှီငြမ်းပြုထားပြီးတော့ သမိုင်းကြောင်းအစစ်အမှန်ကို ရိုက်ကူးပုံဖော်ထားတဲ့အတွက် ဗဟုသုတတွေရဦးမယ့် သုတရသ ဇာတ်လမ်းကောင်းပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ …၁၀ ရာစုပိုင်းတုန်းက ဂေါရန်လူမျိုးတွေ ကြီးစိုးနေတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ဂေါရန်လူမျိုးတွေက ဘာရယ်လူမျိုးတွေကို ချေမှုန်းပြီး နယ်ချဲ့ပြီးခဲ့ချိန်မှာတော့ စစ်မက်အင်အားက တိုးပွားလာခဲ့ပြီပဲ ဖြစ်ပါတယ်။ အရှေ့အာရှမှာတော့ ဆုန်းတိုင်းပြည်လောက် အင်အားကြီးတဲ့ နိုင်ငံ မရှိတော့ပါဘူး။ ဆက်ပြီးတော့ မျက်စိကျနေတာတတော့ ဂိုလျော နိုင်ငံ ပဲ ဖြစ်ပါတယ်။နန်းတွင်းအရေးမှာတော့ မိဖုရားမယ်မယ်ကြီးက လက်ယာအမတ်ချုပ်ရဲ့သားကို နန်းဆက်မင်းသားအဖြစ် နန်းတက်ဖို့ လျာထားတာကို ဘုရင်ကြီး သိသွားတာကနေ နယ်နှင်ဒဏ်ပေးပြီး ဘုန်းကြီးဝတ်ခိုင်းထားတဲ့ မင်းသား ဒယ်ရန်ဂွန်းကို ပြန်လည်ခေါ်ဆောင်ဖို့ စီစဉ်လိုက်ချိန်မှာတော့ ….ဘာသာပြန်တွေကတော့ Joyz, Milkeux, ThantSin, Thae Thae, Kppks တို့ပဲ ဖြစ်ပါတယ်။...
Shootout at Wadala (2013) ⭐IMDB: 6.0/10 (8 k Votes) 🎬 #Action #Biography #Bollywood #Crime #Drama #History 🗓 2013 🎞 movie 🌎 #India ⏰ 2 နာရီ 31 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shootout at Wadala (2013) “ရေကုန်ရေခမ်း”IMDb – 6/10 ရုပ်ရှင်ကားဟောင်းတွေထဲက အကောင်းစားဖြစ်တဲ့ action-crimeအမျိုးအစားဘောလိဝုဒ်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။သရုပ်ဆောင်တွေကို ကြည့်လိုက်မယ်ဆိုရင် အာနေးလ်ကပူးရ်ဂျွန်အီဘရာဟင်မ် မာနို့ဂျ်ဘတ်ဂျ်ပါယီနဲ့ ကန်ဂနားတို့လိုတကယ့် ဘောလိဝုဒ်အကျော်အမော်တွေ ပါဝင်ထားကြပါတယ်။ ရဲကားတစ်စီးပေါ်မှာ သေနတ်ဒဏ်ရာတွေနဲ့ဂန်းစတားကြီးတစ်ယောက်ပြောပြတဲ့ဇာတ်လမ်းကို ရဲအရာရှိတစ်ဦးနားထောင်နေတာကနေ အစပြုပါတယ်။ ဒီဂန်းစတားကြီးက အရင်ကတော့ လိမ္မာယဉ်ကျေးတဲ့ ကောလိပ်ကျောင်းသား တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။အစ်ကိုဖြစ်သူကတော့ လူမိုက်တစ်ယောက်ဖြစ်ပြီး ပြဿနာအမျိုးမျိုးရှာတတ်တဲ့သူတစ်ယောက်။ဒီလိုပြဿနာရှာတတ်တာကြောင့်လည်း လူဆိုးဂိုဏ်းကလိုက်ဖမ်းနေပြီး သူ့ကိုရိုက်နှက်တဲ့အချိန်မှာတော့ညီဖြစ်သူပါ ဝင်ပါပြီး လူတစ်ယောက်အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ အဲဒီကနေ သူ့ဘ၀အပြောင်းလဲကြီး ပြောင်းလဲပြီး အမှောင်ဒုစရိုက်ဂိုဏ်းထဲမှာ ကျင်လည်ကျက်စားတဲ့လူမိုက်ကြီးတစ်ယောက်ဖြစ်လာခဲ့ပုံကနေ ဇာတ်ကြောင်းပြန်ရင်း စိတ်ဝင်စားဖွယ်တင်ဆက်ပေးထားပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Thike Sanပဲဖြစ်ပါတယ်)...
The Legend of Muay Thai: 9 Satra (2018) ⭐IMDB: 7.3/10 (2 k Votes) 🎬 #Action #Adventure #Animation #Fantasy #Family 🗓 2018 🎞 movie 🌎 #Thailand ⏰ 1 နာရီ 46 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “မွေထိုင်းဒဏ္ဍာရီ:လက်နက်ကိုးပါး” မွေထိုင်းတိုက်ကွက်တွေ မြင်တွေ့ရဦးမယ့် ထိုင်းanimation ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါဦးမယ်။ ဇာတ်လမ်းအကျဥ်းကိုပြောပြရရင် ရာမသန်နာခွန်တိုင်းပြည်ကြီးကို ဒေဝယက္ခဦးဆောင်တဲ့ ယက္ခမျိုးနွယ်က သိမ်းပိုက်လိုက်ပြီးနောက်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒေဝယက္ခဟာ တန်ခိုးခွန်အားအလွန်အင်မတန်ကြီးတဲ့အတွက် သာမန်လူသားတွေအနေနဲ့ မလွန်ဆန်နိုင်တာမလို့ ရာမသန်နာခွန်တပ်တော်ဟာ စစ်ရှုံးခဲ့ရပြီး ပြည်သူပြည်သားများလည်း ဒုက္ခအတိရောက်ခဲ့ရပါတယ်။ ဒီအခြေအနေမျိုးမှာ ဒေဝယက္ခကိုတော်လှန်နိုင်မယ့် ဟောကိန်းတစ်ခုလည်းမွေးဖွားလာခဲ့ပါတယ်။ ဒါကတော့ နက္ခတ်ကောင်းတို့စုစည်းချိန်မှာ မွေးဖွားမယ့်ကလေးဟာ… မွေထိုင်းပညာနဲ့ လက်နက်တော်ကိုးပါးကိုအသုံးပြုပြီး ဒေဝယက္ခကိုကျရှုံးအောင် တော်လှန်မယ်ဆိုတာပါပဲ။ ဒီဟောကိန်းအမှန်တကယ်မဖြစ်လာဖို့အတွက် ဒေဝယက္ခဟာ မွေထိုင်းကျောင်းတော်တိုင်းကိုဖျက်ဆီးပြီး၊ နက္ခတ်ကောင်းတို့ စုစည်းချိန်မှာ မွေးတဲ့ကလေးတိုင်းကို ဖမ်းဆီးကာထောင်သွင်း အကျဥ်းချထားပါတယ်။ ပြီးတော့ မှော်ဝင်လက်နက်တော်ကိုလည်းရှာဖွေကာ ဖျက်ဆီးဖို့ကြံပါတော့တယ်…။ သို့ပေမဲ့ ရာမသန်နာခွန်ပြည့်ရဲ့ တော်ဝင်စစ်သူကြီးပန်ဟာ မှော်ဝင်လက်နက်တော်နဲ့ ကလေးငယ်တစ်ယောက်ကို ခေါ်ဆောင်ကာ အဝေးတစ်နေရာကို တိမ်းရှောင်သွားခဲ့ပါတယ်။ ဒါကတော့ ဒဏ္ဍာရီလေးရဲ့ နိဒါန်းပဲဖြစ်ပါတယ် ဒီလိုနဲ့နှစ်ပေါင်းများစွာအကြာမှာ ဒေဝယက္ခကို စိန်ခေါ်မယ့် မွေထိုင်းပညာရှင်လေးက ဘယ်သူများဖြစ်မလဲ.. လက်နက်တော်ကိုးပါးကိုအသုံးချပြီး ဘယ်လိုအနိုင်ယူ တော်လှန်သွားမလဲဆိုတာတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ။...
Rob N Roll (2024) ⭐TMDB: 67.0% User Score 🎬 #Action #Crime 🗓 2024 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 38 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဟောင်ကောင်မင်းသားကြီး Aaron Kwokတစ်ယောက်သွားခေါကြီးနဲ့အထာကျကျကြမ်းတဲ့ အက်ရှင်ဟာသကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။Gordon Lam နဲ့ Richie Jenတို့လိုဝါရင့်မင်းသားကြီးတွေလဲ အတူတွဲသရုပ်ဆောင်ထားပါသေးတယ်။ အဖြစ်မရှိတဲ့လူလတ်ပိုင်းတွေဖြစ်တဲ့အားဟွေးနဲ့အားစုံဟာအရမ်းကြပ်တည်းနေတဲ့အချိန် အားဟွေးမျက်စိရှေ့မှာဖြစ်သွားတဲ့ဓားပြမှုမှာ ဓားပြတွေပိုက်ဆံအများကြီးယူသွားတာကိုအားကျပြီး ဓားပြတိုက်ဖို့ကြံစည်ကြတယ်။ အဲဒီအချိန်မှာ အားဟွေးအားကျတဲ့ဓားပြမှုရဲ့ ဓားပြကြီးကတော့ ပြေးရင်းလွှားရင်းငွေအိတ်ကြီးပျောက်သွားတဲ့အတွက် ခေါင်းမီးတောက်အောင်လိုက်ရှာရင်း သူတို့နှစ်ယောက်နဲ့သွားဆုံပါတယ်။အကြောင်းအမျိုးမျိုးကြောင့် (၃)ယောက်သားဓားပြအတူပြန်တိုက်ဖို့ဖြစ်သွားခဲ့ကြတယ်။သူတို့ရဲ့နောက်မှာကတော့ အမှုအကြီးကြီးကိုအရမ်းလိုက်ချင်နေတဲ့ရဲမေတစ်ယောက်ရှိနေပြီး ဒီဓားပြတွေကို မဖြစ်ဖြစ်တဲ့နည်းနဲ့ဖမ်းဆီးနိုင်ဖို့ကြိုးစားနေတယ်။ တိုက်တိုက်ဆိုင်ဆိုင် လွဲချော်နေကြတဲ့ သူတို့တွေဟာ ဘယ်လိုဖြစ်လာကြမလဲ…….ဒီဇာတ်ကားမှာ မင်းသားကြီးတွေဖြစ်နေပေမယ့်ဇာတ်လမ်းကအရမ်းကြီးလေးပင်မနေပဲပေါ့ပေါ့ပါးပါးခံစားလို့ကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။...
Mercy Falls (2023) ⭐IMDB: 4.2/10 (514 Votes) 🎬 #Horror #Thriller 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 44 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Thriller suspense vibeအပြည့်နဲ့ တောနက်ထဲလမ်းပျောက်တဲ့ လူသတ်ကားမျိုး ကြည့်ချင်သူတွေအတွက် Mercy Falls ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ထုံးစံအတိုင်းပဲ လူသူမရှိတဲ့တောအုပ်ထဲကို စပ်စပ်စုစုနဲ့သွားမယ့် သူငယ်ချင်းတစ်စုနဲ့ ဇာတ်လမ်းလေးကို အစပျိုးထားပါတယ်။ တစ်ချိန်ကဖြစ်ရပ်တစ်ခုကြောင့် အဖေနဲ့ဝေးကွာခဲ့ရတဲ့ ရိုနာဆီကို ရောက်လာတာကတော့ အဖေကအမွေပေးခဲ့တယ်ဆိုတဲ့ မာစီရေတံခွန်ရှိတဲ့ တောထဲက သစ်လုံးအိမ်တစ်လုံး၊ အဖေနဲ့ပတ်သက်တဲ့အမှတ်တရတွေရှိခဲ့တဲ့ တောအုပ်လေးလည်းဖြစ်၊ အဖေ့ရဲ့တစ်ခုတည်းသောအမွေလေးဆိုတော့ ရိုနာတစ်ယောက် ဒီသစ်လုံးအိမ်လေးကို သွားကြည့်ချင်စိတ်တွေ တဖွားဖွားပေါ့။ ဒီလိုနဲ့ပဲ ရိုနာတို့သူငယ်ချင်းတစ်စု မာစီရေတံခွန်နဲ့ မိုင် ၂၀ အကွာ တောအုပ်ထဲက သစ်လုံးအိမ်ကိုရှာဖို့ ခရီးစထွက်ဖြစ်ကြတာပေါ့။ ဒါပေမဲ့ ရိုနာတစ်ယောက် ဒီတောအုပ်လေးကိုစွန့်ခွာခဲ့တာ နှစ်တွေကြာပြီဆိုတော့ သစ်လုံးအိမ်ဆီမရောက်ဘဲ ထုံးစံအတိုင်းပဲ တောထဲလမ်းပျောက်ကြပါတော့တယ်။ ဒီလိုဒုက္ခရောက်နေချိန်မှာ ကယ်တင်ရှင်ကာလာဆိုတဲ့မိန်းကလေးပေါ်လာပြီး သူတို့ကို သစ်လုံးအိမ်ကို လမ်းပြခေါ်ဆောင်ပေးမယ်လို့ ပြောလာပါတယ်။ ဘယ်နေရာမှန်းမသိတဲ့နေရာမှာပေါ်လာတဲ့ ဘယ်သူမှန်းမသိတဲ့သူဖြစ်ပေမဲ့ လမ်းပျောက်နေတဲ့သူတစ်စုအတွက်တော့ ကန္တာရထဲ တံလျှပ်ပေါ်သလို အပျော်ကြီးပျော်ကြတာပေါ့။ ဒါပေမဲ့ ပြဿနာကိုယ်စီနဲ့ အချိတ်အကောက်လေးတွေနဲ့ ဘုရားစူးသူငယ်ချင်းလေးတွေဆိုတော့ ကတောက်ကဆဖြစ်ရင်း စတော့တ်တစ်ယောက် အန်ဒီကို ပြင်းပြင်းထန်ထန်ဒဏ်ရာရအောင် လုပ်မိသွားတဲ့အခါ… အကူအညီလည်းတောင်းမရ ဖုန်းလိုင်းကမမိ ဘယ်ရောက်လို့ရောက်နေမှန်းမသိရတဲ့ထဲ မချိမဆံ့ဝေဒနာခံစားနေရတဲ့အန်ဒီကို ကာလာတစ်ယောက် ဘယ်သူမှမထင်ထားတဲ့လုပ်ရပ်တစ်ခု လုပ်ချလိုက်တဲ့အခါမှာတော့…. အတော်လေးနောက်ကျမှပဲ သံသယဝင်ဖို့သတိရသွားတဲ့ ဒီလူတစ်စု ယုံမှားလို့ပုံအပ်မိတဲ့တန်ကြေးကို ဘယ်လိုပေးဆပ်ရမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။...
438 Days (2019) ⭐IMDB: 6.7/10 (3 k Votes) 🎬 #Drama #Thriller #History 🗓 2019 🎞 movie 🌎 #Sweden ⏰ 2 နာရီ 3 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နိုင်ငံတကာသတင်းထောက်ဆိုတဲ့အလုပ်ကိုကြားရတာ ခရီးလေးသွားလိုက် ဓာတ်ပုံလေးရိုက်လိုက် အင်တာဗျူးလေး လုပ်လိုက်နဲ့ လွယ်ကူမယ်လို့ထင်ရပေမဲ့ တကယ်တမ်းလက်တွေ့ ဘ၀မှာတော့ အရမ်းခက်ခဲပြီးတော့ စွန့်စားရပါတယ်။ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ဒီအလုပ်အပေါ်မှာ နှစ်မြှုပ်ထားမှလုပ်နိုင်မဲ့ အရမ်း ခက်ခဲတဲ့အန္တရာယ်များတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းမှာလည်း နိုင်ငံတကာသတင်းထောက်တွေ အဖမ်းခံရတာ အသတ်ခံရတာ ပျောက်ဆုံးသွားတာတွေအပြင် တခြားသမိုင်းတွေ အများကြီးကိုမျက်မြင်ကိုယ်တွေ့ တွေ့ကြုံခဲ့ရပြီးပါပြီ။ အခုတင်ဆက်ပေးမှာကတော့ ဒီလိုခက်ခဲကြမ်းတမ်းတဲ့အလုပ်ကို လုပ်ရင်းနဲ့ အီသီယိုးပီးယားနိုင်ငံမှာ ၄၃၈ ရက်အဖမ်းခံခဲ့ရတဲ့ဆွီဒင်နိုင်ငံက သတင်းထောက်နှစ်ယောက်အကြောင်းကိုရိုက်ကူးထားတဲ့ 438 Days ဆိုတဲ့ 2019 ခုနှစ်က ထွက်ရှိခဲ့တဲ့ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။မာတင်နဲ့ဂျိုဟန်ဆိုတဲ့ ဆွီဒင်သတင်းထောက် နှစ်ယောက်က အီသီယိုးပီးယားနိုင်ငံမှာ လွန်ဒင်ဆိုတဲ့ရေနံကုမ္ပဏီ အကြောင်းကို စုံစမ်းဖို့အတွက် ၂၀၁၁ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှာ ဆိုမားလီးယားကနေ အီသီယိုးပီးယားကိုတရားမဝင်နယ်စပ် ဖြတ်ကူး ခဲ့ကြပါတော့တယ်။သူတို့ချည်းပဲ ဒီအတိုင်းသွားဖို့ဆိုတာမဖြစ်နိုင်တဲ့ အတွက် ONLF ဆိုတဲ့ အကြမ်းဖက်အဖွဲ့အစည်းရဲ့ အကူအညီနဲ့ ဖြတ်ကူးခဲ့ကြပါတယ်။ဒါပေမယ့်ကံမကောင်းစွာနဲ့ပဲ အီသီယိုးပီးယား စစ်တပ်က သူတို့ကိုဖမ်းမိသွားပြီး နယ်စပ်ကိုတရားမဝင်ဖြတ်ကူးမှုနဲ့ အကြမ်းဖက်အဖွဲ့အစည်းမှာ ပါဝင်တယ်ဆိုပြီး နာမည်တပ်ကာ ထောင်ထဲကို ပို့လိုက်ပါတော့တယ်။ဒီလိုနဲ့ထောင်ကျသွားခဲ့ပြီးနောက်မှာ သူတို့ကိုလွတ်မြောက်အောင် ကူညီပေးဖို့ဆွီဒင်အစိုးရက ကြိုးစားပုံ တွေနဲ့ ထောင်ထဲမှာနေရတဲ့ငရဲလိုမျိုး ၄၃၈ ရက်တာကိုကြည့်ရှုရမဲ့ IMDb Rating 6.7 ရရှိထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားပဲဖြစ်ပါတယ်။...
Terminator Salvation (2009) ⭐TMDB: 61.0% User Score 🎬 #Action #Adventure #SciFi #ScienceFiction #Thriller 🗓 2009 🎞 movie 🌎 #Germany #Italy #USA #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Terminator ဇာတ်ကားတွေထဲက key word တွေ ရှာကြည့်ရမယ်ဆိုရင်တော့ သတ်ဖြတ်ရေးမုဆိုး၊ တီ ၁၀၀၀၊ ဘာညာ အဲဒါတွေ ကြားထဲကမှ အခုပြောမယ့် key word ကတော့ စိမ့်ဝင်ပူးတွဲနေထိုင်ခြင်းတဲ့။ ဟုတ်ပါတယ်။ စက်တွေက လူသားနဲ့ သိပ်ကိုနီးနီးစပ်စပ်တူတဲ့ စက်ရုပ်တွေကို လူတွေထဲစိမ့်ဝင်၊ အလစ်အငိုက်ဖမ်းပြီး သတ်ဖြတ်တတ်ကြတယ်။ ဒါပေမဲ့ လူတွေက တစ်နည်းမဟုတ် တစ်နည်းနဲ့ အဲဒီစက်ရုပ်တွေကို ခွဲခြားနိုင်ခဲ့ပါတယ်။ ဒီတော့ စကိုင်းနက်ရဲ့ စိမ့်ဝင်ရောနှောလုပ်ကြံရေး လုပ်ဆောင်မှုတွေအားလုံး မအောင်မမြင် ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းမှာတော့ စကိုင်းနက်က သူမတူအောင် ထူးချွန်ပြီး လူသားတွေ လုံးဝမရိပ်မိနိုင်တဲ့၊ အစွမ်းအထက်ဆုံး စိမ့်ဝင်ရောနှောရေးစက်ရုပ်တစ်ရုပ်ကို လွှတ်လိုက်ပါတယ်။ သူ့ရဲ့တာဝန်ကတော့ ဂျွန် ကော်နာ ဆိုတာ ဖြစ်မလာရေးအတွက် သူ့ရဲ့ဖခင် ကိုင်းလ် ရိစ် ကို လုပ်ကြံရေးပါပဲ။ အသိဉာဏ် သိပ်ကိုထက်မြက်နေပြီး လူသားစိတ်ပညာကို ကျွမ်းကျင်တဲ့ စကိုင်းနက်က လူသားတွေအပေါ် mind game ကစားလို့ တော်လှန်ရေးအဖွဲ့တစ်ခုလုံး မျိုးပြုတ်စေရေး အစီအစဉ်ဆွဲလာတယ်။ လူသားတွေဘက်ကလည်း စကိုင်းနက်ပြုတ်ကျစေရေး အကောင်းဆုံးလက်နက်ကို ရှာဖွေတွေ့ရှိလို့ အပြီးတိုင် ချုပ်ငြိမ်းစေရေး ချီတက်လာကြတယ်။ ဒီလိုနဲ့ ဂျွန် ကော်နာ နဲ့ ကိုင်းလ် ရိစ် ရဲ့ကြားမှာ မထင်မရှား သေဒဏ်ကျ အကျဉ်းသားတစ်ယောက် အမှတ်မထင် ပါဝင်လာရတဲ့အခါမှာ ဖြစ်ပုံပျက်ပုံအစုံစုံကို ရှုစားကြရပါမယ်။ မင်းသားကြီး အာနိုး မပါတော့ပေမယ့် Terminator ဇာတ်ကားအရသာတော့ မပျက်သေးတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါကြောင်း။...
