es
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Not Safe for Work (2014) ⭐IMDB: 5.8/10 (5 k Votes) 🎬 #Action #Thriller 🗓 2014 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 14 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂျွန်ဖာဂူဆန်ဟာ ဒန်နင်းဆိုတဲ့ ထိပ်သီးဆေးကုမ္ပဏီကြီးတစ်ခုရဲ့မသမာမှုတွေကိုဖွင့်ချခဲ့သူဖြစ်ပြီး ကုမ္ပဏီအပေါ်ထိရောက်တဲ့အရေးယူမှုတွေရှိမလာတာကြောင့် အလုပ်အမှုဆောင်တစ်ချို့ကိုပစ်သတ်ပြီး သူ့ကိုယ်သူပါသေကြောင်းကြံသွားခဲ့ပါတယ်။ တွမ်မီလာဆိုတာကတော့ တရားရေးလက်ထောက်တစ်ယောက်ဖြစ်ပြီး ဒန်နင်းအမှုကိုကိုင်တွယ်နေတဲ့ Law Firm တစ်ခုမှာအလုပ်လုပ်နေပါတယ်။ တစ်ညနေမှာတော့ အလုပ်ကအပြန်မသင်္ကာစရာပုဂ္ဂိုလ်တစ်ချို့ကိုတွေ့လို့ရုံးခန်းပေါ်ပြန်အတက်မှာ လူသတ်သမားတစ်ယောက်ဟာ သူတို့ရုံးခန်းထဲမှာအလုပ်ချိန်ကျော်လွန်ပြီး ကျန်နေသေးတဲ့လူတွေကိုလုပ်ကြံသတ်ဖြတ်နေကြောင်းသိလိုက်ရပါတော့တယ်။ လူသတ်သမားဟာ အချိန်ပိုဆင်းတဲ့လူတွေကိုကြည့်မရတာကြောင့်လား?ဘယ်သူတွေနဲ့ရန်ညှိုးရန်စရှိနေမလဲ? ဒါမှမဟုတ် နူတ်ပိတ်သတ်ဖြတ်မှုတစ်ခုခုလား ဆိုတာဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရမယ့် thriller ကားတစ်ကားဖြစ်ပါတယ်။
...

Motel Destino (2024) ⭐IMDB: 6.7/10 (642 Votes) 🎬 #Adult #Drama #Romance #Thriller 🗓 2024 🎞 movie 🌎 #Brazil #France #Germany #UnitedKingdom ⏰ 1 နာရီ 55 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating (6.8) / Rotten Tomatoes (67%) (ပွင့်လင်းမြင်သာသော အဖော်အချွတ် ဇာတ်ဝင်ခန်းများစွာ ပါဝင်သောကြောင့် ကလေးသူငယ်/မိသားစုနှင့် ကြည့်ရန်မသင့်ကြောင်းပါ) အယ်ရာဒိုဆိုတာက ဘရာဇီးနိုင်ငံ မြို့လေးတစ်မြို့ရဲ့ လမ်းပေါ်က ကောင်ဇိုးလေးတစ်ယောက်ပေါ့။ အစ်ကို ဖြစ်သူနဲ့ အန္တရာယ်များတဲ့ အလုပ်လေးတွေ လုပ်ကိုင်ကြရသူတွေ။ တစ်ရက်ကျ အယ်ရာဒိုတစ်ယောက် တဏှာရာဂနောက် လိုက်ခဲ့မိလို့ ကံဆိုးမှုတစ်ခု ကြုံတွေ့ရပြီး ထွက်ပြေးဖို့ ဖြစ်လာတဲ့အခါမှာ ဒီ မိုတယ်လေးကို အကူအညီလာတောင်းပါတော့တယ်။ မိုတယ်ကို ဦးစီးနေတာက အသက်အရွယ်ရ လင်မယားနှစ်ယောက်ရယ် တခြားတစ်ဦးရယ် ဒါပဲ ရှိပါတယ်။ အယ်ရာဒိုဆိုတာ ဘာအလုပ်နေနေ လက်ကြောတင်းအောင် လုပ်တတ်သူ ဖြစ်တာကြောင့် မိုတယ်လေးမှာ နေရာတစ်ခု ရလာပြီး ဒီ မိုတယ်လေးထဲမှာ ဘယ်လိုမျိုး ရင်ခုန်စိတ်လှုပ်ရှားဖွယ် အဖြစ်အပျက်တွေ ဆက်ဖြစ်လာမလဲဆိုတာကို ကြည့်သွားရမယ့် ဘရာဇီးရုပ်ရှင်ကားလေးတစ်ကား ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်)
...

Scooby-Doo 2: Monsters Unleashed (2004) ⭐TMDB: 61% User Score 🎬 #Adventure #Animation #Comedy #Mystery #Fantasy 🗓 2004 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးမယ့်ကားလေးကတော့ ငယ်ငယ်တုန်းကနေ အခုထိ လူကြိုက်များဆဲဖြစ်တဲ့ Scooby Doo ရဲ့ Live action movie 2 လေးပဲဖြစ်ပါတယ်… ဖရက်၊ ဒက်ဖ်နီ၊ ဗဲလ်မာ၊ ရှက်ဂီနဲ့ စကူဘီတို့က လျှို့ဝှက်ဆန်းကြယ်တဲ့အမှုတွေကို ဖြေရှင်းရင်းနဲ့ နာမည်ကျော် လူသိများလာကြတဲ့ လူငယ်အဖွဲ့လေးတစ်ခုပဲဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့နှိမ်နင်းလာခဲ့သမျှ လူဆိုးတွေရဲ့ ဝတ်စုံတွေကို ပြတိုက်တစ်ခုမှ လှူဒါန်းခင်းကျင်းပြသဖို့ ဖြစ်လာပါတယ်။ ဒါပေမဲ့ ပြတိုက်ဖွင့်ပွဲရက်မှာပဲ ဖရက်တို့ရဲ့ ရန်သူဟောင်းကြီး တာရိုဒက်တိုင်လ်သရဲဟာ ပြန်ပေါ်လာပြီး ဝတ်စုံနှစ်ခုကို မျက်စိရှေ့တင် ခိုးသွားပါတော့တယ်။ နာမည်ကျော်စုံစမ်းရေးအဖွဲ့ဖြစ်တဲ့ ဖရက်တို့ရှေ့မှာပဲ ဖြစ်ပွါးသွားတဲ့အတွက် သတင်းထောက်တွေက ဖရက်တွေရဲ့ အမှုဖြေရှင်းနိုင်စွမ်းကို မေးခွန်းထုတ်လာပါတော့တယ်။ ဖရက်တို့အပေါ် ပြည်သူတွေရဲ့အားပေးမှုကကျဆင်းလာတဲ့အတွက် နာမည်ပြန်ရအောင် တရားခံဖမ်းဖို့ စုံစမ်းနေချိန်မှာပဲ ပြတိုက်ဟာ ဓားပြအတိုက်ခံရပြန်ပါတော့တယ်။ ဒီလိုနဲ့ နာမည်ပျက်ပြီးရင်း ပျက်လာတဲ့ဖရက်တို့အုပ်စုဟာ အရင်လို တရားခံကို တကယ်ပဲဖမ်းဆီးဖော်ထုတ်နိုင်ပါဦးမလား… တရားခံကရော ဘယ်လောက်အတိုင်းအတာအထိ ဆိုးသွမ်းဦးမလဲ… မြို့နေပြည်သူတွေရဲ့ ယုံကြည်မှုကို ပြန်လည်အရယူနိုင်ဖို့ ဖရက်တို့ငါးယောက်ရဲ့ ကြိုးပမ်းမှုတွေ အလွဲတွေကို ရယ်မောရင်း ဆက်လက်ကြည့်ရှုလိုက်ကြပါစို့
...

Khushi (2003) ⭐TMDB: 56% User Score 🎬 #Action #Bollywood #Comedy #Drama #Romance 🗓 2003 🎞 movie 🌎 #India ⏰ 2 နာရီ 44 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Khushi (2003)”ခူရှီ”=============== မင်းသမီးကြီး ကရီနာကပူးရ်ရဲ့ လှသွေးအကြွယ်ခဲ့ဆုံးအချိန်တုန်းကရိုက်ကူးခဲ့တဲ့အချစ်ဟာသ ရွမ်ကွမ်ရုပ်ရှင်ကားဟောင်းလေးတစ်ခုကိုCM Bollywood Team ကနေ ပြန်လည်တင်ဆက်ပေးချင်ပါတယ်။ ချစ်ခြင်းမေတ္တာဟာ ဆန်းကျယ်ပါတယ်။မတူညီတဲ့အခြေအနေတွေနဲ့ အဝေးကြီးမှာရှိနေတဲ့လူနှစ်ယောက်ကိုစစ်မှန်တဲ့ချစ်ခြင်းမေတ္တာဟာ ပေါင်းဖက်ပေးနိုင်တယ်။ ဒီရုပ်ရှင်ထဲမှာလည်း ကိုလ်ကာတာမြို့သားလေး ကာရန်နဲ့ တခြားပြည်နယ်တစ်ခုရဲ့ ရွာလေးတစ်ရွာကခူရှီဆိုတဲ့ကောင်မလေးဟာ မတူညီတဲ့အခြေအနေတွေနဲ့ အဝေးကြီးမှာရှိနေတဲ့လူနှစ်ယောက်ပေါ့။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ မွေးလာတဲ့အချိန်ကတည်းက ဆုံဆည်းဖို့အတွက် ကံကြမ္မာကစီမံပေးတာခံထားရတဲ့သူတွေပါ။ကနေဒါကိုသွားဖို့လုပ်နေတဲ့ ကာရန်နဲ့ ကိစ္စတစ်ခုကနေ ထွက်ပြေးဖို့ကြိုးစားနေတဲ့ ခူရှီတို့ ဘယ်လိုဆုံဆည်းပြီးကံကြမ္မာစေရာနောက် ဘယ်လိုလိုက်ကြမလဲဆိုတာကို ဒရာမာနဲ့ ဟာသလေးတွေအချိုးကျရောထားတဲ့ ဒီအချစ်ရုပ်ရှင်လေးထဲမှာ မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...

Johnny Puff: Secret Mission (2024) ⭐IMDB: 5.1/10 (316 Votes) 🎬 #Animation #Family 🗓 2024 🎞 movie 🌎 #Spain #Italy #UnitedStates ⏰ 1 နာရီ 24 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပေါ့ပေါ့ပါးပါး သားသားမီးမီးတို့ကြည့်ဖို့ကာတွန်းကားလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ကာတွန်းကားလေးရဲ့ နာမည်ကတော့ Johnny Puff : Secret Mission ဖြစ်ပြီး 2020 တုန်းက ထွက်ရှိခဲ့တဲ့ Puffins ဆိုတဲ့ တီဗီ Series လေးရဲ့ အဆက်ဖြစ်ပါတယ်။ဇာတ်ကားနာမည်က Johnny Puff ဖြစ်သလို အသံသရုပ်ဆောင်ကလည်း ဂျက်စပဲရိုးသရုပ်ဆောင် Johnny Depp ပဲ ဖြစ်ပါတယ်။ ဒီကာတွန်းကားလေးရဲ့အဓိကဇာတ်ဆောင်တွေကတော့ ပင်လယ်ပျော် ငှက်ကလေး ၄ ကောင်နဲ့ သူတို့ရဲ့ရန်သူတော်အင်ဂျင်နီယာ ဖျံကြီးတို့ပဲ ဖြစ်ပါတယ်။အဲ့ဒီပင်လယ်ပျော်ငှက်ကလေး ၄ ကောင်ကစွန့်စားခန်းတွေ ထွက်ရတာကြိုက်ပြီး တစ်နေ့မှာတော့ ဥက္ကာခဲကြီးတစ်ခုနဲ့တွေ့ကာ တစ်ကောင်ကိုအစွမ်းတစ်မျိုးစီရခဲ့တဲ့စူပါငှက်ကလေးတွေဖြစ်တဲ့အတွက် သူတို့ရဲ့ရန်သူတော် လူဆိုးဖျံကြီးက သူတို့ကိုနှောင့်ယှက်ဖို့ပစ္စည်းတစ်ခု တီထွင်လိုက် မအောင်မြင်လိုက်နဲ့လုံးလည်ချာလည်လိုက်နေပုံတွေကို ရယ်စရာရိုက်ကူးထားတာဖြစ်တဲ့အတွက် သားသားမီးမီးတွေသဘော ကျမဲ့ကာတွန်းကားလေးတစ်ကားပဲဖြစ်ပါတယ်။
...

Cut (2000) ⭐TMDB: 44% User Score 🎬 #Horror #Mystery #Thriller 🗓 2000 🎞 movie 🌎 #Australia ⏰ 1 နာရီ 23 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လွန်ခဲ့တဲ့ ၁၂ နှစ်တုန်းက Hot Blooded ဆိုတဲ့ လူသတ်သမား ရုပ်ရှင်တစ်ကားဟာ ရိုက်ကူးနေရင်း လူသေဆုံးမှုတွေ ရှိခဲ့လို့ ရိုက်ကူးရေး ရပ်နားခဲ့ပြီး တန်းလန်းကြီး ဖြစ်နေခဲ့ပါတယ်။ ကျိန်စာသင့်နေသလို ကြားကာလတွေမှာလည်း ဆက်ရိုက်ဖို့ လုပ်ခဲ့ကြတဲ့လူတွေဟာ ဒုက္ခတစ်သိန်း ရောက်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း အနုပညာတက္ကသိုလ်က လူငယ်တသိုက်ကတော့ ဆရာဖြစ်သူ တားနေတဲ့ကြားကနေကို ဇွတ်အတင်းတွေ ဒီဇာတ်လမ်းကို ပြန်ဝယ်ယူတယ် နောက်ပြီး အရင်ရုပ်ရှင်က မင်းသမီးကြီးကို ပြန်ခေါ်ပြီး ကျိန်စာသင့်ရုပ်ရှင်ဇာတ်ကားကို အကောင်အထည်ဖော်ဖို့ လုပ်ကြတဲ့အခါမှာတော့ ဘယ်လိုမျိုး ထိတ်လန့်စရာတွေနဲ့ ကြုံလာရမလဲ နောက်ကွယ်မှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုပြီး သည်းထိပ်ရင်ဖိုစွာနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (အသတ်အဖြတ်ခန်းများ သွေးသံတရဲရဲနှင့် ပြကွက်များ ရှင်းလင်းသောကြောင့် မကြည့်ရှုခင် သတိချပ်စေလိုပါသည်)
...

The Air He Breathes (2024) ⭐IMDB: 6.4/10 (174 Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Elizabeth ဟာ ယောကျ်ားဖြစ်သူ Steven ကို ကားတိုက်မှု တစ်ခုမှာ ဆုံးရှုံးလိုက်ရပြီး သမီးလေးဖြစ်သူ Emma နဲ့ အတူ တခြားတစ်နေရာမှာ ပြောင်းရွှေ့ဖို့ စီစဥ်ခဲ့ပါတယ်။ လမ်းမှာ ခွေးလေးတစ်ကောင်ကို မတော်တဆ တိုက်မိရာမှ ခွေးပိုင်ရှင် Tristan ဆိုသူနဲ့ သိကျွမ်းခဲ့ပြီး Tristan ကလည်း သူနဲ့ အိမ်နီးချင်း ဖြစ်နေပါတယ်။ Tristan ကလည်း ဇနီးနဲ့ သားဖြစ်သူကို ဆုံးရှုံးထားရသူ ဖြစ်ပြီး Elizabeth အိမ်ရှေ့က မြက်ခင်းကို ကူရိတ်ပေးရင်းနဲ့ နှစ်ယောက်သား ရင်းနှီးလာပါတယ်။ Elizabeth နဲ့ Tristan အိမ်ထောင်ဖက် ကိုယ်စီ ဆုံးရှုံးထားရသူတွေဖြစ်လို့ အချင်းချင်း ရင်ဖွင့်ရင်း တစ်ယောက်နဲ့ တစ်ယောက် ချစ်ကျွမ်းဝင်သွားကြပါတယ်။ Romance movie ကြည့်တတ်တဲ့သူတွေတော့ သဘောကျလောက်ပါတယ်။
...

My Own Sky (2007) ⭐TMDB: 0% User Score 🎬 #Bollywood #Drama #SciFi #ScienceFiction 🗓 2007 🎞 movie 🌎 #India ⏰ 1 နာရီ 42 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Apna Asmaan(2007)“သင်းကွဲငှက်” IMDb 6.1မင်းသား Arrfan Khan ရဲ့ ဟင်ဒီဒရာမာရုပ်ရှင်အဟောင်းလေးကို ပြန်လည်တင်ဆက်လိုက်ပါတယ် ဘူဒီဆိုတဲ့ အော်တင်ဇင် ဝေဒနာရှင်ကလေးဟာဉာဏ်ရည်မဖွံဖြိုးတဲ့အတွက် ကျောင်းတွေကလည်းလက်မခံသလို လူတချို့ကလည်း သူ့ကိုအနိုင်ကျင့်ချင်ကြပါတယ် သူ့အဖေအမေတို့ဟာလည်း ဒါကြောင့်ပဲ အိမ်ထောင်ရေး အဆင်မပြေဖြစ်နေတာပေါ့ ဒေါက်တာဆပ်တရာဆိုသူက Brain Booster ဆိုတဲ့ ဆေးတစ်မျိုးကိုမျောက်ဝံတွေမှာ စမ်းသပ်တီထွင်လိုက်တဲ့အခါမှာတော့ဘူဒီ့မိဘတွေဟာ အဲဒီဆေးကို သူတို့သားလေးကို ထိုးပေးခဲ့တယ် ဒီလိုနဲ့ ဉာဏ်ရည်မြင့်တဲ့ကလေးတစ်ယောက် ဖြစ်လာခဲ့ပေမယ့်မထင်မှတ်ထားတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဘယ်လိုရှိလာမှာလဲသူတို့မိသားစု ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကတော့ အညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ KKKZ ~ Alex ~ ToMo တို့ပဲ ဖြစ်ပါတယ်
...

Nine Colors Deer King (2022) ⭐TMDB: 75% User Score 🎬 #Adventure #Fantasy #Drama #Mystery 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 11 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်ကားနာမည် – ဒဏ္ဍာရီလာ ကိုးရောင်ခြယ်သမင် ❏ ထူးဆန်းတဲ့ရောဂါကဒ်ဆိုးကြီး ပျံ့နှံ့နေတဲ့ဟွမ်းရီ ဆိုတဲ့ရွာကလေးကို ကယ်တင်ဖို့အတွက်ဒဏ္ဍာရီထဲက ကိုးရောင်ခြယ်သမင်ကိုရှာဖို့ဆုံးဖြတ်ခဲ့တဲ့ တောင်ရဲ့ အစောင့်အရှောက်ဖြစ်သူ – ချန်ရှန်း ❏ ငယ်ငယ်လေးကတည်းက ဉာဏ်ကောင်းပြီးချစ်ဖို့ကောင်းတဲ့ အသွင်အပြင်ရှိသူ / ဖခင်ရဲ့ရုပ်သေးပြပွဲတွေနောက်ကို တောက်လျှောက်လိုက်ရင်းရုပ်သေးကြိုးဆွဲ အတတ်ပညာရှင်တစ်ယောက်ဖြစ်ဖို့ အိမ်မက်မက်နေသူလေး – ကွိုင်လီ ရုပ်သေးပြပွဲတွေကို မနှစ်သက်တဲ့ လနိုင်ငံတော်အရှင်သခင်ရဲ့တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့်ဖခင်ကိုပါဆုံးရှုံးလိုက်ရသလို အိမ်မက်တွေကိုပါတစ်ပြိုင်နက်ထဲ စွန့်လွှတ်လိုက်ရတဲ့အခါမှာတော့…..? လက်စားချေလိုတဲ့ အညှိုးအတေးတွေ အမုန်းအာဃာတတွေကြောင့်နတ်ဆိုးအရှင်မ ဆိုတဲ့ ဂုဏ်ပုဒ်ကို ကွိုင်လီ ဟာခံယူခဲ့ပါတော့တယ်လနိုင်ငံတော်ကို ထိန်းချုပ် လှုပ်ကိုင်ဖို့ နဲ့ သူမရဲ့မကောင်းတဲ့စွမ်းအားတွေ ပိုမိုအားကောင်းလာစေဖို့အတွက်နတ်ဆိုးအရှင်မ ကွိုင်လီဟာလဲကိုးရောင်ခြယ်သမင်ကို မြေလှန်ကာရှာဖွေလို့နေခဲ့ပါတော့တယ် လနိုင်ငံတော်ရဲ့ မင်းသားတစ်ပါးဖြစ်သူ ယန်ရီဟာနတ်ဆိုးအရှင်မကို တားဆီးဖို့အတွက်ကိုးရောင်ခြယ်သမင် ရှာဖွေဖို့ လမ်းကြောင်းကိုပြတ်ပြတ်သားသားလျှောက်လာခဲ့ရာမှာကံအားလျော်စွာနဲ့ပဲ ချန်ရှန်း တို့နဲ့တွေ့ဆုံခဲ့ပါတော့တယ် ။ချန်ရှန်း / ယန်ရီ နဲ့ တစ်ခြားသောအမဲလိုက်မုဆိုးအဖွဲ့သားတွေဟာ နတ်ဆိုးအရှင်မအရင်ဦးပြီးကိုးရောင်ခြယ်သမင်ကိုရှာဖွေတွေ့ရှိဖို့အပူတပြင်းကြိုးပန်းခဲ့ကြတဲ့အခါမှာ – ❏ ဘာတွေဆက်ဖြစ်ကြမလဲ?❏ နတ်ဆိုးအရင်မ အရင်ဦးပြီး ကိုးရောင်ခြယ်သမင်ကိုရှာတွေ့ကာ လနိုင်ငံတော်ကိုကယ်တင်နိုင်ပါ့မလား❏ ရောဂါကဒ်ဆိုးကြီးဆိုက်ရောက်နေတဲ့ဟွမ်းရီဆိုတဲ့ရွာကလေးကိုရော သူတို့တွေကယ်တင်နိုင်ပါ့မလား❏ ကိုးရောင်ခြယ်သမင်ကိုသွားရောက်ရှာဖွေရာလမ်းမှာရောသူတို့ ဘယ်လိုစိန်ခေါ်မှုမျိုးတွေနဲ့ ကြုံတွေ့ကြရမလဲ…..?ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့Fantasy,Adventure အမျိုးအစားဇာတ်ကားလေးတစ်ကားပဲဖြစ်လို့ အခုပဲကြည့်ရှုလိုက်ရအောင်လားရှင်
...

The Wasp (2024) ⭐IMDB: 5.9/10 (1 k Votes) 🎬 #Drama #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Wasp (2024 ) IMDb – 5.9/10Rotten Tomatoes – 75%Psychological thriller ‧ 1h 35m Game of Thrones ထဲက မင်းသမီး Natalie Dormer နဲ့ မင်းသမီး Naomie Harris တို့ အဓိကပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားကတော့ ထရော်မာတွေအကြောင်းပါ။ Heather နဲ့ Carla ဆိုတဲ့ ကောင်မလေးနှစ်ယောက်ဟာ အဆက်အသွယ်ပြတ်နေတာကြာပြီဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။ နှစ်တွေအများကြီးကြာပြီးတော့မှ Heather က Carla ကိုအကြောင်းကိစ္စတစ်ခုကမ်းလှမ်းလာခဲ့ပါတယ်။ ငွေလိုအပ်နေတဲ့ Carla တစ်ယောက် Heather ကမ်းလှမ်းလာတဲ့ အကြောင်းအရာကို လုပ်ပေးဖို့ ကြိုးစားရာကနေ မမျှော်လင့်ထားတဲ့ plot twist တွေတပြုံကြီးနဲ့ စိတ်၀င်တစားကြည့်ရမှာပါ။ ကျန်တာကိုတော့ spoiler ပါမှာစိုးလို့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ပါခင်ဗျာ…။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Wai Hlyan မှ တင်ဆက်ထားပါတယ်။)
...

The Whirlwind of Sword and Fairy (2022) ⭐TMDB: 0% User Score 🎬 #Action #Drama #Fantasy 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 21 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “မသေမျိုးတွေနဲ့ နတ်ဆိုးတွေကြားထဲက မကျေအေးနိုင်သောအငြိုးတရားတွေကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်” လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီလောက်က မသေမျိုးတွေ နဲ့နတ်ဆိုးတွေအတွင်းမှာ အချင်းချင်းအပြိုင်အဆိုင်တိုက်ခိုက်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်ရှန်းကျန့်ဂိုဏ်း (မသေမျိုးဓားဂိုဏ်း) က ဘိုးဘေးတွေ နဲ့နတ်ဆိုးဂိုဏ်းရဲ့ခေါင်းဆောင် ဧကရာဇ်မင်းယိုတို့ဟာခုနှစ်ရက် ခုနှစ်ညတိုင်တိုင် သူသေ ကိုယ်သေတိုက်ပွဲဝင်ခဲ့ကြပြီးတဲ့နောက်မှာတော့ နတ်ဆိုးဘုရင်ဧကရာဇ်မင်းယိုဟာ မရှုမလှနဲ့ အရှူံးဒဏ်ကို ခံစားလိုက်ရပါတော့တယ် အဲဒီနောက် နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာပဲကျန်းကျီလင်ဟာ ရှန်းကျန့်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ်ဖြစ်လာခဲ့ပါတယ်နတ်ဆိုးဘုရင်ကို ချေမှုန်းနိုင်တဲ့ ဇီချင်းဓားနှစ်သွယ်ဟာလဲတစ်ဖန်ပြန်ပြီး အသက်ဝင်လာခဲ့သလို နတ်ဆိုးဘုရင်ဟာလဲတစ်ဖန်ပြန်ပြီး ထွက်ပေါ်လို့လာခဲ့ပါတော့တယ် နတ်ဆိုးဘုရင်ပြန်လည်ပေါ်ထွက်လာတာနဲ့အတူရွာထဲကမိန်းမပျိုလေးတွေကလဲ ထူးထူးခြားခြားပျောက်ဆုံးလို့ လာခဲ့ပါတော့တယ် နတ်ဆိုးတွေကိုသတ်ပြီးလောကကြီးကိုကယ်တင်ဖို့ ရှန်းကျန့်ဂိုဏ်းကထျန်းကန်းပေသို ဆိုတဲ့ ဓားသိုင်းအဖွဲ့ကို တည်ထောင်ခဲ့ပါတော့တယ် ကဲ…ဒါဆိုရင် သူတို့ရှန်းကျန့်ဂိုဏ်း(မသေမျိုးဓားဂိုဏ်း) ကရောအပြစ်မဲ့တဲ့ ပြည်သူတွေအတွက် နတ်ဆိုးဘုရင်ကိုဘယ်လိုတွေပြန်ပြီးလက်စားချေကြမလဲဆိုတာစိတ်လှုပ်ရှားဖွယ်ရာကြည့်ရှုရမဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်
...

Boot Camp (2024) ⭐IMDB: 5.4/10 (409 Votes) 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ပတ် recommend ပေးချင်တာကတော့ ပေါ့ပေါ့ပါးပါး လူငယ် အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ နာမည်ကြီး ဝတ္တု platform ဖြစ်တဲ့ Wattpad က ရိုက်တဲ့ ကားမို့ ဝတ္တု မဖတ်ထားဖူးတဲ့သူတောင် ကြည့်ရတာပျော်စေမဲ့ ကားလေးပါ။ ဇာတ်လမ်း အကျဉ်းလေးကတော့ ဝစ်နီ ကာမိုက်ကယ်ဆိုတဲ့ကောင်မလေးက ကျောင်းကပွဲမှာ သူ့ငယ်ချစ်ဦးက သူနဲ့တွဲကဖို့ ဖိတ်ခေါ်ခဲ့ပေမဲ့ ငယ်ချစ်ဦးက အရှက်ခွဲတာကို ခံလိုက်ရပါတယ်။ အဲ့ဒီအတွက် သူ့ခန္ဓာကိုယ်ကို ပြောင်းလဲဖို့ ဆိုပြီး လေ့ကျင့်ရေး စခန်း မှာ နွေရာသီ လေ့ကျင့်ရေး အတွက် နာမည် စာရင်းသွင်းလိုက်ပါတော့တယ်။ ကျောင်းကပွဲ မှာ ငယ်ချစ်ဦးရဲ့ မပြတ်သေးတဲ့ ရည်းစား ကြောင့် အရှက်ကွဲခဲ့ရလို့ မတွေ့ချင်ပါဘူး ဆိုကာမှ အဲ့ကောင်မကို စခန်းမှ တည့်တိုးတာ ရယ် နဲ့ ဝစ်နီ တစ်ယောက် ဒီနွေရာသီ လေ့ကျင့်ရေးစခန်းမှာအဆင်ပြေပါ့မလား ဆိုတာတော့ ပိတ်ကားမှာ ကြည့်ရှုခံစားပေးကြပါနော်
...

Grudge-Bearing NTR – Aoi Ichino (JUQ-452-Decensored) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 26 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Aoi Ichino ဆိုတာ အရွယ်ရောက်မှ JAV လောကထဲ ရောက်လာပေမယ့် နောက်ကျတဲ့ နေဝင်ချိန်မဟုတ်ခဲ့ပါဘူး.. အဖူးအငုံလေးတွေလို နုလှပါတယ်ဆိုတဲ့ JAV မင်းသမီးတွေကြား သူမရဲ့အလှကျတော့ ပြီးပြည့်စုံစွာ ပွင့်ဖူးထားတဲ့ ပန်းတစ်ပွင့်လို ငွားငွားစွင့်စွင့်ပါပဲ။ မြင်သူ ရင်အေးရတဲ့မျက်နှာထားလေးနဲ့ အကြည့်လေးတွေက စွဲနေမိတတ်ပါတယ် ပါးဖောင်းဖောင်းပြည့်ပြည့်ဖြိုးဖြိုးလေးနဲ့ အာရှရဲ့ အလှအပတွေနဲ့ ပြည့်စုံသူလေးပါ။ JUQ-452-Decensored ဒီဇာတ်လမ်းထဲမှာတော့ ဆေးကုနေရတဲ့ယောကျ်ားကိုစောင့်ရှောက်နေရတဲ့ အမျိုးသမီးအဖြစ်သရုပ်ဆောင်ထားပြီး သူမရဲ့မျက်နှာပေးတွေနဲ့ လိုက်ဖက်တဲ့ JAV ဇာတ်ကြမ်းတစ်ကားပါပဲ။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့  ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)
...

Hide and Seek (2000) ⭐TMDB: 50% User Score 🎬 #Crime #Drama #Thriller 🗓 2000 🎞 movie 🌎 #Canada ⏰ 1 နာရီ 41 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူကုံထံ လင်မယားနှစ်ယောက်ဟာ ကလေးလိုချင်လွန်းလို့ တစ်ခါယူထားပေမဲ့ ပျက်ကျထားတယ် နောက်ပြီးတော့ ဆက်ကြိုးစားကြရော။ အဲဒီမှာတင် ကြမ္မာဆိုးဝင်လာတော့မယ်။ ဘာလို့လဲဆိုတော့ တစ်ညကျ ဇနီးဖြစ်သူကို ပြန်ပေးဆွဲသွားကြတယ်။ ပြန်ပေးဆွဲတာကလည်း ထူးဆန်းတဲ့ လင်မယားနှစ်ယောက်ပဲ မိန်းမဖြစ်သူကတော့ ပိုဆိုးတာ ကျပ်မပြည့်သလို အူကြောင်ကြောင်နဲ့ပေါ့။ ယောက်ျားဖြစ်သူကလည်း ဆေးဝါးပညာတတ်ကျွမ်းသူဖြစ်ပြီး ပြန်မှတ်မိချင်တော့ သူတို့ ကိုယ်ဝန်ဆောင်ကိစ္စတွေ ဆွေးနွေးပေးတဲ့ဆေးခန်းကလူ ဖြစ်နေတယ်။ ဒါတွေဟာ ဘယ်လိုဆက်စပ်နေမလဲ၊ ဘယ်လိုကြောင့် ပြန်ပေးဆွဲရတာလဲ၊ ခင်ပွန်းဖြစ်သူက ပျောက်သွားတဲ့ဇနီးသည်ကို ဘယ်လိုရှာဖွေမလဲ စသဖြင့် ကြည့်ရှုရမယ့် လျှို့ဝှက်သည်းဖို မှုခင်းကားလေးတစ်ကားပဲ ဖြစ်ပါတယ်။
...

A Perfect Murder (1998) ⭐TMDB: 65% User Score 🎬 #Crime #Drama #Thriller 🗓 1998 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကျွန်တော်တို့ Iron-man ဇာတ်ကားထဲမှာ Iron-man ရဲ့အတွင်းရေးမှူးကနေ သူ့ရဲ့ဇနီးသည်ဖြစ်လာတဲ့ သရုပ်ဆောင်မင်းသမီးချောလေး ဇာတ်ဆောင်မင်းသမီးအဖြစ်က ပါဝင်သရုပ်ဆောင်ထားပြီး ၁၉၉၈ ခုနှစ်က ထွက်ခဲ့တာဆိုတော့ သူ့ရဲ့ငယ်ရွယ်နုပျိုလှပဆဲ ကာလကို ခံစားကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကိုပြောရရင် အသက်နည်းနည်းကြီးတဲ့ လူချမ်းသာတေလာမှာ အမ်မလီဆိုတဲ့ ဇနီးချောလေးရှိပါတယ်။ သူတို့ကြည့်ရတာ အိမ်ထောင်ရေးက အဆင်ပြေတယ်ထင်ရပေမဲ့ လူကုံထံတွေအများစုရဲ့ထုံးစံအတိုင်း အပေါ်ယံမှာပဲ အဆင်ပြေနေတာပါ။ တကယ်တမ်းမှာတော့ တစ်ယောက်ကိုတစ်ယောက် နားမလည်မှုတွေနဲ့ရှင်သန်နေခဲ့ကြရင်း အမ်မလီဟာ ပန်းချီဆရာကောင်လေး ခပ်ငယ်ငယ်တစ်ယောက်နဲ့ နောက်မီးလင်းပါတော့တယ်။ အမျိုးသားဖြစ်သူ မစ္စတာတေလာ ဘာမှမသိဘူးအထင်နဲ့ပေါ့။ တစ်နေ့မှာ မစ္စတာတေလာဟာ သူ့မိန်းမနဲ့ဖောက်ပြန်တဲ့သူနဲ့တွေ့ပြီး အပေးအယူလုပ်ပါတယ်။ ဒေါ်လာ ၅သိန်းပေးမှာပါ။ အဲဒီပိုက်ဆံက သူတို့နဲ့ဝေးဝေးနေဖို့ပေးတာမဟုတ်ဘဲ သူ့မိန်းမကိုသတ်ပေးဖို့ ခိုင်းတဲ့ပိုက်ဆံဖြစ်နေပါတယ်။ ဆိုတော့ အစကတည်းက ပိုက်ဆံမက်လို့ ချဉ်းကပ်လာတဲ့သူကရော ငြင်းမှာလား အမ်မလီတစ်ယောက် အသတ်ခံရမှာလားဆိုတာ လင်ကြီးနဲ့လင်ငယ်ပေါင်းပြီး အကွက်ချသတ်တာကို စိတ်ဝင်တစား ကြည့်ရမှာပါ။
...

The Little Rascals (1994) ⭐TMDB: 68% User Score 🎬 #Comedy #Family #Romance 🗓 1994 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Little Rascals (1994) ကတော့ တော်တော်လေးကို Comfort ဖြစ်တဲ့ ရုပ်ရှင်တစ်ခုလို့ပြောနိုင်ပါတယ်။ တစ်ကားလုံးပေါ့ပေါ့ပါးပါးနဲံ ချစ်ဖို့ကောင်းတဲ့ ကလေးတွေကိုမြင်ရမှာဖြစ်ပြီး စိတ်အေးလက်အေးနဲ့ ဟာသဆန်ဆန်ကြည့်ရှုရမှာဖြစ်ပါတယ်။ မိသားစုနဲ့အတူတူကြည့်ဖို့သင့်တော်တဲ့ ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း Alfalfa ဆိုတာ “မိန်းမမုန်းတီးရေး ကလပ်” အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ သူတို့ ကလပ်တစ်ခုလုံးကတော့ မိန်းမတွေဆိုမုန်းတီးနေတဲ့ လူတွေနဲ့ စုစည်းထားတာဖြစ်ပါတယ်။ ခက်တာက Alfalfa ဟာ Darla ဆိုတဲ့ကောင်မလေးတစ်ယောက်ကို ချစ်ကျွမ်းဝင်မိနေပါတယ်။ ဒါပေမယ့် အဲဒါကိုလက်မခံတဲ့ ကလပ်အဖွဲ့ဝင်တွေကတော့ ချစ်ခြင်းကိုလိုက်ခွဲကြပါတယ်။ ဒီလိုနဲ့ Darla လေးက Alfalfa ဆိုကြည့်မရဖြစ်လာခဲ့ပါတယ်။ သူတို့မှာ ကလေးချင်းပြိုင်ဖို့ကားပြိုင်ပွဲကလည်းရှိနေပြီး Alfalfa က သူတို့ကလပ်ရဲ့ ကိုယ်စားပြု ကားဒရိုက်ဘာဖြစ်ပါတယ်။ အသက်နဲ့မလိုက်အောင် စကားပြောကြွယ်တဲ့ကလေး တစ်သိုက်ဘယ်လိုမျိုးရှေ့ဆက်မှာလဲ။ Alfalfa ကရော Darla ချစ်ခြင်းကိုပြန်ရမှာလား
...

Bal Naren (2024) ⭐IMDB: 7.7/10 (10 Votes) 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 33 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bal Naren (2024) (လူငယ်ရွာလူကြီးလေး) နာရန်ဆိုတဲ့ကောင်လေးရဲ့အဖေဗီရန်ဒရာဟာ ရွာလူကြီးရွေးကောက်ပွဲပြိုင်ပွဲမှာအနိုင်ရပြီးတော့ ရွာလူကြီးဖြစ်လာခဲ့ပါတယ်။ ဗီရန်ဒရာဟာ ရွာလူကြီးစဖြစ်လာတာနဲ့ အရင်ဆုံး ရွာသန့်ရှင်းရေးကို အရင်လုပ်ဆောင်ခဲ့ပါတယ်။သို့ပေမဲ့လည်း ရွာမှာက အမှိုက်ဆိုလည်း တွေ့ရာနေရာချ, ညစ်ပတ်ကြတဲ့အတွက်ကြောင့်ခြင်တွေယင်တွေ ပေါက်ဖွားမှုနှုန်းကလည်း အရမ်းကိုများပြီးတော့ သွေးလွန်တုတ်ကွေးရောဂါနဲ့သေဆုံးကြတဲ့သူတွေ များလာခဲ့ပါတယ်။ အဲဒီလိုသေဆုံးရတဲ့သူတွေအထဲမှာ ရွာလူကြီး ဗီရန်ဒရာကိုယ်တိုင်လည်း ပါဝင်သွားခဲ့ပြီးတော့ ရွာအတွက်ဆုံးရှုံးမှုကြီးဖြစ်ခဲ့ရတာပေါ့ ။နာရန်ဟာ သူ့အဖေလိုပဲ ရွာလူကြီးဖြစ်ချင်ခဲ့ပြီးတော့ ရွာရဲ့အကျိုးကို သယ်ပိုးချင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒီလိုနဲ့ နာရန်လေး ကျောင်းတတ်တဲ့အရွယ်ကိုရောက်လာတဲ့အခါမှာ သန့်ရှင်းမှုအကြောင်းကို သေချာလေးသင်ကြားခဲ့ရပါတယ်။သင်ကြားထားတဲ့ သင်ခန်းစာတွေကို အခြေခံပြီးတော့ သူ့ရွာကို သန့်ရှင်းသာယာပြီးတိုးတက်တဲ့ရွာလေးဖြစ်ဖို့ နာရန်တစ်ယောက် ကြိုးစားလုပ်ဆောင်ပါတော့တယ်။ ဒီလိုနဲ့ ကိုရိုနာရောဂါတွေဖြစ်လာတဲ့အချိန်မှာတော့ နာရန်တစ်ယောက် သူ့ရွာလေးကို ဒီရောဂါဆိုးကြီးရန်ကနေသူတတ်စွမ်းနိုင်သလောက်အသိဉာဏ်ကိုသုံးပြီးတော့ ဘယ်လိုတွေကာကွယ်လုပ်ဆောင်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Alex~ V~ Zwe Yan ~ KKKZ တို့ပဲဖြစ်ပါတယ်)
...

The Legend of Enveloped Demons (2022) ⭐TMDB: 20% User Score 🎬 #Drama #Fantasy #Thriller 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 35 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “လူသားတွေနဲ့ မိစ္ဆာတွေရဲ့ကြားမှ ပြင်းထန်လှတဲ့ တိုက်ပွဲတစ်ခု ” ဟိုးလွန်ခဲ့တဲ့ နှစ်​ပေါင်းရာချီအချိန်ကာလ မိစ္ဆာတွေဟာလူသားတွေနေထိုင်ရာ ကမ္ဘာကြီးကိုလာရောက်ဖျက်ဆီးသော အချိန်တစ်ခု…….,အပြစ်မဲ့တဲ့ ပြည်သူတွေ ခမျာ မိစ္ဆာတွေရဲ့ဒဏ်ကိုအလူးအလဲခံကာနေရပါတော့တယ် အဲဒီအချိန်မှာ လျဲ့ယန် မီးတောင်အတွင်းမှာ အနက်ရောင်သံလို့ခေါ်တဲ့အထူးသတ္ထုတစ်မျိုးရှိပြီးတော့ အဲ့ဒီ သတ္တုနဲ့ ပြုလုပ်ထားတဲ့လက်နက်တွေဟာ မိစ္ဆာတွေအပေါ် အရမ်းပြင်းထန်တဲ့အကျိူးသက်ရောက်မှုတစ်ခု ရှိလို့နေပါတယ်ဒါပေမဲ့လို့ သာမန်သက်ရှိတွေကတော့ အဲဒီ သံသတ္ထုရဲ့စွမ်းအားကိုမခံနိုင်ကြပါဘူး အဲ့ဒါကြောင့်နဲ့ပဲ များစွာလှသော ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ယောကျာ်းတွေဟာမိစ္ဆာတွေကို နှိမ်နင်းဖို့အတွက် မီးတောင်ဆီကို ရောက်ရှိလို့လာကြပါတယ်အဲဒီမှာ သူတို့ရဲ့ ခြေတွေ/လက်တွေကို စတေးပြီး သံနဲ့ပြုလုပ်ထားတဲ့ခြေအတု လက်အတုတွေကို တပ်ဆင်ခဲ့ကြပြီးတော့သူတို့ကိုယ်သူတို့ “မိစ္ဆာနှိမ်နင်းသူ” လို့ အမည်ခေါ်တွင်ခဲ့ကြပါတော့တယ် “မိစ္ဆာနှိမ်နင်းသူ” သူဆိုတာ လူသားတွေနဲ့ မိစ္ဆာတွေအကြားကအဖွဲ့အစည်းတစ်ခုလဲဖြစ်ပါတယ် မိစ္ဆာနှိမ်နင်းသူ တွေရဲ့တိုက်ပွဲဟာဆိုရင် အရမ်းကိုမှအံ့သြဖွယ်ကောင်းလှပေမဲ့လဲသံသတ္ထုရဲ့ စွမ်းအားတွေက မိစ္ဆာနှိမ်နင်းသူ တွေကို ဝါးမျိုလို့နေဆဲပါပဲဒါပေမဲ့ မိစ္ဆာတွေကို ကိုယ်ကျိုးစွန့်ကာ နှိမ်နင်းပေးပေမယ့်လို့လူတွေရဲ့အမြင်ထဲမှာတော့ သူတို့ဟာ ဆူးတစ်ချောင်းလိုကာဆီးနေပြီး အမည်မသိသူရဲကောင်းတွေအဖြစ် ရပ်တည်လို့နေခဲ့ရရှာပါတော့တယ် အဲဒီအထဲမှာမှ ကျမ်းသစ္စာကျိန်ဆိုထားကြတဲ့နောက်ဆုံးသော မိစ္ဆာနှိမ်နင်းသူမျိုးဆက်မှ ညီအစ်ကိုသုံးယောက်ဟာတစ်ကြိမ်မှာတော့ မတော်တဆမှုတစ်ခုကိုကြုံတွေ့သွားရပြီးမိစ္ဆာပြန်လည်မွေးဖွားခြင်းအကြောင်း သိရှိသွားခဲ့ပါတော့တယ်နက်နက်နဲနဲ စုံစမ်းရှာဖွေပြီးတဲ့နောက်မှာ ဒါတွေအားလုံးက“မိစ္ဆာနှိမ်နင်းသူ” တွေကို ဆန့်ကျင်ဖို့ တမင်စီစဥ်ထားတဲ့ကြံစည်မှုကြီးတစ်ခုဖြစ်တဲ့အကြောင်း သိရှိသွားချိန်မှာတော့….? အချင်းချင်းသစ္စာဖောက်မှုတွေ စွန့်လွှတ်စတေးရမှုတွေချစ်ခြင်းမေတ္တာတွေ အစရှိတဲ့ အရာတွေကြားထဲကမှမကောင်းမှုတွေကို သူတို့တွေ အနိုင်ယူသွားကြမလားဆိုတာစိတ်ဝင်တစားကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်အခုပဲကြည့်ရှုလိုက်ရအောင်လားရှင်
...

Attack Jiajin Mountain (2024) ⭐TMDB: 0% User Score 🎬 #Drama #War 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 37 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တရုတ်ကွန်မြူနစ်တပ်တွေရဲ့တော်လှန်ရေးသမိုင်းမှာ အရေးကြီးတဲ့နှင်းတောင်ကြီးဖြစ်တဲ့ကျာကျင်းတောင်ကိုကျော်နိုင်ဖို့လမ်းကြောင်းရှာတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ကျာကျင်းတောင်ရှိရာနယ် ရွာလေးမှာနေတဲ့တိဘက်တန်ရွာသားလေးကကူမင်တန် စစ်သားစုဆောင်းရေးမှာပါသွားပြီး သူ့ဆန္ဒမပါပဲစစ်တက်ထဲဝင်ခဲ့ရတယ်။အခွင့်အရေးရတာနဲ့ သူတို့ညီအစ်ကိုကထွက်ပြေးခဲ့ကြတယ် ဒါပေမယ့်အစ်ကိုဖြစ်သူက ကူမင်တန်တွေရဲ့သေနတ်အောက်မှာ သေခဲ့ရတယ်။ အဲ့ဒီအချိန်မှာ လူတစ်စုရောက်လာပြီး သူတို့ကိုကျာကျင်းတောင်ကိုခေါ်သွားပေးဖို့လမ်းပြအဖြစ်ငှါးခဲ့တယ်။ လမ်းတစ်လျှောက် ရွာလုံးကျွတ်သတ်ဖြတ်တဲ့ကူမင်တန်တွေရဲ့ စက်ဆုတ်ဖို့ကောင်းတဲ့လုပ်ရပ်တွေကိုမြင်ကြရတယ်။ကူမင်တန်တွေရဲ့ရန်ကလွတ်အောင်ရှောင်ပြေးရင်း ကြမ်းတမ်းတဲ့တောလမ်းခရီးကိုကျော်ဖြတ်ရင်း တပ်ဖွဲ့ကြီးအတွက် ကျာကျင်းတောင်ကိုမရောက်ရောက်အောင်သွားတဲ့ ကွန်မြူနစ်တွေရဲ့ဇွဲကိုပြတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။
...

Aashiq Banaya Aapne (2005) ⭐TMDB: 42% User Score 🎬 #Bollywood #Drama #Romance #Thriller 🗓 2005 🎞 movie 🌎 #India ⏰ 1 နာရီ 54 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Aashiq Banaya Aapne (2005) သူငယ်ချင်းချစ်သူ ဒီတစ်ခါတော့ဒိတ်ဒိတ်ကြဲမင်းသားမင်းသမီးကြီးတွေပါဝင်ထားတဲ့သုံးပွင့်ဆိုင်Bollywood အချစ်ကားကောင်းလေးကို CM ပရိသတ်ကြီးတစ်ဖန်ပြန်ခံစားနိုင်အောင်တင်ဆက်ပေးမှာဖြစ်ပါတယ် အနုပညာကျောင်းသားလေးကာရန်ဟာ စနီဟာပြုံးပျော်နေတာကိုမြင်ရရုံနဲ့တင်ကြေနပ်နေသူတစ်ဦးပါသူ့ရဲ့ခံစားချက်တွေကိုဖွင့်ဟမပြပေမဲ့ သူ့သူငယ်ချင်းမလေးကိုတစ်ဖက်သတ်ကြိတ်ကြိုက်နေတာပေါ့ တစ်နေ့မှာကာရန့်ငယ်သူငယ်ချင်းဗစ်ကီပေါ်လာပြီး ကာရန်နဲ့စနီဟာတို့ရဲ့အနုပညာကျောင်းမှာတက်ရင်းသူငယ်ချင်းသုံးယောက်အဖွဲ့ကျသွားပါတော့တယ် ကာရန်နဲ့မတူတာက ဗစ်ကီကသူ့ခံစားချက်တွေကိုစနီဟာကိုပွင့်ပွင့်လင်းလင်းထုတ်ပြတတ်ပြီး စနီဟာရဲ့အာရုံစိုက်မှုကိုရယူတတ်သူတစ်ဦးပါ စနီဟာတစ်ယောက်ဗစ်ကီရဲ့ဆွဲဆောင်မှုနောက်ပဲပါသွားမလား သူ့ရဲ့သူငယ်ချင်းဟောင်းကာရန်ကိုပဲရွေးချယ်မလားဆိုတာကိုတော့ ဇာတ်ကားလေးကို ကြည့်ရှုခံစားကြည့်ရှုခံစားရင်းအဖြေရှာကြည့်လိုက်ပါတော့.. (အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်)
...