es
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
A Different Man (2024) ⭐IMDB: 7.0/10 (8 k Votes) 🎬 #Comedy #Thriller #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Avengers အဖွဲ့ထဲက Winter Soldier နဲ့သိခဲ့တဲ့ မင်းသား Sebastian Stan ရဲ့ Thriller ကားကောင်းတစ်ကားပါ Sebastian Stan ကို အဗန်ဂျာကားတွေနောက်ပိုင်း ပိုကောင်းတဲ့ ဇာတ်ရုပ်မျိုးစုံနဲ့ သရုပ်ဆောင်လာတာကို မြင်တွေ့နေရပြီး ဒီကားကလည်း ချီးကျူးရမယ့် သူ့ရဲ့ဇာတ်ရုပ်တွေထဲကတစ်ခုပါ… ငယ်ငယ်ထဲက ရုပ်ပိုင်းဆိုင်ရာ ပျက်စီးနေပြီး… လူ့ပတ်ဝန်းကျင်က ဟားတိုက်ရယ်မောစရာအဖြစ်ကြီးပြင်းလာတဲ့ အက်ဝက်လန်မြူရယ်ဆိုတဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် Sebastian Stan ကပါဝင်ထားပါတယ်… သူ့ကို ဟာသဇာတ်ကောင်တွေ.. ပြဇာတ်တွေ ကြော်ငြာတွေမှာ လူစိတ်ဝင်စားမှုခံရအောင် ထည်သုံးရုံသပ်သပ်ပဲ..ဒါပေမယ့် အက်ဝက်ကလည်း ဒီဘဝကိုသဘောမကျပေမယ့်.. အသက်မွေးဝမ်းကြောင်းတစ်ခုအဖြစ် ရပ်တည်နေပြီး တစ်ဖက်မှာလည်း  သူဝါသနာပါတဲ့ ပြဇာတ်ရေးတဲ့အလုပ်ကိုလုပ်ပါတယ်… တစ်နေ့သူ့တိုက်ခန်းဘေးကို အင်ဂရစ်ဆိုတဲ့ မိန်းမလှလေး ပြောင်းလာပြီး…သဘောကျမိရာကနေ သူ့ရဲ့ဆိုးရွားလှတဲ့ ရုပ်ရည်ကိုပြောင်းလဲဖို့ ကြိုးစားပါတော့တယ်… ဒီအတွက် အက်ဝက်တို့လို ချို့ယွင်းချက်ရှိတဲ့လူတွေအတွက် စမ်းသပ်ဆဲဆေးဝါးတွေထုတ်နေတဲ့ သိပ္ပံပညာရှင်တစ်ယောက်ဆီကို သွားပြီး သူ့ဘဝကိုပြောင်းလဲပါတော့တယ်…ဒါပေမယ့် ခဏတွေ သာယာမှုအတွက်နဲ့ နောက်ပိုင်းဖြစ်လာမယ့်အရာတွေက ဘာတွေလဲ ဆိုတာကို စိတ်ဝင်စားစွာစောင့်ကြည့်ရမှာဖြစ်ပါတယ်… (အညွန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)
...

Oru Thavaru Seidhal (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Drama #Crime #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Oru Thavaru Seidhal ( 2024 ) “မြေနေရာသေးသေးလေးပေးပါ.. အိမ်လေးတစ်အိမ်ဆောက်ချင်လို့ပါ” ပိုက်ဆံမရှိတဲ့ ဆင်းရဲသားနင်းပြားသူငယ်ချင်းတစ်စုဟာအလုပ်ရှာဖို့မြို့ပေါ်ကိုတက်လာကြပါတယ်။ မြို့ပေါ်မှာလည်း ထင်သလိုမဖြစ်ဘဲ နောက်ဆုံးအိမ်ငှားခတောင်မပေးနိုင်တော့တဲ့အတွက်အခန်းကနှင်ထုတ်ခံရပြီး ညအိပ်စရာတောင်မရှိတာကြောင့်ဈေးကြီးထဲမှာ အချိန်သွားဖြုန်းရပါတော့တယ်။ အဲဒီမှာ ပန်းသည်ကြီးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီး ပိုက်ဆံရှာနည်းတွက်ချက်နည်း ဈေးရောင်းနည်းတွေကို လက်ချာရိုက်ခံလာပြီးဖုန်းတစ်ကော ၁၀ ရူပီးနဲ့ ငှားစားကာ ပထမဆုံးပိုက်ဆံ ၁၀၀စရှာလာနိုင်ခဲ့ပါတော့တယ်။ သူတို့အဖွဲ့ရဲ့ မျှော်လင့်ချက်အိပ်မက်က အိမ်လေးတစ်အိမ်ဆောက်ပြီးအတူတကွပျော်ပျော်ရွှင်ရွှင်နေထိုင်သွားနိုင်ဖို့ပဲဖြစ်ပါတယ်။ဒီလိုနဲ့ ပိုက်ဆံရှာချင်ကြတဲ့သူတို့တစ်စုဟာ ငွေလွယ်လွယ်ရနိုင်မယ့်အခွင့်အရေးတစ်ခုနဲ့တွေ့ကြုံလိုက်တဲ့အခါမှာတော့ လှည့်စားမှုတွေ၊ မမြင်နိုင်တဲ့အန္တရာယ်တွေနဲ့ပြည့်နှက်နေတဲ့ အဲဒီလမ်းကြောင်းကိုပဲ လျှောက်လှမ်းဖို့ရွေးကြမလား.. ဘဝနဲ့ချီပြီးရင်းခဲ့တဲ့ ဒီအလောင်းအစားကိုပဲ အနိုင်ယူနိုင်မလား..ကိုယ်ပိုင်ရည်မှန်းချက်တွေအောက်မှာပဲ သားကောင်အဖြစ် ကျရောက်သွားမလား….တမီးလ်ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး Crime, Thriller ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ ( ဘာသာပြန်နဲ့အညွှန်းကို CM Bollywood Team မှ တင်ဆက်ပေးထားတာဖြစ်ပါတယ်
...

BINI (2024) ⭐IMDB: 8.2/10 (13 Votes) 🎬 #Documentary #Music 🗓 2024 🎞 tv mini series 🌎 #Philippines ⏰ 1 နာရီ 29 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 BINI Chapter 1 Born To Win (2024)” တစ်မိုးအောက်က မိန်းမပျိုလေးများ”=============================================== ကမ္ဘာပေါ်မှာ pop bands တွေ တဖြည်းဖြည်းများလာတာနဲ့အမျှဖိလစ်ပိုင်နိုင်ငံမှာလည်း တော်တော်လေးအောင်မြင်တဲ့အမျိုးသမီး pop bands တစ်ခု ပေါ်လာခဲ့ပါတယ်။ ဒီ Girl Bands ဟာ တော်တော်လေးအောင်မြင်တယ်ဆိုတာထက်ကိုရီးယားမှာ Blackpink တို့ Twice တို့ နာမည်ကြီးသလိုမျိုးဖိလစ်ပိုင်နိုင်နိုင်ငံမှာ လျှမ်းလျှမ်းတောက်ကို နာမည်ကြီးတာပါ။ အဲဒီ Girl Bands ရဲ့နာမည်ကတော့ BINI ပါ။ BINI ထဲမှာအဖွဲ့ဝင် ရှစ်ယောက်ပါဝင်ပြီး အားလုံးကလည်း ငယ်ငယ်ချောချော ချစ်စရာလေးတွေပါ။ ဒီ မှတ်တမ်းရုပ်ရှင်ကတော့ သူတို့အဖွဲ့ရဲ့ ပထမဆုံး Solo Concert မစတင်ခင် Concert အတွက်ပြင်ဆင်ကြပုံတွေ၊ သူတို့ရဲ့ ငယ်ဘဝတွေ Idol ဘယ်လိုဖြစ်လာတယ်ဆိုတာတွေကိုပျော်စရာ၊ စိတ်အားတက်စရာ၊ emotional ဖြစ်စရာကောင်းအောင်ပုံဖော်တင်ဆက်ပြထားတဲ့မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။ ဒီ BINI အဖွဲ့ဟာ pop bands တစ်ခုအနေနဲ့ တော်တော်လေးမိုက်တဲ့အပြင် သီချင်းတွေ၊Performance တွေကလည်း နားဝင်ပီယံ မျက်စိပဒါသရှိတာမလို့ဒီမှတ်တမ်းရုပ်ရှင်ကို CM Team ကနေ ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်
...

Being Maria (2024) ⭐IMDB: 6.1/10 (306 Votes) 🎬 #Biography #Drama #History 🗓 2024 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 43 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Being Maria (2024) IMDb Rating (6.1) / Rotten Tomatoes (67%) ဒီပြင်သစ် ဘိုင်အိုဂရပ်ဖီတစ်ခြမ်း psychological dramaတစ်ခြမ်း ရုပ်ရှင်က မာလွန်ဘရန်ဒိုနဲ့အတူ The Last Tango In Parisဆိုတဲ့ နာမည်ကျော်ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးMaria Schneiderရဲ့ ဖြတ်သန်းမှုကို ရိုက်ပြထားတယ်။ ပြောရရင် The Last Tango ရိုက်တုန်းက သူ့ခေတ်သူ့အခါအရ ဒီရုပ်ရှင်က လိင်မှုခန်းတွေက အရမ်းကြမ်းတမ်းနေခဲ့လို့ ဝေဖန်ခံခဲ့ရတယ်။ ဒါရိုက်တာကလည်း ပြင်သစ်ကနေထွက်သွားသလို ဘရန်ဒိုကလည်း သူ့အရပ်သူပြန်သွားတဲ့နောက် မင်းသမီးကပဲ ဒီဝေဖန်မှုတွေကို ခါးစည်းခံခဲ့ရတဲ့အကြောင်းကိုလည်း ပြထားတယ်။ ဒီလိုအဖြစ်တွေက Lust Cautionနဲ့ ထျန်းဝေလည်းဖြစ်ခဲ့ဖူးသလို တော်တော်များများလည်း ဖြစ်ခဲ့တဲ့ကိစ္စတွေပါပဲ။ ဒီလိုအဖြစ်တွေမှာ မင်းသမီးတွေ ဘယ်လိုခါးစည်းခံရလဲ ဘယ်လိုပြိုလဲကျလဲ ဒီရုပ်ရှင်မှာ ကျွန်တော်တို့ မြင်ရမှာပါ။ မာရီယာဆိုတဲ့ ဆယ်ကျော်သက်မလေး မင်းသမီးဖြစ်ချင်ခဲ့တာကနေ မင်းသမီးဖြစ်လာပြီး သူရင်ဆိုင်ရတဲ့အခက်အခဲတွေအထိကို ပြထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)
...

Blaga's Lessons (2023) ⭐IMDB: 7.2/10 (773 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Bulgaria #Germany ⏰ 1 နာရီ 54 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လောကကြီးမှာ ပညာတတ်တစ်ယောက်ဖြစ်ရုံနဲ့မပြီးဘူးဆိုတာကို လူတိုင်းလည်းနားလည်လက်ခံထားကြမယ်လို့ ထင်ပါတယ်။ လူတစ်ယောက်ကိုလိမ်လည်လှည့်စားနိုင်ဖို့ဆိုတာကလွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ ပညာတတ်တစ်ယောက်ကို လိမ်မယ်ဆိုရင်တော့ပိုပြီးတော့တောင်မှခက်ခဲနိုင်ပါသေးတယ်။ဒါပေမယ့် ဘလာဂါလို့ခေါ်တဲ့ ဆရာမတစ်ယောက်ကတော့အလှည့်စားခံလိုက်ပါတယ်။ ဟုတ်ပါတယ် သူမက တက္ကသိုလ်ကဆရာမတစ်ယောက်ပါတဲ့။ဒါဆိုရင် ဘာလို့များသူမက အလိမ်ခံရတာလဲ။ အလိမ်ခံရပြီးနောက်မှာရောသူမကိုယ်တိုင်က ဘယ်လိုပြောင်းလဲသွားမလည်းဆိုတာကိုသနားတစ်လှည့် မွန်းကြပ်တစ်လှည့်နဲ့ ဒီကားလေးမှာ ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်။
...

Surprised by Oxford (2023) ⭐IMDB: 6.2/10 (667 Votes) 🎬 #Drama #Mystery #Romance 🗓 2023 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Surprised by Oxford (2023) IMDb Rating (6.2) / Rotten Tomatoes (70%) ဒီဇာတ်လမ်းမှာတော့ စာအရမ်းကြိုးစားပြီး ဉာဏ်ကောင်းလွန်းလို Oxford တက္ကသိုလ်ကို ပညာသင်ဆုနဲ့ တက်ခွင့်ရသွားတဲ့ Caro Drake ဆိုတဲ့ မိန်းကလေးက UK ကို ရောက်လာပြီး Oxford မှာ ကျောင်းလာတက်တယ်။ Caro က သူ့အရင်အတိတ်က အဖေ့ရဲ့စွန့်ပစ်မှုကိုခံခဲ့ရတဲ့ traumaကြောင့် ဉာဏ်ကောင်းသလောက် ​ခံစားချက်ပိုင်းနဲ့ပတ်သက်ရင် နှလုံးသားတံခါးပိတ်ထားတတ်တဲ့ စက်ရုပ်လိုကျောင်းသူတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ Kent Weber လိုခေါ်တဲ့ ဘာသာရေးကိုင်းရှိင်းပြီး သူ့လိုပဲဉာဏ်ကောင်းတဲ့ ကောင်ချောလေးနဲ့တွေ့ပြီးနောက်မှာတော့ Kent ရဲ့ Caro ယုံကြည်မှုတွေအပေါ် စိန်ခေါ်ငြင်းဆိုမှုတွေကြောင့်… Caroဘဝရဲ့ အချစ်၊ ဘာသာရေးနဲ့ ဘဝရဲ့အဓိပ္ပါယ်ကို ရှာဖွေမှုအမြင်တွေ ဘယ်လိုပြောင်းလဲလာမလဲဆိုတာကို ပညာတတ် အတွေးအခေါ်ဆွေးနွေးမှုတွေနဲ့ ကောင်းကောင်းကြည့်ရှုရမဲ့ Romance ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)
...

Django Unchained (2012) ⭐IMDB: 8.5/10 (2 M Votes) 🎬 #Comedy #Drama #Western 🗓 2012 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 45 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Django Unchained (2012) IMDb Rating (8.5) / Rotten Tomatoes (87%) ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့  နာမည်ကျော် Western ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ Leonardo DiCaprio, Christoph Waltz , Samuel L. Jackson , Jamie Foxx တို့လို သူနဲ့တွဲရိုက်နေကျ သရုပ်ဆောင်တွေအပြင် တခြားသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။ ဇာတ်လမ်းဟာ လူမည်းကျွန်စနစ်ရှိတဲ့ ခေတ်ကာလကို တည်ထားတယ်။ နောက်ပြီးဒီဇာတ်ကားက တကယ့် Black Comedy။ Dr. King Schultz ဆိုတာ နယ်လှည့်သွားလာနေတဲ့ သွားဆရာဝန်အမည်ခံ ဂျာမန်လူမျိုး bounty hunter တစ်ယောက်ပဲ။ သူရှာနေတာက မြေပိုင်ရှင် ညီအစ်ကို ၃ ယောက်။ သူတို့ကို ရှာမယ်ဆိုပေမယ့် တွေ့လည်း မတွေ့ဖူးဘူး။ ညီအစ်ကို ၃ ယောက်ဆိုတာက လွဲလို့ ဘာမှ မသိဘူး။ အဲဒါကြောင့် အဲဒီညီအစ်ကို ၃ ယောက်ဆီမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ ကျွန်တစ်ယောက်ကို လိုက်ရှာနေတယ်။ ဖြစ်ချင်တော့ တစ်ည လမ်းခရီးမှာ အဲဒီကျွန်တစ်ယောက်ကို တွေ့သွားခဲ့တယ်။ ဒါပေမယ့် အဲဒီဂျာမန်သွားဆရာဝန်ရဲ့ ပြောပုံဆိုပုံကြောင့် လူဖြူကျွန်ပိုင်ရှင်တွေက မရောင်းဘဲနဲ့ ငြင်းလိုက်တယ်။ ဒါပေမယ့်လည်း ဂျာမန်သွားဆရာဝန်ဟာ bounty hunter လေ။ သူ့ကို အဲဒီလို အချိုးမျိုး လာလုပ်လို့မရဘူးဆိုတာ လက်တွေ့ပြလိုက်တယ်။ ဒီလိုနဲ့ သူလိုချင်တဲ့ ကျွန်တစ်ယောက် ခေါ်လာနိုင်ခဲ့တော့တယ်။ အဲဒီလူမည်းနာမည်က Django ။ D silent ဂျန်ဂို တဲ့။ ဒီနေရာမှာ bounty hunter ဂျာမန်သွားဆရာဝန်ရဲ့ ကာရိုက်တာကို နည်းနည်းပြောချင်တယ်။ လူမည်းကျွန်စနစ်ခေတ်ကြီးထဲမှာ သူခေါ်လာတဲ့ လူမည်းကို လူလိုသဘောထားပြီး တန်းတူဆက်ဆံတာဆိုလို့ သူ တစ်ယောက်တည်း ရှိတယ်။ အဲဒါအပြင်သူက သူ့ကျွန်ကို အပြည့်အ၀ ကာကွယ်ပေးသေးတာ။ အဲဒီလိုသဘောထားလို့လည်း ရောက်တဲ့နေရာတိုင်းမှာ သူ့တို့နှစ်ယောက်ကို လူဖြူတွေရော လူမည်းတွေပါ အထူးအဆန်းလို ကြည့်ကြတယ်။ အဲဒီ bounty hunter က ဂျန်ဂို ကိုပြောတယ်။ ဂျန်ဂိုအနေနဲ့ ညီအစ်ကို ၃ ယောက်ကို ရှာတွေ့ပြီး သတ်ပေးနိုင်ရင် သူ့ကို ကျွန်ဘဝကနေ လွတ်လပ်ခွင့်ပေးပါမယ်တဲ့။ ဆိုတော့ သူတို့နှစ်ယောက် ညီအစ်ကို ၃ ယောက် ရှာပုံတော် ဖွင့်ကြတော့တယ်။ ဒီကားထဲမှာ Quentin Tarantino ရဲ့ ကာရိုက်တာတွေ အထိုင်ချတာကို တော်တော်သဘောကျတယ်။ ဂျာမန် bounty hunter အဖြစ် Christoph Waltz ကို လုပ်ခိုင်းပြီး သူ့ရဲ့ အဖော်ကျွန်နေရာမှာတော့ Jamie Foxx ကို လုပ်ခိုင်းတယ်။ လူဖြူသူဌေးအဖြစ် Leonardo ၊ လူဖြူသူဌေးရဲ့ သစ္စာတော်ခံလူယုံအဖြစ် Samuel Jackson က သရုပ်ဆောင်ရတယ်။ ဒီနေရာမှာ Leo Vs Christoph ထက် Samuel Jackson Vs Jamie Foxx နှစ်ယောက်ရဲ့ အားပြိုင်သရုပ်ဆောင်မှုကို ပိုပြီးတွေ့ရမယ်။ မထုံတတ်သေးနဲ့ ရန်သူကို သွေးအေးအေးနဲ့ လှည့်စားတတ်တဲ့ Christoph ရဲ့ ကာရိုက်တာကြောင့်လည်း ဒီကားက ပိုပြီးဆွဲဆောင်မှု ရှိနေတာပါ။ (Christoph Waltz ဟာ ဒီဇာတ်ကားနဲ့ ဒုတိယအကြိမ် အော်စကာဆုရခဲ့ပါတယ်။ ) နောက်ပြီး ဒီရုပ်ရှင်ထဲမှာ Spaghetti Western ရုပ်ရှင်တွေရဲ့ လွမ်းမိုးမှုတွေ ပါဝင်နေတာတွေ့ရတယ်။ အထူးသဖြင့် သေနတ်ထပစ်ကြတဲ့အခန်းတွေ။ သေနတ်ပစ်ကြတဲ့ပုံစံတွေ။ Django Unchained နဲ့ The Hatefull Eight ဟာ ခေတ်တစ်ခေတ်ကို အကြောင်းပြုပြီး ရိုက်ထားတာဆိုပေမယ့် Bounty Hunter Character ကို ယူသုံးထားတာက လွဲလို့ တစ်ခြားဇာတ်အိမ် ဆက်စပ်မှု သိပ်မရှိပါဘူး။ လုပ်မယ့်လုပ်စေချင်ရင် Django Unchated ( 2012 ) ထဲက bounty hunter ဖြစ်သွားတဲ့ လူမည်း Jamix Foxx ကာရိုက်တာဟာ sequel အနေနဲ့ The Hatefull Eight ( 2015 ) မှာ Major Warren အနေနဲ့ Bounty Hunter လာဖြစ်တယ်ဆိုတာမျိုးပဲ ဖြစ်လုပ်လို့ရမယ်ထင်တယ်။ (ရုပ်ရှင်အညွှန်းကိုCinemanto FB Pageမှ ကူးယူဖော်ပြပါသည်။)
...

A House On Fire (2024) ⭐TMDB: 68% User Score 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #Spain ⏰ 1 နာရီ 47 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၄ ခုနှစ်ထွက် စပိန်ဒရာမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်… ဇာတ်လမ်းကတော့ မွန်ဆယ်ဆိုတဲ့အမျိုးသမီးဟာ ကွဲကွာသွားခဲ့တာကြာပြီဖြစ်တဲ့ ခင်ပွန်းဟောင်း ကာလိုစ့်…သမီးဖြစ်သူ ဂျူလီယာ…သားဖြစ်သူ‌ ဒေးဗစ် တို့နဲ့အတူ ကမ်း‌ခြေကသူမပိုင်တဲ့အိမ်မှာ မိသားစုပြန်ဆုံစည်းဖို့ကြိုးစားတဲ့အကြောင်းကိုရိုက်ကူးထားတာပါ မွန်ဆယ်ကသူမရဲ့အမေကိုရိပ်သာပို့ဖို့ ပိုက်ဆံလိုလို့ ကမ်းခြေကအိမ်ကိုရောင်းဖို့အတွက် ပစ္စည်းတွေသိမ်းရင်းနဲ့ မိသားစုပြန်စုံစည်းဖို့စီစဉ်ခဲ့တာပါ… မိသားစုပြန်စုံစည်းတဲ့အခါမှာတော့ ပျော်စရာတွေအပြင် မိသားစုအကြားအချင်းပွားစရာတွေဖြစ်လာတဲ့အခါမှာတော့…. ဒီရုပ်ရှင်ကားလေးဟာ စပိန်မိသားစုတစ်ခုအကြား ချစ်ခြင်းမေတ္တာနဲ့အဆင်မပြေမှုတွေကို လှပသောကာရိုက်တာများဖြင့်ပုံဖော်ထားပြီး အဓိကအားဖြင့် မိခင်တစ်ယောက်ရဲ့ အချစ်ကြီးပုံနဲ့ ပေးဆပ်မှုတို့ကို တင်ဆက်ပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်…ခံစားကြည့်ကြပါခင်ဗျာ
...

The Last Witness (2018) ⭐IMDB: 5.6/10 (2 k Votes) 🎬 #Drama #History #Thriller #Crime #Mystery 🗓 2018 🎞 movie 🌎 #UnitedKingdom #Poland ⏰ 1 နာရီ 34 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Last Witness(2018) IMDb….5.6 စိတ်​ဝင်​စားဖွယ်​ပိုလန်​နိုင်​ငံ​ရေးကား​ကို တင်​ဆက်​​ပေးလိုက်​ပါတယ်​… ..ဒီကား​ထဲမှာဆိုရင်​​တော့ ဆိုဗီယက်​ပြည်​​ထောင်​စု​တွေကြီးစိုးတဲ့စစ်​ပွဲကာလမှာပိုလန်​နိုင်​ငံရဲ့အရာရှိ​တွေပြည်​သူ​တွေ ထောင်​​သောင်းချီပြီးအစုလိုက်​အပြုံလိုက်​အသတ်​ခံခဲ့ရပါတယ်.. ..​ ဒီကိစ္စကို ပိုလန်​နိုင်​ငံရဲ့အထက်​လူကြီး​တွေကလည်း တိကျတဲ့အ​ဖြေတစ်​ခုမ​ပေးနိုင်​ကြပါဘူး.. ဒါ​ပေမဲ့ ဒီကိစ္စနဲ့ ပတ်​သတ်​ပြီးတိကျတဲ့အ​ဖြေတစ်​ခု​ဖော်​ထုတ်​ချင်​တဲ့သူက​တော့မစ္စတာစတီဖင်​အန်​ဒါဝတ်​လို့​ခေါ်တဲ့ ဂျာနယ်​လစ်​တစ်​​ယောက်​ပါ … ဂျာနယ်လစ်တစ်ယောက်အတွက်ရက်စက်တဲ့ဆိုးယုတ်မှုကြီးကိုဖော်ထုတ်ဖို့ရာမလွယ်ပါဘူးးး… သို့ပေမဲ့ သူဟာ ဒီဖြစ်ရပ်ကြီးကို ဇွဲရှိရှိနဲ့လိုက်လံရှာဖွေဖော်ထုတ်ရာမှာ မမျှော်လင့်တဲ့သူတွေပါဝင်ပတ်သက်နေပြီးသူ့အတွက်လည်း အန္တရယ်ပေါင်းများစွာနဲ့ကြုံရပါတော့တယ်.. သူဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ ကြည့်လိုက်ပါဦး. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Pyae Xeinn Settဖြစ်ပါတယ်
...

The Vanished (2018) ⭐IMDB: 6.6/10 (2 k Votes) 🎬 #Crime #Mystery #Thriller 🗓 2018 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 42 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့စပိန်ဇာတ်ကား The Body ကို ပြန်လည်ရိုက်ကူးထားတဲ့psychological thriller အမျိုးအစားရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ထက်မြက်လှပပြီး ကြွယ်ဝချမ်းသာမှုတွေကိုပိုင်ဆိုင်ထားတဲ့ဘာရွန်ဆေးဝါးကုမ္ပဏီရဲ့ ဥက္ကဌ ယွန်းဆိုဟီး(Kim Hee-ae)ဟာရုတ်တရက် သေဆုံးသွားခဲ့ပြီးသူမရဲ့အလောင်းဟာ ထူးဆန်းစွာပျောက်ဆုံးခဲ့ပါတယ်။ ပတ်ဂျင်ဟန်( Kim Kang-woo )ဟာ တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်ပြီးဇနီးသည်ယွန်းဆိုဟီးရဲ့ဆေးဝါးကုမ္ပဏီမှာလည်း မန်နေဂျင်းအဖြစ် လုပ်ကိုင်နေသူပါ။ဇနီးသည် ယွန်းဆိုဟီးရဲ့အလောင်း ပျောက်ဆုံးခဲ့ပြီးနောက်မှာတော့လူတိုင်းအားကျနေရတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့သူတို့စုံတွဲရဲ့နောက်ကွယ်က အိမ်ထောင်ရေးအရှုပ်အရှင်းတွေနဲ့အတူယွန်းဆိုဟီးရဲ့ သေဆုံးမှုနောက်ကွယ်ကခင်ပွန်းသည်ရဲ့လုပ်ကြံဆောင်ရွက်မှုတွေကို ပရိသတ်ကြီးရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် အောင်မြင်ချမ်းသာပြီး လူတိုင်းအားကျရတဲ့သူဌေးစုံတွဲရဲ့လျှို့ဝှက်ထားတဲ့အကြောင်းအရာတွေကိုဖော်ထုတ်ရင်းစုံထောက် ဝူဂျောင်ရှစ်( Kim Sang- Kyung)တစ်ယောက်သူ့ချစ်သူရဲ့ပျောက်ဆုံးမှုအကြောင်းအရင်းကို ဘယ်လိုနည်းလမ်းတွေနဲ့ဖော်ထုတ်သွားမလဲဆိုတာကိုပါ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာမို့ဇာတ်လမ်းအဆုံးအထိ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ထိတ်လန့်ဖွယ်ရာသည်းထိတ်ရင်ဖိုကားလေးတစ်ကားကိုလက်မလွှတ်တမ်းကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်နော် ဇာတ်ကားထဲမှာပါဝင်တဲ့သူတွေကတော့ယွန်းဆိုဟီးအဖြစ် အခုလက်ရှိ The world of married coupleဇာတ်လမ်းနဲ့ နာမည်ကြီးနေတဲ့ မင်းသမီး Kim Hee-aeပါမောက္ခ ပတ်ဂျင်ဟန်အဖြစ် Kim Kang-wooစုံထောက် ဝူဂျောင်ရှစ်အဖြစ် Kim Sang- Kyung တို့က အဓိကပါဝင်ထားကြပါတယ်။ပရိသတ်အားပေးမှုရရှိထားတဲ့ ဇာတ်ဆောင်တွေရဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ လျှို့ဝှက်သည်းဖိုဇာတ်လမ်းကောင်းလေးဖို့ကြည့်ဖြစ်အောင်ကြည့်ဖို့ မမေ့နဲ့နော်။
...

Longling Insect Valley (2022) ⭐TMDB: 0% User Score 🎬 #Adventure #Mystery #Thriller #Fantasy 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 8 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “လုံလင်ပိုးမွှားတောင်ကြား” ဆိုတာဘယ်လိုနေရာမျိုးလဲ။ အဆိပ်ရှိမြွေကြီးတွေ၊ဧရာမကင်းမြီးကောက်တွေ၊ ပင့်ကူတွေနဲ့ တခြားသောထူးဆန်းတဲ့သတ္တဝါတွေကျက်စားနေထိုင်ရာနေရာပေါ့။ နှစ်ပေါင်းများစွာအိပ်ပျော်နေတဲ့ရှေးဟောင်းသားရဲတွေလည်းရှိတယ်လို့ဆိုကြတယ်။ဝင်သွားပြီးရင်ပြန်လမ်းမရှိတဲ့ သေမင်းတံခါးဝဖြစ်ပြီး၊ဘဝအသစ်စရာလို့လည်းဆိုကြပါတယ်။ဘာလို့ ဘဝအသစ်စရာလို့ပြောတာလဲ?လုံလင်ပိုးမွှားတောင်ကြားမှာသေဆုံးသွားပြီးရင်ပြန်လည်မွေးဖွားနိုင်တဲ့အစွမ်းရှိတဲ့သတ္တဝါတစ်မျိုးရှိတယ်တဲ့။ ဒါကိုမျက်မြင်တွေ့ဖူးတဲ့ဇီဝဗေဒပါမောက္ခတစ်ယောက်ကအရူးလို့သတ်မှတ်ခံရပြီး၊ အလုပ်ကပါထွက်ခဲ့ရတယ်။သူဟာအဲ့ဒီသတ္တဝါတကယ်ရှိကြောင်းသက်​သေပြချင်နေခဲ့တယ်။ပိုးမွှားတောင်ကြားသုတေသနမှာပျောက်ဆုံးသွားတဲ့ပါမောက္ခတစ်ဦးရဲ့သားဖြစ်သူဟာလည်းအဲ့ဒီလျို့ဝှက်ဆန်းကြယ်တဲ့တောင်ကြားအကြောင်းကို တိတ််တိတ်လေးစုံစမ်းနေခဲ့တယ်။ သူတို့၂ယောက်နဲ့ ကုလို့မရတဲ့ရောဂါခံစားနေရတဲ့လူချမ်းသာအဘိုးကြီးတို့တွေ့ကြတဲ့အခါ လုံလင်ပိုးမွှားတောင်ကြားကိုခရီးဆက်မယ့်စွန့်စားခန်းစတင်ပါတော့တယ်။ မတူညီတဲ့ပန်းတိုင်ကိုယ်စီရှိကြတဲ့မတူညီတဲ့လူတွေ အတူတကွခရီးဆက်ကြတဲ့အခါ…. ဆန်းကြယ်တဲ့ ပဟေဠိ​တွေကိုအဖြေညှိကြရင်းရှေးဟောင်းသတ္တဝါတွေနဲ့တိုက်ပွဲမှာဘယ်သူကအနိုင်ရလေမလဲ။မသေမျိုးဖြစ်စေနိုင်တဲ့ သတ္တဝါကရော တကယ်ရှိလား။ဘယ်သူတွေရဲ့ရည်ရွယ်ချက်ကအောင်မြင်ပြီး ဘယ်သူတွေက ကျဆုံးလေမလဲ။
...

Restart the Earth (2021) ⭐IMDB: 4.2/10 (725 Votes) 🎬 #Drama #SciFi #ScienceFiction #Horror #Action #Thriller 🗓 2021 🎞 movie 🌎 #China ⏰ 1 နာရီ 29 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကမ္ဘာကြီးမှာ အပင်တွေဟာ ရုတ်ချည်း သန္ဓေပြောင်းလဲကြီးမားလာပြီး လူတွေတိရိစ္ဆာန်တွေကို အာဟာရအဖြစ်စားသုံးကာ မြေနေရာရဲ့ ၉၃ရာခိုင်နှုန်းကိုဖုံးလွှမ်းသွားပါတော့တယ် အဲ့လိုကပ်ဘေးကြီးမှာ ယန်ဟောက် နဲ့ သူ့ရဲ့သမီးဟာနောက်ဆုံးအကြိမ်လွတ်မြောက်ရေးအဖွဲ့ထဲမှာပါမသွားဘဲ နှစ်ဦးတည်းအန္တရာယ်ဇုံထဲမှာ ကျန်ရစ်ခဲ့ပါတယ် အဲ့နောက်မှာ အစိုးရက ကပ်ဘေးမှလွတ်မြောက်ဖို့ တာဝန်တွေထမ်းဆောင်ရမဲ့ ပူးတွဲအဖွဲ့၄၇ဖွဲ့ကို ဖွဲ့စည်းပေးပြီးကမ္ဘာ့ နိုင်ငံအသီးသီးကို စေလွှတ်လိုက်ပါတယ် ၄၇ဖွဲ့ထဲကမှ C8683စစ်ဆင်ရေးအဖွဲ့နဲ့သူတို့သားအဖနှစ်ယောက် တွေ့ဆုံမိကြပြီး အကြောင်းအမျိုးမျိုးကြောင့်ပူးပေါင်းစစ်ဆင်ရေးလုပ်ဖို့ ဖြစ်လာတဲ့အခါမှာတော့… သူတို့တစ်တွေအမျိုးမျိုးသော အန္တရာယ် အခက်အခဲတွေကြားမှာ ကိုယ်ကျိုးစွန့်ကာကမ္ဘာကြီးကို ဘယ်လိုတွေ ​အတူတူကယ်တင်ကြမလဲဆိုတာရင်တမမနဲ့ စိတ်လှုပ်ရှားထိတ်လန့်ဖွယ်ဆက်လက်ကြည့်ရှုကြရမှာပါ
...

Roger Dodger (2002) ⭐TMDB: 61% User Score 🎬 #Comedy #Drama 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Director Dylan Kidd ရဲ့ ပွဲဦးထွက် ပထမဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး နာမည်ကျော်သရုပ်ဆောင် Campbell Scotts ကိုယ်တိုင် ပါဝင်အားဖြည့်ပေးထားတဲ့ Roger Dodger မိန်းမကျမ်းကြေပါတယ်ဆိုတဲ့ ရော်ဂျာ သူ့ရဲ့ Boss Joyce နဲ့ တွေ့ချိန်မှာ သူထင်ထားသလို လွယ်ကူနေပါ့မလား? ၁၆နှစ်သားလေး နစ်ကိုးလပ်စ်က ဦးလေးဖြစ်သူ ရော်ဂျာဆီကို ရောက်လာပြီး မိန်းမတွေအကြောင်းသင်ပေးဖို့ တောင်းဆိုလာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ? နစ်ကရော သူသင်ယူချင်ခဲ့တဲ့အရာတွေ တတ်မြောက်သွားရဲ့လား? ရော်ဂျာကရော နစ်ကို မိန်းကလေးတွေအကြောင်း ဘယ်လိုတွေသင်ကြားပေးခဲ့လဲ? သူတို့နှစ်ဦးကြားကအလွဲလေးတွေကို ဟာသဆန်ဆန်ပုံဖော်ရိုက်ကူးပေးထားတဲ့ စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းတကားဖြစ်ပါတယ်။
...

The Medicine King Coffin (2022) ⭐TMDB: 55% User Score 🎬 #Action #Adventure #Fantasy #History 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 23 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Medicine King Coffin ဆိုတဲ့ခေါင်းစဉ်အတိုင်း သင်္ချိုင်းထဲမှာဆေးပညာတွေရှာဖွေရမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မင်းစား ဟော့ချန်ရှန်းက ငယ်ငယ်ထဲကအဘိုးနိ့သိုင်းလောကထဲမှာဖြတ်သန်းကျော်လွှားပြီး ဆေးပညာဗဟုသုတနဲ့အဖိုးတန်ဆေးမြစ် ဆေးဝါးတွေကိုရှာဖွေလေ့လာတဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပါတယ် သူ့အဘိုးသေသွားပြီးနောက်မှာ သူ့ရဲ့ငယ်သူငယ်ချင်း ဟူယိဖားနဲ့အတူဆေးတိုက်လေးတစ်ခုဖွင့်ပြီး ရောဂါကုပေးပြီးဆေးဝါးတွေကိုရောင်းချစွာ အေးဆေးနေထိုင်ကာ အသက်မွေးကြပါတယ်တစ်နေ့မှာတော့ သူတို့ သူငယ်ချင်း၂ယောက် ဆေးတိုက်မှာအလုပ်ဆင်းနေချိန်အားမာန်လို့ခေါ်တဲ့ မျောင်မျိုးနွယ်စုက မိန်းကလေးတစ်ယောက်ဝင်လာပါတယ် အားမာန်ရောက်လာပြီးနောက် ဟောရန်ကျန်းလို့ခေါ်တဲ့ဘိုးတော်တစ်ယောက်ရောက်လာပြန်တယ်သူတို့ ၂ယောက်လုံးက ထူးဆန်းစွာနဲ့ “မင်းအဖေတင်ခဲ့တဲ့အကြွေးကသားဖြစ်သူက အကြွေးပြန်တပ်ပေးရမယ်” ဆိုပြီးဟော့ချန်ရှန်းတစ်ခါမှ မကြားဖူးတဲ့နေရာ “ဆေးဘုရင်တောင်ကြား”ကိုလိုက်ပို့ပေးပါလို့ ၂ဦးလုံးတောင်းဆိုလာကြတယ် ဟော့ချန်ရှန်းက အဖေနဲ့အဆက်သွယ်မရှိတာလည်း ကြာပြီဖြစ်သောကြောင့်အစကငြင်းဆိုခဲ့ရာမှ သူ့အဖေက ဘာဖြစ်လို့သူ့ကိုပစ်ပြီးဆေးဘုရင်တောင်ကြားထံထွက်သွားခဲ့ရတာလဲဆိုတဲ့အကြောင်းအရင်းကိုသိချင်လို့ သူတို့နဲ့အတူလိုက်ပါပေးဖို့ လက်ခံလိုက်ပါတယ် အားမာန်နဲ့ ဟောရန်ကျန်းတို့က ဘာဖြစ်လို့ဆေးဘုရင်တောင်ကြားကိုသွားချင်ရတာလဲဟော့ချန်ရှန်းရဲ့အဖေကရော ဆေးဘုရင်တောင်ကြားမှာရှိနေမလားဆေးဘုရင်တောင်ကြားဆိုတာ ဆေးဝါးတွေနဲ့ပြည့်နှပ်နေတဲ့ကောင်းကင်ဘုံလား ပုတ်ကောင်အလောင်းတွေနဲ့ပြည့်နေတဲ့ငရဲဘုံလားဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုလိုက်ရအောင်ဗျာ
...

The Mercenary (2019) ⭐IMDB: 5.2/10 (781 Votes) 🎬 #Action 🗓 2019 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Mercenary(2019) IMDb….5.6 The mercenaryဆိုတဲ့အဓိပ္ပာယ်က ကြေးစားစစ်သား…မက်စ်တို့အဖွဲ့က Central Africa တို့ Columbia တို့မှာ သူတို့ကိုခိုင်းတဲ့ လူသတ်မှုတွေကိုကြေးကြီးကြီးယူပြီးလုပ်ကြတယ်…. South Americaမှာ သူတို့ mission လုပ်နေရင်း မက်စ်တစ်ယောက်ကိုအကြောင်းတစ်ခုကြောင့်သေပြီဆိုပြီး ထားခဲ့ကြတယ်….. အနီးနားက ဘုရားကျောင်းက ဖာသာကသူ့ကိုကယ်တင်စောင့်ရှောက်ထားခဲ့တယ်.. သူ့ကျန်းမာရေးပြန်ကောင်းလာပြီးနောက် ဘုရားကျောင်းမှာပဲသူ့ရဲ့ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေရင်းနဲ့မှ ဘာတွေ ဖြစ်လာမလဲဆိုတာ ကိုယ်တိုင်သာ ခံစားကြည့်ကြပါတော့…..ဒီကားက အက်ရှင်ဆိုတဲ့အတိုင်း အစမှ အဆုံးထိ နင်းကန်ဗျင်းပါတယ်…နင်းကန်ဗျင်းတာကြိုက်တဲ့သူတွေအတွက်တော့ ဒေါင်းကြည့်ကြပါလို့ လက်တို့လိုက်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Cynthia ပဲဖြစ်ပါတယ်
...

Pedro Páramo (2024) ⭐IMDB: 6.3/10 (2 k Votes) 🎬 #Drama #Fantasy #Horror #Mystery #Thriller #Western #Romance 🗓 2024 🎞 movie 🌎 #Mexico ⏰ 2 နာရီ 13 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pedro Páramo (2024) IMDb Rating (6.1) / Rotten Tomatoes (71%) ၁၉၅၅မှာ ထုတ်ခဲ့တဲ့ မက္ကဆီကန် Juan Rulfoရဲ့ ဝတ္တုPedro Páramoကိုပဲ ပြန်ရိုက်ထားတာပါ။ မက္ကဆီကန်ဒါရိုက်တာကပဲရိုက်ထားပြီး ဇာတ်လမ်းကိုက မက္ကဆီကန်အငွေ့အသက် တော်တော်လွှမ်းတဲ့ ဇာတ်လမ်းမျိုးပါပဲ။ အမျိုးအစားက magical realism dramaဖြစ်ပြီး တစ်ကားလုံးမှာ ကျွန်တော်တို့တွေ တစ္ဆေမြို့တွေ တစ္ဆေတွေ နားမလည်နိုင်စရာ အဖြစ်အပျက်တွေကို မြင်ရမှာပါပဲ။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကတော့ Rodrigo Prietoပါ။ နာမည်ကျော် စီနီမာတိုဂရပ်ဖာပါပဲ။ ဒီရုပ်ရှင်ကတော့ သူ့ရဲ့ပွဲဦးထွက်ရုပ်ရှင်ပါ။ မက္ကဆီကန်ဒါရိုက်တာတွေထဲ နာမည်အကျော်ဆုံးဖြစ်တဲ့ Alejandro ရဲ့ 21 Gramsတို့ Babelတို့ Amores perrosတို့မှာ စီနီမာတိုဂရပ်ဖာအနေနဲ့ ရိုက်ကူးခဲ့သလို အန်းလီရဲ့ Lust, Cautionနဲ့ Brokeback Mountainမှာလည်း ရိုက်ကူးခဲ့ဖူးတယ်။ The Wolf of Wall Street , The Irishman , Killers of the Flower Moon , Barbie တို့မှာလည်း စီနီမာတိုဂရပ်ဖာက သူပါပဲ။ ဒီနှစ်မှာတော့ တခြားကားတွေ စီနီမာတိုဂရပ်ဖာလုပ်တာ မရှိခဲ့ဘဲ သူ့ရဲ့ ဒီရုပ်ရှင်ကိုပဲ အားစိုက်ရိုက်ကူးခဲ့တယ်။ ဇာတ်ကတော့Alejandroရဲ့ Bardoအငွေ့အသက်မျိုးနည်းနည်းတော့သင်းပါတယ်။ ဘာမှတော့မဆိုင်ပါဘူး။ ဒါပေမဲ့ Bardoက ဒီဝတ္တုကနေပဲ စိတ်ကူးရတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ လူတစ်ယောက်ဟာ သူ့အမေမသေခင်မှာသွားတဲ့အတိုင်း ဝေးလံခေါင်သီတဲ့တစ်နေရာကို ရောက်လာပြီး ပက်ဒရိုပါရာမိုဆိုတဲ့ သူ့အဖေကိုလာရှာတာကနေ ဒီဇာတ်လမ်းကို စထားတယ်။ သူ့အမေပြောဖူးတဲ့ တစ်ချိန်က သာယာလှပတဲ့မြို့ကလေးဟာ သူရောက်တဲ့အချိန်မှာ မြို့ပျက်ပြီးဖြစ်နေခဲ့ပြီ။ တစ္ဆေမြို့လို မြို့တစ်မြို့ဖြစ်နေခဲ့ပြီ။ ဒီတစ္ဆေမြို့မှာ တစ္ဆေတွေရဲ့ စကားနားထောင်ရင်း သူ့အဖေအကြောင်း သူဘာတွေသိလာရမလဲ။ ဒီတစ်မြို့လုံးက တစ္ဆေတွေဟာ သူ့အဖေလက်ချက်နဲ့မကင်းဘဲ သေကြသူတွေဖြစ်နေတဲ့အခါ သူ့အဖေက ဘယ်လိုလူမျိုးဖြစ်ခဲ့လဲဆိုတာကို တစ္ဆေတွေနဲ့တွေ့ရင်းတစချင်းသိလာတာကို ကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)
...

The House of Us (2019) ⭐IMDB: 7.1/10 (279 Votes) 🎬 #Drama #Family #Uncategorized 🗓 2019 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 32 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The House of Us(2019)*********************** ကလေးဘဝ..လောကကြီးရဲ့ အသစ်အဆန်းတွေကို စတင်သင်ယူချိန်မှာ မိဘဟာအရေးကြီးဆုံးပါပဲ။ ဒီလိုအခြေအနေမျိုးမှာ တစ်ခုရှိတာက အဆင်မပြေမှုလေးတွေကြုံတိုင်း ကလေးဘဝရဲ့ … ဒုတိယအခင်တွယ်ဆုံးဟာ သူငယ်ချင်းလေးတွေပါပဲ။ မိဘတွေရဲ့ ကွာရှင်းဖို့အထိဖြစ်လာတာမျိုးတွေ… ဒီပတ်ဝန်းကျင်မှာ နေသားကျတုန်း ခဏ ခဏ အိမ်ပြောင်းရဖို့ ဖြစ်လာတာမျိုးကြုံရတဲ့ကလေးတွေအဖို့… နာကျင်မှုနဲ့ စိတ်ဒဏ်ရာလေးတွေက ရတတ်စမြဲပါ။ ဒီကားလေးထဲမှာ အဲဒီလိုအဖြစ်အမျိုးမျိုးကြုံကြတဲ့… ကလေးလေး (၃)ယောက်ရှိပါတယ်။ တစ်ယောက်က အဖေနဲ့အမေအိမ်ထောင်ကွဲဖို့ဖြစ်လာတဲ့ကောင်မလေး.. ကျန်(၂)ယောက်က မိဘတွေက အလုပ်ရှိရာမြို့ကိုခဏ ခဏပြောင်းနေရတဲ့မိသားစုတွေက ကလေးတွေပါ။ သူတို့(၃)ယောက်ဟာ ခံစားချက်ချင်းလည်းတူကြတော့ အရမ်းခင်တယ်ကြပါတယ်။ အိမ်ရဲ့အဆင်မပြေမှုတွေကြား.. အချင်းချင်းဆုံလိုက်တိုင်း စကားတွေပြောရင်း ကလေးဘဝထင်ရာလုပ်ရင်း ပျော်ရွှင်ကြရတယ်… နောက်တော့ သူတို့ကလေး(၃)ယောက်တိုင်ပင်ကြတယ်။ သူတို့တတ်စွမ်းတဲ့ ဉာဏ်ကလေးကိုသုံးပြီး… မိဘတွေမကွာရှင်းရအောင်ရယ်၊ အိမ်ခဏ ခဏပြောင်းရတဲ့အဖြစ်မျိုး နောက်မကြုံရအောင်ရယ်… ကာကွယ်ဖို့ကြိုးစားကြပါတော့တယ်။ ဒီကားလေးဟာ ကလေး(၃)ယောက်ကို အဓိကထားရိုက်ကူးပြီး… သူတို့တွေရဲ့ဖြစ်စဉ်နဲ့ ကျွန်တော်တို့ကလေးဘဝက အဖြစ်မျိုးမတူခဲ့ရင်တောင် အလားတူခံစားချက်မျိုးတွေရှိခဲ့တာကြောင့်.. ငယ်ဘဝနဲ့ သူငယ်ချင်းတွေကို အမှတ်ရစေပါတယ်။ တော်တော်လေးကိုကြည့်လို့ကောင်းပါတယ်။ ရယ်လည်းရယ်ရသလို ဝမ်းနည်းသနားစရာလည်းကောင်းလှတာမို့ ခံစားကြည့်ကြပါဦး…. ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ Angel ပဲဖြစ်ပါတယ်
...

Rafadan Tayfa 4: Hayrimatör (2023) ⭐IMDB: 5.4/10 (230 Votes) 🎬 #Adventure #Animation #Family #ScienceFiction 🗓 2023 🎞 movie 🌎 #Turkey ⏰ 1 နာရီ 32 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကာတွန်းကားလေးကတော့ ၂၀၂၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ တူရကီကာတွန်းဇာတ်‌ကားလေးပဲဖြစ်ပါတယ်။ ရှေ့မှာလည်း Rafadan Tayfa ဆိုပြီး ဇာတ်ကားသုံးကားထွက်ရှိထားပါသေးတယ်။ဒီဇာတ်ကား‌ကတော့ Tetralogy ရဲ့နောက်ဆုံးထွက်ထားတဲ့ဇာတ်ကားပဲဆိုရမှာပါ။ Hayri လို့ခေါ်တဲ့ ဉာဏ်ကြီးရှင်ကောင်လေးဟာ Hayrimatör လို့ခေါ်တဲ့စက်ရုပ်ကြီးကိုတည်ဆောက်နေခဲ့ပေမယ့် အလုပ်လုပ်စေဖို့ လုံလောက်တဲ့စွမ်းအားရှိမနေခဲ့ပါဘူး။ ဒီတော့ သူ့ရဲ့မိတ်ဆွေဂြိုလ်သားလေး Zobi ကိုအကူညီသွားတောင်းပါတော့တယ်။Zobi ကလည်း သူ့ရဲ့လက်စွပ်ကိုပေးလိုက်ပြီး မပျောက်‌ အောင်ဂရုစိုက်ဖို့နဲ့ ဒီလက်စွပ်က သူ့အိမ်ပြန်ဖို့လက်မှတ်ဖြစ်ကြောင်းပြောပြီး ပေးလိုက်ပါတယ်။ ဒီကားထဲမှာတော့ Hayri က သူ့ရဲ့စက်ရုပ်ကိုပဲအာရုံစိုက်နေတဲ့အတွက် Rafadan Crew အဖွဲ့သားတွေအပေါ် ပျက်ကွက်လာတာတွေရှိလာပါတယ်။ လက်စွပ်အကြောင်းကိုကြားသွားတဲ့ လူဆိုးကြီး Mr Spy ဟာ Hayrimatör ဆီကနေ လက်စွပ်ကိုခိုးယူဖို့ကြိုးစားပါတော့တယ်။ဒီတော့ Mr.Spy ဆီကနေ Hayri တို့လက်စွပ်ကိုဘယ်လိုပြန်ယူကြမလဲ Rafadan Crew ကရော အရင်လိုစည်းလုံးနိုင်ပါ့ဦးမလားဆိုတာကိုတော့ ဒီကားလေးထဲမှာပဲ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦးနော်
...

The Kid Detective (2020) ⭐IMDB: 7.0/10 (24 k Votes) 🎬 #Comedy #Drama #Mystery 🗓 2020 🎞 movie 🌎 #Canada ⏰ 1 နာရီ 41 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Kid Detective (2020) IMDb…7.0 အေ့လို့ခေါ်တဲ့ ကောင်လေးက အသက် ၁၂ အရွယ်ကနေ စပြီး ကလေးစုံထောက်အဖြစ် အလုပ်စလုပ်ခဲ့တယ်။ ထက်မြတ်တဲ့ကလေးတစ်ယောက်ဖြစ်တာကြောင့် အမှုတွေကို ဖော်ပေးနိုင်ခဲ့တဲ့အတွက် သူ့မြို့လေးမှာ သူဟာ အရမ်းကို နာမည်ကြီးလာခဲ့တယ်…. မြို့လယ်ခေါင်မှာ ရုံးခန်းလေး ဖွင့်နိုင်တဲ့အထိ သူက အောင်မြင်ခဲ့တယ်။ အမှုအပ်တဲ့သူတွေများလာသလို သူကိုယ်တိုင်လည်းအတွေ့အကြုံတွေများလာတဲ့အတွက် တော်ရုံအမှုဆို အချိန်တိုအတွင်းဖြေရှင်းနိုင်လေ့ရှိတယ်…. နောက်ပိုင်း သူ့ရုံးခန်းလေးအတွက် အတွင်းရေးမှူးမလေးအဖြစ် သူ့သူငယ်ချင်း ဂရေစီကိုတောင်  အလုပ်ခန့်ထားပါသေးတယ်… အဲဒီနောက်မှာတော့ သူ့အောင်မြင်မှုတွေနဲ့ သူ့ဘဝကို ဟိုးအောက်ဆုံးဆွဲချသွားစေတဲ့ဖြစ်ရပ်တစ်ခုရောက်လာခဲ့တယ်.. အဲဒါက သူ့ သူငယ်ချင်းမလေး ဂရေစီ ပြန်ပေးဆွဲခံရပြီး  သူဘယ်လောက်ပဲကြိုးစား ကြိုးစား ပြန်မတွေ့တော့တဲ့အဖြစ်ကြောင့် စိတ်ဓာတ်တွေအကြီးအကျယ်ကျခဲ့တဲ့အပြင် သူ့ကိုလည်း အားလုံးက ဖယ်ကျဉ်လာကြတယ်… နောက်ဆုံးမှာတော့ သူ့နာမည်ကိုပြန်အဖတ်ဆယ် ခက်ခဲလွန်းတဲ့အမှုကြီးတစ်ခုကိုလိုက်ဖို့ဆုံးဖြတ်လိုက်တယ်… သူအောင်မြင်မလားဆိုတာကိုတော့…….စိတ်ဝင်စားစရာမှုခင်စုံထောက်ကားတွေသဘောကျတဲ့သူတွေအတွက်ကြည့်သင့်ပါကြောင်း… ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်
...

The Punishment (2022) ⭐IMDB: 6.9/10 (785 Votes) 🎬 #Drama 🗓 2022 🎞 movie 🌎 #Chile #Argentina ⏰ 1 နာရီ 27 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်ကားက ဒါရိုက်တာ Alexander Witt ရဲ့ စပိန်ဒရာမာကားကောင်းတစ်ကားပါ။ အဓိက မင်းသမီး Mónica López, Marga Arnau နဲ့ မင်းသား Xabier Deive တို့ရဲ့ သရုပ်ဆောင်ချက်တွေဟာ ဖြစ်ရပ်မှန်ဆန်ပြီး စိတ်ထိခိုက်ဖို့ကောင်းပါတယ်။ ဇာတ်လမ်းထဲမှာ မိသားစုဘဝရဲ့ စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ကြရပုံကို အမိအဖနဲ့ သားသမီးတို့ကြားမှ ကြည်နူးစရာနဲ့ ရိုက်ကူးထားပါတယ်။ Alexander Witt ရဲ့ ရိုက်ကူးပုံက ကြည့်ရင်း ခံစားရမှုတွေကို ပိုမို ထိတွေ့အောင် ဖန်တီးပေးထားတာလည်း သဘောကျစရာပါပဲ။ ဇာတ်ကားကြည့်နေတုန်း စိတ်ပေါင်းသောင်းခြောက်ထောင်လောက်ကိုဖြစ်ပေါ်စေတဲ့အတွက်ကြောင့် ရိုက်ချက်တွေကတော့ ကောင်းပါတယ်။ ဇာတ်ကားဟာ ထူးခြားတဲ့ ဆုရရှိတာဘာညာ မရှိသေးပေမယ့် စပိန်ဒရာမာကြိုက်သူတွေ စိတ်ဝင်စားဖို့ကောင်းမယ့် ဇာတ်ကားတစ်ကားဖြစ်တယ်လို့ ပြောလို့ရပါတယ်။
...