ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
French Girl (2024) ⭐IMDB: 5.3/10 (755 Votes) 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 51 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂေါ်ဒင်လို့အမည်ရတဲ့ အမျိုးသားဟာ Brooklyn မြို့က စာသင်ကျောင်းတစ်ကျောင်းမှာ အင်္ဂလိပ်စာပြဆရာတစ်ဦး ဖြစ်ပြီးတော့ သူရဲ့ချစ်သူကောင်မလေးကတော့ ဆိုဖီလို့ခေါ်တဲ့ စားဖိုမှူးမလေးပေါ့ တစ်ယောက်ကိုတစ်ယောက် ချစ်ချစ်ခင်ခင် ဖြတ်သန်းနေတဲ့သူတို့စုံတွဲကြားထဲ မထင်မှတ် ထားတဲ့အရာလေးတစ်ခုဖြစ်လာခဲ့ပါတယ်… ဆိုဖီဟာ သူရဲ့ဇာတိဖြစ်တဲ့ Quebec မြို့မှာ နာမည်ကြီးစားဖိုမှူး ဦးစီးဖွင့်မယ့် Frontenac ဆိုတဲ့ဆိုင်မှာ အကြီးတန်းစားဖိုမှူး နေရာအတွက် ကမ်းလှမ်းခံခဲ့ရတဲ့အတွက် ဇာတိမြို့ကို ပြန်သွားဖို့ အကြောင်းဖန်လာခဲ့ပါတယ် ချစ်စိတ်မွှန်နေတဲ့ဂေါ်ဒင်ကတော့ ချစ်သူနောက်ကို လိုက်ပါရင်း Quebec မြို့ကို ရောက်သွားတဲ့အခါမှာ အကြီးတန်းစားဖိုမှူးရာထူးအား ကမ်းလှမ်းသူဟာ ဆိုဖီရဲ့ ရည်းစားဟောင်းရူဘီဖြစ်နေကြောင်း သိသွားတဲ့အခါမှာတော့……. ဂေါ်ဒင် ဘယ်လိုတွေရှေ့ဆက်လုပ်မလဲ? ဆိုဖီနဲ့ရူဘီကရော ဘာကြောင့်လမ်းခွဲခဲ့ရသလဲ? ဆိုဖီရော အလုပ်ကမ်းလှမ်းမှုကို လက်ခံလိုက်မှာလား? ဆိုဖီနဲ့ရူဘီရော ပြန်ဇာတ်ပေါင်းထုပ်သွားမလား? ဆိုတာကိုတော့ ဇာတ်ကားထဲ အဖြေရှာကြည့်ပါဦး...
Love, Divided (2024) ⭐IMDB: 5.9/10 (130 Votes) 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #Spain ⏰ 1 နာရီ 39 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ cm ပရိသတ်ကြီးကို netflixက ရိုက်ကူးထားတဲ့ စပိန်ဘာသာစကားပြော အချစ်ဖန်စီ ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးကို ပူပူနွေးနွေး ဧပြီ ၁၂ ကမှ စပြီးထုတ်လွှင့် ထားတာပါ။ IMDB 7 နီးပါး ရရှိထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားဆိုရင်လည်း မမှားပါဘူး။ ဇာတ်ကြောင်းက ဗလင်တီနာဆိုတဲ့ စန္ဒယားတီးတဲ့ ကောင်မလေး တစ်ယောက် အိပ်ခန်းအသစ်ကို ပြောင်းလာခဲ့ပါတယ်၊ ဖြစ်ချင်တော့ ဘေးအခန်းက နေတဲ့သူက ဆူညံသံတွေကို အရမ်းမုန်းတဲ့ တီထွင်ပညာရှင် ဒေးဗစ်ဆိုတဲ့ ကောင်လေးပါ၊ သူတို့တွေကြားက နံရံက အုတ်တစ်ချပ်သာခြားတဲ့ ပါးလွှာတဲ့ နံရံဖြစ်နေတာပါ။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလို ဗလင်တီနာ ကြောက်လန့်ပြီး မနေနိုင်အောင် အသံတွေပေးပြီး အနုနည်းနဲ့ မောင်းထုတ်ပါတော့တယ်။ ဗလင်တီနာက ဘယ်လိုမျိုး လက်တုံ့ပြန်မလဲ၊ သူတို့တွေ အချင်းချင်း ဘယ်လိုညှိကြမလဲဆိုတာ ကြည့်ရှုခံစား ကြည့်လိုက်ကြပါဦး။...
Holding the Man (2015) ⭐IMDB: 7.4/10 (13 k Votes) 🎬 #Biography #Drama #History #Romance 🗓 2015 🎞 movie 🌎 #Australia ⏰ 2 နာရီ 8 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Holding the Man (2015)=================IMDb Rating – 7.4/10 Holding the Man ဟာ ၂၀၁၅ မှာထွက်ရှိခဲ့တဲ့ Australianromantic drama ဇာတ်ကားတစ်ကားဖြစ်ပြီး TimothyConigrave ရဲ့ ကိုယ်ရေးမှတ်တမ်းကိုအခြေခံရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ ကိုယ်ရေးမှတ်တမ်းဖြစ်တဲ့အတိုင်းစာရေးသူတီမိုသီနဲ့သူ့ဘ၀လက်တွဲဖော်John Caleo တို့ရဲ့ ဆယ့်ငါးနှစ်တာဘ၀ဖြတ်သန်းမှုပါပဲ။ အစောပိုင်းခေတ်ကာလ ရေုးရိုးစွဲတွေ လိင်တူနှစ်သက်မှုကို ဘာသာရေး၊လူမှုရေး အစရှိတဲ့စံနှုန်းတွေနဲ့ နှိုင်းချိန်အကဲဖြတ်ကြတဲ့ အချိန်မှာ သူတို့ရင်ဆိုင်ရတဲ့အခက်အခဲတွေ၊အနိမ့်အမြင့်အတက်အကျတွေကို သီချင်းတွေအများကြီးနဲ့ မြူးကြွသွက်လက်စွာတွေ့မြင်ရမယ့် biopic မဆန်တဲ့ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်ကားဟာထွက်ရှိစဉ်ကတည်းက ရီဗျူးကောင်း ရလဒ်ကောင်းတွေရရှိခဲ့ပြီး အကောင်းဆုံး LGBT ဇာတ်ကားတွေစာရင်းမှာ အချိန်တိုအတွင်းနေရာယူနိုင်ခဲ့ပါတယ်။မင်းသားနှစ်ယောက်ရဲ့ကြားက chemistryမိနေမှုနဲ့ performance တွေကိုလူတွေက အထူးချီးကျူးကြပါတယ်။ခံစားကြည့်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...
Beauty Scene-Yuna Ogura (STARS-363) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 19 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ DS မှာ အလှည့်ကျလာတဲ့ မဟေသီလေးကတော့Yuna Ogura လို့ အမည်ရပါတယ် ကောင်မလေးကရုပ်လေးကတော့ girlfriend material လေးပါ cutie လေးပေါ့ ဒါပေမဲ့ ချစ်စရာကောင်းသလို ပစ္စည်းလေးတွေကလည်း ရှိသင့်တာရှိတဲ့ပစ္စည်းရှိလူတန်းစားလေးပါ အပိုဆုကတော့ အပြုအစုအယုအယတီတီတာတာလေးတွေနဲ့ နှလုံးသားကိုသိမ်းပိုက်မယ့် ကောင်မလေးပေါ့သူကလေးနဲ့သာဆိုရင် နတ်ပြည်ရောက်နေသလို ခံစားရမှာပဲဆိုပြီးညိုကီတို့ အိမ်မက်မက်စိတ်ကူးယဉ်ကြည့်လို့ရတာပေါ့ ဒီထဲမှာတော့ မတူညီတဲ့ ဇာတ်လမ်းကျောရိုးသုံးခုကို စောင်ခြုံခိုးစားဇာတ်ကွက်လေးနဲ့ တင်ဆက်ထားတာမို့ ညိုကီတို့ ဝိုင်းအားပေးဖို့တင်ဆက်ပေးလိုက်ရပါတယ် (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
Marita (2023) ⭐IMDB: 7.4/10 (28 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 47 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဖိလစ်ပိုင်ရဲ့ဂုဏ်သတင်းအကြီးဆုံး နာမည်အကျော်ဆုံး တက္ကသိုလ်တစ်ခုရဲ့ပြဇာတ်ရုံထဲမှာ မာရီတာ ဆိုတဲ့ မင်းသမီးတစ်လက်ရှိခဲ့ဖူးပါတယ်။ မာရီတာဟာ လှပသလို ပညာရပ်မှာကြွယ်၀တဲ့အတွက် သူပဲအမြဲတမ်းခေါင်းဆောင်၊ သူကသာ ကြယ်တစ်ပွင့်အဖြစ် အားလုံးလက်ခုပ်တီးအားပေးရတဲ့ ကာလတစ်ခုကို နှစ်ရှည်လများပိုင်ဆိုင်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အချိန်တွေတဖြည်းဖြည်းပြောင်းလာ ကာလတွေပြောင်းလာတဲ့နောက် ပိုပြီးအရည်အချင်းပြည့်၀သလို ပိုပြီးနုငယ်လှပတဲ့ လူငယ်လူသစ်တွေ သူတို့လောက ကိုဝင်ရောက်လာတဲ့နောက် သူ့နေရာကိုအစားထိုးခံလိုက်ရတဲ့အချိန်မှာတော့ မာရီတာတစ်ယောက် အဆုံးစွန်အထိပေါက်ကွဲခဲ့ပါတော့တယ်။ သူ့နေရာကို အစားထိုးမယ့် ပြဇာတ်မင်းသမီးထက် ပိုပြီး နာမည်ကြီးမယ့်နေရာကို သူဝင်ယူလိုက်ပုံကတော့ စတိတ်စင်ပေါ်၊ ပရိသတ်ရှေ့မှာ ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့တာပါပဲ။ နောက်နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာတော့ သူ့ဇာတ်ကြောင်းဟာပါးစပ်ပြောရာဇဝင်တစ်ခုဖြစ်နေခဲ့ပါပြီ။ အဲ့ဒါတွေကို မယုံကြည်တဲ့ ကျောင်းအုပ်အသစ်၊ပြဇာတ်အဖွဲ့ဝင်အသစ်တွေနဲ့ သူတစ်ချိန်က ကြီးစိုးခဲ့တဲ့ ပြဇာတ်ရုံကိုပြန်အသက်သွင်းဖို့ကြိုးစားတဲ့အချိန်မှာ မာရီတာ ဘယ်လိုတုန့်ပြန်မှာလဲ? မာရီတာဟာ တကယ်ပဲ အဲ့ဒီဇာတ်ရုံထဲမှာရှိနေဆဲလား? ဆက်လက်ရှုစားကြပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Premalu (2024) ⭐IMDB: 8.2/10 (3 k Votes) 🎬 #Bollywood #Comedy #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 35 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Premalu (2024) “စမ်းတဝါးဝါး”IMDb – 8.3/10 အသစ်ထွက်ရှိလာတဲ့ လူငယ်အချစ်ဟာသ မလေယာလမ်းရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ရူပီး သုံးကုဋေရင်းပြီး ၁၃၆ကုဋေတောင် ပြန်ရခဲ့တာဆိုတော့ ပရိသတ်အတော်လက်ခံခဲ့တဲ့ရုပ်ရှင်လို့ ပြောရမှာပေါ့။ ဆာချင်ရဲ့ ကောလိပ်နောက်ဆုံးနေ့ရက်မှာ လေးနှစ်လုံးချစ်ခဲ့ရတဲ့ ခရတ်ရှ်လေးကိုဖွင့်ပြောဖို့အလုပ် သူရင်ဖွင့်နေကျ ဘော်ဒါဘော်ကျွတ်နဲ့ သူ့မဒီလေးက ချစ်နေတာကြာပေါ့ဆိုလို့ဆာချင်တစ်ယောက် အသဲကွဲခဲ့တာကစပါတယ်။ ဆာချင့်မိသားစုက အိမ်တွင်းရေးအဆင်မပြေ။ မိဘဖြစ်သူတွေက တစောင်းစေးနဲ့မျက်ချေး၊တွေ့လိုက်တာနဲ့ ရန်တကျက်ကျက်။ အစ်မဖြစ်သူက လင်ပူမိ၊ အားနေ မတော်ရသေးတဲ့လင်နဲ့စကားများလိုက် ပြန်ချစ်လိုက်နဲ့မျက်စိနောက်စရာ။ ဒီလိုအပူတွေကနေဝေးရာကို ပြေးချင်သူက ဆာချင်။ဆာချင်ရဲ့ရည်မှန်းချက်က ယူကေကိုသွားဖို့။ဗီဇာရဖို့အရေး ရှိုးမန်းနီးပြစရာမရှိတော့ ဗီဇာကမကျ။ဘူနေတဲ့ဆာချင်တစ်ယောက် ငယ်သူငယ်ချင်းတစ်ယောက်နဲ့တွေ့လို့တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုသလို တောပြောင်းပါတော့တယ်။ ဒီမှာပဲ ပညာရေးမှာ သိပ်မကြိုးစားခဲ့တဲ့ လူငယ်တစ်ယောက် လမ်းပျောက်နေရာကနေ အချစ်၊ အလွမ်း၊သူငယ်ချင်းတွေကြား ခင်မင်ရင်းနှီးမှုတွေနဲ့ ဘ၀သင်ခန်းစာတွေကို တင်ဆက်ပြသသွားမှာမို့ခံစားကြည့်ရှုကြပါဦးရှင့်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)...
Senakulo 2024: Traslacion (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 37 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Senakulo 2024 : Traslacion 2024 Religionဆိုတာဘာလဲလို့မေးလာရင် ကိုးကွယ်ယုံကြည်မှုလို့ဖြေကြမှာပေါ့။တစ်နည်းအားဖြင့်ပြောရရင်တော့ ဒုက္ခတွေ့ချိန် အကြံကုန်လမ်းဆုံးချိန်မှာအားကိုးရာ ခိုလှုံရာအနေနဲ့ သတ်မှတ်ကြတဲ့အရာပါပဲ။ physicalရော mentalရော မစွမ်းတော့ရင်spiritual လမ်းစဉ်လိုက်တတ်ကြတာပဲမဟုတ်ပါလား။ ဒါကို ကွင်းကွင်းကွက်ကွက် ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းလေးကို ခုပဲတင်ဆက်ပေးလိုက်ပါပြီ။ ဗီဗာဟာ ကျောက်ကပ်ရောဂါကို ငယ်ငယ်ရွယ်ရွယ်နဲ့ ခံစားနေရတဲ့ကလေးတစ်ယောက်၊ ဆယ်ကျော်သက်မြီးကောင်ပေါက်အရွယ်ပီပီရွယ်တူတွေနဲ့ ပြေးလွှားဆော့ကစားချင်ပေမဲ့ ကစားခွင့်မရတဲ့သူလေး၊ ဘယ်လောက်ပဲ အမေကထိန်းချုပ်နေပါစေတစ်ခါတလေ ခိုးဆော့ရင်းနဲ့ ဖျားလိုက်နာလိုက်ချူချာလိုက်နဲ့ ပတ်လည်ရိုက်နေတာပေါ့။ တစ်နေ့မှာတော့ ဗီဗာရဲ့ကျောက်ကပ်က ကယ်မရတော့တဲ့အကြောင်း ကျောက်ကပ်ဆေးရင်းနဲ့ပဲ အသက်ရှင်နိုင်တော့မှာဖြစ်ပြီးအလှူရှင်ရှိရင် အဆင်ပြေကြောင်း ဆရာဝန်ကပြောလိုက်ချိန်မှာတော့ အမေဖြစ်သူငယ်ထိပ်မိုးကြိုးပစ်တဲ့အဖြစ်နဲ့ ကြုံရပါတော့တယ်။ကိုက်ညီတဲ့အလှူရှင်ရော ခွဲစိတ်ကုသဖို့ကိုပါ မတတ်နိုင်လေတော့ နောက်ဆုံးမှာ သူ့ရဲ့ကိုးကွယ်ရာကတော့ ဘုရားသခင်ကိုပါပဲ။ ခလုတ်ထိမှအမိတဆိုသလို အခက်ကြုံရင် ကိုးကွယ်ရာကိုတ,တတ်ကြတဲ့ လူသဘာဝနဲ့အတူ ခရစ်တော်သမိုင်းကြောင်းတစေ့တစောင်းရှုစားရင်းနဲ့ ဗီဗာတို့သားအမိ ဘယ်လိုဆက်ဖြစ်ကြမလဲ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ (ခရစ်ယာန်အသုံးအနှုန်းများကို အတတ်နိုင်ဆုံးဘာသာပြန်ဆိုထားတာဖြစ်လို့ အလွဲလေးများပါခဲ့သည်ရှိသော် ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။) အညွှန်းနဲ့ဘာသာပြန်ကတော့ V & Alex တို့ပဲဖြစ်ပါတယ်...
The Mystery of Jade (2024) ⭐TMDB: 0% User Score 🎬 #Fantasy #Horror #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 20 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မီးထွန်းပွဲတော်ညတစ်ညမှာ ပြည်သူတွေပျော်ပျော်ရွှင်ရွှင်နဲ့ လည်ပတ်ပြီးမီးပုံးတွေရှုစားနေတဲ့အချိန်မှာ တော်ဝင်နတ္ခတ်ပညာရှင်ကြီးက” စုန့်တိုင်းပြည်ကြီးပျက်တော့မည်” ဆိုတဲ့တဘောင်ကိုတွင်တွင်အော်ဟစ်ပြီး အဆောက်အဦးပေါ်ကနေခုန်ချသေဆုံးသွားခဲ့တယ်။ တဘောင်ကြောင့် ပြည်သူတွေထိတ်လန့်တကြားဖြစ်ရပြီးတိုင်းပြည်တည်ငြိမ်ရေးကိုပါ ထိခိုက်လာနိုင်တဲ့အတွက်ဘုရင်မင်းမြတ်ဟာ ပေါင်ချိန်ကို (၃)ရက်အတွင်းအမှုဖော်ဖို့ တာဝန်ပေးလိုက်ပါတယ်။(၃)ရက်အတွင်းမှာ ဆန်းကြယ်လှတဲ့ဒီအမှုကိုဘယ်လိုစုံစမ်းစစ်ဆေးမလဲ……ပြည်သူတွေကိုကိုင်လှုပ်ခဲ့တဲ့တဘောင်ကိုပြန့်အောင်လုပ်တဲ့သူကဘယ်သူဖြစ်နေမလဲ…… အရာအားလုံးကိုနောက်ကွယ်ကချုပ်ကိုင်နေတဲ့တရားခံဟာဘယ်လိုရည်ရွယ်ချက်နဲ့များကျူးလွန်ခဲ့တာဖြစ်မလဲ……လူငယ်ပေါင်ချိန်ဇာတ်ကားဖြစ်ပြီးတော့ ပေါင်ချိန်ဇာတ်လမ်းတွဲနဲ့မတူတဲ့ဟန်တစ်မျိုးနဲ့ တင်ဆက်ပုံဖော်ထားတာဖြစ်ပါတယ်။မှုခင်းဇာတ်လမ်းတွေကိုကြိုက်တဲ့ ပရိသတ်အတွက် စိတ်ဝင်စားစရာဇာတ်ကားလေးပဲဖြစ်ပါတယ်။...
Dolphin (2023) ⭐TMDB: 0% User Score 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 30 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dolphin(2024) ************* Girl’Generation အဖွဲ့ဝင် Kwon YuriMain Lead အဖြစ် ပါဝင်ထားတဲ့ Dolphin ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ နာယောင်းက မွေးရပ်ဇာတိ နယ်မြို့လေးကို သံယောဇဉ်ကြီးတဲ့အပြင် မိသားစု အမှတ်တရတွေ ရှိတဲ့ သူတို့အိမ်လေးကို အင်မတန်မှ တန်ဖိုးထားပါတယ်။ ဒါပေမဲ့ နာယောင်းရဲ့ အမေက အမှတ်တရတွေရှိခဲ့တဲ့သူတို့ အိမ်လေးကို ရောင်းချဖို့ စီစဉ်ခဲ့တယ်။ နာယောင်းရဲ့ မောင်လေး ဆောင်းအွန်းကလည်းမွေးရပ်မြေကို စွန့်ခွာပြီး ဆိုးလ်မြို့ပေါ်ကို သွားဖို့စိတ်အားထက်သန်နေပါတယ်။ အားလုံးက နယ်မြို့ကို စွန့်ခွာပြီး ဆိုးလ်မြို့ပေါ် တက်ချင်နေကြတဲ့အချိန်မှာ ဟယ်ဆူဆိုတဲ့ ကောင်လေးတစ်ယောက်ကတော့ ဆိုးလ်ကနေ နယ်ဘက်ကိုဆင်းလာပြီး အလုပ်လုပ်ဖို့ ရောက်ရှိလာခဲ့ပါတယ်။ မိသားစုနဲ့ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ စိတ်ရှုပ်နေရတဲ့ နာယောင်းဟာ တစ်နေ့မှာတော့ စိတ်သက်သာရာရရှိစေမဲ့ အားကစားတစ်ခုကို မထင်မှတ်ဘဲ ထိတွေ့ခွင့်ရခဲ့ပါတယ်။ ဒီဇာတ်ကားလေးက နယ်မြို့လေးမှာ အခြေတည်ရိုက်ကူးထားတာ ဖြစ်ပြီး ပေါ့ပေါ့ပါးပါး ဇာတ်အိမ်တည်ထားတဲ့အတွက် ပိတ်ရက်မှာ မိသားစုနဲ့ အတူ ကြည့်ရှူဖို့ရာ ညွှန်းပေးလိုက်ချင်ပါတယ်။...
Kahin Pyaar Na Ho Jaaye (2000) ⭐TMDB: 52% User Score 🎬 #Bollywood #Comedy #Drama #Musical #Romance #Family 🗓 2000 🎞 movie 🌎 #India ⏰ 2 နာရီ 38 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kahin Pyaar Na Ho Jaaye (2000)”ချစ်မိသွားနိုင်တယ်”========================================= ဆလူးဘိုင်ရဲ့ နုစဉ်အခါက rom-com ကားလေးကိုCm ပရိသတ်တွေအတွက် Bollywood Team ကနေ တင်ဆက်ပေးချင်ပါတယ်။ပရမ်ဟာ မြို့ငယ်လေးတစ်ခုက နာမည်အတော်အသင့်ရှိတဲ့ ဂီတသမားလေးပါ။သူ့မှာ နီရှာဆိုတဲ့ လက်ထပ်ခါနီးချစ်သူတစ်ယောက်ရှိပါတယ်။နီရှာကတော့ အလုပ်ကိစ္စကြောင့် ပရမ်နဲ့အဝေးကို လနဲ့ချီ ရောက်နေတဲ့သူပေါ့။ အဲဒီလို ချစ်သူနဲ့ ဝေးနေတုန်းမှာ ပရမ့်ရဲ့ ဘဝထဲကို ပရီယာဆိုတဲ့ မိန်းမလေးတစ်ယောက်ရောက်လာပြီး ဝါသနာတွေ၊အကြိုက်တွေတူတာမလို့ တစ်ယောက်နဲ့တစ်ယောက် ရင်းနီးသွားကြပါတယ်။ အဲဒီလိုအချိန်မှာပဲ ပရမ်ရဲ့ချစ်သူနီရှာတစ်ယောက် သူတို့မြို့လေးကို ပြန်ရောက်လာတဲ့အခါသူတို့သုံးယောက်ကြားမှာ သုံးပွင့်ဆိုင်မကျတကျ အချစ်ဇာတ်လမ်းလေးတစ်ခု ပေါ်ပေါက်လာပါတော့တယ်။ ဒီရုပ်ရှင်လေးထဲမှာ ဆလူးဘိုင် တော်တော်လေးငယ်သေးပြီး သရုပ်ဆောင်ကွက်တွေဟာလည်းလက်ဆတ်တက်ကြွနေပါသေးတယ်။ ဒီရုပ်ရှင်လေးဟာ ရှေးကားတွေရဲ့ထုံးစံ သရုပ်ဆောင်တွေကအနည်းငယ်ပြဇာတ်ဆန်နေပေမဲ့ ပေါ့ပေါ့ပါးပါးနဲ့ ဟာသဆန်တဲ့ဟာသလေးတွေ၊ ဒရာမာအနှစ်တွေပါတာမလို့sit-com ဆန်ဆန် vitage vibe အပြည့်ရမယ့် ပေါ့ပေါ့ပါးပါးကလက်ဆစ်ရုပ်ရှင်လေးဖြစ်လို့ ၂ နာရီကျော် အချိန်ပေးရကျိုးနပ်စေမှာပါ…။ (ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V, ToMo, Suri နဲ့ Zwe Yan တို့ပဲဖြစ်ပါတယ်။)...
Gemencheh Boys (2023) ⭐IMDB: 8.3/10 (42 Votes) 🎬 #Biography #Drama #Sport 🗓 2023 🎞 movie 🌎 #Malaysia ⏰ 1 နာရီ 43 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gemencheh Boys 2024 (ဂမန်ချန်းက လူဆိုးလေးများ)IMDb- 8.3/10 ဒီတစ်ခါမှာတော့ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးတင်ဆက်ပေးထားတဲ့ဆရာ့မေတ္တာဒရာမာဇာတ်လမ်းလေးတစ်ပုဒ်ကို CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဂမန်ချန်းရွာ မူလတန်းကျောင်းက နှလုံးသားလေးနွေးထွေးစေမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့၊အဲဒီကျောင်းလေးမှာ သောက်ကလေး၆ကောင်လို့ နာမည်ကြီးတဲ့ လူဆိုးလေး၆ယောက်ရှိပါတယ်။သူတို့တွေဟာ အရမ်းဆိုးလွန်းလို့ ဘယ်လောက်အပြစ်ပေးခံရခံရ လုံးဝကို မမှတ်တဲ့ ကောင်ဆိုးလေးတွေပါ။တစ်နေ့တော့ ကျောင်းအုပ်ကြီးက စည်းကမ်းထိန်းသိမ်းရေးဆရာကို သူတို့ကျောင်းရဲ့ ယိုယွင်းစပြုနေပြီဖြစ်တဲ့ခရစ်ကတ်အဖွဲ့ကို ဦးစီးခိုင်းတဲ့အချိန်မှာတော့ စည်းကမ်းထိန်းသိမ်းရေးဆရာဖြစ်တဲ့ ဆရာအာ့စ်မန်းဟာလူဆိုးလေး၆ယောက်ကိုပါ ခရစ်ကတ်အဖွဲ့မှာ ထည့်သွင်းဆော့ခိုင်းပါတော့တယ်။ လူဆိုးလေး၆ယောက်ဟာလည်း ခရစ်ကတ်ကိုလုံးဝစိတ်မဝင်စားဘဲ ထရိန်နင်ကို ဘယ်လိုလစ်ရမလဲဆိုတာကိုပဲ ချောင်းနေပါတော့တယ်။ဒီလိုနဲ့ သူတို့က လစ်လိုက် ဆရာဖြစ်သူက လိုက်ဖမ်းလိုက်နဲ့ နောက်ဆုံးမှာတော့ ချစ်ကြည်ရေးပြိုင်ပွဲတစ်ခုကစားရာမှာအနိုင်ရခဲ့ရင် ခရစ်ကတ်အဖွဲ့ကနေ ထွက်ခွင့်ပေးမယ်ဆိုတဲ့ ကတိပေးလိုက်မှ ပြိုင်ပွဲကိုနိုင်ဖို့ ကြိုးစားကြပါတော့တယ်။ ဒါပေမဲ့လည်း စိတ်မကောင်းစွာနဲ့ ပြိုင်ပွဲမှာ ရှုံးလာတဲ့နောက်မှာတော့ …..ရှုံးနိမ့်မှုကို မကြိုက်တဲ့သူတို့၆ယောက် အနိုင်ရဖို့ ဘယ်လိုတွေပြန်ကြိုးစားမလဲ …..ဆရာဖြစ်သူနဲ့ တပည့်ဖြစ်သူလူဆိုးလေးတွေ ဘယ်လိုအပေးအယူတည့်သွားကြမလဲ …..လူဆိုးလေးတွေကနေ ဘယ်လိုထူးချွန်ထက်မြက်တဲ့ကောင်လေးတွေ ဖြစ်လာမလဲ ဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(အညွှန်းကိုတော့ ToMo ကရေးသားပြီး ဘာသာပြန်ကတော့ ToMo, Suri ပဲဖြစ်ပါတယ်)...
The 66th Annual Grammy Awards (2024) ⭐IMDB: 6.5/10 (143 Votes) 🎬 #Music #Reality #RealityTV 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 2 နာရီ 36 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The 66th Annual Grammy Awards (2024)=============================== ဒီ 2024 ဂရမ်မီပွဲမှာတော့ Special Event တွေရော History Makingတွေရော အများကြီးပါ။ နှစ် ၃၀ ကြာပြီးမှ Billy Joel ရဲ့ Comeback,အသက် ၈၀ ပြည့်ပြီးမှ ပထမဆုံးအကြိမ် ဂရမ်မီ စင်မြင့်ထက်မှာ လာဖျော်ဖြေတဲ့ Joni Mitchell, Album of the Year လေးကြိမ်ဆက်တိုက်ဆွတ်ခူးဖူးတဲ့ ပထမဆုံးသောသူ ဖြစ်လာတဲ့ Taylor Swift, အနုပညာသက်တမ်း ၁၈ နှစ်အကြာမှ ပထမဆုံးသော ဂရမ်မီလိပ်ပြာလေးကို ဆွတ်ခူးရရှိခဲ့သူ Miley Cyrus… စသဖြင့် အမှတ်တရတွေ စုံလှတဲ့ ပွဲတစ်ပွဲပါ။အမှတ်တရတွေ အများကြီးနဲ့ ၆၆ကြိမ်မြောက် ဂရမ်မီ ဆုပေးပွဲကြီးကိုအားလုံး ပြန်လည်ခံစား ကြည့်ရှုနိုင်ဖို့ CM က တင်ဆက်ပေးလိုက်ပါတယ်။ စကားချပ်: ဘာသာပြန်ရတဲ့ စာဖိုင်က အပြည့်အစုံမပါတာမလို့ listening နဲ့ထည့်ထားရတဲ့ စာတွေလည်း ပါတာကြောင့် တချို့နေရာတွေ မပြည့်စုံတာမျိုးဖြစ်နိုင်ပါတယ်။ အဓိက main point တွေတော့ အတတ်နိုင်ဆုံး ပြန်ထားကြောင်းပြောကြားရင်း သည်းခံကြည့်တော်မူကြပါကုန်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Act Molemy ဖြစ်ပါတယ်)...
破毒行动 (2024) ⭐TMDB: 0% User Score 🎬 #Action #Crime #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 19 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက်အက်ရှင်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့Operation Detoxification ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ မူးယစ်ဆေးဖြန့်ချီရေးမှာဘုရင်တွေဖြစ်ကြတဲ့ စွန်းဟောက်,ချောင်ယွင်ဖေးနှင့် ကျန်းပင်းတို့ကမူးယစ်ဆေးလောကကိုလက်ဝါးကြီးအုပ်ထားကြတယ်။ ဒီထဲမှာ စုန့်ဝိန်ထောင်လို့ခေါ်တဲ့ရဲသားတစ်ယောက်ကတော့ငယ်စဉ်မှာသူ့အဖေကမူးယစ်ဆေးသုံးစွဲလို့ပတ်ဝန်းကျင်ရဲ့ရှောင်ကြဉ်းခြင်းကဲ့ရဲ့ခြင်းကိုခံနေရတာကြောင့်ပဲဒီမူးယစ်ဆေးဘုရင်သုံးယောက်ကြားထဲသူလျှိုအဖြစ်လုပ်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဒီတော့မူးယစ်ဆေးလောကရဲ့အရူပ်အထွေးတွေရက်စက်မှုတွေ ဘယ်လိုထောက်လှမ်းကြမလဲဘယ်အထိသူလျှိုအဖြစ် လုပ်သွားနိုင်မလဲစတဲ့အမိုက်စားအက်ရှင်တွေကို ဒီဇာတ်လမ်းထဲမှာတဝက်ကြီး ကြည့်ရူရမှာဖြစ်တာကြောင့်ဇာတ်လမ်းလေးကိုကြည့်ရူအားပေးလိုက်ရအောင်...
Senakulo 2024: Traslacion (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 38 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Senakulo 2024 : Traslacion 2024 Religionဆိုတာဘာလဲလို့မေးလာရင် ကိုးကွယ်ယုံကြည်မှုလို့ဖြေကြမှာပေါ့။တစ်နည်းအားဖြင့်ပြောရရင်တော့ ဒုက္ခတွေ့ချိန် အကြံကုန်လမ်းဆုံးချိန်မှာအားကိုးရာ ခိုလှုံရာအနေနဲ့ သတ်မှတ်ကြတဲ့အရာပါပဲ။ physicalရော mentalရော မစွမ်းတော့ရင်spiritual လမ်းစဉ်လိုက်တတ်ကြတာပဲမဟုတ်ပါလား။ ဒါကို ကွင်းကွင်းကွက်ကွက် ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းလေးကို ခုပဲတင်ဆက်ပေးလိုက်ပါပြီ။ ဗီဗာဟာ ကျောက်ကပ်ရောဂါကို ငယ်ငယ်ရွယ်ရွယ်နဲ့ ခံစားနေရတဲ့ကလေးတစ်ယောက်၊ ဆယ်ကျော်သက်မြီးကောင်ပေါက်အရွယ်ပီပီရွယ်တူတွေနဲ့ ပြေးလွှားဆော့ကစားချင်ပေမဲ့ ကစားခွင့်မရတဲ့သူလေး၊ ဘယ်လောက်ပဲ အမေကထိန်းချုပ်နေပါစေတစ်ခါတလေ ခိုးဆော့ရင်းနဲ့ ဖျားလိုက်နာလိုက်ချူချာလိုက်နဲ့ ပတ်လည်ရိုက်နေတာပေါ့။ တစ်နေ့မှာတော့ ဗီဗာရဲ့ကျောက်ကပ်က ကယ်မရတော့တဲ့အကြောင်း ကျောက်ကပ်ဆေးရင်းနဲ့ပဲ အသက်ရှင်နိုင်တော့မှာဖြစ်ပြီးအလှူရှင်ရှိရင် အဆင်ပြေကြောင်း ဆရာဝန်ကပြောလိုက်ချိန်မှာတော့ အမေဖြစ်သူငယ်ထိပ်မိုးကြိုးပစ်တဲ့အဖြစ်နဲ့ ကြုံရပါတော့တယ်။ကိုက်ညီတဲ့အလှူရှင်ရော ခွဲစိတ်ကုသဖို့ကိုပါ မတတ်နိုင်လေတော့ နောက်ဆုံးမှာ သူ့ရဲ့ကိုးကွယ်ရာကတော့ ဘုရားသခင်ကိုပါပဲ။ ခလုတ်ထိမှအမိတဆိုသလို အခက်ကြုံရင် ကိုးကွယ်ရာကိုတ,တတ်ကြတဲ့ လူသဘာဝနဲ့အတူ ခရစ်တော်သမိုင်းကြောင်းတစေ့တစောင်းရှုစားရင်းနဲ့ ဗီဗာတို့သားအမိ ဘယ်လိုဆက်ဖြစ်ကြမလဲ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ (ခရစ်ယာန်အသုံးအနှုန်းများကို အတတ်နိုင်ဆုံးဘာသာပြန်ဆိုထားတာဖြစ်လို့ အလွဲလေးများပါခဲ့သည်ရှိသော် ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။) အညွှန်းနဲ့ဘာသာပြန်ကတော့ V & Alex တို့ပဲဖြစ်ပါတယ်...
Hunting By Criminal Profiling (2024) ⭐TMDB: 0% User Score 🎬 #Crime 🗓 2024 🎞 Series 🌎 #China ⏰ 1 နာရီ 31 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အားနွဲ့တဲ့မိန်းမတွေဟာ စိတ္တဇလူသတ်သမားတွေရဲ့အလွယ်တကူပစ်မှတ်ထားခြင်းကို ခံရတတ်တယ်။မြို့တစ်မြို့မှာ ပိုက်ဆံချမ်းသာပြီး ငယ်ရွယ်တဲ့မိန်းကလေးတွေပြန်ပေးဆွဲခံရပြီး အသတ်ခံရတဲ့အမှုတွေဖြစ်နေပါတယ်။ ပိုက်ဆံရှိသူဌေးကြီးတွေရဲ့ ရည်းစားတွေကိုပစ်မှတ်ထားပြန်ပေးဆွဲနေတာဖြစ်ပြီးတော့ ထူးခြားတာကတော့ငွေညှစ်ပြီး ငွေရရင်တောင် လူသတ်တဲ့အတွက် ရဲတွေဟာဒါကငွေအတွက်မဟုတ်ရင် ဘာကြောင့်သတ်နေတာလဲ လူသတ်ချင်တဲ့စိတ်ဆန္ဒကိုဖြည့်ဆည်းဖို့အတွက်ပဲလားဘာကြောင့်လဲဆိုပြီး စဉ်းစားမရဖြစ်နေခဲ့တယ်။အပြစ်မရှိတဲ့မိန်းကလေးတွေကို ကယ်တင်နိုင်ဖို့ ဉာဏ်များပြီးဒီအန္တရာယ်အရမ်းများတဲ့ တရားခံကိုဘယ်လိုဖမ်းမလဲဆိုတာရိုက်ကူးထားတဲ့ မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်။...
Parasyte: Part 2 (2015) ⭐IMDB: 6.5/10 (3 k Votes) 🎬 #Action #Drama #Horror #ScienceFiction #SciFi 🗓 2015 🎞 movie 🌎 #Japan ⏰ 1 နာရီ 58 မိနစ် 2 စက္ကန့် 👑 Channel Myanmarဇာတ်ညွှန်း 📜 Parasyte 2 : Kiseijū Kanketsu-hen (2015)IMDb – 6.5 / RT (73%)Parasyte ဟာ Iwaaki Hitoshi ရဲ့ ၁၉၈၈ခုနှစ်ကနေ ၁၉၉၅ခုနှစ်ထိ အခန်းဆက်ရေးသားခဲ့တဲ့ Sci-fi horror မန်ဂဇာတ်လမ်းတွဲဖြစ်ပြီး၊ ဇာတ်လမ်းရဲ့ ထူးခြားတဲ့တင်ပြပုံနဲ့ body horror ကို အသားပေးဖော်ပြမှုကြောင့်နာမည်ကြီးတဲ့ မန်ဂဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေခဲ့မှုကြောင့် အမေရိက နဲ့ နိုင်ငံတကာမှာ အတော်လေးအောင်မြင်ခဲ့တဲ့ ဒီဇာတ်လမ်းတွဲဟာ ၂၀၁၄ခုနှစ်မှာတော့ ဇာတ်ခုံပေါ်တစ်ဖန်ပြန်တက်လာခဲ့ပါတယ်။ ၂၀၁၄ခုနှစ်မှာ TOHO ကနေ အပိုင်း၂ပိုင်းပါဝင်တဲ့ Live-action ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးရုံတင်ဖို့ ကြေညာခဲ့ပြီး၊ ၂၀၁၄ ခုနှစ်ထဲမှာပဲ MADHOUSE စတူဒီယိုကနေ ရိုက်ကူးတဲ့ Anime ရုပ်သံဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြသခဲ့ပါသေးတယ်။ အစကတော့ ၂၀၀၅ခုနှစ်ကတည်းက ဒီဇာတ်လမ်းကို ရုပ်ရှင်ဇာတ်ကားအဖြစ် အသက်သွင်းရိုက်ကူးဖို့ဝယ်ယူထားတာက ဟောလိဝုဒ်ရုပ်ရှင်လုပ်ငန်းတစ်ခုဖြစ်တဲ့ New Line Cinema ဖြစ်ပေမယ့် မရိုက်ဖြစ်လိုက်ရပဲ ၂၀၁၃ခုနှစ်ထဲမှာ သက်တမ်းကုန်သွားတဲ့အတွက် ကံကောင်းထောက်မစွာ အနောက်တိုင်းမှုပြုထားတဲ့(ညံ့မှာသေချာတဲ့)ဇာတ်ကားမထွက်ရှိလိုက်ပဲ အခုလို ဒါရိုက်တာ Yamazaki Takashi ရဲ့ Live-action ဇာတ်ကားအဖြစ် ကြည့်ရတာ ဖြစ်ပါတယ်။Spoiler Alert….Kiseijuu (ကပ်ပါးကောင်) လို့ အဓိပ္ပာယ်ရတဲ့ အမည်နဲ့လိုက်ဖက်စွာပဲ ဒီဇာတ်လမ်းရဲ့အဓိကလက်သည်တွေကတော့ ဘယ်ကနေဘယ်လိုရောက်ရှိလာမှန်းမသိတဲ့ အမျိုးအမည်မသိသတ္တဝါဆန်း ကပ်ပါးကောင်တွေပဲ ဖြစ်ပါတယ်။ သဘာဝအလျောက်စ့ဆော်မှုအရလူသားတွေကို သတ်ဖြတ်ချင်နေတဲ့ ဒီကပ်ပါးကောင်တွေဟာ လူသားတွေရဲ့ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး၊ ဦးနှောက်ကိုအပိုင်စီးကာ လူခန္ဓာကိုယ်မှာ တွယ်ကပ်နေတဲ့ လူသားစား Monster တွေဖြစ်လာပါတယ်။ လူခန္ဓာကိုယ်ကို လုယူနိုင်လိုက်တဲ့ကပ်ပါးကောင်တစ်ကောင်ဟာ သာမန်လူတစ်ယောက်ပုံစံဟန်ဆောင်နိုင်ပြီး၊ သားကောင်ရှေ့ရောက်မှ သတ်ဖြတ်စားသောက်ကြတာ ဖြစ်ပါတယ်။ Izumi Shinichi အမည်ရ အထက်တန်းကျောင်းသားလေးကတော့ ကံကောင်းသွားပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ထဲဝင်ရောက်လာတဲ့ ကပ်ပါးကောင်ဟာ Shinichi ရဲ့ ဦးနှောက်ကိုမရလိုက်ပဲ ညာဘက်လက်ကိုသာ အပိုင်စီးနိုင်ခဲ့ပါတယ်။ အိပ်ရာကနေနိုးလာတော့ ကိုယ့်ရဲ့ညာဘက်လက်က သတ္တဝါဆန်းတစ်ကောင်ဖြစ်နေတာတွေ့လိုက်ရတဲ့ ခံစားချက်ကို စဉ်းစားသာကြည့်ကြပါတော့။ လေ့လာသင်ယူမှုအားကောင်းတဲ့ ကပ်ပါးကောင်တွေပီပီ အဆိုပါ Migi (ညာလက်) အမည်ရ ကပ်ပါးကောင်ဟာ Shinichi နဲ့ ဆက်သွယ်ပြောဆိုလာနိုင်ပြီးနောက် နှစ်ယောက်စလုံးအသက်ရှင်ရပ်တည်ရေးအတွက် အတူတကွယှဉ်တွဲနေထိုင်ဖို့ သဘောတူညီချက်ရရှိသွားပါတယ်။ Shinichi ဟာ မိခင်ဖြစ်သူ Izumi Nobuko နဲ့ အမေတစ်ခုသားတစ်ခု နေထိုင်ရတာဖြစ်ပြီး၊ မိခင်ဖြစ်သူတစ်ယောက်တည်း သူ့အတွက်ကြိုးစားရုန်းကန်နေရတာကိုကြည့်ကာ အလိုလိုနေရင်းအပြစ်ရှိသလို ခံစားနေရတဲ့ Shinichi အတွက် အခုလို လူသားစားကပ်ပါးကောင်တွေနဲ့ ပတ်သတ်ဖို့ဖြစ်လာတော့ ပိုပြီးစိတ်ဖိစီးလာခဲ့ပါတယ်။ ပိုဆိုးတာက ကပ်ပါးကောင်တွေဟာ တစ်ယောက်နဲ့တစ်ယောက် အာရုံခံနိုင်တဲ့အတွက် Shinichiအတွက် ရှောင်ပြေးဖို့မဖြစ်နိုင်ပဲ သူပထမဆုံးကြုံတွေ့ရတဲ့ လူသားစားကပ်ပါးကောင်တစ်ယောက်ကို Migi ရဲ့အကူအညီနဲ့ သတ်ဖြတ်နိုင်လိုက်ပါတယ်။ ဒီလို Migi ကို လူတွေမမြင်အောင် ဖုံးကွယ်နေရတဲ့ကြားထဲ အခြားသောကပ်ပါးကောင်တွဆီကနေ ပတ်ပြေးရသေးတဲ့ Shinichi ဟာ တစ်နေ့တော့ သူတို့ကျောင်းကိုအသစ်ရောက်ရှိလာတဲ့ ဆရာမ Tamiya Ryoko ဟာ ကပ်ပါးကောင်တစ်ယောက်ဖြစ်နေတာ သိလိုက်ရပါတော့တယ်။ အခြားလူသားစားကပ်ပါးကောင်တွေနဲ့မတူ တစ်မူထူးခြားတဲ့ Tamiya ဟာ ကပ်ပါးကောင်တွေနဲ့လူသားတွေ အတူတကွနေထိုင်နိုင်မယ့်နည်းလမ်းကို သူရှာဖွေစမ်းသပ်နေကြောင်း ပြောပြကာ Shinichi ကို သူတို့ရဲ့ကွန်ယက်ထဲ သွင်းလိုက်ပါတယ်။ ဒါပေမယ့် အခြားကပ်ပါးကောင်တစ်ယောက်ဖြစ်တဲ့ ရဲအရာရှိခန္ဓာကိုယ်နဲ့ A ကတော့ Shinichi ကို ယုံကြည်ခြင်းမရှိပဲ တစ်ညမှာ Shinichi ကို လမ်းမှာတိုက်ခိုက်ပါတယ်။ Shinichi က Migi ရဲ့အစွမ်းနဲ့ ကံကောင်းထောက်မစွာ အသက်ရှင်လွတ်မြောက်နိုင်စွမ်းရှိပေမယ့် အဆိုပါအိမ်ပြန်လမ်းကနေ ဖြတ်သန်းပြန်လာသူက Shinichi ရဲ့ မိခင်ဖြစ်သူ Nobkuo .. ။ခြောက်လနီးပါးခြားပြီး ရုံတင်ပြသတဲ့ အပိုင်း ၂ မှာတော့ အပိုင်း ၁ ရဲ့ အဆုံးကနေ တစ်ဆက်တည်းဇာတ်လမ်းဆက်ပြီး၊ အပိုင်း ၁ တုန်းက ဖြစ်ရပ်တွေကြောင့် မတူညီတဲ့အခြားလူတစ်ယောက်လို ပြောင်းလဲသွားတဲ့ Shinichi ဟာ ကပ်ပါးကောင်တွေနဲ့လူသားတွေကြားက စစ်ပွဲမှာ တစ်ဖန်ပါဝင်ပတ်သတ်ရပြန်ပါတယ်။ Tamiya ရဲ့ ကပ်ပါးကောင်ကွန်ရက်ဟာ မြို့တော်ဝန်ရာထူးအထိရယူနိုင်လာပြီး၊ သူတို့ရဲ့အဖွဲ့အစည်းကို ကြီးမားအောင်ဖွဲ့စည်းနိုင်လာပါတယ်။ တစ်ဆက်တ...
The Celebration (1998) ⭐TMDB: 77% User Score 🎬 #Drama 🗓 1998 🎞 Series 🌎 #Denmark #Sweden ⏰ 1 နာရီ 46 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 8.1 / Rotten Tomatoes 91% / Meta score 82% အထိရရှိခဲ့ပြီး ဆုပေါင်း ၂၈ ခုထိအပိုင်သိမ်းခဲ့တဲ့ Drama/Thriller ရှေးရုပ်ရှင်တစ်ခုပါ။ ဇာတ်လမ်းအကျဉ်းကတော့ အဖေကြီးရဲ့ အသက် ၆၀ နှစ်ပြည့်မွေးနေ့ကို စံအိမ်ကြီးတစ်ခုမှကျင်းပဖို့အတွက် သားသမီး မြေးမြစ်တွေအပြင် အသိမိတ်ဆွေတွေပါ လူစုံတက်စုံ ရောက်ချလာကြပါတယ်။အဲဒီည ညစာစားပွဲမှာ သားဖြစ်သူထဲက တစ်ဦးက အဖေကြီးနဲ့ သားသမီးတွေကြားက ရုပ်ဆိုးအကြီးတန်တဲ့လျှို့ဝှက်ချက်တွေကို လူပုံလယ်မှာ ညစာစားပွဲအတွက် မိန့်ခွန်းပြောရင်း ငယ်ကျိုးငယ်နာတွေ အကုန်ဖော်ပစ်လိုက်ပါတော့တယ်။ ဇာတ်အိမ်ကတော့ များများစားစားထပ်မရှင်းပြတော့ပါဘူး။ ဒီရုပ်ရှင်က Dogme ရုပ်ရှင်ပါ။ Dogme 95 ဆိုတာက 1995 ခုနှစ်တုန်းက ဒိန်းမတ်ဒါရိုက်တာတွေ တည်ထောင်ခဲ့တဲ့ ရုပ်ရှင်ဖန်တီးရေးလှုပ်ရှားမှုတစ်ခုပါ။ Dogme ရဲ့ နည်းစနစ်ကတော့ ရုပ်ရှင်တစ်ခုကို အထူးပြုလုပ်ချက်တွေ၊ နည်းပညာတွေမသုံးဘဲ ရိုးရာစံတွေနဲ့အညီပဲရိုက်တာပါ။ ဥပမာအနေနဲ့ပြောရရင် ဒီရုပ်ရှင်ထဲကအသံတွေက အာတီဖီရှယ် လူလုပ်အသံတွေမပါဘဲ အသံအားလုံးကို ရိုက်ကွင်းမှာပဲတန်းသွင်းပါတယ်။ ကင်မရာကိုင်တဲ့နေရာမှာလည်း ဘာစက်ပစ္စည်းကိရိယာအကူအညီကိုမှမယူဘဲ တစ်ကားလုံး ကင်မရာကို လက်နဲ့ပဲကိုင်ပြီးရိုက်ကူးတာပါ။ သရုပ်ဆောင်က ချော်လဲတဲ့အခန်းဆိုရင် ကင်မရာကို ကိုယ်တိုင်ကိုင်ပြီးချော်လဲပြရတယ်။ ရေမရောထားတဲ့ ရုပ်ရှင်စစ်စစ်ကိုမှကြည့်ချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်က သေချာပေါက်မြည်းစမ်းကြည့်ရမယ့်ရုပ်ရှင်ဖြစ်ကြောင်း အကြံပေးလိုက်ပါတယ်။...
Parasyte: Part 1 (2014) ⭐IMDB: 6.8/10 (5 k Votes) 🎬 #Action #Drama #Horror #ScienceFiction #SciFi 🗓 2014 🎞 movie 🌎 #Japan ⏰ 1 နာရီ 50 မိနစ် 13 စက္ကန့် 👑 Channel Myanmarဇာတ်ညွှန်း 📜 Parasyte 1: Kiseijuu (2014)IMDb – 6.9 / RT (73%)Parasyte ဟာ Iwaaki Hitoshi ရဲ့ ၁၉၈၈ခုနှစ်ကနေ ၁၉၉၅ခုနှစ်ထိ အခန်းဆက်ရေးသားခဲ့တဲ့ Sci-fi horror မန်ဂဇာတ်လမ်းတွဲဖြစ်ပြီး၊ ဇာတ်လမ်းရဲ့ ထူးခြားတဲ့တင်ပြပုံနဲ့ body horror ကို အသားပေးဖော်ပြမှုကြောင့်နာမည်ကြီးတဲ့ မန်ဂဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေခဲ့မှုကြောင့် အမေရိက နဲ့ နိုင်ငံတကာမှာ အတော်လေးအောင်မြင်ခဲ့တဲ့ ဒီဇာတ်လမ်းတွဲဟာ ၂၀၁၄ခုနှစ်မှာတော့ ဇာတ်ခုံပေါ်တစ်ဖန်ပြန်တက်လာခဲ့ပါတယ်။ ၂၀၁၄ခုနှစ်မှာ TOHO ကနေ အပိုင်း၂ပိုင်းပါဝင်တဲ့ Live-action ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးရုံတင်ဖို့ ကြေညာခဲ့ပြီး၊ ၂၀၁၄ ခုနှစ်ထဲမှာပဲ MADHOUSE စတူဒီယိုကနေ ရိုက်ကူးတဲ့ Anime ရုပ်သံဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြသခဲ့ပါသေးတယ်။ အစကတော့ ၂၀၀၅ခုနှစ်ကတည်းက ဒီဇာတ်လမ်းကို ရုပ်ရှင်ဇာတ်ကားအဖြစ် အသက်သွင်းရိုက်ကူးဖို့ဝယ်ယူထားတာက ဟောလိဝုဒ်ရုပ်ရှင်လုပ်ငန်းတစ်ခုဖြစ်တဲ့ New Line Cinema ဖြစ်ပေမယ့် မရိုက်ဖြစ်လိုက်ရပဲ ၂၀၁၃ခုနှစ်ထဲမှာ သက်တမ်းကုန်သွားတဲ့အတွက် ကံကောင်းထောက်မစွာ အနောက်တိုင်းမှုပြုထားတဲ့(ညံ့မှာသေချာတဲ့)ဇာတ်ကားမထွက်ရှိလိုက်ပဲ အခုလို ဒါရိုက်တာ Yamazaki Takashi ရဲ့ Live-action ဇာတ်ကားအဖြစ် ကြည့်ရတာ ဖြစ်ပါတယ်။ Spoiler Alert….Kiseijuu (ကပ်ပါးကောင်) လို့ အဓိပ္ပာယ်ရတဲ့ အမည်နဲ့လိုက်ဖက်စွာပဲ ဒီဇာတ်လမ်းရဲ့အဓိကလက်သည်တွေကတော့ ဘယ်ကနေဘယ်လိုရောက်ရှိလာမှန်းမသိတဲ့ အမျိုးအမည်မသိသတ္တဝါဆန်း ကပ်ပါးကောင်တွေပဲ ဖြစ်ပါတယ်။ သဘာဝအလျောက်စ့ဆော်မှုအရလူသားတွေကို သတ်ဖြတ်ချင်နေတဲ့ ဒီကပ်ပါးကောင်တွေဟာ လူသားတွေရဲ့ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး၊ ဦးနှောက်ကိုအပိုင်စီးကာ လူခန္ဓာကိုယ်မှာ တွယ်ကပ်နေတဲ့ လူသားစား Monster တွေဖြစ်လာပါတယ်။ လူခန္ဓာကိုယ်ကို လုယူနိုင်လိုက်တဲ့ကပ်ပါးကောင်တစ်ကောင်ဟာ သာမန်လူတစ်ယောက်ပုံစံဟန်ဆောင်နိုင်ပြီး၊ သားကောင်ရှေ့ရောက်မှ သတ်ဖြတ်စားသောက်ကြတာ ဖြစ်ပါတယ်။ Izumi Shinichi အမည်ရ အထက်တန်းကျောင်းသားလေးကတော့ ကံကောင်းသွားပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ထဲဝင်ရောက်လာတဲ့ ကပ်ပါးကောင်ဟာ Shinichi ရဲ့ ဦးနှောက်ကိုမရလိုက်ပဲ ညာဘက်လက်ကိုသာ အပိုင်စီးနိုင်ခဲ့ပါတယ်။ အိပ်ရာကနေနိုးလာတော့ ကိုယ့်ရဲ့ညာဘက်လက်က သတ္တဝါဆန်းတစ်ကောင်ဖြစ်နေတာတွေ့လိုက်ရတဲ့ ခံစားချက်ကို စဉ်းစားသာကြည့်ကြပါတော့။ လေ့လာသင်ယူမှုအားကောင်းတဲ့ ကပ်ပါးကောင်တွေပီပီ အဆိုပါ Migi (ညာလက်) အမည်ရ ကပ်ပါးကောင်ဟာ Shinichi နဲ့ ဆက်သွယ်ပြောဆိုလာနိုင်ပြီးနောက် နှစ်ယောက်စလုံးအသက်ရှင်ရပ်တည်ရေးအတွက် အတူတကွယှဉ်တွဲနေထိုင်ဖို့ သဘောတူညီချက်ရရှိသွားပါတယ်။ Shinichi ဟာ မိခင်ဖြစ်သူ Izumi Nobuko နဲ့ အမေတစ်ခုသားတစ်ခု နေထိုင်ရတာဖြစ်ပြီး၊ မိခင်ဖြစ်သူတစ်ယောက်တည်း သူ့အတွက်ကြိုးစားရုန်းကန်နေရတာကိုကြည့်ကာ အလိုလိုနေရင်းအပြစ်ရှိသလို ခံစားနေရတဲ့ Shinichi အတွက် အခုလို လူသားစားကပ်ပါးကောင်တွေနဲ့ ပတ်သတ်ဖို့ဖြစ်လာတော့ ပိုပြီးစိတ်ဖိစီးလာခဲ့ပါတယ်။ ပိုဆိုးတာက ကပ်ပါးကောင်တွေဟာ တစ်ယောက်နဲ့တစ်ယောက် အာရုံခံနိုင်တဲ့အတွက် Shinichiအတွက် ရှောင်ပြေးဖို့မဖြစ်နိုင်ပဲ သူပထမဆုံးကြုံတွေ့ရတဲ့ လူသားစားကပ်ပါးကောင်တစ်ယောက်ကို Migi ရဲ့အကူအညီနဲ့ သတ်ဖြတ်နိုင်လိုက်ပါတယ်။ ဒီလို Migi ကို လူတွေမမြင်အောင် ဖုံးကွယ်နေရတဲ့ကြားထဲ အခြားသောကပ်ပါးကောင်တွဆီကနေ ပတ်ပြေးရသေးတဲ့ Shinichi ဟာ တစ်နေ့တော့ သူတို့ကျောင်းကိုအသစ်ရောက်ရှိလာတဲ့ ဆရာမ Tamiya Ryoko ဟာ ကပ်ပါးကောင်တစ်ယောက်ဖြစ်နေတာ သိလိုက်ရပါတော့တယ်။ အခြားလူသားစားကပ်ပါးကောင်တွေနဲ့မတူ တစ်မူထူးခြားတဲ့ Tamiya ဟာ ကပ်ပါးကောင်တွေနဲ့လူသားတွေ အတူတကွနေထိုင်နိုင်မယ့်နည်းလမ်းကို သူရှာဖွေစမ်းသပ်နေကြောင်း ပြောပြကာ Shinichi ကို သူတို့ရဲ့ကွန်ယက်ထဲ သွင်းလိုက်ပါတယ်။ ဒါပေမယ့် အခြားကပ်ပါးကောင်တစ်ယောက်ဖြစ်တဲ့ ရဲအရာရှိခန္ဓာကိုယ်နဲ့ A ကတော့ Shinichi ကို ယုံကြည်ခြင်းမရှိပဲ တစ်ညမှာ Shinichi ကို လမ်းမှာတိုက်ခိုက်ပါတယ်။ Shinichi က Migi ရဲ့အစွမ်းနဲ့ ကံကောင်းထောက်မစွာ အသက်ရှင်လွတ်မြောက်နိုင်စွမ်းရှိပေမယ့် အဆိုပါအိမ်ပြန်လမ်းကနေ ဖြတ်သန်းပြန်လာသူက Shinichi ရဲ့ မိခင်ဖြစ်သူ Nobkuo .. ။ခြောက်လနီးပါးခြားပြီး ရုံတင်ပြသတဲ့ အပိုင်း ၂ မှာတော့ အပိုင်း ၁ ရဲ့ အဆုံးကနေ တစ်ဆက်တည်းဇာတ်လမ်းဆက်ပြီး၊ အပိုင်း ၁ တုန်းက ဖြစ်ရပ်တွေကြောင့် မတူညီတဲ့အခြားလူတစ်ယောက်လို ပြောင်းလဲသွားတဲ့ Shinichi ဟာ ကပ်ပါးကောင်တွေနဲ့လူသားတွေကြားက စစ်ပွဲမှာ တစ်ဖန်ပါဝင်ပတ်သတ်ရပြန်ပါတယ်။ Tamiya ရဲ့ ကပ်ပါးကောင်ကွန်ရက်ဟာ မြို့တော်ဝန်ရာထူးအထိရယူနိုင်လာပြီး၊ သူတို့ရဲ့အဖွဲ့အစည်းကို ကြီးမားအောင်ဖွဲ့စည်းနိုင်လာပါတယ်။ တစ်ဆက်တည်းမှာ လူသ...
A Bloody Lucky Day (2023) ⭐TMDB: 81% User Score 🎬 #Crime #Drama 🗓 2023 🎞 Series 🌎 #SouthKorea ⏰ 46 မိနစ် 25 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Bloody Lucky Day (2023) [Complete]A Bloody Lucky Day (2023) ***************************** အပိုင်းသစ် (၁ မှ ၁၀) စ/ဆုံး တက္ကစီဒရိုင်ဘာအဖြစ် လုပ်ကိုင်နေတဲ့ Oh Taek တစ်ယောက် တစ်နေ့မှာတော့ ကိုးရီးယားလူမျိုးတွေ အယူအရ ကံကောင်းပြီး ငွေဝင်တယ်ဆိုတဲ့ ဝက်အိပ်မက်ကိုမက်ပါတယ်။ အိပ်မက်အတိုင်း လူတစ်ယောက်က သူ့ကို မို့ဖိုဆိပ်ကမ်းမြို့ကို ပို့ပေးရင် ငွေ(၁) မီလီယံဝမ်ပေးမယ်ဆိုပြီး ကမ်းလှမ်းခံရပါတော့တယ်။ Oh Taek ကတော့ ပျော်ပြီး ကမ်းလှမ်းချက်ကို လက်ခံလိုက်ပေမဲ့ သူ့ကားကို လာငှားတဲ့သူက လူတွေကို ရက်ရက်စက်စက် သတ်ပြီး လှေနဲ့ထွက်ပြေးဖို့ ကြံနေတဲ့ ကွင်းဆက်လူသတ်သမား Hyuk Soo ဖြစ်နေပါတော့တယ်။ Hyuk Soo တစ်ယောက် သူ့အကြံအတိုင်း ထွက်ပြေးလွတ်မြောက်သွားနိုင်မလား…။ Oh Taek ကရော Hyuk Soo က လူသတ်သမားဆိုတာကို ရိပ်မိသွားမှာလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အဓိက Cast တွေအနေနဲ့ Hospital Playlist ထဲက ဘုန်းကြီးဝတ်ချင်တဲ့လူရိုးလေး Yoo Yeon Seok ကို ဇာတ်ကောင်သစ်ဖြစ်တဲ့ ကွင်းဆက်လူသတ်သမားအဖြစ် တွေ့ရမှာဖြစ်ပြီး Reborn Rich ထဲက အဘိုးကြီး Lee Sung Min၊ Parasite ထဲက မင်းသမီးကြီး Lee Jung Eun တို့က ဇာတ်လမ်းကို ဘယ်လိုဆွဲခေါ်သွားမလဲဆိုတာကို စောင့်ကြည့်လိုက်ကြရအောင်နော်။(သွေးသံရဲရဲနဲ့ လူသတ်ခန်းတွေအများကြီးပါဝင်တဲ့အတွက်လည်း 18+ သတ်မှတ်ထားပါတယ်။)...
Super Me (2019) ⭐IMDB: 5.8/10 (2 k Votes) 🎬 #Drama #Uncategorized #Adventure #Fantasy #Mystery #SciFi 🗓 2019 🎞 movie 🌎 #China ⏰ 1 နာရီ 44 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Super Me (2021) ဒီတစ်ခါတော့ Netflix က မေလ ၈ ရက်နေ့ ထုတ်လွှင့်သွားတဲ့တရုတ် စိတ်ကူးယဉ်ရုပ်ရှင်တစ်ခုပါ။ ဇာတ်လမ်းအကျဉ်းကတော့ ….. စန်းယွီဟာ မိဘမဲ့ဖြစ်ပြီး မွဲတေနေတဲ့ ဇာတ်ညွှန်းရေးဆရာလေး တစ်ယောက်ဖြစ်ပါတယ်။ ပြီးတော့ အိပ်လိုက်တိုင်း အိပ်မက်ဆိုးတွေပဲ မက်ပြီး အိပ်မက်နဲ့ လက်တွေ့ ဘဝ မကွဲတော့သလို ကြောင်တောင်တောင်လည်း ဖြစ်လာနေပါပြီ။ ဒါပေမယ့် တစ်နေ့မှာတော့ သူ့အိပ်မက်ထဲမှာ တွေ့သမျှ၊ သူ ဖတ်ဖူးမြင်ဖူးရေးဖူးသမျှအရာတွေကို အိပ်မက်ထဲကနေ အပြင်လောကကို တကယ်ယူလာနိုင်တာကို သူသိလိုက်ရပါတော့တယ်။ဒါကြောင့် ရှေးဟောင်းပစ္စည်းတွေ ရှားပါးပစ္စည်းတွေကို အိပ်မက်ထဲကနေ သွားယူပြီး ရောင်းချရင်း ချမ်းသာလာပါတော့တယ်။ ဒါပေမယ့် ဒီအစွမ်းရဲ့နောက်ဆက်တွဲ ပေးဆပ်ရတာတွေ၊ အပြင်လောကမှာပါ မှောင်ခိုဂိုဏ်းနဲ့အရှုပ်အရှင်းတွေ ဖြစ်လာတဲ့အခါ…. Review နဲ့ ဘာသာပြန်ကတော့ Little Neo ပဲ ဖြစ်ပါတယ်။ IMDb – 5.8/10 ရရှိထားတဲ့ သဘာဝလွန် ရုပ်ရှင်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။...
