ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
PT Sir (2024) ⭐IMDB: 7.5/10 (435 Votes) 🎬 #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 11 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 PT Sir 2024 (ကာယဆရာ)IMDb – 7.6/10 ကျောင်းတစ်ကျောင်းမှာ စာပေပိုင်းတင်မဟုတ်ဘဲ စိတ်ဓာတ်ပိုင်းဆိုင်ရာ, အားကစားကျွမ်းကျင်မှုတွေပါသင်ကြားပေးကြတာကတော့ ကျောင်းတိုင်းရဲ့ ထုံးစံပါပဲ။ ကျောင်းတစ်ကျောင်းကတော့ နှစ်အစပိုင်းမှာသင်ရိုးညွှန်းတန်းကို သေချာမသင်ဘဲ ကျောင်းပိတ်ခါနီးပြီဆိုတော့မှ အတင်းတွေ ဇွတ်သင်ရင်းအချိန်မလောက်တဲ့အချိန်မှာ ကာယအတန်းချိန်ကိုပါ မျက်စောင်းထိုးလာကြရင်း ကျောင်းရဲ့နှစ်စဉ်ပြုလုပ်မြဲဖြစ်တဲ့အားကစားနေ့ကိုပါ ဖျက်သိမ်းဖို့အတွက် ဆရာ/ဆရာမတွေစုပြီး ကျောင်းအုပ်ကြီးကို ပြောကြပါတော့တယ်။ ဒီအချိန်မှာ ကာယဆရာဖြစ်တဲ့ ကာနာဂါဗယ်လ်ကတော့ အားကစားနေ့ဖျက်သိမ်းတာကိုလက်မခံဘဲ ပြန်လည်တိုက်ခိုက်ပါတော့တယ်။ကာယဆရာရဲ့အကြောင်းလေးကိုလည်း ပြောပြချင်ပါတယ်၊ဗယ်လ်ဟာ ထူးခြားတဲ့ဇာတာခွင်နဲ့လာသူဖြစ်ပြီးတော့ သူဟာ အိမ်ထောင်မကျခင်မှာ ဒုက္ခအကြီးကြီးနဲ့တွေ့ကြုံရနိုင်တယ်လို့ ဗေဒင်ဆရာက ဟောကြားခဲ့ပါတယ်။ ဒီအတွက်နဲ့ပဲ မိခင်ဖြစ်သူဟာ သူ့သားကိုမျက်စိအောက်က အပျောက်မခံနိုင်ဘဲ အိမ်ထောက်ဖက်ကောင်းတွေ့နိုင်ဖို့အတွက် အမြဲကြိုးစားနေသူပါ။ထူးဆန်းတာကတော့ ဇာတာခွင်တွက်ကြည့်လိုက်တဲ့အခါမှာ ဗယ်လ်ဟာ ဘယ်သူနဲ့မှ လိုက်ဖက်မနေတာပါပဲ။ဗယ်လ်ကတော့ သူတို့ကျောင်းက အင်္ဂလိပ်စာဆရာမဖြစ်တဲ့ ဗာနသီကိုတော့ စိတ်ဝင်စားနေပါတယ်။ဒီလို သူ့ရဲ့ထူးခြားတဲ့ဇာတာနဲ့ သူစိတ်ဝင်စားတဲ့ ဆရာမလေးနဲ့တွေ့တဲ့အခါမှာရော ရှေ့ဆက်အဆင်ပြေနိုင်ပါ့မလား …. ကာယဆရာတစ်ယောက်အနေနဲ့ သူ့ကလေးတွေအတွက် အားကစားနေ့ပြန်လုပ်ဖြစ်အောင် ဘယ်လိုတိုက်ခိုက်သွားမလဲ …….ဆိုတာတွေကို ကြည့်ရှုရမယ့် ပေါ့ပေါ့ပါးပါး ဟာသဇာတ်မြူးကားလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)...
Trouble Makers (2019) ⭐TMDB: 0% User Score 🎬 #Comedy #Romance 🗓 2019 🎞 movie 🌎 #China ⏰ 1 နာရီ 27 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အိမ်ထောင်ရေးသက်တမ်းကြာလာတဲ့အခါ လင်မယားကြားမှာပြောစရာစကားတွေနည်းသွားပြီးသံသယတွေများလာတတ်ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ကိုယ့်ထင်ကြေးနဲ့သံသယတွေလျှောက်တွေးရင်း လင်မယားကြားမှာမလိုအပ်တဲ့ပြဿနာတွေဖြစ်လာတဲ့အကြောင်း ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ မာစန်းဟာအသက်လတ်ပိုင်းရောက်လာတဲ့အခါ အရင်လိုမသန်စွမ်းတော့တာကြောင့်မိန်းမကိုအရင်လိုပျော်ရွှင်မှုတွေမပေးနိုင်ဖြစ်ရပါတယ်။အဲဒါကမိန်းမဖြစ်သူက သူ့ကိုမချစ်တော့လို့လားအပြင်မှာတခြားတစ်ယောက်ရှိနေပြီလားဆိုပြီး သံသယဝင်ကာအသက်ငယ်ငယ်သရုပ်ဆောင်မလေးကိုငှားပြီး ယောင်္ကျားကိုစမ်းသပ်လိုက်မိတဲ့အတွက်အခြေနေတွေပိုဆိုးသွားခဲ့ပါတယ်။ အစမ်းသပ်ခံလိုက်ရတဲ့ မာစန်းဟာလဲမကျေမချမ်းဖြစ်ပြီးသရုပ်ဆောင်တစ်ယောက်ကိုပြန်ငှားပြီး မိန်းမကိုပြန်လက်စားချေဖို့စီစဉ်ပါတယ်။တဖြည်းဖြည်းနဲ့ မိန်းမဖြစ်သူက သူများလက်ထဲပါသွားနိုင်တာကိုတွေးရင်းကြောက်လာတဲ့အတွက် ရပ်တန့်ဖို့ကြိုးစားပေမယ့်သူနောက်ကျသွားပါပြီ။ မာစန်းတစ်ယောက်မဟေသီကိုပြန်ရအောင်ကြိုးစားခွင့်ပြန်ရနိုင်ပါဦးမလား...
Singappenney (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 # ⏰ 1 နာရီ 54 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Singappenney (2024)”အာဂအမျိုးသမီးလေးများ” နိုင်ငံတကာအမျိုးသမီးများနေ့မှာ ရုံတင်ပြသခဲ့ပြီး အားပေးချီးကျူးမှုတွေရခဲ့တဲ့တမီလ်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြတယ်။ ကလေးလေးတွေကို သူတို့ရည်မှန်းချက်တွေမေးကြည့်ကြရင် ဆရာဝန်ကြီးဖြစ်ချင်တယ် အင်ဂျင်နီယာကြီးဖြစ်ချင်တယ် စသဖြင့်လူ့အသိုင်းအဝိုင်းက ဂုဏ်မြင့်ပါတယ်လို့ လက်ခံကြတဲ့အရာတွေကို စိတ်ကူးအိပ်မက်တတ်ကြတယ်။မိန်းကလေးတစ်ယောက် သူ့ရည်မှန်းချက်ကိုအောင်မြင်ဖို့ဆိုရင်တော့ မိသားစုနဲ့ လူ့အဖွဲ့အစည်းတွေဆီကအခက်အခဲပေါင်း သောင်းခြောက်ထောင်ကို ကျော်ရဖို့ပိုများကြတယ်။ ဒီလိုအခက်အခဲတွေကို ကျော်လွန်ပြီး ရည်မှန်းချက်ထိရောက်တဲ့ အမျိုးသမီးတွေကို“ဆင်ဂါပန်”လို့ခေါ်တယ်။ဒီရုပ်ရှင်ထဲမှာလည်း အားကစားကိုချစ်မြတ်နိုးတဲ့ အမျိုးသမီးလေးတွေ မိသားစုနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ဝေဖန်ပြစ်တင်မှု တားဆီးမှုတွေကြားက မိမိတို့အိပ်မက်ဆီကိုတက်လှမ်းဖို့ ကြိုးစားကြတာကို အားတက်ဖွယ်ကြည့်ရှုခံစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)...
Bikini Valley Car Wash (2020) ⭐IMDB: 3.3/10 (150 Votes) 🎬 #Adult #Comedy 🗓 2020 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ Dark Side က ညိုကီတွေကိုတင်ဆက်ပေးမယ့်ကားအကြောင်းမပြောခင်တစ်ခုလောက်အရင်မေးချင်ပါတယ် ညိုကီတို့ Friends စီးရီးထဲက ဘော်ဒါနှစ်ကောင် ဂျိုဝီနဲ့ချန်ဒလာတို့တူတူထိုင်ကြည့်ကြတဲ့တီဗီအစီအစဉ်ကိုသိကြလားမသိဘူး Baywatch လို့ခေါ်တာလေအဲ့အစီအစဉ်ကို သူတို့ဘာလို့ကြိုက်လဲဆိုတော့ စော်အလန်းလေးတွေကမ်းခြေမှာဘီကီနီနဲ့ပတ်ပြေးနေတာကို မကြိုက်တဲ့သူဘယ်သူရှိမှာလဲပေါ့ ညိုကီတို့ထဲမှာလည်း ဂျိုဝီနဲ့ချန်ဒလာနဲ့ရင်ဘတ်ချင်းနီးလို့ ဂျက်ပင်ထိုးချင်တဲ့သူပါရင်အခုတင်ဆက်ပေးတဲ့ကားလေးကို ပြေးကြည့်လို့ရပါတယ် ဇာတ်လမ်းဇာတ်ကွက်လေးကလည်း အဘိုးအိမ်အပေါင်ဆုံးခံနီးမှာမြေးမလေးက ကြံမိကြံရာကြံပြီး ကားရေဆေးဆိုင်ကို ဘီကီနီနဲ့ဆေးပေးမယ်ဆိုပြီးအကွက်ဆန်းကြီးလုပ်ပြပြီးတော့ အဘိုးရဲ့ချေးငွေကိုပြန်ဆပ်ဖို့ကြိုးစားပေးတဲ့အကြောင်းလေးပါပဲကောင်မလေးတွေ တူးပိစ်လေးတွေဝတ်ပြီး ကားကိုတိုက်ချွတ်ဆေးကြောပြနေပုံကကိုယ့်မှာမရှိတဲ့ကားပါပြေးဆေးချင်စိတ်ပေါက်သွားလောက်အောင်လုပ်ပြမယ့်အကွက်တွေကို ခံစားနိုင်ဖို့ ခုပဲပြေးကြည့်ကြဖို့ ညွှန်းဆိုပေးချင်ပါတယ်…. (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့်Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
Bridgend (2015) ⭐IMDB: 5.4/10 (3 k Votes) 🎬 #Drama #Horror 🗓 2015 🎞 movie 🌎 #Denmark ⏰ 1 နာရီ 44 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၀၇ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်တုန်းကဘရစ်ဂျန့်ဆိုတဲ့ မြို့တစ်မြို့မှာ လူငယ်အနည်းဆုံး ၂၆ ခန့်ကကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခဲ့ကြတဲ့ဖြစ်ရပ်မှန်တစ်ခုရှိပါတယ်။ ပိုထူးဆန်းတာကတော့ အဲ့လိုသေကြောင်းကြံတဲ့ လူငယ်တွေအားလုံးထဲမှာတစ်ယောက်ကလွဲပြီး ကျန်တဲ့သူတွေအားလုံးဆွဲကြိုးချသေခဲ့ကြတာပါပဲ။ ရဲတင်ပြချက်တွေအရတော့ သေကြောင်းကြံတဲ့ ဂိုဏ်းတစ်ခုကို အပြစ်တင်ရမယ်ဆိုပေမဲ့ တကယ်တမ်း အမှုတွေနဲ့ ဆက်စပ်နေတဲ့သက်သေတွေကိုတော့ မတွေ့ခဲ့ ကြပါဘူး။အခုတင်ဆက်ပေးမဲ့ Bridgend ဆိုတဲ့ ဇာတ်ကားကအဲ့ဒီအဖြစ်အပျက်ကိုပဲအခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။IMDb Rating 5.4 နဲ့ နိုင်ငံတကာကပေးအပ်ထားတဲ့ရုပ်ရှင်ဆုများစွာလည်း ရရှိခဲ့ပြီး အဲ့ဒီဖြစ်ရပ်မှန်ကိုသည်းထိပ်ရင်ဖိုပုံစံလေး ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ဆာရာဆိုတဲ့ ကောင်မလေးက အဖေဖြစ်သူနဲ့ အတူတူဘရစ်ဂျန့်မြို့ကို ပြောင်းရွှေ့လာခဲ့ပြီး အဲ့ဒီမြို့က ကျောင်းမှာပဲ သွားတက်ရောက်ခဲ့ပါတယ်။ အဲ့ဒီကျောင်းမှာဆာရာက ဂျိန်းမီဆိုတဲ့ကောင်လေးနဲ့ သူ့အဖွဲ့တွေနဲ့ အဖွဲ့ကျသွားခဲ့ကြပြီး။ရေကန်ထဲ ကိုယ်တုံးလုံး ရေဆင်းချိုးတာတွေအပြင် တခြားသောလူငယ်ဘ၀ ပေါက်ကရတွေများစွာလည်း အတူတူလုပ်ခဲ့ကြပြီး ပျော်ရွှင်နေခဲ့ကြပါတယ်။အဲ့လိုပျော်ရွှင်နေတာတွေက တစ်နေ့မှာတော့ အားလုံးအတွက် ပျောက်ကွယ်သွားတော့ ပါတယ်။ဘာလို့လဲဆိုတော့ သူတို့အဖွဲ့ထဲက ကောင်လေး တစ်ယောက်က ဆွဲကြိုးချပြီးသေသွားတဲ့ သတင်းကို ကြားလိုက်ရလို့ပါပဲ။ဒါပေမယ့်လည်း လူငယ်ပီပီပဲ ခဏကြာတော့ မေ့ပျောက်သွားခဲ့ပြီး အရင်လိုပဲပြန်ကဲ နေခဲ့ပါတယ်။ကဲလို့မကြာသေး သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက်ဆွဲကြိုးချပြီးသေကြောင်းကြံ နေကြတဲ့အခါမှာတော့ ဆာရာတို့လည်း ကြောက်လန့်လာပြီး အဲ့လိုဖြစ်ရပ်ဆိုးတွေကြားမှာ ရှင်သန်အောင်ဘယ်လို ကြိုးစားကြမယ်ဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။...
Bridgend (2015) ⭐IMDB: 5.4/10 (3 k Votes) 🎬 #Drama #Horror 🗓 2015 🎞 movie 🌎 #Denmark ⏰ 1 နာရီ 44 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၀၇ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်တုန်းကဘရစ်ဂျန့်ဆိုတဲ့ မြို့တစ်မြို့မှာ လူငယ်အနည်းဆုံး ၂၆ ခန့်ကကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခဲ့ကြတဲ့ဖြစ်ရပ်မှန်တစ်ခုရှိပါတယ်။ ပိုထူးဆန်းတာကတော့ အဲ့လိုသေကြောင်းကြံတဲ့ လူငယ်တွေအားလုံးထဲမှာတစ်ယောက်ကလွဲပြီး ကျန်တဲ့သူတွေအားလုံးဆွဲကြိုးချသေခဲ့ကြတာပါပဲ။ ရဲတင်ပြချက်တွေအရတော့ သေကြောင်းကြံတဲ့ ဂိုဏ်းတစ်ခုကို အပြစ်တင်ရမယ်ဆိုပေမဲ့ တကယ်တမ်း အမှုတွေနဲ့ ဆက်စပ်နေတဲ့သက်သေတွေကိုတော့ မတွေ့ခဲ့ ကြပါဘူး။အခုတင်ဆက်ပေးမဲ့ Bridgend ဆိုတဲ့ ဇာတ်ကားကအဲ့ဒီအဖြစ်အပျက်ကိုပဲအခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။IMDb Rating 5.4 နဲ့ နိုင်ငံတကာကပေးအပ်ထားတဲ့ရုပ်ရှင်ဆုများစွာလည်း ရရှိခဲ့ပြီး အဲ့ဒီဖြစ်ရပ်မှန်ကိုသည်းထိပ်ရင်ဖိုပုံစံလေး ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ဆာရာဆိုတဲ့ ကောင်မလေးက အဖေဖြစ်သူနဲ့ အတူတူဘရစ်ဂျန့်မြို့ကို ပြောင်းရွှေ့လာခဲ့ပြီး အဲ့ဒီမြို့က ကျောင်းမှာပဲ သွားတက်ရောက်ခဲ့ပါတယ်။ အဲ့ဒီကျောင်းမှာဆာရာက ဂျိန်းမီဆိုတဲ့ကောင်လေးနဲ့ သူ့အဖွဲ့တွေနဲ့ အဖွဲ့ကျသွားခဲ့ကြပြီး။ရေကန်ထဲ ကိုယ်တုံးလုံး ရေဆင်းချိုးတာတွေအပြင် တခြားသောလူငယ်ဘ၀ ပေါက်ကရတွေများစွာလည်း အတူတူလုပ်ခဲ့ကြပြီး ပျော်ရွှင်နေခဲ့ကြပါတယ်။အဲ့လိုပျော်ရွှင်နေတာတွေက တစ်နေ့မှာတော့ အားလုံးအတွက် ပျောက်ကွယ်သွားတော့ ပါတယ်။ဘာလို့လဲဆိုတော့ သူတို့အဖွဲ့ထဲက ကောင်လေး တစ်ယောက်က ဆွဲကြိုးချပြီးသေသွားတဲ့ သတင်းကို ကြားလိုက်ရလို့ပါပဲ။ဒါပေမယ့်လည်း လူငယ်ပီပီပဲ ခဏကြာတော့ မေ့ပျောက်သွားခဲ့ပြီး အရင်လိုပဲပြန်ကဲ နေခဲ့ပါတယ်။ကဲလို့မကြာသေး သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက်ဆွဲကြိုးချပြီးသေကြောင်းကြံ နေကြတဲ့အခါမှာတော့ ဆာရာတို့လည်း ကြောက်လန့်လာပြီး အဲ့လိုဖြစ်ရပ်ဆိုးတွေကြားမှာ ရှင်သန်အောင်ဘယ်လို ကြိုးစားကြမယ်ဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။...
The Plot (2024) ⭐IMDB: 6.3/10 (28 Votes) 🎬 #Crime #Mystery #Thriller #Action 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 39 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Plot (2024) **************** အကွက်ကျကျ လူသတ်တဲ့ကားတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ ထိပ်ထိပ်ကြဲတွေဖြစ်တဲ့ Kang Dong Won , Lee Jong Suk, Lee Mi Suk, Lee Moo Saeng တို့လို မင်းသားမင်းသမီးကြီးတွေ ပါဝင်ထားတဲ့ The Plot ဆိုတဲ့ ရုပ်ရှင်က ကွက်တိဖြစ်မှာ အသေချာပါပဲ… ဇာတ်လမ်းအညွှန်း- ကြေးစားလူသတ်တဲ့အဖွဲ့အစည်းတစ်ခုရှိတယ်….. သူတို့က တခြားသူတွေလို ချောင်းမြောင်းသေနတ်နဲ့ ပစ်ခတ်တာမျိုး ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ပြီး သတ်ဖြတ်တာမျိုးတွေမလုပ်ဘူး… ဘာလို့ဆို ဒီလိုမျိုးလုပ်ရပ်တွေဟာ သဲလွန်စပေါင်းများစွာကျန်တတ်တာကြောင့် အလွယ်တကူ ရဲတွေခြေရာခံနိုင်ပြီး တရားခံကို အချိန်တိုအတွင်းဖမ်းဆီးနိုင်တာကြောင့်ပါပဲ.. ဒါ့ကြောင့် သူတို့အဖွဲ့ဟာ အလုပ်အပ်သူရှိရင် ပစ်မှတ်ရဲ့ နေထိုင်မှုပုံစံကို စနစ်တကျလေ့လာပြီး မတော်တဆမှုပုံစံနဲ့သေသွားအောင် ဖန်တီးလေ့ရှိပါတယ်… ဉပမာ ယာဉ်မတော်တဆမှု၊ ဓာလိုက်သေဆုံးမှု၊ အမြင့်ပေါ်က မတော်တဆပြုတ်ကျမှု၊ စသည့် မတော်တဆမှုပေါင်းများစွာပေါ့… ဒီလိုမတော်တဆမှုဖြစ်အောင် ဖန်တီးရတာ တကယ်တော့မလွယ်ပါဘူး… အလုပ်ဖြစ်မြောက်သွားရင်လည်း သူတို့အဖွဲ့ကို လုံးဝ ရဲတွေမရိပ်မိဘဲနေနိုင်သလို အလုပ်အပ်တဲ့သူအတွက်လည်း သံသယဖြစ်စရာမလိုအောင် ဆက်လက်နေထိုင်နိုင်တာမို့ အလုပ်အပ်ကြေးမြင့်မားလှသလို တကယ့်ထိပ်သီးနိုင်ငံရေးသမားတွေ စီးပွာရေးသမားတွေကသာ သူတို့ကိုအလုပ်အပ်နိုင်တာမျိုးဖြစ်ပါတယ်… ဒီလိုနဲ့ ဒီကြေးစားအဖွဲ့ထဲက အဖွဲ့ဝင်တွေက သူတို့နည်းလမ်းအတိုင်း မတော်တဆမှုဖြစ်ဟန်တွေနဲ့ ပြန်လည်အသတ်ခံလာရတဲ့အချိန်မှာတော့…. မှုခင်းကားကိုမှ ခေါင်းစားရပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းမျိုးကိုကြိုက်တဲ့သူအတွက် လုံးဝလက်မလွှတ်သင့်တဲ့ ကားဖြစ်ပါတယ်...
Dearly Beloved (2024) ⭐IMDB: 5.2/10 (18 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 58 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူရယ်လို့ဖြစ်လာပြီးကတည်းက အသက်ရှင်နေထိုင်တဲ့ ဘ၀တစ်လျှောက်မှာ လူသားတိုင်းကရှုပ်ထွေးမှုပေါင်း များစွာကို ကြုံတွေ့နေရတာပါပဲ။ကလေးဘ၀ကတည်းက အသက်ကြီးလာတဲ့ အချိန်အထိ ရှုပ်ထွေးမှုတစ်ခုမဟုတ် တစ်ခုတော့ရင်ဆိုင်ရမှာပါပဲ။ဒီလို ရှုပ်ထွေးမှုပေါင်းများစွာ ထဲကမှ ပျော်ရွှင်မှုကို ရှာဖွေရင်းနဲ့ ကိုယ်ရဲ့အသက်ရှင်သန် နေတဲ့ ဘ၀ကို အဓိပ္ပာယ်ရှိအောင် ကိုယ်တိုင်ကြိုးစားရမှာပဲ ဖြစ်ပါတယ်။အခုတင်ဆက်ပေးမဲ့ ဖိလစ်ပိုင်ဇာတ်ကားလေး ကလည်း ရှုပ်ထွေးမှုတွေကို ကျော်ဖြတ်ရင်း ဘ၀ရဲ့ပျော်ရွှင်မှု အစစ်အမှန်ကို ရှာတွေ့ခဲ့ကြတဲ့ ချစ်သူနှစ်ဦးအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ဒရာမာ မိသားစုဇာတ်လမ်း ကောင်းလေးပဲဖြစ်ပါတယ်။အဲ့ဒီဇာတ်ကားနာမည်ကတော့ Dearly Beloved ပဲဖြစ်ပါတယ်။ ဒီနဲ့မီတို့နှစ်ယောက်စလုံးက အိမ်ထောင်ကွဲထားကြသူတွေ ဖြစ်ပြီး နှစ်ယောက်လုံးမှာ သားသမီးကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် အဲ့ဒီသားသမီးဆိုတဲ့ ရှုပ်ထွေးမှုတစ်ခုကို အတူကျော်ဖြတ်ကြရင်း သာယာတဲ့ အိမ်ထောင်လေး တစ်ခုကို တည်ထောင်ထားကြပါတယ်။ဒါပေမယ့် နှစ်ယောက်စလုံးက တရားဝင်မကွာရှင်းရသေးတဲ့အတွက် လက်တော့မထပ်ရသေးပါဘူး။ဒါပေမယ့် သူတို့နှစ်ယောက် ကြားက တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေ အပြည့်နဲ့ သားသမီးတွေကလည်း အဆင်ပြေနေတော့ သူတို့ရဲ့ ဘ၀လေးက ပျော်ရွှင်စရာကောင်းနေခဲ့ပါတော့တယ်။ ဒါပေမယ့် ဒီလိုရှုပ်ထွေးမှုတွေ များလွန်းတဲ့ အိမ်ထောင်ရေး တစ်ခုက တစ်ချိန်ချိန်မှာ ပေါက်ကွဲတော့မဲ့ ဗုံးတစ်လုံးကို လက်ထဲမှာ ကိုင်ထားရသလိုပါပဲ။ဒီလိုနဲ့ နောက်ပိုင်းမှာ ပြဿနာအသေးအမွှားလေးတွေကနေ ရှုပ်ထွေးမှုဗုံးကြီး ပေါက်ကွဲသွားတဲ့အခါမှာတော့ ပြဿနာအကြီးကြီးတွေ ဖြစ်လာပြီး ဒီနဲ့မီတို့ချစ်သူနှစ်ယောက်ရှေ့ဆက်ဘယ်လိုတွေ အတူတူကျော်ဖြတ်သွားကြမလဲဆိုတာကို ကြည့်ရှုရမဲ့ ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။...
100 Streets (2016) ⭐IMDB: 5.8/10 (4 k Votes) 🎬 #Crime #Drama 🗓 2016 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 34 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မိသားစုတိုင်း ၊ လူတိုင်းမှာ ဖြေရှင်းစရာပြဿနာ ကိုယ်စီရှိကြပါတယ်။ တစ်ချို့ကျတော့လည်း ဒီပြဿနာတွေ အရှုပ်ထုတ်တွေကြားထဲ နှစ်မွန်းရင်း တဝဲလည်လည်နဲ့ပဲ ဘဝကြီးကိုပြီးဆုံးသွားကြရတယ်။ တစ်ချို့ကြတော့ ပြဿနာဖြေရှင်းပြီး လမ်းမှန်ပေါ်ကို ပြန်တက်လာနိုင်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကတော့ဘဝမှာကောင်းတာရော ဆိုးတာရော နှစ်ခုလုံးခံစားလိုက်ရတာဆိုတော့ တန်တယ်ပဲဆိုရမှာပေါ့။ ဒီဇာတ်လမ်းမှာ မိသားစုသုံးစုရဲ့ အိမ်တွင်းရေး ပြဿနာတွေကိုရိုက်ပြထားတာပါ။ အင်္ဂလန် ရပ်ဂ်ဘီ ဘောလုံးကပ္ပတိန်ဟောင်းဖြစ်တဲ့ မက်စ်မိုးက အရင်က အရမ်းတော်ခဲ့သလောက်အခုချိန်မှာ မိန်းမ နဲ့လည်း အဆင်မပြေ၊စီးပွားရေးဆိုတာကလည်း လက်ကျန် ဂုဏ်ရှိန်လေးနဲ့လုပ်စားနေရတယ်၊ ဒီကြားထဲ မိန်းမဖြစ်သူနဲ့ရော သားသမီးတွေနဲ့ပါ ခဏတာခွဲနေရတယ်။ နောက်မိသားစုတစ်ခု ကျောင်းတွင်း ရပ်ဂ်ဘီဘောလုံးအသင်းရဲ့ လေ့ကျင့်ရေး ဆရာလည်းဖြစ် အငှားကားမောင်းသူလည်းဖြစ်တဲ့ ဂျော့၊ သူတို့မိသားစုကတော့ ကလေးအရမ်းလိုချင်ကြတယ်၊ နောက်တစ်ယောက်တော့ မူးယစ်ဆေးရောင်းတဲ့ဘဝကြီးကို စိတ်ကုန်နေတဲ့ ကင်းစ်လေ၊ မူးယစ်ဆေးလောကဆိုတာက ဝင်ပြီးရင်ပြန်ထွက်ဖို့ခက်တယ်ေလ၊ တစ်ခါထောင်ကျဖူးတဲ့ အပြင် မိခင်ဖြစ်သူ လည်းစိတ်မဆင်းရဲစေချင်တဲ့အတွက် ဒီလောကကနေထွက်ဖို့နည်းလမ်းရှာနေတယ်၊ သူတို့တွေ အကုန်လုံး ဒီပြဿနာဆီကနေဘယ်လိုဖြေရှင်းပြီးရုန်းထွက် နိုင်မလားဆိုကတော့ဆက်လက်ကြည့်ရှုပေးပါဦး။...
Rasuk 2 (2020) ⭐IMDB: 5.4/10 (69 Votes) 🎬 #Horror 🗓 2020 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 25 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rasuk 2 (2020) Rasuk 1 ကို ကြည့်ပြီးတဲ့သူတွေကတော့ Rasuk 2ကို ဘယ်လိုကားဖြစ်မလဲ သိချင်မိမှာပါပဲ…. ဒီကားက သရဲကားဆိုပေမယ့်…. ဒိန်းခနဲ ဝုန်းခနဲ ခြောက်နေတဲ့ကားမျိုးမဟုတ်ဘူး.. Rasukကြည့်ပြီးတဲ့သူတွေကတော့ သူငယ်ချင်းလေးယောက်ထဲက အင်ဂရစ်ကို သိမှာပေါ့…. အင်ဂရစ်နဲ့ ဒီကားက ဘာဆိုင်လဲ မေးရင် ဘာမှမဆိုင်ဘူး… ဆိုင်တာက သူ့ညီမနဲ့…… သူ့ညီမက အစ်ဇယ်ဘယ်လာ… နယ်နယ်ရရမဟုတ်ဘူး ဆေးရုံတစ်ခုမှာ အလုပ်သင်ဆင်းနေတဲ့ ဆရာဝန်လောင်းလေး…. သူတို့အလုပ်သင်တွေက အမြဲအလောင်းရင်ခွဲတာ ကြည့်ရတယ်… အစ်ဇယ်ဘယ်လာ… ဘယ်လာလို့လဲ ခေါ်တယ်…ဘယ်လ်လို့လဲ ခေါ်ကြတယ် သူက သာမန်လူမဟုတ်ဘူး…… ထူးခြားတယ်.. ပြောရရင် သရဲမြင်နိုင်တယ်… ဒါပေမယ့် သူက သူမြင်နေရတာတွေက တကယ်ရှိတယ်ဆိုတာ မယုံဘူး တစ်နေ့… အလောင်းတစ်လောင်းက သူ့ရှေ့မှာ အသက်ဝင်လာတယ်… သူကတော့ ထင်ယောင်ထင်မှားဖြစ်တယ်ထင်တာပေါ့ နောက်တစ်နေ့ သူ့ကို ခြောက်တယ် နောက်တစ်နေ့ သူ့ကို ဝင်ပူးတယ် ဒီလို…. သရဲက သူ့နောက်အမြဲလိုက်နေတယ် ဘာကြောင့်လိုက်နေတာလဲ…… အဲ့သရဲမနောက်ကွယ်မှာ ဘာရှိနေလဲ ပိတ်သွားပြီဖြစ်တဲ့အမှုတစ်ခု.. ဝမ်းဗိုက်မှာ ထိုးသွင်းဒဏ်ရာနဲ့ အလောင်းတစ်လောင်း… သူဖော်ထုတ်နိုင်မလား…. အဲ့အလောင်းရဲ့ တရားခံကဘယ်သူလဲ…. ဘာကြောင့်လဲ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေနဲ့ ရင်ခုန်စွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်…. ဒီကားရဲ့ ထူးခြားချက်က ကြောက်စရာကောင်းတာမဟုတ်ဘူး။ စိတ်ဝင်စားစရာကောင်းတာ…… IMDb 5.1/10 ဆိုပေမယ့် စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ နောက်ဆုံး တရားခံဘယ်သူလဲဆိုတာ သိရတဲ့အထိ ရင်ခုန်စရာကောင်းပါတယ်...
Rasuk (2018) ⭐IMDB: 4.0/10 (157 Votes) 🎬 #Horror #Drama #Mystery #Thriller 🗓 2018 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 30 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rasuk 2018 ဒီတစ်ခေါက်တော့ အင်ဒိုနီးရှားသရဲကားနဲ့မိတ်ဆက်ပေးပါ့မယ်…. ဒီကားက သရဲကားတော့ သရဲကားပဲ.. ဒါပေမယ့် ထူးခြားတယ်… ထူးခြားတာကဒီလို.. ဒီသရဲကားက သရဲခြောက်တာ မဟုတ်ဘူး။ဝင်ပူးတာ… ပြောရရင် ခန္ဓာကိုယ်ကို အပိုင်စီးချင်တဲ့သရဲ ဖြစ်ပျက်ကဒီလို သူငယ်ချင်းလေးယောက်ရှိတယ်။ လန်ဂီရာ၊ အင်ဂရစ်၊ လင်တန်နဲ့ ဆက်ကာ.. လေးယောက်လုံးက သူဌေးသမီးတွေ။ သူဌေးသမီးတွေဆိုတဲ့အတိုင်း…. လင်တန့်ဦးလေးရဲ့ အပန်းဖြေအိမ်ကို camp သွားကြမယ်လုပ်တာပေါ့…… အဲ့မှာ ဇာတ်လမ်းစတာပဲ… သူတို့သွားတဲ့နေရာက အပန်းဖြေစခန်း စဆောက်ကတည်းက အမျိုးမျိုးနှောင့်ယှက်ခံရတဲ့နေရာ…… သူတို့ကတော့ မသိဘူး။ အဲ့တာနဲ့ သွားကြလေသတည်းပေါ့။ ဖြစ်ချင်တော့ တံတားကပျက်နေတော့ ကားကဖြတ်မရဘူး….. အဲ့တာနဲ့ ခြေကျင်သွားတယ်…… စပြီဇာတ်လမ်း အဲ့နေရာမှာ လွင့်မျောနေတဲ့ဝိညာဥ်က… အငြိုးကြီးတယ် ၊ အမုန်းတွေအပြည့်နဲ့.. ဝင်ပူးတဲ့ ဘယ်သူမဆိုရဲ့ အမုန်းတရားတွေကို နိုးထစေတယ်…… သူတို့ လေးယောက် အဲ့ဝိညာဥ်ကို ရင်ဆိုင်နိုင်မလား…. လေးယောက်စလုံး အသက်ရှင်နိုင်မလား… ဘယ်သူသေသွားမလဲ….. အဲ့ဝိညာဥ်ကကော ဘာလို့ ဝင်ပူးဖို့ ကြိုးစားနေတာလဲ စသဖြင့် သိို့လော သို့လောနဲ့ ရင်ခုန်စွာ စောင့်ကြည့်ရမှာပါ…. IMDb 5.2/ 10 ပဲရထားပေမယ့် တစ်နာရီခွဲအတွင်း ကြည့်ရတာ တော်တော်တန်ပါတယ်။...
The Brave (2017) ⭐IMDB: 7.5/10 (10 k Votes) 🎬 #Drama #Action #Thriller #War 🗓 2017 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 43 မိနစ် 27 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Brave (2017)ဇာတ္လမ္းတြဲ အပုိင္း( ၁ မွ ၁၃ ) စ/ဆုံး ============= အမေရိကန်ရဲ့ စစ်ဘက်ထောက်လှမ်းရေး အဖွဲ့တစ်ခုဖြစ်တဲ့ Defence Intelligence Agency (DIA) မှာ ပက်ထရစ်ရှာကမ့်ဘဲလ် ဆိုတဲ့အမျိုးသမီးကြီးက လက်ထောက်ညွှန်ကြားရေးမှူးပါ .. . သူ့လက်အောက်မှာ … သတင်းအချက်အလက် စုံစမ်းဖော်ထုတ်ရေးအဖွဲ့နဲ့ မြေပြင် စစ်ဆင်ရေးအဖွဲ့ ဆိုပြီး နှစ်ဖွဲ့ရှိပါတယ် …DIA ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကမာၻတစ်ဝှမ်းက အန ၱရာယ် ရှိတဲ့ နေရာတွေမှ ာ အပြစ်မဲ့ပြည်သူတွေ ဘေးကင်းရေးအတွက် အသက်ပေး တာဝန်ထမ်းဆောင်ဖို့ပဲဖြစ်ပါတယ်…ဆိုတော့ မြေပြင်စစ်ဆင်ရေးအဖွဲ့ဟာ အထူးလေ့ကျင့်ထားတဲ့ စစ်သားတွေဖြစ်လေတေဲ့အပြင် တစ်ဦးချင်းစီမှာလည်း သတ်ဖြတ်နှိမ်နှင်းရေးအတွက် ပါရမီတွေ ပါသလားမှတ်ရတယ်….DIA က အရေးပေါ်ညွှန်ကြားချက်တစ်ခုရတာနဲ့ မြေပြင်စစ်ဆင်ရေးအဖွဲ့ကအချိန်တိုအတွင်း စစ်ဆင်ရေးတွေကိုအောင်မြင်အောင်လှုပ်ရှားရပါတယ်…ဒီလိုလှုပ်ရှားရတာ တကယ်တော့ ထင်ထားတာထက်ကို ခက်ပါတယ်…နိုင်ငံတကာရဲ့ ဥပဒေတွေနဲ့လွတ်ကင်းအောင် ခြေရာဖျောက်လုပ်ကိုင်ရတာမျိုးရှိတတ်သလိုတစ်ချို့ကိစ္စတွေဆို ဥပဒေပြင်ပတွေဖြစ်သွားတတ်ပါတယ်…ဒီဇာတ်လမ်းတွဲက ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်….ခေတ်မှီနည်းပညာတွေသုံးထားသလို အက်ရှင်ခန်းတွေလည်း ေ၀ေ၀ဆာဆာပါ ပါတယ်….မြေပြင်စစ်ဆင်ရေးအဖွဲ့နဲ့အတူ စွန့်စားခန်းတွေ ထွက်ရသလို ခံစားရပြီးDIA ရဲ့ ကင်းထောက်လေယာဥ်နဲ့အတူ တိုက်ရိုက်ကြည့်ရှုရင်း ကိုယ်တိုင် ညွှန်ကြားရေးမှူးတစ်ယောက်လိုလည်းဖြစ်သွားပါလိမ့်မယ်…အပိုင်း ၁၃ ပိုင်းရှိပြီး ကျန်အပိုင်းများကို မကြာမှီတင်ဆက်ပေးသွားပါမည်…ခပ်ကြမ်းကြမ်း ရင်ခုန်ရတဲ့ အက်ရှင် စစ်ဆင်ရေး ဇာတ်လမ်းတွဲတွေကြိုက်နှစ်သက်သူတို့အဖို့ တစ်ပိုင်းလောက်မြည်းစမ်းကြည့်သင့်ပါတယ်….နောက်တစ်ပိုင်းဆက်ဒေါင်းချင်သွားလိမ့်မယ်ဆိုတာ ကျွန်တော်ပြောရဲတယ်… (((Unicode))) အမေရိကန်ရဲ့ စစ်ဘက်ထောက်လှမ်းရေး အဖွဲ့တစ်ခုဖြစ်တဲ့ Defence Intelligence Agency (DIA) မှာ ပက်ထရစ်ရှာကမ့်ဘဲလ် ဆိုတဲ့အမျိုးသမီးကြီးက လက်ထောက်ညွှန်ကြားရေးမှူးပါ … သူ့လက်အောက်မှာ … သတင်းအချက်အလက် စုံစမ်းဖော်ထုတ်ရေးအဖွဲ့နဲ့ မြေပြင် စစ်ဆင်ရေးအဖွဲ့ ဆိုပြီး နှစ်ဖွဲ့ရှိပါတယ် …DIA ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကမ္ဘာတစ်ဝှမ်းက အန ္တရာယ် ရှိတဲ့ နေရာတွေမှာ အပြစ်မဲ့ပြည်သူတွေ ဘေးကင်းရေးအတွက် အသက်ပေး တာဝန်ထမ်းဆောင်ဖို့ပဲဖြစ်ပါတယ်…ဆိုတော့ မြေပြင်စစ်ဆင်ရေးအဖွဲ့ဟာ အထူးလေ့ကျင့်ထားတဲ့ စစ်သားတွေဖြစ်လေတေဲ့အပြင် တစ်ဦးချင်းစီမှာလည်း သတ်ဖြတ်နှိမ်နှင်းရေးအတွက် ပါရမီတွေ ပါသလားမှတ်ရတယ်….DIA က အရေးပေါ်ညွှန်ကြားချက်တစ်ခုရတာနဲ့ မြေပြင်စစ်ဆင်ရေးအဖွဲ့ကအချိန်တိုအတွင်း စစ်ဆင်ရေးတွေကိုအောင်မြင်အောင်လှုပ်ရှားရပါတယ်…ဒီလိုလှုပ်ရှားရတာ တကယ်တော့ ထင်ထားတာထက်ကို ခက်ပါတယ်…နိုင်ငံတကာရဲ့ ဥပဒေတွေနဲ့လွတ်ကင်းအောင် ခြေရာဖျောက်လုပ်ကိုင်ရတာမျိုးရှိတတ်သလိုတစ်ချို့ကိစ္စတွေဆို ဥပဒေပြင်ပတွေဖြစ်သွားတတ်ပါတယ်…ဒီဇာတ်လမ်းတွဲက ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်….ခေတ်မှီနည်းပညာတွေသုံးထားသလို အက်ရှင်ခန်းတွေလည်း ဝေေ၀ဆာဆာပါ ပါတယ်….မြေပြင်စစ်ဆင်ရေးအဖွဲ့နဲ့အတူ စွန့်စားခန်းတွေ ထွက်ရသလို ခံစားရပြီးDIA ရဲ့ ကင်းထောက်လေယာဉ်နဲ့အတူ တိုက်ရိုက်ကြည့်ရှုရင်း ကိုယ်တိုင် ညွှန်ကြားရေးမှူးတစ်ယောက်လိုလည်းဖြစ်သွားပါလိမ့်မယ်…အပိုင်း ၁၃ ပိုင်းရှိပြီး ကျန်အပိုင်းများကို မကြာမှီတင်ဆက်ပေးသွားပါမည်…ခပ်ကြမ်းကြမ်း ရင်ခုန်ရတဲ့ အက်ရှင် စစ်ဆင်ရေး ဇာတ်လမ်းတွဲတွေကြိုက်နှစ်သက်သူတို့အဖို့ တစ်ပိုင်းလောက်မြည်းစမ်းကြည့်သင့်ပါတယ်….နောက်တစ်ပိုင်းဆက်ဒေါင်းချင်သွားလိမ့်မယ်ဆိုတာ ကျွန်တော်ပြောရဲတယ်… ဇာတ်လမ်းအညွှန်းကိုတော့ Oung Xix Ming မှ ရေးသားထားပါတယ်..ဘာသာပြန်သူများကတော့ Oung Xix Ming,May Tharaphi Lwin & Cynthia တို့ပဲဖြစ်ပါတယ်...
Welcome to Dongmakgol (2005) ⭐TMDB: 75% User Score 🎬 #Comedy #Drama #War 🗓 2005 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 13 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Welcome to Dongmakgol (2005) ဒီတစ်ခါမှာတော့ 2005ခုနှစ်က ထွက်ရှိခဲ့တဲ့ ကားလေးနဲ့မိတ်ဆက်ပေးပါ့မယ်။ ဒီကားလေးကတော့ 1950ခုနှစ် တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံကြားစစ်ပွဲကာလကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ ဝေးလံခေါင်းပါးတဲ့ တောင်ပေါ်မှာ လက်ရှိခေတ်အခြေအနေနဲ့ ဝေးကွာနေတဲ့ ဒုန်မာဂ်ဂိုလ်ဆိုတဲ့ ရွာလေးရှိပါတယ်။ လေယာဉ်ပျက်ကျပြီး ဘာသာစကားမတူညီ လူမျိုးမတူညီတဲ့ ရွာလေးကိုရောက်လာတဲ့ အမေရိကန်လေတပ်က ကပ္ပတိန်တစ်ဦးရယ်…. စစ်ပွဲကြောင့် တောထဲလမ်းပျောက်နေကြတဲ့တောင်ပိုင်းက စစ်သား၂ယောက်နဲ့ မြောက်ပိုင်းက စစ်သား၃ယောက်ရယ်…. ဒုန်မာဂ်ဂိုလ်ဆိုတဲ့ ရွာလေးမှာ ရေစက်လာစုံကြပါတော့တယ်။ တစ်ဖက်က လူမျိုးမတူတဲ့ လေတပ်ကကပ္ပတိန်….နောက်တစ်ဖက်မှာက တကယ့်ရန်သူတော်ကြီးတွေ….ကြားထဲမှာကတော့ ဘာဆိုဘာမှမသိတဲ့ ရိုးသားတဲ့ ရွာသူရွာသားတွေ သူတို့ကြားထဲက အလွဲလေးတွေကိုဟာသနှောရိုက်ကူးထားပေမယ့် ထည့်ထားတဲ့အနှစ်သာရတွေကတော့ အချစ်၊အမုန်း၊သံယောဇဉ် စသဖြင့် အစုံအလင်ပါပဲ။ ရယ်လည်းရယ်ချင်တယ် နွေးထွေးပြီး အရသာကောင်းတာလေးလည်း ကြည့်ချင်တယ်ဆိုရင်တော့ဒီကားလေးကိုကြည့်ဖို့ အကြံပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Milkeux ပဲ ဖြစ်ပါတယ်။...
The Englishman Who Went Up a Hill But Came Down a Mountain (1995) ⭐TMDB: 63% User Score 🎬 #Comedy #Drama #Romance 🗓 1995 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 36 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ IMDB 6.6/10 ရရှိထားတဲ့ Comedy/Drama အမျိုးအစားချစ်စဖွယ်ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Comedy ဆိုလည်း comedy၊ Drama ဆိုလည်း drama ပိုင်နိုင်လှတဲ့မင်းသားကြီး Hugh Grant (Notting Hill/ Two Weeks Notice)၊အိုင်းရစ် မင်းသားကြီး Colm Meaney (Intermission/The Journey)နဲ့မင်းသမီးကြီး Tara Fitzgerald (Sirens – 1994/ The Woman in White)တို့ကအဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဒါရိုက်တာ Christopher Mongerရဲ့ အဘိုးဖြစ်သူပြောပြတဲ့၊ တကယ်ရှိခဲ့တဲ့ရွာလေးရဲ့ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ ဒီဇာတ်လမ်းလေးဟာဆိုရင်တော့သဘာဝကျတဲ့ ဟာသတွေ၊ သရုပ်ဆောင်မှုတွေနဲ့ တစ်ချက်တစ်ချက်မှ အရွှန်းထထဖောက်တာမို့မထင်မှတ်တဲ့ ဟာသလေးတွေနဲ့ ရယ်မောစေမိမှာ အမှန်ပါပဲ။ ဇာတ်လမ်းအကျဉ်း၁၉၁၇ခုနှစ်၊ ပထမကမ္ဘာစစ်အတွင်းတုန်းက အင်္ဂလိပ်လူမျိုးနှစ်ယောက်ဖြစ်တဲ့ဂျော့ချ်ဂါရတ်နဲ့ သူ့လက်ထောက် အန်ဆန်တို့နှစ်ယောက်ဟာမြေပုံရေးဆွဲသူတွေအဖြစ်နဲ့ ဝယ်ရှ်လူမျိုးတွေရဲ့ရွာလေးကို ရောက်လာခဲ့ကြပါတယ်။ရည်ရွယ်ချက်ကတော့ ရွာမှာရှိတဲ့ တစ်လုံးတည်းသော တောင်ဖြစ်တဲ့ဖနွန်ဂါရူရဲ့ အမြင့်ကို တိုင်းတာပြီး တောင်တစ်လုံးအဖြစ် ဘုရင်ကြီးရဲ့မြေပုံမှာထည့်သွင်းဖို့ပါပဲ။သူတို့ရဲ့စံချိန်စံညွှန်းတွေအရ တောင်တစ်လုံးအဖြစ် အဆင့်မီဖို့ဆိုရင်ပေ ၁၀၀၀ အထိမြင့်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ရှိထားပြီးဖြစ်ပေမယ့်တကယ်တမ်း တိုင်းတာကြည့်တဲ့အခါမှာတော့တောင်က ပေ ၁၀၀၀ မရှိဘဲ ၉၈၄ ပေသာရှိတာကြောင့်တောင်ကုန်းအဆင့်အဖြစ်နဲ့သာ သတ်မှတ်ခံရဖို့ဖြစ်လာပါတော့တယ်။ပထမကမ္ဘာစစ်အတွင်းလည်းဖြစ်လို့ အရှုံးဆိုတာကိုခါးသီးနေချိန်၊ ရွာက လူငယ်တော်တော်များများကလည်းစစ်မှုထမ်းသွားနေပြီး သူတို့မောမောပန်းပန်းနဲ့ ပြန်များလာခဲ့ရင်သူတို့ရွာကတောင်လေးက တောင်မဟုတ်ဘဲ တောင်ကုန်းအဆင့်သာဖြစ်တာကိုဆီးကြိုမပြောချင်တဲ့၊ ရွာရဲ့သိက္ခာကိုဆယ်ချင်တဲ့ ရွာက လူကြီးတွေက ဒီလိုအဆင့်မမီဘူးဆိုတဲ့ သတ်မှတ်ချက်ကို လက်မခံနိုင်ကြဘဲတစ်မျိုးတစ်ဖုံ ပြောင်းလဲဖို့ ကြံစည်ကြပါတော့တယ်။ရိုးသားတဲ့လူတွေ မရိုးမသားလုပ်ကြတဲ့အခါ ချစ်ဖို့လည်းကောင်း၊ရယ်ဖို့လည်းကောင်းတာမို့ သေချာပေါက် အလွဲလွဲအချော်ချော်တွေဖြစ်လာတော့တာပေါ့လေ။မြေပုံရေးဆွဲရေးအရာရှိနှစ်ယောက် ပြန်မသွားဖို့အရေးလည်း ကြံကြဖန်ကြရ၊သူတို့ တောင်(ကုန်း)လေးကို တောင်အဖြစ် ပြန်သတ်မှတ်နိုင်ဖို့အရေးနည်းလမ်းပေါင်းစုံ ရှာရဖွေရနဲ့ တစ်ရွာလုံး ရှုပ်ယှက်တွေခတ်၊ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ဟိုလူကယ်ပါ ဒီလူကူပါတွေဖြစ်နေကြပါတော့တယ်။ဒီလိုနဲ့ သူတို့တွေ ဖြစ်ချင်ကြသလို သူတို့ရဲ့တောင်(ကုန်း)လေးကတောင်အဖြစ် ပြန်ပြီး သတ်မှတ်ခံလိုက်ရမလား..မြေပုံရေးဆွဲရေးအရာရှိနှစ်ယောက်ကိုရော နောက်ဆုံးအချိန်ထိဆွဲထားနိုင်ပါ့မလား..သူတို့တောင်(ကုန်း)လေးကရော တောင်အဖြစ် အဆင့်မီသွားပါ့မလား..ဆိုတာကိုတော့ အလွဲလွဲ အချော်ချော်လေးတွေကို ချစ်စဖွယ်ကြည့်ရှုရင်းရယ်ရယ်မောမောနဲ့ အားပေးလိုက်ကြပါဦးနော်။...
Max Cloud (2020) ⭐TMDB: 48% User Score 🎬 #Action #Comedy #SciFi #ScienceFiction 🗓 2020 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 29 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Max Cloud(2020) အက်ရှင်မင်းသားကြီးScott Adkinsရဲ့ ကားသစ်ထွက်ရှိလို့လာပါပြီ… ၁၉၉၀ခုနှစ်က ဗီဒီယိုဂိမ်းတွေခေတ်စားတဲ့အချိန်ပေါ့… Brooklynမြို့က ဆယ်ရာဆိုတဲ့ကောင်မလေးကလည်း လူငယ်ပီပီ ဂိမ်းစွဲတဲ့သူပါ…. တစ်နေ့တော့ သူနှိပ်နေကျဂိမ်းထဲက “အာကာသစုန်းမ”ရဲ့လက်ချက်ကြောင့် ဆယ်ရာတစ်ယောက်ဂိမ်းထဲကိုဝင်သွားပါတယ်…. အပြင်လည်းထွက်လို့မရ၊ သူဝင်သွားတဲ့ဇာတ်ကောင်နေရာက အသက်တစ်ချောင်းပဲကျန်တော့တဲ့အတွက် ဆယ်ရာဒုက္ခအကြီးအကျယ်ရောက်ပါတယ်… ဆယ်ရာရဲ့သူငယ်ချင်းကောင်းဘွိုင်က ဆယ်ရာ့ရဲ့ဂိမ်းဇာတ်ကောင်ကို ဆော့ပေးပြီး ဆယ်ရာအပြင်ပြန်ထွက်ဖို့ “အာကာသစုန်းမ”ကိုရှာဖို့ ကြိုးစားကြပါတယ်….ဒီလိုကြိုးစားတဲ့အချိန် လူစွမ်းကောင်း ကပ္ပတိန် မက်စ်ကလောက်နဲ့တွေတဲ့အခါမှာတော့…. ဘယ်လိုအန္တရယ်တွေက ကြိုဆိုနေမလဲ…တော်လှပါတယ်ဆိုတဲ့ ကပ္ပတိန်ကြီးကရောက် အကြမ်းစား ရန်သူတွေကိုနှိမ်နှင်းနိုင်ပါ့မလားဆိုတာကိုတော့...
Legend of the Blue Sea (2016) ⭐IMDB: 8.1/10 (13 k Votes) 🎬 #Comedy #Drama #SciFi #Fantasy #Romance 🗓 2016 🎞 Series 🌎 #SouthKorea #Palau #Spain ⏰ 1 နာရီ 1 မိနစ် 32 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မနေ့ကမှထွက်တဲ့ Drama အသစ်စက်စက်လေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..အားလုံးသိကြတဲ့ အတိုင်းပဲ ဒီဇာတ်ကားဟာ မထွက်ခင် သုံးလလောက်အလိုကတည်းက တကယ်ရေပန်းစားနေတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပြီး မင်းသားကလည်း အချစ်တော် လီမင်ဟိုနဲ့မင်းသမီးကတော့ ကို၇ီးယားနိုင်ငံ ၇ဲ႕ National Love လို့တောင်တင်စားရတဲ့ ဂျန်ဂျီဟွန်းပေါ့..ဒီလိုနာမည်ကြီးဇာတ်ကောင် ၂ခုအပြိုင် ပါ၀င်တဲ့Legend Of The Bluesea ဆိုတဲ့ဇာတ်ကားဟာ Nov 16 မှာစတင်ပြသခဲ့ပါပြီ ဒီဇာတ်ကားကို ရိုက်ကူးတင်ဆက်သူဒါရိုက်တာကတော့Jin Hyeokဖြစ်ပါတယ် အပိုင်း ၂၀ ပြသ သွားမှာဖြစ်ပြီး ဇန်န၀ါရီ 19 ရက်နေ့မှာနောက်ဆုံးအပိုင်းကိုတင်ဆက်သွားပါမယ် ထုတ်လွှင့်တဲ့ ရုပ်သံလိုင်းကတော့ SBS ဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းကိုအကြမ်းဖျင်းမညွှန်းခင် အချက်အလက်လေးတွေနဲ့တင်ဆက်ပါဦးမယ် ဒီဇာတ်ကားဟာ လီမင်ဟိုတစ်ယောက် စစ်တပ်မှာ ၂ နှစ်အမှုမထမ်းခင် သရုပ်ဆောင်တဲ့ နောက်ဆုံး ဒရာမာတစ်ခုဖြစ်ပါတယ်..ပြီးတော့မင်းသမီး ဂျန်ဂျီဟွန်းကလည်း သူကလေးမွေးပြီး နောက် ပထမဆုံး ပြန်လည်သရုပ်ဆောင်တဲ့ ဒရာမာတစ်ခုဖြစ်ပါတယ် ဒီဇာတ်လမ်းကို သြဂုတ်လ 19 ရက်နေ့ကနေစတင်ရိုက်ကူးခဲ့ပါတယ် Palau ကျွန်း နဲ့ Goesan တို့မှာရိုက်ကူးထားပြီး နောက်ဆုံး စပိန်မှာလည်း သွားရောက်ရိုက်ကူးထားပါတယ် ၁၅၈၆ ခုနှစ် မှာ ရွာတစ်ရွာမှာမုန်တိုင်းအသည်းအသန်ကျပြီးတဲ့နောက် ပင်လယ်ပြင်ကနေ ရေသူမ မျိုးဆက်ရဲ့နောက်ဆုံးမျိုးဆက်ဟာ မုန်တိုင်းကြောင့် သောင်တင်ခဲ့ပါတယ်..ရွာအုပ်ချုပ်သူက ဖမ်းဆီးထားခဲ့ပြီး အသစ်ရောက်လာတဲ့ မြို့တော်၀န်ကို၀င့်ကြွားစွာပြသချိန်မှာတော့ မြို့တော်၀န်ဟာသနားပြီး ရေသူမ ကို ပင်လယ်ထဲပြန်လွှတ်လိုက်ပါတယ် မြို့တော်၀န်ရဲ့လက်က အထိန်းအမှတ် ကျောက်စိမ်းလေးကို ရေသူမကိုလက်ဆောင်အဖြစ်ပေးခဲ့ပါတယ် နောက်ထပ်နှစ်ပေါင်း 430 ကြာတဲ့အခါမှာတော့ အဲ့ရေသူမလေးဟာမုန်တိုင်းကြောင့်ပဲ ကုန်းမြေပြင်ပေါ်မှာ နောက်တစ်ခေါက်သောင်တင်လာပြန်ပါတော့တယ် ဗိုက်ကလည်းဆာဆာနဲ့တွေ့တဲ့ဟိုတယ်အခန်းထဲခိုး၀င်ပြီး အစားအသောက်တွေခိုးစားခဲ့တယ်..ဖြစ်ချင်တော့ အဲ့အခန်းမှာတည်းနေတဲ့သူက ဆိုးလ်မြို့ကနေ ခဏလာရောက်အနားယူနေတဲ့ မျက်လှည့်ပညာရှင် စိတ်ညို့ပညာရှင် တစ်ဦးပါ တနည်းအားဖြင့် ပြောရမယ်ဆိုရင်တော့ မြို့တော်၀န်လေး ဒန်ယောင်း လူ၀င်စားတဲ့သူပေါ့ ..သူဟာ ရေသူမလေးကို ရဲလက်အပ်လိုက်ပေမယ့် သနားစိတ်လေးကတော့ရှိခဲ့တယ်..ပိုပြီးစိတ်၀င်စားစေတာက ရေသူမလေးလက်က လက်ကောက်ကိုမြင်လိုက်ရတော့ နောက်ကြောင်းစုံစမ်းတဲ့အခါ နှစ်ပေါင်း 400 ကျော်သက်တမ်း ကြာပြီး ဒေါ်လာ 6သောင်းလောက်တန်တယ်ဆိုတာကိုသိရတဲ့အခါ ရေသူမလေးကိုပြန်ရှာပြီး ကြင်နာစွာဆက်ဆံပါတော့တယ် ဒီလိုနဲ့ သူတို့တွေဘာတွေဆက်ဖြစ်မလဲ ဒန်ယောင်းကရော ဘ၀ဟောင်းကိုမှတ်မိပါ့မလား.ရေသူမလေးကရော သူ့ကိုမှတ်မိပါ့မလား..ကမာၻပေါ်ကိုရောက်လာတဲ့ ရေသူမလေးနောက်ဆုံးမျိုးဆက်လေးဟာလည်း လူတွေနဲ့အတူနေထိုင်နိုင်ပါ့မလားဆိုတာ ဆက်လက်စောင့်ကြည့်ပါ Episode 1 Filesize ( 300 MB ) Pcloud Link|Mediafire Link Episode 2 Filesize ( 300 MB ) Pcloud Link|Mediafire Link Episode 3 Filesize ( 305 MB ) Pcloud Link|Mediafire Link Episode 4 Episode 5 Episode 6 Episode 7 Episode 8 Episode 9 Episode 10 Episode 11 Episode 12 Episdoe 13 Episode 14 Filesize ( 300 MB ) Pcloud Link|Mediafire Link( Subtitle Error ပြင်ထားပါသည်...
Blue Ruin (2013) ⭐IMDB: 7.1/10 (79 k Votes) 🎬 #Crime #Drama #Thriller 🗓 2013 🎞 movie 🌎 #UnitedStates #France #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Blue Ruin(2013)အညွှန်း ********************** IMDb…7.1/10 Rotten Tomatoes….96% ဒွိုက်အေဗန်စ်ဟာ အိမ်ခြေရာမဲ့တစ်ယောက်ဖြစ်ပြီး စွန့်ပစ်အမှိုက်တွေထဲကရှာဖွေစားသောက်ကာ သူ့ကားပေါ်မှာပဲအိပ်လေ့ရှိပါတယ်။ ဒီလိုကားတစ်စီးနဲ့ လမ်းမတွေပေါ်မှာလှည့်လည်နေထိုင်ရင်း တစ်နေ့မှာတော့ ရဲမေတစ်ယောက်ကသူ့ဆီ သတင်းဆိုးတစ်ခုယူဆောင်ပြီးရောက်ချလာပါတယ်။ အဲ့ဒါကတော့ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုန်းက ဒွိုက်မိဘတွေကိုသတ်ခဲ့တဲ့ လူသတ်သမား ဝိတ်ကလီလန် လွတ်မြောက်လာတော့မယ်ဆိုတာပါပဲ။ သတင်းကြားကြားချင်းပဲ ဒွိုက်ဟာ ကလီလန်တွေရဲ့နေရာဆီ သေနတ်ပါယူပြီး လိုက်ပါတော့တယ်။အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့… ဒီဇာတ်ကားက မှုခင်းရုပ်ရှင်ဟာ ဆုပေါင်း (၇)ဆုတောင်ရရှိခဲ့ပြီး IMDb ရော RT ရော အကောင်းဆုံးအနေအထားမှာရှိတာမို့ Crime ဇာတ်လမ်းကောင်းကြိုက်သူတို့ လက်မလွှတ်သင့်ပါကြောင်းသတင်းကောင်းပါးပါရစေ…. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ei Phyu Khin ပဲဖြစ်ပါတယ်...
Aranmanai 2 (2016) ⭐IMDB: 4.4/10 (802 Votes) 🎬 #Bollywood #Comedy #Horror #Action #Romance 🗓 2016 🎞 movie 🌎 #India ⏰ 2 နာရီ 10 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Aranmanai 2 (2016) ကျိန်စာသင့်ကလဲ့စားImdb 4.4 လက်ရှိမှာ ၄ကားထိထွက်ရှိထားပြီးတော့ တစ်ခေတ်တစ်ခါကရုံတင်ကားဖြစ်ခဲ့ပြီး box office အနေနဲ့ ၃၉၀ မီလီယံရရှိခဲ့တဲ့ဝက်ဝက်ကွဲလူကြိုက်များခဲ့တဲ့ သရဲကားတစ်ကားပါ ဘုရားကျောင်းပြုပြင်ဖို့ မြို့ကိုကာကွယ်ပေးထားတဲ့မယ်တော်ရုပ်ထုကိုခဏရွှေ့ဆိုင်းဖို့အကြောင်းဖန်လာတယ် ၁၀ရက်တာ ရတနာသေတ္တာထဲထည့်ပိတ်ထားရမှာဖြစ်ပြီးဒီ၁၀ရက်အတွင်းမှာ မယ်တော်ရုပ်ထုကစွမ်းအားတွေပျောက်ဆုံးသွားမှာပါ ဒါအခွင့်အရေးကို အောက်လမ်းနဲ့ကမ္ဘာကြီးကိုအုပ်စိုးချင်ကြတဲ့ဘာဘာတို့အဖွဲ့ကအမိအရအသုံးချပါတော့တယ် မယ်တော်ရုပ်ထုကိုဖယ်ပြီဆိုတည်းက အောက်လမ်းသုံးပြီးအိပ်ပျော်နေတဲ့ ပရလောကသားတွေကိုလှုပ်နှိုးခဲ့တယ် နိုးထလာခဲ့တဲ့ပရလောကသားတွေထဲမှာသူတို့မကိုင်တွယ်နိုင်လောက်အောင်စွမ်းအားကြီးတဲ့မကောင်းဆိုးဝါးတစ်ကောင်ပါလာခဲ့ပါတယ်ထိန်းချုပ်မရတဲ့အဆုံး အုပ်လိုက်ထွက်ပြေးကြရင်း လူ့လောကထဲ ထွက်ပေါ်မလာသင့်တဲ့မကောင်းဆိုးဝါးတစ်ကောင်ကရောက်ရှိလာပါတော့တယ် ဒီမကောင်းဆိုးဝါးကနိုးနိုးချင်းပဲ အိမ်ကြီးတစ်လုံးဆီ ရန်ငြိုးအပြည့်နဲ့ ဒေါသတကြီးထွက်သွားခဲ့တယ်သူတို့ကြားကဇာတ်လမ်းကဘာများဖြစ်မလဲ ဒီမကောင်းဆိုးဝါးကိုနှိမ်နင်းနိုင်သူရော ပေါ်လာပါ့မလားဆိုတာကိုတော့။။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ ToMo ~ V ~ Zwe Yan ~ KKKZ တို့ပဲဖြစ်ပါတယ်...
Aranmanai (2014) ⭐IMDB: 5.3/10 (1 k Votes) 🎬 #Bollywood #Comedy #Drama #Horror 🗓 2014 🎞 movie 🌎 #India ⏰ 2 နာရီ 27 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Aranmanai (2014)“ကျိန်စာသင့်ကလဲ့စား” IMDb 5.3 ရုံတင်ငွေ သန်း ၂၂၀ ရခဲ့တဲ့ နာမည်ကြီး တမီးလ် ဟာသသရဲကား လေးကားမှပထမဆုံးရုပ်ရှင်ကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် မြို့စွန်တစ်နေရာက ခမ်းနားလှတဲ့ ဘိုးဘွားပိုင်စံအိမ်ကြီးတစ်လုံးရှိတယ်ဘယ်သူမှမနေတာကြာပြီဖြစ်တဲ့ ဒီအိမ်ကြီးကို အိုက်ယာနာ ဆိုသူက ဝယ်ဖို့လုပ်လာတော့ စံအိမ်ကြီးရဲ့ အမွေခံသားသမီးသုံးယောက်ရဲ့ သဘောတူလက်မှတ်ရဖို့ လူလိုက်စုရတယ်တစ်ချိန်က မခေါ်မပြောတဲ့ မောင်နှမတွေလည်း အိမ်ကြီးကို ပြန်လာရတာရှိသလိုဘယ်ကမှန်းမသိတဲ့ စံအိမ်ပိုင်ရှင်အဘိုးကြီးရဲ့ မယားငယ်ရဲ့ မြေးဆိုသူကလည်း ပေါ်လာပါလေရော အမျိုးတွေစုံစုံလင်လင် စုဝေးနေတဲ့ အိမ်ကြီးမှာ ထူးဆန်းတဲ့ သဘာဝလွန်ခြောက်လှန့်မှုတွေဆက်တိုက် ကြုံလာရတဲ့အခါမှာ အိမ်ကိုရောင်းဖို့အရေး တစ္ဆေမရဲ့ အတိတ်ဇာတ်လမ်းကိုအားလုံးပြန်လည်တူးဖော်ဖို့လုပ်ရင်းက … ဘယ်လိုတွေဆက်ဖြစ်မှာလဲ တမီးလ်သရဲကားတို့ရဲ့ ထုံးစံအတိုင်းအကြောက်တစ်ခါ အဖောက်တစ်လှည့်တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးကို အားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ ToMo ~ Yunni ~ Zwe Yan ~ KKKZ တို့ ဖြစ်ပါတယ်...
We Grown Now (2023) ⭐IMDB: 7.1/10 (360 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 We Grown Now ရုပ်ရှင်ကတော့ အမေရိကန်နိုင်ငံရဲ့ လူမည်းအိမ်ရာစီမံကိန်းမှာ မွေးပြီး ကြီးပြင်းလာကြတဲ့ ဆယ်ကျော်သက်သူငယ်ချင်းနှစ်ယောက်ရဲ့ သူတို့ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ရိုက်ကူးတင်ပြထားတာ ဖြစ်ပါတယ်။ မာလစ်နဲ့ အဲရစ်တို့သူငယ်ချင်းနှစ်ယောက်ဟာ ဘဝရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတဲ့အခါ ရိုးသားတဲ့ ကလေးတွေရဲ့ စိတ်နှလုံးသားတွေအကြောင်း၊ သူတို့ရဲ့ရုန်းကန်မှု၊ သူတို့ရဲ့စူးစမ်းလေ့လာလိုစိတ်နဲ့ ဘဝအိပ်မက်တွေအကြောင်း ထိထိမိမိမြင်တွေ့ လာရတာပါ။ လက်လုပ်လက်စားမိသားစုမှာ အရွယ်ရောက်လာတဲ့ တကယ့်လက်တွေ့ဘဝထဲက ကလေးငယ်တွေအကြောင်း သရုပ်ဖော်တင်ဆက် ထားတာဖြစ်ပြီး ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။...
