es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
A Love You (2015) ⭐IMDB: 5.3/10 (211 Votes) 🎬 #Comedy #Romance 🗓️ 2015 🎞️ Movie 📺 1080p FHD 🌎 #France ⏰ 1 နာရီ 34 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 A Love You (2015)============= ဟာသကားကြိုက်နှစ်သက်သူတွေအတွက် ပြင်သစ်ဟာသရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဖရတ်က မိဘတွေမရှိတုန်းအိမ်မှာပါတီပွဲကျင်းပတယ်။ကားကို ပဲရစ်မြို့ထဲစွန့်ပစ်ခဲ့လို့ ရဲစခန်းမှာဖြေရှင်းပြီးအိမ်အပြန်မှာ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းမန်နူကအိမ်ကိုရောက်လာတယ်။ မန်နူက သူနဲ့အတူညက ပါတီပွဲမှာအိပ်ခဲ့တဲ့ကောင်မလေးကိုစွဲလမ်းသွားပြီးတော့ ကောင်မလေးရှိတဲ့နေရာကို လိုက်သွားမယ်လို့ပြောတယ်။ ဖြစ်ချင်တော့ အဲ့ကောင်မလေးက ဖုန်းနံပါတ်လည်းမပြော၊ နာမည်လည်းမပြောခဲ့ပဲနဲ့ လက်ပေါ်မှာလိပ်စာလေးတစ်ခုပဲရေးထားခဲ့တယ်။ မန်နူက အိမ်စီးကားရှိတဲ့ဖရတ်ကို အတင်းလိုက်ပို့ပေးဖို့တောင်းဆိုတာနဲ့ပဲ လိုက်ပို့ပေးဖို့ဆုံးဖြတ်လိုက်တာပေါ့။ ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက်တောင်ပိုင်းအယ်ဗီညွှန်ကိုသွားရင်းနဲ့လမ်းမှာ ဘယ်လိုအခက်အခဲတွေကြုံရမလဲဆိုတာကြည့်ရှုပေးပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Tin Myo Lwin ဖြစ်ပါတယ်)

The Point Men (2023) ⭐IMDB: 6.8/10 (102 Votes) 🎬 #Action #Drama #Thriller #Crime 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #SouthKorea ⏰ 1 နာရီ 49 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Point Men (2023) Korea ကားကို Korea ကားနဲ့မတူအောင် ရိုက်ပြထားနိုင်တဲ့ The Point Men! ဇာတ်လမ်းအကျဉ်းကတော့ အာဖဂန်နစ္စတန်ဘက်ကို ခရီးသွားရင်း တာလီဘန်လက်နက်ကိုင်တွေရဲ့ဓားစာခံဖြစ်သွားခဲ့တဲ့ကိုရီးယားလူမျိုး ၂၃ ဦးကို ကြိုးစားကယ်တင်မယ့် သံတမန်တစ်ဦးနဲ့ NIS Agent တစ်ဦးတို့အကြောင်းကို ရိုက်ကူးထားတာပါ။ အာဖဂန်နစ္စတန်နိုင်ငံဘက်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ရပ်တွေကို မီးမောင်းထိုး ပြပေးထားတဲ့အပြင်သံတမန်ရေးရာရဲ့ ရှုပ်ထွေးတဲ့အကြောင်းတရားတွေ၊ အာဖဂန်ဒေသရဲ့ ဘာသာရေးယုံကြည်ချက်တွေ၊လူမျိုးရေးအစွဲအလမ်းကြီးမှုတွေကိုပါ အနုစိတ် ရိုက်ကူးတင်ပြပေးထားတာဖြစ်လို့အက်ရှင်စစ်စစ်ကြိုက်တဲ့ ပရိသတ်ကြီးအတွက် လုံးဝကြည့်ပျော်စေမယ့် ဇာတ်ကားတစ်ကားပါပဲ။ Casts တွေအနေနဲ့ကလည်း မင်းသားကြီး Hyun Bin, Hwang JungMin နဲ့Kang Ki-Young တို့လို ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေပဲ ပါဝင်ထားတာဆိုတော့ ကြည့်ဖြစ်အောင်ကြည့်ကြပါလို့ ပြောချင်ပါတယ်။ အညွှန်းကိုတော့Hmwe Thet Winnက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့HmweandJoyzပဲ ဖြစ်ပါတယ်။

ပပ၀တီစီရင်ခန်း ⭐N/A 🎬 #cinema 🗓️ N/A 🎞️ Movie 📺 720p HD 🌎 #Myanmar ⏰ 2 နာရီ 15 မိနစ် 03 စက္ကန့် 👑 FDMN ဇာတ်ညွှန်း 📜 "အလှဂုဏ်မောကလွန်းတဲ့ နန်းရွှေမှုံ မှအဆင့်အတန်းမတူ ရုပ်ဆိုးပြီးအသံကောင်းလွန်းတဲ့ သက်ထား ကိုဘယ်လိုမနာလိုတွေဖြစ်သွားမလဲဆိုတာ...နန်းရွှေမှုံ ရဲ့နည်းမျိုးစုံဒုက္ခပေးမှုကြောင့် သက်ထား တစ်ယောက်စိတ်ဝင်စားဖွယ်ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ...သက်ထား ကိုအမြဲကူညီတတ်တဲ့ နန်းရွှေမှုံ ရဲ့အစ်ကိုဖြစ်သူ ဘုန်းမြတ်သွေး...ဘုန်းမြတ်သွေး ရဲ့တစ်ဖက်သတ်အချစ်တွေကို ဖွင့်မပြောဘဲနေလာခဲ့ရင်း သူတို့ ၃ ယောက်ဘဝထဲကို သီဟရဲရင့် ဆိုသူရောက်လာခဲ့ပြီး နန်းရွှေမှုံ ရဲ့ထုံးစံအတိုင်းမနာလိုမှုတွေကြောင့် နန်းရွှေမှုံ နဲ့ သက်ထား တို့ရဲ့အလှတရားတွေကဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာ..." သရုပ်ဆောင် ထွန်းထွန်း၊ အလင်းရောင်၊ ဖွေးဖွေး၊ မိုးဟေကို ဒါရိုက်တာ ဝိုင်း ထုတ်လုပ်ရေး မီးမီးရွှေခြူး

အမုန်းတွေခေါက်ထားလိုက် ⭐N/A 🎬 #romance #comedy #cinema 🗓️ N/A 🎞️ Movie 📺 720p HD 🌎 #Myanmar ⏰ 2 နာရီ 07 မိနစ် 52 စက္ကန့် 👑 FDMN ဇာတ်ညွှန်း 📜 ပြီးပြည့်စုံတဲ့ ဦးအောင်ရှင်း နဲ့မပြည့်စုံတဲ့နွေးထွေးသူ တို့နှစ်ဦးလက်ထပ်ခဲ့ရာကအစပြုပြီး ဦးအောင်ရှင်း ရဲ့သား စည်းချင်း နဲ့ နွေးထွေးသူ ရဲ့ညီမ အေးချမ်းသူ တို့မှာ တစ်ယောက်နဲ့တစ်ယောက်မတည့်အတူနေဖြစ်ပြီး ဦးအောင်ရှင်း နဲ့ နွေးထွေးသူ တို့ခရီးသွားစဥ◌် စည်းချင်း နဲ့ အေးချမ်းသူ တို့နှစ်ဦးမှာဘယ်လိုဟာသဆန်ဆန် ရန်တွေဖြစ်သွားကြမလဲဆိုတာ..သူတို့နှစ်ဦးရဲ့ရန်ပွဲမှာဘယ်ချိန်ကြမှအမုန်းတွေခေါက်ထားလိုက်ကြမလဲဆိုတာ.... သရုပ်ဆောင် နေတိုး၊ ရဲအောင်၊ မိုးဟေကို ၊ မြတ်ကေသီအောင် ဒါရိုက်တာ သားညီ ထုတ်လုပ်ရေး မိုး

ဖလန်းဖလန်းဖြစ်တဲ့အချစ် ⭐N/A 🎬 #romance #comedy #cinema 🗓️ N/A 🎞️ Movie 📺 720p HD 🌎 #Myanmar ⏰ 2 နာရီ 25 မိနစ် 53 စက္ကန့် 👑 FDMN ဇာတ်ညွှန်း 📜 သမီးဖြစ်သူ ဒါလီစွာ ရဲ့လုပ်စာကိုထိုင်စားနေရတဲ့ဖခင်ဖြစ်သူ ဦးမင်းကျော်စွာ...ဖလန်းဖလန်းဖြစ်နေတဲ့မိခင် ဒေါ်ဉမ္မာတင် ကိုထိန်းကျောင်းပြုစုနေရတဲ့သားဖြစ်သူ မင်းမြတ်ကျော်ခေါင်... ဖလန်းဖလန်းဖြစ်နေကြတဲ့ ဉီးမင်းကျော်စွာ နဲ့ ဒေါ်ဉမ္မာတင် တို့ဆုံတွေ့ကြချိန်မှာတော့ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ...လုပ်ငန်းပြိုင်ဖက်တွေကချစ်သူဘဝကိုရောက်သွားကြမယ့် မင်းမြတ်ကျော်ခေါင် နဲ့ ဒါလီစွာ... သရုပ်ဆောင် ရန်အောင်၊ နေတိုး၊ မို့မို့မြင့်အောင်၊ မေသဥ္ဇာဦး၊ အိန္ဒြာကျော်ဇင်၊ ချစ်စနိုးဦး ဒါရိုက်တာ ညီညီထွန်းလွင် ထုတ်လုပ်ရေး လူစွမ်းကောင်း

မေတ္တာထားတာအဟုတ်ကိုပဲ ⭐N/A 🎬 #comedy #romance 🗓️ N/A 🎞️ Movie 📺 720p HD 🌎 #Myanmar ⏰ 1 နာရီ 54 မိနစ် 12 စက္ကန့် 👑 FDMN ဇာတ်ညွှန်း 📜 ဦးစိန်ဝင်းအောင် နဲ့ ဒေါ်ခင်သန်းနွဲ့ မှာတစ်ဦးတည်းသောသားဖြစ်တဲ့ ဖိုးဉာဏ် ကိုမိန်းမပေးစားဖို့အတွက် ချွေးမကိုစိတ်တိုင်းကျရွေးချယ်ခဲ့ပေမယ့် မိန်းမ မလိုချင်သေးတဲ့ ဖိုးဉာဏ် မှာ ဖခင်ရဲ့အကြံဉာဏ်အတိုင်းနည်းမျိုးစုံသုံးကာဘယ်လိုပွဲဖျက်သွားမလဲဆိုတာ...ဖိုးဉာဏ် တစ်ယောက်မိခင်ရဲ့ချွေးမရွေးချယ်ပွဲမှာ မေသံစဉ် ဆိုတဲ့ကောင်မလေးကိုရွေးချယ်ခဲ့ပြီးနောက် ဖိုးဉာဏ် တစ်ယောက်ထုံးစံအတိုင်းပွဲဖျက်ဖို့ကြိုးစားရင်း မေသံစဉ် ကိုချစ်မိသွားခဲ့ပေမယ့် မေသံစဉ် ရဲ့ဦးလေး ခင်မောင်ဦး နဲ့ ဦးစိန်ဝင်းအောင် တို့ရဲ့ဘဝနာကျည်းချက်ကြောင့် ဖိုးဉာဏ် နဲ့ မေသံစဉ် တို့ရဲ့အချစ်ရေးကသာယာလှပနိုင်ပါမလား...ဦးခင်မောင်ဦး နဲ့ ဦးစိန်ဝင်းအောင် တို့ရဲ့ဘဝနာကျည်းချက်ကဘာဖြစ်မလဲ... သရုပ်ဆောင် လူမင်း၊ ဖြိုးငွေစိုး၊ အောင်မင်းခန့်၊ မေသန်းန၊ ခိုင်သင်းကြည်၊ ဝင့်ယမုံလှိုင် ဒါရိုက်တာ ထွန်းဇော်အောင် ထုတ်လုပ်ရေး ပန်းသခင်

ရာဇဝင်ရိုင်းခဲ့သည် ⭐N/A 🎬 #romance #drama #cinema 🗓️ N/A 🎞️ Movie 📺 720p HD 🌎 #Myanmar ⏰ 2 နာရီ 14 မိနစ် 50 စက္ကန့် 👑 FDMN ဇာတ်ညွှန်း 📜 ဓာတ်ပုံဆရာလေး ရာဇဝင် တစ်ယောက်မော်ဒယ်မလေးများနဲ့အထည်အလဲတွဲနေပြီးသူဌေးမဒေါ်လှအုန်းမယ် နဲ့တိတ်တိတ်ပုန်းအချစ်ဇာတ်လမ်း ၊ ဒေါ်လှအုန်းမယ် ရဲ့ သမီးလေး ခက်ခက် နဲ့အချစ်ဇာတ်လမ်း ၊ မော်ဒယ်ကောင်လေး ထက်နိုင် နဲ့တိတ်တိတ်ပုန်းဂေးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်း အဲလိုအချစ်ဇာတ်လမ်းတွေကိုဖန်တီးရင်း Designer ခင်နန်းစံ ကိုအမှန်တကယ်ရင်ခုန်ချစ်ခဲ့တဲ့ ရာဇဝင် တစ်ယောက်သူ့ရဲ့အချစ်ဇာတ်လမ်းကိုဘယ်လိုပြန်ဖြေရှင်းသွားမလဲ...ရာဇဝင် ကိုဘယ်သူသတ်တာလဲ... ရာဇဝင် ကကောဘယ်သူတွေကိုပြန်သတ်သွားတာလဲဆိုတာကို ရာဇဝင်ရိုင်းခဲ့သည်ရဲ့ဇာတ်ကားလေးကိုနားလည်မှုများစွာနဲ့ဘယ်လိုကြည့်ရမလဲ.... သရုပ်ဆောင် ဇေရဲထက်၊ရဲအောင်၊အောင်လေး၊ဇင်ဇင်ဇော်မြင့်၊ခင်ဇာခြည်ကျော် ဒါရိုက်တာ ရွှေရေးထင်ထင် ထုတ်လုပ်ရေး CKKP Film

ဒယ်ဒီဖားကင် ⭐N/A 🎬 #comedy #cinema #romance 🗓️ N/A 🎞️ Movie 📺 720p HD 🌎 #Myanmar ⏰ 1 နာရီ 57 မိနစ် 22 စက္ကန့် 👑 FDMN ဇာတ်ညွှန်း 📜 ကြက်တိုက် ဖားရိုက်ပြီး ဖားကင်ကိုအမြဲတစ္ဆေလုပ်စားတတ်တာကြောင့် နာမည်နဲ့လိုက်တဲ့ ဒယ်ဒီဖားကင်... ဒယ်ဒီဖားကင် ကိုနည်းမျိုးစုံနဲ့ပြုပြင်ပေးဖို့ကြိုးစားနေတဲ့သမီးဖြစ်သူ ပန်းနု...လူငယ်ပီပီလူတွေကိုလိုက်ကြပ်တတ်တဲ့ တက်လူ....တက်လူ မှာ ပန်းနု ကို ချစ်မြတ်နိုးပေမယ့် ပန်းနု ရဲ့ဒယ်ဒီဖားကင် နဲ့ တက်လူ တို့အဆင်ပြေနိုင်ပါ့မလား....ဒယ်ဒီဖားကင် နဲ့ တက်လူ တို့မှာမတည့်ကြဘဲတစ်ယောက်ကိုတစ်ယောက်အမြဲကြပ်လေ့ရှိတာကြောင့် တက်လူ နဲ့ ပန်းနု တို့ရဲ့ အချစ်ဇာတ်လမ်းလေးက ဒယ်ဒီဖားကင် ကြောင့်ဘယ်လိုများဝက်ဝက်ကွဲအောင်ဟာသဆန်နေလိုက်မလဲဆိုတာ.... သရုပ်ဆောင် လွင်မိုး၊ မြင့်မြတ်၊အိချောပို ဒါရိုက်တာ နေပိုင် ထုတ်လုပ်ရေး နယူးဖိုး၀

စိန်ဂေါ်လီမယောက်ျား ⭐N/A 🎬 #comedy #romance 🗓️ N/A 🎞️ Movie 📺 720p HD 🌎 #Myanmar ⏰ 1 နာရီ 58 မိနစ် 08 စက္ကန့် 👑 FDMN ဇာတ်ညွှန်း 📜 ယောက်ျားတွေကိုပိုးပန်းတတ်ပြီးတစ်ရွာလုံးရဲ့အော့ကျောလန်မနိုင်စိန်ဖြစ်တဲ့အတွက်အဒေါ်ဖြစ်သူ စွယ်စုံရ ဒေါ်ဘုတ် ဆီကိုစေလွှတ်ခြင်းခံရတဲ့ စိန်ဂေါ်လီ နဲ့ သံဂေါ်လီမ... စိန်ဂေါ်လီမ နဲ့ သံဂေါ်လီမ တို့ရဲ့အဖြစ်ကစည်းကမ်းအရမ်းကြီးတဲ့အဒေါ်အိမ်မှာလာနေပြီးအလုပ်တွေလုပ်နေရင်း မိုးကောင်းကင် တို့တူကြီးတစ်ဖွဲ့နဲ့ဘယ်လိုဟာသဆန်ဆန် တွေ့ကြမလဲဆိုတာ...မိုးကောင်းကင် ရဲ့ဦးလေး ဦးသီလ နဲ့ ဒေါ်ဘုတ် တို့မှာစီးပွားပြိုင်ဘက်တွေဖြစ်ကြတော့ဘယ်လိုတွေဟာသဆန်ပြီးကယက်ထနေကြမလဲဆိုတာ... အပျိုကြီးဖြစ်တဲ့ ဒေါ်ဘုတ် တစ်ယောက် စိန်ဂေါ်လီမ နဲ့တွေ့မှဘယ်လိုယောက်ျားရသွားမလဲဆိုတာ... သရုပ်ဆောင် ပြေတီဦး၊ ကျော်ရဲအောင်၊ခိုင်သင်းကြည်၊ စိုးမြတ်သူဇာ ဒါရိုက်တာ ကိုဇော်(အာရုံဦး) ထုတ်လုပ်ရေး အောင်သီရိ

ပွဲခံမယ် ⭐N/A 🎬 #drama #action #cinema 🗓️ N/A 🎞️ Movie 📺 720p HD 🌎 #Myanmar ⏰ 2 နာရီ 16 မိနစ် 23 စက္ကန့် 👑 FDMN ဇာတ်ညွှန်း 📜 အရက်သောက် ကြက်ဝိုင်းထောင် ဖဲရိုက်ပြီး ပွဲခံ လေ့ရှိတဲ့တူကြီးနှစ်ယောက် ဦးသာရင် နဲ့ ရာကျော် တို့မှာတစ်ရွာလုံးရဲ့အော်ကျော့လန်ဖြစ်ပြီး ဦးအောင်ဒင် ရဲ့သမီးဖြစ်သူ_x000D_ ဖွေးစိန် မှာ ရာကျော် ကိုအသည်းအသန်ချစ်မိခဲ့ရာကအစပြုပြီး ပေပေတေတေနေတတ်တဲ့ ရာကျော် တစ်ယောက် ဖွေးစိန် ကိုပြန်ချစ်နိုင်ပါ့မလား ... ဦးအောင်ဒင် ကကော_x000D_ ဖွေးစိန် နဲ့ ရာကျော် ကိုသဘောမတူတော့ ဖွေးစိန် မှာအချစ်စိတ်နဲ့ ဘယ်လိုတွေ ပွဲခံ သွားမလဲဆိုတာရင်ထိတ်ဖွယ်ဘယ်လိုကြည့်ရမလဲ ... သရုပ်ဆောင် ခန့်စည်သူ၊ ထွန်းထွန်း၊ နေမျိုးအောင်၊ အိချောပို၊ မိုးပြည့်ပြည့်မောင် ဒါရိုက်တာ ဒွေးမေတ္တာ ထုတ်လုပ်ရေး R Square

ကပ္ပိယ ⭐N/A 🎬 #romance #cinema #drama 🗓️ N/A 🎞️ Movie 📺 720p HD 🌎 #Myanmar ⏰ 1 နာရီ 58 မိနစ် 38 စက္ကန့် 👑 FDMN ဇာတ်ညွှန်း 📜 မိဘမဲ့ တစ်ကောင်ကြွက် ကပ္ပိယဘဝနဲ့နေလာခဲ့တဲ့ စံလှဘော် မှာတစ်ရွာလုံးရဲ့အချစ်ကိုခံခဲ့ရပြီး မြချစ် လေးကိုတဖက်သတ်ချစ်နေခဲ့ပေမယ့်_x000D_ ပဲပွဲစားလေး အောင်တိုင်းကျော် ကိုအမည်မသိသူတစ်ယောက်ဘယ်လိုချောင်းရိုက်သွားမလဲ … မြချစ် မှာ စံလှဘော် ကိုသံသယဝင်ခဲ့တော့ အမှန်_x000D_ တကယ်ပဲ တရားခံက ကပ္ပိယ စံလှဘော် ဖြစ်မလား ... ကပ္ပိယ စံလှဘော် ရဲ့အချစ်ရေးကဘယ်လိုဖြစ်မလဲ ... သရုပ်ဆောင် ပြေတီဦး၊ ကောင်းပြည့်၊ ဖွေးဖွေး ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ထုတ်လုပ်ရေး ခရေဖြူ

လောဘနွံ ⭐N/A 🎬 #crime #cinema 🗓️ N/A 🎞️ Movie 📺 720p HD 🌎 #Myanmar ⏰ 1 နာရီ 45 မိနစ် 24 စက္ကန့် 👑 FDMN ဇာတ်ညွှန်း 📜 လူမိုက်ကျောက်ပွဲစား အောင်ကြီး တစ်ယောက် စုရိန် နဲ့ ရေချမ်း တို့ပြသနာကိုဝင်ဖြေရှင်းပြီး သိကျွမ်းခဲ့ပေမယ့်ဆေးစွဲနေတဲ့ ရေချမ်း တစ်ယောက်ရသမျှပိုက်ဆံတွေကိုအကုန်ဆေးဖိုးဖြစ်နေခဲ့တော့သူငယ်ချင်း သုခ စိတ်ကြောင့်ဆေးပျက်ခဲ့တဲ့ ရေချမ်း...ကျောက်ပွဲစား မိုးဒါလီ တစ်ယောက် ရေချမ်း တို့အဖွဲ့ကိုကူညီခဲ့ပြီးရသမျှကျောက်တွေအကုန်ရောင်းရန်ပြောခဲ့ပေမယ့် ရေချမ်း အဖွဲ့မှာကျောက်အကြီးစား1လုံးကိုရရှိခဲ့ရာကအစပြုပြီးကျောက်တွင်းပိုင်ရှင် ဦးသိုက်စိုး ရဲ့လောဘကြောင့်လောဘနွံထဲကိုနစ်မြောသွားကြမယ့် ဦးသိုက်စိုး ၊ ရေချမ်း ၊ စုရိန် ၊ အောင်ကြီး နဲ့ မိုးဒါလီ တို့မှာ လောဘနွံထဲကရုန်းမထွက်နိုင်ဘဲကျန်ခဲ့တဲ့သူကဘယ်သူဖြစ်မလဲဆိုတာ... သရုပ်ဆောင် လူမင်း၊ ခင်လှိုင်၊ JZဒေါင်လွဏ်း၊ ဘုဏ်းသိုက်၊ မင်းထက်၊ အေးမြတ်သူ၊ NTဆိုင်းနွယ်၊ Pဂျာဆိုင်းဘူ ဒါရိုက်တာ JZ ဒေါင်လွဏ်း ထုတ်လုပ်ရေး မေခ

Freeridge (2023- ) ⭐IMDB: 5.7/10 (634 Votes) 🎬 #Comedy #Drama #Mystery #Romance 🗓️ 2023- 🎞️ Series 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 33 မိနစ် 17 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Freeridge (2023)Freeridge(2023)Imdb 5.8, Tomatometer 88% 2018ခုနှစ်တုန်းက ထွက်ခဲ့တဲ့ “On my block” ဆိုတဲ့ Teenage dramaလေးရဲ့ Spin-off seriesတစ်ခုပါ။ရှေ့က မူလစီးရီးနဲ့ အလားတူပါပဲ ဒီတစ်ခုကိုလည်း Teenage dramaလို့ သမုတ်လို့ ရပါတယ်။ ဇာတ်အိမ်ကိုတော့ Gloriaနဲ့Inesလို့ ခေါ်တဲ့ မိတဆိုးညီအစ်မနှစ်ယောက်နဲ့ သူငယ်ချင်းအုပ်စုလေးအပေါ်မှာ တည်ထားပြီး Mysteryလေးပါ ရောထားတာကို တွေ့ရမှာပါ။ ပြီးတော့ ဒရာမာတို့ရဲ့ထုံးစံအတိုင်း Comedy ကို ပါ ခပ်ပါးပါးပုတ်ထားတာမို့ ကြည့်ရမပျင်းတာတော့ အမှန်ပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်း ဒုတိယနှစ်ကိုရောက်လို့ ပျော်လို့မှမဆုံးသေးတဲ့ Gloriaခမျာ ညီမဖြစ်သူ Inesပါ ပထမနှစ်တက်ဖို့ ကျောင်းပြောင်းလာတာမို့ နဂိုတည်းက မတည့်အတူနေသမားတွေဖြစ်တာကြောင့် ကျောင်းမှာ တစ်နေ့တစ်ခါလောက် ဘိုင်ဝမ်းတီးလိုက်ကြတာ ကျောင်းဖွင့်ပြီး သုံးရက်မြောက်တဲ့နေ့မှာပဲ မိဘခေါ်ကာ ကျောင်းထုတ်ဖို့ သတိပေးခံလိုက်ရပါပြီ။ သို့သော်ငြားလည်း ဦးလေးဖြစ်သူTonioကို တစ်ဖက်လှည့်နဲ့ အဖေဟန်ဆောင်ခိုင်းပြီး ခေါ်လာတဲ့အတွက် သတိပေးခံရတာလောက်နဲ့ပဲ ပြီးသွားခဲ့တာပါ။ ကံဆိုးချင်တော့ “ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုး” ဆိုတဲ့စကားပုံလိုပဲ အရင်းရှင်ဦးလေးTonioကြီးက ဝန်ဆောင်ကြေး ဒေါ်လာတစ်ထောင် ထတောင်းနေတာမို့ ဒုက္ခရောက်ရပြန်ပါပြီ။ဒီလိုနဲ့ အကြွေးဆပ်ဖို့ ရှိသမျှပစ္စည်းအဟောင်းလေးတွေ ထုတ်ရောင်းတဲ့အချိန်မှာပဲ သူငယ်ချင်းအုပ်စုထဲက Cameronလို့ခေါ်တဲ့ ကောင်လေးတစ်ယောက်က ဘေးချင်းကပ်လျက်ဆိုင်က ကတ်ထူပုံးလေး တစ်ခုကို မျက်စိကျပြီး ဝယ်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကတ်ထူပုံးလေးရဲ့နောက်မှာ ပြဿနာတွေ တစ်သီတစ်တန်းကြီး ပါလာပြီး ဘော်ဒါတွေတစ်အုပ်လုံး ကျိန်စာသင့်သလို အခြေအနေကို ရောက်သွားတဲ့အခါမှာတော့…အညွှန်းကိုတော့ Hugo က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hugo, Sierra, Moh Moh တို့ပဲ ဖြစ်ကြပါတယ်။Genre….. Comedy, Drama, Mystery

The Weapon (2023) ⭐IMDB: 3.5/10 (109 Votes) 🎬 #Action #Thriller 🗓️ 2023 🎞️ Movie 📺 720p HD 🌎 #UnitedStates ⏰ 1 နာရီ 27 မိနစ် 09 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Weapon (2023) Action, Thriller ဝုန်းဒိုင်းကြဲ​​တွေကြည့်ချင်တဲ့ Bro ​တွေအတွက် 2023 မှာထွက်ထားတဲ့ The Weapon ဆိုတဲ့ အကြမ်းပတမ်း အက်ရှင်အလန်းကား​လေးနဲ့ မိတ်ဆက်​ပေးပါရ​စေ။ ဘယ်လောက်ကြမ်းလဲဆို ဇာတ်လမ်းစလာတည်းက ​ဒေါသထွက်ပြီး ရန်လို​နေတဲ့ ဒဲလက်စ်ဆိုတဲ့သူကို​တွေ့ရမှာ​ဖြစ်ပါတယ်။ သူ့အ​ကြောင်းကို ဘာမှ​မမိတ်ဆက်ထားပဲနဲ့ ​နောက်ပိုင်းမှ တဖြည်းဖြည်း သူဒီလိုဖြစ်​နေရတာဘာ​ကြောင့်လဲ… သူ့​နောက်ကွယ်က သူ​တွေက​ရော ဘယ်သူ​တွေလဲ… ဘယ်အရာ​တွေက သူ့ကိုကျင်စက်​တွေနဲ့ နှိပ်စက်တာ​တောင် ဘာမှမဖြစ်တဲ့လူကြမ်းကြီးအဖြစ်​ပြောင်းလဲသွား​စေတာလဲ… သူ့ကို ဘယ်သူ​တွေက​ရော လက်နက်တစ်ခုအဖြစ် အသုံးချ​နေတာလဲဆိုတာကို အက်ရှင်ခန်း ကြမ်းကြမ်းတမ်းတမ်းကြီး​တွေနဲ့ ကြည့်ရဦးမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)

Backcountry (2014) ⭐IMDB: 6.0/10 (22 k Votes) 🎬 #Adventure #Drama #Thriller #Horror 🗓️ 2014 🎞️ Movie 📺 1080p FHD 🌎 #Canada ⏰ 1 နာရီ 31 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Backcountry(2014) ============== Backcountry ဆိုတဲ့ Survival Thriller ဇာတ်ကားလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် မွန်းကျပ်လှတဲ့ နေ့စဉ်လူမှုဘဝထဲကနေ ရုန်းထွက်ပြီး တောတောင်ရေမြေ အလှအပကို ခံစားဖို့အတွက် တောတွင်းခရီးစဉ်တစ်ခု ထွက်လာခဲ့တဲ့ အဲလက်စ် နဲ့ ဂျန်းတို့စုံတွဲ.. မထင်မှတ်ဘဲ လူထူးဆန်း ဘရက်ဒ်နဲ့ စတင်တွေ့ဆုံရချိန်. အဲလက်စ် နဲ့ ဂျန်းကြားမှာ ကတောက်ကဆမီးပွားလေးများ စတင်ဖြစ်ပေါ်လာရင်း. လူသူမရောက်တဲ့နေရာမှာ မမျှော်လင့်ထားတဲ့အန္တရာယ်တွေ ကြုံလာရချိန် ဘယ်လိုတွေ ဖြေရှင်းကြမလဲ. လူသားနဲ့သားရဲကောင် ကြားက အသက်လုပွဲ. ၊ survival ဆိုတဲ့အတိုင်း အသက်ရှင်သန်ဖို့ ဘယ်လောက်ထိ ရုန်းကန်ရမလဲ၊ ကံ၊ ဉာဏ်၊ ဝီရိယ စိုက်ထုတ်ရမလဲ ဆိုတာကို ထင်ဟပ်ပြသထားတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ကို CM က ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.

The Weapon (2023) ⭐IMDB: 3.5/10 (109 Votes) 🎬 #Action #Thriller 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 1 နာရီ 27 မိနစ် 09 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Weapon (2023) Action, Thriller ဝုန်းဒိုင်းကြဲ​​တွေကြည့်ချင်တဲ့ Bro ​တွေအတွက် 2023 မှာထွက်ထားတဲ့ The Weapon ဆိုတဲ့ အကြမ်းပတမ်း အက်ရှင်အလန်းကား​လေးနဲ့ မိတ်ဆက်​ပေးပါရ​စေ။ ဘယ်လောက်ကြမ်းလဲဆို ဇာတ်လမ်းစလာတည်းက ​ဒေါသထွက်ပြီး ရန်လို​နေတဲ့ ဒဲလက်စ်ဆိုတဲ့သူကို​တွေ့ရမှာ​ဖြစ်ပါတယ်။ သူ့အ​ကြောင်းကို ဘာမှ​မမိတ်ဆက်ထားပဲနဲ့ ​နောက်ပိုင်းမှ တဖြည်းဖြည်း သူဒီလိုဖြစ်​နေရတာဘာ​ကြောင့်လဲ… သူ့​နောက်ကွယ်က သူ​တွေက​ရော ဘယ်သူ​တွေလဲ… ဘယ်အရာ​တွေက သူ့ကိုကျင်စက်​တွေနဲ့ နှိပ်စက်တာ​တောင် ဘာမှမဖြစ်တဲ့လူကြမ်းကြီးအဖြစ်​ပြောင်းလဲသွား​စေတာလဲ… သူ့ကို ဘယ်သူ​တွေက​ရော လက်နက်တစ်ခုအဖြစ် အသုံးချ​နေတာလဲဆိုတာကို အက်ရှင်ခန်း ကြမ်းကြမ်းတမ်းတမ်းကြီး​တွေနဲ့ ကြည့်ရဦးမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)

Battleship (2012) ⭐IMDB: 5.8/10 (251 k Votes) 🎬 #Action #Adventure #Sci-Fi #Thriller #ScienceFiction #SciFi 🗓️ 2012 🎞️ Movie 📺 720p HD 🌎 #UnitedStates #Japan #UnitedStatesofAmerica ⏰ 2 နာရီ 11 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Battleship(2012)က Action,Adventure,Sci-Fi အမျိုးအစား သိပ္ပံအက်ရှင်ဇာတ်ကားတွေထဲမှာတော့ တော်တော်ကို မိုက်တယ်ပြောရမယ့်ဇာတ်ကားပါပဲ…သရုပ်ဆောင်တွေကလဲ John Carter ဇာတ်ကားထဲက မင်းသား Taylor Kitsch, အဆိုတော် Rihanna , မင်းသားကြီး Liam Neeson ,မင်းသမီးချော Brooklyn Decker တို့အပြင် အခြားဇာတ်ပို့ဇာတ်ရံအများအပြားနဲ့ ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးပါ။ရုံတင်ဝင်ငွေ $303 million ထိ ရရှိခဲ့တာမလို့ လူကြိုက်များခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးလဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့…. စတုန်းဟော်ပါဟာ လူငယ်ပီပီ ပျော်ရာရွှင်ရာ ပေါက်ကရ နေထိုင်တတ်တဲ့ အမေရိကန်လူငယ်လေးတစ်ယောက်ပါ …တစ်နေ့တော့ ရေတပ်ဗိုလ်ချုပ်တစ်ယောက်ရဲ့ သမီးကိုကြိုက်မိရာကနေ သူ့အစ်ကိုဖြစ်သူရဲ့ ဆွဲဆောင်မှုကြောင့် ရေတပ်ထဲဝင်ခဲ့ပြီး ဗိုလ်လေး ဖြစ်လာခဲ့ရာကနေ နှစ်စဉ် ကျင်းပနေကျ နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ရေးတစ်ခုမှာ ပါဝင်ဖို့တာဝန်ပေးခံခဲ့ရပါတယ်။ အဲ့ဒီလေ့ကျင့်ခန်းဆင်းနေစဉ်မှာပဲ မမျှော်လင့်တဲ့ ယာဉ်ပျံကြီးတွေ သူတို့ပတ်ဝန်းကျင်မှာပေါ်ထွက်လာခဲ့ပါတယ်။ယာဉ်ပျံတွေဟာ လေ့ကျင့်ရေးရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်သလို သူတို့ထင်နေကြတဲ့ မြောက်ကိုးရီးယားဘက်ကလဲ မဟုတ်ပါဘူး။ပိုပြီးထူးဆန်းတာက အဲ့ဒီယာဉ်တွေနားမှာ ဟော်ပါတို့ရဲ့ရေတပ်က ရေဒါတွေ အလုပ်မလုပ်ပါဘူး…ဒီလိုနဲ့ ပြင်ပအဆက်အသွယ်မရဘဲ ယာဉ်ပျံတွေနဲ့ သူတစ်ပြန်ကိုယ်တစ်ပြန်ဖိုက်ကြမယ့် ဟော်ပါတို့ရဲ့ ရေကြောင်းတိုက်ပွဲကြီးစတင်ပါတော့တယ်။ ယာဉ်ပျံတွေထဲက ဘယ်သူတွေလဲ..ဘယ်လိုလုပ်ပြီး ကမ္ဘာမြေပေါ်ကိုရောက်လာသလဲဆိုတာကတော့….။

Beautiful Pain (2016) ⭐IMDB: 7.0/10 (86 Votes) 🎬 #Drama #Family 🗓️ 2016 🎞️ Movie 📺 1080p FHD 🌎 #Malaysia ⏰ 1 နာရီ 54 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Beautiful Pain (2016) မိဘရယ်လို့ ဖြစ်လာပြီဆိုရင် သားသမီးတွေကို အဖိုးတန်တဲ့ ပြီးပြည့်စုံတဲ့လူအဖြစ်ပဲ မွေးဖွားလာစေချင်ကြမှာပါ။ဒါပေမဲ့ ကံတရားကတော့ လူတိုင်းကို ကိုယ်ထင်မှတ်သလို မျက်နှာသာပေးတတ်သူတော့ မဟုတ်ပါဘူး။ ရာဇ်လန်ဟာ ဇနီးဖြစ်သူအလီနာ သားဖြစ်သူဒန်နီရယ်နဲ့အတူ အေးချမ်းတဲ့မိသားစုငယ်လေးတစ်ခုကို ပိုင်ဆိုင်ထားသူပါ။ဒါပေမဲ့ သားဖြစ်သူဒန်နီရယ်ရဲ့ တစ်နေ့တခြား ပုံမှန်မဟုတ်တဲ့အပြုအမူတွေကြောင့် ရာဇ်လန်ရော အလီနာပါ ရင်ပူနေရပါပြီ။ရာဇ်လန်ကတော့ ယောက်ျားသားပီပီ အဖြစ်အပျက်တွေကို မသိကျိုးကျွန်လုပ်နေပေမဲ့အလီနာကတော့ သားဖြစ်သူရဲ့အခြေအနေကို ရိပ်စားမိပြီး ရတက်မအေးဖြစ်နေတာပေါ့။ အလီနာတစ်ယောက် ခင်ပွန်းဖြစ်သူမသိအောင် ကွာလာလမ်ပူမှာရှိတဲ့ ညီမဖြစ်သူရဲ့အကူအညီနဲ့ ကလေးအထူးကုနဲ့ပြကြည့်တဲ့အခါမှာဒန်နီရယ်တစ်ယောက် အော်တစ်ဇင်ဖြစ်နေကြောင်း သိသွားရတဲ့အခါမှာတော့… သားဖြစ်သူကို မျှော်မှန်းချက်ကြီးမားခဲ့တဲ့အဖေပီပီ ရာဇ်လန်တစ်ယောက် ဒန်နီရယ်ရဲ့အခြေအနေကို အကြောက်အကန် ငြင်းဆန်နေရရင်းနဲ့ရုတ်တရက် အလီနာဆုံးသွားတဲ့အခါ သူတို့ဘယ်လိုရှေ့ဆက်ကြမလဲ။ဘယ်အရာကရော ရာဇ်လန်ကို အခြေအနေတွေကို လက်ခံသွားစေတာလဲ။မသန်စွမ်းဖြစ်နေတဲ့သားဖြစ်သူရဲ့ အနာဂတ်ခရီးမှာ အဆင်ပြေစေဖို့ဖခင်တစ်ယောက်အနေနဲ့ သူဘယ်လိုကြိုးစားသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာဖြစ်တဲ့အတွက်ကြည့်ရှုသူတွေအတွက် လက်တွေ့ဘဝနဲ့ဆက်စပ်တဲ့ အတွေးအမြင်တစ်ခုရသွားစေမှာ အသေအချာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Mary Christပဲ ဖြစ်ပါတယ်။

Battleship (2012) ⭐IMDB: 5.8/10 (251 k Votes) 🎬 #Action #Adventure #Sci-Fi #Thriller #ScienceFiction #SciFi 🗓️ 2012 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #Japan #UnitedStatesofAmerica ⏰ 2 နာရီ 11 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Battleship(2012)က Action,Adventure,Sci-Fi အမျိုးအစား သိပ္ပံအက်ရှင်ဇာတ်ကားတွေထဲမှာတော့ တော်တော်ကို မိုက်တယ်ပြောရမယ့်ဇာတ်ကားပါပဲ…သရုပ်ဆောင်တွေကလဲ John Carter ဇာတ်ကားထဲက မင်းသား Taylor Kitsch, အဆိုတော် Rihanna , မင်းသားကြီး Liam Neeson ,မင်းသမီးချော Brooklyn Decker တို့အပြင် အခြားဇာတ်ပို့ဇာတ်ရံအများအပြားနဲ့ ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးပါ။ရုံတင်ဝင်ငွေ $303 million ထိ ရရှိခဲ့တာမလို့ လူကြိုက်များခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးလဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့…. စတုန်းဟော်ပါဟာ လူငယ်ပီပီ ပျော်ရာရွှင်ရာ ပေါက်ကရ နေထိုင်တတ်တဲ့ အမေရိကန်လူငယ်လေးတစ်ယောက်ပါ …တစ်နေ့တော့ ရေတပ်ဗိုလ်ချုပ်တစ်ယောက်ရဲ့ သမီးကိုကြိုက်မိရာကနေ သူ့အစ်ကိုဖြစ်သူရဲ့ ဆွဲဆောင်မှုကြောင့် ရေတပ်ထဲဝင်ခဲ့ပြီး ဗိုလ်လေး ဖြစ်လာခဲ့ရာကနေ နှစ်စဉ် ကျင်းပနေကျ နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ရေးတစ်ခုမှာ ပါဝင်ဖို့တာဝန်ပေးခံခဲ့ရပါတယ်။ အဲ့ဒီလေ့ကျင့်ခန်းဆင်းနေစဉ်မှာပဲ မမျှော်လင့်တဲ့ ယာဉ်ပျံကြီးတွေ သူတို့ပတ်ဝန်းကျင်မှာပေါ်ထွက်လာခဲ့ပါတယ်။ယာဉ်ပျံတွေဟာ လေ့ကျင့်ရေးရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်သလို သူတို့ထင်နေကြတဲ့ မြောက်ကိုးရီးယားဘက်ကလဲ မဟုတ်ပါဘူး။ပိုပြီးထူးဆန်းတာက အဲ့ဒီယာဉ်တွေနားမှာ ဟော်ပါတို့ရဲ့ရေတပ်က ရေဒါတွေ အလုပ်မလုပ်ပါဘူး…ဒီလိုနဲ့ ပြင်ပအဆက်အသွယ်မရဘဲ ယာဉ်ပျံတွေနဲ့ သူတစ်ပြန်ကိုယ်တစ်ပြန်ဖိုက်ကြမယ့် ဟော်ပါတို့ရဲ့ ရေကြောင်းတိုက်ပွဲကြီးစတင်ပါတော့တယ်။ ယာဉ်ပျံတွေထဲက ဘယ်သူတွေလဲ..ဘယ်လိုလုပ်ပြီး ကမ္ဘာမြေပေါ်ကိုရောက်လာသလဲဆိုတာကတော့….။

Bleach (2022) ⭐IMDB: 3.8/10 (99 Votes) 🎬 #Horror #Thriller #Crime 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bleach (2022) ဒီကားလေးကတော့ Horror ပရိတ်သတ်တွေ သဘောကျမယ့် ကားမျိုးဗျ။ဇာတ်လမ်းဆုံးထဲ အထိ ရင်တမမနဲ့ ကြည့်နေရသလို ကြောက်နေရတယ်။မြန်မာပေါသရဲကားတွေလိုတော့ မဟုတ်ဘူးပေါ့ဗျာ။ဇာတ်လမ်းကလည်း နည်းနည်းဆန်းတယ် ဆိုမလား။သူ‌ဌေးတစ်ယောက်ကနေ သူများအသားနာကျင်မှုကနေ ကျေနပ်မှုရှာတက်တဲ့ ရုပ်ရှင်ဒါရိုက်တာကိုငွေတွေ ပုံပေးပြီး အရက်စက်ဆုံး အပြင်းထန်ဆုံး ဇာတ်ကားကို ရိုက်ခိုင်းလိုက်တာပါပဲ။အဲ့ဒီမှာ ဒါရိုက်တာဖြစ်တဲ့ ဂျိုနာပက်တန်ဟာ သူရက်ရက်စက်စက် သတ်ဖြတ်ခဲ့ဖူးတဲ့သူတွေရဲ့ တစ္ဆေတွေနဲ့တကယ့်အပြင်မှာ သူ့နောက်လိုက်နေတဲ့ စုံထောက်တွေကို ဘယ်လို တစ်ပက်ရိုက်မလဲဆိုတာ ကြည့်ရူရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းဟာ သာမန်ကြည့်နေကျ ဇာတ်လမ်းလို မဟုတ်တာကြောင့်ထူးဆန်းတဲ့ ဇာတ်ကားတွေမှ ကြည့်ရူချင်တဲ့သူတွေက အကြိုက်တွေ့ပါလိမ့်မယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Hetangပဲ ဖြစ်ပါတယ်။