ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
WarHunt (2022)
⭐IMDB: 4.4/10 (2 k Votes)
🎬 #Action #Horror #Thriller #War #Fantasy
🗓 2022 🎞 movie
📺 #720p #1080p
💿 563.9 MB ⦿ 1.3 GB
🌎 #UnitedStates #Latvia #UnitedStatesofAmerica
⏰ 1 နာရီ 33 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Genre – Action, Horror, Thriller
၁၉၄၅ ခုနှစ်မှာ ဂျာမနီရဲ့အမည်းရောင်တောအုပ်ထဲ အမေရိကန် စစ်လေယာဉ်
တစ်စီး ပျက်ကျခဲ့တယ်။ ပျက်ကျသွားတဲ့လေယာဉ်ပေါ်မှာ လျှို့ဝှက်ပစ္စည်း
တစ်ခုပါနေတယ်။ ဒီတော့ ဆာဂျင်ဘရူဝါ ဦးဆောင်တဲ့ ၁၂ ယောက်ပါ တပ်ဖွဲ့လေးက
ဒီ လေယာဉ်ပျက်ကို သွားပြီး စုံစမ်းထောက်လှမ်းဖို့ ဖြစ်လာတယ်။ ဒါပေမဲ့ မေဂျာကလည်း
ရောက်လာပြီး ဒီလေယာဉ်ပေါ်က ပစ္စည်းပြန်ယူဖို့ သူ့လူ ဝပ်ရှ်ဆိုတာကို အမိန့်အာဏာသုံးပြီး
အတင်းလာပို့သွားတယ်။
ဒီလိုနဲ့ ၁၃ ယောက်ပါ တပ်ဖွဲ့လေးက အမည်းရောင်တောအုပ်ထဲ လေယာဉ်ပျက်
လိုက်ရှာကြတဲ့အချိန်မှာတော့ ဆာဂျင်ထင်နေသလို မရိုးရှင်းပဲ သဘာဝလွန်
ထူးခြားဆန်းကြယ်တာတွေ ပါဝင်လာတဲ့အခါ…..။ တောထဲက သွေးစုပ်ခံရတဲ့
အလောင်းကောင်တွေကဘာလဲ၊ ထူးခြားတဲ့အမျိုးသမီးတွေရော ဘယ်သူလဲ၊
အမေရိကန်ရော ဂျာမန်ရော လိုချင်နေကြတဲ့ လျှို့ဝှက်ပစ္စည်းဆိုတာရော ဘာတွေ
ဖြစ်နေမလဲ၊ အကုန်လုံး ဒီတောထဲကနေ ရှင်လျက်နဲ့ ပြန်ထွက်လာနိုင်ကြပါ့မလားဆိုတာ
သည်းထိတ်ရင်ဖို ကြည့်ရမယ့်ကားပါ။
ဆာဂျင်နေရာကတော့ ကျွန်တော်တို့ရဲ့ Prison Break ထဲက လူဆိုးကျော်ကြီး T-Bag ပဲ
ဖြစ်ပါတယ်ဗျ။...
Judge Bao: Intrigues at Academy (2023)
⭐TMDB: 0.0% User Score
🎬 #Mystery
🗓 2023 🎞 Movie
📺 #720p #1080p
💿 711.0 MB ⦿ 965.2 MB
🌎 #China
⏰ 1 နာရီ 31 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ပေါင်ချိန်fanတွေအတွက်လူငယ်ပေါင်ချိန်ရုပ်ရှင်ကားလေးCM ကနေတင်ဆက်ပေးလိုက်ပါတယ်။ပေါင်ချိန်တစ်ယောက်တရားသူကြီးမဖြစ်ခင် အရာရှိငယ်လေးဘဝကိုအခြေခံပြီးရိုက်ထားတာဖြစ်ပါတယ်။ ဒီအမှုကိုဖြေရှင်းပြီးမှကျားခေါင်းဓားစက်ကို ပေါင်ချိန်ရရှိလာတာပါ။
နန်းတွင်းစာမေးပွဲကြီးကျင်းပခါနီးမှာ ကျောင်းသားတွေတစ်ယောက်ပြီးတစ်ယောက် ထူးထူးဆန်းဆန်းသေသွားကြတယ်။ထူးဆန်းတဲ့သေပုံတွေကြောင့် ငရဲမင်းကအသက်နှုတ်ယူသွားတာပါဆိုပြီးကောလဟာလတွေ ထွက်လာပါတယ်။ ပေါင်ချိန်ရဲ့ ဆရာပြီးတဲ့ကျောင်းအုပ်ဆရာကြီးကလဲပျောက်နေတာကြောင့် စုံစမ်းဖို့ရာစာသင်ကျောင်းကိုပေါင်ချိန်နဲ့ကျန်ကျောင်းတို့ ရောက်လာခဲ့ကြပါတယ်။
နှစ်ယောက်သားစုံစမ်းရင်းနဲ့ လူသတ်မှုက တဖြည်းဖြည်းအဖြစ်မှန်ပေါ်လာပြီး ပညာရှိစာမေးပွဲရဲ့နောက်ကွယ်မှာ ပိုလေးနက်တဲ့နန်းတွင်းရေးရာတွေပါဝင်နေကြောင်းကိုသိလိုက်ရတဲ့အခါ……...
White Boy Rick (2018)
⭐IMDB: 6.5/10 (40 k Votes)
🎬 #Crime #Drama
🗓 2018 🎞 movie
📺 #720p #1080p
💿 476.6 MB ⦿ 851.3 MB ⦿ 2.7 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 51 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
White Boy ဆိုတဲ့အသံကြားလိုက်တာနဲ့ အမေရိကရဲ့လူဖြူလူမည်းပရိပက္ခတွေကို အနည်းငယ်တီးမိခေါက်မိရှိတဲ့သူတွေက ဇာတ်လိုက်ဖြစ်သူ Rick ရောက်ရှိနေတဲ့ ပတ်ဝန်းကျင်အခြေအနေကိုခန့်မှန်းမိကြမှာပါ။
Rick ဆိုတာက Richard Wershe Jr. လို့ခေါ်တဲ့ ၁၄ နှစ်သားကောင်လေးတစ်ယောက်။
မိဘဖြစ်သူတွေက တရားဝင်ကွာရှင်းထားပြီးသားဖြစ်တဲ့အတွက် အဖေ့စောင့်ရှောက်မှုအောက်မှာ အစ်မဖြစ်သူနဲ့အတူနေထိုင်တယ်။
သူတို့နေထိုင်တဲ့နေရာက Detroit လို့ခေါ်တဲ့ နယ်စပ်မြို့၊ လူမည်းအများစုနေထိုင်ပြီး ဒုစရိုက်မှုတွေမှိုလိုပေါတဲ့မြို့တစ်မြို့ပေါ့ဗျာ။
Rick Jr. ရဲ့အဖေဖြစ်သူက လိုင်စင်ရသေနတ်ရောင်းဝယ်ရေးသမားဖြစ်တာနဲ့အညီ ဂိုဏ်းစတားတွေ၊ဒုစရိုက်သမားတွေနဲ့ အမြဲမပြတ်ဆက်ဆံနေရတဲ့သူပေမယ့် ဗီဒီယိုစတိုးလေးဖွင့်ပြီး မိသားစုနဲ့အတူအေးအေးဆေးဆေးဘဝကိုဖြတ်သန်းချင်တဲ့သူ။
တစ်ရက်မှာ Rick Jr. တစ်ယောက် သူ့အဖေသေနတ်ပြပွဲကနေ အောက်ကြေးနှိုက်လာတဲ့ AK47 နှစ်လက်ကို Johnny လို့ခေါ်တဲ့ လူမည်းတစ်ယောက်ဆီသွားရောင်းရာကနေ သူတို့အဖွဲ့နဲ့ဓာတ်ကျပြီး ဘော်ဒါတွေဖြစ်သွားကြတယ်။
Johnny တို့အဖွဲ့က အားလုံးလူမည်းတွေချည်းဖြစ်တဲ့အတွက် သူတစ်ဦးတည်းသာလူဖြူဖြစ်နေတဲ့ Rick Jr. တစ်ယောက် White Boy Rick ဆိုတဲ့ နာမည်ပြောင်ရပြီး အဖွဲ့ဝင်တစ်ယောက်လိုဖြစ်လာတယ်။
အဲဒီလိုရက်သတ္တပတ်တွေဖြတ်သန်းပြီးတဲ့အခါမှာတော့ Rick Jr. ရဲ့အဖေ လိုင်စင်မရှိပဲ Silencer ( သေနတ်နဲ့တွဲသုံးတဲ့ အသံတိတ်ပြောင်း ) ထုတ်လုပ်ရောင်းချပါတယ်ဆိုပြီး ပြဿနာတက်တယ်။
ဒါတင်မကသေးဘူး ပစ်ခတ်မှုတစ်ခုမှာသုံးတဲ့သေနတ်က သူသေနတ်အရောင်းပြပွဲတုန်းက ဝယ်သွားတဲ့သေနတ်ဖြစ်နေတယ်ဆိုတဲ့ ပြဿနာပါထက်တက်ရော။
ဒါပေမယ့် မူးယစ်ဆေးဝါးဖြန့်ချိမှုကြီးတွေကိုသာ နှိမ်နှင်းချင်တာကြောင့် သူတို့အတွက် Informant ( သတင်းပေး ) လုပ်ပေးမယ်ဆိုရင် အဖေဖြစ်သူရဲ့အမှုတွေကိုလျှော်ပေးမယ်ဆိုပြီး FBI အေးဂျင့်တွေက Rick Jr. ကိုညှိတယ်ပေါ့ဗျာ။
အဲဒီမှာပဲ ၁၄နှစ်သား Rick Jr. တစ်ယောက် ဒုစရိုက်ဂိုဏ်းဝင်အဖြစ်ကနေ ရဲဘက်သတင်းပေးဘဝကိုရောက်သွားပြီး အဖေဖြစ်သူကိုကယ်တင်ဖို့ကြိုးစားရတော့တယ်။
ဒီဇာတ်လမ်းရဲ့ဇာတ်ဆောင် Rick Wershe Jr. အဖြစ် တက်သစ်စမင်းသား Richie Merritt အဖြစ်သရုပ်ဆောင်ထားပြီး အဖေဖြစ်သူရဲ့နေရာမှာ မင်းသားကြီး Matthew McConaughey ကပါဝင်သရုပ်ဆောင်ထားပါတယ်။
Sony ကဖြန့်ချိပြီး ဒါရိုက်တာ Yann Demange ရိုက်ကူးတဲ့ ဒီရုပ်ရှင်ဟာ 1980 ခုနှစ်တုန်းက ဖြစ်ပျက်ခဲ့တဲ့တကယ့်အဖြစ်အပျက်ကို ပြန်လည်ရိုက်ကူးထားတဲ့ Biological, Crime, Drama အမျိုးအစား ရုပ်ရှင်ကားကောင်းတစ်ကားပဲဖြစ်တာကြောင့် Crime Drama ရုပ်ရှင်တွေကိုကြိုက်နှစ်သက်တဲ့သူတွေအနေနဲ့တော့ ကြည့်ရှုသင့်တဲ့ရုပ်ရှင်တစ်ကားလို့ ညွှန်းဆိုချင်ပါတယ်။
(ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်သူကတော့ Myo Thant Kyaw ပါ)...
Whiteout (2009)
⭐IMDB: 5.5/10 (40 k Votes)
🎬 #Action #Crime #Mystery #Thriller
🗓 2009 🎞 movie
📺 #720p #1080p
💿 433.7 MB ⦿ 1.2 GB ⦿ 2.4 GB
🌎 #USA #UnitedStates #Canada #France
⏰ 1 နာရီ 40 မိနစ် 40 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
The only U.S. Marshal assigned to Antarctica, Carrie Stetko will soon leave the harsh environment behind for good – in three days, the sun will set and the Amundsen-Scott Research Station will shut down for the long winter. When a body is discovered out on the open ice, Carrie’s investigation into the continent’s first homicide plunges her deep into a mystery that may cost her her own life....
Asoka (2001)
⭐IMDB: 6.4/10 (15 k Votes)
🎬 #Action #Biography #Bollywood #Drama #History #Romance #War
🗓 2001 🎞 movie
📺 #720p #1080p
💿 754.1 MB ⦿ 1.6 GB ⦿ 3.9 GB
🌎 #India
⏰ 2 နာရီ 55 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb Rating (6.6) / Rotten Tomatoes (100%)
သမိုင်းမှတ်တမ်းဝင်ဘုရင်တွေထဲမှာ အောင်ပွဲရပြီးနောက် စစ်ကိုစွန့်ပယ်ခဲ့တဲ့ တစ်ဦးတည်းသော စစ်ဘုရင်ဖြစ်သလို ဗုဒ္ဓသာသနာတော်ကို ပြန့်ပွားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သီရိဓမ္မာသောကမင်းတဖြစ်လဲ အာသောကမင်းကြီး အကြောင်းကိုရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်လမ်းကြီးဖြစ်ပါတယ်။
မင်းသားကြီး ရှာရွတ်ခန်းနဲ့ မင်းသမီး ကာရီနာကပူးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
အချိန်က ခရစ်တော်မပေါ်မီ BC 260 ဝန်းကျင်ကာလတွေဖြစ်ပါတယ်။
အာသောကမင်းဟာ ဗိန္ဓုသာရမင်းနဲ့ ဓမ္မာမိဖုရားတို့ရဲ့သားတော်ဖြစ်ပြီး အိန္ဒိယနိုင်ငံသမိုင်းမှာ ပထမဆုံးသောအင်ပါယာ မောရိယနိုင်ငံတော်ကြီးကိုတည်ထောင်နိုင်ခဲ့တဲ့ စန္ဒဂုတ္တမောရိယ၏ မြေးတော်ဖြစ်ပါတယ်။ဘိုးတော်ရဲ့အင်ပါယာမှာ မသိမ်းပိုက်နိုင်ဘဲ ကျန်ရှိခဲ့တဲ့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့ကို သူ့လက်ထက်မှာ ဆက်လက်သိမ်းပိုက်ဖို့ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်…
တိုက်ပွဲတိုင်းကို အောင်နိုင်ခဲ့ပေမယ့် အိန္ဒိယအရှေ့ဖက်ကမ်းရှိ ကလိင်္ဂတိုင်း(ယခု အိုရစ်ဆာပြည်နယ်)ကိုဝင်ရောက်တိုက်ခိုက်ရာမှာ ကလိင်္ဂကတိုင်းသားတို့က ရဲရဲဝံ့ဝံ့ပြန်လည်ခုခံတာကြောင့် ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပြီး လူပေါင်းများစွာ သေကြေပျက်ဆီးပြီးမှ အောင်နိုင်ခဲ့ပါတယ်။အရာအားလုံးပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
အာသောကမင်းကြီးအနေနဲ့ သူ့ရဲ့အောင်နိုင်မှုတွေဟာ လူသေအလောင်းတွေအပေါ်မှာသာရှိတယ်လို့ ကလိင်္ဂကတိုက်ပွဲမှာ ထိတ်လန့်တကြားမြင်တွေ့သွားတဲ့အခါမှာတော့….ချစ်ခြင်းမေတ္တာနဲ့ လူတွေကိုထွေးပွေ့ဖိုအတွက် စစ်ကိုစွန့်လွှတ်ခဲ့ပါတော့တယ်။
ဒီ့နောက်မှာတော့ သူဟာ ဗုဒ္ဓရဲ့ ဓမ္မဖက်မှာပဲ စိတ်ကိုမြုပ်နှံခဲ့ပြီး လူ့လောကကောင်းကျိုးတွေကို တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ပါတယ်….
လူမဆန်တဲ့ တင်းကျပ်လွန်းတဲ့ဥပဒေများကို ဖြေလျှော့ပေးခြင်း..တိရိစ္ဆာန်ဘေးမဲ့ဂေဟာများ ဆောက်လုပ်ပေးခြင်း…လမ်းများဖေါက်ပေးခြင်း.. ဆည်မြောင်းတာတမံများ ဆောက်လုပ်ပေးခြင်း စတဲ့ကောင်းမှုတွေကို တိုင်းသူပြည်သားတို့အတွက် ဆောင်ရွက်ပေးခဲ့ပါတယ်… အထူးခြားဆုံးကတော့ တခြားဘာသာများကိုလည်း လွတ်လပ်စွာကိုးကွယ်ခွင့်ပေးခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံခြားသို့ ဗုဒ္ဓသာသနာပြုများ စေလွှတ်ခဲ့ပြီး သီဟိုဠ်ကျွန်းမှာဆိုရင် ဗုဒ္ဓသာသနာ အထူးပင် စည်ပင်ဖွံ့ဖြိုးခဲ့ပါတယ်။
ဒါကြောင့်လဲ အသောကမင်းကြီးကို ဗုဒ္ဓမှလွဲလျှင် ဗုဒ္ဓသာသနာကို ကမ္ဘာ့ဘာသာကြီးတစ်ခုဖြစ်အောင် အထိရောက်ဆုံးဆောင်ရွက်နိုင်ခဲ့သူလို့ဆိုကြတာဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားက အာသောကမင်းကြီးရဲ့ဘဝဇာတ်ကြောင်းကိုတင်ဆက်ထားတာမျိုးမဟုတ်ဘဲ သူ့ရဲ့လမ်း သူ့ရဲ့ဓမ္မကိုသာ နှောင်းလူတို့လျှောက်လှမ်းဖို့အတွက် ဖော်ပြတင်ဆက်ထားတာဖြစ်ပါတယ်။
အာသောကမင်းကြီးရဲ့ ဓမ္မဆိုတာကတော့ မန္တန်ရွတ်ဖတ်ပူဇော်ခြင်းနဲ့ ဘာသာရေးဓလေ့ထုံးတမ်းများကို လိုက်နာခြင်းမျိုးထက် လူ့လောက..လူ့အဖွဲ့အစည်းကို မြှင့်တင်ပေးခြင်းနဲ့လူ့လောကကောင်းကျိုးကိုသာ ဆောင်ရွက်ခြင်းမျိုးဖြစ်ပါတယ်…ဒီအယူအဆတွေကို နေရာအနှံ့နှံ့က သူ့ရဲ့ကျောက်စာတွေမှာ ဖော်ကျူးထားခဲ့တာဖြစ်ပါတယ်။
ကဲ..အာသောကမင်းကြီးရဲ့ဖြစ်တည်မှုကို ဒီရုပ်ရှင်လေးနဲ့ခံစားကြည့်ကြပါစို့။...
The Puppet (2023)
⭐TMDB: 60.0% User Score
🎬 #Horror #Thriller
🗓 2023 🎞 Movie
📺 #1080p #480p
💿 671.0 MB ⦿ 932.6 MB
🌎 #UnitedKingdom #China
⏰ 1 နာရီ 30 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အခုတစ်ခေါက် CM ရဲ့ ပရိတ်သတ်တွေအတွက် The Puppet ဆိုတဲ့သည်းထိတ်ရင်ဖိုရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့-
ကျောင်းသူလေး ရှောင်မန့်ဟာ သူမအဖေရှိရာ ရွာပြန်ပြီး သိပ်မကြာခင်မှာသူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။ သမီးကို အချစ်ကြီးတဲ့ အဖေခမျာသူ့သမီးရဲ့ ဝိညာဉ်ကို အရုပ်ထဲထည့်ဖို့ ပူဇော်ပွဲကြီးလုပ်ပါတော့တယ်။ထိုပူဇော်ပွဲမှာ အလောင်းစစ်ဆေးသူ ၂ ဦးနဲ့ ဦးလေးကျိုတို့ သေဆုံးခဲ့ပြီးနောက်တစ်ရွာလုံးမှာ ရှောက်မန့်ရဲ့ ဝိညာဉ်ပါတဲ့ အရုပ်က လူသတ်ကြောင်း သတင်းပျံ့သွားပါတော့တယ်။
ရှောင်မန့်ရဲ့ သူငယ်ချင်းဖြစ်သူ ချန်းချန်းဟာ ဆရာနဲ့ သူငယ်ချင်း ၃ ယောက်နဲ့အတူယွမ်ယောင်ရွာသို့ ရှုခင်းကြည့်ရှုလေ့လာရန် ရောက်လာခဲ့ပါတယ်။တကယ်တော့ သူမဟာ စကားမပြောတတ်တဲ့ ရှောင်မန့်သေဆုံးရတဲ့အကြောင်းရင်းကို လာရောက်ရှာဖွေပြီး ကလဲ့စားချေရန် ဖြစ်ပါတယ်။
သူမတို့အဖွဲ့ သရဲခြောက်တယ်လို့ နာမည်ထွက်နေတဲ့ ဟွမ်အိမ်မှာ တည်းခိုရဖို့အကြောင်းဖန်လာပြီး ထူးဆန်းတဲ့ကိစ္စတွေ ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။သူတို့တစ်ဖွဲ့လုံး အန္တရာယ်တွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
ပြဇာတ်အဖွဲ့ခေါင်းဆောင်ရဲ့ သမီးဖြစ်သူ ရှောင်မန့်တစ်ယောက်ဘာလို့ အရုပ်ကိုပွေ့ပြီး မြစ်ထဲမှာ သေနေရတာလဲ……ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းလား အကြံအစည်တွေ ရှိနေတာလား……တရားခံအစစ်က ဘယ်သူဖြစ်မလဲ……ဆိုတာကို ရုပ်ရှင်လေးကြည့်ပြီး လိုက်လံခံစားအဖြေရှာလိုက်ပါနော်။...
Imani (2023)
⭐IMDB: 3.6/10 (321 Votes)
🎬 #Action #Thriller
🗓 2023 🎞 movie
📺 #480p #720p #1080p
💿 431.5 MB ⦿ 761.6 MB ⦿ 1.6 GB
🌎 #UnitedStates
⏰ 2 နာရီ 1 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 3.5/10 Rotten tomatoes 70% ဒီကားလေးကတော့ ခုလတ်တလောကမှထွက်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် Faith ဆိုတဲ့ အမျိုးသမီးဟာ အတိတ်မေ့ရောဂါကိုခံစားနေရတဲ့ သူဖြစ်ပြီးတော့ သူမရဲ့နေ့စဥ်ဘဝကိုပုံမှန် ဖြတ်သန်း နေနေရာကနေပြီးတော့ သူမရောဂါပြန်သက်သာလာပြီးတော့ မှတ်ဉာဏ်တွေကို အိမ်မက်တွေအဖြစ် ပြန်လည်မြင်ယောင် လာခဲ့တယ်။ တစ်ရက်မှာတော့ သူမဟာပြန်ပေးဆွဲခံရပြီးတော့ ရုတ်တရက် ခေါင်းကိုအရိုက်ခံလိုက်ရ ရာကနေပြီးတော့ သူ့ရဲ့မှတ်ဉာဏ်တွေကိုပြန်ရလာတဲ့အချိန်မှာပဲ သူမကိုသတ်ဖို့ကြိုးစားနေတဲ့သူတွေဟာတစ်ယောက်ပြီးတစ်ယောက်ပေါ်လာခဲ့ရာကနေပြီးတော့ ဘယ်လိုတွေဖြေရှင်းသွားလဲဆိုတာကို action ဆန်ဆန်ရိုက်ကူးထားတဲ့ action, mystery , thriller အမျိုးအစားပဲဖြစ်ပါတယ်။...
People Like Us (2012)
⭐IMDB: 7.0/10 (44 k Votes)
🎬 #Drama #Comedy
🗓 2012 🎞 movie
📺 #480p #720p #1080p
💿 501.4 MB ⦿ 847.9 MB ⦿ 1.6 GB
🌎 #UnitedStates #India #UnitedStatesofAmerica
⏰ 1 နာရီ 54 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb – 7/10 Star Trek, Wonder Woman စသည့် ဇာတ်ကားတွေနဲ့လူသိများကျော်ကြားတဲ့ မင်းသား Chris Pine ရဲ့ ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ နှစ်ပေါင်းများစွာ အဆက်အသွယ်ဖြတ်ပြီးနေလာတဲ့ အဖေရဲ့ဈာပနအတွက် ဇာတိမြို့လေးကို ပြန်လာခဲ့တဲ့ Sam ဟာ သူ့အဖေက သူကြားတောင်မကြားဖူးတဲ့ လူတစ်ယောက်ကို အမွေပေးခဲ့ကြောင်း သူ့အဖေရှေ့နေဆီက သိလိုက်ရပါတယ်။ ဒါတင်မကဘဲ အဲဒီလူဆီကို အဲအမွေပိုက်ဆံသွားပေးပေးဖို့ သူ့ကိုမှာကြားခဲ့တဲ့ သူ့အဖေရဲ့ ညွှန်ကြားချက်ကိုပါတွေ့လိုက်ရတဲ့ Sam ဟာ ထိုသူသည် သူ့အဖေ့ရဲ့တိတ်တိတ်ပုန်းသမီးဖြစ်နေသည်ကို သိလိုက်ရတဲ့အခါ ဘာဆက်လုပ်မလဲ…...
Shin Kamen Rider (2023)
⭐IMDB: 6.6/10 (763 Votes)
🎬 #Action #Adventure #Drama #ScienceFiction #Thriller #Fantasy #SciFi
🗓 2023 🎞 movie
📺 #720p #1080p
💿 802.8 MB ⦿ 1.7 GB
🌎 #Japan
⏰ 2 နာရီ 3 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Shin Kamen Rider (2023)
~ IMDb – 6.6/10, Rotten Tomatoes – 82% ~
မှတ်မှတ်ရရဆို Kamen Rider ခေါ် နှံကောင်ရိန်းဂျားကားတွေကို စကြည့်ကြတော့ ပါဝါရိန်းဂျားတွေထက်တောင် စောဦးမယ်။ ဇာတ်ကိုမမှတ်မိရင်တောင် ကလေးဘဝကကြည့်ခဲ့တဲ့သူတွေ တော်ရုံတော့မေ့မှာမဟုတ်ဘူး။ ဟီးရိုးကားပေမဲ့ ရုပ်ထွက်တွေက ဒိဒတ်ပြီး ကြမ်းသကိုး။ ဗီလိန်တွေဆိုလည်း တော်တော်ရွံစရာကောင်းနေတယ်။ ဒီနှစ်မှာတော့ ဒီ Kamen Riderရဲ့ အနှစ်ငါးဆယ်ပြည့်အထိမ်းအမှတ်အနေနဲ့ Shin Kamen Riderဆိုပြီး ထွက်လာတယ်။ ၂၀၂၁မှာပြည့်ဝာာပေမဲ့ ကိုဗစ်ကြောင့် နောက်ကျသွားတာပေါ့။ ဇာတ်ကလည်း ကျွန်တော်တို့ငယ်ငယ်က ဇာတ်ကိုမှ ဒါရိုက်တာကလည်း Hideaki Anno ဆိုတော့ အတိုင်းအထက်အလွန်ပါပဲ။
Evangelion တွေရဲ့ ပဲ့ကိုင်ရှင် Hideaki Anno ကိုတော့ ဂျပန်အန်နမဲဖန်တွေထဲ မသိတဲ့လူမရှိလောက်ဘူး။ သူ့အနေနဲ့ Shin Japan Heroes Universe ဆိုပြီး Shinji Higuchi နဲ့တွဲ ရိုက်ထားတဲ့ လေးကားထဲမှာ ဒီကားက နောက်ဆုံးပိတ်ကားပါပဲ။ ကျန်တဲ့သုံးကားကတော့ Shin Godzilla (2016), Evangelion: 3.0+1.0 Thrice Upon a Time (2021) နဲ့ Shin Ultraman (2022) တို့တွေပါ။ ဒီဘဲကို တစ်ပေါက်လေးစားသွားတာက ဒီယူနီဗာ့စ်ကြီးကို သူတို့ထောင်ထားပေမဲ့ ဒီအကောင်တွေအချင်းချင်းပေါင်းရိုက်ပြီး ငွေရှာဖို့ အစီအစဉ်တော့မရှိဘူး။ ပြောရရင် ဒီဟာတွေကို ရုပ်ရှင်အနေနဲ့ တွဲရိုက်ပြဖို့အစီအစဉ်မရှိဘူး။ သူတို့လုပ်ချင်တာက ပစ္စည်းစုရောင်းတာ အရုပ်ရောင်းတာတို့ တီရှပ်ရှောင်းတာတို့ပေါ့။ ဒါပဲ။ ရုပ်ရှင်ကို သွားမထိခိုက်ဘူး။ ဒါနောက်ဆုံးလို့ ပြောထားတော့ နောက်လည်းထိခိုက်လာဖို့ ရှိမယ်မထင်ပါဘူး။ သူ့ယူနီဗာ့စ်ကြီးကို ဒီမှာတင်ပဲ လှလှပပအပြီးသတ်သွားတယ်။
Cast တွေကတော့ Pale Moon တို့၊ Death Note: Light Up the New World တို့၊ Last Samurai တို့ထဲပါဖူးတဲ့ Sosuke Ikematsu, Let Me Eat Your Pancreas LA ထဲက Minami Hamabe, We Couldn’t Become Adultsနဲ့ One Million Yen Girl မင်းသား Mirai Moriyama အပြင် အထူးခြားဆုံးကတော့ ကျွန်တော်တို့ရဲ့ အလှနတ်ဘုရားမ Masami Nagasawa ကလည်း ဧည့်သည်သရုပ်ဆောင်လိုလို ဝင်သရုပ်ဆောင်ထားပါသေးတယ်။ Shin Ultraman မှာလည်း အဓိကဇာတ်ကောင်နေရာက သူပါခဲ့ဖူးပါတယ်။
Cast တွေရော ဇာတ်ရော အပြရော အသံရော ရှယ်ကြမ်းတယ်ဆိုပေမဲ့ သဘောအကျဆုံးက သူ့ဇာတ်ပါပဲ။ ဒါတော့ပုဂ္ဂလိက အမြင်နဲ့ဆိုင်လောက်မယ်။ စူပါဟီးရိုးကားတကာထဲ ကျွန်တော့်အကြိုက်ဆုံး မာစတာပိစ်အဖြစ်ဆုံးလို့ ထင်တဲ့ စူပါဟီးရိုးကားက ဇက်စနိုက်ဒါရဲ့ Watchmen ဆိုတော့ ဒီကားထဲက မိန်းဗီလိန်က Ozymandias အငွေ့အသက် ပြေးပြေးရနေသလို ဒီဗီလိန်တွေဖြစ်ပေါ်လာပုံနဲ့ သူတို့ခံယူချက်တွေကို ကာရိုက်တာသွင်းထားတာရော ဇာတ်လမ်းရောက တော်တော်လေး အထာကျတယ်။ ဆရာ့ဆရာရိုက်တာဆိုတော့လည်း သိပ်တော့လည်းမဆန်းပါဘူး။ ဆန်းတာကတော့ ဒီဘဲ Shin Japan Heroes Universe ဆိုပြီးထောင်လိုက်သလို လေးကားလုံးအောင်မြင်ပေမဲ့လည်း ဒါကိုဆက်မလုပ်တော့တာပါပဲ။ အရုပ်ရောင်းဖို့ယူနီဗာ့စ်ထောင်တယ်ဆိုပေမဲ့လည်း ဒီလိုရပ်နိုင်တာကိုက ဘယ်ယူနီဗာ့စ်နဲ့မှ မတူတဲ့ ယူနီဗာ့စ်ဖြစ်သွားစေတာပါပဲ။ အန်နိုရဲ့တွဲဖက် Shinji Higuchi ကတော့ Marvel Cinematic Universe ရဲ့ဖော်မြူလာအတိုင်းမလိုက်ဘဲ ရုပ်ရှင်တွေကို တစ်ကားချင်းစီသီးခြားပဲ ရိုက်ထားတယ်လို့ ပြောခဲ့ရှာပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
Stand Up Guys (2012)
⭐IMDB: 6.4/10 (57 k Votes)
🎬 #Action #Comedy #Thriller #Crime
🗓 2012 🎞 movie
📺 #720p #1080p
💿 583.4 MB ⦿ 1.2 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 35 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကဲ ဒီတစ်ခါတော့ သရုပ်ဆောင်လည်းဖြစ် စာရေးဆရာလည်းဖြစ် ဒါရိုက်တာလည်းဖြစ်နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ Short Circuit 1,2 ရဲ့ပဲ့ကိုင်ရှင်ကြီး ဒါရိုက်တာ Fisher Stevens ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ အဓိက သရုပ်ဆောင်တွေအကုန်လုံးကလည်း နာမည်ကြီး Academy ရမင်းသားကြီးတွေဖြစ်တဲ့Alfredo James Pacino, Christopher Walken နဲ့ Alan Arkin တို့လိုဝါရင့်မင်းသားကြီးတွေက Main Role အနေနဲ့သရုပ်ဆောင်ထားပြီတော့ မင်းသမီးတွေကလည်း နာမည်ကြီးတွေပဲနော်
ဇာတ်လမ်းကတော့ မင်းသားကြီးသုံးယောက်က မိုက်ဖော်မိုက်ဖက် သူငယ်ချင်းတွေဖြစ်ပြီ သူ့ခေတ်သူ့ခါမှာတော့ ဂျင်တွေပေါ့တစ်နေ့တော့လုပ်ငန်းသဘောအရ သူငယ်ချင်း အချင်းချင်းပြန်သတ်ဖို့ အကြောင်းဖန်လာပြီး အချိန် ၁၀ နာရီလောက်ပဲကျန်တော့တဲ့အချိန်မှာသူငယ်ချင်းတွေ တက်ညီလက်ညီနဲ့ တစ်မျို့လုံးကိုပတ်ပြီ မွှေ တဲ့အကြောင်းကို ဇာတ်အိမ်လေးတည်ထားတာပါ တစ်ခေတ်တစ်ခါက ဇိုးကြီးတွေ ဒီဘက်ခေတ်မှာ ဘယ်လိုတွေ မီးကုန်ယမ်းကုန်သောင်းကြမ်းမလဲဘယ်လိုတွေ ပတ်ပွေးကြမလဲဆိုတာကိုတော့ ဇာတ်ကားကိုသာမြန်မြန်ကြည့်ကြပါတော့လို့ပဲတိုက်တွန်ချင်ပါတော့တယ်
Plot ခိုင်ခိုင်မာမာနဲ့ အစွမ်းကုန်လည်းကြမ်း တစ်လွဲလုပ်တာတွေကို ခွီလည်းခွီရမယ့် Crime/Comedy ဇာတ်ကားကောင်းလေးတစ်ကားမို့အရမ်းကြည့်သင့်ပါကြောင်း လက်တို့လိုက်ပါရစေ
ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်...
Rally Road Racers (2023)
⭐IMDB: 6.1/10 (139 Votes)
🎬 #Animation #Comedy #Family #Sport
🗓 2023 🎞 movie
📺 #720p #1080p
💿 866.7 MB ⦿ 1.6 GB
🌎 #UnitedStates #UnitedKingdom #UnitedArabEmirates #UnitedStatesofAmerica
⏰ 1 နာရီ 32 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rally Road Racers (2023)
ကားပြိုင်ပွဲအခြေခံ ကာတွန်းရုပ်ရှင်အသစ်လေးလာပါပြီ။ထုံးစံအတိုင်း မိသားစုမေတ္တာတွေ၊ ဟာသတွေ နဲ့ စွန့်စားခန်းတွေပေါ့။အသံသရုပ်ဆောင်မင်းသမီးကတော့ Agents of SHIELD ထဲက အေးဂျင့်ဒေစီဖြစ်တဲ့ Chloe Bennet ပါပဲ။
ဇာတ်လမ်းအကျဉ်း
လိုးရစ်မျောက်မျိုးနွယ်လေးတွေ နေတဲ့ ရွာကလေးက ချီချီဆိုတဲ့ကောင်လေးဟာပြိုင်ကားတွေမောင်းဖို့ ဆုတွေယူဖို့ အရူးအမူးကြိုးစားနေတဲ့ကောင်လေးပါ။ဒါပေမဲ့ သူ့အဘွားကတော့ ဒါကို ခွင့်မပြုပါဘူး။တစ်နေ့မှာတော့ သူတို့ရဲ့ရွာလေးကို အပိုင်ဝယ်သိမ်းပြီး ဖျက်ဆီးဖို့ကြိုးစားလာသူ ပေါ်လာပါတယ်။အဲဒီလူကတော့ အာချီဗိန်းဂလိုးရီးရက်ဆိုတဲ့ ပြိုင်ကားချန်ပီယံ ဖားကြီးပါပဲ။အိမ်ကိုပြန်ရွေးဖို့ ပိုက်ဆံမရှိတဲ့ ချီချီဟာ ဗိန်းနဲ့အပေးအယူတစ်ခုလုပ်လိုက်ပါတယ်။ပြိုင်ကားလောကရဲ့အခက်ဆုံး အကြမ်းဆုံး ပိုးသားလမ်းပြိုင်ပွဲမှာ သူနိုင်ခဲ့ရင် သူ့ရွာလေးနဲ့ သူ့အိမ်ကိုပြန်ပေးဖို့ပါပဲ။အဲဒီနောက်မှာတော့ ဘယ်လိုမှမနိုင်နိုင်တဲ့ ပြိုင်ပွဲကြီးကို ချီချီတစ်ယောက် မိတ်ဆွေတွေ ချစ်တဲ့သူတွေရဲ့အကူအညီနိုင် ဝင်ပြိုင်ခဲ့တဲ့အခါ…
အညွှန်း နဲ့ ဘာသာပြန်ကတော့Mr.Andersonပဲ ဖြစ်ပါတယ်။...
Zodiac: What's Your Sign? (2023)
⭐IMDB: 6.8/10 (23 Votes)
🎬 #Comedy #Musical #Romance #Drama
🗓 2023 🎞 movie
📺 #720p #1080p
💿 685.5 MB ⦿ 1.4 GB
🌎 #Indonesia
⏰ 1 နာရီ 37 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အားလုံးပဲ ကိုယ်ရဲ့ Zodiac signနဲ့ ကိုယ့်ဖူးစာဖက် ရေစက်ပါမပါ
စစ်ကြည့်ဖူးကြတယ်မလား…။
လိုက်ဖက်ညီတဲ့အတွဲဆို တစ်မျိုး တစ်ဖုံရင်ခုန်ရသလို၊ မလိုက်ဖက်ဘူး
ဆိုရင်လည်း အတွေးကြပ်ရပြန်ရောလေ…။
ဒီဇာတ်ကားလေးထဲမှာတော့ Zodiac signလေးတွေနဲ့အညီ ဖူးစာဖက်ရှာမယ့်
ကောင်မလေးတစ်ယောက်အကြောင်းရိုက်ကူးထားတာပါ…။
Zodiacရာသီခွင်က ၁၂ ခုရှိတာဆိုတော့ ကောင်လေးကလည်း ၁၂ ယောက်နဲ့
သူတို့ရဲ့ အမူအကျင့် ၁၂မျိုးကို မြင်တွေ့ရမှာပါ…။
ဇာတ်လမ်းအကျဥ်းကတော့ အေရီရယ်ဟာ ခြေအိတ်ဆိုင်ပိုင်ရှင်လေးဖြစ်ပြီး
အကြွေးဝိုင်းဝိုင်းလည်နေတာကြောင့် ဆိုင်ကို အကြွေးနဲ့သိမ်းခံရမယ့်
အခြေအနေရောက်နေပါပြီ…။
ဒီတော့ ပိုက်ဆံရှာဖို့အတွက် ယုံတမ်းစကားပြိုင်ပွဲလေးတစ်ခုကိုဝင်ပြိုင်ပါလေရော…။
ပြိုင်ပွဲအကြောင်းအရာက ပတ်ဝန်းကျင်မှာ ပြောနေကျ ယုံတမ်းစကားတစ်ခုခုကို
ဟုတ်လားမဟုတ်လား ဘလော့လေးရိုက်ပေးရမှာပါ…။
အေရီရယ်ဟာ ဒီပြိုင်ပွဲအတွက် zodiacအရ မလိုက်ဖက်လည်း ဖူးစာဖက်ဖြစ်နိုင်
ကြောင်းသက်သေပြတဲ့ ဘလော့လေးရိုက်ဖို့ zodiac sign 12မျိုး၊ ကောင်လေး ၁၂ယောက်နဲ့
ချိန်းတွေ့ပါတော့တယ်…။
အေရီရယ်တစ်ယောက် ဖူးစာဖက်ဆိုတာ zodiac signပေါ်ပဲ မမူတည်ကြောင်း
သက်သေပြသွားနိုင်မလား၊ သူရဲ့ဖူးစာဖက်ဖြစ်လာမယ့်ကောင်လေးကရော
ဘယ်signလေးဖြစ်မလဲဆိုတာ ဟော့ဒီ Indonesian Comdey Romance
movie လေးထဲမှာ ကိုယ်တိုင်လိုက်ပါကြည့်ရှုလို့ရပါပြီ…။...
My Father, Myself (2022)
⭐IMDB: 3.7/10 (32 Votes)
🎬 #Adult #BL #Drama
🗓 2022 🎞 movie
📺 #720p #1080p
💿 713.3 MB ⦿ 1.6 GB
🌎 #Philippines
⏰ 1 နာရီ 43 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
My Father, Myself (2022)
မက်သရူးရဲ့ဖခင်ဟာလယ်သမားခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ပြီး ငယ်ရွယ်စဉ်မှာပဲမလိုသူတွေရဲ့လုပ်ကြံမှုကြောင့်သေဆုံးခဲ့ရပါတယ်။ဖခင်သေဆုံးချိန်မှာ သူ့ရဲ့ခေါင်းကိုင်အဖလည်းဖြစ်၊ ဖခင်ဖြစ်သူရဲ့ရှေ့နေ၊အရင်းနှီးဆုံးမိတ်ဆွေတစ်ယောက်ဖြစ်တဲ့ ရောဘတ်ရဲ့စောင့်ရှောက်မှုအောက်ကိုမက်သရူးရောက်ရှိခဲ့ပါတယ်။ရောဘတ်ရဲ့ဇနီး၊ သမီးဖြစ်သူတို့ကလည်း မက်သရူးကိုအရင်းအချာနဲ့မခြားနွေးနွေးထွေးထွေးကြိုဆိုစောင့်ရှောက်ခဲ့ကြသလိုပျိုးထောင်မှုကောင်းတွေရရှိခဲ့တဲ့အတွက် မက်သရူးဟာ ပညာရေးမှာပေါက်မြောက်ထူးချွန်ခဲ့ပြီး လိုင်စင်ရရှေ့နေဖြစ်ဘားစာမေးပွဲကိုပါ ထိပ်ဆုံးက အောင်မြင်ခဲ့ပါတယ်။
ဒီအချိန်မှာပဲအရွယ်ရောက်ခံစားချက်တွေပြောင်းလဲလာပြီဖြစ်တဲ့အတွက် ရောဘတ်ရဲ့သမီးငယ် မီကာက သူ့ကိုချစ်တဲ့အကြောင်း၊ သူ့မိခင်ကိုယ်တိုင်ကလည်း သဘောတူညီကြောင်းပြောလာခဲ့ပါတယ်။ သိပ်ချစ်ခင်စည်းလုံးကြတဲ့မိသားစုတစ်ခုအနေနဲ့ရောပတ်ဝန်းကျင်တစ်ခုလုံးကပါ သူ့ကိုမွေးစားသားလို့သိထားကြတဲ့အတွက်ပါ အနာဂတ်အတွက် ဘာအနှောင့်အယှက်မှမရှိပြေပြစ်ချောမောနေတဲ့အခြေအနေတစ်ခုကိုမက်သရူးရော မွေးစားဖခင်ဖြစ်သူ ရောဘတ်ကိုယ်တိုင်ကပါ အင်တင်တင်ဖြစ်နေခဲ့ကြရာကနေ သူတို့မိသားစုအတွက်မုန်တိုင်းတစ်ခုအစပျိုးလာပါတော့တယ်။ အဲ့ဒီလျှို့ဝှက်ချက်တွေဘယ်ကစအမြစ်တည်လာခဲ့လဲဆိုတာ ဆက်လက်ရှုစားကြပါ။
trailer ထွက်ရှိချိန်မှာ LGBT+ အသိုင်းအဝိုင်းအပေါ်မကောင်းတဲ့ရိုက်ခတ်မှုတွေဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်တကြီးဝေဖန်ချက်တွေထွက်ပေါ်လာခဲ့ပေမယ့်ဒါရိုက်တာကတော့ ဒါဟာသူ့မွေးရပ်မြေမှာတကယ်ရှိခဲ့ဖူးတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုဖြစ်တဲ့အတွက် ဒီလိုဇာတ်လမ်းတိုင်းဟာအပြုသဘောဖြစ်နေစရာမလိုဘူးလို့ဆိုခဲ့ပါတယ်။အငြင်းပွားမှုတွေရှိနေခဲ့ပေမယ့်လည်း Metro Manila Film Festival မှာ ဆန်ကာတင်ဆုခုနှစ်ခုဝင်ခဲ့ပြီး ဆု ၃ ခုဆွတ်ခူးခဲ့ပါသေးတယ်။
ဒီဇာတ်လမ်းကိုကြည့်တဲ့အခါ ဆရာမဂျူးရဲ့ ဖေဖေ့သူငယ်ချင်း ဝတ္တုကိုအမှတ်ရစရာဖြစ်ပါလိမ့်မယ်။ဘယ်နေရာတွေမှာတိုက်ဆိုင်တူညီနေမလဲဆိုတာတော့ ကိုယ်တိုင်အဖြေရှာကြစေချင်ပါတယ်။...
Headhunter (2023)
⭐IMDB: 6.2/10 (24 Votes)
🎬 #Action #Adventure #Drama #History
🗓 2023 🎞 movie
📺 #720p #1080p
💿 866.4 MB ⦿ 1.5 GB
🌎 #Malaysia
⏰ 1 နာရီ 27 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားလေးကတော့ အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်းစွယ်မှ လောင်းဟောက်စ်ဒေသမှ အိုင်ဘန်လူမျိုးစုတို့ရဲ့ ဓလေ့ထုံးစံများအကြောင်း မြင်နိုင်မဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက ခင်မင်လာတဲ့ သူငယ်ချင်းလေးယောက်ကြားက ကတိသစ္စာတွေ၊ သုံးပွင်ဆိုင်အချစ်ဇာတ်လမ်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ အဖြစ်အပျက်လေးတွေနဲ့ အိုင်ဘန်လူမျိုးစုတို့ရဲ့ စစ်သည်တော်တစ်ဦးဖြစ်ဖို့ ဘယ်လိုအခက်အခဲစမ်းသပ်ချက်တွေကို ဖြတ်ကျော်ရလဲဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။...
Everything Went Fine (2021)
⭐IMDB: 6.8/10 (2 k Votes)
🎬 #Drama #Comedy
🗓 2021 🎞 movie
📺 #720p #1080p
💿 704.8 MB ⦿ 2.0 GB
🌎 #France #Belgium
⏰ 1 နာရီ 53 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီကားလေးကတော့ Emmanuèle Bernheim လို့ခေါ်တဲ့
ပြင်သစ်အမျိုးသမီးတစ်ယောက်ရဲ့ ဘဝအထ္ထုပတ္တိကိုအခြေခံထားတဲ့
ဖြစ်ရပ်မှန်ဇာတ်ကားပဲဖြစ်ပါတယ်။
ဇာတ်ကားနာမည်ကတော့ Everything Went Fine ဖြစ်ပြီး
ဘာလို့ဇာတ်ကားကို အားလုံးအဆင်ပြေခဲ့ပါတယ်ဆိုတဲ့နာမည်ကို
ပေးထားလဲဆိုတာကိုဇာတ်သိမ်းမှာသိလာရမှာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းချုပ်ကတော့
ဧမန်နူရယ်နဲ့ ပါစကယ်တို့ညီအစ်မနှစ်ယောက်ရဲ့အဖေဖြစ်သူ မစ္စတာဘျာမိန်က
ရုတ်တရက်ကြီး လေဖြတ်သွားခဲ့ပြီးဆေးရုံမှာအသည်းအသန်ကုသခဲ့ရပါတယ်။
ကံကောင်းထောက်မစွာနဲ့ သက်သာလာခဲ့ပေမဲ့လဲလူကြီးဖြစ်တာကလဲ
တစ်ကြောင်းလေဖြတ်ရောဂါ ဖြစ်တာကတစ်ကြောင်းကြောင့် အရှင်းကြီးတော့
ပြန်မသက်သာလာခဲ့ပဲ လူမမာတစ်ယောက်အနေနဲ့ဆေးရုံမှာပဲနေနေရပါတယ်။
အဲ့ဒီအချိန် ဆွစ်ဇာလန်မှာနာကျင်ဝေဒနာတွေမခံစားချင်ပဲ သက်တောင့်သက်သာနဲ့
ကိုယ့်ကိုယ်ကိုယ် အဆုံးသတ်ချင်နေတဲ့လူတွေအတွက် ဝန်ဆောင်မှုပေးတဲ့
နေရာတစ်ခု အကြောင်းကိုမစ္စတာဘျာမိန်သိပြီးနောက်မှာ သူ့ကိုအဲ့ဒီကို
ပို့ပေးဖို့အတွက်သူ့သမီးတွေကိုတောင်းဆိုခဲ့ပါတော့တယ်။ ဒီတော့သူ့သမီး
ဖြစ်သူတွေကလဲ အဖေဖြစ်သူရဲ့စကားကိုမလွန်ဆန်နိုင်တဲ့အတွက်ရင်နာနာနဲ့
အဖေ့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးရတဲ့အကြောင်းတွေကိုအသေးစိတ်မြင်ရမှာပဲ
ဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်သူတို့ဆီမှာသူတို့အဖေအဲ့ဒီဆန္ဒကိုပြန်ရုတ်သိမ်း
ဦးမလားဆိုတဲ့မျှော်လင့်ချက်ကတော့ရှိနေပါသေးတယ်။ဒီလိုနဲ့သူတို့ ဘယ်လို
အခက်အခဲတွေပြဿနာတွေ ကိုစိတ်ခံစားချက်တွေကိုကြုံတွေ့ခဲ့ရပြီး
ဘယ်လိုဇာတ်သိမ်းသွားမယ်ဆိုတာကို ကြည့်ရှူရမဲ့မိသားစုဒရာမာကားလေးပဲဖြစ်ပါတယ်။...
Iron Fist (2017-2018)
⭐IMDB: 6.4/10 (136 k Votes)
🎬 #Action #Adventure #Drama #SciFi #Fantasy #Crime
🗓 2017-2018 🎞 tv series
📺 #1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 52 မိနစ် 53 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Marvel’s Iron Fist (Season1+2)
Marvel Superhero စီးရီးတစ်ခု တင်ပေးလိုက်ပါတယ်။Iron Fist ဟာ Marvel Universe ရဲ့ အတော်ဆုံး သိုင်းပညာရှင်တွေထဲက တစ်ယောက်ပါ။ဒီစီးရီးဟာ တီဗီစီးရီး ပရိတ်သတ်တွေအတွက်တော့ကောင်းမွန်တာမို့ Ration 7.3 အထိ ပေးထားကြပေမယ့် Comic ဖန်တွေကတော့ အားရမှာ မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ ဒီစီးရီးဟာ Iron Fist ဖြစ်လာတဲ့ ဒန်နီရန်းဟာ သူ့ရဲ လေ့ကျင့်မှုကိုမပြည့်စုံသေးခင် စွမ်းအားအပြည့်မသုံးနိုင်သေးခင် စွန့်စားခန်းတွေ စတင်တဲ့ဇာတ်လမ်းဖြစ်နေလို့ပါ။ Comic မှ Iron Fist ဟာ SHIELD အဖွဲ့ရဲ့ တိုက်ယာဉ်ကိုလက်သီးတစ်ချက်တည်းနဲ့ ထိုးချနိုင်ပြီး၊ Spider man,Wolverine,Captain America နဲ့ Colossus တို့ကိုတပြိုင်တည်း ယှဉ်တိုက်နိုင်စွမ်းရှိပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းစုကြီးရမ်အင်တာပရိုက်ရဲ့ ပိုင်ရှင် လင်မယားနဲ့ သူတို့ရဲ့ သားငယ်လေး ဒန်နီရန်းဟာလေယာဉ်ပျက်ကျပြီးပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် ဒန်နီကို ခွန်းလွန်ဆိုတဲ့လျို့ဝှက်ကျောင်းတော်ကြီးက ဘုန်းတော်ကြီးတွေက ကယ်တင်သွားပြီးသိုင်းပညာမျိုးစုံသင်ကြားပေးခဲ့ပါတယ်။ အဲဒီအဖြစ်တွေ ဖြစ်ပြီး ၁၅ နှစ်အကြာမှာဒန်နီရန်းဆိုတဲ့သူဟာ နယူးယောက်မှာ ခြေဗလာနဲ့ ပြန်ပေါ်လာပြီး ကုမ္မဏီကို ပြန်လာခဲ့ပါတယ်။သူ့အဖေရဲ့ကုမ္မဏီကိုတော့ သူ့ငယ်သူငယ်ချင်းမောင်နှမ ၂ ယောက်ကိုအုပ်ချုပ်နေပြီး သူ့ကို ဒန်နီ ဆိုတာ ဘယ်သူမှ မယုံကြတော့ပါဘူး။Iron Fist ဟာ သူရဲ့မူလဘဝကို ပြန်ရဖို့ ကြိုးစားရင်း သူ့အဖေ ထားခဲ့တဲ့ကုမ္မဏီဟာ လျို့ဝှက်ဒုစရိုက်ဂိုဏ်း Hand ရဲ့ ထိန်းချုပ်မှုအောက်ရောက်နေတာကိုသိသွားတဲ့အခါ၊ တပြိုင်တည်းမှာ Hand အဖွဲမှ မဒမ်ဂေါင် (Daredevil Series တွင် ပါဝင်ခဲ့ပြီးဖြစ်)ဟာလည်း ဒန်နီဟာ Hand ရဲ့ သမိုင်းပေးရန်သူ Iron Fist ဆိုတာသိသွားချိန်မှာတော့…..။Netflix ဟာ Marvel Defenders စီးရီး ( Daredevil, Jessica Jones, Luke Cage,Iron Fist) ကိုမထုတ်ခင်မှာ ဟီးရိုး ၄ ယောက်လုံးကို မိတ်ဆက်ပေးခဲ့ပြီး Punisher နဲ့ Elektra တို့ကို ပွဲထုတ်ပြီးသွားခဲ့ပြီ။ထွက်ပြီးခဲ့တဲ့ စီးရီးတွေကို ကွှန်တော့် အကြိုက်အတိုင်း စဉ်ရမယ်ဆိုရင်တော့ DD က အကောင်းဆုံးဖြစ်ပြီး၊Luke Cage နဲ့ Iron Fist နောက်မှာမှ Jessica Jones လုပ်ပါလိမ့်မယ်။ဒါပေမယ့် တီဗီစီးရီးမင်းသမီးတွေ အားလုံးထဲမှာတော့ယခု IronFist စီးရီးမင်းသမီး Jessica Henwick ကို အကြိုက်ဆုံးပါပဲ။အဲဒီတော့ စူပါဟီးရိုးဖန်များ Iron Fist စီးရီးကို ကြည့်ရင်းMarvel Defenders တွေကို စောင့်မျှော်ကြပါစို့။ File size…(749MB) / (346MB)...
Ghost Town (2023)
⭐IMDB: 4.2/10 (55 Votes)
🎬 #Horror #Western #Thriller
🗓 2023 🎞 movie
📺 #720p #1080p
💿 688.8 MB ⦿ 1.4 GB
🌎 #UnitedStates
⏰ 1 နာရီ 33 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
“Ghost town” ဆိုတဲ့နာမည်နဲ့ဇာတ်ကားတွေအများကြီးရှိတဲ့အထဲကမှဒီဇာတ်ကားကတော့ horror သိပ်မဆန်တဲ့ horror/thriller အမျိုးအစားဖြစ်ပြီး ကြောက်စရာထက်ဆန်းကျယ်တာတွေပြည့်နေတဲ့ဇာတ်ကားတစ်ကားပါ ဆိုလိုမွန်မီလာဆိုတဲ့လူတစ်ယောက်ဟာ ခရီးသွားရင်းလူသူသိပ်မရှိတဲ့ခြောက်ကပ်ကပ်မြို့လေးတစ်မြို့ကိုရောက်လာခဲ့ပါတယ် အဲဒီမြို့လေးကအရက်ဘားမှာစားပွဲထိုးအဖြစ်လုပ်ကိုင်ရင်းအားလုံးကတစ်နေ့ထက်တစ်နေ့ထူးဆန်းသထက်ထူးဆန်းလာပါတော့တယ် ဆိုလိုမွန်တစ်ယောက်အဲဒီမြို့လေးမှာလူတွေနဲ့သင့်မြတ်အောင်နေထိုင်ရင်းဘာလို့ထူးဆန်းတဲ့ဖြစ်ရပ်တွေဆက်တိုက်ဖြစ်နေရလဲဆိုတာကိုအဖြေရှာမရဖြစ်နေပါတော့တယ် အဲဒီမြို့ကဘာလို့ထူးဆန်းနေရတာလဲ တကယ်တမ်းမြို့ရဲ့သရုပ်မှန်ကရောဘာလဲ ဆိုတာကိုဆန်းကျယ်မှုတွေအများကြီးနဲ့ကြည့်ရှုရမှာပါ...
ABCs of Death 2 (2014)
⭐IMDB: 5.4/10 (9 k Votes)
🎬 #Horror #Comedy
🗓 2014 🎞 movie
📺 #1080p
💿 1.2 GB
🌎 #UnitedStates #NewZealand #Canada #Israel #Japan #Nigeria #Brazil #Cuba #France #Lithuania #Philippines #Spain #UnitedStatesofAmerica
⏰ 2 နာရီ 2 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
2012တုန်းကထွက်တဲ့ ၁ကြည့်ပြီးသားလူတွေကိုတော့
ညွှန်းဖို့ လိုမယ်မထင်ပါဘူး.
ဒီဇာတ်လမ်းကတော့ ၂၀၁၄မှာ ထွက်ခဲ့တဲ့
နံပါတ်၂ပါ. Imdb 5.4ရထားပြီး
၁ထက်လဲ ပိုကြည့်ကောင်းပါတယ်.မကြောက်ရတဲ့
ဇာတ်လမ်းတိုတစ်ပုဒ်မှကို မပါပါဘူး.
horrorကားဆို ကြိုက်တဲ့လူတွေ
လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဆိုလဲ
မမှားပါဘူး.
ကဲ CMရဲ့ horrorဖန်တို့ရေ နံပါတ်၂လေး
ကြည့်ပြီး ထိတ်လန့်ခြောက်ခြားလိုက်ကြပါဦး....
The ABCs of Death (2012)
⭐IMDB: 4.7/10 (20 k Votes)
🎬 #Comedy #Horror
🗓 2012 🎞 movie
📺 #1080p
💿 1.0 GB
🌎 #UnitedStates #NewZealand #UnitedStatesofAmerica
⏰ 2 နာရီ 9 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The ABCs of Death ဆိုတဲ့ ရုပ်ရှင်ကို မကြည့်ခင် အရင်သတိပေးချင်တာက
21+ အဆင့်လောက်ရှိလို့ မိသားစုတွေ ကလေးတွေ နဲ့ အတူ မကြည့်သင့်ပါ
သွေးသံရဲရဲတွေ အသဲယားလောက်စရာတွေ များလို့ နှလုံးရောဂာ ရှိသူများ
ရွံ့တက်သူများ ၊ အန်တက်သူများ မကြည့်ပါနဲ့
အစားအသောက်စားနေရင်းလဲ မကြည့်ပါနဲ့ အစာစားချင်စိတ် ကုန်ခမ်းသွားပါမယ်
ဒီရုပ်ရှင်ဟာ A ကနေ Z အထိ အက္ခရာအလိုက် စီပေးထားပြီး စကားလုံး တစ်ခုစီမှာ
သေပုံ သေနည်း တစ်မျိုးစီ ပြသပေးထားပါတယ်
ပိုဆိုးတာက ကြည့်ရင်း ကြည့်ရင်း အတော်လေး စိတ်ဆင်းရဲလာမယ်ဆိုတာပါပဲ
ဘယ်လိုတွေတောင် စိတ်ဆင်းရဲရမယ် ဆိုတာ မပြောပြပါဘူး ကျနော်လဲ
စိတ်ဆင်းရဲ ခံပြီး Z ရောက်တဲ့ အထိ ကြည့်နိုင်ခဲ့ပါတယ် ဖြစ်နိုင်ရင် သင့် သူငယ်ချင်းတွေနဲ့
Z ရောက်တဲ့ အထိ ဘယ်သူကြည့်နိုင်မလဲ ဆိုပြီး Mention ခေါ်ပြီး ပြိုင်သင့်ပါတယ်
စိတ်ဆင်းရဲခြင်း ကင်းနိုင်ကြပါစေ…...
Alabama Rose (2022)
⭐IMDB: 4.5/10 (46 Votes)
🎬 #Thriller
🗓 2022 🎞 movie
📺 #720p #1080p
💿 626.5 MB ⦿ 1.3 GB
🌎 #UnitedStates
⏰ 1 နာရီ 39 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb – 4.5/10 ခင်ပွန်းဖြစ်သူ သေဆုံးပြီး ကြေကွဲနေဆဲဖြစ်တဲ့ မယ်ရီဟာ ကိုယ့်ဘဝကိုယ်ရှေ့ဆက်ဖို့ကြိုးစားနေတာပါ အဲလိုနဲ့ သူငယ်ချင်းကအတင်းတိုက်တွန်းရင်း မော်ဒဲလ်စလုပ်ဖြစ်နေတဲ့ မယ်ရီဟာ အိမ်ရောက်သွားရင် သူ့ကိုတစ်ယောက်ယောက် စောင့်ကြည့်နေသလို့ခံစားနေရပါတယ်။ ရဲတွေဆီလည်း ဖုန်းဆက်လွန်းလို့ ရဲစခန်းတောင် သူ့ဖုန်းဆိုရင်မကိုင်တော့ပါဘူး။ အဲလိုမယ်ရီဟာ တစ်နေ့မှာတော့ ခရီးသွားဓါတ်ပုံဆရာတစ်ယောက်နဲ့တွေ့ဆုံရင်း တစ်ဖန်ပြန်ပြီးသူ့ဘဝကို ရှေ့ဆက်နိုင်မလား… သူစောင့်ကြည့်နေသလိုခံစားနေရတာကရော တကယ်ပဲတစ်ယောက်ယောက်ရှိနေလို့လား သူ့စိတ်ကပဲထင်နေတာလားဆိုတာ စောင့်မျှော်ကြည့်ရှုရမဲ့ Thriller/Mystery အမျိုးအစား ဇာတ်ကားလေးပဲဖြစ်ပါတယ်...
