ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Love You Ram (2023)
⭐IMDB: 8.3/10 (6 k Votes)
🎬 #Bollywood #Drama #Romance
🗓 2023 🎞 movie
📺 #720p #1080p
💿 902.6 MB ⦿ 1.9 GB
🌎 #India
⏰ 1 နာရီ 56 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Love You Ram ( 2023 )=====================
IMDb 8.4/10
ဒေဗီယာဆိုတဲ့ ကောင်မလေးဟာမိသားစုအဆင်မပြေမှုတွေကြောင့် လူတောမတိုးရဲသူပါ။
ဒါပေမဲ့ တစ်နေ့မှာ သူဟာရမ်ဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့စကားကြောင့် သတ္တိတွေရှိသွားခဲ့ပြီးကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပြန်ရလာတဲ့အပြင်ရမ့်ကိုလည်း တိတ်တခိုးချစ်မိသွားခဲ့ပါတယ်။
ဒီလိုနဲ့ အရွယ်တွေရောက်လာပြီး ပြန်ဆုံတွေ့ကြတဲ့အခါဒေဗီယာဟာ ရမ်ရဲ့စကားအတိုင်း တစ်သက်လုံးနေခဲ့ပေမဲ့ရမ်ကတော့ အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်တတ်တဲ့ကြောင်သူတော် စီးပွားရေးသမား တစ်ယောက်ဖြစ်နေတဲ့အခါမှာတော့…။
ပရိသတ်တွေ အချိန်ပေးရတာ တန်စေမဲ့၂ ရာရီစာ တေလေဂူးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကိုချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်…။( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, Cherry, Moon, V နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ )...
My Mom's New Boyfriend (2008)
⭐TMDB: 53.0% User Score
🎬 #Comedy #Crime #Romance #Action
🗓 2008 🎞 movie
📺 #720p #1080p
💿 651.2 MB ⦿ 1.4 GB
🌎 #Germany #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 37 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
My Mom’s New Boyfriend (2008)
ဒီကားလေးကတော့ Romance Comedy ရောထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး ပေါ့ပေါ့ပါးပါး ရယ်စရာလေးတွေနဲ့ အပျင်းပြေ ကြည့်ရှုလို့ရမှာပါ။ တစ်ခေတ်တစ်ခါရဲ့ Romcom Queen တစ်ပါးဖြစ်ခဲ့တဲ့ Meg Ryan နဲ့ ဇောရိုးမင်းသားကြီး Antonio Banderas ပါတဲ့အပြင် Selma Blair နဲ့ Tom Hanks ရဲ့သား Colin Hanks တို့ပါ ပါဝင်ထားလို့ လူစုံတက်စုံလို့ ပြောရမှာပါပဲ။
လူငယ် FBI Agent တစ်ယောက်ဖြစ်တဲ့ ဟင်နရီက ၃နှစ် ကွင်းဆင်းပြီးတော့ အမေ့အိမ်ကို ပြန်ရောက်လာတာကနေစပါတယ်။ အဲဒီအချိန်မှာ အရင်က ဝတုတ်ကြီးဖြစ်ခဲ့တဲ့ သူ့အမေက ဝိတ်တွေကျ၊ ပိန်ပိန်ပါးပါး၊ ခန္ဓာကိုယ်လှလှ၊ စမတ်ကျကျနဲ့ စော်အလန်းတပွေဖြစ်နေပြီး ဘဲတွေထည်လဲတွဲနေတဲ့ အမိုက်စားလေးပေါ့။ ဟင်နရီတို့စုံတွဲ အိမ်ရောက်ပြီး တစ်ရက်အတွင်းမှာပဲ သူ့အမေ မာတီက တွမ်မီဆိုတဲ့ နိုင်ငံခြားသားတစ်ယောက်နဲ့ တွေ့ပြီး ရင်းနှီးသွားတယ်။
တွမ်မီက စီးပွားရေးအကြံပေး ဟန်ဆောင်ထားတဲ့ နိုင်ငံတကာ အနုပညာလက်ရာ သူခိုးတစ်ယောက်ဖြစ်ပြီး သူတို့မြို့မှာရောက်နေတဲ့ ဘာနီနီ ကျောက်ဆစ်ရုပ်ကို ခိုးယူဖို့ ကြိုးစားနေတာပါ။ မာတီနဲ့ တွမ်မီနဲ့ ကြိုက်နေတဲ့အချိန်မှာမှ တွမ်မီ သူခိုးဆိုတာကို ဟင်နရီသိသွားတယ်။
သူ့အထက်လူကြီးတွေက တွမ်မီတို့ ရုပ်ထုခိုးမယ့်အကြံကို တားဆီးပြီး တွမ်မီကို ဖမ်းချင်လို့ တွမ်မီနဲ့ သူ့အမေကို စောင့်ကြည့်ဖို့ ဟင်နရီကို တာဝန်ပေးလိုက်တယ်။ အချစ် ဥပဒေအမိန့် သားသမီးသံယောဇဉ်တွေ ရောယှက်ရှုပ်ထွေးကုန်တဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ…
သူ့အမေအိပ်ခန်းထဲ အသံဖမ်းစက်တပ်ပြီး ခိုးနားထောင်တာကနေ မဟုတ်ကဟုတ်ကအသံတွေ ကြားကုန်တာတွေရော… အလွဲလွဲအချော်ချော်တွေနဲ့ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရင်း ရယ်မောလိုက်ကြပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုHnyun Yadanar Myintmo Htunမှ ပြန်ဆို ရေးသားထားပါတယ်)...
LEGO Disney Princess: The Castle Quest (2023)
⭐IMDB: 6.9/10 (75 Votes)
🎬 #Adventure #Animation #Comedy #Family #Fantasy
🗓 2023 🎞 tv special
📺 #720p #1080p
💿 480.0 MB ⦿ 1000.9 MB
🌎 #UnitedStates #Denmark #UnitedStatesofAmerica
⏰ 48 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Genre – Animation, Adventure, Comedy, Family, DramaIMDB – 7.3/10
သားသားမီးမီးတို့တင်မက လူကြီးတွေပါ စိတ်ပါရင်
ကြည့်လို့ရမယ့် ၂၀၂၃ ခုနှစ် အသစ်ထွက် Lego ရုပ်လေးတွေနဲ့
ပုံဖော်တင်ဆက်ထားတဲ့ Disney မင်းသမီးလေးတွေရဲ့
စွန့်စားခန်း ကာတွန်းလေး ဖြစ်ပါတယ်။
ဒီဇာတ်ကားလေးထဲမှာ အဓိက လူဆိုးက Beauty and the Beast ထဲက
ဂတ်စတွန် ဖြစ်ပြီး မင်းသမီးလေးတွေကတော့
Snow White က စနိုးဝှိုက်တို့ Moana ထဲက မိုအာနာတို့ The Little Mermaid ထဲက
အေရီရယ်တို့ Rapunzel ထဲက ရာပန်ဇယ်တို့နဲ့
The Princess and the Frog ထဲက တီအာနာတို့က ပါဝင်ထားကြတာပါ။
ဇာတ်လမ်းလေးကတော့ ဂတ်စတွန်ဟာ မှော်ကြေးမုံနဲ့အတူ
မှော်ဝင်ပစ္စည်းတွေကို လိုက်သိမ်းပိုက်နေပြီး
ကုန်းမြေတွေကို အပိုင်စားရနေတော့ အေရီရယ်ရဲ့အဖေဖြစ်သူ
ထရစ်တွန်ရဲ့ သုံးခွမှိန်းကြီးကို လာယူပြီး
ပင်လယ်ကိုပါ အုပ်စိုးဖို့ ကြံစည်နေတာပါ။
ဒီမှာတင် တစ်ကမ္ဘာလုံး လူယုတ်မာလက်အောက်
မကျရောက်ရအောင် ပင်လယ်ဘုရင်ကြီးက
ရဲရင့်တဲ့စစ်သည်တော် ၅ ပါးကို ဆင့်ခေါ်လိုက်တဲ့အခါမှာတော့
စနိုးဝှိုက်၊ မိုအာနာ၊ အေရီရယ်၊ ရာပန်ဇယ်နဲ့ တီအာနာတို့ ရောက်လာပါတယ်။
ဆိုတော့ ဂတ်စတွန်တစ်ယောက် ဒီ သူရဲကောင်း ၅ ယောက်ကို
မှော်ကြေးမုံရဲ့ အကူအညီနဲ့အတူ စိန်ခေါ်မှု ၃ ရပ်ကို တာဝန်ပေးလိုက်ပါတယ်။
ဒီ စိန်ခေါ်မှုတွေကို အချိန်မှီလုပ်နိုင်မယ်ဆို
ထရစ်တွန်မသေတဲ့အပြင် သူ လက်လျှော့မယ်ဆိုတာဖြစ်ပြီး
မအောင်မြင်ရင်တော့ ကုန်းမြေရော ပင်လယ်ပါ သိမ်းပိုက်မယ်လို့ ဆိုလာပါတယ်။
အဲဒါကြောင့် ဒီ မင်းသမီးလေး ၅ ပါးက ဒီအရာတွေကို ကယ်တင်ဖို့အတွက်
ရဲတိုက်ထဲမှာ စိန်ခေါ်မှုတွေကို ဖြတ်သန်းရင်း စွန့်စားခန်း ထွက်ရပါတော့တယ်။
LEGO ရုပ်လေးတွေဆိုတော့ ချစ်စရာကောင်းနေပြီး
ပျော်ပျော်ပါးပါး စွန့်စားခန်းထွက်ကြတာကို
မိသားစုဆန်ဆန် ကြည့်ရှုခံစားရမယ့်
Animation ကားလေးပဲ ဖြစ်ပါတယ်။...
Her Affair to Die For (2023)
⭐IMDB: 5.1/10 (132 Votes)
🎬 #Thriller #Drama #TVMovie
🗓 2023 🎞 tv movie
📺 #720p #1080p
💿 589.5 MB ⦿ 1.5 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 22 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီလောကထဲမှာ ယောက်ျားတွေအများကြီးရှိနေတာတောင်
သူများယောက်ျား သူများရည်းစားကိုမှလိုချင်နေတဲ့ မိန်းကလေးတွေ
အများကြီးရှိပါတယ်။အဲ့ဒီလိုနဲ့ ပျက်စီးသွားခဲ့ရတဲ့အိမ်ထောင်ရေးတွေ
သမီးရည်းစားဆက်ဆံရေးတွေမှမနည်းပါဘူး။
ဒီကားမှာလဲအဲ့လိုအဖြစ်အပျက်တွေကိုပေါ်လွင်အောင်ရိုက်ထားတာကို
တွေ့ရမှာဖြစ်ပါတယ်။ခရစ္စတီးနားဆိုတဲ့ကောလိပ်ကျောင်းသူလေး
ကလစ်ဇ်နဲ့ နိုအာတို့ရဲ့ သမီးဖြစ်သူဖြစ်ပြီးတော့ အခုအချိန်မှာ ကောလိပ်တက်ဖို့
တိုက်ခန်းအတူငှားဖို့အတွက်အခန်းဖော်လိုက်ရှာနေတာဖြစ်ပါတယ်။
အဖေဖြစ်သူနဲ့အမေဖြစ်သူကလဲသူ့အလုပ်နဲ့သူများနေကြတဲ့ လူတွေဖြစ်ပြီး
သိပ်နွေးနွေးထွေးထွေးမရှိလှပေမဲ့ မိသားစုလေးကပျော်စရာတော့ကောင်းပါတယ်။
ဒီလိုနဲ့ခရစ္စတီးနား တစ်ယောက်အခန်းဖော်လိုက်ရှာရင်းနဲ့ အလစ်ဆာဆိုတဲ့
ကောင်မလေးတစ်ယောက်နဲ့အဆင်ပြေသွားပြီး တိုက်ခန်းအတူတူငှားနေဖြစ်ခဲ့ပါ
တော့တယ်။ဒါပေမယ့် အဲ့ဒီအလစ်ဆာက သူတို့မိသားစုကိုဖြိုခွဲမဲ့ သူတစ်ယောက်
ဖြစ်နေတာကိုခရစ္စတီးနားမသိလိုက်ပါဘူး။ဒီလိုနဲ့ အလစ်ဆာကသူ့အဖေဖြစ်
သူနိုအာကို တဖြည်းဖြည်းနဲ့ပစ်မှတ်ထားပြီးသူနဲ့ အတူတူအိပ်အောင်ဆွဲဆောင်ပြီး
သွားတဲ့နောက်မှာ သူတို့မိသားစုမှာဘယ်လိုပြဿနာတွေဖြစ်လာမလဲ
ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။...
Darkeplica (2023)
⭐IMDB: 3.4/10 (23 Votes)
🎬 #Mystery #Thriller #Drama
🗓 2023 🎞 movie
📺 #1080p #720p
💿 432.2 MB ⦿ 1.3 GB
🌎 #UnitedStates
⏰ 1 နာရီ 34 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါမှာတော့ mystery, thriller ဇာတ်ကားဖန်တွေအတွက်
darkeplica ဆိုတဲ့ဇာတ်ကားကိုမိတ်ဆက်ပေးပါရစေ။
ပယ်နီလိုပီဟာ သက်လတ်ပိုင်းအရွယ်မိန်းမတစ်ယောက်ဖြစ်ပါတယ်။
သူ့မှာကလေးနှစ်ယောက်ရှိပေမဲ့ သူ့အိမ်အနီးအနားမှာရှိတဲ့ တောအုပ်ထဲမှာ
ကလေးနှစ်ယောက်လုံးပျောက်ဆုံးသွားကြပါတယ်။ ဘယ်လိုရှာရှာပြန်မတွေ့
တောပါဘူး။ အဲဒီအချိန်ကနေ ပယ်နီလိုပီဟာ အဲဒီတောအုပ်ထဲမှာ မမြင်ရတဲ့
မကောင်းဆိုးရွားတွေရှိနေတယ်လိုယုံနေတာပါ။ ညဘက်တွေဆို မကြာခဏ
အမှာင်ထဲမှာထထိုင်နေတတ်ပြီး တစ်ယောက်တည်းစကားတွေလည်းပြော
နေတတ်ပါတယ်။ သူ့ယောက်ျားက သူရူးနေပြီလိုထင်ပြီး စိတ်ရောဂါကု
ဆေးရုံကိုပိုလိုက်ပါတယ်။ ငါးနှစ်ကြာပြီးတော့ စိတ်ရောဂါကုဆေးရုံကနေ
သူ့မိန်းမကိုပြန်ခေါ်လာပေမဲ့ သူ့မိန်းမနဲ့ အဲဒီမကောင်းဆိုးရွားတွေရဲ့ ဆက်ဆံရေးက
ပိုအားကောင်းလာပြီး သူ့မိန်းမကလည်း အဲဒီမကောင်းဆိုးရွားတွေရှိတယ်လို
ပိုယုံကြည်လာပါတော့တယ်။
ဒီတော့ အဲဒီတောအုပ်မှာ မကောင်းဆိုးရွားတွေက တကယ်ရှိနေတာလား။
ကလေးတွေကရော လုံးဝပြန်မလာကြတော့ဘူးလား။
Mystery, thriller အမျိုးအစားပေမဲ့ ဇာတ်လမ်းကနည်းနည်းအေးပြီး
စကားပြောခန်းတွေကိုပဲအသားပေးရိုက်ထားတာမလို နည်းနည်းတော့ပျင်းစရာ
ကောင်းပါတယ်။ ဒါပေမဲ့ ဇာတ်နှေးနှေးလေးနဲ့ စဥ်းစားရတာကြိုက်တဲ့သူတွေ
ဆိုရင်တော့ အကြိုက်တွေ့စေမှာပါ။...
Pretty Crazy (2023)
⭐IMDB: 5.3/10 (55 Votes)
🎬 #Comedy #Romance
🗓 2023 🎞 movie
📺 #1080p #720p
💿 702.7 MB ⦿ 1.4 GB
🌎 #UnitedStates
⏰ 1 နာရီ 31 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အလုပ်မှာလည်းအောင်မြင် Handsome လည်းဖြစ်တဲ့ လူငယ်လေးတစ်ယောက်
ပြီးပြည့်စုံတဲ့ မိန်ကလေးတစ်ယောက်နဲ့တွေ့ဖို့အတွက် တစ်ယောက်ပြီးတစ်ယောက်ပတ်တွဲအချစ်စစ်ကိုလိုက်ရှာရင်း အတိတ်ကဇာတ်ရှုပ်တွေနဲ့ လက်ရှိတွဲတဲ့စော်နဲ့ တိုင်ပတ်အချစ်ဆုံးသူငယ်ချင်းရဲ့ မင်္ဂလာဆောင်မှာ သတို့သားအရံလုပ်ဖို့အတွက်တွဲစရာစော်မရှိ တိုင်ပတ်
တွေ့မယ့်တွေ့တော့လည်း ကောင်မလေးက အချေတစ်လိုင်းနဲ့အချစ်ဆိုတာ ဘာလဲ ဘယ်လဲ ဘယ်လိုလဲ ဆိုတာကို ရိုက်ပြသွားတဲ့ (Romance/Comedy) ဇာတ်ကားလေးတစ်ကားပါ
ဒီတော့ ပရိတ်သတ်ကြီးလည်း အချစ်ဆိုတာဘာလဲ သိချင်ရင်တော့ဒီဇာတ်ကားလေးကိုကြည့်ဖို့တိုက်တွန်းချင်ပါတယ်
ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်...
1001 Nunakal (2022)
⭐IMDB: 7.8/10 (41 Votes)
🎬 #Bollywood #Drama
🗓 2022 🎞 movie
📺 #720p #1080p
💿 613.2 MB ⦿ 1.3 GB
🌎 #India
⏰ 1 နာရီ 45 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
1001 Nunakal (2022)IMDb-8.0/10
ဇာတ်လမ်းတင်ဆက်ပုံခပ်ဆန်းဆန်းလေးနဲ့ အိမ်ထောင်သည်တွေ၊အိမ်ထောင်တခုထူထောင်ဖို့ စဉ်းစားနေသူတွေကို အသိလေးတခုပေးနိုင်တဲ့အိန္ဒိယကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။
ဇာတ်လမ်းနာမည်က မုသားစကား ၁၀၀၁တဲ့။ဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်တွေကို မျက်နှာသစ်သရုပ်ဆောင်တွေသုံးထားပေမယ့် ကျရာဇာတ်ရုပ်နဲ့လိုက်ဖက်အောင်ပါဝင်နိုင်ကြတာကို စိတ်ဝင်တစားနဲ့ကြည့်ကြရမှာပါ။
နေရာတခုတည်းမှာပဲ အဓိကတည်ပြီး ရိုက်ထားတဲ့ဇာတ်လမ်းတွေကိုကြည့်လိုက်ရင်စိတ်ဝင်စားစရာကောင်းရင်ကောင်း မဟုတ်ရင်ပျင်းစရာကောင်းလာရော။ကျွန်တော့်အမြင်အရကတော့ဒီဇာတ်လမ်းကစိတ်ဝင်စားစရာပဲ။ဘာလဲဆိုတော့ကြုံဖူးသိဖူးနေကြအကြောင်းရာတွေပါသလို ဘာတွေဖြစ်လာဦးမလဲဘာတွေပေါ်လာဦးမလဲဆိုတာမျိုးကိုသိချင်စိတ်ဖြစ်အောင် ရိုက်ထားနိုင်လို့။
ဇာတ်လမ်းအကျဉ်းကိုပြောရရင် အဆောက်အဦးကြီးတခုမီးလောင်တယ်။အဲဒီမှာနေတဲ့ တိုက်ခန်းတွေက မိသားစုနှစ်ခုကသူတို့သူငယ်ချင်းအရင်းကြီးတယောက်အိမ်မှာ ခဏလာတည်းတယ်။ညစာစားကြရင်း နောက်ရက်မှာအိမ်ရှင်လင်မယားရဲ့ ဆယ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့ရောက်မယ်ဆိုတာသိတော့ ပြန်မယ့်ဟာ မပြန်ကြသေးဘဲပွဲလေးကျင်းပကြတာပေါ့။တကယ်ခင်မင်ကြတဲ့ သူငယ်ချင်းအရင်းကြီးတွေပဲစုပြီးပွဲလေးလုပ်ရော။အဲဒီမှာ သူငယ်ချင်းတွေဝိုင်းထိုင်ကြရင်း သူတို့တွေပြောကြတဲ့အကြောင်းအရာတွေ အဖြစ်အပျက်တွေကဇာတ်လမ်းကိုဆွဲခေါ်သွားတာပဲ။ကွဲပြားတဲ့အမြင်တွေ အယူအဆမတူညီကြတာတွေကနေသူတို့ရဲ့ဘ၀တွေကို စကားတွေကနေတဆင့် တင်ဆက်ပြသသွားတာကို ကြည့်လိုက်ကြပါဦး။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~Zwe~Yunniတို့ဖြစ်ပါတယ်)...
Revealed: The Cape (2023)
⭐IMDB: 5.5/10 (24 Votes)
🎬 #Documentary
🗓 2023 🎞 movie
📺 #720p #1080p
💿 877.8 MB ⦿ 2.4 GB
🌎 #Australia
⏰ 1 နာရီ 16 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Revealed: The Cape (2023)===================
၂၀၀၃ခုနှစ်မှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို Documentaryတစ်ခုအနေနဲ့ ပြန်လည်ရိုက်ကူးထားတယ် ၂၀၀၃ခုနှစ်၊ဇွန်လ သြစတေးလျပင်လယ်ကွေ့တစ်နေရာမှာ ပျောက်သွားတဲ့သားအဖနှစ် ယောက်အကြောင်းပါပဲ၊ နှစ်(၂၀)အကြာမှာတော့ Documentary တစ်ခုအနေနဲ့ ဖန်သားပြင် ပေါ် တင်ဆက်ချပြလာပါတယ်။ လူပျောက်တဲ့ နေရာက Cape York ကျွန်းဆွယ်မှာဖြစ်ခဲ့တာပါ။လူသူအ ရောက်အ ပေါက်နည်းတဲ့ပင်လယ်ကွေ့လို နေရာမျိုးက သားရဲ ကောင်တွေကြီးစိုးတဲ့ နေရာပါပဲ။
အဲဒီဒေသမှာ နေထိုင်ကြတဲ့သူတွေကလည်း တံငါအလုပ်ကို မျိုးရိုးစဥ်ဆက်လုပ်ကြပြီးတော့ တော်ရုံလူမလာရဲတဲ့ကျွန်းဆွယ်တစ်ခုပါပဲ။ ပြောရရင် အဲဒီမှာနေတဲ့သူတွေထဲ ရာဇဝတ်မှု မကျူးလွန်ဘူးတဲ့လူရယ်လို့မရှိဘူး။ အကုန်လုံးက ဇိုးတွေပေါ့ဗျာ။ ၂၀၀၃ခုနှစ်၊ဇွန်လမှာ ဘေဗင် ဆေမွန်နဲ့ဘရက် ဆေမွန်တို သားအဖနှစ်ယောက်ဟာ ပင်လယ်ထဲမှာ ပိုက်ဆယ်ဖိုထွက်သွားခဲ့ကြပေမဲ့ ပြန်မရောက်လာခဲ့ကြဘူး။ ဒီတော့ ဇာတ်လမ်းက ဒီကစပြီး တွေးစရာ တွေ ပေါ်လာပြီ။ ဒီလို ဒေသမျိုးမှာ လူပျောက်သွားတယ်ဆိုရင် မိတ်ဆွေတို့ဘယ်လို တွေးကြမလဲ။ ငါးမန်းတွေပဲစားသွားတာလား၊ မုန်တိုင်းမိလို လှေနစ်သွားတာလား၊ ဒေဝေါကြီးများဖမ်းစားသွားတာလား၊ လူ ရော၊ လှေ ရော ပျောက်သွားရခြင်းရဲ့နောက်ကွယ်မှာ အဆိုးတကာ့အဆိုးဆုံးသားရဲကောင်က ဘယ်ကောင်ဖြစ် နေမလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ZWT ဖြစ်ပါတယ်)...
Taxi 5 (2018)
⭐TMDB: 55.0% User Score
🎬 #Action #Comedy #Crime
🗓 2018 🎞 movie
📺 #1080p #720p
💿 2.3 GB ⦿ 901.9 MB
🌎 #France
⏰ 1 နာရီ 42 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Taxi 5 (2018)ဒီဇာတ်ကားကတော့ ရှေ့ကအောင်မြင်ခဲ့တဲ့ Taxi ပြင်သစ်ဇာတ်ကားတွေရဲ့အဆက်အဖြစ် ထွက်ရှိလာတာပါ။
ဒါပေမယ့် ရှေ့က မင်းသားမင်းသမီးတွေ မဟုတ်တော့ဘဲ အသစ်တွေနဲ့ ရိုက်ကူးထားပါတယ်။မင်းသား မင်းသမီးအသစ်တွေဖြစ်ပေမယ့်လို့ အရံတချို့နဲ့ ဇာတ်လမ်းဇာတ်ကွက်ကတော့ တူပါတယ်။ဒီဇာတ်ကားမှာတော့ ရဲက ဖိုက်တာ ကားမောင်းသမားဖြစ်လာပြီး Taxi သမားကတော့ ရှေ့ဇာတ်ကားတွေက ဖိုက်တာကြီး ဒန်နီရယ်ရဲ့ တူတော်စပ်သူ အူကြောင်ကြားကောင်အဖြစ် ဇာတ်လမ်းကိုပြန်လှည့်ထားပါတယ်။ယခင်ဇာတ်ကားတွေလို Taste မရတော့ပေမယ့် ” ဒန်နီရယ် နဲ့ အီမလီယံ” ကိုလွမ်းနေသူ ကိုယ်တွေအတွက်တော့ ဖြေသိမ့်ဖို့ ကြည့်နေမိတဲ့ဇာတ်ကားပါ။(Taxi ဇာတ်ကားအားလုံးကို https://channelmyanmar.org/?s=taxi မှာ ကြည့်လို့ရပါတယ်။ )...
Taxi 4 (2007)
⭐TMDB: 56.0% User Score
🎬 #Action #Comedy #Crime
🗓 2007 🎞 movie
📺 #1080p #720p
💿 2.3 GB ⦿ 852.7 MB
🌎 #France
⏰ 1 နာရီ 31 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Taxi 4 (2007)
IMdb Rating (5.6) / Rotten Tomatoes (42%)
Taxi ဇာတ်ကားလို့ ဆိုလိုက်တာနဲ့ ပြင်သစ်က အူကြောင်ကြားရဲနဲ့ မာဆေးလမ်းမတွေပေါ်က မြန်နှုန်းမြင့် လန်ပျံနေတဲ့ တက္ကစီသမားတို့ကို ပြေးမြင်ကြမှာပါ။
Taxi ဇာတ်ကားတွေဟာ အက်ရှင်ဟာသရုပ်ရှင်ကားတွေထဲ Rating မြင့်ပြီး တကယ်လဲရယ်ရတဲ့ဇာတ်ကားတွေပါ…
ပြင်သစ်က ရိုက်ကူးထားတဲ့ Taxi ဇာတ်ကား ၅ ကားရှိပြီး ၁ ကနေ ၄ ထိကတော့ မင်းသား၊မင်းသမီး၊ဇာတ်ပို့တွေက အတူတူပါပဲ။
ပြင်သစ်မင်းသားတွေဖြစ်ကြတဲ့ Samy Naceri,Frédéric Diefenthal,Bernard Farcy ၊ မင်းသမီး Marion Cotillard,Emma Wiklund တို့ပါဝင်ထားပြီး တခါတလေ နာမည်ကြီးဧည့်သည်သရုပ်ဆောင်တချို့ ပါလာတတ်ပါတယ်။
Taxi-5 မှာတော့ လူတွေပြောင်းရိုက်ထားပြီး Theme လောက်ပဲ တူတော့သလိုဖြစ်တာကြောင့် သိပ်မကြိုက်ကြပါဘူး။
၁ ကနေ ၄ ထိကတော့ တကယ်ကိုရယ်ရတဲ့ ဗရုတ်သုတ်ခဇာတ်ကားတွေဖြစ်ပြီး တစ်ကားနဲ့တစ်ကားဆက်စပ်မှုရှိပါတယ်…
ဇာတ်လမ်းက ပေါ့ပေါ့ပါးပါးနဲ့ သွက်သွက်လက်လက်တင်ဆက်ထားမှုကြောင့် ကြည့်ရှုနေသူတွေ ချက်ချင်းလိုက်ပါစီးမျောသွားမှာပါ။
ပါသမျှသရုပ်ဆောင်တွေရဲ့ ရုပ်တည်ကြီးနဲ့ လုပ်လိုက်ရင် လွဲသမျှကလဲ ပါးစပ်မစေ့ရအောင် ရယ်နေရမှာပါ။
ပိတ်ရက်မှာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစား အနားယူဖို့ အသင့်တော်ဆုံး Comedy ဇာတ်ကားတွေဖြစ်ပါတယ်။
(Taxi ဇာတ်ကားအားလုံးကိုhttps://channelmyanmar.org/?s=taxiမှာ ကြည့်လို့ရပါတယ်။ )...
Taxi 3 (2003)
⭐TMDB: 57.0% User Score
🎬 #Action #Comedy #Crime
🗓 2003 🎞 movie
📺 #1080p #720p
💿 2.0 GB ⦿ 745.2 MB
🌎 #France
⏰ 1 နာရီ 22 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Taxi 3 (2003)IMdb Rating (5.8) / Rotten Tomatoes (51%)Taxi ဇာတ်ကားလို့ ဆိုလိုက်တာနဲ့ ပြင်သစ်က အူကြောင်ကြားရဲနဲ့ မာဆေးလမ်းမတွေပေါ်က မြန်နှုန်းမြင့် လန်ပျံနေတဲ့ တက္ကစီသမားတို့ကို ပြေးမြင်ကြမှာပါ။Taxi ဇာတ်ကားတွေဟာ အက်ရှင်ဟာသရုပ်ရှင်ကားတွေထဲ Rating မြင့်ပြီး တကယ်လဲရယ်ရတဲ့ဇာတ်ကားတွေပါ…ပြင်သစ်က ရိုက်ကူးထားတဲ့ Taxi ဇာတ်ကား ၅ ကားရှိပြီး ၁ ကနေ ၄ ထိကတော့ မင်းသား၊မင်းသမီး၊ဇာတ်ပို့တွေက အတူတူပါပဲ။ပြင်သစ်မင်းသားတွေဖြစ်ကြတဲ့ Samy Naceri,Frédéric Diefenthal,Bernard Farcy ၊ မင်းသမီး Marion Cotillard,Emma Wiklund တို့ပါဝင်ထားပြီး တခါတလေ နာမည်ကြီးဧည့်သည်သရုပ်ဆောင်တချို့ ပါလာတတ်ပါတယ်။Taxi-5 မှာတော့ လူတွေပြောင်းရိုက်ထားပြီး Theme လောက်ပဲ တူတော့သလိုဖြစ်တာကြောင့် သိပ်မကြိုက်ကြပါဘူး။၁ ကနေ ၄ ထိကတော့ တကယ်ကိုရယ်ရတဲ့ ဗရုတ်သုတ်ခဇာတ်ကားတွေဖြစ်ပြီး တစ်ကားနဲ့တစ်ကားဆက်စပ်မှုရှိပါတယ်…ဇာတ်လမ်းက ပေါ့ပေါ့ပါးပါးနဲ့ သွက်သွက်လက်လက်တင်ဆက်ထားမှုကြောင့် ကြည့်ရှုနေသူတွေ ချက်ချင်းလိုက်ပါစီးမျောသွားမှာပါ။ပါသမျှသရုပ်ဆောင်တွေရဲ့ ရုပ်တည်ကြီးနဲ့ လုပ်လိုက်ရင် လွဲသမျှကလဲ ပါးစပ်မစေ့ရအောင် ရယ်နေရမှာပါ။ပိတ်ရက်မှာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစား အနားယူဖို့ အသင့်တော်ဆုံး Comedy ဇာတ်ကားတွေဖြစ်ပါတယ်။(Taxi ဇာတ်ကားအားလုံးကို https://channelmyanmar.org/?s=taxi မှာ ကြည့်လို့ရပါတယ်။ )File size…(2 GB)/ (1 GB)
Quality….BluRay 1080p HEVC /720p
Format…mkv/mp4
Duration….01:27:17
Subtitle….Myanmar Subtitle(Hardsub)
Encoder….Ka Naung
Translated by Min Khant Bo
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။...
Taxi 2 (2000)
⭐TMDB: 62.0% User Score
🎬 #Action #Comedy #Crime
🗓 2000 🎞 Movie
📺 #1080p #720p
💿 2.4 GB ⦿ 861.9 MB
🌎 #France
⏰ 1 နာရီ 22 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Taxi 2 (2000)IMdb Rating (6.5) / Rotten Tomatoes (70%)Taxi ဇာတ်ကားလို့ ဆိုလိုက်တာနဲ့ ပြင်သစ်က အူကြောင်ကြားရဲနဲ့ မာဆေးလမ်းမတွေပေါ်က မြန်နှုန်းမြင့် လန်ပျံနေတဲ့ တက္ကစီသမားတို့ကို ပြေးမြင်ကြမှာပါ။Taxi ဇာတ်ကားတွေဟာ အက်ရှင်ဟာသရုပ်ရှင်ကားတွေထဲ Rating မြင့်ပြီး တကယ်လဲရယ်ရတဲ့ဇာတ်ကားတွေပါ…ပြင်သစ်က ရိုက်ကူးထားတဲ့ Taxi ဇာတ်ကား ၅ ကားရှိပြီး ၁ ကနေ ၄ ထိကတော့ မင်းသား၊မင်းသမီး၊ဇာတ်ပို့တွေက အတူတူပါပဲ။ပြင်သစ်မင်းသားတွေဖြစ်ကြတဲ့ Samy Naceri,Frédéric Diefenthal,Bernard Farcy ၊ မင်းသမီး Marion Cotillard,Emma Wiklund တို့ပါဝင်ထားပြီး တခါတလေ နာမည်ကြီးဧည့်သည်သရုပ်ဆောင်တချို့ ပါလာတတ်ပါတယ်။Taxi-5 မှာတော့ လူတွေပြောင်းရိုက်ထားပြီး Theme လောက်ပဲ တူတော့သလိုဖြစ်တာကြောင့် သိပ်မကြိုက်ကြပါဘူး။၁ ကနေ ၄ ထိကတော့ တကယ်ကိုရယ်ရတဲ့ ဗရုတ်သုတ်ခဇာတ်ကားတွေဖြစ်ပြီး တစ်ကားနဲ့တစ်ကားဆက်စပ်မှုရှိပါတယ်…ဇာတ်လမ်းက ပေါ့ပေါ့ပါးပါးနဲ့ သွက်သွက်လက်လက်တင်ဆက်ထားမှုကြောင့် ကြည့်ရှုနေသူတွေ ချက်ချင်းလိုက်ပါစီးမျောသွားမှာပါ။ပါသမျှသရုပ်ဆောင်တွေရဲ့ ရုပ်တည်ကြီးနဲ့ လုပ်လိုက်ရင် လွဲသမျှကလဲ ပါးစပ်မစေ့ရအောင် ရယ်နေရမှာပါ။ပိတ်ရက်မှာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစား အနားယူဖို့ အသင့်တော်ဆုံး Comedy ဇာတ်ကားတွေဖြစ်ပါတယ်။(Taxi ဇာတ်ကားအားလုံးကို https://channelmyanmar.org/?s=taxi မှာ ကြည့်လို့ရပါတယ်။ )File size…(2.4 GB)/ (1.1 GB)
Quality….BluRay 1080p HEVC /720p
Format…mkv/mp4
Duration….01:28:25
Subtitle….Myanmar Subtitle(Hardsub)
Encoder….Ka Naung
Translated by Fridays
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။...
Anything Goes (2021)
⭐IMDB: 7.6/10 (558 Votes)
🎬 #Comedy #Music #Romance #Musical
🗓 2021 🎞 movie
📺 #720p #1080p
💿 1.7 GB ⦿ 2.4 GB
🌎 #UnitedKingdom
⏰ 2 နာရီ 19 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ငြီးငွေ့နေတဲ့စိတ်တွေကိုဖြေဖျောက်ပေးမဲ့ musical လေးတစ်ပုဒ်လာပါပြီ နားယဉ်စရာသီချင်းတွေ တေးသရုပ်ဖော်အကလေးတွေနဲ့အတူဇာတ်လမ်းတစ်ပုဒ်ကိုဖော်ကျူးထားပြီး IMDb 7.6 အထိရရှိထားပါတယ် ဒါရိုက်တာကတော့ Ross MacGibbon နဲ့ Kathleen Marshall ဖြစ်ပြီး 2022 ခုနှစ်မှာ ဒီ musical နဲ့ Kathleen Marshall က Best Theatre Choreographer ဆုကိုရရှိခဲ့တဲ့အပြင် သီချင်းတွေကိုနာမည်ကျော် Cole Porter ကရေးစပ်ထားတဲ့အတွက်ကြောင့်လည်းနာမည်ကြီးတဲ့ musical တစ်ပုဒ်ဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ S.S American ဆိုတဲ့ပင်လယ်ကူးသင်္ဘောပေါ်ကခရီးသည်တွေရဲ့ဖြစ်ရပ်လေးတွေကိုဖော်ပြထားပြီး ရီနိုဆိုတဲ့မိန်းမလှလေးကတော့တရားဟောရှိုးတွေလုပ်တဲ့သူတစ်ယောက်ပါ သူသဘောကျနေတဲ့ကောင်လေး ဘီလီကတော့ချစ်ရတဲ့ကောင်မလေးကြောင့်သင်္ဘောပေါ်ခိုးတက်လာခဲ့ပြီး ဟိုကလက်ထပ်တော့မယ်ဆိုတာကိုနောက်ကျမှသိလိုက်ရတဲ့သူဖြစ်ပါတယ် ရီနိုနဲ့ဘီလီတို့သင်္ဘောပေါ်မှာအချစ်ဇာတ်လမ်းတွေကိုမှန်ကန်အောင်လုပ်ဖို့ကြိုးစားကြရင်း သူတို့ကြုံတွေ့ကြရမဲ့ဇာတ်လမ်းလေးတွေကိုထူးခြားတဲ့တင်ဆက်မှုလေးတွေနဲ့ကြည့်ရှုရမှာပါ ပေါ့ပေါ့ပါးပါးနဲ့စိတ်ကိုရွှင်လန်းစေနိုင်တာကြောင့်လုံးဝကြည့်ကိုကြည့်သင့်တဲ့ musical တစ်ပုဒ်ပါပဲ...
Taxi (1998)
⭐TMDB: 67.0% User Score
🎬 #Action #Comedy #Crime #Adventure
🗓 1998 🎞 movie
📺 #1080p #720p
💿 2.3 GB ⦿ 863.2 MB
🌎 #France
⏰ 1 နာရီ 26 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Taxi (1998)
IMdb Rating (7.0) / Rotten Tomatoes (81%)
Taxi ဇာတ်ကားလို့ ဆိုလိုက်တာနဲ့ ပြင်သစ်က အူကြောင်ကြားရဲနဲ့ မာဆေးလမ်းမတွေပေါ်က မြန်နှုန်းမြင့် လန်ပျံနေတဲ့ တက္ကစီသမားတို့ကို ပြေးမြင်ကြမှာပါ။
Taxi ဇာတ်ကားတွေဟာ အက်ရှင်ဟာသရုပ်ရှင်ကားတွေထဲ Rating မြင့်ပြီး တကယ်လဲရယ်ရတဲ့ဇာတ်ကားတွေပါ…
ပြင်သစ်က ရိုက်ကူးထားတဲ့ Taxi ဇာတ်ကား ၅ ကားရှိပြီး ၁ ကနေ ၄ ထိကတော့ မင်းသား၊မင်းသမီး၊ဇာတ်ပို့တွေက အတူတူပါပဲ။
ပြင်သစ်မင်းသားတွေဖြစ်ကြတဲ့ Samy Naceri,Frédéric Diefenthal,Bernard Farcy ၊ မင်းသမီး Marion Cotillard,Emma Wiklund တို့ပါဝင်ထားပြီး တခါတလေ နာမည်ကြီးဧည့်သည်သရုပ်ဆောင်တချို့ ပါလာတတ်ပါတယ်။
Taxi-5 မှာတော့ လူတွေပြောင်းရိုက်ထားပြီး Theme လောက်ပဲ တူတော့သလိုဖြစ်တာကြောင့် သိပ်မကြိုက်ကြပါဘူး။
၁ ကနေ ၄ ထိကတော့ တကယ်ကိုရယ်ရတဲ့ ဗရုတ်သုတ်ခဇာတ်ကားတွေဖြစ်ပြီး တစ်ကားနဲ့တစ်ကားဆက်စပ်မှုရှိပါတယ်…
ဇာတ်လမ်းက ပေါ့ပေါ့ပါးပါးနဲ့ သွက်သွက်လက်လက်တင်ဆက်ထားမှုကြောင့် ကြည့်ရှုနေသူတွေ ချက်ချင်းလိုက်ပါစီးမျောသွားမှာပါ။
ပါသမျှသရုပ်ဆောင်တွေရဲ့ ရုပ်တည်ကြီးနဲ့ လုပ်လိုက်ရင် လွဲသမျှကလဲ ပါးစပ်မစေ့ရအောင် ရယ်နေရမှာပါ။
ပိတ်ရက်မှာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစား အနားယူဖို့ အသင့်တော်ဆုံး Comedy ဇာတ်ကားတွေဖြစ်ပါတယ်။
(Taxi ဇာတ်ကားအားလုံးကိုhttps://channelmyanmar.org/?s=taxiမှာ ကြည့်လို့ရပါတယ်။ )...
The Monkey King (2023)
⭐IMDB: 6.0/10 (328 Votes)
🎬 #Action #Adventure #Animation #Fantasy #Family #Comedy
🗓 2023 🎞 movie
📺 #720p #1080p
💿 974.6 MB ⦿ 2.0 GB
🌎 #China #HongKong #UnitedStates
⏰ 1 နာရီ 38 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
နက်ဖလစ်ရဲ့ ကာတွန်းရုပ်ရှင်အသစ်လာပါပြီ။
နာမည်အတိုင်းပါပဲ မရိုးနိုင်တဲ့ စွန်းဝူခုန်းဇာတ်လမ်းတွေထဲက တစ်ခုပါပဲ။
ဒါပေမဲ့ ဇာတ်လမ်းကိုနည်းနည်းပြောင်းထားပြီး ဟာသတွေ၊
အက်ရှင်ကောင်းကောင်းတွေကို ပုံကောင်းကောင်းနဲ့ ပြသထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ဖန်တရာတေပါပဲ
ကျောက်ဆောင်တစ်ခုကနေ မွေးဖွားလာတဲ့မျောက်ဟာ
စွမ်းအားတွေရှိနေပါတယ်။
ဒါပေမဲ့ သူ့ကို မျောက်တွေက လက်မခံသလို နတ်တွေကလည်း
လက်မခံတာကြောင့် တစ်ယောက်တည်းဖြစ်နေပါတယ်။
အဲဒီတော့ သူဟာ နတ်ပြည်မှာနေရာရဖို့ မသေမျိုးဖြစ်အောင်ကြိုးစားရင်းနဲ့
ငရဲမင်း၊ နဂါးမင်း၊ နတ်မင်းတွေ နတ်ဆိုးတွေနဲ့
တိုက်ခိုက်ရပုံကို ပြထားတာပါ။
ကြည့်လို့ကောင်းပါတယ်။
ကြည့်လိုက်ပါဦး။...
The House Among the Cactuses (2022)
⭐IMDB: 5.6/10 (202 Votes)
🎬 #Drama #Thriller
🗓 2022 🎞 movie
📺 #720p #1080p
💿 688.4 MB ⦿ 1.2 GB
🌎 #Spain
⏰ 1 နာရီ 25 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
september 2022 က ထွက်ရှိခဲ့တဲ့ စပိန်ရုပ်ရှင်ဇတ်ကားဖြစ်ပြီး IMDb rating 5.7/10 ရှိပါတယ်၊ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ Carlota Gonzalez-Adrio ဟာ best new director နဲ့ best new film ဆု ၂ဆု အတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်၊ ဇာတ်ကားရဲ့နာမည်က ရှားစောင်းပင်တွေကြားက အိမ်…တဲ့ နာမည်ကိုကြည့်လိုက်တာနဲ့တင် ပူပြင်းခြောက်သွေ့နေတဲ့ ပတ်ဝန်းကျင်၊ လူသူအရောက်အပေါက်နည်းတဲ့နေရာက အိမ်တစ်လုံးကို မြင်ယောင်မိမှာပါ၊ အဲ့ဒီအိမ်မှာနေတဲ့ လင်မယားမှာ သမီး ၅ယောက်ရှိတယ်၊ genre က drama, thriller ဆိုတော့ အပေါ်ကမိသားစုနေတဲ့အိမ်လေးမှာ သည်းထိတ်ရင်ဖိုစရာအဖြစ်အပျက်တွေ ဘယ်လိုဖြစ်လာမလဲဆိုတာ ဇာတ်ကားပြီးတဲ့အထိ စိတ်ဝင်တစားနဲ့ဆက်ကြည့်ဖြစ်သွားအောင် ရိုးရိုးလေးပဲ ဆွဲဆောင်သွားပါလိမ့်မယ်၊ ကြည့်ပြီးသွားတဲ့အခါ လူတွေကို အပြင်ပိုင်းအမြင်နဲ့ပဲကြည့်ပြီး လွယ်လွယ်မယုံတတ်ဖို့ကိုလည်း တွေးမိသွားစေလိမ့်မယ်ထင်ပါတယ်၊ ကြည့်ရှုအားပေးကြပါဦး...
The Last Hangover (2018)
⭐IMDB: 6.4/10 (2 k Votes)
🎬 #Comedy #Short
🗓 2018 🎞 movie
📺 #1080p
💿 639.7 MB
🌎 #Brazil
⏰ 44 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Last Supper နောက်ဆုံးညစာလို့ ကြားရင် ဘာကိုပြေးမြင်မိပါလဲ ..
သေချာပေါက်တော့ ၁၅ ရာစုရဲ့
နာမည်ကျော်ပန်းချီဆရာကြီး လီယိုနာဒိုဒါဗင်ချီဆွဲခဲ့တဲ့ ယေရှုခရစ်နဲ့
နောက်လိုက်တမန်တော် ၁၂ ပါးတို့ရဲ့ နောက်ဆုံးညစာစားပွဲပုံကို သတိရမိမှာပါပဲ..
ကားစင်တင်ခြင်းမခံရမီ တစ်ရက်အလိုမှာ ယေရှုရှင်ဟာ
သူ့ရဲ့ နောက်လိုက်တမန်တော်တွေနဲ့အတူ စားခဲ့တဲ့ နောက်ဆုံးညစာစားပွဲဟာ
လေးနက်မှု ဆွေးမြေ့မှုတွေနဲ့ ပြည့်နေပါတယ်..
၀ိုင်ခွက်နဲ့ ပါမုန့်ဟာ ယနေ့တိုင် ခရစ်ယာန်တို့ရဲ့ `ပွဲတော်´စားတယ်ဆိုတဲ့
ဓလေ့အနေနဲ့ လတစ်လရဲ့ ပထမဆုံး တနင်္ဂနွေတိုင်းမှာ ဘုရားကျောင်းတွေမှာ မြင်တွေ့ရမြဲပါ..
ဒီ The Last Hangover ဆိုတာကရော ဘာအကြောင်းများပါလဲ..
ဒီကားရဲ့ အစကိုတော့ အရက်နာကျပြီး တစ်ယောက်တစ်ပေါက် နိုးလာကြတဲ့ တမန်တော်တွေရဲ့
နောက်ဆုံးညစာစားပွဲအပြီး နောက်တစ်မနက် မြင်ကွင်းနဲ့ စဖွင့်ထားပါတယ်..
၄၄ မိနစ်သာ ကြာတဲ့ ဒီကားလေးဟာ တစ်ချို့တွေကို ဒေါသထွက်စေနိုင်ပါလိမ့်မယ်..
ဒါပေမယ့် အမြင်သစ်နဲ့ ရယ်မောချင်သပဆိုရင်တော့ funny twist လေးတွေပါတဲ့ ဒီကားလေးကို ညွှန်းပါရစေ..။
အချိန် ၄၄ မိနစ်ဟာ အမြင်သစ်တစ်ခုတွက် တန်ပါတယ်..။...
The Hangover Part III (2013)
⭐IMDB: 5.8/10 (327 k Votes)
🎬 #Comedy #Crime
🗓 2013 🎞 movie
📺 #1080p
💿 717.0 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 40 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb (5.8) … Rotten Tomatoes (20%)
အလွဲသုံးကောင်ရဲ့ တတိယမြောက်ဇာတ်ကားပါ။လွဲကောင်းနေတုန်းပါပဲ။...
The Hangover Part II (2011)
⭐IMDB: 6.5/10 (519 k Votes)
🎬 #Comedy
🗓 2011 🎞 movie
📺 #720p
💿 656.3 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 41 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb (6.4)..Rotten Tomatoes (33%)
Hangover 2009 ဇာတ်ကားမှာ လွဲလှတဲ့ သူငယ်ချင်းသုံးကောင် အခုနံပါတ်(၂)ဇာတ်ကားမှာလဲ
လွဲချက်ရယ်ကမ်းကုန်နေဆဲပါပဲ။...
The Hangover (2009)
⭐IMDB: 7.7/10 (817 k Votes)
🎬 #Comedy
🗓 2009 🎞 movie
📺 #720p
💿 994.9 MB
🌎 #UnitedStates #Germany #UnitedStatesofAmerica
⏰ 1 နာရီ 47 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb – 7.7/10_______Rotten – 78%
IMDb (7.7)..Rotten Tomatoes (78%)
Comedy ဇာတ်ကားတွေဟာ Rating မြင့်ဖို့ခက်ခဲပါတယ်….
ဒါပေမယ့် Hangover ဇာတ်ကားတွေကတော့ Comedy အမျိုးအစားဖြစ်ပေမယ့် Rating မြင့်တဲ့အထဲ ပါပါတယ်။
Rating မြင့်သလောက် တကယ်လဲခွီရတဲ့ဇာတ်ကားတွေပါ။
ဘရက်ဒလေကူးပါးခေါင်းဆောင်တဲ့ သူငယ်ချင်းသုံးကောင်ရဲ့ လွဲချက်ရယ်ကမ်းကုန်တွေကို ကြည့်ရင်း ခွီကြပါစို့။...
