ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
https://m.media-amazon.com/images/M/MV5BNGI3MWQ4N2QtOTY3Ni00OTVmLWI3ZWMtZjhhNzNiMjg1Y2UwXkEyXkFqcGdeQXVyMjEwNjUxOA@@._V1_FMjpg_UX1000_.jpg
Riki Rhino (2020)
⭐IMDB: 6.1/10 (52 Votes)
🎬 #Adventure #Animation #Family
🗓️ 2020 🎞️ Movie 📺 1080p FHD
🌎 Indonesia
⏰ 1 နာရီ 29 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Riki Rhino (2020)=============IMDb Rating – 6.1/10
ဇာတ်လမ်းအကျဉ်းလေးကတော့ အင်ဒိုနီးရှားကသစ်တောတစ်ခုမှာ လူတွေကအမဲလိုက်ရုံတင်မကဘူး သစ်တောတွေကိုမီးရှို့ဖျက်ဆီးကြတယ်။ အဲ့လိုမီးရှို့ကြတဲ့အတွက် ကြံ့မျိုးနွယ်ဟာမျိုးတုန်းသွားတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ကြံ့ကလေးရီကီက အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ဒီလိုနဲ့နှစ်တွေကြာလာတော့ရီကီဟာတစ်ကိုယ်တည်းနေထိုင်ရင်းနဲ့ တောရိုင်းတိရိစ္ဆာန်တွေကိုစိတ်ရော ကိုယ်ပါကူညီပေးတယ်ပေါ့။ သူ့ရဲ့ခွန်အားတွေနဲ့ မွန်မြတ်တဲ့စိတ်ထားတွေကြောင့် တောတစ်ခွင်မှာနာမည်ကြီးလာတယ်။
ဒီလိုနဲ့တစ်နေ့မှာ အမဲလိုက်မုဆိုးတစ်ယောက်ဟာ ရီကီကိုဖမ်းဖို့ကြိုးစားတဲ့အခါ ရုန်းကန်တိုက်ခိုက်ရင်းနဲ့ နောက်ဆုံးမှာရီကီလေးလွှတ်လာပါတယ်။ လွှတ်တာတယ်ဆိုပေမယ့် ရီကီရဲ့ကြံ့ချိုဟာ မုဆိုးဆီမှာကျန်ရစ်ခဲ့ပြီး ချိုမရှိတဲ့အတွက်သူ့ကိုယ်သူစိတ်ပျက်အားငယ်သွားနေခဲ့ရတာပေါ့။ နောက်မှာတော့ သူ့မိတ်ဆွေဘဲကလေး ဘန်နီနဲ့ချိုအသစ်ပြန်ပေါက်အောင်လုပ်ပေးနိုင်မယ့် မှော်ဆေးဆရာကို သစ်တောတစ်ခွင်မှာလိုက်ရှာရင်းနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုပေးပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwinဖြစ်ပါတယ်)
https://m.media-amazon.com/images/M/MV5BMTI4MGMzZTgtZmNjYy00NjI0LWJjM2ItY2JjMWVhZmY4MzNiXkEyXkFqcGdeQXVyODE5NzE3OTE@._V1_FMjpg_UX1000_.jpg
Rocket Gang (2022)
⭐IMDB: 5.5/10 (89 Votes)
🎬 #Bollywood #Comedy #Drama #Fantasy
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 India
⏰ 2 နာရီ 14 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rocket Gang (2022)Comedy, Drama, FantasyIMDb 5.5/10
အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ Student of the Year 2 ထဲမှာ ဒုတိယမင်းသားနေရာကသရုပ်ဆောင်ခဲ့တဲ့ မင်းသားချောလေး အာဒိသယစီးနဲ့ အင်မရန်းဟက်ရှမီနဲ့တွဲရိုက်ခဲ့တဲ့Dybbuk 2021 ဟော်ရာကားထဲက မင်းသမီးချောလေး နီကီသားဒက်တားတို့ရဲ့သရဲဟာသကားလေးပဲဖြစ်ပါတယ်။
ဒီဇာတ်ကားလေးက ဇာတ်လမ်းကိုယ်စီ အိပ်မက်တွေကိုယ်စီနဲ့ ရူးကြောင်ကြောင်သူငယ်ချင်းလေးငါးယောက်ရဲ့အကြောင်းပေါ့။
သူတို့သူငယ်ချင်းငါးယောက်စလုံးဟာ သူတို့ဖြစ်ချင်တဲ့ဆန္ဒတွေကို ဖြစ်မြောက်အောင်ကြိုးစားနေပေမယ့်လုံးဝကို လက်လှမ်းမမီနိုင်တဲ့အခြေအနေမှာ မိဘတွေကလည်း သူတို့ဆန္ဒနဲ့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့ကြပါတယ်။
ဒီလိုနဲ့ တစ်ရက်မှာ သူတို့ငါးယောက်စလုံး အပန်းဖြေဟိုတယ်ကြီးတစ်ခုမှာ အခမဲ့တည်းခိုခွင့်ရသွားပါတော့တယ်။
သူတို့ ဟိုတယ်ကြီးဆီရောက်သွားတော့ ဟိုတယ်ဝန်ထမ်းတွေဟာ ကလေးတွေသာ ဖြစ်နေပြီးဟိုတယ်တစ်ခုလုံးမှာလည်း စုစုပေါင်း ကလေးငါးယောက်ပဲရှိနေပါတယ်။
သူတို့ဟိုတယ်ကြီးဆီ ရောက်သွားတဲ့အချိန်ကစလို့ ထူးထူးဆန်းဆန်းတွေဖြစ်ပေါ်နေခဲ့ပြီးနောက်ဆုံးတော့ သူတို့ဟာ ကလေးသရဲငါးယောက်အပိုင်စီးထားတဲ့ ဟိုတယ်တစ်ခုထဲရောက်နေတယ်ဆိုတာကို သိလိုက်ရတဲ့အခါမှာတော့…။
ကဲ ဘာဆက်လုပ်ရမလဲ သိတယ်မလား။
ဒီဇာတ်ကားထဲမှာ cameo အနေနဲ့ ရန်ဗီးကပူးနဲ့နိုရာဖတေဟီတို့ကလည်း ပါဝင်အားဖြည့်ထားတယ်နော်။
ရှုစားလိုက်ပါဦးနော်…။
https://m.media-amazon.com/images/M/MV5BNjFiYTFhMWItZjkyNi00ODY2LWJiOTEtYTljYTBjNGJiMWMzXkEyXkFqcGdeQXVyNzA2MDE5NDg@._V1_FMjpg_UX1000_.jpg
Jiangmo dashi (2019)
⭐IMDB: ⁉️
🎬 #Action #Fantasy
🗓️ 2019 🎞️ Movie 📺 1080p FHD
🌎 China
⏰ 1 နာရီ 27 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဖန်တက်စီကားချစ်သူတို့အတွက်မိစ္ဆာနှိမ်နင်းသူကားကောင်းလေးတစ်ကားကို CMမှထပ်တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့……တစ်ခါတုန်းက နယ်စပ်မြို့ငယ်လေးတစ်ခုမှာဝက်မိစ္ဆာကြီးသောင်းကျန်းနေပါသတဲ့…..ဝက်မိစ္ဆာကြီးကိုနှိမ်နင်းဖို့အတွက် အနယ်နယ်အရပ်ရပ်ကမိစ္ဆာနှိမ်နင်းသူတွေကိုဖိတ်ခေါ်လိုက်တဲ့အခါအနယ်နယ်အရပ်ရပ်ကမိစ္ဆာနှိမ်နင်းသူတွေလာရောက်ကူညီကြပါတယ်။
ခရီးသွားတစ်ယောက်ဖြစ်တဲ့အားရှီဟာ ဖိတ်စာကိုကောက်ရပြီးသူ့ရဲ့မိစ္ဆာနှိမ်နင်းသူဖြစ်ချင်တဲ့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ရောက်လာတာပေါ့လမ်းမှာမုံ့ကျူးဆိုသူလေးနဲ့တွေ့ပြီး ချစ်ကျွမ်းဝင်ကမုံ့ကျူးဆီမှာတပည့်ခံလိုက်ပါတော့တယ်……ကျွမ်းကျင်ပညာရှင်တွေကြားမှာ စော်ကြူသိုင်းသာကျွမ်းကျွမ်းကျင်ကျင်တတ်တဲ့အားရှီတစ်ယောက်နှစ်တစ်ထောင်ဝက်မိစ္ဆာကြီးကိုဘယ်လိုနှိမ်နင်းမလဲဆိုတာကို…..ပေါ့ပေါ့ပါးပါးကြည့်ရှုခံစားလိုက်ပါဦးနော်
https://m.media-amazon.com/images/M/MV5BNGI3MWQ4N2QtOTY3Ni00OTVmLWI3ZWMtZjhhNzNiMjg1Y2UwXkEyXkFqcGdeQXVyMjEwNjUxOA@@._V1_FMjpg_UX1000_.jpg
Riki Rhino (2020)
⭐IMDB: 6.1/10 (52 Votes)
🎬 #Adventure #Animation #Family
🗓️ 2020 🎞️ Movie 📺 720p HD
🌎 Indonesia
⏰ 1 နာရီ 29 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Riki Rhino (2020)=============IMDb Rating – 6.1/10
ဇာတ်လမ်းအကျဉ်းလေးကတော့ အင်ဒိုနီးရှားကသစ်တောတစ်ခုမှာ လူတွေကအမဲလိုက်ရုံတင်မကဘူး သစ်တောတွေကိုမီးရှို့ဖျက်ဆီးကြတယ်။ အဲ့လိုမီးရှို့ကြတဲ့အတွက် ကြံ့မျိုးနွယ်ဟာမျိုးတုန်းသွားတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ကြံ့ကလေးရီကီက အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ဒီလိုနဲ့နှစ်တွေကြာလာတော့ရီကီဟာတစ်ကိုယ်တည်းနေထိုင်ရင်းနဲ့ တောရိုင်းတိရိစ္ဆာန်တွေကိုစိတ်ရော ကိုယ်ပါကူညီပေးတယ်ပေါ့။ သူ့ရဲ့ခွန်အားတွေနဲ့ မွန်မြတ်တဲ့စိတ်ထားတွေကြောင့် တောတစ်ခွင်မှာနာမည်ကြီးလာတယ်။
ဒီလိုနဲ့တစ်နေ့မှာ အမဲလိုက်မုဆိုးတစ်ယောက်ဟာ ရီကီကိုဖမ်းဖို့ကြိုးစားတဲ့အခါ ရုန်းကန်တိုက်ခိုက်ရင်းနဲ့ နောက်ဆုံးမှာရီကီလေးလွှတ်လာပါတယ်။ လွှတ်တာတယ်ဆိုပေမယ့် ရီကီရဲ့ကြံ့ချိုဟာ မုဆိုးဆီမှာကျန်ရစ်ခဲ့ပြီး ချိုမရှိတဲ့အတွက်သူ့ကိုယ်သူစိတ်ပျက်အားငယ်သွားနေခဲ့ရတာပေါ့။ နောက်မှာတော့ သူ့မိတ်ဆွေဘဲကလေး ဘန်နီနဲ့ချိုအသစ်ပြန်ပေါက်အောင်လုပ်ပေးနိုင်မယ့် မှော်ဆေးဆရာကို သစ်တောတစ်ခွင်မှာလိုက်ရှာရင်းနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုပေးပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwinဖြစ်ပါတယ်)
https://m.media-amazon.com/images/M/MV5BMjA3ODI3ODg1MV5BMl5BanBnXkFtZTcwMDk0ODQ0NQ@@._V1_FMjpg_UX1000_.jpg
The Crown Jewels (2011)
⭐IMDB: 5.9/10 (3 k Votes)
🎬 #Drama
🗓️ 2011 🎞️ Movie 📺 1080p FHD
🌎 Sweden
⏰ 2 နာရီ 01 မိနစ် 04 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Crown Jewels (2011)==================
ဖရာဂန်ဆီယာဆိုတဲ့ကောင်မလေးကို လူသတ်မှုကြောင့်စစ်ဆေးတာကနေဇာတ်လမ်းစထားပါတယ်။ အဲဒီမှာ ဖရာဂန်ဆီယာက အခင်းဖြစ်ပုံကိုစမပြောဘဲသူမွေးတဲ့အချိန်ကနေ နောက်ကြောင်းပြန်ပါတော့တယ်။ ကျွန်တော်သာ သူ့ကိုမေးနေတဲ့စုံထောက်ဆိုရင် စိတ်မရှည်ပါဘူး။ ဒါပေမဲ့ ကြည့်တဲ့သူနေရာကနေဆိုရင်တော့ ဇာတ်ကားကကြည့်လို့ကောင်းပါတယ်။ မိသားစုနှစ်ခုရဲ့ မတူညီတဲ့အပြုအမူတွေရယ် ဖရာဂန်ဆီယာ၊ စက်ရုံပိုင်ရှင်သားနဲ့ နာမည်ကြီးဟောကီကစားသမားလေးတို့ရဲ့ သုံးပွင့်ဆိုင် (လေးပွင့်ဆိုင်လို့လည်းပြောလို့ရတဲ့) ဇာတ်လမ်းကိုတွေ့ရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)
https://m.media-amazon.com/images/M/MV5BMTI4MGMzZTgtZmNjYy00NjI0LWJjM2ItY2JjMWVhZmY4MzNiXkEyXkFqcGdeQXVyODE5NzE3OTE@._V1_FMjpg_UX1000_.jpg
Rocket Gang (2022)
⭐IMDB: 5.5/10 (89 Votes)
🎬 #Bollywood #Comedy #Drama #Fantasy
🗓️ 2022 🎞️ Movie 📺 720p HD
🌎 India
⏰ 2 နာရီ 14 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rocket Gang (2022)Comedy, Drama, FantasyIMDb 5.5/10
အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ Student of the Year 2 ထဲမှာ ဒုတိယမင်းသားနေရာကသရုပ်ဆောင်ခဲ့တဲ့ မင်းသားချောလေး အာဒိသယစီးနဲ့ အင်မရန်းဟက်ရှမီနဲ့တွဲရိုက်ခဲ့တဲ့Dybbuk 2021 ဟော်ရာကားထဲက မင်းသမီးချောလေး နီကီသားဒက်တားတို့ရဲ့သရဲဟာသကားလေးပဲဖြစ်ပါတယ်။
ဒီဇာတ်ကားလေးက ဇာတ်လမ်းကိုယ်စီ အိပ်မက်တွေကိုယ်စီနဲ့ ရူးကြောင်ကြောင်သူငယ်ချင်းလေးငါးယောက်ရဲ့အကြောင်းပေါ့။
သူတို့သူငယ်ချင်းငါးယောက်စလုံးဟာ သူတို့ဖြစ်ချင်တဲ့ဆန္ဒတွေကို ဖြစ်မြောက်အောင်ကြိုးစားနေပေမယ့်လုံးဝကို လက်လှမ်းမမီနိုင်တဲ့အခြေအနေမှာ မိဘတွေကလည်း သူတို့ဆန္ဒနဲ့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့ကြပါတယ်။
ဒီလိုနဲ့ တစ်ရက်မှာ သူတို့ငါးယောက်စလုံး အပန်းဖြေဟိုတယ်ကြီးတစ်ခုမှာ အခမဲ့တည်းခိုခွင့်ရသွားပါတော့တယ်။
သူတို့ ဟိုတယ်ကြီးဆီရောက်သွားတော့ ဟိုတယ်ဝန်ထမ်းတွေဟာ ကလေးတွေသာ ဖြစ်နေပြီးဟိုတယ်တစ်ခုလုံးမှာလည်း စုစုပေါင်း ကလေးငါးယောက်ပဲရှိနေပါတယ်။
သူတို့ဟိုတယ်ကြီးဆီ ရောက်သွားတဲ့အချိန်ကစလို့ ထူးထူးဆန်းဆန်းတွေဖြစ်ပေါ်နေခဲ့ပြီးနောက်ဆုံးတော့ သူတို့ဟာ ကလေးသရဲငါးယောက်အပိုင်စီးထားတဲ့ ဟိုတယ်တစ်ခုထဲရောက်နေတယ်ဆိုတာကို သိလိုက်ရတဲ့အခါမှာတော့…။
ကဲ ဘာဆက်လုပ်ရမလဲ သိတယ်မလား။
ဒီဇာတ်ကားထဲမှာ cameo အနေနဲ့ ရန်ဗီးကပူးနဲ့နိုရာဖတေဟီတို့ကလည်း ပါဝင်အားဖြည့်ထားတယ်နော်။
ရှုစားလိုက်ပါဦးနော်…။
https://m.media-amazon.com/images/M/MV5BMjA3ODI3ODg1MV5BMl5BanBnXkFtZTcwMDk0ODQ0NQ@@._V1_FMjpg_UX1000_.jpg
The Crown Jewels (2011)
⭐IMDB: 5.9/10 (3 k Votes)
🎬 #Drama
🗓️ 2011 🎞️ Movie 📺 720p HD
🌎 Sweden
⏰ 2 နာရီ 01 မိနစ် 04 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Crown Jewels (2011)==================
ဖရာဂန်ဆီယာဆိုတဲ့ကောင်မလေးကို လူသတ်မှုကြောင့်စစ်ဆေးတာကနေဇာတ်လမ်းစထားပါတယ်။ အဲဒီမှာ ဖရာဂန်ဆီယာက အခင်းဖြစ်ပုံကိုစမပြောဘဲသူမွေးတဲ့အချိန်ကနေ နောက်ကြောင်းပြန်ပါတော့တယ်။ ကျွန်တော်သာ သူ့ကိုမေးနေတဲ့စုံထောက်ဆိုရင် စိတ်မရှည်ပါဘူး။ ဒါပေမဲ့ ကြည့်တဲ့သူနေရာကနေဆိုရင်တော့ ဇာတ်ကားကကြည့်လို့ကောင်းပါတယ်။ မိသားစုနှစ်ခုရဲ့ မတူညီတဲ့အပြုအမူတွေရယ် ဖရာဂန်ဆီယာ၊ စက်ရုံပိုင်ရှင်သားနဲ့ နာမည်ကြီးဟောကီကစားသမားလေးတို့ရဲ့ သုံးပွင့်ဆိုင် (လေးပွင့်ဆိုင်လို့လည်းပြောလို့ရတဲ့) ဇာတ်လမ်းကိုတွေ့ရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)
https://m.media-amazon.com/images/M/MV5BMjJmOTYwZmMtMWQ3Ni00YzJiLThhNWEtZjU1MGU3ZjEwMDI2XkEyXkFqcGdeQXVyMTQxNzMzNDI@._V1_FMjpg_UX1000_.jpg
Good Burger (1997)
⭐IMDB: 5.7/10 (30 k Votes)
🎬 #Comedy #Family
🗓️ 1997 🎞️ Movie 📺 1080p FHD
🌎 United States
⏰ 1 နာရီ 35 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Teen Movie တွေသဘောကျတယ် ဇာတ်အိမ်အကြီးကြီးတွေ လှည့်ကွက်တွေမပါဘဲ ပေါ့ပေါ့ပါးပါးဟာသကားလေးတွေ ကြည့်ချင်တယ်ဆိုတဲ့ ရုပ်ရှင်ချစ်သူတွေအတွက် Good Burger ဆိုတဲ့ movie လေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ။ ဒီကားမှာက loveline တွေလည်းမပါဘဲ အက်ဒ်နဲ့ ဒက်စ်တာဆိုတဲ့ လူငယ်လေးနှစ်ယောက်ကြားက သူငယ်ချင်းသံယောဇဉ်ကို အဓိကထားရိုက်ကူးထားတာဖြစ်ပါတယ်။ အက်ဒ်က ဂွတ်ဘာဂါဆိုတဲ့ အသင့်စားသရေစာဆိုင်လေးက ခပ်အအဝန်ထမ်းတစ်ယောက်ဖြစ်ပြီး ဒက်စ်ကတော့ အထက်တန်းကျောင်းသားတစ်ယောက်ပါ။ နွေရာသီအားလပ်ရက်မှာ အေးအေးဆေးဆေးလေး chill ဖို့ အစီအစဉ်တွေဆွဲရင်း အပျော်ကြီးပျော်နေတဲ့ဒက်စ်ဟာ အက်ဒ်ရဲ့ပယောဂမကင်းတဲ့ ကားမတော်တဆမှုတစ်ခုကြောင့် လျော်ကြေးပေးဖို့အတွက် ဂွတ်ဘာဂါမှာအလုပ်လုပ်ရဖို့ ဖြစ်လာပါတော့တယ်။ ဒီအချိန်မှာပဲ ဂွတ်ဘာဂါနဲ့မျက်နှာချင်းဆိုင်မှာ မွန်ဒိုဘာဂါဆိုတဲ့ ဆိုင်အကြီးကြီးတစ်ဆိုင်လာဖွင့်ပြီး ဂွတ်ဘာဂါကိုအလဲထိုးဖို့ အဖက်ဖက်ကကြိုးစားလာတဲ့အခါမှာတော့ လူစွမ်းကောင်းလည်းမဟုတ် စွမ်းအားရှင်လည်းမဟုတ်တဲ့ ဒီလူငယ်လေးနှစ်ယောက် ဂွတ်ဘာဂါကိုကယ်တင်ဖို့ ကြိုးစားကြပုံကို ဟာသအဖုံဖုံနဲ့တွဲဖက်တင်ဆက်ပေးထားတာမို့ ကြည့်ရှုခံစားရင်း အပန်းဖြေလိုက်ကြပါဦးဗျာ။
https://m.media-amazon.com/images/M/MV5BMjJmOTYwZmMtMWQ3Ni00YzJiLThhNWEtZjU1MGU3ZjEwMDI2XkEyXkFqcGdeQXVyMTQxNzMzNDI@._V1_FMjpg_UX1000_.jpg
Good Burger (1997)
⭐IMDB: 5.7/10 (30 k Votes)
🎬 #Comedy #Family
🗓️ 1997 🎞️ Movie 📺 720p HD
🌎 United States
⏰ 1 နာရီ 35 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Teen Movie တွေသဘောကျတယ် ဇာတ်အိမ်အကြီးကြီးတွေ လှည့်ကွက်တွေမပါဘဲ ပေါ့ပေါ့ပါးပါးဟာသကားလေးတွေ ကြည့်ချင်တယ်ဆိုတဲ့ ရုပ်ရှင်ချစ်သူတွေအတွက် Good Burger ဆိုတဲ့ movie လေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ။ ဒီကားမှာက loveline တွေလည်းမပါဘဲ အက်ဒ်နဲ့ ဒက်စ်တာဆိုတဲ့ လူငယ်လေးနှစ်ယောက်ကြားက သူငယ်ချင်းသံယောဇဉ်ကို အဓိကထားရိုက်ကူးထားတာဖြစ်ပါတယ်။ အက်ဒ်က ဂွတ်ဘာဂါဆိုတဲ့ အသင့်စားသရေစာဆိုင်လေးက ခပ်အအဝန်ထမ်းတစ်ယောက်ဖြစ်ပြီး ဒက်စ်ကတော့ အထက်တန်းကျောင်းသားတစ်ယောက်ပါ။ နွေရာသီအားလပ်ရက်မှာ အေးအေးဆေးဆေးလေး chill ဖို့ အစီအစဉ်တွေဆွဲရင်း အပျော်ကြီးပျော်နေတဲ့ဒက်စ်ဟာ အက်ဒ်ရဲ့ပယောဂမကင်းတဲ့ ကားမတော်တဆမှုတစ်ခုကြောင့် လျော်ကြေးပေးဖို့အတွက် ဂွတ်ဘာဂါမှာအလုပ်လုပ်ရဖို့ ဖြစ်လာပါတော့တယ်။ ဒီအချိန်မှာပဲ ဂွတ်ဘာဂါနဲ့မျက်နှာချင်းဆိုင်မှာ မွန်ဒိုဘာဂါဆိုတဲ့ ဆိုင်အကြီးကြီးတစ်ဆိုင်လာဖွင့်ပြီး ဂွတ်ဘာဂါကိုအလဲထိုးဖို့ အဖက်ဖက်ကကြိုးစားလာတဲ့အခါမှာတော့ လူစွမ်းကောင်းလည်းမဟုတ် စွမ်းအားရှင်လည်းမဟုတ်တဲ့ ဒီလူငယ်လေးနှစ်ယောက် ဂွတ်ဘာဂါကိုကယ်တင်ဖို့ ကြိုးစားကြပုံကို ဟာသအဖုံဖုံနဲ့တွဲဖက်တင်ဆက်ပေးထားတာမို့ ကြည့်ရှုခံစားရင်း အပန်းဖြေလိုက်ကြပါဦးဗျာ။
https://m.media-amazon.com/images/M/MV5BMGMzZDY2YWQtOWY3MS00YzY4LTk0Y2YtODUxOGEwZDA4YTJmXkEyXkFqcGdeQXVyMjEzNjQ3ODQ@._V1_FMjpg_UX1000_.jpg
Heart of the Gun (2021)
⭐IMDB: 4.6/10 (91 Votes)
🎬 #Western
🗓️ 2021 🎞️ Movie 📺 1080p FHD
🌎 United States
⏰ 1 နာရီ 34 မိနစ် 52 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Heart of the Gun (2021)
ဒီဇာတ်ကားလေးကတော့Western setting ပုံစံမျိုးဖြစ်ပြီး Psychological Thriller နဲ့ ဒရမ်မာ အရော ဖြစ်ပါတယ်..
ဇာတ်လမ်းအကျဉ်းကတော့…ဂျက် ထရေဗားစ် က ဆရာဝန်တစ်ယောက်ဖြစ်ပြီး တပ်ပြေးလဲ ဖြစ်ပါတယ်။ တပ်ကထွက်ပြေးလာသည်မှာ နှစ်ပေါင်းအတော်ကြာပြီး ခြေရာခံအဖွဲ့ကလဲ သူ့ကို လိုက်လံရှာဖွေဖို့ကြိုးစားနေပါတယ်
ဂျက်ကလဲ တောရိုင်းနယ်စပ်ဒေသဘက်မှာ သူ့ကိုချန်ခဲ့တဲ့ ဇနီးသည်ကိုလိုက်ရှာရင်း….
လှည်းတစ်စီးပေါ်မှာ ဒဏ်ရာများနဲ့ အသက်မသေဘဲ ကျန်ရစ်ခဲ့သူ ဆာရာ ဆိုတဲ့ အမျိုးသမီးကို ကယ်ခဲ့ရမှ..
ထိုအမျိုးသမီးကလဲ အရှုပ်အရှင်း အတိတ်ပေါင်းများစွာနဲ့ တောလမ်းခရီးမှာ ဂျက်နဲ့အတူတူ ပျောက်ဆုံးနေတဲ့ အမျိုးသမီးကို ဘယ်လိုရှာဖွေမလဲ.. အခက်အခဲ အတားအဆီးတွေ ဘယ်လိုကြုံတွေ့ရမလဲဆိုတာ..
Reviewed & Translated by P&J
Encoded by Hubin
https://image.tmdb.org/t/p/original/99PE8haWB7nLky627wJBsWn2awJ.jpg
The Kindred (2021)
⭐IMDB: 4.8/10 (530 Votes)
🎬 #Thriller
🗓️ 2021 🎞️ Movie 📺 1080p FHD
🌎 United Kingdom
⏰ 1 နာရီ 34 မိနစ် 17 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
The Kindred (2021)The kindred ဆိုတဲ့ ဇာတ်ကားက လျှို့ဝှက်သည်းဖို အမျိုးအစားပါ၊ဖခင်ဖြစ်သူက မိမိမျက်စိရှေ့မှာပဲ ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့တာကို မြင်မိတဲ့ ဟယ်လင်ဆိုတဲ့ အမျိုးသမီးရဲ့ ဇာတ်လမ်းပါ၊ သူ့အဖေ သတ်သေတာမြင်သွားတဲ့ ဟယ်လင်တစ်ယောက်လည်း ကားတိုက်ခံရပြီး တစ်နှစ်ကျော်ကြာ ကိုမာဝင်သွားခဲ့ပြီး သတိရလာတဲ့အခါ မှတ်ဉာဏ် အနည်းငယ်ပျောက်ဆုံးသွားခဲ့ပါတယ်၊ဆေးရုံက အဆင်း သူ့အဖေအိမ်မှာပဲပြန်နေရင်းက ကလေးသရဲတစ်ယောက်ရဲ့ ခြောက်လှန့်ခြင်းကိုခံရရင်း သူ့အဖေ ဘာကြောင့် သတ်သေရတယ်ဆိုတာကို စုံစမ်းပါတော့တယ်၊ဟယ်လင်တစ်ယောက်သူ မမှတ်မိတော့တဲ့အကြောင်းတွေကို စုံစမ်းရင်း ဘယ်လို လျှို့ဝှက်ချက်တွေကို ဖော်ထုတ်မိမလဲဆိုတာ စိတ်ဝင်တစား လိုက်ပါ ခံစားရမယ့် ဇာတ်ကားလိူ့ပဲ ညွှန်းခြင်ပါတယ်ရှင်၊ လျှို့ဝှက်သည်းဖို ကြိုက်သူတွေ အကြိုက်တွေ့မယ့် ဇာတ်လမ်းမို့ ကြည့်ရှု ခံစားကြည့်ပါ။Reviewed & Translated by PhyuWinEiEncoded by Hubin
https://m.media-amazon.com/images/M/MV5BZWFlN2ZiYjItMWU3OC00MDg2LTg0MGYtZTkwM2ZmZGFjMTY2XkEyXkFqcGdeQXVyMTk1NzUwMA@@._V1_FMjpg_UX1000_.jpg
Terror Train (2022)
⭐IMDB: 4.4/10 (713 Votes)
🎬 #Horror #Mystery
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 Canada
⏰ 1 နာရီ 30 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Terror Train (2022)
ဒီဇာတ်ကားဟာ Terror Train (1980) ကို Remake လုပ်ထားတဲ့ဇာတ်ကားပါ။ ရိုးရှင်းတဲ့ Plot တွေကနေ ဖောက်ထွက်ချင်ရင်၊ ပြီးခါနီးထိ ရင်ခုန်ချင်ရင် ဒီဇာတ်ကားဟာ သင်တို့အတွက် Underrated ထဲမှာ ကြည့်ပျော်တဲ့ဇာတ်ကားတစ်ကားဖြစ်မှာပါ။
လူငယ်ကျောင်းသားအဖွဲ့အစည်းတစ်ခုဟာ သူတို့ထဲကို အသစ်ဝင်လာတဲ့ ကျောင်းသားသစ်တွေကို Prank တွေ Challenge တွေကိုဖြတ်ကျော်ပြီးမှ ဝင်စေတာပါ။ ဒီလိုပဲ နှစ်အတော်ကြာ ဒီလိုလုပ်ရပ်တွေနဲ့ ပျော်ခဲ့ပါးခဲ့ကြတာပါပဲ။ ဒါပေမယ့် တစ်နှစ်မှာ Kenny ဆိုတဲ့ကျောင်းသားသစ်လေးတစ်ယောက်နဲ့ Alana ဆိုတဲ့ လှပတဲ့ကျောင်းသူသစ်လေးကို အဖွဲ့ထဲထည့်ဖို့ အပြောင်အပျက်တွေလုပ်ရင်းကနေ အမှားတစ်ခုကြောင့် Kenny ဟာ စိတ္တဇဆေးရုံကိုရောက်ရတဲ့အထိပါဖြစ်သွားပါတယ်။ Alana ဟာ သူ့ကြောင့် Kenny ဒီလိုဖြစ်သွားရတာကို စိတ်မကောင်းပေမယ့် အဖွဲ့ရဲ့ ဥက္ကဌ ဖြစ်တဲ့ Doc နဲ့ တခြား Senior တွေကြောင့် လက်ပိုက်ကြည့်ရုံမှအပ ဘာမှမတတ်နိုင်ခဲ့ပါဘူး။
ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက်နဲ့ပဲ နောက်သုံးနှစ်အကြာမှာတော့ သူတို့ကျောင်းသားကျောင်းသူတွေဟာ Halloween ညတစ်ညမှာ အပျော်စီးရထားခရီးစဉ်တစ်ခုကို စီစဉ်ပြီး ခရီးထွက်ကြပါတယ်။ ဒီအပျော်ကနေ အပျက်ဖြစ်အောင် ဘယ်အရာကလုပ်ခဲ့တာလဲ ဘယ်က ဘယ်သူ ဘာကြောင့်မှန်းမသိတဲ့ အသက်ဘေးအန္တရာယ်ကို ကျရောက်စေသူဟာ ဘယ်သူလဲ… အတိတ်က Kenny လားဆိုတာကို ရင်တထိတ်ထိတ်နဲ့ဆက်ကြည့်ရမှာပဲဖြစ်ပါတယ်… Everyone is suspect ဆိုတဲ့ Theme ကို ကြည့်ရှုသူကိုယ်တိုင်ပါ ခံစားနိုင်မှာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုNyan Hlyan Chitမှ ပြန်ဆို ရေးသားထားပါတယ်)
https://image.tmdb.org/t/p/original/eus82zsOOXMd4GnjtHAXd4VYWcQ.jpg
Snake: Fall of a City ( 2020 )
⭐IMDB: ⁉️
🎬 #Action #Adventure #Fantasy
🗓️ 2020 🎞️ Movie 📺 1080p FHD
🌎 China
⏰ 1 နာရီ 22 မိနစ် 01 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လင်ချွမ်ဟာကားပြိုင်သမားတစ်ယောက်ဖြစ်ပြီးပြိုင်ဘက်ဖြစ်တဲ့လျန်ဇီကိုတိတ်တခိုးသဘောကျနေသူပါ။သူဟာပြိုင်ပွဲတစ်ခုမှာလျန်ဇီနောက်လိုက်ရင်းနဲ့ သဲကန္တာရထဲကိုရောက်ရှိလာခဲ့ပါတယ်။
သူတို့စခန်းချနားတဲ့နေရာကိုညနက်မှာ သတ္တဝါကြီးတစ်ကောင်ရဲ့တိုက်ခိုက်ခံရပြီး လင်ချွမ်တို့အဖွဲ့ဟာမနည်းအသက်လုပြေးလာကြရပါတယ်။ဒါပေမဲ့ လျန်ဇီကတော့ဘယ်ရောက်သွားမှန်းမသိပါဘူး။လျန်ဇီကိုရှာဖို့ခရီးဆက်လာရင်းနဲ့စွန့်ပစ်စက်ရုံတစ်ခုနားရောက်လာခဲ့ပါတယ်။
အဲ့ဒီစက်ရုံပျက်နားမှာ ရှားပါးတွင်းထွက်ပစ္စည်းတွေကိုတူးယူချင်တဲ့စီးပွားရေးသမား စုန်းကွမ်တို့အုပ်စုလည်းရှိနေပါတယ်။သူတို့နှစ်အုပ်စုဟာ ညအချိန်ရောက်လာတဲ့အခါမှာတော့ သေလောက်ဖွယ်ရာကြောက်မက်ဖွယ်မြွေဆိုးကြီးနဲ့ရင်ဆိုင်ရပါတော့တယ်။
မြွေဆိုးအန္တရာယ်ကြောင့် စက်ရုံထဲပိတ်မိနေကြတဲ့အခါ ၊ဝေးလံခေါင်ဖျားတဲ့လူသူမဲ့စွန့်ပစ်နေရာမှာရောက်နေကြတဲ့သူတို့မြွေအန္တရာယ်ကိုဘယ်လိုရင်ဆိုင်ပြီးရှင်သန်ဖို့ကြိုးစားကြမလဲ။လွတ်မြောက်ဖို့ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲဆိုတာကို ကြည့်ရှုလိုက်ကြရအောင်။
https://m.media-amazon.com/images/M/MV5BODdkMGY4ZWUtOWYxMi00YTBmLTk0NDItOWY1YTcwMmY4ZTEyXkEyXkFqcGdeQXVyNTk1MjA5MjM@._V1_FMjpg_UX1000_.jpg
Zhang Sanfeng 2: Tai Chi Master (2020)
⭐IMDB: 5.6/10 (55 Votes)
🎬 #Action
🗓️ 2020 🎞️ Movie 📺 1080p FHD
🌎 China
⏰ 1 နာရီ 28 မိနစ် 16 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Zhang Sanfeng 2: Tai Chi Master (2020)ယွမ်မင်းဆက်နှောင်းပိုင်းတွင် Xiuluomu ဟုခေါ်သော လျှို့ဝှက်ဆန်းကြယ်အဖွဲ့တစ်ဖွဲ့က ၎င်းတို့တွင် ကိုယ်ခံပညာလောကရဲ့ တန်ဖိုးအရှိဆုံး ရတနာ Baji Black Box ရှိသည်ဟုဆိုကာ… ထိပ်တန်း ကိုယ်ခံပညာ ရှင်များကို ပွဲသို့တက်ရောက်ရန် ဖိတ်ခေါ်ထားပြီး…လျှို့ဝှက်စွာနဲ့ အဆိပ်လုပ်လိုက်ရာ တက်ရောက်သူအားလုံး လူတစ်ပိုင်း မိစ္ဆာတစ်ပိုင်းဖြစ်ကာ စိတ်ရိုင်းတွေဝင်ပြီး ဘာတွေဆက်ဖြစ်မလဲ…ရတနာ သေတ္တာရဲ့ လျှို့ဝှက်ချက်ကရော ဘာများဖြစ်မလဲဆိုတာ…Translated & Encoded by AungMyintOo
https://image.tmdb.org/t/p/original/6JKx00vSLzKX3jSMJIhpwPU9Qzq.jpg
Dead Bride (2022)
⭐IMDB: 3.7/10 (152 Votes)
🎬 #Horror #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 Italy
⏰ 1 နာရီ 23 မိနစ် 17 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Dead Bride (2022)ဒီတခါ တင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ Italy horror thriller ဇာတ်လမ်းလေးပဲဖြစ်ပါတယ်Alyson တို့မိသားစု တစ်စု ဖခင်သေဆုံးပြီးနောက် ငယ်ဘဝတုန်းက အိမ်သို့ပြောင်းလာခဲ့ရာ…အိမ်ကြီးထဲတွင် ထူးဆန်းသောအဖြစ်အပျက်များ နောက်ကို လိုက်ရင်း…Alysonအဘိုးသတ်ခဲ့သော အမျိုးသမီးတစ်ယောက်အကြောင်းသိသွားရာမှ…ဘာတွေဆက်ဖြစ်မလဲဆိုတာ သည်းထိတ်ရင်ဖို ဇာတ်ကွက်များနဲ့အတူ movieလေးမှာ ကြည့်လိုက်ကြရအောင်Translated & Encoded by AungMyintOo
https://image.tmdb.org/t/p/original/eXN4DJn9f5ytbj1IDy3LIWR8O5L.jpg
Decibel (2022)
⭐IMDB: 6.6/10 (487 Votes)
🎬 #Action #Drama #Horror
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 South Korea
⏰ 1 နာရီ 50 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Decibel (2022)
Subtitle လိုအပ်ချက်များ ပြင်ဆင်၍ တစ်ဖန် ပြန်လည်တင်ဆက်ပေးခြင်းဖြစ်ပါသည်။
Kim Rae Won ဆိုတာတော့ အထူးအထွေ ညွှန်းနေစရာလိုမယ်မထင်ပါဘူး။ သူ့အပြင်ကို Big Mouth မင်းသားကြီး Lee Jong Suk လည်း အဓိက ပါဝင်ထားတဲ့ အက်ရှင် ဇာတ်လမ်းလေးဖြစ်ပြီး ရုံတင်ပြသစဉ်မှာ ပရိသတ်အတော် အကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းလေးပါ။
ဇာတ်လမ်းအညွှန်း …
ပစိဖိတ်သမုဒ္ဒရာထဲမှာ တောင်ကိုရီးယား ရေတပ်က ရေငုတ်သင်္ဘောတစ်စီးဟာ စစ်ရေးလေ့ကျင့်နေခဲ့တယ်။ ပစ်ခတ်စဉ်တွေပါတဲ့ ဒီလေ့ကျင့်မှုဟာအချိန်အတော်ကြာပြီးတဲ့နောက်မှာ တောင်ကိုရီးယားကိုပြန်လာခဲ့တယ်။
ကိုရီးယားကျွန်းဆွယ်ကို ပြန်လာစဉ်မှာပဲ မုန်တိုင်းကလည်းတိုက်ဆိုင်စွာ ကြမ်းနေတဲ့အချိန်ဖြစ်နေတယ်။ ဒါအပြင် ရေငုတ်သင်္ဘာဟာ အမည်မသိ ချေမှုန်းရေးသင်္ဘောမှ အကြမ်းစားတော်ပီဒိုကြီးတစ်လုံး ပစ်ခတ်ခြင်းခံလိုက်ရတယ်။
လုံးဝမမျှော်လင့်ထားတဲ့ တိုက်ခိုက်ခံရမှုဖြစ်တဲ့အပြင် တန်ပြန်တိုက်ခိုက်ရေး လက်နက်တွေကလည်း စစ်ဆင်ရေးမှာသုံးခဲ့လေတော့ ရေငုတ်သင်္ဘောဟာ တော်ပီဒိုကြီးထိမှန်ဖို့ အရေးကနေ အသည်းအသန်ထွက်ပြေးရပါတော့တယ်။
အဲ့ဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတော့ …
(ဇာတ်လမ်းအညွှန်းကို ကိုPhyo Pyaeက ရေးပေးထားပါတယ်။)
https://image.tmdb.org/t/p/original/whD1nyZTr6nQLnVyq6HTRAsO5Ps.jpg
Kirin Mirage Town
⭐IMDB: ⁉️
🎬 #Fantasy
🗓️ 2021 🎞️ Movie 📺 1080p FHD
🌎 ⁉️️
⏰ 1 နာရီ 26 မိနစ် 50 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Magic Town (2021)Li Jiao Ran နဲ့ Zhou Kun တို့နှစ်ယောက်က ငယ်စဉ်ကတည်းက မတည့်အတူနေ သူငယ်ချင်းငယ်ပေါင်းနှစ်ယောက်ဖြစ်သည်။ အရွယ်ရောက်တဲ့ အချိန်ရောက်တဲ့အခါမှာတော့ Li Jiao Ranက မကောင်းမှုဒုစရိုက်များကိုနှိမ်နိင်းဖယ်ရှားနေခဲ့ပြီး Zhou Kunကတော့ စိုက်ပျိုးရေးလုပ်ငန်းများအပေါ်မှာ အာရုံစိုက်ထားခဲ့တယ်။ ငယ်စဉ်ကတည်းက မတည့်အတူနေဖြစ်ခဲ့ကြသော်လည်း ထူးဆန်း ဆန်းကြယ်သော လူသတ်မှုတခုဖြစ်ပေါ်လာချိန်မှာတော့ သူငယ်ချင်းနှစ်ယောက်ပေါင်းပြီး စုံစမ်းစစ်ဆေးမှုများ အတူပြုလုပ်ကြပါတော့တယ်။Li Jiao Ran ကတော့ ထိုကဲ့သို အမှုတွေနဲ့ထိတွေမှု အမြဲရှိခဲ့ပြီး အန္တာရာယ်တွေကိုလည်းမမှုပေမဲ့ ခုမှ ဒီလိုကိစ္စမျိုးနဲ့စတွေ့ရတဲ့ Zhou Kunကတော့ အသက် အန္တရာယ်နဲ့ပါ ကြုံတွေ့လာချိန်မှာတော့ အရမ်းကို တုန်လှုပ်ပြီး ဆက်လုပ်ရမလား လက်လျှော့ရမလား တွေဝေလာခဲ့ချိန်မှာတော့ လူသတ်မှုရဲ့နောက်ကွယ်က အမှန်တရားအစစ်မှန်ကိုသိရဖို့ Youming Town ကိုသွားရန်လည်း လိုအပ်လာသည်။Zhou Kun တယောက် ဘယ်လိုအန္တရာယ်တွေနဲ့ကြုံတွေ့ခဲ့ရလို့ အရမ်းတုန်လှုပ်ခဲ့ရလဲ၊ တကယ်ရောလက်လျှော့လိုက်မှာလား၊ Youming Townကိုရော လိုက်သွားမလား၊ နောက်ကွယ်ကကြိုးကိုင်သူကရောဘယ်သူလဲ ဆိုတာကို အဆုံးထိကြည့်ပြီး အဖြေရှာကြည့်ကြရအောင်…..Translated & Encoded by AungMyintOo
https://image.tmdb.org/t/p/original/fPtUgMcLIboqlTlPrq0bQpKK8eq.jpg
The Menu (2022)
⭐IMDB: 7.5/10 (50 k Votes)
🎬 #Comedy #Horror #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 United States
⏰ 1 နာရီ 47 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Menu (2022)
~ IMDb – 7.5/10, RT – 89%, Meta – 71% ~
ဒါရိုက်တာ Mark Mylod ရဲ့ ရုပ်ရှင်အသစ်ကြီး လာပါပြီ။ ဒီဒါရိုက်တာကိုတော့ အကောင်းဆုံးစီးရီးတွေဖြစ်တဲ့ Game of Thrones, Succession လို စီးရီးတွေမှာ ဝင်ပြီးရိုက်ကူးခဲ့တဲ့သူအဖြစ် လူသိများပါတယ်။ အခုရုပ်ရှင်ကတော့ Dark Comedy, Horror အမျိုးအစားပါပဲ။ အဓိက ဇာတ်ဆောင်အဖြစ် အေးစက်စက်နဲ့ ကြောက်စရာအခန်းတွေနဲ့အရမ်းလိုက်ဖက်တဲ့ Ralph Fiennes က သရုပ်ဆောင်ထားပါတယ်။ သူ့ကိုတော့ ရှင်းဒလားလစ်စ် တို့ ဂရန်းဘူဒါပက်စ်ဟိုတယ်တို့လို ရုပ်ရှင်တွေမှာ တွေ့ဖူးကြမှာပါ။ နောက်ထပ် ကျွန်တော်တို့ရဲ့ အချစ်တော် မင်းသမီး အာညာတေလာဂျွိုင်း၊ Warm Bodies ရဲ့မင်းသား Nicholas Hoult တို့လည်းပါဝင်ထားပါတယ်။
~ ဇာတ်လမ်းအကျဉ်း ~
လူတစ်ယောက်ကို ဒေါ်လာ ၁၂၅၀ ပေးရတဲ့ ကျွန်းတစ်ကျွန်းပေါ်က ဈေးအရမ်းကြီးတဲ့ နာမည်ကျော် စားသောက်ဆိုင်တစ်ခုရှိပါတယ်။ လှေနဲ့သီးသန့်သွားရပြီး တစ်ညလုံး ဟင်းလျာတွေ တစ်ခုပြီးတစ်ခု တည်ခင်းတဲ့ဆိုင်မျိုးဖြစ်ပါတယ်။ အဲဒီစားသောက်ဆိုင်ရဲ့ အထူးည တစ်ညမှာတော့ ဧည့်သည်မျိုးစုံရောက်ရှိလာပါတယ်။ ဝေဖန်ရေးသမား၊ ရုပ်ရှင်မင်းသား၊ သူဌေးတွေ စသဖြင့်ပါပဲ။ ဒါပေမဲ့ သူတို့တွေကို ဟင်းလျာတွေ တစ်ခုပြီးတစ်ခု တည်ခင်းရင်းနဲ့ စားဖိုမှူးကြီးက ပုံပြင်တွေပြောပြသွားတဲ့အပြင် အသတ်အဖြတ် အကြမ်းပတမ်းတွေနဲ့ ကြောက်စရာတွေပါ ဖြစ်လာတဲ့အခါ…
Dark Comedy ပီပီ လူသတ်ရတဲ့ အကြောင်းရင်းတွေကလည်း နက်နက်နဲနဲစဉ်းစားချင်စရာကောင်းသလို ရယ်ရခက်ငိုရခက်လည်းဖြစ်နေပါသေးတယ်။ အတော်လေးကိုခံစားလို့ကောင်းတဲ့ရုပ်ရှင်ဖြစ်ပြီး Rating ကလည်း 7 ကျော်နေပြီမို့ မလွတ်တမ်း အားပေးလိုက်ကြပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)
https://m.media-amazon.com/images/M/MV5BMDQ1OTk3OWItZjVhYy00YWFlLWE1N2ItN2U1MDVlZmE5YWZlXkEyXkFqcGdeQXVyNzc5MjA3OA@@._V1_FMjpg_UX1000_.jpg
The Borrowers (1997)
⭐IMDB: 5.9/10 (23 k Votes)
🎬 #Adventure #Comedy #Family
🗓️ 1997 🎞️ Movie 📺 720p HD
🌎 United Kingdom, United States
⏰ 1 နာရီ 28 မိနစ် 05 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခေါက်မှာတော့ မိသားစုနဲ့အတူတူပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောကြည့်ရှုလို့ရမယ့်
1997 ကခုနှစ်ထွက်ရှိထားတဲ့ Comedy/Fantasy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ပီးတ်တို့မိသားစုက သူတို့လက်ရှိနေနေတဲ့အိမ်ကြီးကိုအမွေရခဲ့ပေမယ့်လည်း သေတမ်းစာမရှိလို့
အိမ်ကိုဖြိုချချင်တဲ့ ရှေ့နေလက်ထဲထိုးအပ်လိုက်ရတော့မယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။
တစ်ချိန်တည်းမှာပဲ သူတို့အိမ်မှာ ပစ္စည်းသေးသေးလေးတွေ မကြာခဏပျောက်ပျောက်သွားတတ်လို့
(၁၀)နှစ်သားအရွယ်ကောင်လေး ပီးတ်တစ်ယောက် လက်သည်ဘယ်သူလဲဆိုတာသိရဖို့ အပြင်းအထန်ကြိုးစားနေခဲ့ပါတယ်။
သူဘယ်လောက်ပဲကြိုးစား ကြိုးစား ဘယ်လိုမှဖမ်းမမိနိုင်ပေမယ့် တစ်နေ့မှာတော့
မထင်မှတ်ဘဲ လက်သည်ဘယ်သူလဲဆိုတာသိလိုက်ရတဲ့အခါ
ပီးတ်တစ်ယောက် အံ့ဩတကြီးနဲ့ ပါးစပ်အဟောင်းသားဖြစ်သွားရပါတော့တယ်။
လက်သည်က လုံးဝမထင်ထားတဲ့ ဘော်ရိုရာလို့ခေါ်တဲ့ လူသားသေးသေးလေးတွေဖြစ်နေလို့ပါပဲ။
မကြာခင် အိမ်ကြီးပေါ်ကနေဆင်းပေးရတော့မယ့် ပီးတ်နဲ့ အိမ်ကြီးထဲမှာနေနေကြတဲ့
ဘော်ရိုရာလေးတွေ ပေါင်းပြီး အိမ်ကိုမဆုံးရှုံးရဖို့ ဘယ်လိုတွေကြိုးစားကြမလဲ..
သေတမ်းစာမရှိဘူးလို့ပြောတဲ့ ရှေ့နေဆီမှာ သေတမ်းစာရှိနေတာသိလိုက်ရတဲ့အခါ
ကောက်ကျစ်တဲ့ရှေ့နေလက်ထဲကနေ အဲဒီသေတမ်းစာကိုရဖို့ကြိုးစားရင်း ဘယ်လိုအသက်အန္တရာယ်တွေနဲ့ရင်ဆိုင်ရမလဲ..
ဉာဏ်ကောင်းပေမယ့် သေးငယ်တဲ့ဘော်ရိုရာလေးတွေက
လူကောင်ကြီးပြီးကောက်ကျစ်တဲ့ရှေ့နေကြီးကို အနိုင်တိုက်နိင်ပါ့မလား..
အိမ်ကိုဖြိုချမယ့်အရေးကိုရော ဝိုင်းပြီး ကာကွယ်နိုင်ပါ့မလားဆိုတာကို
မိသားစုနဲ့အတူ
ချစ်စရာလူသေးသေးလေးတွေကို ကြည့်ရင်း ရင်တခုန်ခုန်နဲ့ ပေါ့ပေါ့ပါးပါး ရယ်မောခံစားလိုက်ကြပါဦးနော်။
https://m.media-amazon.com/images/M/MV5BMjU3MjAzMjItNGU5MS00NTQ4LWJhNDctMWVmN2MwODQ3NTA5XkEyXkFqcGdeQXVyMjc2MDE1MzQ@._V1_FMjpg_UX1000_.jpg
A Merry Single Christmas (2022)
⭐IMDB: 5.0/10 (119 Votes)
🎬 #Romance
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 N/A
⏰ 1 နာရီ 29 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အနောက်တိုင်းကလူတွေရဲ့အယူအဆအရ နှစ်တစ်နှစ်ရဲ့ပျော်ရွှင်စရာအကောင်းဆုံးခရစ်စမတ်အချိန်မှာ အသည်းကွဲလို့ပဲဖြစ်ဖြစ်၊ crushကပြန်မကြိုက်လို့ပဲဖြစ်ဖြစ် မပျော်နိုင်ပဲ ခရစ်စမတ်ကိုတစ်ယောက်တည်းဖြတ်သန်းကြမယ့်တစ်ကိုယ်တော် ဆင်ဂယ်လေးတွေရှိကြလား?
ဒီတစ်ခေါက် ပေါ့ပေါ့ပါးပါး ခရစ်စမတ်ဇာတ်လမ်းလေးကတော့ ခရစ်စမတ်မကျခင်မှာ ရည်းစားနဲ့ပြတ်သွားတဲ့ မော်ဂန်တစ်ယောက် ခရစ်စမတ်ကိုအထီးကျန်စွာတစ်ယောက်တည်းမဖြန်သန်းချင်တဲ့အတွက် “ခရစ်စမတ်အထီးကျန်နှလုံးသားလေးများ”ဆိုတဲ့ တစ်ကိုယ်တော်သမားတွေအတွက် အစီအစဉ်ကို joinလိုက်ပါတယ်။ တစ်ကိုယ်တော်သမားတွေစုပြီး ခရစ်စမတ်ကိုပျော်ပျော်ကြီးဖြတ်သန်းကြမယ့် အစီအစဉ်မှာ စည်းမျဉ်းကတစ်ခုပဲရှိပါတယ်။ အဲဒါကတော့ “အဖွဲ့ထဲက ဆင်ဂယ်အချင်းချင်း ချိန်းမတွေ့ရပါဘူး”တဲ့။ ဆင်ဂယ်အပန်းဖြေအိမ်မှာ အသည်းကွဲရောဂါကိုကုစားမယ့်မော်ဂန်တစ်ယောက် ကံမကောင်းစွာနဲ့ သူ့ရဲ့ရည်းစားဟောင်းဖြစ်သူ လီယမ်လည်း ကြေကွဲဆင်ဂယ်အဖြစ် အဲဒီကိုရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ အလွဲလေးနည်းနည်း ရိုမန့်စ်များများနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။
