ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Tokyo Nights (2025) ⭐IMDB: 5.6/10 (10 Votes) 🎬 #Adult #Drama #Romance 🗓 2025 🎞 movie 🌎 #Philippines ⏰ 1 နာရီ 11 မိနစ် 17 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Tokyo Nights (2025) ကာယာနဲ့မက်စ်တို့ဟာ ညားကာစလင်မယားတွေဖြစ်ပြီး ဂျပန်ကိုဟန်းနီးမွန်းခရီးစဉ်အဖြစ်လာခဲ့ကြတာပါ။ သူတို့ရဲ့ခရီးစဉ်ဟာ ကာယာရဲ့ရည်းစားဟောင်း ကန်ဂျီဆိုသူနဲ့တွေ့ဆုံအပြီးမှာတော့ တစ်မျိုးတစ်ဖုံပြောင်းလဲသွားခဲ့ရပါတယ်။ ကန်ဂျီကအထီးကျန်သူတွေကို အဖော်ပြုပေးတဲ့ အချိန်ပိုင်းအငှားလုပ်သားအဖြစ်အလုပ်လုပ်နေတဲ့သူပါ။ စပြီးဆုံတဲ့နေ့မှာပဲ အမူးလွန်ကြရင်း ကန်ဂျီနဲ့ကာယာတို့ရဲ့သံယောဇဉ်မကုန်တဲ့ ရမ္မက်ဇာတ်လမ်းမှာ မက်စ်ကိုယ်တိုင် ပါဝင် သီရိစံခဲ့တဲ့နောက်မှာတော့ အခြေအနေတွေရှုပ်ထွေးကုန်ပါတော့တယ်။ ဇာတ်ကားအထွက်ကြဲတဲ့ မင်းသမီးသစ်လေး Alessandra cruz နဲ့အတူ ဂျပန်နွယ်မင်းသမီးအသစ်စက်စက်လေးဖြစ်တဲ့Arneth Watanabe ကိုပွဲဦးထွက်မိတ်ဆက်ပေးထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)...
All the Wrong Ingredients (2024) ⭐IMDB: 5.1/10 (62 Votes) 🎬 #Comedy #Drama #Family #Fantasy #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 27 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 All the Wrong Ingredients (2024) IMDb Rating (5.1) ဒီဇာတ်လမ်းလေးက “Everything Everywhere All At Once” နဲ့ “Jojo Rabbit” တိုလို ဇာတ်လမ်းမျိုးကိုကြိုက်တဲ့ပရိသတ်တွေအတွက် “Ratatouille” နဲ့ “Inside Out” ရဲ့ live action အရောလို ဟာသဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ရည်မှန်းချက်၊ တီထွင်ဖန်တီးမှုနဲ့ ဆန္ဒပြင်းပြမှုရဲ့အကျိုးဆက်တွေကို စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ဟာသအပြည့်ထည့်ပြီး ပေါ်လွင်အောင် ရိုက်ကူးထားပါတယ်။ Plot summary: ဟင်းချက်ပြိုင်ပွဲတစ်ခုမှာ အနိုင်ရဖိုစိတ်အားထက်သန်နေတဲ့ Ben က သူ့ဇနီးကကျောင်းထွက်အလုပ်လုပ်ပြီး သူ့ကိုငွေကြေးထောက်ပံ့ပေးနေရတာကြောင့် ပြိုင်ပွဲမှာ အနိုင်မရရင် ဘဝပျက်မှာကိုကြောက်ပြီး အရူးအမူးကြိုးစားနေတဲ့ပြိုင်ပွဲဝင်တစ်ယောက်ပေါ့။ သူ့ရဲ့ အနိုင်ရချင်စိတ်ရည်မှန်းချက်တွေ ပြင်းထန်လာတဲ့အချိန်မှာ Jones လိုခေါ်တဲ့ စိတ်ကူးယဉ်သူငယ်ချင်းတစ်ယောက်ပေါ်လာပြီး Ben ကို ကူညီလာတယ်။ ဒီလိုနဲ့ ပြိုင်ပွဲမှာ Ben နဲ့ Jones တို Ben ရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲ စွန့်စားခန်းတွေထွက်ပြီး ပြိုင်ပွဲမုန့်တွေအတွက် အတူတူအကြံထုတ်ကြလေရဲ့။ ဒါပေမဲ့ Ben ရဲ့ ရည်မှန်းချက်ကြီးမှုအပြင် တခြားခံစားချက်တွေလည်း ပြင်းထန်လာတာနဲ့ နောက်ထပ်စိတ်ကူးယဉ်သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက်ပေါ်လာချိန်မှာတော့ Ben တစ်ယောက် သူ့ရဲ့ အတ္တစရိုက်မျိုးစုံကို ဘယ်လိုထိန်းချုပ်မလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ ဟာသမျိုးစုံနဲ့ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)...
Vanangaan (2025) ⭐IMDB: 6.3/10 (1 k Votes) 🎬 #Action #Bollywood #Crime #Drama #Thriller 🗓 2025 🎞 movie 🌎 #India ⏰ 2 နာရီ 2 မိနစ် 8 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Vanangaan 2025 (ဒေါသအိုးလေး ကိုလက်တစ်ဆစ်)IMDb – 6.6/10 ရွာတစ်ရွာမှာ စကားမပြောနိုင်ဘဲ နားလည်းသေချာမကြားရတဲ့ကိုတီဆိုတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ သူဟာ စကားမပြောနိုင် သေချာမကြားရပေမဲ့ဒေါသကတော့ လက်တစ်ဆစ်ပါပဲ။ ကိုတီ့မှာ ဒေဝီလို့ခေါ်တဲ့ ညီမလေးတစ်ယောက်လည်းရှိပါတယ်။ဒေဝီဟာ ညီမဆိုပေမဲ့လည်း ဒေါသအိုးကိုတီ့ကိုလိုက်ပြီးထိန်းပေးနေရသူလေးပေါ့။ တစ်ရက်မှာတော့ ကိုတီဟာ သင်္ဘောပေါ်မှာလမ်းပြဂိုက်လေး တီနာနဲ့ဆုံတွေ့ခဲ့ပါတော့တယ်။တီနာကတော့ ကိုတီနဲ့မတူဘဲ လမ်းပြဂိုက်တစ်ယောက်ပီပီအသွက်မလေးပေါ့။ ဒီလိုနဲ့ သူတို့နှစ်ယောက်ဘယ်လိုကနေ ဘယ်လို ခင်မင်ရင်းနှီးသွားကြမလဲ ……. ကိုတီရဲ့ ဒေါသမထိန်းနိုင်လို့ ဖြစ်လာရတဲ့ ပြဿနာတွေကိုညီမလေး ဒေဝီတင်မကဘဲ တီနာလေးပါလိုက်ရှင်းပေးရတော့မှာလား ….. ဒေါသမထိန်းနိုင်တဲ့ ကိုတီတစ်ယောက် ဘယ်လိုပြဿနာတွေ ရင်ဆိုင်ကြုံတွေ့ရဦးမလဲ …..ဆိုတာကို ကြမ်းကြမ်းတမ်းတမ်း ဖိုက်တင်ခန်းတွေနဲ့အတူ ကြည့်ရှုရမဲ့ အချစ်မှုခင်းဒရာမာကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~Cym~Star~ZweYan တို့ပဲဖြစ်ပါတယ်)...
And They Named Her Love (2024) ⭐IMDB: 3.0/10 (20 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 2 နာရီ 12 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 သီချင်းလေးကို နာမည်ပေးမယ် “အချစ်”တဲ့။ အချစ်က အောင်မြင်မှုကိုယူဆောင်လာပေးသလိုအချစ်ကပဲ လူတွေကိုကျရှုံးစေပါတယ်။ ဒီကားလေးမှာတော့ လပ်ဖ်ဆိုတဲ့ ပန်းချီဆရာဖြစ်ချင်သူလေးနဲ့နာဆာဒါဆိုတဲ့ အဆိုတော်ဖြစ်ဖို့ အိပ်မက်မက်နေတဲ့မိန်းကလေးနှစ်ဦးကြားက အချစ်ဇာတ်လမ်းလေးကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ အချစ်က ဘာတွေကိုပြောင်းလဲစေပြီး နောက်ဆုံးမှာဘယ်လိုအဆုံးသတ်မျိုးကို ဖန်တီးပေးသွားလည်းဆိုတာကိုတော့ဒီကားလေးမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မှာပါ။...
A Few Good Men (1992) ⭐TMDB: 75% User Score 🎬 #Drama #Thriller 🗓 1992 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 18 မိနစ် 45 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 A Few Good Men (1992) ***************************** IMDb…..7.7,,,,,Rotten…..82% Rules of Engagementဆိုတဲ့ စစ်ကား ကိုတော့ တော်တော်များများကြည့်ဖူးကြမယ်ထင်တယ်… အဲဒီလိုကားမျိုးကို သဘောကျတဲ့ဆိုရင်တော့ ဒီကားကိုကြည့်သင့်တယ်….. ဒီကားက နယ်ခြားစောင့်စစ်တပ်မှာ စစ်သည်တစ်ယောက်သေဆုံးတဲ့အကြောင်းကို အဓိကဇာတ်အိမ်တည်ပြီးရိုက်ကူး ထားတယ်…. စစ်သည်အချင်းချင်းအပြစ်ပေးရာကနေ မတော်တဆသေဆုံးသွားတယ်…. ဒီအမှုကို ကိုင်တွယ်ဖို့ စစ်တရားရုံးရှေ့နေအဖြစ် Tom Cruise ကိုတာဝန်ပေးခြင်းခံရတယ်…ဒီကားက ကျွန်တော်ကြည့်ခဲ့တဲ့ စစ်ကားထဲမှာ အကောင်းဆုံးစာရင်းဝင်လို့တောင်ပြောလို့ရတယ်.. အယ် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စစ်ဆင်ရေးဆင်နွှဲနေတဲ့ကားတော့မဟုတ်ဘူး…. သို့ပေမဲ့ စကားလုံးတွေနဲ့ စွမ်းအားကတော့ လက်နက်ကြီးထက်ပြင်းထန်ပုံရတယ်… ဇာတ်လမ်းက စစချင်းကိုဆွဲဆောင်မှုရှိတယ်….ကျွန်တော်ပြောရင် Spoiler ဖြစ်သွားမှာစိုးလို့ ခံစားကြည့်လိုက်ပါဦး….ဒီကားရဲ့ ဒိုင်ယာလော့တွေကို အတတ်နိုင်ဆုံး အလှပဆုံး မြန်မာမှုပြုပေးတဲ့ ဘာသာပြန်ကတော့ Ko Ye Pye Sone ပါ…. IMDbရော Rotten ရော အမြင့်ဆုံးမှာရှိနေသလို သရုပ်ဆောင်တွေကလည်း. Tom Cruise, Jack Nicholson, Demi Mooreတို့ဖြစ်လို့ ဒေါင်းကြည့်သင့် မသင့် ဆုံးဖြတ်ကြပေတော့...
Office (2015) ⭐IMDB: 6.0/10 (2 k Votes) 🎬 #Horror #Mystery #Psychological #Thriller #Drama 🗓 2015 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 51 မိနစ် 18 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Office (2015) **************** IMDb… 6.0 Channel Myanmar ရဲ့ Korean Movie ကြိုက်နှစ်သက်သူ ပရိသတ်တွေအတွက် 2015 ခုနှစ်က ထွက်ရှိထားတဲ့ Thriller ဇာတ်ကားလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ မင်းသားကြီး Park Sung-woong , Bae Seong-woo နဲ့ မင်းသမီး Go Ah-sung တို့ အဓိကအနေနဲ့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ -ဇာတ်လမ်းအညွှန်း- အစားအသောက်ကုမ္ပဏီတစ်ခုမှာ မန်နေဂျာအဖြစ် လုပ်ကိုင်နေတဲ့ Kim Byeong-Gook (Bae Sung-Woo)ဟာ အလုပ်မှာ အားကိုးရပြီးတော့ မိသားစုကိုလည်း ချစ်မြတ်နိုးတဲ့လူတစ်ယောက်ပါ။ ဒါပေမဲ့ တစ်ရက်မှာတော့ အလုပ်ကနေ အိမ်ကို ပြန်အရောက်မှာ ရုတ်တရက် သူ့ရဲ့ မိသားစုတစ်ခုလုံးကို တူနဲ့ ရက်ရက်စက်စက်သတ်ဖြတ်လိုက်ပါတယ်။ Jong-Hoon (Park Sung-Woong) ဦးဆောင်တဲ့ စုံထောက်အဖွဲ့ဟာ ဒီအမှုနဲ့ပက်သက်ပြီး သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို စစ်ဆေးမေးမြန်းတဲ့အခါမှာ Kim Byeong-Gook နဲ့ အနီးကပ်ဆုံးဖြစ်တဲ့ အလုပ်သင်လေး Lee Mi-Rye (Ko Ah-Sung) အပြင် ဘယ်သူကမှ အသေးစိတ်တိတိကျကျ မဖြေကြားနိုင်ဘဲ တစ်ခုခုကို ဖုံးကွယ်ထားဟန်ရှိနေကြပါတယ်။ ဆိုက်ကိုဖောက်နေတဲ့ လူသတ်သမားတစ်ယောက်ကြောင့် ကုမ္ပဏီအတွင်းက လူတွေ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံလာရတဲ့အခါမှာတော့.. ကုမ္ပဏီဝန်ထမ်းတွေရဲ့ စိုးရိမ်ပူပန်မှုတွေ၊ လုပ်ငန်းခွင်ဝင်နေကြတဲ့ လူတွေကြားထဲက နိုင့်ထက်စီးနင်းလုပ်မှုတွေကို စိတ္တဇဆန်ဆန်နဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုသွားရမဲ့ဇာတ်ကားလေးဖြစ်တာကြောင့် ခံစားကြည့်ရှုလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Yati Naing မှ ရေးသားထားပါတယ်။)...
Green Snake: The Origin (2025) ⭐TMDB: 0% User Score 🎬 #Drama #Fantasy #Romance 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 25 မိနစ် 28 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 CM ကနေဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ မြွေစိမ်းကားလေးပဲဖြစ်ပါတယ်ဇာတ်ညွှန်းလေးကို ပြောပြရမယ်ဆိုရင်တော့နှစ်၅၀၀ ကျင့်ကြံထားတဲ့မြွေစိမ်းမလေးကို သူ့မျိုးနွယ်ကရော တခြားမကောင်းဆိုးဝါးမျိုးနွယ်စုတွေကရော ကျဉ်ဖယ်ထားကြပါတယ် အမှန်ကတော့ မြွေစိမ်းမလေးက မကောင်းဆိုးဝါးဆိုပေမယ့် စိတ်ထားကောင်းပြီးလူသားမစားတာမို့လို့ သူ့ကိုပစ်ပယ်ထားတဲ့အပြင် သူတို့မျိုးနွယ်စုရဲ့ဝိညာဉ်ကျောက်တုံးပျောက်ရတာ သူ့ကြောင့်လို့ပါအစွပ်စွဲခံထားရသူပါ အဲ့လိုနဲ့တစ်နေ့မှာ လူသားအဖြစ်ပြောင်းထားတဲ့ မကောင်းဆိုးဝါးမလေးရှောင်ကွေနဲ့စုံစည်းခဲ့ပြီး အတူတူ ဒုက္ခတွေ ပြဿနာတွေကိုရင်ဆိုင်ကြတာပေါ့ခဏခဏ ယုံကြည်မှုတွေ ချိုးဖောက်ခံရတဲ့ မြွေစိမ်းမလေးဟာရှောင်ကွေကို ယုံကြည်လာပါတော့တယ်အဆုံးမှာ ရှောင်ကွေက မြွေစိမ်းမလေးယုံကြည်ထိုက်တဲ့သူလားအရမ်းသိုဝှက်တဲ့ ရှောင်ကွေကရော ဘယ်သူဖြစ်နေမှာလဲဆိုတာကိုဇာတ်ကားလေးမှာ ကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်...
Tiger Squad (2025) ⭐TMDB: 0% User Score 🎬 #Action #Adventure #War 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 14 မိနစ် 16 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 စစ်ကားတွေကိုပဲ ကြည့်ချင်ပါတယ်ဆိုတဲ့ CM ရဲ့ ပရိသတ်တွေအတွက်Tiger Squad ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့-တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုတွေ လုပ်တဲ့အချိန်မှာ အနီနဲ့အပြာအဖွဲ့နှစ်ဖွဲ့ခွဲပြီး စစ်မြေပြင်အစစ်ကို ရောက်နေသလို လေ့ကျင့်ကြပါတယ်။ အနီရောင်တပ်က အတော်ဆုံးတပ်ဖွဲ့ဖြစ်တဲ့ ထျန်းဟူတိုက်ခိုက်ရေးတပ်ဖွဲ့ဟာထောက်လှမ်းစစ်ဆင်ရေးလုပ်ဆောင်နေတဲ့အချိန်မှာ အပြာရောင်တပ်ရဲ့ထောင်ချောက်ထဲ ဝင်သွားခဲ့ပါတယ်။ စနိုက်ပါသမားဦးဆောင်တဲ့ အဖွဲ့ဝင် ၆ ယောက်ပဲ ကျန်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာလည်း အနီအပြာတပ်နှစ်တပ်ရဲ့ စစ်ရေးအခြေအနေက ပြင်းထန်လာခဲ့ပါတယ်။အခုမှ ထွက်ပြေးလွတ်မြောက်လာတဲ့ထျန်းဟူအဖွဲ့ဟာညွှန်ကြားရေးဌာနက လျှို့ဝှက်တာဝန်ပေးမှုကို လက်ခံရရှိခဲ့ပါတယ်။အဲဒီတာဝန်ကို အောင်မြင်စွာထမ်းဆောင်နိုင်ပါ့မလား……အနီရောင်တပ်နဲ့ အပြာရောင်တပ်တို့ စစ်ရေးလေ့ကျင့်မှုမှာ ဘယ်သူက အနိုင်ရမလဲ……ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးဖြစ်လို့ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။...
Journey to the Center of the Earth (2008) ⭐TMDB: 61% User Score 🎬 #Action #Adventure #Family #Fantasy #SciFi #ScienceFiction #Comedy 🗓 2008 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 5 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Journey to the Center of the Earth (2008) ကမ္ဘာကြီးရဲ့အလယ်ဗဟိုကဘယ်လိုရှိမလဲတွေးကြည့်ဖူးလား..? ကိုယ်တော့ငယ်ငယ်ကတွေးကြည့်ဖူးတယ်ထောက်ပြမယ့်သူမရှိတော့ ကိုးရိုးကားယားအတွေးတွေလောက်နဲ့အဆုံးသတ်သွားတာပေါ့ ဒါပေမယ့်ကမ္ဘာ့အတွင်းပိုင်းမှာ သက်ရှိသတ္တဝါတွေရှိနေနိုင်တယ်ရှင်သန်နေထိုင်စရာပတ်ဝန်းကျင်မျိုးရှိနေနိုင်တယ်လို့တော့ခံစားရတယ် ကမ္ဘာ့အလယ်ဗဟိုမှာ အူတိုင်မှာ ဓါတ်သတ္တုအစိုင်အခဲတခုရှိနေနိုင်တယ်သူမှာဆွဲငင်အားရှိတဲ့အပြင် ကိုယ်တိုင်လည်ပတ်နေတဲ့စွမ်းအင်ရှိတယ်ဒါကြောင့်အပြင်အခွံဖြစ်တဲ့ကမ္ဘာကြီးက သူ့ရဲ့လည်ပတ်မှုအတိုင်းလိုက်ပါနေရတာလို့အချို့က ယူဆကြတယ် ထားပါတော့ ၁၈၆၄ ခုနှစ်ကထုတ်ဝေခဲ့တဲ့ ပြင်သစ်စာရေးဆရာဂျူး ဘယ်ရမ် (Jules Verne) ရဲ့ စာအုပ်ကိုအခြေခံရိုက်ကူးထားတဲ့ဒီကားမှာ မင်းသား ဘရန်ဒန် ဖရေဇာ (Brendan Fraser)မင်းသမီး အနီတာ ဘရီယမ် (Anita Briem)ကလေးသရုပ်ဆောင် ဂျော့ ဟက်ထရစ်ဆမ် (Josh Hutcherson)နဲ့ဒါရိုက်တာ အဲရစ် ဘရက်ဗစ် (Eric Brevig) တို့က ပုံဖော်ထားတာပါ ဒီအတွေးစိတ်ကူးတွေကို ဒီကားမှာချပြထားတယ်ယုတ္တိရှိကောင်းမှရှိနိုင်ပေမယ့် တတ်နိုင်သမျှ ခိုင်လုံတဲ့အချက်အလက်တွေနဲ့စိတ်ကူးစေစားထားတာမို့ သဘာဝတကျရှိလှတယ်လို့ခံစားရတယ် မီးတောင်နဲ့ မြေငလျင်တွေကိုစောင့်ကြည့်လေ့လာနေတဲ့ပရော်ဖက်ဆာ ထရယ်ဗာ အန်ဒါဆန် တယောက် ထူးခြားတဲ့အချက်ပြမှုကြောင့်စက်ကိရိယာဆီသွားရောက်လို့ မှတ်တမ်းယူရာမှာ လျှပ်စီးမုန်တိုင်းမိလို့ ဂူတခုဆီခိုလှုံခိုက် မိုးကြိုးပစ်လို့လမ်းပြ အန်နာ တူတော်မောင် ဆမ် နဲ့အတူ ဂူဝပိတ်သွားပြီးထွက်မရဖြစ်သွားတယ် ဒီတော့ အမှတ်မထင် ကျောက်မီးသွေးတွင်းတခုကိုတွေ့မိရင်းထွက်ပေါက်ရှာရင်းက မီးတောင်ဟောင်းတခုရဲ့လမ်းဝမလိုင်လိုအပေါ်ကြောတင်းရုံသာရှိတဲ့ ကျောက်ပြားပေါ်တက်မိကြရင်းပြိုကျလို့ ကမ္ဘာ့အလယ်ဗဟိုဆီရောက်ရှိသွားပါတော့တယ် ဇာတ်ကားရဲ့ ၉၈ ရာခိုင်နှုန်းလောက်ကသရုပ်ဆောင်သုံးယောက်ထဲကိုသာရိုက်ကူးထားတာဖြစ်ပေမယ့် ကမ္ဘာ့အလည်ဗဟိုရဲ့ ထူးခြားဆန်းကျယ်တဲ့အလှတရားတွေအင်မတန်ကြောက်မက်ဖွယ်ကောင်းတဲ့ ဘေးရန်အန္တရာယ်နဲ့အတူ လမ်းပြကောင်မလေးကို ဦးဖို့ကြံနေကြတဲ့ တူဝရီးနှစ်ယောက်နဲ့သူတို့ ကမ္ဘာ့အတွင်းပိုင်းကနေ ဘယ်လိုပြန်ထွက်လာမလဲဆိုတာခံစားကြည့်ကြရအောင်။ (ရုပ်ရှင်အညွှန်းကိုသန်းထွန်းလေး YTမှ ကူးယူဖော်ပြပါသည်။)...
Daaku Maharaaj (2025) ⭐IMDB: 6.1/10 (3 k Votes) 🎬 #Action #Adventure #Bollywood #Drama 🗓 2025 🎞 movie 🌎 #India ⏰ 2 နာရီ 23 မိနစ် 26 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Daaku Maharaaj (2025)”ဒါကူမဟာရာ့ဂျ်”=============================== တောင်ပိုင်းမင်းသားကြီး နန်ဒါမူရီနဲ့ ဘော်ဘီဒိုးတို့လိုဂန္ထဝင်သရုပ်ဆောင်ကြီးတွေရဲ့ အသစ်ထွက်အက်ရှင်ဒရာမာရုပ်ရှင်ကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ အရင်ဆုံးပြောရရင် ဒီကားက ရုပ်ငြိမ်ဓာတ်ပုံတွေ တော်တော်လှပါတယ်။ ဇာတ်လမ်းကတော့ ကျောင်းအုပ်ဆရာကြီးတစ်ယောက်ရဲ့မြေး ဗိုင်ရှ်နာဗီဆိုတဲ့မိတဆိုးကလေးမလေးဟာ မထင်မှတ်ထားဘဲ သူ့ရဲ့ခွေးလေး သေသွားတဲ့အတွက်သူ့ခွေးလေးကို သဝာ်တဲ့တရားခံကို ရဲတိုင်ရာကနေလူဆိုးဂိုဏ်းကြီးတစ်ခုကို ရန်စမိသလိုဖြစ်သွားခဲ့ပါတယ်။ အဲဒီလိုဖြစ်ပြီး ဗိုင်ရှ်နာဗီလေး အသက်အန္တရာယ်တွေ ကြုံလာရတဲ့အတွက်ထောင်ကျနေတဲ့ သူ့ရဲ့ဖခင် မဟာရာ့ဂျ်က ထောင်ဖောက်ပြေးလာပြီးသူ့သမီးရဲ့အိမ်မှာ ဒရိုက်ဗာအယောင်ဆောင်ကာ သမီးဖြစ်သူကိုကာကွယ်ပေးဖို့ကြိုးစားပါတယ်။ မဟာရာ့ဂျ်ကတော့ တချိန်က အင်မတန်နာမည်ကြီးခဲ့တဲ့ဂိုဏ်းစတားတစ်ယောက်ဖြစ်ပြီး သူ့သမီးကို ကာကွယ်ဖို့ကြိုးစားရင်းနောက်ကလိုက်နေတဲ့ ရဲစုံထောက်တစ်ယောက်နဲ့လည်း ရင်ဆိုင်ရပုံတွေကိုဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)...
Escape from Pretoria (2020) ⭐IMDB: 6.8/10 (46 k Votes) 🎬 #Action #Biography #Mystery #Thriller #Drama #History #Crime 🗓 2020 🎞 movie 🌎 #UnitedKingdom #Australia #UnitedStates #SouthAfrica #Germany #Canada #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 21 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးဟာ ဟယ်ရီပေါ်တာမင်းသား Daniel Radcliffe ပါဝင်ထားတဲ့ ထောင်ဖောက်ဇာတ်လမ်းလေးဖြစ်ပါတယ် တောင်အာဖရိကမှာ လူမျိုးရေးခွဲခြားမှုတွေကြောင့် တော်လှန်ရေးတွေဖြစ်ပေါ်နေတဲ့အချိန်အခါမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ လူနှစ်ယောက်ကို ထောင်ဒဏ်အသီးသီးပြစ်ဒဏ်ချမှတ်လိုက်ပါတယ် သူတို့နှစ်ယောက်ထောင်ထဲရောက်တဲ့အချိန်မှာ နိုင်ငံရေးနဲ့အချုပ်ကျတဲ့လူတွေကိုစည်းရုံးပြီး ထွက်ပြေးဖို့အကြံအစည်ကို အကောင်အထည်ဖော်ခဲ့ကြတယ် ဘက်စုံထောင့်စုံကစောင့်ကြည့်နေပြီး သံတံခါးအထပ်ထပ်နဲ့ထောင်ကနေ သစ်သားနဲ့သော့တူလုပ်ပြီး ထွက်ပြေးဖို့ ကြိုးစားကြတဲ့ဒီဇာတ်လမ်းကတော့ စိတ်ကူးယဥ်ဝတ္ထုမျိုးမဟုတ်ဘဲ ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတာမို့လို့အားလုံးကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်...
The Cursed Village (2025) ⭐TMDB: 0% User Score 🎬 #Fantasy #Mystery #Thriller 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 27 မိနစ် 35 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ရွာလေးတစ်ရွာမှာ သူကြွယ်မိသားစုတစ်ခုဟာ ဝမ်းနည်းစရာကောင်းတဲ့ဖြစ်ရပ်တစ်ခုကြုံခဲ့ပြီးနောက်ပိုင်းမှာ ရွာလေးဟာကျိန်စာသင့်နေခဲ့တယ်။ဖြစ်ရပ်ကတော့ သူဌေးမိသားစုရဲ့မင်္ဂလာဦးညမှာ သတို့သမီးကိုလူတစ်စုကအဓမ္မကျင့်ခဲ့ပြီးတော့ တစ်အိမ်လုံးမီးလောင်သွားပြီး မိသားစု(၁၃)ယောက်လုံးသေသွားခဲ့တယ်။ အဲဒါပြီးတဲ့နောက်မှာ တစ္ဆေသတို့သမီးက တရားခံတွေကိုသတ်ပြီးလက်စားချေခဲ့တယ်။အဲဒီအချိန်ကစပြီးတော့ ရွာသားတွေကတစ္ဆေသတို့သမီးကိုကြောက်ရွံနေကြပြီးထွက်သွားဖို့ကြံပေမယ့် ဘယ်သူမှအသက်ရှင်ရက်ထွက်မသွားနိုင်ကြဘူးလို့ဆိုကြတယ်။တစ်နေ့မှာတော့ လူငယ်လေး၂ယောက်ဟာလူတစ်ယောက်ကိုရှာဖို့အတွက် ကျိန်စာသင့်တဲ့ရွာလေးကိုရောက်လာခဲ့ကြတယ်။လူပျောက်ရှာရင်း လူငယ်လေး၂ယောက်ဟာရွာရဲ့လျှို့ဝှက်ချက်ကိုမထင်မှတ်ပဲသိလိုက်ရတဲ့အခါ...
Journey 2: The Mysterious Island (2012) ⭐IMDB: 5.7/10 (116 k Votes) 🎬 #Action #Adventure #Comedy #Family #Fantasy #SciFi #ScienceFiction 🗓 2012 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 31 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Journey 2: The Mysterious Island (2012) Journey to the Center of the Earth(2008) ကမ္ဘာ့အလယ်ဗဟိုသို့ခရီးတစ်ခေါက်ဇာတ်ကားရဲ့ အဆက်အနေနဲ့ အသစ်ထပ်မံထွက်ရှိထားတဲ့ ထူးဆန်းကျွန်းသို့ခရီးတစ်ခေါက်ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်… မင်းသားကြီးThe Rockဟာသူ့ဇနီးရဲ့သားဖြစ်သူနဲ့အတူထူးဆန်းတဲ့ကျွန်းရှိအဖိုးဖြစ်သူကိုရှာပုံတော်ဖွင့်ဖို့ရန်အတွက်အကြောင်းဖန်လာခဲ့ပါတယ်… သူတို့သားအဖနှစ်ယောက်ရယ်လမ်းပြသားအဖနှစ်ယောက်ရယ်နဲ့အတူဘာမြူဒါလို့ခေါ်တဲ့ ကမ္ဘာ့ဆွဲငင်အားအများဆုံးနေရာသို့ရောက်တဲ့အခါမှာမုန်တိုင်းတစ်ခုရဲ့အတွင်းသို့ဆွဲခေါ်ခြင်းခံခဲ့ရပါတယ်… အဲ့လိုနဲ့သူတို့အဖွဲ့ဟာအမှန်တကယ်မရှိဘူးလို့ထင်ထားခဲ့တဲ့ထူးဆန်းကျွန်းပေါ်ရောက်ရှိသွားတဲ့အခါမှာတော့… သူတို့သားအဖနှစ်ယောက်ကိုလာရှာဖို့အချက်ပြခဲ့တဲ့သူတို့ရဲ့အဖိုးဖြစ်သူနဲ့ရောဆုံတွေ့မှာလား… နောက်ပြီးဘယ်လိုအရာတွေကိုရင်ဆိုင်ဖြေရှင်းရမလဲ… ထူးဆန်းကျွန်းပေါ်မှာရောဘယ်လိုမျိုးစိတ်ဝင်စားဖွယ်အရာတွေဖြစ်တည်နေမလဲဆိုတာကိုတော့...
Holiday Hold-Up (2024) ⭐IMDB: 5.6/10 (61 Votes) 🎬 #Crime #Comedy 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 39 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှတော့ Rating တန်းဝင်တဲ့ထဲက အခွီကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ လူတိုင်းပျော်ရတဲ့ ခရစ်စမတ်ကာလကြီးမှာမှ စားသောက်ဆိုင်ပိတ်ပြီး ရုတ်တရက် အလုပ်ထုတ်ခံလိုက်ရတဲ့ ဝန်ထမ်းတစ်စု… အလုပ်ပြုတ်သွားလို့ မကျေနပ်ကြဘဲ စားသောက်ဆိုင်ပိုင်ရှင် ဘော့စ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လက်စားချေဖို့ ဇာတ်လမ်းတွေ ဆင်ကြတာကို မှုခင်းဟာသအရောလေးနဲ့ ရင်ခုန်စွာကြည့်ရှုရမှာပါ… ဘော့စ်ရဲ့ စားသောက်ဆိုင်ပိတ်ရခြင်း နောက်ကွယ်မှာရော ဘယ်လိုမျိုးလျှို့ဝှက်ချက်တွေရှိနေလဲဆိုတာကိုလည်း ကိုယ်တိုင်ခံစားကြည့်ရှုပေးဖို့ ညွှန်းပေးလိုက်ပါတယ်။...
A job-hunting graduate with a weak personality-Kokona Nakamori (SONE-535-Decensored) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 4 မိနစ် 16 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ဝိုင်းစက်စက်မျက်နှာကျနဲ့ အပြစ်ကင်းတဲ့ရုပ်လေးနဲ့ မထုံတတ်သေးသရုပ်ဆောင်တတ်တဲ့ မင်းသမီး Kokona Nakamori ကလဲ S-ONE Studio ကထုတ်တဲ့ SONE လေဘယ်စီးရီးက မင်းသမီးတယောက်ပါပဲ။ SONE-535-Decensored ဒီဇာတ်လမ်းထဲမှာတော့ သူမရဲ့အလုပ်ရှင်အကြောင်း အင်တာဗျူးပြန်ဖြေတဲ့ပုံစံမျိုးနဲ့ဇာတ်လမ်းဆင်ရိုက်ကူးထားပါတယ်။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ကြည့်ရှုဖို့သာဖြစ်ပြီးအပြင်လောကနဲ့ဆက်စပ်မှုမရှိကြောင်း ထပ်ဆောင်းသတိပေးအပ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)...
The Unlock (2025) ⭐IMDB: 3.3/10 (53 Votes) 🎬 #Thriller 🗓 2025 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 31 မိနစ် 59 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့Thriller အမျိုးအစား ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် ဒီဇာတ်ကားလေးမှာဆိုရင် လစ်သူရေးနီးယားနိုင်ငံအတွင်း ရုရှားသံ အမတ်တစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ကမ္ဘာ့အင်အားကြီးတပ်များ ဖြစ်ကြတဲ့ နေတိုးနဲ့ရုရှားတပ်တို့ ထိပ်တိုက်တွေ့ကာ အဏုမြူစစ်ပွဲ အထိဖြစ်ပေါ်လာမည့် တတိယကမ္ဘာစစ်ဘေးကို တားဆီးဖို့ ဂိုဒေါင် တစ်လုံးထဲကနေကြိုးစားကြမယ့် စစ်ကြောရေးအဖွဲ့ရဲ့ အားထုတ်မှုတွေ ပွတ်တိုက်မှုတွေ အချင်းများမှုတွေကို ကြည့်ရှုမြင်တွေ့ရမှာပဲ ဖြစ်ပါတယ်. Stephen ဟာ ရုရှားသံအမတ်ကြီးတစ်ဦးရဲ့ ယာဉ်မောင်းတစ်ယောက် ဖြစ်ပါတယ် လစ်သူရေးနီးယားနိုင်ငံအတွင်း သံအမတ်ကြီး ပြန်ပေး ဆွဲခံရစဉ်မှာ Stephen တစ်ယောက်ကတော့ ဦးခေါင်းထိခိုက်ဒဏ်ရာနဲ့ လမ်းတစ်နေရာမှာ ပစ်ထားခံခဲ့ရပါတယ် ပြန်ပေးသမားများဟာ ရုရှားသံအမတ်ကြီးကို ၁ နာရီခွဲအတွင်း သုတ်သင်မည်ဟုဆိုကာ အင်တာနက်ပေါ်တွင် တိုက်ရိုက်တင်ဆက် ပြသလာတဲ့နောက်မှာတော့ ရုရှားတပ်ဖွဲ့များဟာ လစ်သူရေးနီးယား နယ်စပ် ဘော်တစ်ပင်လယ်တလျှောက်တိုက်ခိုက်ရေးရေယာဉ်များ ကိုယ်ထင်ပြလာကာ လစ်သူရေးနီးယားကို ထိုးစစ်ဆင်ဖို့ အရိပ် အယောင်ပြပြီး စစ်ရေးလေ့ကျင့်မှု ပြုလုပ်လာပါတော့တယ် လစ်သူရေးနီးယားနိုင်ငံဟာ ယူကရိန်းလိုမဟုတ်ဘဲ နေတိုးတပ်ဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်တာကြောင့် ရုရှားတပ်များသာ လစ်သူရေးနီးယားကို ကျူးကျော်ခဲ့ရင် နေတိုးတပ်ဖွဲ့များလည်း ပါဝင်ပတ်သက်လာရမှာ ဖြစ်လို့ အခြေအနေအရပ်ရပ်ဟာ တတိယကမ္ဘာစစ်ဆီကို ဦးတည် လျက်ရှိနေပါတယ် တတိယကမ္ဘာစစ်ကို တားဆီးဖို့အတွက် တစ်ခုတည်းသောလမ်းကြောင်းဟာ ရုရှားသံအမတ်ကြီးကို ကယ်တင်ပေးဖို့တစ်ခုသာရှိတော့သောကြောင့် ဥရောပအဖွဲ့ဝင် နိုင်ငံများဟာ ပူးပေါင်းကယ်တင်ပေးဖို့ဖြစ်လာရပါတော့တယ် ထို့ကြောင့် ပြန်ပေးသမားများရဲ့ တည်နေရာကို သိရှိထားသော တစ်ဦးတည်းသောသဲလွန်စ မှတ်ဉာဏ်ပျောက်ဆုံးနေသူ Stephen ကိုစစ်မေးဖို့ အကြောင်းဖန်လာချိန်မှာတော့… ဒီဇာတ်ကားလေးဟာဆိုရင် အရှေ့အုပ်စုနဲ့ အနောက်အုပ်စုတို့ရဲ့ နိုင်ငံရေး စစ်ရေးအားပြိုင်မှုသမိုင်းကို တစ်စွန်းတစ်စထင်ဟပ် ပြသထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး အဏုမြူစစ်ပွဲတွေရဲ့ ကြောက်မက်ဖွယ်ရာအနာဂတ်ကိုလည်း မီးမောင်းထိုးပြပေးကာ ငြိမ်းချမ်းရေးကို အလေးထားဖို့သတိပေးတဲ့ ဇာတ်ကားလေး ဖြစ်တယ်လို့ ဆိုရင်လည်းမှားနိုင်ဖွယ်မရှိပါဘူး.. ဇာတ်ကောင် Stephen ကို စစ်ကြောမေးမြန်းမှုအပေါ်မှာ အခြေတည်ရိုက်ကူးထားပြီး ကမ္ဘာ့အရေးကိုတင်ပြထားတဲ့ ဒီဇာတ်ကားလေးကို ရုပ်ရှင်ချစ်သူများ လက်မလွတ်ရစေဖို့ ညွှန်းဆိုပေးလိုက်ရပြန်ပါတယ်ခင်ဗျာ...
Valiant One (2025) ⭐TMDB: 59% User Score 🎬 #Thriller #War 🗓 2025 🎞 movie 🌎 #UnitedStatesofAmerica #Canada ⏰ 1 နာရီ 27 မိနစ် 14 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Valiant One (2025) IMDb Rating (5.2) / Rotten Tomatoes (33%) အက်ဒဝပ် ဘရော့ခ်မန်းဟာ ကွန်ပျူတာရှေ့မှာပဲ အချိန်ကုန်တာများတဲ့ နည်းပညာရှင်တပ်ကြပ်တစ်ယောက်ဖြစ်ပြီး ဆယ်ဘီကတော့ သူနဲ့ ရာထူးအဆင့်တူတဲ့ တပ်ကြပ်တစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူတို့ဟာ တောင်ကိုရီးယားပိုင်နက်မှာ တခြားတပ်ဖွဲ့ဝင်တွေနဲ့အတူ မြေအောက်ခြေရာခံစက်ချို့ယွင်းမှုကို စစ်ဆေးဖို့အတွက် သာမန်စစ်ဆင်ရေးတစ်ခုအနေနဲ့ ရဟတ်ယာဉ်တစ်စီးနဲ့ ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ နည်းပညာချို့ယွင်းမှုကို စစ်ဆေးပြီး ပြန်အလာမှာ ရဟတ်ယာဉ်က စက်ချို့ယွင်းပြီး ပျက်ကျသွားခဲ့ပြီး သူတို့ရဲ့ခေါင်းဆောင်ဗိုလ်မှူးက အပြင်းအထန်ဒဏ်ရာရပြီး ရှေ့ဆက်သွားဖို့မဖြစ်နိုင်တဲ့အတွက် ဘရော့ခ်မန်းကို ဦးဆောင်ဖို့ တာဝန်ပေးအပ်လိုက်ပါတော့တယ်။ သူတို့ဟာ ဂြိုဟ်တုဖုန်းနဲ့ အခြေစိုက်စခန်းကို လာရောက်ကယ်ဆယ်ပေးဖို့ စစ်ကူတောင်းခံတဲ့အခါ သူတို့ဟာ မြောက်ကိုရီးယားနိုင်ငံထဲကို ရောက်ရှိနေမှန်း သိလိုက်ရပါတော့တယ်။ အမေရိကန်ဘက်ကလည်း မြောက်ကိုရီးယားနိုင်ငံပိုင်နက်ကို ဝင်တာနဲ့ စစ်ကြေညာတဲ့သဘော သက်ရောက်သွားမှာဖြစ်တဲ့အတွက် မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနယ်ခြားမျဉ်းက ကိုဩဒိနိတ်တစ်ခုကို အရောက်လာခဲ့မှသာလျှင် ကယ်ထုတ်ပေးနိုင်မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒီတော့ သူတို့တွေ မြောက်ကိုရီးယားကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်ဖို့ ဘယ်လိုကြိုးပမ်းကြမလဲဆိုတာက စိတ်လှုပ်ရှားဖွယ်ရာကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့Matteoဖြစ်ပါတယ်။)...
Bye Bye Boredom (2024) ⭐IMDB: 6.7/10 (74 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #Sweden ⏰ 1 နာရီ 16 မိနစ် 5 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Bye Bye Boredom (2024) IMDb Rating (6.7) ဒီဇာတ်လမ်းက ဆွီဒင်လူမျိုးဆယ်ကျော်သက်တွေရဲ့ အရွယ်ရောက်လာမှုဘဝအစိတ်အပိုင်းက စစ်မှန်တဲ့ စိန်ခေါ်မှုတွေ၊ စရိုက်အတွေ့အကြုံ၊ ယဉ်ကျေးမှုတွေကို အရှိကိုအရှိအတိုင်း ပေါ်လွင်အောင်ရိုက်ကူးထားနိုင်မှု၊ သရုပ်ဆောင် သဘာဝကျမှုတွေကြောင့် ချီးကျူးမှုတွေရရှိထားတဲ့ စိတ်ဝင်စားစရာ ဆွီဒင်ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဆွီဒင်မြောက်ပိုင်းကျေးရွာတစ်ခုမှာ သူ့အမေနဲ့ ပထွေးနဲ့အတူ နေထိုင်တဲ့ ၁၃ နှစ်အရွယ်ကလေးမလေး Jackie ရဲ့ဘဝကို အခြေခံထားပါတယ်။ Jackie တစ်ယောက် သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ Nova နဲ့အတူ ရွာထဲမှာ မြင်းစီး၊ ထွန်စက်မောင်း၊ မူးယစ်ဆေးသုံးစတဲ့ လုပ်နေကျလူငယ်အလုပ်တွေလုပ်ရင်း တစ်နေ့မှာတော့ Nova သူနဲ့အတူ ဆေးသုံးရင်း သေသွားခဲ့တယ်။ သူ့အချစ်ဆုံးသူငယ်ချင်းကို ဆုံးရှုးလိုက်ရတာကြောင့် ပူဆွေးဝမ်းနည်းမှုနဲ့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ်တွေပေါ်လာတဲ့ Jackie က Nova သေဆုံးသွားရတဲ့ အကြောင်းအရင်းကို ဖော်ထုတ်ချင်ခဲ့တယ်။ အဲဒီအတွက် သူတိုကို ဆေးပေးခဲ့တဲ့ ရွာက မှောင်ခိုမူးယစ်ဆေးရောင်းသမားတစ်ဖြစ်လဲ စာပိုသမား Casper အိမ်မှာ အတူနေထိုင်ပြီး အဲဒီညနေက ဖြစ်ရပ်မှန်ကိုရှာဖွေဖို ကြိုးစားပါတော့တယ်…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)...
The Last Showgirl (2024) ⭐TMDB: 65% User Score 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 13 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 IMDB Rating 6.7/10 ဇာတ်လမ်းနာမည်က The Last Showgirl (နောက်ဆုံးပြဇာတ်မယ်) တဲ့။ ဝါရင့်မင်းသမီးကြီး Pamela Anderson ရဲ့ အံ့အားသင့်မှင်သက်စရာကောင်းတဲ့ သရုပ်ဆောင်ချက်တွေကို တစ်ဝကြီးကြည့်လို့ရမယ့် ဒရာမာဇာတ်ကားကောင်းတစ်ကားပေါ့။ Razzle Dazzle ဆိုတဲ့ ပြဇာတ်ရုံဟာ ၁၉၈၀ ခုနှစ်တွေမှာ အင်မတန်ကျော်ကြားခဲ့တဲ့ဇာတ်ရုံတစ်ခုဖြစ်ပြီး လက်ရှိမှာလည်း လက်စ်ဗီးဂတ်မှာ တစ်ခုတည်းသာကျန်ရှိတော့တဲ့ဇာတ်ရုံတစ်ခုပေါ့။ ဒီဇာတ်ရုံအဖွဲ့သားတွေထဲကမှ ရှယ်လီဂါဒ်နာကတော့ တစ်ချိန်က ပြဇာတ်လောကမှာ အကျော်အမော်အဖြစ်နာမည်ကြီးခဲ့တဲ့ ကချေသည် တစ်ဦးပါ။ သို့သော်လည်း လက်ရှိအချိန်မှာတော့ နှစ် ပေါင်း ၃၀ ကျော်အောင် ခေတ်စားလာခဲ့တဲ့ဇာတ်ရုံတစ်ခုဟာ လူစိတ်ဝင်စားမှုနည်းလာကြပြီး ခေတ်ကုန်သွားတဲ့အတွက် နောက်ဆုံးမှာတော့ ဒီဇာတ်ရုံကြီးကို ပိတ်ဖြစ်ဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ဒီလိုနဲ့ ဘဝရဲ့အတောက်ပဆုံးအချိန်တုန်းက မီးရောင်တွေတလက်လက်အောက်မှာ ပရိတ်သတ်တွေရဲ့သောင်းသောင်းဖြဖြအားပေးမှုကို ရရှိခဲ့တဲ့ပြဇာတ်မယ်တစ်ဦးဟာ ဇရာရဲ့ထိုးနှက်ချက်တွေ ခေတ်ရေစီးကြောင်းရဲ့ထိုးနှက်မှုဒဏ်တွေကိုခံရပြီး ဘဝရဲ့အကျဘက်ကိုရောက်ရှိလာပါတော့တယ်။ ဒီရုပ်ရှင်ဟာ အသစ်ထွက်ရှိတဲ့ရုပ်ရှင်တွေထဲမှာမှ ‘တန်း’ တစ်ခုရှိတဲ့ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ လက်စ်ဗီးဂတ်စ်မှာရှိတဲ့ working class အမျိုးသမီးတွေရဲ့ Nightlife ကိုလည်း တစ်ဖက်တစ်လမ်းက မီးမောင်းထိုးပြထားပြီး ရသပေါင်းစုံ ခံစားချက်ပေါင်းစုံ ပေးစွမ်းနိုင်တာကြောင့် ကြည့်ရတာ မရှုံးမယ့်ရုပ်ရှင်တစ်ပုဒ်လို့ ပြောလို့ရပါတယ်။...
Wonder Boys (2000) ⭐TMDB: 68% User Score 🎬 #Comedy #Drama 🗓 2000 🎞 tv series 🌎 #Germany #Japan #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 40 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Wonder Boys (2000) IMDb Rating (7.2) / Rotten Tomatoes (81%) ဒီဇာတ်ကားလေးကတော့ Cast ကမြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ အဓိကဇာတ်ဆောင်အနေနဲ့ Spider man မင်းသား Tobey Maguire နဲ့ Ant manသရုပ်ဆောင် Michael Douglas ကသရုပ်ဆောင်ထားပြီး Iron man မင်းသား Robert Downey Juniorကဇာတ်ပို့အနေနဲ့အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အင်္ဂလိပ်ပရော်ဖက်ဆာတစ်ယောက်လဲဖြစ် စာရေးဆရာတစ်ယောက်လဲဖြစ်တဲ့ ဂရက်ဒီဟာသူ့လူမှုရေးအရှုပ်အရှင်းတွေကြားထဲ ဂျိမ်းစ်လီးရားဆိုတဲ့ တပည့်လေးတစ်ယောက်နဲ့အတူ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဇာတ်အိမ်ကောင်းကောင်းနဲ့ကြည့်ရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။)...
