ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
El Camino (2019) ⭐IMDB: 7.3/10 (311 k Votes) 🎬 #Action #Drama #Crime #Thriller 🗓 2019 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 3 မိနစ် 13 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ဒီကားကတော့ ဂျက်စီပင့်ခ်မနျးဆိုတဲ့ ရာဇဝတျသားတစျယောကျအကွောငျး ရိုက်ကူးထားတာပါ သူဟာလူသတ်မှုတွေ မူးယစျဆေးမှုတွနေဲ့ ရဲတပ်ဖွဲ့က အပြငျးအထနျအလိုရှိနသေူတစျဦးပါသူ့ကေျာငျးဆရာဟောငျးဖြစျသူဝှိုကျရဲ့တွဲဖက်ပါတနာအဖြစျ သံသယရြှိခငျးခံနရေတာပဲဖြစ်ပါတယျ ရဲလက်ထဲမမိပမေယျ့သူကလွတျမြောကျနတောမိုးလညျးမဟုတ်ဘဲ သူ့ကိုဖမျးဆီး ွကျနျပြုထားသူဆရာ့ဆရာကွီးလက်ထဲ ရောကျနတောပဲဖြစ်ပါတော့တယျနောက်ဆုံး သူလွတျမြောက်လမျးရှာတဲ့အခါမှာတော့ မထင်မှတ်မိလူသတ်မှုတွေ ထပ်တိုးရပြန်ပါတော့တယျ။လူသစ်စိတျသစျ ဘဝသစ်နဲ့ ပြန်စချင်တဲ့သူ ပြန်စနိုင်ပါ့မလားရာဇဝတ်မှုမှတ်တမျးတွေ အများကွီးရှိပမေယျ့တစ်ခုကိုမှ သူကျူးလွန်မှနျး ရဲဘက်က သကျသမေပြနိုင်တဲ့အခါသူတကယ်မကျူးလွန်ခဲ့တာလားတ်လောွနျးနခေဲ့တာလား သူ့ရဲ့သနားကွင်နာတတ်တဲ့စိတျ နူးညံ့တဲ့စိတျတွကေလညျးဝိရောဓြိဖစ်စရာပါပဲ သူ့ရဲ့လွတျမြောကျရေးလမျးစဉျကွီး အောငျမြင်ပါ့မလား ဘဝရဲ့အစွနျးအထငျးတွဖေယျပေျာကျပွီးဘဝသစျ စနိုင်ပါ့မလားဆိုတာဒီကားမှာကွညျ့ရှူရမှာပါ လူဆိုးဖြစျစေ လူကောငျးဖြစျစေ သစ်စာရှိတဲ့မိတျဆွေကောငျးတွေလိုအပ်တယ်ဆိုတာကိုလညျး မီးမောငျးထိုးပြထားပါတယျ...
The Unknown Soldier (2017) ⭐IMDB: 7.7/10 (14 k Votes) 🎬 #Drama #War 🗓 2017 🎞 movie 🌎 #Finland #Belgium #Iceland ⏰ 3 နာရီ 49 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Unknown Soldier (2017) ************************ IMDb….7.7 Hacksaw Ridge နောက်ပိုင်း စစ်ကားကောင်းတွေ မထွက်တာတော့ စစ်ကားကြိုက်ပရိတ်သတ်တွေအတွက် ဝမ်းနည်းစရာပါပဲ.. သို့ပေမဲ့ ဝမ်းသာစရာကောင်းတာ က ဒီဇာတ်ကားဟာ စစ်ကားကောင်းစာရင်းထဲပါသလို အကောင်းဆုံးမင်းသားဆု၊တည်းဖြတ်ဆု၊ အသံတည်းဖြတ်ဆုနဲ့ မိတ်ကပ်ဆုလည်း ရခဲ့တဲ့အပြင် အခြားဆု (၆) ဆုလည်း ဆန်ကာတင်စာရင်းထဲဝင်ခဲ့ပါတယ်…. ဖင်လန်နိုင်ငံရဲ့ နာမည်ကြီးအရောင်းရဆုံးဝတ္တုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်…. ဇာတ်လမ်းအကျဉ်းကတော့ ၁၉၄၁ ဂျွန်လလောက်တွင် ဖင်လန်နိုင်ငံဟာ နာဇီဂျာမန်နဲ့ မဟာမိတ်ဖွဲ့ခဲ့ရတယ်.. ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ရုရှားဆိုဗီယက်တို့ရဲ့ နယ်မြေသိမ်းတိုက်ခိုက်မှုတွေနဲ့ အပြင်းအထန် ကြုံတွေ့ခဲ့ကြရတယ်.. ၁၉၃၉ ခုနှစ်တုန်းက ဆောင်းတွင်းတိုက်ပွဲမှာဆုံးရှုံးသွားတဲ့ ကာရီးလီးယားနယ်မြေကို ရုရှားတို့ဟာ ပြန်လည်သိမ်းပိုက်ဖို့အတွက် ချီတက်ခဲ့ကြပြီး တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့ပါတယ်… စစ်ပွဲကာလ အတောအတွင်းမှာ ဖင်လန်ရဲဘော်တွေ စစ်ပွဲနဲ့ပတ်သက်ပြီး ဖြစ်ပျက်မှုတွေကိုအဓိကထားပြီးရိုက်ကူးထားတာပါ… ဒီကားက ပေးချင်တဲ့ Message လေးတွေအရမ်းကောင်းတယ်… ဇာတ်ကားက စဆုံးကို တိုက်ပွဲတွေပြည့်နှက်လို့နေပါတယ်….. စစ်ကားကြိုက်သူတွေအတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားလို့ ညွှန်းဆိုပါရစေ…. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ဖြစ်ပါတယ်...
Amish Affair (2024) ⭐IMDB: 5.5/10 (190 Votes) 🎬 #Crime #Drama #Mystery #Thriller #TVMovie 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 49 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ပရိသတ်ကြီးသဘောကျလောက်မယ့် 2024 တုန်းက ထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန် Drama ဇာတ်ကား ကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Robin Hays က ရိုက်ကူးထားပြီးတော့ အဓိက သရုပ်ဆောင်တွေအဖြစ် Ryan McPartlin, Mackenzie Cardwell, Dana Stoutenburg တို့က ပါဝင်ထားပါတယ်။ အမေရိကန်နိုင်ငံမြောက်ပိုင်းမှာဆိုရင် Amish ဆိုတဲ့ လူမျိုးစု လိုမျိုး သီးခြားလူ့အသိုင်းအဝိုင်းတစ်ခုရှိပါတယ်။ သူတို့တွေဟာ ဘာသာရေးအရမ်းကိုင်းရှိုင်းကြပြီးတော့ ပြင်ပ ကမ္ဘာကနေ သီးသန့်ခွဲထွက်ပြီးနေကြပါတယ်။ ခေတ်မီပစ္စည်းကိရိယာတွေဖြစ်တဲ့ မိုဘိုင်းဖုန်းတွေ ကားတွေကို အသုံးမပြုကြပဲ စက်ဘီးတွေ မြင်းလှည်းတွေနဲ့ပဲ သွားလာ ကြပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူနာပြုစုဖို့အတွက် ပြင်ပကမ္ဘာကနေ ရောက်လာတဲ့ Hannah ဆိုတဲ့ကောင်မလေးဟာ လူနာရဲ့ယောက်ျား ဖြစ်သူနဲ့ ချစ်ကြိုက်မိသွားပြီးတော့ ဖောက်ပြန်မိသွားပါတယ်။ အဲဒီနောက် သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းကို ဘာသာရေးတင်းကြပ်မှု တွေနဲ့ ရှေးရိုးဆန်လှတဲ့လူ့အသိုင်းအဝိုင်းကြားမှာ ရှေ့ဆက်ဖို့ ကြိုးစားကြပုံကို ကြည့်ရှုကြရမှာပါ။ ဇာတ်အလှည့်အပြောင်းတွေ မမျှော်လင့်ထားတဲ့လှည့်ကွက်တွေနဲ့ ကြည့်ရှုသူကို အစကနေအဆုံးထိ မျောပါသွားအောင် စွဲဆောင် နိုင်ပြီးတော့ ရသမျိုးစုံခံစားရမှာပါ။ IMDb rating မှာ 5.6 သာ ရထားပေမယ့် တကယ်ကြည့်လို့ ကောင်းပြီးတော့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားအဖြစ် recommend ပေးပါရစေ။...
1134 (2024) ⭐IMDB: 7.4/10 (1 k Votes) 🎬 #Bollywood #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 43 မိနစ် 38 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 1134 (2024)“ဒုစရိုက်အမှောင်” ပရိသတ်ကြီးအတွက် ခပ်ဆန်းဆန်း တေလဂူးမှုခင်းရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ လေးလအတွင်း ATM စက် ခိုးယူမှုတွေဆက်တိုက်ကျူးလွန်နေတဲ့ ထူးဆန်းတဲ့ ဂိုဏ်းတစ်ဂိုဏ်းကိုဖော်ထုတ်ရာမှာ သဲလွန်စတစ်ခုမှမရှိဘဲ ဖြစ်နေပါတယ် ထူးဆန်းတာက ဒီထဲမှ ပါဝင်တဲ့အဖွဲ့ဝင်သုံးယောက်ကတစ်ယောက်နဲ့တစ်ယောက် မသိကြဘဲအတူတူတွဲလုပ်နေမှန်းလည်း မသိသူတွေပါ သူတို့ကို ဘယ်သူက ဘယ်လိုခိုင်းတာလဲပါဝင်ကြတဲ့ အဖွဲ့ဝင်တွေကရော ဘယ်သူတွေလဲနောက်ကွယ်ကအကြောင်းရင်းမှန်ကရောဘာဖြစ်မလဲဆိုတာ ဒီဇာတ်လမ်းလေးထဲ အဖြေရှာလိုက်ကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်...
The Rock (1996) ⭐TMDB: 71% User Score 🎬 #Action #Adventure #Thriller 🗓 1996 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 2 နာရီ 17 မိနစ် 14 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 မင်းသားကြီးရှောင်ကွန်နရီ နဲ့ နီကိုလပ်ကေ့ချ် တို့အဓိကပါဝင်ထားတဲ့ ဒီဇာတ်ကားကြီးဟာArmageddon,Transformersဇာတ်ကားတွေကို ဖန်တီးသူ ဒါရိုက်တာMichael Bayရဲ့ နောက်ထပ်လက်ရာကောင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ လျှို့ဝှက်စစ်ဆင်ရေးတိုက်ပွဲတွေမှာ အသက်စွန့်ခဲ့ရပေမယ့် ဘာဂုဏ်ပြုမှတ်တမ်းမှ မရေးထိုးပေးဘဲ ချောင်ထိုးခံလိုက်ရတဲ့ ကျဆုံးစစ်သည်နဲ့ မိသားစုတွေအတွက် ရင်နင့်နေတဲ့ အမေရိကန်ဗိုလ်ချုပ်ဖရန့်ဟမ်းမဲလ်…. ဘယ်သူမှဖဖောက်နိုင်တဲ့ထောင်ကို ဖောက်ထွက်ပြေးခဲ့ဖူးတဲ့ နာမည်ကြီးထောင်ဖောက်သမားကြီး ဂျွန်မေဆင်…. FBI ဌာနရဲ့ ဓါတုဗေဒ ပညာရှင် ဂွတ်စပိဒ်…. ဒီလိုထိပ်တန်းလူသုံးယောက် ကိုယ့်ခံယူချက် ယုံကြည်ချက်အတွက် တိုက်ပွဲဝင် ထိပ်တိုက်တွေ့ဆုံရာဝယ်………….။ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်….မင်းသားကြီးတွေရဲ့ သရုပ်ဆောင်မှုတွေ အသောအထေ့တွေက အသက်ဝင်လွန်းပါတယ်။နီကိုလပ်ကေ့ချ်ကို ငယ်ရွယ်နုပျိုစွာမြင်ရတာကလဲ အတော်ပဲ ကြည့်ပျော်မှာပါ။...
Bottle Radha (2023) ⭐IMDB: 8.0/10 (151 Votes) 🎬 #Bollywood #Drama 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 25 မိနစ် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Bottle Radha (2025) ယစ်ထုတ်ကြီးရာ့ဒ်ဟာ ဒီဇာတ်ကားလေးမှာတော့ မူးယစ်ဆေး၊ အရက် စွဲလမ်းသူတို့ရဲ့ဘဝအနေအထားကိုစိတ်လှုပ်ရှားဖွယ်ဒရမ်မာလေးတွေအပြင် ဟာသလေးပါနှောပြီး တင်ဆက်ထားပါတယ်။ ရာ့ဒ်ဟာက သူ့အလုပ် ကြွေပြားကပ်လုပ်ငန်းမှာအရမ်းကိုကျွမ်းကျင်သူတစ်ဦးပါ။ ဒါပေမဲ့သူကအရက်ကိုမသောက်ရ မနေနိုင်စွဲလမ်းနေပါတယ်။အရက်ကိုအမြဲသောက်နေပြီး အချိန်တိုင်းမူးနေတဲ့အတွက်သူ့ရဲ့ စီးပွားရေး လူမှုရေးတွေ ထိခိုက်လာရပါတယ်။ သူ့ဒဏ်ကိုအခံရဆုံးကတော့ သူဆွေမျိုးတွေနဲ့ သူ့မိသားစုပေါ့။သူ့ဇနီးဖြစ်သူအန်ဂျလမ်က သူ့ဒဏ်ကိုမခံနိုင်တော့တဲ့အဆုံးတစ်ဖက်လှည့်နဲ့ သူ့ကိုလည်းအသိမပေးဘဲ ရာ့ဒ်ဟာကိုပြန်လည်ထူထောင်ရေးစင်တာကို ပို့လိုက်ပါတော့တယ်။ ဒီလိုနဲ့ယစ်ထုတ်ကြီး ရာ့ဒ်ဟာက ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားရာကနေသူတို့ရဲ့လုပ်ငန်းစဉ်တွေကို လိုက်နာလာရပါတော့တယ်။ မူးယစ်ဆေး၊ အရက်စွဲလမ်းသူတို့ရဲ့ စိတ်နေစိတ်ထား၊ ပြတ်ဖို့ကြိုးစားပုံ၊မိသားစုချစ်ခြင်းမေတ္တာနဲ့ ပံ့ပိုးမှုတွေကို ခံစားသိရှိရဖို့ စီးမြောကြည့်ရှုကြရအောင်ပါ။ အညွှန်းနဲ့ဘာသာပြန်တွေကတော့ STAR~ToMo~Cym~Zwe Yan တို့ပဲဖြစ်ပါတယ်။...
Fake Dad (2025) ⭐TMDB: 55% User Score 🎬 #Comedy #Drama 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 35 မိနစ် 47 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 CM ချစ်ပရိသတ်တို့ကို ဟာသကားလေး မိတ်ဆက်ပေးလိုက်ပါတယ်နော်…ဒီနေ့ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ကားက အဖေအရင်းကိုဆေးကုဖို့အတွက် အဖေအတုနဲ့ မြို့ပတ် သီချင်းဆိုဖျော်ဖြေတဲ့အကြောင်းလေး ရိုက်ကူးထားတာပါ.. လူတူမရှား နာမည်တူမရှားဆိုသလိုပဲ… တစ်ခေတ်က အောင်မြင်ခဲ့တဲ့ဟောက်လျန်အဆိုတော်ကြီးက အခုတော့ တိုက်ခန်းသေးလေးနဲ့ဆန်ကုန်မြေလေး သားတစ်ယောက်အပြင် ဘာမှမကျန်တော့ပါဘူး…အပိုဆုလေးက ဦးနှောက်အကျိတ်ပါပဲ…ဒီတော့ သူ့သားက သူ့အဖေကို ခွဲစိတ်ပေးဖို့အတွက် ငွေရှာဖို့ကြိုးစားရင်း…နောက်ဆုံးမှာတော့ သူ့အဖေနဲ့ ရုပ်ခွဲမရအောင်တူပြီးသီချင်းဆိုကောင်းတဲ့သူကို ရှာတွေ့ခဲ့ပါတော့တယ်… ဒီလိုနဲ့ပဲ သူ့အဖေရဲ့နာမည်ကိုသုံးပြီးတော့ နယ်ပွဲတွေကိုလက်ခံခဲ့ပြီး ခွဲစိတ်ခကို စုဆောင်းပါတော့တယ်…ဖျော်ဖြေရင်းကြုံတွေ့တဲ့ အလွဲပေါင်းသောင်းခြောက်ထောင်တယ်…အဖေအရင်းရယ် အဖေတုရယ် သားငတုံးရယ် ကြားကအလွဲတွေနဲ့ ဘဝအမောကို ဖြေဖျောက်ဖို့ ဒီကားလေးအတူ ကြည့်လိုက်ရအောင်နော်...
The Guns of Navarone (1961) ⭐TMDB: 73% User Score 🎬 #Action #Adventure #Drama #War #Thriller 🗓 1961 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 41 မိနစ် 24 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ဒီတစ်ခါတင်ဆက်ပေးမှာကတော့ war/adventure ရုပ်ရှင်တစ်ခုဖြစ်တဲ့ The Guns of Navarone ပါ မူရင်းစာအုပ် The Guns of Navarone ကို မှီငြမ်းပြီး ရိုက်ကူးထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ် Navarone ဆိုတဲ့ကျွန်းက အပြင်မှာ တကယ်မရှိပါဘူး ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်း Roman Holiday, To kill a mockingbird တို့နဲ့ သိလောက်မယ့် မင်းသားကြီး Gregory Peck, David Niven, Anthony Quinn, James Darren တို့ပါ IMDb rating 7.5, rotten tomatoes 92% ရထားတဲ့ စစ်စွန့်စားခန်း ရုပ်ရှင်ကားကောင်းတစ်ခုပါပဲ ဇာတ်ကြောင်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်တွေဟာ စစ်အင်အားပြသဖို့အတွက် ဂရိကျွန်းဆွယ်တစ်ခုဖြစ်တဲ့ ကာရိုစ်ကျွန်းကို ရုတ်တရက်ထိုးစစ်ဆင်ဖို့ ကြံစည်ပါတယ် ကာရိုစ်ကျွန်းပေါ်မှာ သောင်တင်နေတဲ့ အင်္ဂလိပ်စစ်သား ၂၀၀၀ ကို ကယ်တင်ဖို့အတွက် မဟာမိတ်အဖွဲ့ဘက်က အရည်အချင်းပြည့်ဝတဲ့ အရာရှိ ၆ ဦးကို ဂျာမန်တွေရဲ့ နောက်ဆုံးပေါ်အမြောက်ကြီးတွေ တပ်ဆင်ထားတဲ့ နာဗာရွန်ကျွန်းကို ဖောက်ခွဲပစ်ဖို့အတွက် စေလွှတ်လိုက်ပါတော့တယ် အစကတည်းက မဖြစ်နိုင်ဘူးဆိုတာ သေချာနေတဲ့ စစ်ဆင်ရေးတစ်ခုကို စေလွှတ်ခံရတဲ့ အရာရှိ ၆ ဦးတို့ ဘယ်လိုစွန့်စားခန်းတွေနဲ့ ကြုံရပြီး စစ်ဆင်ရေးကို အကောင်အထည်ဖော်ကြမလဲ ဆိုတာ ဇာတ်ကွက်ကောင်းကောင်း၊ ဟန်ပါပါသရုပ်ဆောင်ချက်၊ ကျစ်လျစ်တဲ့ဒိုင်ယာလော့ခ်တွေနဲ့ စစ်ပွဲအတွင်း ပါဝင်ကြ နစ်နာကြရသူတွေရဲ့ ခံစားချက်အမြင်ကို ခံစားကြည့်ရှုလိုက်ကြပါဦးခင်ဗျာ...
Supposed (2023) ⭐IMDB: 6.3/10 (18 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #Thailand ⏰ 1 နာရီ 37 မိနစ် 29 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Supposed (2024)*************** အခုတစ်ခါမှာ အလှည့်ကျလာတဲ့ Movie လေးကတော့ မင်းသားကြီး Anandaရဲ့ romance drama ဇာတ်လမ်းလေးဖြစ်ပြီး ဆိုရှယ်မီဒီယာကနေ ဇာတ်လမ်းစတဲ့အချစ်တစ်ခုအကြောင်းကို ရိုက်ပြထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်… ဆိုရှယ်မီဒီယာခေတ်ရောက်လာတာနဲ့အညီ လူတွေကြားမှာ ဆက်ဆံရေးတွေတိုးတက်လာသလို အွန်လိုင်းပေါ်က fake id တွေလည်း တစ်နေ့တခြားများလာတာပေါ့…ဒီလိုပဲ online relationshipတွေနဲ့အတူ အထိအတွေ့သာယာရုံသက်သက် ပတ်သက်မှုတွေလည်း မှိုလိုပေါက်လာပါတော့တယ်…အဲဒီလို ဆိုရှယ်မီဒီယာတွေနဲ့ ဘဝကိုပျော်မွေ့နေသူကတော့ ‘နွမ်’ဆိုတဲ့ သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ပါပဲ…အပြင်လောကမှာ အလုပ်ကြိုးစားပြီး တည်ငြိမ်တယ်လို့ထင်ရတဲ့’နွမ်’ဟာ အွန်လိုင်းလောကမှာတော့ ‘နွန်’ဆိုတဲ့နာမည်နဲ့ စော်တရုန်းရုန်းနဲ့ မောင်ပြုံးလုပ်နေတာပါ…သူ့အတွက်ကတော့ တည်ငြိမ်အေးဆေးတဲ့ဆက်ဆံရေးတစ်ခုထက် အပျင်းပြေရုံ ရမ္မက်ဖြေရုံ တခဏဆက်ဆံရေးက ပိုပြီးပျော်စရာဖြစ်နေတာပေါ့… ဒီလိုနဲ့တစ်နေ့မှာ ဆိုရှယ်မီဒီယာက သူ့ရဲ့ပို့စ်မှာ ကွန်မန့်လာရေးတဲ့ ‘ဒီးယား’ဆိုတဲ့ကောင်မလေးကို သဘောကျမိပြီး တစ်ယောက်အကြောင်း တစ်ယောက်မမေးကြေးဆိုတဲ့ သဘောတူညီချက်နဲ့ တွဲဖို့ဆုံးဖြတ်ပြီးမှ နွမ်ဘက်က ခံစားချက်တွေပိုလာချိန်မှာတော့… နွမ်တစ်ယောက် ကိုယ့်စကားနဲ့ကိုယ် ဘယ်လိုတွေ တိုင်ပတ်မလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါရှင်… ဇာတ်လမ်းအညွှန်းနှင့် ဘာသာပြန်သူကတော့ Mary ဖြစ်ပါတယ်...
The Great Escape (1963) ⭐TMDB: 79% User Score 🎬 #Adventure #Drama #Thriller #War 🗓 1963 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 52 မိနစ် 59 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ၁၉၄၄ ခုနှစ်မှာ လုံခြုံရေးအတင်းကျပ်ဆုံး ထွက်ပြေးလွတ်မြောက်ဖိုလုံး၀မဖြစ်နိုင်ဘူးဆိုတဲ့ ဂျာမန်အကျဉ်းစခန်းကနေ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ မဟာမိတ်တပ်ဖွဲ၀င်စစ်သားတွေဟာ ထွက်ပြေးဖို ကြိုးစားခဲ့ကြတယ်။ ထွက်ပြေးမယ့်သူကလည်း တစ်ယောက်နှစ်ယောက် တစ်ဒါဇင်လောက်တောင်မဟုတ်ဘဲ အယောက် ၂၅၀ ထွက်ပြေးကြမှာ။ ၃ နှစ်ကျော် အကျဉ်းချခံထားတဲ့သူတိုဟာ လိုက်ခေါင်း ၃ ခုတူးပြီး မရရအောင် ထောင်ဖောက်ပြေးကြဖို စီစဉ်ခဲ့ကြတယ်။ ဇာတ်ကောင်တွေ အချိန် နေရာတွေကို အနည်းငယ်ပြုပြင်ထားပေမဲ့ ထွက်ပြေးလွတ်မြောက်ရေးအစီအစဉ်ကတောာ့ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့အတိုင်း အသေးစိတ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်တာမို စိတ်လှုပ်ရှားဖို အတော်လေးကောင်းပါတယ်။ ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးတဲ့ ထောင်ဖောက်ဇာတ်လမ်းတွေကိုကြိုက်နှစ်သက်ရင် ဒီဇာတ်ကားကလည်း လက်လွှတ်ခံလိုမဖြစ်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။...
Spy Puzzle (2025) ⭐TMDB: 0% User Score 🎬 #Action 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 29 မိနစ် 1 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ရှေးခေတ်သူလျှိုတစ်ယောက်ရဲ့ဘဝခရီးတစ်ခုအကြောင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ရာဇဝတ်မှုဌာနရဲ့သူလျှိုတစ်ယောက်ဖြစ်တဲ့ ချိုးရှင်းကျစ်ဟာတစ်ဦးတည်းသောညီမလေးကို မသမာသူတွေရဲ့လက်ကနေမကယ်နိုင်ခဲ့ပဲ ဆုံးရှုံးခဲ့ရတယ်။ ခက်ခဲတဲ့သူလျှိုဘဝကိုစွန့်လွှတ်ချင်ပေမယ့် စစ်ဆွေခရိုင်မြို့လေးမှာကလေးနဲ့ ယောင်္ကျားတွေပျောက်နေတာကိုသိရတဲ့အခါ ကိုယ်ချင်းစာပြီးတော့စစ်ဆွေဂိုဏ်းမှာ သူလျှိုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူ့ကိုကူညီဖို့အတွက်ရိုးသားဖြောင့်မတ်တဲ့ လူဆိုးထိန်းခေါင်းဆောင်ကိုလဲ ဌာနကလွှတ်ပေးလိုက်တယ်။ သူတို့နှစ်ယောက်ပေါင်းပြီးတော့ စစ်ဆွေခရိုင်ရဲ့လူပျောက်မှုကိုစုံစမ်းတဲ့အခါ ဒါကလူကုန်ကူးမှုဖြစ်နိုင်ဆိုပြီးသိလိုက်ရပါတယ်။လူတွေအများကြီးပျောက်နေတဲ့ဒီအမှုရဲ့နောက်ကွယ်ကတရားခံအစစ်ဟာဘယ်သူဖြစ်နေမလဲ……ရှုပ်ထွေးလှတဲ့စစ်ဆွေခရိုင်လူပျောက်မှုကိုသူတို့၂ယောက်ဟာ အချိန်တိုအတွင်းမှာ ဖော်နိုင်ပါ့မလား...
Andrea's Love (2023) ⭐IMDB: 6.2/10 (131 Votes) 🎬 #Drama #Adventure #Comedy 🗓 2023 🎞 movie 🌎 #Spain ⏰ 1 နာရီ 41 မိနစ် 14 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Andrea’s Love (2024) IMDb Rating (6.2) ၂၀၂၃ ရဲ့ အကောင်းဆုံးစပိန်ရုပ်ရှင်ကား ထိပ်တန်း(၁၀) ကားထဲမှာ တစ်ကားအပါအဝင်ဖြစ်တဲ့ “El.amor.de.Andrea.” ဆိုတဲ့ ဇာတ်ကားလေးက ၂၀၂၃ ခုနှစ် အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးဇာတ်ညွှန်းဆု စတဲ့ဆုပေါင်းများစွာကို သိမ်းပိုက်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ၁၅ နှစ်အရွယ် အန်ဒရီယာဆိုတဲ့ ကောင်မလေးက မိသားစုမှာ အကြီးဆုံးသမီးတစ်ယောက်ဖြစ်ပါတယ်။ အဖေနဲ့အမေကွာရှင်းပြီးတဲ့နောက် သူတို့အဖေက သူနဲ့ သူ့မောင်လေးနှစ်ယောက်ကို လုံးဝလာမတွေ့တဲ့အချိန်မှာ ဖခင်မေတ္တာကို ငတ်မွတ်နေတဲ့ အန်ဒရီယာလေးဟာ သူမအဖေ သူတို့ကို ပြန်ချစ်လာစေဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားအားထုတ်ခဲ့ပုံလေးကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဒီကားလေးထဲမှာ အိမ်ထောင်ကွဲမိသားစုတစ်စုရဲ့ ပဋိပက္ခတွေ၊ အမေတစ်ယောက်တည်းရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ၊ သားသမီးနဲ့မိဘကြားလွဲမှားနေတဲ့ အယူအဆလေးတွေ၊ ဖခင်မေတ္တာငတ်မွတ်နေပေမဲ့ မောင်လေးတွေအပေါ်ကို အကြီးဆုံးသမီးတစ်ယောက်ပီပီ အစ်မကြီးအမိရာ မေတ္တာတရားကြီးမားပုံတွေကို ခံစားမိအောင် ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ ကြည့်ရှုကြဖို့ တိုက်တွန်းချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။)...
Bangkok Traffic Love Story (2009) ⭐TMDB: 74% User Score 🎬 #Comedy #Romance 🗓 2009 🎞 movie 🌎 #Thailand ⏰ 2 နာရီ 6 မိနစ် 41 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Bangkok Traffic (Love) Story (2009)*********************************** ဘန်ကောက်မြို့ဆိုတာ ထိုင်းနိုင်ငံရဲ့ သိပ်စည်ကားတဲ့မြို့ဖြစ်သလို စည်ကားသလောက် လမ်းလည်းအရမ်းပိတ်လို့ ရုံးတက်ရုံးဆင်းချိန်ဆို ကားလမ်း ရထားလမ်းမှာ လူအပြည့်နဲ့ သိပ်ကိုစိတ်ရှုပ်ရတဲ့မြို့လေးပေါ့…ဒါပေမဲ့ ဒီလိုလမ်းမထက်မှာ သိပ်ကိုရိုးရှင်းပေမဲ့လှပတဲ့ ချစ်ဇာတ်လမ်းလေးတစ်ပုဒ်ရှိခဲ့ဖူးပါသတဲ့…အခုတင်ဆက်ပေးမှာကတော့ The root ထဲက နှုတ်ခမ်းနီမလေးတို့အသည်းစွဲ မမChrisနဲ့ မင်းသားကြီး Theeradejတို့ရဲ့ တစ်ချိန်ကအတော်လေးနာမည်ကြီးခဲ့တဲ့ Bangkok Traffic love storyဆိုတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်…ဒီဇာတ်လမ်းလေးရဲ့ သဘောကျစရာကောင်းတဲ့ အချက်ကတော့ ဒရာမာနည်းနည်းနဲ့ လက်တွေ့ဆန်ပြီးတော့ အခွီလေးတွေ အလွဲလေးတွေနဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို အလှဆုံးပုံဖော်ထားတာဖြစ်လို့ မရှုစားရသေးဘူးဆိုရင်တော့ လက်လွတ်မခံဘဲ အခုပဲ ရှုစားလိုက်ကြပါစို့… ဇာတ်လမ်းကျဉ်း———— အပျိုကြီးလည်းဘာဖြစ်လဲ သူငယ်ချင်းတွေနဲ့ပျော်မယ် တစ်ကိုယ်တည်းတောက်ပမယ်ဆိုပြီး ဇက်ဇက်ကြဲခဲ့တဲ့မေလီတစ်ယောက် အသက် 30 အရောက် သူငယ်ချင်းတွေက ဆိုင်သူကိုယ်စီရှိသူကရှိ ယောက်ျားယူတဲ့သူကယူဖြစ်လာတဲ့ချိန်မှာတော့ မကြီးမငယ် ကြေကွဲမမဘဝရောက်ရပါတော့တယ်…ဒီလိုနဲ့ အချစ်ဆုံးသူငယ်ချင်းရဲ့ မင်္ဂလာဆောင်ကနေ အထီးကျန်စိတ်နဲ့ ပျော်တဲ့စိတ်ရောပြီး မူးမူးနဲ့ကားမောင်းပြီးအပြန်မှာ အက်ဆီးဒင့်ဖြစ်ရာကတစ်ဆင့် သူ့ကိုကူညီပေးဖို့ ရောက်လာတဲ့ သူ့ဘဝရဲ့ နတ်သားလေးလုန်နဲ့ ဆုံတွေ့ရဖို့ ဖြစ်လာပါတော့တယ်…ဒါပေမဲ့ ထိုင်းတရုတ်နွယ်ဖွားအိမ်က တစ်ဦးတည်းသောသမီးပီပီ အမေအဖေတွေ အဘွားတွေရဲ့ ဆုံးမမှုတွေကြား ဗိုင်းကောင်းကျောက်ဖိနေခဲ့ရတဲ့သူမလို့ ယောက်ျားလေးကို မိန်းကလေးဖြစ်ပြီး စ’မကြူရဘူးဆိုတာကို အရိုးစွဲနေတဲ့မေလီတစ်ယောက် အမေဖြစ်သူက လွန်ခဲ့တဲ့ ၁၇နှစ်က ဂျင်းထည့်ခဲ့တယ်ဆိုတာ သိသွားပြီး လုန်ကိုရေလာမြောင်းပေးလုပ်ဖို့ အကွက်တွေမျိုးစုံဖန်ပါတော့တယ်…ဒါပေမဲ့ မူခဲ့တာ အသက် 30 ထိတိုင်ခဲ့တာမလို့ အလွဲလွဲအချော်ချော်တွေနဲ့ပဲ စခဲ့ရတဲ့ သူတို့နှစ်ယောက်ကြားမှာ အချစ်စစ်တစ်ခု ပေါက်ဖွားလာချိန်ဟာ ဘယ်လောက်ထိလှပမလဲ… ညဘက်မှာပဲအလုပ်ဆင်းရတာကြိုက်တဲ့ ရထားအင်ယာ ကိုရေခဲလုန်နဲ့ အမြဲတလွဲလုပ်တတ်တဲ့ ဆိုလာဆဲလ်အရောင်းစာရေးမလေးမေလီတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ဘယ်လိုလှပစွာ ပုံဖော်ထားလဲဆိုတာ အခုပဲCMနဲ့အတူ ပြန်လည်ခံစားလိုက်ရအောင်ပါ… ဇာတ်လမ်းအကျဉ်းကို Mary မှ ရေးသားပေးထားပါတယ်...
Dhakshina (2024) ⭐IMDB: 8.3/10 (5 k Votes) 🎬 #Bollywood #Crime #Thriller #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 44 မိနစ် 42 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Dhakshina (2024)”ပဟေဠိ”=====================၂၀၂၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ တေလေဂူးစကားပြောမှုခင်းရုပ်ရှင်လေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ အေးချမ်းတဲ့ ဗိုင်ဇက်မြို့လေးထဲမှာ ကွင်းဆက်လူသဝာ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ သေဆုံးသူတွေဟာ မိန်းကလေးတွေဖြစ်ပြီး အလောင်းရဲ့လက်တွေကိုသံမှိုနဲ့ရိုက်ထားကာ ခေါင်းလည်း အဖြတ်ခံထားကြရပါတယ်။ ရဲတွေလည်း စုံစမ်းပေမဲ့ ဘာသဲလွန်စမှရှာမတွေ့ဘဲ အခင်းဖြစ်နေရာတိုင်းမှာတွေ့ရတတ်တဲ့ မိန်းကလေးတစ်ယောက်ကိုသာသတိထားမိသွားပြီး မသင်္ကာမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။ ဒါပေမဲ့ လူသဝာ်မှုတွေက ရပ်တန့်မသွားဘဲ ဆက်ဖြစ်နေတဲ့အခါမှာတော့…။ရဲတွေ လူသဝာ်သမားကို ဖမ်းမိသွားမလား၊အခင်းဖြစ်နေရာတွေမှာတွေ့ရတဲ့မိန်းကလေးက ဘယ်သူလဲ၊လူသဝာ်သမားရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာတွေကိုဒီရုပ်ရှင်ထဲမှာ မြင်တွေ့အဖြေရှာကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Zwe Yan နဲ့ ToMo တို့ပဲဖြစ်ပါတယ်။)...
Freelance (2024) ⭐IMDB: 4.7/10 (264 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #Australia ⏰ 1 နာရီ 52 မိနစ် 35 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 အလွတ်တန်းဗီဒီယိုတည်းဖြတ်သူ ကိတ်တီကအရမ်းကို ငွေလိုအပ်တဲ့အချိန်မှာ ထူးဆန်းပြီး ပိုက်ဆံကောင်းကောင်း ပေးးတဲ့အလုပ်တစ်ခုရခဲ့ပါတယ်။ အဲဒါကတော့ ကြောက်စရာဗီဒီယိုတွေကို တည်းဖြတ် ပေးဖို့ပါပဲ။ ဒီအလုပ်ကို မလွှဲရှောင်သာ လုပ်ကိုင်နေရင်း “ကိုယ်တိုင်ရိုက်ကူး” ရမယ်ဆိုတဲ့အချိန်မှာတော့ လုံးဝ နောက်ပြန်ဆုတ်လို့မရတော့ဘဲ တစ်ခုပြီးတစ်ခု ခြောက်ခြားဖွယ်ကိစ္စတွေကြုံတွေ့ရပါတော့တယ်။ ဇာတ်ကောင်တွေကြားက လျှို့ဝှက်ချက်တွေကို ဖြည်းဖြည်းချင်းမြင်တွေ့ရပြီး အပြည့်အဝ အာရုံကို ဖမ်းစားနိုင်မဲ့ horror flim ကောင်းလေးမလို့ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။...
Kid Snow (2024) ⭐IMDB: 6.0/10 (125 Votes) 🎬 #Drama #Action 🗓 2024 🎞 movie 🌎 #Australia ⏰ 2 နာရီ 8 မိနစ် 11 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 CM ပရိသတ်ကြီးကို သိပ်မကြားသေးခင်ကတင်ထွက်ထားတဲ့ Kid Snow ဆိုတဲ့လက်ဝှေ့ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ “Kid Snow” က ၂၀၂၄ ခုနှစ်တွင် ထွက်ရှိခဲ့တဲ့ သြစတြေးလျ အားကစား ဒရာမာရုပ်ရှင်ဇာတ်ကားဖြစ်ပြီး Paul Goldman မှ ဒါရိုက်တာလုပ်ကာ John Brumpton မှ ဇာတ်ညွှန်းရေးသား ထားပါတယ်။ Billy Howle နှင့် Phoebe Tonkin တို့ ပါဝင် သရုပ်ဆောင်ထားသည့် ဒီရုပ်ရှင်က ၁၉၇၀ ပြည့်လွန်နှစ်များကို အခြေခံထားပြီး ဇာတ်လမ်းမှာ နာမည်ကျော်ခဲ့ဖူးသော်လည်း ယခုအခါ လက်ရည်ကျဆင်းနေသော လက်ဝှေ့သမား Kid Snow (Billy Howle) ၏ ဘဝအကြောင်းကို ရိုက်ကူးထားပါတယ်။ ဇာတ်ကားတွင် Kid Snow က လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုက သူနှင့် ယှဉ်ပြိုင်ခဲ့ဖူးသူကို ပြန်လည်ယှဉ်ပြိုင်ရန် အခွင့်အရေးရ လာသောအချိန် သူ့ဘဝကို ပြန်လည်တည့်မတ်ရန် ကြိုးစားရင်း အနိုင်ပြန်လည်ယူနိုင်ပါ့မလား အရင်လိုပဲ လက်ဝှေ့လောကရဲ့ မသမာမှုတွေ လှည့်ကွက်တွေမှာပဲ ဆက်လက်နစ်မွန်းနေဦးမှာပဲ လားဆိုတာကိုကြည့်ရှူခံစားရမှာပါ သည်ရုပ်ရှင်ကို သြစတြေးလျနိုင်ငံ၊ အနောက်သြစတြေးလျဒေသတွင် ၂၀၂၂ ခုနှစ် မေလမှ ဇူလိုင်လအတွင်း ရိုက်ကူးခဲ့ပြီး ၂၀၂၄ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် Sydney Film Festival တွင် ပထမဆုံး ပြသခဲ့ပါတယ်။ သြစတြေးလျတွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ရုံတင်ပြသခဲ့ပြီး အမေရိကန်ပြည်ထောင်စုတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကမှ ရုံတင်ပြသခဲ့တာပါ။ ဇာတ်ကားသည် ဝေဖန်သူများထံမှ အမျိုးမျိုးသောတုံ့ပြန်မှုများရရှိခဲ့ပြီး ဇာတ်ညွှန်းနှင့် ဇာတ်လမ်းဖွဲ့စည်းပုံတို့ကို ဝေဖန်ခံခဲ့ရသော်လည်း Phoebe Tonkin ၏ သရုပ်ဆောင်မှုကို အထူးချီးကျူးခံခဲ့ရသည်။ Tonkin သည် ၂၀၂၅ ခုနှစ် AACTA Awards တွင် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့သည်။...
Murder at the Country Club (2023) ⭐IMDB: 4.7/10 (171 Votes) 🎬 #Crime #Thriller #TVMovie 🗓 2023 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 45 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Murder at the Country Club (2024) IMDb Rating (4.7) Country Club ဆိုတာ အများအားဖြင့် မြို့စွန်တွေမှာရှိပြီး ဂေါက်၊ တင်းနစ်၊ ရေကူး စတဲ့ အားကစားတွေကို အသင်းဝင်ကြေးနဲ့ ဝင်ခွင့်ပေးတဲ့ အားကစား အပန်းဖြေစခန်းတွေ ဖြစ်ပါတယ်။ တချို့ ကြီးကြီးကျယ်ကျယ်ကလပ်တွေဆိုရင် အသင်းဝင်ခွင့်အတွက် ငွေတင်မဟုတ်ဘဲ သတ်မှတ်ချက်တွေရှိပါသေးတယ်။ တည်းခိုဆောင်၊ စားသောက်ခန်းမ စတာတွေလည်းရှိပြီး တွေ့ဆုံပွဲ၊ မင်္ဂလာပွဲ စတဲ့ ပွဲတွေကိုလည်းကျင်းပလို့ ကောင်းတဲ့ နေရာဖြစ်ပါတယ်။ သာယာလှပတဲ့ ရှုခင်းနဲ့ စိတ်ကြည်နူးစရာနေရာလေးပါ။ “ဝါဝါမြင်တိုင်း ရွှေမထင်နဲ့”ဆိုသလို ဒီလို သာယာလှပပြီး ကိန်းကြီးခန်းကြီးနိုင်လှတဲ့ နေရာမှာ လူသတ်မှု၊ လိင်မှုဆိုင်ရာဖောက်ပြန်မှု၊ ငွေကြေးမသမာမှုတွေ ပြည့်နှက်နေနိုင်တယ် ဆိုတာ မယုံနိုင်လောက်စရာပါ။ ဒီဇာတ်လမ်းမှာတော့ Pinecrest Country Club မှာ လက်ထောက်မန်နေဂျာ အဖြစ် အလုပ်စဝင်တဲ့ ကတ်စီ ဟာ ကလပ်ရဲ့ ငွေကြေးစီမံပုံကို ဘဝင်မကျနိုင်ဖြစ်နေသလို၊ ကလပ်ရဲ့ ဂေါက် ကယ်ဒီတစ်ဦးဖြစ်သူ မိုင်လိုဟာလည်း သူ့အဆက် ယခင် လက်ထောက်မန်နေဂျာ လီဆာ ရုတ်တရက် ပျောက်ဆုံးသွားမှုအပေါ် မကျေမချမ်းဖြစ်နေပါတယ်။ နောက်ပိုင်းမှာတော့ ကလပ်နဲ့ ဆက်စပ်ပြီး မတော်တဆမှုလိုလို ဖြစ်ရပ်တွေ၊ ဥက္ကဌနဲ့ မန်နေဂျာချုပ်တို့ ဖောက်ပြန်နေတာတွေ၊ ငွေကြေးပြဿနာတွေ ဖြစ်လာတဲ့အခါ မိုင်လိုပြောပြတဲ့ အကြောင်းအရာတွေအပေါ် အခြေခံပြီး ကတ်စီ နဲ့ သူ့ခင်ပွန်း သတင်းထောက် ဂျေမီတို့ ပူးပေါင်းကာ ကလပ်ရဲ့အရှုပ်တော်ပုံတွေကို ဖော်ထုတ်ဖို့ကြိုးစားကြပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Alex Mitchell, Kyle Findley, Adam Harper, Layla Cushman နဲ့ Cody Kahaku တို့က အဓိကပါဝင်ထားပါတယ်။ ဒါရိုက်တာကတော့ Dave Thomas ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။)...
The Other Side (2024) ⭐IMDB: 7.4/10 (405 Votes) 🎬 #Drama #Thriller 🗓 2024 🎞 movie 🌎 #Colombia ⏰ 1 နာရီ 59 မိနစ် 18 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးအတွက် Drama အမျိုးအစား ဇာတ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်… အသက် ၄၀ အရွယ် Carlos ဟာ ဒဿနိကဗေဒပါမောက္ခ တစ်ဦးဖြစ်ပြီး ကဗျာဆရာတစ်ဦးလည်းဖြစ်ပါတယ်.. ဇာတ်လမ်းအစ ဆေးရုံတစ်ခုမှာနိုးထလာတဲ့ Carlos တစ်ယောက် ကိုယ့်အမေကိုယ် သတ်ဖြတ်မှုအတွက် အမှုရင်ဆိုင်ရဖို့ဖြစ်လာပါတယ် သို့သော်လည်း Carlos ဟာ အမေဖြစ်သူရဲ့ဆန္ဒအရ သတ်ဖြတ်တာ ဖြစ်ကြောင်းကို သူ့ရှေ့နေရဲ့ဆန္ဒကိုလွန်ဆန်ပြီး ဝန်ခံပြောဆိုကာ အပြစ်မရှိကြောင်း အခိုင်အမာပြောဆိုတဲ့နောက်မှာတော့ ရှေ့နေ ဖြစ်သူဟာ တစ်သက်တစ်ကျွန်းကျမယ့်ဘေးကနေ Carlos ကို ကယ်တင်ဖို့ အခက်အခဲဖြစ်လာပါတော့တယ်.. တစ်ဖက်မှာလည်း တရားလိုရှေ့နေဖြစ်သူ Gloria ဟာ မိန်းမသားများအပေါ် ကျူးလွန်တဲ့ပြစ်မှုတွေကို အထူးကျွမ်းကျင်သူ ဖြစ်ကာ အမှုတိုင်းလိုလို အနိုင်ယူနိုင်သူတစ်ယောက်ဖြစ်နေပါတယ် ထို့အတွက်ကြောင့်ပင် Carlos ရဲ့ရှေ့နေဟာပိုအကျပ်ရိုက်လာရပြီး ထောင်ဒဏ်အနည်းနဲ့အများ ကျခံရမယ့် ရွေးချယ်မှုကိုသာ လုပ်ဆောင်ဖွယ်ရာရှိလာကာ ကွင်းလုံးကျွတ်လွတ်ဖို့ရာဟာ ဘယ်လိုမှ မမျှော်လင့်နိုင်စရာဖြစ်လို့နေပါတယ်.. ထိုရုံးချိန်းအပြီး တစ်ရက် ထောင်တွင်းအချုပ်ခံထားရစဉ် Carlos ထံသို့ Sierra အမည်ရတဲ့ ရှေ့နေတစ်ယောက်ရောက်ရှိလာပြီး အမှုတွင်ကူညီ ပေးမည့်အကြောင်း ပြောဆိုလာရာ နောက်ရုံးချိန်းမှာပဲ စတင်ရှေ့နေ လိုက်ပေးပြီး စိတ်ဝင်စားဖွယ်ပြန်လှန်ချေပချက်တွေ ကြားသိရတဲ့ နောက်မှာတော့ ယခင်အစိုးရရှေ့နေနဲ့အတူ မျှော်လင့်ချက်မဲ့ခဲ့သမျှဟာ မျှော်လင့်ချက်အသစ်တစ်ဖန်ပြန်လည်ဆန်းသစ်လာခဲ့တဲ့ နောက်မှာတော့… ဒီကားလေးဟာဆိုရင် ဒဿနိကဆိုင်ရာအတွေးအခေါ်တစ်ခုကို အနုပညာမြောက်စွာ ကျစ်ကျစ်လျစ်လျစ် ဖန်တီးပြသထားပြီး တရားခွင်က ရှေ့နေနှစ်ယောက်ရဲ့အပြန်အလှန် ချေပချက် ထိုး နှက်ချက်တွေ၊ သားအမိနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ၊ ဘဝအပေါ်ရှုမြင်ပုံတွေ၊ နာတာရှည်ရောဂါသည်တို့ရဲ့ မတူညီတဲ့ ဘဝနေထိုင်မှုတွေကို မြင်တွေ့နေကျမဟုတ်တဲ့ ရှုထောင့်ကနေ တင်ပြထားတာဖြစ်လို့ တွေးတွေးခေါ်ခေါ် စဉ်းစဉ်းစားစားရုပ်ရှင် တွေကိုမှ ကြည့်ရှုလိုသူ ရုပ်ရှင်ချစ်ပရိသတ်များအတွက် အချိန်ပေး ရကျိုးနပ်မယ့် ဇာတ်ကားလေးဖြစ်လို့ မြည်းစမ်းကြည့်ရှုနိုင်ရန် ညွှန်းဆိုလိုက်ရပါတယ်ခင်ဗျာ...
Drained (2024) ⭐IMDB: 5.7/10 (109 Votes) 🎬 #Horror #Romance #Thriller 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 47 မိနစ် 29 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ Dark Romance အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီကားလေးမှာဆိုရင် သွေးစုပ်ဖုတ်ကောင်မလေးကို ချစ်မိသွားတဲ့ ပန်းချီဆရာတစ်ယောက်အကြောင်းကို ကြည့်ရှုရမှာဖြစ်ပြီး အခြားသောသွေးစုပ်ဖုတ်ကောင်ဇာတ်ကားအများစုနဲ့ မတူတဲ့ သွေးစုပ်ဖုတ်ကောင်ဇာတ်ရုပ်ကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်… Thomas ဟာ မိခင်ဖြစ်သူနဲ့အတူနေထိုင်ပြီး အလုပ်အကိုင် မရှိသေးတဲ့ ပန်းချီအနုပညာရှင်တစ်ယောက်ဖြစ်ပါတယ် တစ်ရက် သူငယ်ချင်းဖြစ်သူရဲ့ ဘားကိုလာရင်း Rhea ဆိုသူ မိန်းမချောလေးတစ်ယောက်နဲ့ ဆုံတွေ့ပြီး စွဲလမ်းသွားပါတော့တယ် Thomas ဟာ လျှို့ဝှက်ဆန်းကြယ်လှတဲ့ မိန်းမချောလေး Rhea နဲ့ နောက်တစ်ခေါက်ပြန်ဆုံချိန်မှာတော့ Rhea နဲ့အတူအိပ်ဖို့လုပ်ရင်း Rhea ဟာ သာမန်မိန်းကလေးတစ်ဦးမဟုတ်ဘဲ သွေးစုပ်ဖုတ်ကောင် တစ်ကောင်ဖြစ်ကြောင်း လက်ကောက်ဝတ်ပေါ်က သွေးစို့နေတဲ့ သွားရာနဲ့အတူ သိရှိသွားကာ အထိတ်တလန့်နဲ့ ထွက်ပြေးရပါတော့တယ် သို့သော်လည်း Rhea ကို စွဲလမ်းသွားနှင့်နေပြီဖြစ်တဲ့ Thomas ဟာ အဆက်မပြတ်နိုင်တော့ဘဲ Rhea နဲ့တဖန်ပြန်ပြီးဆက်သွယ်ဖို့ ကြိုးစားကာ သွေးစုပ်ခံဖို့အတွက်ကို အသင့်ပြင်ပြီး ချစ်မိပါတော့တယ်.. ထိုသို့နှင့် Thomas ဟာ Rhea သွေးစုပ်ရာ အစာအဖြစ်ခံချစ်ပြီး Rhea မှာ အခြားသောရည်းစားတစ်ယောက်ရှိနေတာ သိရှိသွားချိန်မှာတော့… ဒီကားလေးဟာဆိုရင် မြင်တွေ့နေကျ သွေးစုပ်ဖုတ်ကောင်ဇာတ်ရုပ်များကို ခွဲထွက်ရိုက်ကူးတင်ပြထားတာဖြစ်ပြီး Relationship တွေရဲ့ သဘာဝ တချို့ကို ခိုင်းနှိုင်းတင်ပြမှုအဖြစ်ပါ ခံစားကြည့်နိုင်တာမလို့ ရုပ်ရှင် ချစ်ပရိသတ်များ သဘောခွေ့စရာကားလေးတစ်ကားဖြစ်ကြောင်း ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ...
The Bouncer (2024) ⭐IMDB: 4.2/10 (72 Votes) 🎬 #Action #Thriller #Crime 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 18 မိနစ် 46 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ ပရိသတ်တွေကို အက်ရှင်ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 2024 တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီးတော့ Massimiliano Cerchi က ဒါရိုက်တာအဖြစ် ရိုက်ကူးပေးထားပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် John Ozuna, Costas Mandylor, Rosmary Yaneva နဲ့ Vincent Rivera တို့က ပါဝင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် ဖရန့်ခ်ဟာ ဘားတစ်ခုမှာ လုံခြုံရေးအစောင့်လုပ်ပါတယ်။ လူမိုက်ခေါင်းဆောင်တစ်ယောက်က အဲဒီဘားကို ညတိုင်း ကောင်မလေးတစ်ယောက်နဲ့အတူ လာပါတယ်။ အဲဒီကောင်မလေးက ပြန်ပေးဆွဲခံလာရတဲ့သူမှန်းသိတဲ့အခါ သူ့ကို ကယ်ထုတ်ဖို့အတွက် ကြိုးစားပါတော့တယ်။ လူမိုက်တွေရဲ့လက်ထဲကနေ လွတ်အောင်ထွက်ပြေးနိုင်မလား၊ သစ္စာဖောက်မှုတွေ လှည့်ကွက်တွေကြားထဲကနေ အောင်မြင်အောင် ဘယ်လိုထွက်ပြေးကြမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုကြရမှာပါ။...
