es
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Christmas Cowboy (2024) ⭐IMDB: 6.8/10 (73 Votes) 🎬 #Comedy #Drama #Romance 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 59 မိနစ် 9 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Christmas Cowboy (2024)Genre – Drama, Romance, ComedyIMDb – 6.9/10 Christmas Cowboy ဆိုတာ ခရစ္စမတ်ပွဲတော် နဲ့ ‌‌‌‌ကောင်းဘွိုင်(မြင်းစီးနွားကျောင်းသား)တို့ရဲ့ရိုးရာပုံစံ၊ တစ်နည်း ဥရောပနှင့် အမေရိကန်တို့၏ ဓလေ့များကိုရောနှောပေါင်းစပ်ထားသော ပွဲလမ်းသဘင်တစ်မျိုးဖြစ်ပါတယ်။ ခရစ္စမတ်ကာလတွင် ခရစ္စမတ်အပြင်အဆင် သို့မဟုတ် ဝတ်စုံများဖြင့်ကောင်းဘွိုင်စွမ်းရည်ပြပွဲများပြုလုပ်ခြင်း သို့မဟုတ်ကောင်းဘွိုင်အပြင်အဆင်ရှိသော ခရစ္စမတ်ပွဲပါတီကျင်းပခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဇာတ်လမ်းကတော့ မယ်ရီဆိုတဲ့ မိန်းကလေးဟာ ကျော်ကြားတဲ့ မြင်းစီးပညာရှင်အမေကိုအားကျသူဖြစ်ပြီး မြင်း‌ခင်းပွဲကြောင့်ပဲ အမေကိုဆုံးရှူံးလိုက်ရတဲ့အခါမှာတော့ဇာတိမြို့လေးကို မပြန်ချင်တော့လောက်အောင် စိတ်နာသွားခဲ့ပါတယ်။ တွန်းအားပေးလွန်းတဲ့ အဖေနဲ့လည်း ကတောက်ကဆရှိသူဖြစ်တာကြောင့်အိမ်မပြန်ဖြစ်တာ ဆယ်စုနှစ်ချီပြီ ဖြစ်ပါတယ်။ ဒါပေမယ့် တန်ကြေး ဘီလီယမ်ချီတဲ့စီမံကိန်းတစ်ခုကြောင့် ခရစ္စမတ်ကာလနီးနေချိန်မှာ ဇာတိကိုမပြန်ချင်ပဲပြန်လာခဲ့ရသလို စီမံကိန်းပိုင်ရှင်ကလည်း တခြားကုမ္ပဏီမှ ကိုယ်စားလှယ်နဲ့သူမကို စာချုပ်ချုပ်ခွင့်ရဖို့အတွက် မိသားစုပြိုင်ပွဲနွှဲခိုင်းပါတယ်။ အဲဒီအခါမှာတော့ သူမနဲ့ စိတ်အစာမကြေတာတွေ ပြည့်နေတဲ့သူမမိသားစုတို့ ပူးပေါင်းပြီး ပြိုင်ပွဲကို အနိုင်ရဖို့ ကြိုးစားကြတဲ့အခါ… ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ တခြား Christmas theme ရုပ်ရှင်တွေလိုမဟုတ်ဘဲ ခရစ္စမတ်ကို လုံးဝနီးပါး ဇောင်းပေးမထားတာပါ။ နောက်တစ်ခု creditပေးချင်တာကတော့ ဗီလိန်ကောင်းပါ။ ဗီလိန်ကောင်းကြောင့် ဇာတ်ကားကအရသာရှိတာလို့ပဲ ပြောချင်ပါတယ်။ ခရစ္စမတ်ရုပ်ရှင်တို့ ထုံးစံအတိုင်းသီချင်းကောင်းလေးတွေနဲ့ ရှုစားရမှာပါ။ သရုပ်ဆောင်တွေကတော့ Eliana Ghen, Gracie Cashman, Courtney Gains နဲ့Armando Gutierrez တို့က ဦးဆောင်ပါဝင်ပါတယ်။ ဒါရိုက်တာကတော့ Khoa Le ဖြစ်ပြီးဇာတ်ညွှန်းကို Eliana Ghen ကိုယ်တိုင်ရေးပေးထားပါတယ်။ အညွှန်းနှင့်ဘာသာပြန် TLone ဖြစ်ပါတယ်။
...

Majhail (2025) ⭐IMDB: 7.7/10 (109 Votes) 🎬 #Action #Bollywood #Crime #Thriller #Drama 🗓 2025 🎞 movie 🌎 #India ⏰ 2 နာရီ 40 မိနစ် 14 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Majhail (2025) “မတ်ဂျိုင်မိသားစုရဲ့ကံကြမ္မာ”============================ ဒုစရိုက်-အက်ရှင်ဇာတ်လမ်းကောင်းကောင်း ကြည့်ချင်တဲ့ပရိသတ်ကြီးအတွက် အခုနှစ်ဆန်းမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ဇာတ်လမ်းသစ်တစ်ပုဒ်နဲ့ မိတ်‌ဆက်ပေးပါရစေ။ မာ့ဂ်ျဟာဆိုတဲ့ဒေသမှာ ခေတ်အဆက်ဆက်သမိုင်းကြောင်းကြီးခဲ့တဲ့ မတ်ဂျိုင်မိသားစုဆိုတာ ရှိပါတယ်။ဟိုးရှေးရှေးက စစ်သည်သူရဲကောင်းတွေထွက်ခဲ့ပြီး အနိုင်မခံအရှုံးမပေးတတ်တဲ့စိတ်ကိုဆက်ခံလာတဲ့ မတ်ဂျိုင်မိသားစုဟာ ခုအချိန်ထိ မာ့ဂ်ျဟာ‌ဒေသမှာ ကြီးစိုးဆဲပါ။ ဒါပေမဲ့ဒုစရိုက်လုပ်ငန်းတွေနဲ့မကင်းဘဲ ထင်တိုင်းကျဲနေတာကြောင့် သူတို့မိသားစုကိုဒေသခံတိုင်းက ကြောက်ရွံ့ရပါတယ်။ အဲဒီမိသားစုရဲ့သားဖြစ်သူဆတ်ဒါကလည်းသူ့အဖေနဲ့မိသားစုအရှိန်အဝါကြောင့် ဆိုးသွမ်းနေတဲ့ဆေးသမားတစ်ယောက်ပါ။ ကိုယ်တိုင်ကအသုံးမကျဘဲအဖေဖြစ်သူရဲ့လူယုံတော် ဘာ့သ်ကိုလည်းသူ့နေရာလုထားတယ်ဆိုပြီး မကြည်ပါဘူး။ တစ်နေ့တော့ အဲဒီလိုမတ်ဂျိုင်မိသားစုကြီးစိုးထားတဲ့နေရာကို ဘာစန့်ဆိုတဲ့ ခပ်ချောချောရဲအရာရှိမလေး ပြောင်းရွှေ့ရဖို့ အကြောင်းဖန်လာပါတယ်။ဘာစန့်ကလည်း ချောချောလှလှမိန်းမငယ်တစ်ယောက်ဖြစ်ပေမဲ့ ခေသူတော့မဟုတ်ပါဘူး။၀န်ကြီးရဲ့တူကို ဘာကိုမှအမှုမထားဘဲ အပြစ်ပေးမိရာကစလို့ ခုလို ကြမ်းတမ်းတဲ့ဒေသဆီ ပြောင်းရွှေ့ခံလိုက်ရသူပါ။ အဲဒီလိုနဲ့ မတ်ဂျိုင်မိသားစုနဲ့ ဒုစရိုက်လောကအရှုပ်အထွေးတွေကြားမှာဘာစန့်တစ်ယောက် ဘယ်လိုပါ၀င်လာမလဲ၊ လူယုံတော်ဘာ့သ်ရဲ့စရိုက်မှန်ကရော ဘာဖြစ်မလဲ၊ဆတ်ဒါက ဘယ်လိုတွေမွှေဦးမလဲဆိုတာကိုဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~KKKZ~Star~Zwe Yan~ToMo ပါ။)
...

Death Before the Wedding (2025) ⭐IMDB: 4.7/10 (352 Votes) 🎬 #Comedy #Romance 🗓 2025 🎞 movie 🌎 #Poland ⏰ 1 နာရီ 47 မိနစ် 22 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ဇာတ်ကားလေးဟာ 2025မှာထွက်ထားတဲ့ ပိုလန်ဟာသမိသားစု ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ ပိုလန်နိုင်ငယ်မြို့ငယ်လေးတစ်မြို့မှာနေတဲ့ Mirek ဆိုတဲ့ အမျိုးသားတစ်ဦးဟာ သူ့ဘဝကို နို့ထွက်ထုတ်ကုန်လုပ်ငန်းမှာ မြုပ်နှံထားသူပါ။ သူဟာအပြောကြမ်းပေမဲ့ သူ့မိသားစု ၊ မြို့ငယ်လေးနဲ့ သူ့စက်ရုံလေးကို ကာကွယ်ပေးချင်သူတစ်ဦးပဲ ဖြစ်ပါတယ်။ သို့ပေမဲ့လည်းသူဟာအရာရာကိုသူ့ပုခုံးပေါ် တင်ထားပြီး လူတိုင်းကသူမရှိရင်မဖြစ်ဘူးလို့တွေးထင် ထားတဲ့သူဖြစ်တဲ့အပြင် လုပ်ငန်း၊မိသားစု တွေမှာ အမျိုးသားတွေ ကသာဦးဆောင်သင့်တယ်လို့ အတွေးရှိတဲ့သူဖြစ်ပါတယ်။ တစ်နေ့မှာ သူ့စက်ရုံရဲ့ CEOက နို့ထွက်ထုတ်ကုန်လုပ်ငန်းကို ကိုယ်ကျိုးအတွက်ပိတ်ချဖို့ သူတို့မြို့လေးကိုရောက်လာခဲ့ပါတယ်။ အဲ့အချိန်ကနေစပြီး Mirek ဟာ စက်ရုံနဲ့မြို့လေးကိုကယ်တင်ဖို့ ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ပဲ Mirek နဲ့ သူ့မိသားစုဟာဘယ်လိုပြဿနာလေးတွေ ရင်ဆိုင်ရမလဲ…….. သူရဲ့ အတွေးတွေဟာလည်းပြောင်းလဲသွားမလား………. သူ့ရဲ့စက်ရုံနဲ့မြို့လေးကိုရောကယ်တင်နိုင်ခဲ့မှာလားဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှူခံစားနိုင်မှာဖြစ်ပါတယ်။ ဒီကားလေးမှာ မိသားစုဆက်ဆံရေးတွေ နဲ့ လူတွေကိုခွဲခြားဆက်ဆံ တာတွေကို ဟာသကားဖြစ်တဲ့အလျောက် ရယ်မောပျော်ရွှင်စွာဖြင့် ကြည့်ရှူနိုင်မှာဖြစ်ပါတယ်။
...

Climax (2024) ⭐IMDB: 7.4/10 (36 Votes) 🎬 #Adult #Documentary #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 10 မိနစ် 49 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Climax (2024) ဒီနှစ်ထဲမှာ Pantaxa laiya လက်ထွက်မင်းသမီးအသစ်တွေ၊ တစ်ခြားနည်းလမ်းအမျိုးမျိုးနဲ့ရောက်လာခဲ့တဲ့ အသစ်ကလေးတွေပေါင်းစုံနဲ့ပါ Vivamax အတွက်မြိုင်ဆိုင်ခဲ့တဲ့နှစ်ပါ။ အရင်ရင်းနီးဖူးခဲ့တဲ့ မင်းသမီးတစ်ချို့လည်းအနားယူသွားကြသလို အသစ်တွေထဲက ထိပ်တန်းရောက်လာသူတွေလည်းရှိပါတယ်။ အခု Climax ကတော့ တစ်နှစ်တာထွက်ခဲ့သမျှ ဇာတ်ကားတွေထဲက အအောင်မြင်ဆုံးဇာတ်ကားတွေရဲ့ဇာတ်ဝင်ခန်းတွေကို First time,Solo, Threesome, Group , Girl/Girl စသဖြင့် အမျိုးအစားတွေခွဲပြီးတင်ဆက်ပြသပေးသွားမှာဖြစ်ပါတယ်။ အစီအစဉ်တင်ဆက်သူအဖြစ် မမ Robb Guinto နဲ့ Pantaxa laiya ထွက် Apple Dy တို့ကသူတို့ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကိုပါ ဖလှယ်ပါဝင်သွားကြမှာဖြစ်ပါတယ်။ ဒီထဲက ဇာတ်ဝင်ခန်းတွေကိုကြည့်ပြီး တစ်ကားလုံးအပြည့်အစုံကြည့်ချင်စိတ်ပေါ်လာမယ်ဆိုရင်လည်း ကျွန်တော်တို့ဆီမှာ တစ်ကားမကျန်တင်ဆက်ပေးထားတဲ့အတွက် ရှာဖွေကြည့်ရှုနိုင်ပါတယ်။ အားပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)
...

Couples Retreat Murder (2024) ⭐IMDB: 4.3/10 (150 Votes) 🎬 #Drama #Thriller #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 5 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ ဒါရိုက်တာ Amy Barrett ရိုက်ကူးထားပြီး Jessica Morris, Rib Hillis, Natalie Daniels စတဲ့ မင်းသား၊ မင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ psychological thriller သည်းထိတ်ရင်ဖိုဇာတ်လမ်းလေးပါ။ ဒီကားအစမှာတော့ ဂျင်မ်နဲ့ ဘက်ကီတို့က ရန်အမြဲဖြစ်နေကြတဲ့ စုံတွဲတွေဖြစ်ပါတယ်။ ဂျင်မ်ကအလုပ်ပဲလုပ်နေတယ်လို့ ဘက်ကီက ထင်ပြီးတော့ ဘက်ကီက အမြဲရန်လုပ်နေလို့ ဂျင်မ်ကစိတ်ပျက်‌ နေတာပါ။ ဒီလိုနဲ့ သူတို့စကားများပြီးနောက်မှာ ဘက်ကီက သူငယ်ချင်းဖြစ်တဲ့ ပေါလီနာနဲ့ ဘားမှာသောက်ဖို့ချိန်းရင်း အိမ်ထောင်ရေးအကြောင်း ရင်ဖွင့်ပါတယ်။ ပေါလီနာက သူတို့လင်မယားလည်းအဆင်မပြေလို့ စုံတွဲတွေ ဆက်ဆံရေးအဆင်ပြေဖို့ အကြံပေးဆွေးနွေးပေးမယ့်‌ အပန်းဖြေ စခန်းတစ်ခုကို သွားဖို့အကြံပေးလိုက်တဲ့အခါ သူငယ်ချင်း စုံတွဲနှစ်တွဲလုံး စခန်းဝင်ဖို့ဖြစ်လာခဲ့ပါတယ်။ ‌ဝေးပြီးခေါင်တဲ့စခန်းကြောင့် ဂျင်မ်က သိပ်သဘောမကျသလို ပေါလီနာယောကျ်ား ဖေးလ်က ဘက်ကီနဲ့ဇာတ်လမ်းရှိဖူးခဲ့တာကို သိနေခဲ့ပါတယ်။ အဲဒီနောက် အပန်းဖြေစခန်းက တာဝန်ခံကလည်း ဘက်ကီကို ကြိုက်သွားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ဇာတ်လမ်းတွေရှုပ်လာတဲ့အချိန် စခန်းချသွားရင်း ဖေးလ် တစ်ယောက် ပျောက်သွားတဲ့အခါ… ‌စခန်းကိုပြန်ရောက်တဲ့အချိန် ကျန်တဲ့သူတွေမရှိတော့ဘဲ သူတို့စုံတွဲနှစ်တွဲပဲ ကျန်နေပြီး တာဝန်ခံဖြစ်တဲ့ အယ်လန်ကလည်း အသတ်ခံလိုက်ရတဲ့အခါ… ဘယ်သူကလူသတ်သမားလဲ…ဘာတွေဆက်ဖြစ်မှာလဲ… သူတို့တွေရော လွတ်မြောက်သွားနိုင်မလား… ရင်ခုန်စွာနဲ့ မထင်မှတ်ထားတဲ့ plot twisတွေကိုဖြေရှင်းရင်း ကြည့်ရှုခံစားရမှာပါ။
...

Deadzone (2024) ⭐IMDB: 4.5/10 (29 Votes) 🎬 #Action 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 21 မိနစ် 2 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 အပျင်းပြေအက်ရှင်ကားကြည့်ချင်သူတွေအတွက် အရမ်းကြီး မိုက်မနေပေမဲ့ အရမ်းကြီးလည်းမဆိုးလှတဲ့ Deadzone ဆိုတဲ့ သိပ္ပံစိတ်ကူးယဉ်အက်ရှင်ဇာတ်ကားလေးတစ်ကားကိုတင်ဆက် ပေးလိုက်ပါတယ်။အမေရိကန် လော့စ်အိန်ဂျလိစ်မှာရိုက်ကူး ထားတာဆိုပေမဲ့ အာရှသရုပ်ဆောင်တွေတော်တော်များများ ပါဝင်ထားပြီး တတ်နိုင်သလောက် အားထုတ်ကြိုးစားရိုက်ကူး ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။အဓိကအားဖြင့်တော့ သိပ္ပံ စိတ်ကူးယဉ်ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း အနာဂတ်မှာ အန်းဒရွိုက်လို့ ခေါ်တဲ့ စက်ရုပ်တွေတွင်ကျယ်လာပြီး သဘောကျတဲ့လူတွေနဲ့ သဘောမကျတဲ့လူတွေကြားမှာ ပြဿနာတွေဖြစ်မှာမျိုးတွေကို ကြိုတင်မှန်းဆထားပြီးရိုက်ကူးထားတဲ့ပုံစံမျိုးဖြစ်ပါတယ်။ အန်းဒရွိုက်စက်ရုပ်တွေက ဒီဇာတ်လမ်းထဲကခေတ်မှာ နေရာတိုင်းမှာ ရှိနေကြပြီး သူတို့ကိုအသုံးပြုတဲ့လူတွေလည်းအများအပြားရှိ နေပါတယ်။ဒါပေမယ့်စက်တွေဆိုတာ ပျက်စီးနိုင်တယ်ဆိုတဲ့ အတိုင်း တချို့စက်ရုပ်တွေမှာစက်ချို့ယွင်းပြီး ကိုယ်ပိုင်အသိစိတ်နဲ့ လုပ်ချင်တာတွေလုပ်နေကြတဲ့ အန်းဒရွိုက်တွေလည်းရှိပါတယ်။ အဲ့လိုပြဿနာတွေကို ဖြေရှင်းပေးဖို့အဖွဲ့အစည်းတစ်ခုရှိပြီး အဲ့ဒီအဖွဲ့အစည်းကိုတော့ RAU လို့အမည်ပေးထားပြီး ဒီဇာတ်ကားရဲ့မင်းသားကတော့ အဲ့ဒီထဲကအေးဂျင့်တစ်ယောက်ပဲ ဖြစ်ပါတယ်။သူ့နာမည်ကတော့ ဆဲဗင်းဖြစ်ပြီး သူကိုယ်တိုင်ကလည်း လူသားနဲ့အန်းဒရွိုက်မျိုးစပ်တစ်ယောက်ပဲဖြစ်ပါတယ်။ စစချင်းမှာတော့ ပျက်စီးနေတဲ့အန်းဒရွိုက်တွေကို လိုက်လံ ထိန်းသိမ်းရုံပဲဆိုပေမဲ့ အဲ့ဒီစက်ရုပ်တွေကိုဖမ်းဆီးပြီး သတ်ဖြတ် နေတဲ့လူတစ်ယောက်ပေါ်လာတဲ့အခါမှာတော့ ဆဲဗင်းနဲ့ RAU အဖွဲ့သားတွေ တရားခံကိုဘယ်လိုရှာဖွေဖော်ထုတ်သွားမလဲ ဆိုတာကို ရှုစားရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။
...

The Dead Thing (2024) ⭐IMDB: 4.7/10 (588 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 # ⏰ 1 နာရီ 36 မိနစ် 11 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 cm ရဲ့ Horror ပရိသတ်ကြီးကို ဇာတ်ကားကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားက သာမန်သရဲကားတွေလို ပြူးပြူးပြဲပြဲ ခြောက်လှန့်ပြနေတဲ့ ဇာတ်ကား အမျိုးအစားမျိုး မဟုတ်ဘဲ အထီးကျန် ခြောက်သွေ့တဲ့ မိန်းကလေး တစ်ယောက်ရဲ့ ဘဝ၊ အင်တာနက်ဒိတ်တင်း အပျော်ဒိတ်တွေနဲ့ပဲ တွေ့ဆုံဆက်ဆံရင်း ပိုပိုပြီး အထီးကျန်လာတဲ့ လူနေမှုဘဝ၊ နေ့စဉ်နေ့တိုင်း လုပ်နေကျအလုပ်တွေကိုပဲ အသက်မပါ အပ်ကြောင်းထပ်အောင် လုပ်နေရင်း ပိတ်မိနေတဲ့ ခံစားချက်တွေ၊ လှပတဲ့ ချစ်ခြင်း မေတ္တာဟာ စွဲလန်းတပ်မက်ခြင်း အစွန်းရောက်သွားတဲ့အခါမှာ toxic ဆက်ဆံရေးတစ်ခုလို ပြောင်းလဲသွားပြီး ကိုယ်တိုင် ပျောက်ဆုံးသွားရတဲ့ ခံစားချက်တွေကို ထင်ဟပ်ရိုက်ကူး ထားတဲ့ ဇာတ်ကား တစ်ကားပါ။ ဇာတ်ကြောင်းက အဲလက်စ်ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ ငြီးငွေ့ဖွယ်ကောင်းတဲ့ ရုံးပိုင်း စာရွက်စာတမ်းတွေကို စကင်ဖတ်ပေးရတဲ့ အလုပ်ကို ညဆိုင်း လုပ်ကိုင်ပါတယ်။ တစ်နေ့တော့ “ဖရစ်ရှင်” ဆိုတဲ့ အင်တာနက် ဒိတ်တင်အက်ပ် တစ်ခုကနေ ကိုင်လ်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ဒိတ်ဖြစ်ခဲ့ပါတယ်။ ခါတိုင်းသူတွေနဲ့ မတူဘဲ ခံစားချက်ချင်း တူညီပြီး ကြင်နာတတ်ပုံရတဲ့ ကိုင်လ်ကို အဲလက်စ်က ချစ်မိ သွားပြီး နောက်ထပ် တွေ့ဆုံဖို့ ကြိုးစားခဲ့ပေမယ့် ကိုင်လ်ဘက်က တုံ့ပြန်မှု မရှိခဲ့ပါဘူး။ အစွဲအလန်းကြီးတဲ့ အဲလက်စ်တစ်ယောက် ကိုင်လ်ကို အမှတ်မထင် ဘားတစ်ခုမှာ တခြားကောင်မလေး တစ်ယောက်နဲ့ ဒိတ်နေတာကို တွေ့ခဲ့ပြီး နောက်ယောင်ခံလိုက်ခဲ့ ပါတယ်။ ကိုင်လ် အလုပ်လုပ်တယ် ဆိုတဲ့ စားသောက်ဆိုင်မှာ သွားပြီး ကိုင်လ်အကြောင်း စုံစမ်းခဲ့တဲ့ အဲလက်စ်တစ်ယောက် သူမ လုံးဝထင်မထားတဲ့ လျှို့ဝှက်ချက်ကြီး တစ်ခုကို သိလိုက် ရပါတော့တယ်။ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ အားပေးကြည့်ရှု ကြည့်ပါဦး ခင်ဗျ
...

With You in the Future (2025) ⭐IMDB: 6.3/10 (290 Votes) 🎬 #Comedy #Romance 🗓 2025 🎞 movie 🌎 #Mexico ⏰ 1 နာရီ 32 မိနစ် 16 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Romance/Comedy အမျိုးအစား စပိန်စကားပြောရုပ်ရှင် ကားလေးပဲဖြစ်ပါတယ်… ဒီကားလေးဟာဆိုရင် ကွာရှင်းလုနီးလင်မယားနှစ်ယောက်ဆီ ဖူးစာရေးနတ်ကျူးပစ်ရောက်လာပြီး ၎င်းတို့ရဲ့ မပြေလည်တဲ့ ပစ္စုပ္ပန်အချစ်ခရီးကို ပြင်ဆင်ဖို့အတွက် အတိတ်ဆီအချိန်ခရီး သွားကာ ကူညီပို့ဆောင်ပေးမယ့် အကြောင်းလေးကို ရိုက်ကူး တင်ဆက်ထားတာပဲဖြစ်ပါတယ်… Carlos နဲ့ Elena ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ချစ်သူတွေဖြစ်ခဲ့ကြပြီး အိမ်ထောင်ရေးတစ်ခုတည်ထောင်ခဲ့ ကြသူတွေဖြစ်ပါတယ်.. အချစ်တွေအပြည့်နဲ့ စတင်ခဲ့တဲ့သူတို့ရဲ့ အချစ်ခရီးလမ်းဟာ အိမ်ထောင်ပြုအပြီး ဆယ်စုနှစ်နှစ်ခုအကြာမှာတော့ တစ်ယောက်ကို တစ်ယောက် အရင်ကသဘောကျခဲ့တဲ့ အရာတွေဟာ အခု အချိန်မှာ လုံးဝသည်းမခံနိုင်စရာတွေဖြစ်ကာလာပါတော့တယ် Elena ဟာ ဂီတသမားတစ်ယောက်ဖြစ်ပြီး Carlos နဲ့စတင်တွေ့ဆုံ ခဲ့တဲ့နေရာဟာလည်း Carlos နှစ်ခြိုက်ခဲ့တဲ့ဂီတပွဲတစ်ခုသာဖြစ်ပါတယ် သို့သော်လည်း အိမ်ထောင်ပြုပြီးချိန်မှာတော့ အရင်ကသဘောကျခဲ့တဲ့ Elena ရဲ့ဂီတတွေဟာ Carlos အတွက်လက်မခံနိုင်စရာဖြစ်လာတဲ့ အပြင် နေအိမ်အတွင်း သီချင်းမဖွင့်ရ စည်းမျဉ်းတွေပါထုတ်လာကာ ဖူးစာရေးနတ်ရဲ့အမှားအယွင်းသာဖြစ်ကြောင်း အပြစ်ပုံချပြီး ကွာရှင်းဖို့အထိဖြစ်လာခဲ့ပါတယ်.. ၎င်းတို့နှစ်ယောက်ကွာရှင်းစာချုပ်ပေါ် လက်မှတ်ထိုးတော့မယ့်အချိန် မတိုင်မီမှာလေးမှာပဲ ကျူးပစ်လို့ အမည်ခံတဲ့ ထူးထူးဆန်းဆန်း လူတစ်ယောက် အိမ်ထဲကို ရုတ်တရက်ရောက်ရှိလာပြီး သူ့အမှား မဟုတ်ကြောင်း ငြင်းဆိုလျက် Carlos နဲ့ Elena တို့ရဲ့ ငယ်ဘဝဆီ အချိန်ခရီးနဲ့ လိုက်လံပို့ဆောင်ပေးပြီး နှစ်ယောက်သားချစ်ကျွမ်း မဝင်အောင် ကြိုးပမ်းခြင်းဖြင့် ပစ္စုပ္ပန်ကိုပြုပြင်နိုင်ကြောင်း စိန်ခေါ်ပါ တော့တယ် ထိုသို့နှင့် လွန်ခဲ့သော နှစ်ပေါင်း ၃၀ အကြာက ၁၉၉၄ ခုနှစ်ရဲ့ Carlos နဲ့ Elena တို့ တွေ့ဆုံချိန် ရက်တစ်ရက်ဆီ ရောက်သွားတဲ့ အခိုက် ဆယ်ကျော်သက်အရွယ် ကိုယ်စီကို မြင်ကြရတဲ့အခါမှာတော့…… ဒီကားလေးမှာဆိုရင် အိမ်ထောင်ရေးရဲ့ ဖြစ်တတ်တဲ့သဘာဝနဲ့ ပြောင်းလဲခြင်းတရားတွေအကြောင်းကို ရိုမန့်တစ်ဆန်စွာလက်တွေ့ ကျကျရိုက်ကူးပြသထားပြီး တစ်ယောက်ဘဝထဲတစ်ယောက်ရောက် ရှိလာစက အချစ်မီးတောက်များဟာ အိမ်ထောင်ရေးဘဝမှာ ငြိမ်း သွားနိုင်ကြောင်း ချစ်ခင်ခဲ့ကြချိန်မူလအစက တစ်ယောက်အပေါ် တစ်ယောက်ထားရှိတဲ့ နားလည်မှုနဲ့ချစ်ခြင်းမေတ္တာကို ပြန်လည် အောက်မေ့ရင်း အနည်ထိုင်သွားတဲ့ အချစ်တွေကို လှုပ်နှိုးနိုင်ဖွယ် တင်ဆက်ပုံဖော်ထားတာဖြစ်လို့ ရုပ်ရှင်ချစ်ပရိသတ်များ လက် မလွတ်ရလေအောင် ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ
...

Walker (2025) ⭐TMDB: 0% User Score 🎬 #Adult #Drama 🗓 2025 🎞 movie 🌎 #Philippines ⏰ 1 နာရီ 27 မိနစ် 54 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Walker (2025) အဲလက်စ်ဟာ ငယ်စဉ်ကတည်းက မိဘမဲ့တစ်ဦးဖြစ်ပြီး ပညာလည်းမသင်ခဲ့ရတဲ့အတွက် အရွယ်ရောက်လာတဲ့အခါသူ့အလှအပကိုသုံးပြီး ငွေရှာတဲ့ ပြည့်တန်ဆာဘ၀ကိုရွေးချယ်ခဲ့ပါတယ်။ တစ်နေ့တော့ အဲလက်စ်နဲ့ဘ၀တူ လမ်းကြောင်းတူ အတူတူ ကြီးပြင်းခဲ့ပြီး အဆက်အသွယ်ပြတ်နေတာကြာပြီဖြစ်တဲ့ ငယ်သူငယ်ချင်းမာယာအသတ်ခံလိုက်ရပြီဆိုတာကို ရဲကဖုန်းဆက်အကြောင်းကြားလာတဲ့နောက် အလောင်းကိုအတည်ပြုပေးဖို့ သူလိုက်သွားခဲ့ရပါတယ်။ တကယ်တမ်း အဲလက်စ်ရောက်သွားတဲ့အချိန်မှာတော့ မာယာရဲ့အသတ်ခံရမှုဟာထင်တာထက်ပိုရှုပ်ထွေးနေကြောင်း သိတဲ့အတွက် သူ့ကိုယ်သူတည်ကြက်အဖြစ်အသုံးချပြီး ဒီအမှုကိုဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်။ ဒါပေမယ့်လည်း နောက်ထပ်လူသတ်မှုတွေ၊ သူ့အပေါ်ခြိမ်းခြောက်မှုတွေ ဆက်တိုက်ကြုံလာချိန်မှာတော့ အဲလက်စ်တစ်ယောက် အဆုံးထိဆက်သွားနိုင်မလား? သူ့သူငယ်ချင်းရဲ့လူသတ်တရားခံကိုဖော်ထုတ်နိုင်မှာလားဆိုတာဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)
...

Honeymoon Crasher (2025) ⭐IMDB: 5.5/10 (2 k Votes) 🎬 #Comedy 🗓 2025 🎞 movie 🌎 #France ⏰ 1 နာရီ 35 မိနစ် 29 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ပြင်သစ်စကားပြော Comedy အမျိုးအစားဇာတ်ကားလေးပဲ ဖြစ်ပါတယ်… ဒီဇာတ်ကားလေးမှာဆိုရင် အမေတစ်ယောက်နဲ့ သားတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာနဲ့စွန့်လွှတ်အနစ်နာခံမှုတွေကို မော်ရစ်တီးယပ်စ် ကျွန်းအလှအပများကို နောက်ခံပြုကာ ဟာသနှော ရိုက်ကူးပုံဖော် ထားတာဖြစ်ပါတယ်.. Lucas Duvivier တစ်ယောက်ဟာ လက်ထပ်ပွဲမှာတင် ရည်းစားဟောင်းဆီပြန်သွားသော သတို့သမီး ထားသွားတာ ခံရတဲ့သူတစ်ယောက်ဖြစ်ပါတယ်… သတို့သမီးမရှိတော့သောကြောင့် မင်္ဂလာပွဲပျက်သွားသော်လည်း ငွေပေးချေပြီးပြီဖြစ်သော ဟန်းနီးမွန်းခရီးစဉ်ဟာ ငွေလည်း ပြန်မအမ်းတော့တာမို့ အရှုံးမခံဘဲသွားရာမှာ Lucas ဟာ မိခင်ဖြစ်သူကိုပါ ခေါ်ဆောင်ခဲ့ရပါတယ်… အရွယ်ချင်းမတူတဲ့ မင်္ဂလာမောင်နှံလို့ယူဆနေတဲ့ ဟိုတယ် ဝန်ထမ်းများဟာ ၎င်းတို့သားအမိကို အထူးအခွင့်အရေးပေးကာ ဈေးကြီးအခန်းကို တစ်ပြားတစ်ချပ်မှ ထပ်တိုးမကောက်ခံဘဲ နေခွင့်ပေးတဲ့အခါမှာတော့ သားအမိနှစ်ယောက်ဟာ ဇနီး မောင်နှံတွေအဖြစ် ဟန်ဆောင်ဖို့ဖြစ်လာပါတယ်… Lucas တစ်ယောက်ဟာတော့ သူ့ကိုထားသွားခဲ့တဲ့ သတို့သမီးလောင်း ဖြစ်ခဲ့သူကိုသာ တမ်းတနေပြီး ပင်လယ်ပြင်တွေ စိမ်းလန်းတဲ့ တောင်တန်းတွေ ကျွန်းပေါ်ကျနေတဲ့နေရောင်ခြည်တွေကို ခံစားနိုင်စွမ်းကင်းမဲ့ရင်း အပူမိနေခဲ့ပါတယ်… သို့နှင့် ကျွန်းပေါ်မှာနေရင်း တစ်ခုသောခရီးစဉ်အရောက်မှာ ဆုံဆည်းရတဲ့ ဧည့်လမ်းညွှန်မိန်းမချောလေးဆီကို စိတ် တိမ်းညွှတ်မှုဖြစ်သွားတဲ့အခါမှာတော့… ဒီကားလေးမှာဆိုရင် သားဖြစ်သူကို အရွယ်ရောက်သည်အထိ မျက်ခြေမပြတ်စောင့်ရှောက်ရင်း မိမိဆန္ဒတွေကို လျစ်လျူ ရှုထားရသူမိခင်နဲ့ မိခင်ရဲ့အနစ်နာခံမှုတွေကိုမမြင်နိုင်ဘဲ အပြစ်သာဆိုတတ်သူသားဖြစ်သူတို့ကြား နားလည်မှုရသွားတဲ့ ဟန်းနီးမွန်းခရီးစဉ်ကို ရှုခင်းအလှအပများနဲ့ ဟာသနှောကာ ရယ်ရွှင်ဖွယ်ရာရိုက်ကူးတင်ဆင်ထားတာဖြစ်လို့ ရုပ်ရှင်ချစ် ပရိသတ်များ စိတ်အပန်းပြေဖွယ်ကြည့်ရှုခံစားနိုင်မယ့် ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ
...

Allegiance (2024) ⭐IMDB: 6.4/10 (918 Votes) 🎬 #Drama #Mystery #Crime #Action 🗓 2024 🎞 tv series 🌎 #Canada #UnitedKingdom ⏰ 44 မိနစ် 57 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Allegiance S01 (2024) ********************** အပိုင်း (၁ မှ ၁၀) စ/ဆုံး ၂၀၂၄ မှာ Season 1 နဲ့ ၂၀၂၅ မှာ Season 2 ထပ်မံထွက်ရှိထားပြီး IMDb Rating 6.4 ရရှိထားတဲ့ ကနေဒါတီဗီစီးရီး Allegiance ကတော့ ဆာဘရီနာဆိုဟယ်လ်ဆိုတဲ့ ရဲတပ်ဖွဲ့ဝင်အမျိုးသမီးလေးကို အဓိကထားရိုက်ကူးပြသွားတာဖြစ်ပါတယ်။ ရဲသင်တန်းကျောင်းမှာ အမှတ်အများဆုံးနဲ့ထူးချွန်စွာအောင်မြင်ခဲ့တဲ့ဆာဘရီနာဟာ သင်တန်းဆင်းပွဲနေ့မှာပဲ ဖခင်ဖြစ်တဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီး အဂျိဆိုဟယ်လ်ကို မျက်စိရှေ့တင် နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ဖမ်းဆီးသွားတာကို ကြုံတွေ့လိုက်ရပါတယ်။ ဆာဘရီနာကတော့ သူ့အဖေမှာအပြစ်မရှိဘဲ သူတို့မိသားစုက အာရှနွယ်ဖွားဖြစ်တာကြောင့် လူမျိုးရေးခွဲခြားတဲ့နိုင်ငံရေးသမားတွေက မှားယွင်းစွပ်စွဲတာလို့ ယုံကြည်နေတဲ့အတွက် ဖခင်ရဲ့အမှုကို ထဲထဲဝင်ဝင်တူးဆွကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ပုဂ္ဂိုလ်ရေးပြဿနာတွေရှိနေပေမယ့် ဆာဘရီနာဟာ ရဲတပ်ဖွဲ့ဝင်တစ်ယောက်အနေနဲ့ သူ့အရည်အချင်းကို သက်သေပြဖို့ ဖခင်ရဲ့အမှုကိုသာမက လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ နယ်မြေတွင်းအမှုပေါင်းစုံကို လိုက်လံ ဖြေရှင်းဖော်ထုတ်ပေးပုံကို စိတ်ဝင်စားစရာကောင်းအောင် ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ (အညွှန်းကိုJULYမှ ရေးသားပေးထားပါတယ်)
...

Harbin (2024) ⭐IMDB: 6.8/10 (394 Votes) 🎬 #Action #Crime #Historical #War #Thriller #History #Biography 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 54 မိနစ် 56 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Harbin (2024) **************** IMDb… 8.2 ကိုရီးယား နိုင်ငံရဲ့ ထိပ်တန်း သရုပ်ဆောင်တွေ ဖြစ်တဲ့ Hyun Bin , Lee Dong Wook တို့နဲ့ အတူ Park Hoon, Park Jeong Min, Jeon Yeo Been, Jo Woo Jin , Yoo Jae Myung အစရှိတဲ့ ဝါရင့်သရုပ်ဆောင်များစွာ ပါဝင်ထားပြီး လွတ်လပ်ရေးလှုပ်ရှားသူ Ahn Jung-geun အပေါ် မှီငြမ်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် တော်လှန်ရေး ဇာတ်ကားလေးကို ညွှန်းပေးပါရစေ။ ၁၉၀၅ ခုနှစ်မှာ ကိုရီးယားနိုင်ငံဟာ “ကိုရီးယား-ဂျပန်” စာချုပ် ချုပ်ဆိုဖို့ အတွက် အတင်းအကြပ် စေခိုင်းခံခဲ့ရပြီး သံတမန်ဆိုင်ရာ အခွင့်အရေးများ ဖြတ်တောက်ခံရကာ ကိုရီးယား ကျွန်းဆွယ် တစ်ခုလုံးဟာ ဂျပန်လက်အောက်ကို ကျရောက်ခဲ့ပါတယ်။ ၁၉၀၉ ခုနှစ် မှာတော့ ဇာတိသွေး အပြည့်ရှိတဲ့ ကိုရီးယားနိုင်ငံက တပ်မတော်ငယ်လေးဟာ လွတ်လပ်ရေး ရရှိဖို့အတွက် ဂျပန်နိုင်ငံရဲ့ ဘုရင်ခံကို လုပ်ကြံသတ်ဖြတ်ဖို့ စစ်ဆင်ရေးကို အစချီခဲ့ပါတယ်။ ဒီ စစ်ဆင်ရေးကို ကိုရီးယား တပ်မတော်ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး အန်ဂျွန်းဂွန်း (Hyun Bin) က ဦးဆောင်ခဲ့ပြီး  လွတ်လပ်ရေး လှုပ်ရှားမှု မဟာမိတ် အဖွဲ့ဝင်တွေနဲ့ အတူ သတင်းအချက်အလက်တွေ စုဆောင်းကာ ရုရှားတခွင်ကို လှည့်လည် သွားလာရင်း စစ်ဆင်ရေး ဆင်နွှဲပါတော့တယ်။ ဇာတိ‌‌သွေး၊ ဇာတိမာန် အပြည့်နဲ့ တိုက်ပွဲဝင်သွားမဲ့ ဒီ စစ်ဆင်‌ရေးကြီးဟာ စွန့်စားမှုတွေ၊စွန့်လွှတ်မှုတွေ ကြားထဲကနေ အောင်မြင်သွားနိုင်မလားဆိုတာကို ‌ကြည့်ရှုခံစားလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ‌ရေးသားထားပါတယ်။)
...

Envious (2024) ⭐IMDB: 7.0/10 (2 k Votes) 🎬 #Comedy #Drama #Romance 🗓 2024 🎞 tv series 🌎 #Argentina ⏰ 25 မိနစ် 56 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Envious (2024)IMDb 7.0 စပိန်စကားပြော အာဂျင်တိုင်းဟာသဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ် အသက် ၃၉ နှစ်အရွယ် ၄၀ ပြည့်ခါနီး ဗစ်ကီဟာဆယ်နှစ်ကြာတွဲခုတ်လာတဲ့ ဒန်နီရယ်နဲ့အတူသာယာတဲ့ မိသားစုဘဝတည်ဆောက်ဖို့ ရည်မှန်းထားသူဒီလိုလက်ထပ်ဖို့ရည်ရွယ်ထားပြီး သူနဲ့ ပြတ်သွားကာမှပဲသူ့အဆက်ဟောင်းက ရက် ၂၀ အတွင်း အသစ်တွေ့တဲ့မိန်းကလေးနဲ့ဗြုန်းစားလက်ထပ်လိုက်ရာမှာ ဗစ်ကီတစ်ယောက် မနာလိုစိတ်တွေဖြစ် ယူကြုံးမရတွေဖြစ်စိတ်ဓာတ်တွေကျကာ ဘယ်လိုအလွဲအချော်တွေထပ်ဖြစ်ပြီးအချစ်ကို နောက်တစ်ခါထပ်မံရှာဖွေသွားမှာလဲ ရှုစားလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Team မှ ဖြစ်ပါတယ်
...

The Roshans (2025) ⭐IMDB: 7.3/10 (622 Votes) 🎬 #Documentary #Biography 🗓 2025 🎞 tv mini series 🌎 #India ⏰ 44 မိနစ် 42 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 The Roshans (2025) “အနုပညာမျိုးဆက်ထွန်းကားရာ ရိုရှန်မိသားစုကမ္ဘာ” အနုပညာလောကမှာ တစ်မိသားစုတည်းက နာမည်ကျော်တွေအများကြီးထွက်တာထက်စာရင်တစ်မိပေါက်တစ်ယောက်ထွန်းကြတာ များပါတယ်။ အဖေရုပ်ရှင်မင်းသားဖြစ်တိုင်းသားတို မြေးတိုက အမြဲလိုက်ဖြစ်တတ်တာမျိုး မရှိတတ်ပါဘူး။ ဒါပေမဲ့ ရိုရှန်မိသားစုတွေကတော့ အဘိုးကနေ မြေးခေတ်အထိ ‌ဂီတနဲ့ရုပ်ရှင်နယ်ပယ်က အနုပညာရှင်တွေ ဆက်တိုက်ထွက်ခဲ့တာပါ။ အခုစီးရီးကတော့ ရိုရှန်မိသားစုအကြောင်းကို Documentary ပုံစံ ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ ရိုရှန်မိသားစု မျိုးဆက်တစ်ခုလုံးကို အနုပညာသွေးစီးဆင်းစေခဲ့သူကဂီတပညာရှင် ဆရာကြီးရိုရှန်လာနာဂရတ်ပါပဲ။ သူ့သားနှစ်ယောက်ထဲကရာကေ့ရှ်က နာမည်ကျော်ရုပ်ရှင်ဒါရိုက်တာဖြစ်ပြီး ရာဂျေ့ရှ်ကတော့သူ့အဖေလို သီချင်းရေးဆရာ တေးဂီဒါရိုက်တာတစ်ယောက် ဖြစ်ပါတယ်။ရာကေ့ရှ်ရဲ့သားဖြစ်သူ ရီသိက်ရိုရှန်ကလည်း နာမည်ကျော်ရုပ်ရှင်မင်းသားတစ်ယောက်ပါပဲ။ အိန္ဒိယကမဟုတ်တဲ့ ဒီခေတ်ပရိသတ်တွေအနေနဲ့ အဘိုးနဲ့အဖေကိုသိပ်မသိရင်တောင် မင်းသားချော ရီသိက်ရိုရှန်ကို ကောင်းကောင်းသိကြမယ်ထင်ပါတယ်။ အဲဒီလို မျိုးရိုးစဉ်ဆက် အနုပညာရှင်တွေထွက်ခဲ့တဲ့ ရိုရှန်မိသားစုကို အခြေခံပြီးဆရာကြီးရိုရှန်ရဲ့ အနုပညာလက်ရာတွေနဲ့ သူတိုမိသားစုရဲ့အနုပညာလက်ရာတွေအကြောင်းကိုသီချင်းတွေ ရုပ်ရှင်ပြကွက်တွေနဲ့ ပြန်ပြောင်းဖော်ပြရင်း မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ထားတာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)
...

Zero Day (2025) ⭐IMDB: 7.0/10 (10 k Votes) 🎬 #Drama #War #Politics #Thriller 🗓 2025 🎞 tv mini series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 54 မိနစ် 1 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Season 1 အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံး နည်းပညာတွေတိုးတက်လာတဲ့အခုလိုခေတ်ကြီးထဲမှာ ဆိုက်ဘာ တိုက်ခိုက်မှုတွေဆိုတာကလည်း နိုင်ငံတော်တော်များများမှာ တွေ့ကြုံလာရတဲ့ အကြမ်းဖက်သမားတွေအကြိုက်တိုက်ခိုက်နည်း တစ်ခုဖြစ်လာခဲ့ပါတော့တယ်။အပြင်မှာသက်စွန့်ဆံဖျားလိုက် အကြမ်းဖက်နေစရာမလိုဘဲ ခလုတ်လေးတစ်ချက်နှိပ်လိုက်ရုံနဲ့တင် နိုင်ငံနဲ့ချီပြီး ထိခိုက်နိုင်တဲ့ အဖြစ်ဆိုးတွေကိုဖန်တီးနိုင်တဲ့အတွက် မကြာခဏဆိုသလိုဖြစ်နေတာကို မြင်နေကြားနေရမှာဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ အမေရိကန်လိုနည်းပညာတိုးတက်ပြီး အင်အားကြီးမားတဲ့နိုင်ငံမှာအဖြစ်အများဆုံးဖြစ်တဲ့အတွက် နိုင်ငံရေးနဲ့ဆိုက်ဘာတိုက်ခိုက်မှုကိုပေါင်းစပ်ပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ သည်းထိပ်ရင်ဖိုဖွယ် Mini Series တစ်ခုကို ပညာပေး ဖျော်ဖြေရေးအနေနဲ့တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကလည်း Cape Fear တို Raging Bull တို The Irishman တိုလိုနာမည်ကြီးရုပ်ရှင်တွေအပြင် တခြားသော ဇာတ်ကားကောင်းများစွာမှာလည်းသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Robert De Niro ကအဓိကဇာတ်ကောင်နေရာကသရုပ်ဆောင် ထားတဲ့အပြင် တခြားသောနာမည်ကြီးသရုပ်ဆောင်ပေါင်း များစွာလည်းပါဝင်ထားတဲ့အတွက် Casting ပိုင်းကလည်း ပြောစရာကိုမရှိပါဘူး။စိတ်ကူးယဉ်ဆိုပေမဲ့တကယ်တမ်းဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကြီးတွေလောက် ဆိုးဝါးပြီး စိတ်ဝင်စားစရာကောင်းတဲ့ အတွက် ပရိသတ်အာရုံကိုဖမ်းစားထားနိုင်မှာပဲဖြစ်ပါတယ်။ ဒီ Series ရဲ့နာမည်ကတော့ Zero Day ဖြစ်ပြီး လက်ရှိ IMDb 6.0 အထိရရှိထားပါတယ်။ အမေရိကန်နိုင်ငံရဲ့သမ္မတဟောင်း ဂျော့ဂျ်မော်လင်က သမ္မတရာထူး ကနေရပ်နားပြီးနောက်မှာ နိုင်ငံရေးလောကထဲလုံး၀ပြန်မဝင်တော့ဘဲ စာရေးဆရာတစ်ယောက်အနေနဲ့ ဘ၀ကိုအေးအေးလူလူဖြတ်သန်း နေပါတော့တယ်။ဒါပေမယ့်သိပ်ကြာကြာတောင် အနားမယူလိုက်ရဘဲ အမေရိကန်နိုင်ငံမှာ ဆိုက်ဘာတိုက်ခိုက်မှုကြီးဖြစ်ပြီး ရထားတွေတိုက်မိ ကုန်တဲ့အတွက် အသက်ပေါင်းထောင်နဲ့ချီဆုံးရှုးခဲ့ရတဲ့အတွက် အိမ်ဖြူ တော်က သူ့ကိုပြန်ဆင့်ခေါ်ပါတော့တယ်။ အဲ့လိုတိုက်ခိုက်မှုကို ဇီးရိုးဒေးလိုခေါ်ဆိုခဲ့ကြပြီး ဒီကိစ္စကိုဘယ်သူလုပ်ခဲ့ တယ်ဆိုတာကို အစအနလေးတောင်မသိရတဲ့အတွက် ဒီပြဿနာကြီးကို ဖြေရှင်းဖို တစ်နိုင်ငံလုံးရဲ့အခွင့်အာဏာလုပ်ပိုင်ခွင့်တွေကိုပေါင်းစည်း ထားတဲ့အဖွဲအစည်းတစ်ခုမှာ အသင့်တော်ဆုံးဖြစ်တဲ့သမ္မတဟောင်းကြီးကို ပြန်ဦးဆောင်ခိုင်းရင်း ဘယ်လိုမျိုးနိုင်ငံရေးလှည့်ကွက်တွေနဲ့ စိတ်ဝင် စားစရာအကြောင်းအရာတွေ တွေ့ရဦးမယ်ဆိုတာကို ရှုစားရမဲ့ Series ကောင်းတစ်ခုဖြစ်ပါတယ်။
...

Tasokare Hotel (2025) ⭐IMDB: 7.5/10 (30 Votes) 🎬 #Animation #Mystery #Drama #Fantasy 🗓 2025 🎞 tv series 🌎 #Japan ⏰ 24 မိနစ် 34 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 IMDB – 7.6/10, MyAnimeList – 6.7/10 သေခြင်းတရားနဲ့ ရှင်သန်ခြင်းကြားမှာ တည်ရှိနေတဲ့ ထူးဆန်းသော ဟိုတယ်တစ်လုံး… ဒီဟိုတယ်ကို ရောက်လာသူတွေဟာ ကိုယ့်ကိုကိုယ် နာမည်တွေ မှတ်ဉာဏ်တွေစသဖြင့် ဘယ်သူမှန်း မသိကြသလို မျက်နှာတွေလည်း တစ်ယောက်တစ်မျိုး အမျိုးအစား စုံလင်လွန်းလှတယ်။ ဟိုတယ်ကအခန်းတွေဟာလည်း တည်းခိုသူ မှတ်ဉာဏ်ပြန်ရစေဖို့အတွက် ကူညီတဲ့အနေနဲ့ အလိုက်သင့် ပြောင်းလဲပေးကြတယ်။ ဒီဟိုတယ်မှာ စည်းကမ်းတွေရှိတယ် တည်းခိုသူဧည့်သည်ဟာ မှတ်ဉာဏ်အလုံးစုံရတာနဲ့ သက်ဆိုင်ရာကမ္ဘာကို ပြန်သွားရလိမ့်မယ်၊ ဟိုတယ်ထဲမှာ လူသတ်လို့မရ သတ်ခဲ့သည်ရှိသော် ငရဲကျမယ်၊ ဟိုတယ်ထဲမှာ သေခဲ့သော် ဒီတိုင်းပျောက်ကွယ်သွားရလိမ့်မယ်တဲ့… ဟိုတယ်မန်နေဂျာဆိုတဲ့လူကြီးကလည်း ထူးဆန်းစွာ မီးတောက်မျက်နှာကြီးရယ် တခြားထူးဆန်းတဲ့ဝန်ထမ်းတွေနဲ့အတူတူပေါ့။ ဒီလိုနဲ့ ဟိုတယ်ကို ကောင်မလေးတစ်ယောက် ရောက်လာပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့…။ ဒီ Anime လေးကတော့ Anime လောကမှာ ရွှေထက်ရှားတဲ့ Genre လေးဖြစ်တဲ့ Mystery အမျိုးအစားလေးဖြစ်ပါတယ်။ Mystery ဆိုတဲ့အတိုင်း လျှို့ဝှက်ချက်ပေါင်းများစွာနဲ့ တစ်ပိုင်းပြီး တစ်ပိုင်း အထုပ်ဖြည်ရင်း ဘာဆက်ဖြစ်မလဲဆိုတာကို သိရမယ့်ဇာတ်လမ်းမျိုးလေး။ တစ်ပိုင်းနဲ့ တစ်ပိုင်း မရိုးရသလို ဗီလိန်ဆန်ဆန် ဇာတ်ကောင်နဲ့ အားပြိုင်ထားသလိုမျိုးလေး ထည့်သွင်းပေးလို့လည်း ကြည့်ရတာ အဆင်ပြေစေတယ်။ ဘာရယ်တော့မဟုတ်ဘူး Isekai တွေ အက်ရှင်တွေ ရိုမန့်စ်တွေကြား ထူးထူးခြားခြား ဖြစ်နေလို့ကို ကြည့်သင့်တယ်လို့ ယူဆမိလို့ အားပေးလိုက်ကြပါဦးဗျာ
...

A Thousand Blows (2024) ⭐IMDB: 7.5/10 (1 k Votes) 🎬 #Drama #History #Sport 🗓 2024 🎞 tv series 🌎 #UnitedKingdom ⏰ 49 မိနစ် 3 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 IMDB Rating 7.2/10 ၆ ပိုင်းထဲနဲ့ ကြည့်ကောင်းမယ့် အကြမ်းစား စီးရီးတစ်ခုလာပါပြီ ၁၈၀၀ နှောင်းပိုင်းလောက်က အင်္ဂလန်ပြည်ကို ဇာတ်အိမ်တည်ထားပြီး. လန်ဒန်မြို့အရှေ့ဘက်ပိုင်းကို ဂျမေကာကနေ တက်လာတဲ့ ဟီဇီကယ်နဲ့ အဲလေ့စ်ဆိုတဲ့ သူငယ်ချင်း  ၂ ယောက်အကြောင်းပါ…လန်ဒန်အရှေ့ဘက်က လူမိုက်ဂိုဏ်းတွေ အကျင့်ပျက်ခြစားရဲတွေ.. ဒုစရိုက်မှုတွေနဲ့ ပြည့်နှက်နေတဲ့အချိန်ပေါ့… ခြင်္သေ့ထိန်းအဖြစ်လုပ်ကိုင်ဖို့ လန်ဒန်တက်လာခဲ့တဲ့ ဟီဇီကယ်ဟာ အသားရောင်ခွဲခြားမှုကြောင့် လန်ဒန်မှာ နေရာထိုင်ခင်းအခက်ခဲဖြစ်နေတဲ့အချိန်  Blue Coat Boy အရက်ဆိုင်က လုပ်တဲ့ နာမည်ကြီး ဘောက်ဆင်ပွဲမှာ ဝင်ထိုးရင်း နာမည်ရလာပါတယ်…ဒါပေမဲ့ သူရင်ဆိုင်ရမှာက အရှေ့လန်ဒန်ရဲ့ ဘုရင်လို့သတ်မှတ်ထားတဲ့ ရှူးဂါးဂွတ်ဆင်နဲ့ ထရီကယ် ဂွတ်ဆင်တို့ ညီအစ်ကို နှစ်ယောက်ဖြစ်နေပါတယ် အတိုက်အခိုက်တွေ စွန့်စားခန်းတွေနဲ့ Non Stop action ဇာတ်လမ်းမျိုးဖြစ်တဲ့အတွက် သေချာပေါက်ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲပါပဲ
...

Horror Able (2024) ⭐TMDB: 0% User Score 🎬 #Documentary #Horror 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 19 မိနစ် 11 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Horror Able 2024 ဒီဇာတ်ကားကတော့..မှတ်တမ်းရုပ်ရှင်လို့ဆိုနိူင်ပါတယ်… မသန်စွမ်း​​ တွေရဲ့ သူတို့ရောဂါအကြောင်း.ငယ်ဘဝ…အခက်အခဲတွေ…ဝါသနာကနေ..အနုပညာလောကထဲ ရောက်လာပုံတွေ.အဖုံဖုံကိုဇာတ်ကောင်တွေ ကိုယ်တိုင်ပြောပြထားလို့.ဗဟုသုတတွေရနိုင်ပါတယ် ဘဝမှာ အခက်ခဲတွေကြုံလို့..မောလာချိန်တိုင်းဒီဇာတ်ကားလေးကို ကြည်ဲပီးအားပြန်ယူနိုင်မယ်လို့ထင်တဲ့အတွက်ဘာသာပြန်ပေးလိုက်ပါတယ်
...

Win or Lose (2025) ⭐IMDB: 7.3/10 (321 Votes) 🎬 #Animation #Comedy #Family #Fantasy #Sport 🗓 2025 🎞 tv series 🌎 #UnitedStates #Malaysia #UnitedStatesofAmerica ⏰ 21 မိနစ် 41 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Season 1 အပိုင်းသစ် ( ၁ မှ ၂ ) အခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်လမ်းတွဲလေးကတော့ Pixar Animation Studios ရဲ့ Animated TV series လေးပဲ ဖြစ်ပါတယ်… ဒီကားလေးမှာဆိုရင် အလယ်တန်းကျောင်း Softball အသင်း တစ်သင်းရဲ့ ချံပီယံရှစ်ပြိုင်ပွဲတက်လှမ်းနိုင်ရန် ပြိုင်ပွဲဝင်စဉ်ကာလ အတွင်း ဇာတ်ကောင်တစ်ခုချင်းစီရဲ့ အကြောင်းကို တစ်ပိုင်းစီ ပုံဖော်တင်ဆက်ပေးထားတာဖြစ်ပြီး ကျောင်းသားနဲ့ ဆရာကြား၊ ဆရာနဲ့မိဘကြား၊ မိဘနဲ့သားသမီးကြား၊ ဆရာအချင်းချင်းကြား၊ မိဘအချင်းချင်းကြား၊ ကျောင်းသားအချင်းချင်းကြား၊ နည်းပြနဲ့ ကစားသမားများကြားစတဲ့ ဆက်ဆံရေးပေါင်းစုံကို ပြုံးရွှင် ကြည်နူးဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်….. ဒီ Animation ပရောဂျက်လေးကို Carrie Hobson နဲ့ Michael Yates တို့နှစ်ယောက်က ၂၀၂၀ ကတည်းက စတင် ပူးပေါင်းဖန်တီးခဲ့တာဖြစ်ပြီး ၂၀၂၅ အရောက်မှ ထွက်ရှိလာတာပဲ ဖြစ်ပါတယ်….. Carrie Hobson ဟာဆိုရင် ပရိသတ်များရဲ့ တခဲနက်အားပေးမှုကို ရရှိခဲ့တဲ့ Elemental (2023) နှင့် Toy Story 4 (2019) တို့မှာ Story Artist အဖြစ်တာဝန်ယူခဲ့ပြီး Luca (2021) မှာတော့ Associated Executive Producer အနေနဲ့ ပါဝင်ခဲ့ပါတယ်.. Michael Yates ဟာဆိုရင်လည်း Animation Studios အကြီးစား ကြီးတွေဖြစ်တဲ့ DreamWorks၊ Walt Disney တို့နဲ့ လက်တွဲခဲ့ဖူးသူ ဖြစ်ပြီး ယခုအခါမှာတော့ Pixar နဲ့လက်တွဲကာ Car 3 (2017)၊ Toy Story 4 (2019) တို့မှာ story artist အနေနဲ့ တာဝန်ယူခဲ့ဖူးသူ ၎င်းတို့နှစ်ယောက်ရဲ့ အတွေ့အကြုံများနဲ့ အနုပညာအရည်အသွေးကို ပေါင်းစပ်ပြီးဖန်တီးထားတဲ့ ဒီ Animation ဇာတ်လမ်းတွဲလေးမှာ ဆိုရင် သဘောကျစရာဇာတ်ကောင်စရိုက်တွေနဲ့ ချစ်စရာဇာတ်ကောင် သွင်ပြင်လေးတွေပါလို့ Animation ကားနှစ်ခြိုက်သူ ကာတွန်းကား ချစ်သူ ပရိသတ်များသဘောကျစေမယ်လို့ ယုံကြည်ပါတယ်… ပထမဆုံး season အနေနဲ့ ၈ ပိုင်းပါဝင်မယ့်ဒီကာတွန်းဇာတ်လမ်း တွဲလေးဟာ တစ်ပတ်ကို ၂ ပိုင်းသာထွက်မှာဖြစ်ပြီး တစ်ပိုင်းကို မိနစ် ၂၀ လောက်သာကြာတာကြောင့် အချိန်လည်းအရမ်းပေးစရာ မလိုဘဲ ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မှာဖြစ်လို့ ကာတွန်းချစ်သူပရိသတ်များ ဘဝအမောတွေဖြေရင်း ခံစားနိုင်ဖို့ တင်ဆက်ညွှန်းဆိုပေးလိုက် ရပါတယ်ခင်ဗျာ……… File Size –577MB  / 219MB Quality –WEB-DL 1080p HEVC / 720p Episodes –  8 Eps Duration –  20 min Subtitle – Myanmar Hardsub Format – mkv /mp4 Genre :   Animation , Comedy , Family , Fantasy , Sport Translator – Ye Thiha Htet Encoder – Min Wai ( Season 1 ) Ongoing Series Ep-1 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-1 (720p)   >>Usersdrive/YoteShin/gdtot/Megaup Ep-2 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-2 (720p)   >>Usersdrive/YoteShin/gdtot/Megaup (ကျန်ရှိသော အပိုင်းများကိုလည်း ဆက်လက်တင်ဆက်သွားပါမည်)
...

Thandel (2025) ⭐IMDB: 6.8/10 (2 k Votes) 🎬 #Action #Adventure #Bollywood #Romance #Thriller #Drama 🗓 2025 🎞 movie 🌎 #India ⏰ 2 နာရီ 25 မိနစ် 1 စက္ကန့် 👑 Channel Myanmar 🏅 All content credited to original owners!
ဇာတ်ညွှန်း 📜 Thandel (2025) စွန့်စားစိန်ခေါ်မှုပြည့်နှက်နေတဲ့ ချစ်ခရီးလမ်း IMDb 6.9/10 အက်ရှင်အကြမ်းအရမ်းကိုမှ ရိုမန့်စ်လေးနဲ့တွဲဖက်ခံစားကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဆတ်တယာဆိုတဲ့ မိန်းမချောလေးက သူ့ဖခင်ကို သူနဲ့သင့်တော်တဲ့သတို့သားလောင်းရှာဖို့ ပြောဆိုလာပါတယ်။ တစ်အိမ်လုံးလည်းမယုံနိုင်စွာအံ့ဩရပေမဲ့ သူ့ဆန္ဒကိုဖြည့်ဆည်းပေးကြပါတယ်။ လှလွန်းတဲ့ဆတ်တယာကို သတို့သားလောင်းက မြင်မြင်ချင်းသဘောကျသွားလို့မင်္ဂလာပွဲအတွက် တစ်ခါတည်းစီစဉ်ကြလေရဲ့။ အဲဒီအချိန်မှာပဲ ဆတ်တယာကသူ့သတို့သားလောင်းကို ပြောစရာရှိတယ်ဆိုပြီး သူ မထင်မှတ်ထားတဲ့အကြောင်းအရာကို ပြောပြလာခဲ့ပါတယ်။ ဆတ်တယာမှာ ရာဂျူးဆိုတဲ့ချစ်သူကောင်လေး ရှိနေတာပါ။ သူတို့ရွာမှာ တစ်နေ့ပြီးတစ်နေ့တက်လာတဲ့ကုန်ဈေးနှုန်းတွေကြောင့် ရွာကယောက်ျားလေးတွေက ငါးဖမ်းဖို့ ပင်လယ်၊ သမုဒ္ဒရာတွေဆီ စွန့်စွန့်စားစားသွားရပါတယ်။ စာချုပ်နဲ့သွားရတာဖြစ်ပြီး တစ်ခါသွားရင် ကိုးလကြာမြင့်ပါတယ်တဲ့။ တစ်နှစ်မှာသုံးလပဲ အတူရှိရပေမဲ့သူတို့နှစ်ယောက်က ရာဂျူးဖုန်းခေါ်လို့ရတာနဲ့ ဖုန်းပြောကြနဲ့ အဆက်အသွယ်မပြတ်ရှိနေကြပါတယ်။ တစ်နေ့သူတို့ရွာနား သတ္တုတူးဖို့ရောက်လာတဲ့ မသမာသူလူတစ်စုကို ရာဂျူးကဖြေရှင်းပေးရာကနေသူဟာ သူ့ဖခင်လို ငါးဖမ်းသမားတွေရဲ့ခေါင်းဆောင်ဖြစ်လာပါတော့တယ်။ ပင်လယ်ဓားပြတွေရန်ကြုံရ၊မုန်တိုင်းလေထန်ဒဏ်ကြုံရ၊ သူများနယ်ရောက်သွားမိရင် အဖမ်းခံရနဲ့ အန္တရာယ်ပတ်လည်ဝန်းရံနေလို့ရာဂျူးကို ဆတ်တယာက ဒီအလုပ်ကို စွန့်လွှတ်စေချင်နေပါပြီ။ ရာဂျူးက နားမထောင်ဘဲဒီတစ်ခါသူငါးဖမ်းသွားပြီး ပြန်လာရင် လက်ထပ်ကြပါမယ်၊ စောင့်နေပါလို့ပြောပြီး ထွက်သွားပြန်ပါတယ်။ ကတိပေးခဲ့တဲ့အတိုင်းပြန်မရောက်လာတာ အချိန်တွေကြာလာတဲ့အခါမှာတော့…… ဆတ်တယာကဘာလို့ အိမ်ထောင်ပြုဖို့ သူ့မိဘကိုအလောတကြီးပြောရတာလဲ၊ရာဂျူးနဲ့ဘာလို့ အဆက်အသွယ်ပြတ်သွားတာလဲ၊ သူ ဘာတွေတွေ့ကြုံနေရလဲ၊တကယ်ပဲဆတ်တယာကို ထားသွားတာ ဖြစ်နိုင်ပါ့မလား၊သူတို့နှစ်ယောက်ရဲ့ရှေ့ခရီးလမ်းကဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ STAR~ToMo~KKKZ~Zwe Yan တို့ပဲဖြစ်ပါတယ်။
...