cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

Fifty Two News

Mostrar más
Publicaciones publicitarias
28 544
Suscriptores
+8924 horas
+297 días
-2630 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

ဗုဒ္ဓစက္ခုံ  ..   တစ်ကိုယ်လုံးခြုံ ..  လုံပါစေဘုရား ။ ဓမ္မစက္ခုံ  တစ်ကိုယ်လုံးခြုံ လုံပါစေဘုရား ။ သံဃစက္ခုံ  တစ်ကိုယ်လုံးခြုံ  လုံပါစေဘုရား ။ ဦးခေါင်းထက်၌ ငါးသိန်းတစ်သောင်းနှစ်ထောင် နှစ်ကျိတ်ရှစ်ဆူသော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့သည်လည်းကောင်း၊ ညာပုခုံးထက်၌ ပစ္စေကဗုဒ္ဓါအရှင်သူမြတ်တို့သည်လည်းကောင်း၊ ဘယ်ပုခုံးထက်၌ အဂ္ဂသာဝကကြီးများသည်လည်းကောင်း၊ ရင်ထက်၌ ရဟန္တာအရှင်မြတ်တို့သည်လည်းကောင်း၊ ကျောပြင်၌ လောကပါလနတ် မြတ်တို့သည်လည်းကောင်း ခိုင်ခိုင်မတ်မတ် ကြွရောက်စောင့်ရှောက် ပေးတော်မူကြပါကုန် ဘုရား ။
Mostrar todo...
🙏 21👍 4
😢 42👍 13😁 1
ဆက်ကြေးတောင်းမရ၍ အေးချမ်းစွာခရီးသွားလာနေသောပြည်သူများအား pdf အကြမ်းဖက်များမှ ရန်ငြိုးဖွဲ့တိုက်ခိုက် 2024 June 30 🚨🚨🚨🚨🚨🚨🚨🚨 ယနေ့နံနက် ၉ နာရီခန့်ကမုံရွာ-မန္တလေး ခရီးသည်တင်ကား ၅ စီးအား ချောင်းဦး မြို့နယ် ငါးယှဉ်ကျေးရွာအနီးတွင် pdf အကြမ်းဖက်များမှ တရုတ်စက်လတ်များ အပါအဝင် လက်နက်ငယ်မျိုးစုံဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ပြီး အပြစ်မဲ့ခရီးသွားပြည်သူ ၂၄ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် ချောင်းဦးမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း ကနဦးသတင်းရရှိပါသည်။ အဆိုပါမုံရွာ-မန္တလေးကားလမ်းမအား အကြမ်းဖက် PDF များမှ ပြည်သူများ ထိခိုက်စေရန် မိုင်းထောင်ခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်နေ၍ ယခင်လ ပိုင်းများကတည်းက လုံခြုံရေးအဖွဲ့များမှ မိုင်းများဖယ်ရှားရှင်းလင်းခြင်း၊ လုံခြုံရေး တင်းကြပ်စွာဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် အကြမ်းဖက် PDF များ ဆက်ကြေးကောက်ခံခြင်း မပြုလုပ်နိုင်တော့သည့်အတွက် လုံခြုံရေးအဖွဲ့များနှင့်ပြည်သူများ အထင်အမြင်လွှဲမှားစေရန်အတွက် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ Fifty Two News သတင်းပေးပို့လိုပါက https://t.me/FiftyTwo543
Mostrar todo...
သတင်းပေးပို့ရန် နေရာ FiftyTwo

You can contact @FiftyTwo543 right away.

👍 28🤬 20😢 5 1😁 1
Photo unavailableShow in Telegram
ကောလင်းမြို့နယ် ကြူတောကျေးရွာအနီး အကြမ်းဖက် KIA/PDF များ၏ အလောင်း လက်နက် ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ 2024 June 30 ဇွန်လ ၂၉ ရက် နံနက် ၈ နာရီခွဲခန့်က ကောလင်းမြို့နယ် ကြူတောကျေးရွာအနီး နယ်မြေရှင်းရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက် KIA/PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ -အကြမ်းဖက် KIA/PDF ၁ လောင်း -ပစ္စတိုသေနတ် ၁ လက် -ကျည်အိမ် ၁ ခု -ကျည် ၈ တောင့် -အိုင်ကွန် ၁ လုံးတို့အား သိမ်းဆည်းရမိကြောင်း သိရပါသည်။ အေးချမ်းတည်ငြိမ်နေတဲ့ ပြည်သူတို့ရဲ့ မြို့ ရွာတွေ ဖျက်ဆီးဖို့သက်သက် လုပ်ဆောင်နေတဲ့ ပဒက်တွေတော့ လုံခြုံရေးအဖွဲ့တွေရဲ့ ဆော်ချက် လှော်ချက် ဗျင်းချက်အောက်မှာ ဆန့်ငင် ဆန့်ငင်နဲ့ ၁ ကောင်တော့ မသာပေါ် ငရဲလားသွားရပြန်ပြီတဲ့ဟေ့… လားရမယ်လေကွာ… အမျိုး ဘာသာ သာသနာကိုကာကွယ်စောင့်ရှောက်ပြီး ပြည်သူတို့ရဲ့ တည်ငြိမ်အေးချမ်းမှုကို အရိုးကြေကြေ အရည်ခမ်းခမ်း အစဉ်ကြိုးစားလုပ်ဆောင်နေတဲ့ လုံခြုံရေးအဖွဲ့တွေကို လေးစားဂုဏ်ယူပါတယ်… ဘေးမသီ ရန်မခဘဲ ဒီထက်မက အောင်ပွဲတွေအလီလီ ဆင်နွှဲနိုင်ပါစေလို့ ပြည်သူနဲ့အတူ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ…🙏🙏🙏🙏🙏 Fifty Two News သတင်းပေးပို့လိုပါက https://t.me/FiftyTwo543
Mostrar todo...
👍 52 7👏 6😁 3
ဗုဒ္ဓစက္ခုံ  ..   တစ်ကိုယ်လုံးခြုံ ..  လုံပါစေဘုရား ။ ဓမ္မစက္ခုံ  တစ်ကိုယ်လုံးခြုံ လုံပါစေဘုရား ။ သံဃစက္ခုံ  တစ်ကိုယ်လုံးခြုံ  လုံပါစေဘုရား ။ ဦးခေါင်းထက်၌ ငါးသိန်းတစ်သောင်းနှစ်ထောင် နှစ်ကျိတ်ရှစ်ဆူသော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့သည်လည်းကောင်း၊ ညာပုခုံးထက်၌ ပစ္စေကဗုဒ္ဓါအရှင်သူမြတ်တို့သည်လည်းကောင်း၊ ဘယ်ပုခုံးထက်၌ အဂ္ဂသာဝကကြီးများသည်လည်းကောင်း၊ ရင်ထက်၌ ရဟန္တာအရှင်မြတ်တို့သည်လည်းကောင်း၊ ကျောပြင်၌ လောကပါလနတ် မြတ်တို့သည်လည်းကောင်း ခိုင်ခိုင်မတ်မတ် ကြွရောက်စောင့်ရှောက် ပေးတော်မူကြပါကုန် ဘုရား ။
Mostrar todo...
🙏 87👍 10 4🤣 3
Photo unavailableShow in Telegram
👍 32🤣 3👏 2
*နယ်ဘက်တရားရုံးဖြင့် ပြစ်ဒဏ်ချမှတ်သတင်း(၄)* ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈ ရက် #Fifty Two News# ၂၆-၆-၂၀၂၄ ရက်တွင် ဟုမ္မလင်းခရိုင်တရားရုံးမှ တရားခံ (၁) ဦးအား ဖော်ပြပါ အတိုင်း ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရပါသည်။ ဟုမ္မလင်းမြို့နယ် ဟုမ္မလင်းရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့ များအား ငွေကြေးများဖြင့် ထောက်ပံ့ခြင်း၊ အကြမ်းဖက်အဖွဲ့ဝင်များကို သိလျက်နှင့် သက်ဆိုင်ရာထံ သတင်းပေးပို့ရန် ပျက်ကွက်ခဲ့ခြင်းများ ကျူးလွန်ခဲ့သူ တရားခံ ဘဒင် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၃)နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
Mostrar todo...
👍 34👏 6🤣 3 1
*နယ်ဘက်တရားရုံးဖြင့် ပြစ်ဒဏ်ချမှတ်သတင်း(၃)* ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈ ရက် #Fifty Two News# ၂၆-၆-၂၀၂၄ ရက်တွင် ဟုမ္မလင်းမြို့နယ်တရားရုံးမှ တရားခံ (၁) ဦးအား ဖော်ပြပါ အတိုင်း ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရပါသည်။ ဟုမ္မလင်းမြို့နယ် ခိုပဲဝရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့များ ၏ အကြမ်းဖက်တိုက်ခိုက်မှုများအား ထောက်ခံအားပေးခြင်း၊ လူမှုကွန်ရက်ပေါ်တွင် အကြမ်းဖက်အဖွဲ့ဝင်များနှင့် ပြောဆိုဆက်ဆံခြင်း၊ ၎င်း၏သူငယ်ချင်းသည် အကြမ်း ဖက်အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းသိလျက်နှင့် သက်ဆိုင်ရာထံ သတင်းပေးပို့ရန် ပျက် ကွက်ခဲ့ခြင်းများ ကျူးလွန်ခဲ့သူ တရားခံ ညီညီအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပ ဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ်(၄)နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပ ဒေပုဒ်မ ၅၂(ခ)အရ အလုပ်နှင့်ထောင်ဒဏ်(၄)နှစ်(တစ်ပေါင်းတည်း) ကျခံစေရန် အမိန့် ချမှတ်လိုက်ကြောင်း သိရသည်။
Mostrar todo...
👍 19🤣 4
ပို့အပ်စေရန် လည်းကောင်း အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ ၇။ မုံရွာမြို့နယ် ရတနာပုံရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့၏ သင်တန်းတွင် တက်ရောက်ခဲ့ခြင်း၊ တပ်မတော်ယာဉ်တန်းများအား မိုင်းထောင်ဖောက် ခွဲရာတွင် ပါဝင်ခဲ့ခြင်း၊ "ပေါ်ဦး"ရွှေဆိုင်အား ဓါးပြတိုက်ရာတွင် ပါဝင်ခဲ့ခြင်း၊ လူမှုကွန် ရက်ပေါ်တွင် "မြေလတ်အသံ"သတင်းဌာနနှင့် အကြမ်းဖက်ဆောင်ရွက်ချက်များအား အပြန်အလှန်ပေးပို့ထားခြင်းများ ကျူးလွန်ခဲ့သူ တရားခံ ဝင်းခန့်ဇော်(ခ)ငဇော်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၀(ဈ)အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၁(ဂ)အရ အလုပ်နှင့်ထောင်ဒဏ် (၆)နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ် (တစ်ပေါင်းတည်း) ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
Mostrar todo...
👍 29🤣 4👏 1
*နယ်ဘက်တရားရုံးဖြင့် ပြစ်ဒဏ်ချမှတ်သတင်း(၂)* ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈ ရက် #Fifty Two News# ၂၆-၆-၂၀၂၄ ရက်တွင် မုံရွာအကျဉ်းထောင်သီးသန့်တရားရုံးမှ တရားခံ (၁၅) ဦးအား ဖော်ပြပါအတိုင်း ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရပါသည်။ ၁။ မုံရွာမြို့နယ် နန္ဒဝန်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အပြစ်မဲ့ပြည်သူတစ်ဦးအား ဒလန်ဟုယူဆ၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ကျူးလွန်ခဲ့သူ တရားခံ အောင်ပြည့်ဖြိုး (ခ)ပြည့်စုံ(ခ)ပြည့်စုံဖြိုးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၄ အရ အလုပ် နှင့် ထောင်ဒဏ် (၁၅)နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၂(က)အရ အလုပ် နှင့်ထောင်ဒဏ်(၄)နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ ၂။ မုံရွာမြို့နယ် မြဝတီရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့များအား ငွေကြေးများ ထောက်ပံ့ခြင်း၊ လူမှုကွန်ရက်ပေါ်တွင် အကြမ်းဖက်အဖွဲ့ဝင်များနှင့် ပြောဆိုဆက်ဆံခြင်းများ ကျူးလွန်ခဲ့သူ တရားခံ မစုစန္ဒာလှိုင်အား အကြမ်းဖက်မှု တိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ်(တစ်ပေါင်း တည်း) ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ ၃။ ဘုတလင်မြို့နယ် မြောက်တောကြီးကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်း ဖက်အဖွဲ့များအား ငွေကြေး၊ အစားအစာ၊ ရိက္ခာနှင့် အခြားပစ္စည်းများ ထောက်ပံ့ ပေးခြင်း၊ တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့တို့၏ လှုပ်ရှားသွားလာမှုများကို စောင့်ကြည့်၍ အကြမ်းဖက်အဖွဲ့အစည်းများထံသို့ ဆက်သွယ်၍ သတင်းပေးပို့ခဲ့ခြင်း များ ကျူးလွန်ခဲ့သူ တရားခံ ဉူးဝိမလ(ခ)ဖိုးချစ်အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက် ရေးဉပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ်(တစ်ပေါင်းတည်း) ကျခံစေ ရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ ၄။ မုံရွာမြို့နယ် နန္ဒဝန်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့၏ သင် တန်းတွင် တက်ရောက်ခဲ့ခြင်း၊ တပ်မတော်စစ်ကြောင်းများအား ချုံခိုတိုက်ခိုက်ရာတွင် ပါဝင်ခဲ့ခြင်း၊ ကျောင်းဆရာတစ်ဦးအား ဒလန်ဟုယူဆ၍ သတ်ပစ်ခဲ့ခြင်းများ ကျူးလွန် ခဲ့သူ တရားခံ ဆွေအောင်(ခ)ပဲလှော်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၄ အရ အလုပ်နှင့်ထောင်ဒဏ် (၁၅)နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၀ (က)အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၂ (က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ်(တစ်ပေါင်းတည်း)ကျခံစေရန် အမိန့်ချမှတ် လိုက်ကြောင်း သိရသည်။ ၅။ မုံရွာမြို့နယ် ပြည်တော်သာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့ ၏ သင်တန်းတွင် တက်ရောက်ခဲ့ခြင်း၊ တပ်မတော်ယာဉ်တန်းများအား မိုင်းထောင် ဖောက်ခွဲရာတွင် ပါဝင်ခဲ့ခြင်းများ ကျူးလွန်ခဲ့သူ တရားခံ ဖြိုးဝေ(ခ)ဂျစ်မှုးအား အကြမ်း ဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ ၆။ မုံရွာမြို့နယ် နန္ဒဝန်ရပ်ကွက်၊ အင်းရွာသစ်ရပ်ကွက်၊ ကွေ့ကြီးရပ်ကွက်တို့တွင် နေထိုင်လျက်ရှိကြပြီး အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများအား ထောက် ခံအားပေးခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းအတွက် လက်လုပ်သေနတ်နှင့် ဆက်စပ် ပစ္စည်းများအား ထုတ်လုပ်ထောက်ပံ့ပေးခြင်းများ ကျူးလွန်ခဲ့ကြသည့် တရားခံများ ဖြစ်ကြသော မင်းဇော်ဦး၊ကျော်စိုးလွင်နှင့် ဇော်ဇော်အောင်တို့ (၃)ဦးအား အကြမ်းဖက် မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၄၉(က)အရ အလုပ်နှင့်ထောင်ဒဏ် (၁၄)နှစ်၊ အကြမ်းဖက် မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ်စီ(တစ်ပေါင်း တည်း)ကျခံစေရန် လည်းကောင်း၊ တရားခံ ကိုနိုင်အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၁(ဂ)အရ အလုပ်နှင့်ထောင်ဒဏ် (၆)နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ်(တစ်ပေါင်းတည်း)ကျခံစေရန် လည်းကောင်း၊ တရားခံ ဖြိုးမင်းငြိမ်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၄၉(က)အရ အလုပ်နှင့်ထောင်ဒဏ် (၁၄)နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ်(တစ်ပေါင်းတည်း)ကျခံစေရန် လည်း ကောင်း၊ တရားခံ နိုင်ခန့်ဇော်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၂(က) အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ် ကျခံစေရန် လည်းကောင်း၊ ကလေးသူငယ် တရား ခံများဖြစ်ကြသည့် အောင်ကိုမျိုး(ခ)ငမော့၊ ဖြိုးကျော်သူ၊ အာကာကျော်(ခ)နဒီတို့(၃)ဦး အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၄၉(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄) နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၁) နှစ်(သီးခြားစီ)ကျခံစေရန် လည်းကောင်း၊ မန္တလေးမြို့ အကျဉ်းထောင်သို့
Mostrar todo...
👍 45 4👎 2🤣 2👏 1🤬 1
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.