Dr. David Joy
Ir al canal en Telegram
232
Suscriptores
Sin datos24 horas
Sin datos7 días
Sin datos30 días
Archivo de publicaciones
Runner Level (Level 2) - 4 months
အသက်တာ၌ တောက်လောင်လာသောမီးနှင့်အတူ ဘုရားသခင်ပေးသော ရူပါရုံပန်းတိုင်သို့ အရှိန်နှင့်ပြေးနိုင်ဖို့ သင်ကြားပေးရန်ရည်ရွယ်ပါသည်။ အသက်တာ၌ထိုင်နေရုံမဟုတ်ဘဲ၊ ရူပါရုံနှင့်အတူ တက်ကြွစွာ လက်တွေ့လုပ်ဆောင်နိုင်စေရန်ဖြစ်သည်။
(Photo by Fabio Comparelli on Unsplash)
Fire-Starter Level (Level 1) - 3 months
ယုံကြည်သူများ အသက်တာ၌ ဝိညာဉ်တော်မီးတောက်လောင်လာစေရန် ရည်ရွယ်ပါသည်။ သင်ခန်းစာများအားလုံးသည် ဤရည်ရွယ်ချက်ကို ဦးတည်ကာ အသက်တာများကို အရှိန်နှင့် အစပျိုးစေမည်ဖြစ်ပေသည်။
(Photo by Joshua Newton on Unsplash)
Fellowship School of the Prophets’ Levels
ပရောဖက်ပြုခြင်းဆိုင်ရာမိတ်သဟာယကျောင်း အဆင့်များ
ကျောင်းသည် တစ်ပတ်တစ်ရက် သင်ကြားသောကျောင်းဖြစ်ပြီး၊ ကျောင်းရည်ရွယ်ချက်၊ ကျောင်းလည်ပတ်ပုံ၊ ကျောင်းပရိုဂရမ်အဆင့်ဆင့်များကို Live Video မှ တဆင့်ရှင်းပြပါမည်။ ယခုရှိသည့် Level 7 ခု အကြောင်းအကျဉ်းချုံးဖော်ပြလိုက်ပါသည်။
CMM Associate of Ministry in Biblical Studies Degree (A.Min.) ၂၀၂၄ အတန်းသစ်စပါပြီခင်ဗျာ။
သခင်ဘုရားကိုချစ်သော ယုံကြည်သူခရစ်ယာန်အယောက်တိုင်းအတွက် အထူးသင့်လျော်ပါသည်။ ကမ္ဘာ့သာသနာအသီးသီးတွင် တစ်ထောင့်တစ်ကဏ္ဍမှ ပါဝင်လိုသော ဓမ္မအမှုတော်ဆောင်များ၊ စီးပွါးရေးလုပ်ငန်းရှင်များ၊ အိမ်ရှင်မများ၊ လူငယ်လူကြီးမရွေး တက်ရောက်နိုင်သောကျောင်းဖြစ်ပါသည်။ ဝိညာဉ်ရေးရာ ခြောက်ကပ်သောကျောင်းမဟုတ်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် နက်ရှိုင်းစွာအတူတကွလေ့လာသောကျောင်း၊ လက်တွေ့ဆန်သောသာသနာပြုကျောင်းပင်ဖြစ်သည်။
အပတ်စဉ် တစ်ပတ်တစ်ရက် online (သို့) on-site တက်ရောက်ကာ၊ ကျန်သောရက်များတွင် assignment လုပ်ကာပါဝင်ရသော hybrid ကျောင်းဖြစ်သောကြောင့် အလုပ်တစ်ဖက်နှင့် တက်ရောက်နိုင်ပါသည်။
အမေရိကန်ပြည်ထောင်စုမှကျောင်းခွဲဲဖြစ်ပြီး ကျောင်းဓမ္မပညာရေးစနစ်၊ ကျောင်းလခနှင့် ဘွဲ့လက်မှတ်များအကြောင်းကို ဤ Website မှ လေ့လာနိုင်သည်။ https://cmmtheology.org/cmm-myanmar/
၂၂၊၆၊၂၀၂၄ တွင်စမည်ဖြစ်ပြီး ၁၇ ရက်နေ့နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။ လှိုက်လှဲစွာကြိုဆိုပါသည်။ ဆက်သွယ်ရန် - 09790975900, 09255249205, 09798490762
(Photo by Unseen Studio on Unsplash)
Fellowship School of the Prophets (ပရောဖက်ပြုခြင်းဆိုင်ရာမိတ်သဟာယကျောင်း)
ကျွန်တော်တို့ PRM ၏ ပရောဖက်ပြုခြင်းဆိုင်ရာမိတ်သဟာယကျောင်းကို ယခု ၆လပိုင်း ၂၀ ရက်နေ့တွင်အစပြုမည်ဖြစ်ပါသည်။
Hybrid School (Online + On-site) ဖြစ်သောကြောင့် Online မှ အပတ်စဉ် စနေနေ့တိုင်း ညနေ ၇:၃၀ မှ ၉:၃၀ အထိ သင်ကြားမည်ဖြစ်ပါသည်။ အခြားသောသင်ခန်းစာ video / audio files များကိုလည်း online မှ ဝေမျှပေးပါမည်။ On-site အနေဖြင့် ရက်တိုသင်တန်းများပြုလုပ်သွားမည်ဖြစ်ပြီး မိမိတို့နီးစပ်ရာဒေသများတွင် လာရောက်ပါဝင်နိုင်ပါသည်။
ခရစ်ယာန်များသည် ဘာသာရေးထုံးတမ်းစဉ်လာများဖြင့်သာ အသက်ရှင်ရုံမက ဘုရားသခင်၏ဝိညာဉ်တော်လမ်းပြမှုဖြင့် အသက်ရှင်လျှောက်လှမ်းတတ်ရန် ရည်ရွယ်ပါသည်။ “ပရောဖက်ပြုခြင်းဆိုင်ရာ” ဆိုသည်မှာ ဘုရားသခင်၏လမ်းပြမှုကို ဆိုလိုသည်။ ယနေ့ခေတ်တွင် “ဘုရားသခင်ဖော်ပြသည်” ဟုဆိုကာ သမ္မာတရားကို အခြေမခံဘဲ မှားယွင်းစွာသွားလာနေသောသူများရှိကြသည်။ ဤကျောင်းသည် သမ္မာတရားအားဖြင့် အသက်တာများကိုတည်ဆောက်ပေးပြီး သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝသောအသက်တာများကို တည်ဆောက်ပေးရန်ရည်ရွယ်သည်။ ယခုမျက်မှောက်ကာလ၏ တမန်တော်ဝတ္ထုပင်ဖြစ်သည်။ မိတ်သဟာယကျောင်းဖြစ်သောကြောင့် ဒေသအသီးသီးရှိ သခင်ဘုရားကိုချစ်သောသူများကို ချိတ်ဆက်ပေးသောကျောင်းလည်းဖြစ်သည်။
Basic Prophetic Education (အခြေခံ) နှင့် Advanced Peophetic Education (အဆင့်မြင့်) ၂ပိုင်းရှိပြီး၊ ယခုအခြေခံအတန်းမှ အစပျိုးမည်ဖြစ်သည်။
စိတ်ပါဝင်စားသူများ ရုံးချိန်အတွင်း ဖုန်း 09258872434 (သို့) 0933535353 သို့ခေါ်ဆိုကာ ဆရာမ Reena (ခ) တင်ဇာ ထံ လိုအပ်သည့်အချက်အလက်များ မေးမြန်းစုံစမ်းနိုင်သည်။ တက်ရောက်မည့် သင်တန်းသားများ စာရင်းစသွင်းနိုင်ပါပြီ။ သင်ခန်းစာများနှင့် သင်ကြားမည့် ဆရာ/မ များကို ဆက်လက်ကြေငြာသွားပါမည်။
Dr. David Joy
General Overseer
PRM
ဒီနေ့ လင်းယုန်မြေအတွက် တတိယအရစ်အနေနဲ့ ကျပ်သိန်း၂၀၀၀ ပေးချေရတဲ့အခွင့်ကို ဘုရားသခင်ပေးတော်မူပါတယ်။ ကမ္ဘာ့သာသနာ၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ကျွန်တော်တို့ PRM မှာ ရက်ရောစွာမျိုးစေ့ကြဲပါဝင်သူ အယောက်တိုင်းကို ဖော်မပြနိုင်အောင် ကျေးဇူးတင်ပါတယ်။ ပါဝင်ကြသူတွေမှာ မိသားစုတာဝန်ထမ်းနေသော ဖခင်တွေ၊ သားသမီးတွေကို ပြုစုပျိုးထောင်နေသောမိခင်တွေ၊ မိမိတို့ စုဆောင်းထားသောမုန့်ဖိုးများကို ပေးကမ်းသောကလေးတွေ၊ အနာဂတ်အိပ်မက်ကိုယ်စီရှိသော လူငယ်တွေ၊ ဘုရားသခင်ကို ကိုးစားသောမုဆိုးမတွေ၊ ပင်ပန်းစွာအားထုတ်အလုပ်လုပ်နေသော စီးပွါးရေးသမားတွေနှင့်၊ သင်နှင့် ကျွန်တော်ပဲဖြစ်ပါတယ်။
နောက်ဆုံးအရစ်ကို လာမည့် ၃၃ ရက်အတွင်း ကျပ်သိန်း ၃၇၀၀ ပေးချေရန်ဖြစ်ပါတယ်။ အရှိန်အဟုန်နှင့် ဆက်လက်ပါဝင်ကြရန် နှိုးဆော်အပ်ပါသည်။ ကျွန်တော်နှင့်မိသားစုလည်း ဆက်ကပ်အပ်နှံကာ ဆက်လက်ကြိုးစားလျှက်ရှိပါတယ်။ သခင်ယေရှုခရစ်တော် ဒုတိယအကြိမ်ကြွလာတော်မူသည့်တိုင်အောင် “ကျိုင်းတုံမှသည် မြေကြီးစွန်းတိုင်အောင်” လို့ ကြွေးကြော်ကြေညာရင်း
Dr. David Joy
Overcoming Offenses by Love
Offenses ဆိုသည်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာ၊ စိတ်ဆိုးစရာ၊ စိတ်ထိခိုက်စရာမှအစ စိတ်နာကျင်စရာအထိ ကျွန်တော်တို့ စိတ်နှလုံးနှင့် ဘဝအသက်တာကို ဖျက်အားပြင်းစွာဖြိုချနိုင်သောအရာပင်ဖြစ်သည်။ ကျွန်တော့်ဘဝတွင် စိတ်အနှောင့်အယှက်များစွာနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် ဤဘာသာရပ်ကို သင်ရန်မဖြစ်နိုင်ဟု အမြဲတမ်းဆုံးဖြတ်ခဲ့ပါသည်။ သို့သော် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ထိုများလှစွာသော စိတ်ထိခိုက်စရာများကို အောင်မြင်ကျော်လွန်ခဲ့သော အတွေ့အကြုံများနှင့် ချစ်ခြင်းမေတ္တာတိုက်ပွဲဆင်နွှဲရန် အပ်နှံမှုတို့ကြောင့် ဤဘာသာရပ်ကို သင်ရန်ထိုက်တန်သည်ဟု ယုံကြည်စိတ်ချမိပါသည်။
ယနေ့ည (စနေနေ့တိုင်း) ၇:၃၀ တွင် သင်ကြားမည့်ခေါင်းစဉ်မှာ ယခုခေါင်းစဉ်ပင်ဖြစ်ပါသည်။ ဤအလွန်ကောင်းသောသင်ခန်းစာသည် သင်နှင့်ကျွန်တော့်အသက်တာကို လွတ်မြောက်ကျန်းမာစေမည်ဖြစ်ပေသည်။ Zoom မှပါဝင်ရန် သင့်အားဖိတ်ခေါ်ပါသည်။ ကျွန်တော်တို့စိတ်နှလုံးများသည် ချစ်ခြင်းမေတ္တာအားဖြင့် အောင်ပွဲခံကြပေမည်။
(Photo by Matthew Henry on Unsplash)
As a prophet, this speaks my life else well. We need to teach this topic in our prophet school.
https://youtu.be/3ilsFyv9dek?feature=shared
Thought I am strong enough to a level as being a guy in mid-30s, leader, husband and dad. Then I realized I need ways much to be stronger.
The Iron Lady: It’s not affecting my voice.
https://youtube.com/shorts/Uy9jedw6KLw?feature=shared
PRM Has Just Spread the Garment
Gideon, judge of the nation of Israel, spread the garment once as he asked for the donation. Many people threw their materials for donations with generosity. They gave 1,700 shekels of gold and many other precious materials.
We, PRM’s ministerial team, discussed to spread the garment as we have only 17 days left. As I was thinking what to throw upon that garment joyfully, one colleague of mine started to throw her jewelries. I grabbed her hand, and asked, “Seriously?” She replied, “Definitely.”
Our ministries is in such transition season of the glory of God to be magnified. Many white butterflies are dancing in our land. Every coming single day, I want to encourage you to donate and to buy the donated materials from us. We want to be the most generous people on the face of the earth. The Spirit is writing the mission history.
Yours,
Dr. David Joy
General Overseer
PRM
PRM မှ စောင် (Garment) ဖြန့်လိုက်ပါပြီ ခင်ဗျာ
အစ္စရေးနိုင်ငံကို အုပ်ချုပ်သော တရားသူကြီး ဂိဒေါင်လက်ထက်တွင် အလှူတစ်ခါခံသောအခါ စောင်ကိုဖြန့်ခင်းလိုက်ပါသည်။ လူများသည် များစွာသောစေတနာစိတ်ဖြင့် ထိုစောင်ပေါ်သို့လှူဖွယ်ပစ္စည်းများ ပစ်ချကြပါသည်။ ရွှေ အခွက်၁၇ပိဿာ နှင့် အခြားသောတန်ဖိုးရှိလှသည့် လှူဖွယ်ပစ္စည်းများရရှိပါသည်။
ကျွန်တော်တို့ PRM သာသနာမြေကွက်ဝယ်ယူရန် ပေးချေရမည့်ရက် ၁၇ ရက်သာ ကျန်သည့်အချိန်တွင် ကျွန်တော်တို့ ဓမ္မအမှုတော်ဆောင်များမှ စောင်ဖြန့်ခင်းရန် တိုင်ပင်ကြပါသည်။ ကျွန်တော်သည် မည်သည့်အရာကို ထိုစောင်ပေါ်ဝမ်းမြောက်ဝမ်းသာစွာ ပစ်တင်ရမည်နည်းဟု တွေးစဉ်ပင် ဆရာမကြီးတစ်ဦးမှ သူ့လက်ဝတ်လက်စားများစတင် ပစ်တင်လိုက်ပါသည်။ ကျွန်တော် ဆရာမကြီး၏ လက်ကိုဆွဲကာ “ဆရာမ၊ တကယ်ကြီးလား” လို့မေးလိုက်ပါသည်။ “တကယ်ပေါ့ဆရာ” ဟု ပြန်ဖြေပါသည်။
ကျွန်တော်တို့သာသနာလုပ်ငန်း၌ ဘုရားသခင်၏ ဘုန်းတော်ထင်ရှားမည့် အကူးအပြောင်းကာလရောက်နေပါပြီ။ ကျွန်တော်တို့မြေ၌ လိပ်ပြာဖြူများစွာ ကခုန်လျှက်ရှိပြီဖြစ်သည်။ လာမည့်နေ့တစ်နေ့ချင်းစီတိုင်းတွင် အလှူလှူခြင်း၊ အလှူပစ္စည်းများဝယ်ယူခြင်းအားဖြင့် ပါဝင်ကြရန် နှိုးဆော်အပ်ပါသည်။ ဝိညာဉ်တော်သည် သာသနာ့သမိုင်းရေးတော်မူသည်။
သင်၏
Dr. David Joy
ဥက္ကဌ
PRM သာသနာ
ဒီည ၇ နာရီ ပသခါပွဲအကြောင်း Zoom မှ သင်ပါမည်။ ပါဝင်ရန် Zoom ID - 890 8138 2959
(Photo by Bill Fairs on Unsplash)
ယနေ့ည ၇:၃၀ Bible Study တွင် Dr. David Joy မှ စိတ်ဝိညာဉ်တို့ကိုပိုင်းခြားခြင်း ဝိညာဉ်ဆုကျေးဇူးအကြောင်း သင်ပါမည်။ Zoom မှ ပါဝင်ရန် ဆက်သွယ်ပြီး Meeting ID ရယူနိုင်ပါသည်။
(Photo by Quinten de Graaf on Unsplash)
