cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

MW Synopsis Channel S5L

ဇာတ်လမ်းအညွန်းနှင့် Link များလွယ်ကူစွာရှာနိုင်ရန်

Mostrar más
Publicaciones publicitarias
5 667
Suscriptores
+424 horas
+617 días
+20630 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

Latency (2024) Action, Horror, Thriller 📱IMDB: 5.5/10 Synopsis ⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️ အိမ်ထဲကနေအိမ်ပြင်ကိုမထွက်တဲ့ Gamer တွေဆိုတာ အပြင်မှာ တကယ်ကြီးကိုရှိပါတယ်။အခု တင်ဆက်ပေးမဲ့ ဇာတ်ကားထဲမှာလည်း အိမ်ထဲကနေအိမ်ပြင်မထွက်ဘဲ ဂိမ်းတွေ အသားကုန်ဆော့လို့ရူးသွားရတဲ့ Gamer မမ တစ်ယောက်အကြောင်းကို ရိုက်ကူးပြသထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။အဲ့ဒါကြောင့်ဒီဇာတ်ကားကိုလူငယ်တွေထက် ကလေးတွေကို ဆုံးမချင်တဲ့ လူကြီးတွေကတော့ပိုကြိုက်မယ်လို့ ထင်ပါတယ်။ဒါပေမယ့်လည်း လူငယ်ဇာတ်ကားဖြစ်တဲ့အတွက် လူငယ်တွေ အကြိုက်တွေကို အဓိကထားရိုက်ကူးထားတာကို တွေ့ရမှာဖြစ်ပြီး တန်ဆေးလွန်ဘေးဖြစ်တတ်တယ်ဆိုတာကို ကောင်းကောင်းကြီး ကွက်ကွက်ကွင်းကွင်းမြင်ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးရဲ့နာမည်ကတော့ Latency ပဲဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလိုပဲ ဒီဇာတ်ကားထဲမှာအိမ်ထဲက အိမ်ပြင်မထွက်တဲ့ Gamer ကတော့ဟန်နာဖြစ်ပြီး သူအဲ့လို ဖြစ်နေရတယ်ဆိုတာလည်းအကြောင်းအရင်းရှိပါတယ်။ အဲ့ဒီအကြောင်းအရင်းကတော့ သူ့မှာဟင်းလင်းပြင် ကြောက်တတ်တဲ့ ရောဂါရှိလို့ဖြစ်ပြီး သူနေတဲ့တိုက်ခန်း ထဲကနေအပြင်ကို လုံး၀ခြေတစ်လှမ်းဆို တစ်လှမ်းတောင် မထွက်ရဲတာဖြစ်ပါတယ်။အဲ့လိုအိမ်ထဲမှာပဲ နေရတဲ့အတွက် ဂိမ်းတွေက သူ့အတွက်အဖော်ဖြစ်လာပြီး အခုအချိန်မှာဆိုရင် ဂိမ်းနဲ့ ပတ်သတ်တဲ့ပစ္စည်းတွေကို စမ်းသုံးပေးရတာတွေ အစမ်းဆော့ကြည့်ပေးရတာတွေလုပ်နေရပါပြီ။အဲ့လိုအပြင် မထွက်ပဲနဲ့ သူဘယ်လိုအသက်ရှင်နေထိုင်လဲလို့ မေးရင်တော့ အပေါ်ထပ်မှာနေတဲ့ သူ့သူငယ်ချင်းဂျန်ကိုအားကိုးပြီးနေနေ ရတာပဲဖြစ်ပါတယ်။ ဒီလိုနဲ့တစ်နေ့မှာတော့သူ့ဆီကို Omnia လို့ခေါ်တဲ့ထုတ်ကုန် အသစ်တစ်ခုရောက်လာပြီး ပွဲမထုတ်ခင်သူ့ကိုစမ်းသပ်ခိုင်းခဲ့ ပါတော့တယ်။အဲ့ဒီ Omnia လို့ခေါ်တဲ့ပစ္စည်းကအာရုံကြောနဲ့ ဆက်သွယ်ပြီးလျှပ်စစ်ပစ္စည်းတွေ ဂိမ်းတွေ ပရိုဂရမ်တွေကို စိတ်နဲ့စေခိုင်းလို့ရစေတဲ့ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ဟန်နာ ကလည်းအဲ့ဒီပစ္စည်းကိုအရမ်းကြိုက်သွားပြီးနောက်ပိုင်း အလွန်အကျွံတွေအသုံးပြုလာမိတဲ့အခါမှာတော့ဘယ်လို ဘေးထွက်ဆိုးကျိုးတွေကိုခံစားရပြီး ဘာတွေဆက်ဖြစ်မယ် ဆိုတာကိုကြည့်ရှုရမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
Mostrar todo...
Ship of the Damned (2024) Action, Horror 📱IMDB: 5.0/10 Synopsis ⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️ ဒီတစ်ပတ် cm ပရိသတ်တွေအတွက် မိုးအေးအေးမှာ အပျင်းပြေ ကြည့်ရှုလို့ရမယ့် ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးပါရစေ။ Ship of the damned ဇာတ်ကားဟာ Horror နဲ့ Action အမျိုးအစားဝင် ဇာတ်ကားဖြစ်ပြီး ဇာတ်ကားအဆုံးမှာ ကြည့်ရှုသူ ပရိသတ်တွေကို ဘာကြောင့်လဲဆိုပြီး တွေးမိစေမယ့် ဇာတ်ကားမျိုး ဖြစ်ပါတယ်။ နှစ်ပေါင်း ၄၀၀ ကျော် တိမ်မြုပ်ပျောက်ကွယ်နေတဲ့ ပင်လယ်ဓားပြလှေတစ်စင်းဟာ တစ်ညမှာတော့ UK ရဲ့ ကမ်းစပ်မြို့ငယ်လေးတစ်ခုဖြစ်တဲ့ ဆော့ဖလိမြို့ရဲ့ ပင်လယ်ရေပိုင်နက်ထဲမှာ ပေါ်လာခဲ့ပါတယ်။ ဒီသင်္ဘောကို စူးစမ်းလေ့လာဖို့အတွက် ရောက်ရှိလာတာကတော့ ကမ်းခြေစောင့်တပ်ဖွဲ့အေဂျင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မိုက်ကယ်ဆိုတဲ့ သူနဲ့ ရှေးဟောင်းသင်္ဘောပျက်တွေကို လိုက်လံရှာဖွေလေ့လာတဲ့ ပညာရှင် အယ်လီနာဆိုတဲ့ အမျိုးသမီးတစ်ယောက်ပါပဲ။ သူတို့လှေပေါ်ရောက်ပြီး မကြာခင်သိလိုက်ရတာက ဒီသင်္ဘောဟာ သူတို့ထင်ထားသလို လူသူကင်းမဲ့နေတဲ့ သင်္ဘောပျက်တစ်ခု မဟုတ်ဘဲ ထာဝရ ကျိန်စာသင့်နေတဲ့ လူသားစား သင်္ဘောသားတွေ ရှိနေတယ် ဆိုတာပါ။ ဒီသူတွေက ဘာကြောင့် မသေဆုံးနိုင်ဘဲ ဒီပင်လယ်ဓားပြလှေနဲ့အတူ မျောပါရွက်လွှင့်နေရတာလဲ။ ဒါ့အပြင် သူတို့ကျိန်စာကို ချိုးဖျက်ဖို့အတွက် ဒီကျိန်စာသင့် လူသားတွေ လိုက်လံရှာဖွေနေတဲ့ အရာက အယ်လီနာလိုမျိုး လူသားအမျိုးသမီးတစ်ဦး ဖြစ်နေတဲ့အခါမှာတော့ ….။ 🔣Movies Link 🔣 https://t.me/popcorn_movies_2024vol2/188
Mostrar todo...
2024 backup

Ship of the Damned (2024)

Tastes of Horror (2023) Synopsis ⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️ ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားကောင်းလေးကတော့ Tastes of Horror ဆိုတဲ့ နာမည်နဲ့လိုက်အောင် Horror တောင်မှ အမျိုးမျိူးသောပုံစံတွေနဲ့ တစိမ့်စိမ့်တွေးပြီးမှ ကြောက်ရမဲ့ မွန်းကြပ်ရမဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ဇာတ်လမ်း ၁၀ ပုဒ်ကို ပေါင်းထားတဲ့ ဇာတ်ကားဖြစ်ပြီး ဇာတ်လမ်း ၁ ပုဒ်ကို ဒါရိုက်တာ ၁ ယောက်စီနဲ့ စုစုပေါင်း ဒါရိုက်တာ ၁၀ ယောက်က လက်စွမ်းပြထားတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့လည်း The Atypical Family မှ ကလေးသရုပ်ဆောင် Park So Yi၊ Itaewon Class ထဲမှ Lee Joo Young, Twinkling Watermelon ထဲမှ Shin Eun Soo၊ CLC အဖွဲဝင် Seunghee, Seung Yeon, Ye Eun တိုအပြင် တခြားနာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားသလို Storyline တစ်ခုတည်းသွားတဲ့တခြား horror ဇာတ်ကားတွေနဲ့ မတူပဲ ရသမျိုးစုံကို ခံစားရမှာ အသေအချာပဲမလို Horror ကားတွေ ကြိုက်နှစ်သက်တဲ့သူတွေ လက်မနှေးဖို ညွှန်းလိုက်ချင်ပါတယ်။
Mostrar todo...
Tusk (2014) Synopsis ⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️ Tusk ဟာ နာမည်ကျော် A24 ကနေ ၂၀၁၄က ထွက်ခဲ့တဲ့ကားပေမဲ့ A24 ပရိသတ်တွေကြား အခုထိ တခုတ်တရထည့်ထည့်ပြောနေရတဲ့ ကားပါ။ A24 က ဒီလိုကား အခုထိ ဒီတစ်ကားပဲရှိနေတော့ သူ့ဖန်တွေအတွက် ဒီကားက အမြဲအမှတ်တရလို ဖြစ်နေမယ့်ကားလည်းဖြစ်နေပါတယ်။ A24 က ဒီလိုကားတွေလည်း ဖြန့်တာလားဟလိုလည်း ပြောချင်ပြောလိုရသလို တကယ်တမ်းပြောကြတာကတော့ ဒီကားရဲ့ စိတ်ညစ်ညူးအောင်လုပ်နိုင်စွမ်းကို ပြောကြတာက ပိုများတာပေါ့။ ဟာသမင်းသား ကီဗင်စမစ်က ရိုက်ထားတာမိုလိုလည်း ဒီကားက Comedy Horror ကားဖြစ်နေတယ်။ ဒီကားရဲ့ Horror ကတော့ Body Horror ပါ။ အားလုံးလည်းသိကြတဲ့အတိုင်း Body Horror ဆိုတာမျိုးက ကြည့်ရတဲ့သူတင်မဟုတ် တစ်ခါတလေကျ ဘာသာပြန်တဲ့လူကိုပါ တော်တော်စိတ်ထဲစွဲပြီး စိတ်ညစ်အောင်လုပ်နိုင်တယ်။ သေချာတာကတော့ ဒီဇာတ်ကားရဲ့ အကြောင်းအရာနဲ့ အပြတွေဟာ ထူးထူးခြားခြားနဲ့ ရှားပါးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ဒါမျိုးမကြိုက်ရင် စိတ်ညစ်မခံနိုင်ရင်တော့ မကြည့်သင့်ပါဘူး။ Body Horror ကို မြည်းစမ်းကြည့်ချင်ပါတယ်ဆိုတဲ့သူတွေနဲ့ နှစ်ခြိုက်ပါတယ်ဆိုတဲ့သူတွေကိုပဲ ကြည့်ဖိုညွှန်းချင်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ ဝေါလေ့စ်က ဟာသပေါ့ကတ်စ်ချန်နယ်တစ်ခုကိုလုပ်နေတာဖြစ်ပြီး အင်တာဗျူးလုပ်ဖို လော့စ်အိန်ဂျလိစ့်ကနေ ကနေဒါကိုခရီးထွက်ခဲ့ပါတယ်။ ဒါပေမဲ့ အင်တာဗျူးလုပ်မယ့်သူက သေနေပြီဖြစ်လို ဘုံဆိုင်မှာထိုင်ညစ်နေတုန်း “အခန်းလည်းငှားမယ် အတွေ့အကြုံ‌တွေကိုမျှဝေမယ်ဆိုတဲ့” ကြော်ငြာစာတစ်ခုတွေ့ပြီး လိပ်စာအတိုင်းသွားပါတယ်။ ကံဆိုးချင်တော့ သူသွားတွေ့တဲ့သူက ကွင်းဆက်လူသတ်သမားဖြစ်နေတဲ့အပြင် ဆိုက်ကိုပါ ၀င်နေတဲ့သူကြီးဖြစ်နေတော့ အရှင်လတ်လတ် လူဘ၀ကနေ ဖျံဘ၀ကို အပြောင်းခံလိုက်ရပါတော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) 🔣Movies Link 🔣
Mostrar todo...
Facebook Group လေးပါ Group ထဲမှာ ကိုယ်က Movies Channel ထောင်ထားတယ်ဆိုရင်လည်း ကိုယ့် channel ကို share လို့၇အောင်လို့ share ပေးတာပါ Group ထဲမဝင်ရသေးတဲ့ သူရှိရင်လည်း ဝင်ထားပေးပါဦးနော် Member လည်းများပြီး active လည်းဖြစ်ပါတယ် Group Link https://www.facebook.com/share/x62sU8oYr3nvixDr/?mibextid=A7sQZp
Mostrar todo...
Log in or sign up to view

See posts, photos and more on Facebook.

Repost from MW Group
Photo unavailableShow in Telegram
အွန်လိုင်းဂိမ်းဝါသနာပါတဲ့ လူကြီးမင်းတိုအတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်လေးတစ်ခု လမ်းညွှန်ပေးပါရစေရှင့်😘 => မန်ဘာသစ်ဘောနပ် 100% => နေ့စဉ် ဘောနပ် 20% => ရှုးကြေး 5% => သူငယ်ချင်း မိတ်ဆက်ဘောနပ် ဂိမ်းအကောင့်ဖွင့်လိုပါက Viber link https://tinyurl.com/5stars777 Telegram link https://t.me/Golden5stars777_bot messenger link http://m.me/100091542277445 Viber-09780657657
Mostrar todo...
ဂိမ်းအကောင့်ဖွင့်ရန်
Raising Voices (2024) ဒီတစ်ခါတော့ IMDb – 7.2 ထိရရှိထားတဲ့ စပိန်ဇာတ်လမ်းတွဲလေးတစ်ခု တင်ဆက်ပေးပါ့မယ်……ဆယ်ကျော်သက် အထက်တန်းကျောင်းသူလေးတစ်ယောက်ရဲ့ အဖြစ်အပျက်ကိုရိုက်ပြထားတာကြောင့် လူငယ်တွေရော လူကြီးတွေအတွက်ပါ အကျိုးရှိစေမဲ့ကားလေးတစ်ကားပါပဲ…… ဆယ်ကျော်သက်အရွယ်ဆိုတာ အင်မတန်ထိန်းရခက်တဲ့အရွယ်ပါ အဲဒီထဲကမှ မိန်းကလေးဖြစ်နေပြီဆို ပိုလို့စိတ်ပူရပါတယ်…… ပတ်ဝန်းကျင် မိသားစုအသိုင်းအဝိုင်း ပေါင်းနေတဲ့သူငယ်ချင်း တက်နေတဲ့ကျောင်း အခြေအနေမျိုးစုံက သူတို့အပေါ်လွှမ်းမိုးမှုရှိနေတာဆိုတော့ ကောင်းမွန်တဲ့ဘဝလေးပိုင်ဆိုင်ရစေဖို့ နည်းလမ်းပေါင်းစုံနဲ့ထိန်းကျောင်းလမ်းပြပေးရတဲ့အရွယ်ပါ…… ဒီဇာတ်လမ်းထဲမှာပါတဲ့ အယ်မာဆိုတဲ့ အထက်တန်းကျောင်းသူလေးကတော့ ကျောင်းရဲ့ အော့ကြောလန်ငဆိုးမလေးတစ်ယောက်ပါ….. အိမ်မှာလည်း သိပ်အစေးမကပ်တဲ့အပြင် စာကိုလည်းသိပ်စိတ်မဝင်စားပါဘူး…… ဆေးခြောက်ရှူတယ် ဆေးလိပ်သောက်တယ် သူငယ်ချင်းတွေနဲ့ ပါတီ ကလပ်တက်တယ်…… အဲဒီမှာ သူ့အချစ်ဆုံး သူငယ်ချင်း ဂရတ်တာရဲ့ အစ်ကို ကို သူက ကြိတ်ကြွေနေတော့ ဂရတ်တာ့အစ်ကို ရှိတဲ့ပါတီကို အသက်မပြည့်သေးပေမဲ့ ကြံဖန်လုပ်ပေးထားတဲ့ လက်မှတ်နှစ်စောင်နဲ့ ရောက်သွားကြတယ်….. အဲဒီမှာပဲ အရက်အပြင် မော်လီဆိုတဲ့ ဆေးပါချမိရင်း သူ့သူငယ်ချင်းအစ်ကို ကို သူကပဲစပြီး ဇာတ်လမ်းဆင်ပါတော့တယ်…… သူ့သူငယ်ချင်းအစ်ကိုက စိတ်မဝင်စားကြောင်းပြောတော့ အသည်းကွဲပြီး အရက်တွေဆက်တိုက်သောက်ရာကနေ အမူးလွန်သွားခဲ့ပါတယ်…… သူ့သူငယ်ချင်းကလည်း သူ့ကိုပါတီအပြင်ဘက်မှာခနထားပြီး ကုတ်အင်္ကျီတွေကျန်ခဲ့လို့သွားယူပြီး ပြန်လာတော့ သူမရှိတော့ပါဘူး…… သူဘယ်ရောက်သွားတာလဲ ဘာဖြစ်ခဲ့တာလဲ ဘယ်သူခေါ်သွားတာလဲ သူကိုယ်တိုင်ရော သိခဲ့ရဲ့လား ဆိုတာတွေကို ဆက်လက်ကြည့်ရှုရမှာပါ……
Mostrar todo...
Photo unavailableShow in Telegram
အွန်လိုင်းဂိမ်းဝါသနာပါတဲ့ လူကြီးမင်းတိုအတွက် ယုံကြည်စိတ်ချရတဲ့ ဂိမ်းဆိုက်လေးတစ်ခု လမ်းညွှန်ပေးပါရစေရှင့်😘 => မန်ဘာသစ်ဘောနပ်    100% => နေ့စဉ် ဘောနပ်            20% => ရှုးကြေး                        5% => သူငယ်ချင်း မိတ်ဆက်ဘောနပ် ဂိမ်းအကောင့်ဖွင့်လိုပါက Telegram link https://t.me/Golden5stars777_bot messenger link http://m.me/100091542277445 Viber-09780657657
Mostrar todo...
The Garfield Movie (2024) Adventure, Comedy, Family, Science Fiction 📱 IMDB: 7.5/10 Synopsis ⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️ လူတိုင်းကြိုက်တဲ့ ကြောင်လေး ဂါဖီးရဲ့ စွန့်စားခန်း ရုပ်ရှင်အသစ်ဖြစ်ပါတယ် Starlord မင်းသား Chris prattt နဲ့ Samuel L Jackson တို့က Voice actor အဖြစ် အားဖြည့်ထားပါတယ် ဂါဖီးရဲ့ ငယ်ဘဝနဲ့ သူ့သခင် ဂျွန်တို့နဲ့ ဘယ်လိုတွေ့ခဲ့လဲဆိုတဲ့ နောက်ကြောင်းကို ပြန်ရိုက်ပြထားတာဖြစ်ပါတယ်.. ဂါဖီးရဲ့ အဖေဖြစ်သူ ကြောင်ကြီး ဗစ်လည်းပါဝင်လာပြီး…ဖခင်က ဘာလို့စွန့်ပစ်ခဲ့လဲဆိုတဲ့ အဖေနဲ့သားကြားက ပြဿနာတွေကို ဖြေရှင်းပြီး ဘုံရန်သူကြီး ဂျင့်စ်ဖြစ်တဲ့ ကြောင်ဖြူမရဲ့ အကြပ်ကိုင်မှုကြောင့် လက်တို့စ် နွားနို့ခြံကနေ နို့တွေ ခိုးယူပြီး စွန့်စားကြမယ့် ဂါဖီးကြောင်သားအဖ နှစ်ယောက်ရဲ့ စွန့်စားခန်းတွေကိုကြည့်ရမှာဖြစ်ပါတယ် (အညွန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) 🔣Movies Link 🔣
Mostrar todo...
The Bear Genre – Comedy, Drama Season 3 ကို ကြည့်ဖို့အတွက် အရှေ့ Season များကို ကြည့်ထားရန် လိုအပ်ပါသည်။ ပြီးခဲ့တဲ့ S2 မှာတော့ ကာမီတို့ အုပ်စုတသိုက် မိသားစုအမွေဆိုင်ကို ဖျက်သိမ်းပြီး The Bear ဆိုတဲ့ Fine Dining အဆင့်မြင့်စားသောက်ဆိုင်အဖြစ် ကူးပြောင်းခဲ့ရမှာ အခက်အခဲတွေကြားကနေ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကာမီတစ်ယောက် နောက်ဆုံးခန်းမှာ အအေးခန်းထဲ ပိတ်မိနေတုန်း ချစ်သူ ကလဲရ်ကို ဆိုက်ကိုဖောက်ပြီး ဖြတ်လိုက်မိတဲ့အတွက် ဟိုကစိတ်နာပြီး ထွက်သွားခဲ့ပါပြီ။ ကျန်တဲ့အဖွဲ့သားတွေလည်း ဆိုင်အောင်မြင်ခဲ့ပေမဲ့ ကိုယ်စီ အခက်အခဲလေးတွေ အနည်းငယ်စီပေါ့။ ဒါကြောင့် ဒီ Season မှာတော့ ကာမီတို့ ဆူညံပူညံ လူစုတသိုက် ဒီ The Bear ဆိုင်လေးကို ဘယ်လိုတွေ ဆဲဆိုပြီး ဆက် Run ကြဦးမလဲ ဘာတွေ ပြဿနာတက်ကြပြီး ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကို S3 မှာ ဆက်လက် ခံစားရမှာ ဖြစ်ပါတယ်။ The Bear စီးရီးဟာ ကြည့်ကောင်းသလောက် ကိုးရီးယားကားတွေ လောင်ရသလိုပဲ အင်မတန်လောင်ရတဲ့ စီးရီးပါ။ Rating ဆိုရင်လည်း 8.3/10 ရထားပြီး Emmy ဆုတွေဆိုရင် များစွာဆွတ်ခူးထားတဲ့ စီးရီးကောင်းတစ်ခုပါ။ ဒီ S3 မှာဆိုရင်တော့ စုစုပေါင်း 10ပိုင်းတိတိ ပါဝင်ပြီး CM မှ အကုန်လုံးကို ဆက်တိုက် တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။
Mostrar todo...
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.