cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

"ခဲပန်းချီယူ ရဲဘော်ကူ"

News adn information sharing

Mostrar más
Publicaciones publicitarias
3 907
Suscriptores
-624 horas
-177 días
-11130 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

Repost from N/a
Photo unavailableShow in Telegram
နေ့လည်ပိုင်း တစ်ဖြတ် ကလစ်ပေးကြပါအုန်းခင်ဗျာ့❤️ Linkထဲရောက်ရင် ၁၀စက္ကန့်နေပေးပါနော်😘😘 https://ouo.io/sJPJEK https://ouo.io/6G4R9u https://ouo.io/yLt1CJ https://kyawmal.tech/hvf2r Telegram Channel_https://t.me/harthacom
Mostrar todo...
Photo unavailableShow in Telegram
အက်ထမိန်နဲ့အကြည့်ချင်းဆုံရင်တော့ လာလှူရမယ်နော် လကုန်ခံနီးနေပီ ပျော်ပွဲရွှင်ပွဲတွေလဲပြီးနေပါပီ တလရပီးလို့ပျော်ဖို့ပဲလိုတော့တယ် စား၀တ်နေရေးအဆင်ပြေရင်လဲ လာလှူကြပါအုန်းခင်ဗျာ့ PDF ရဲဘော်တွေ ပျော်ရအောင်ဖို့ တလရကိုကူကြစို့ PDF ရဲဘော်တွေတလရပီးရင်ပျော်ရအောင် @harthaminmin သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ့🥰🥰😘😍😍
Mostrar todo...
ဗုံး ပစ် ခံရမှာကြောက်လို့ တိရိစ္ဆာန်ရုံအလား သံဇကာတွေကာထားတဲ့ မြောက်ဥက္ကလာပ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံး ပစ် ခံရ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ထွက်ပြေး ဖေဖေါ်ဝါရီ ၂၄၊ ၂၀၂၃။ North Okkalapa Information မြောက်ဥက္ကလာပမြို့နယ် (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဖေဖေါ်ဝါရီလ ၂၃ရက် မနေ့ နေ့လည် ၃နာရီကျော်က ဗုံး ပစ် တိုက် ခိုက် ခံ လိုက်ရတယ်လို့ ရပ်ကွက်နေသူတွေက North Okkalapa Information ကို ပြောပါတယ်။ ခဏ ခဏ ဗုံး ပစ် တိုက် ခိုက် ခံနေရလို့ ကြောက်ပြီး တိရိစ္ဆာန်ရုံလို သံဇကာတွေ ကာရံထားတဲ့ကြားကနေတိုက် ခိုက် ခံရပြန်တာပါ။ " ဒီရပ်ကွက်ရုံးကတော့ ခဏ ခဏဖြစ်နေကြပါ၊ အဲ့လိုဖြစ်လို့ တိရိစ္ဆာန်ရုံလို သံဇကာတွေကာထားလဲ ထပ် ပစ် ခံရတာပဲ၊ ဟား ဟား၊ ဗုံး ပစ် ခံရပြီးတော့ ရုံးထဲက‌အဖွဲ့‌တွေ မနေရဲတော့ပဲ အကုန် အိမ်ပြန်ပြေးကုန်ကြတယ်၊ စခ တွေကတော့ ထုံးစံအတိုင်း တောင်စစ် မြောက်စစ်လုပ်သွားတာပေါ့ " လို့ မနေ့က အခြေအနေနဲ့ပတ်သက်ပြီး ရပ်ကွက်နေသူတစ်ဦးက North Okkalapa Information ကို ပြောပါတယ်။ ဒီမစ်ရှင်ကို Yangon Underground Force (Y U F)အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး YUF အဖွဲ့ဝင် ရဲဘော်များ အ ထိအ ခိုက်မရှိ အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ယင်းအဖွဲ့က ထုတ်ပြန်ထားပြီး မစ်ရှင်ဖြစ်မြောက်ရေးအတွက်ကူညီပေးကြသောMilk Tea Alliance Yangon အဖွဲ့သားများနှင့်အလှူရှင်များကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်လို့ ကျေး ဇူးတင်စကားဆိုထားပါတယ်။ မြောက်ဥက္ကလာပမြို့နယ် (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသည် စစ်အာဏာသိမ်းပြီး နှစ် နှစ်တာကာလအတွင်း ၄ကြိမ်ထက်မနည်း တိုက် ခိုက် ခံနေရကာ ရုံးကိုအပြင်ပိုင်းကကြည့်လျှင် သဲအိတ်အရောင်းဆိုင်လား တိရိစ္ဆာရုံလားဆိုတာ ဝေဝေဝါးဝါးဖြစ်စေတဲ့ ရုံးတစ်ခုလဲဖြစ်ပါတယ်။ #င_ရပ်ကွက် #အုပ်ချုပ်ရေးမှူးရုံး #ဗုံးပစ်ခံရ
Mostrar todo...
စစ်ကိုင်းတိုင်း ၃ မြို့နယ်ကို စစ်ကောင်စီက မာရှယ်လောထပ်ထုတ် စစ်ကိုင်း၊ ဖေဖေါ်ဝါရီ ၂၃၊ ၂၀၂၃။ စစ်အာဏာသိမ်းအပြီး ၂ နှစ်အကြာမှာ အုပ်ချုပ်ရေး ယိုယွင်းလာတဲ့အတွက် စစ်ကောင်စီက နိုင်ငံတဝှမ်းက မြို့နယ်အချို့ကို စစ်အုပ်ချုပ်ရေး ကြေညာအပြီး ၂၀ ရက်အကြာမှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)နယ်မြေက မြို့နယ် ၃ ခုကိုလည်း ဖေဖေါ်ဝါရီလ ၂၂ ရက် မနေ့က စစ်အုပ်ချုပ်ရေး(မာရှယ်လော) ကြေညာလိုက်ပါတယ်။ စစ်ကိုင်းတိုင်းထဲက ရွှေဘိုမြိုနယ်၊ ဝက်လက်မြို့နယ်နဲ့ အရာတော်မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး မြို့နယ်တွေအဖြစ် ထပ်မံကြေညာတာ ဖြစ်ပါတယ်။ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာတာနဲ့ပတ်သက်ပြီး ပြည်သူ့တော်လှန်ရေး တပ်ဦးရဲ့ဗဟို သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ခံ ရဲဘော်လွန်းညီ​ကတော့ "စစ်အုပ်စုက စစ်အုပ်ချုပ်ရေး ကြေညာလိုက်တယ်ဆိုတာ သူတို့ရဲ့အကြပ်အတည်းကို ထုတ်ဖော်ပြသလိုက်တဲ့ ထွက်ပေါက်တခုလို့ မြင်ပါတယ်။ သူတို့စစ်အုပ်ချုပ်ရေး ကြေညာလိုက်တဲ့ ဒေသတွေဟာ လက်နက်ကိုင်ပြီး နည်းလမ်းနဲ့သော်၎င်း၊ ဆန္ဒထုတ်ဖော်ပြီးတော့သော်၎င်း စစ်ကောင်စီကို အပြင်းအထန် ခုခံတော်လှန်နေတဲ့ ဒေသတွေ ဖြစ်တယ်။ ဒီဒေသတွေကို ထိမ်းလို့သိမ်းလို့ မလွယ်ကူတဲ့ အခြေအနေမျိုး ဖြစ်လာတယ်။ အဲဒီအတွက် ပိုပြီးတော့ ဒီဒေသတွေကို ဖိနှိပ်နိုင်အောင် တော်လှန်ရေးအင်အားစုတွေကို နိမ်နင်းဖို့ လူထုကိုပိုပြီးတော့ ဒုက္ခပေးနိုင်ဖို့ ကြေညာလိုက်တယ်လို့ပဲ မြင်တယ်" လို့ ပြောပါတယ်။ ဖေဖေါ်ဝါရီလ ၂ ရက်က ပထမအကြိမ် ထုတ်ပြန်ကြေညာရာမှာ စစ်ကိုင်းတိုင်းထဲက အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဗူး၊ မြောင်၊ ဆာလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်နဲ့ ရေဦးမြို့နယ် တို့ဖြစ်ပြီး အခု ၃ မြို့နယ် အပါအဝင် စစ်ကိုင်းအတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၁၄ ခု ရှိပြီဖြစ်ပါတယ်။ မြေလတ်ဒေသ မကွေးတိုင်းထဲက ပေါက်၊ မြိုင်၊ ထီးလင်း၊ ဂန့်ဂေါနဲ့ ဆောမြို့နယ်တွေ ပါဝင်ပြီး ပဲခူးတိုင်းမှာ အရှေ့ခြမ်းက ထန်းတပင်မြို့နယ်နဲ့ အနောက်ခြမ်းက အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်နဲ့ ပေါက်ခေါင်း စတဲ့မြို့နယ်တွေကိုလည်း ဖေဖေါ်ဝါရီလ ၂ ရက်ကတည်းက စစ်အုပ်ချုပ်ရေး ကြောညာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ ချင်းပြည်နယ်က တီးတိန်နဲ့ တွန်းဇံမြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါသေးတယ်။ လက်ရှိမှာ ရွှေဘို၊ ဝက်လက်နဲ့ အရာတော်မြို့နယ်တွေမှာ ဒေသခံတော်လှန်ရေး တပ်ဖွဲ့တွေက အပြင်းအထန် ခုခံနေသလို စစ်ကောင်စီတပ်ကလည်း ကျေးရွာတွေကို လှည့်လည်မီးရှို့တာတွေ လုပ်ဆောင်နေပါတယ်။ သတင်း - ခန့်အောင်၊ စာတည်း - 007 #မြေလတ်အသံ ********* အောက်ပါ လင့်တွေမှာလည်း မြေလတ်အသံရဲ့ သတင်းများကို ဖတ်ရှုနိုင်ပါတယ်။ Website - https://myaelattathan.org/ Youtube - https://www.youtube.com/channel/UCJpykv7SLazaVzdurxhURIg Telegram - https://t.me/myaelattathan Twitter - https://twitter.com/Myaelatt_Athan Instagram - https://www.instagram.com/myaelatt_athan/
Mostrar todo...
မြေလတ်အသံ

“တနေ့တာ မြန်မာ” ဖေဖော်ဝါရီ ၂၁ ရက်၊ ဒီကနေ့မှာ နိုင်ငံတဝှမ်း ဖြစ်ပေါ်နေတဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ်တွေကို ကောက်နှုတ်ပြီးတနင်္သာရီတိုင်းမ်စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။ “ဒီမော့ဆိုမြို့မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ခြုံခိုတိုက်ခိုက်ခံရလို ၆ ဦးသေဆုံး” ကရင်နီပြည်(ကယား) ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာမှာ ကင်းလှည့်နေတဲ့ တပ်မ ၆၆ လက်အောက်ခံ စစ်ကောင်စီတပ်သားတွေကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစု (KRU) တပ်ဖွဲ့က ပြောက်ကျားစနစ်နဲ့ အလစ်ငိုက် ခြုံခိုတိုက်ခိုက်ခဲ့လို့ ၆ ဦး သေဆုံးတယ်လို့ ရွှေဖီမြေက ဖော်ပြပါတယ်။ အခုလ ၁၉ ရက် ညနေ ၅ နာရီ ခွဲဝန်းကျင်မှာ ခြေလျှင်ကင်းလှည့်နေတုန်း ၂ဖက်ပိတ်ဆို့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာ စစ်ကောင်စီတပ်တွေဘက်က လွိုင်ကော် အမြောက်တပ် သေးဆူလဲနဲ့ ဒေါငံခါးကျေးရွာတွေဘက်မှာ အထိုင်ချထားတဲ့ လက်နက်ကြီတွေနဲ့ ပစ်ကူခဲ့ပေမယ့် KRU တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားထိခိုက်မှု လုံးဝမရှိခဲ့ဘူးလို့ သိရပါတယ်။ “ခလရ (၂၆၉)က စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး လက်နက်နဲ့တကွ CDF ထံ အလင်းဝင်” ချင်းပြည်နယ် ထန်တလန်မြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ (၂၆၉) က တပ်သားနှစ်ဦး လက်နက်နဲ့တကွ CDF -ဟားခါး ထံ မနေ့ကလာရောက်ခိုလှုံခဲ့ပါတယ်။ ၎င်းတို့ ၂ ဦးဟာ MA - 3 သေနတ် နှစ်လက်၊ ကျည်အိမ် ကိုးခု၊ လက်ပစ်ဗုံး လေးလုံး၊ ၆၀ မမဗုံးသီး သုံးခုနဲ့ ကျည် ၆၇၄ တောင့် ယူဆောင်လာခဲ့တာပါ။ လက်နက်အပြည့်အစုံနဲ့ CDM ဝင်လာတဲ့ ၎င်းတို့ကို ငွေကျပ်သိန်း ၆၀ ဆုချီးမြှင့်ခဲ့ပါတယ်။ ၁၆ ရက်နေ့ကလည်း CDF – Senthang ထံ ဟားခါးမြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၂၆၆)က တပ်သားနှစ်ဦး လက်နက်နဲ့ တကွ လာရောက်ခိုလှုံခဲ့ပါတယ်။ “စစ်ဗိုလ်ချုပ်ကြီးတွေအပါအဝင်လူပုဂ္ဂိုလ် ၉ ဦးနဲ့ ကုမ္ပဏီအဖွဲ့ ၇ ခုကို ဥရောပသမဂ္ဂ EU က ဒဏ်ခတ် ပိတ်ဆို့ အရေးယူ” EU က ဒဏ်ခတ် ပိတ်ဆို့တဲ့အထဲမှာ လူပုဂ္ဂိုလ် ၉ ဦးနဲ့ ကုမ္ပဏီအဖွဲ့ ၇ ခုကို ထည့်သွင်းအရေးယူလိုက်ကြောင်း မနေ့က ကြေညာပါတယ်။ အရေးယူခံရသူတွေထဲမှာ ဗိုလ်ချုပ်ကြီး မိုးအောင် ကာကွယ်ရေးဦးစီးချုပ်ရေ၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး၊ ဒုတိယဗိုလ်မှူးကြီးဟောင်း မျိုးမြင့်အောင် ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီး၊ ဗိုလ်ချုပ်ဇင်မင်းထက် ဒုဝန်ကြီးနဲ့ ရဲချုပ် ပြည်ထဲရေးဝန်ကြီးဌာန၊ ဗိုလ်ချုပ်ကိုကိုမောင် မြောက်ပိုင်းတိုင်းမှူး၊ ဦးမျိုးမြင့်ဦး စွမ်းအင်ဝန်ကြီး ၊ ဦးအောင်လှိုင်ဦး (စစ်တပ်အတွက် နည်းပညာနဲ့ လက်နက်ပွဲစား MCM ဥက္ကဋ္ဌ)၊ စစ်အစိုးရလက်ထက် သစ်တောဝန်ကြီး ဦးအောင်ဖုန်းရဲ့သား ဦးစစ်တိုင်းအောင် (စစ်တပ်အတွက် နည်းပညာနဲ့လက်နက်ပွဲစား Yatanarpon Aviation Support Company နဲ့ Suntac Technologies Co.,ltd)၊ ဦးကျော်မင်းဦး (စစ်တပ်အတွက် နည်းပညာနဲ့ လက်နက်ပွဲစား ဒါရိုက်တာ၊ Sky Aviator) တို့ ဖြစ်ပါတယ်။ အဖွဲ့ ၇ ခုမှာ ကာကွယ်ရေး ဝန်ကြီးဌာနလက်အောက်ခံ စစ်ထောက် ချုပ်ရုံး၊ ကာကွယ်ရေး ပစ္စည်းစက်ရုံများ ညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေး ပစ္စည်းဝယ်ယူရေးရုံး၊ Asia Sun Group ၊ Dynasty International Company Limited ၊ International Gateways Group of Company Limited (IGG) နဲ့ Sky Aviator Company Limited တို့ပါဝင်ပါတယ်။ “မြန်မာက ရာဇဝတ်ဂိုဏ်းတွေရဲ့ လိမ်လည်ခြင်းခံရတဲ့ အိန္ဒိယနိုင်ငံသားကိုးဦးကို သံရုံးက ကယ်ဆယ်ခဲ့” နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေရဲ့ လိမ်လည်မှုခံရပြီး မြန်မာနိုင်ငံရောက်ခဲ့တဲ့ အိန္ဒိယနိုင်ငံသား ကိုးဦးကို ကယ်ဆယ်ပြီး သူတို့ရဲ့ နေရပ်ကိုလ်ကတ္တားမြို့ကို မနေ့က ပြန်ပို့လိုက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ပါတယ်။ ရာဇဝတ်ဂိုဏ်းတွေဟာ အလုပ်အကိုင်အတုတွေ ဖန်တီးကမ်းလှမ်းပြီး အိန္ဒိယနိုင်ငံသားတွေကို လိမ်လည်ခဲ့တာပါ။ ပြန်လည်ကယ်တင်ထားတဲ့ အိန္ဒိယနိုင်ငံသား ၃၀၀ ရှိနေပြီး ကျန်ရှိနေတဲ့ အိန္ဒိယနိုင်ငံသားတွေကိုပါ ဆက်လက်ကယ်ထုတ်ဖို့ကြိုးစားနေတယ်လို့ သံရုံးက ထုတ်ပြန်ပါတယ်။ “ဝက်လက် ကာကွယ်ရေးအဖွဲ့ဝင် ၁၆ ဦး ဖမ်းဆီးခံထားရ” စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ (Wetlet GZ Special Task Force) အဖွဲ့ဝင် ၁၉ ဦးကို NUG လက်အောက်ခံ ဝက်လက်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က အခုလ ၁၈ ရက်နေ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ RFA သတင်းအရ သိရပါတယ်။ တပ်ဖွဲ့ဝင်လူငယ် အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး သုံးဦး ဖမ်းဆီးခံရပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသား တစ်ဦး ပြန်လွတ်မြောက်လာပေမယ့် ကျန်တဲ့ ၁၆ ဦးကတော့ ဖမ်းဆီးခံထားရဆဲပါ။ သူတို့ကို NUG လက်အောက်ခံ ရွှေဘိုခရိုင် တပ်ရင်း (၂) က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ရွှေဘိုခရိုင် တပ်ရင်း (၂) တာဝန်ရှိသူတစ်ဦးကတော့ ပြစ်မှုတစ်ခုနဲ့ပတ်သက်လို့ ဖမ်းဆီးစစ်ဆေးနေတာဖြစ်ပြီး ဖမ်းဆီးထားသူတွေကိုလည်း လူ့အခွင့်အရေးနဲ့အညီ စစ်ဆေးနေတာလို့ တုံ့ပြန်ထားပါတယ်။ ဘယ်လိုပြစ်မှုအတွက် ဖမ်းဆီးစစ်ဆေးနေတယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
Mostrar todo...
“ ပဲခူးက ပဲနွယ်ကုန်းတံတားဖောက်ခွဲခံရလို့ ပြွန်တန်ဆာ - ညောင်လေးပင် ကားလမ်းပိုင်း ပိတ်ဆို့မှု ဖြစ်ခဲ့” ရန်ကုန် - မန္တလေး လမ်းဟောင်းပိုင်း ပေါ်က ပဲခူးတိုင်း၊ ပဲနွယ်ကုန်းတံတား မနေ့က ဖောက်ခွဲခံရတာကြောင့် ပြွန်တန်ဆာ - ညောင်လေးပင်ကိုသွားတဲ့ လမ်းတလျှောက်မှာ ကုန်တင်ယာဉ်တွေ ပိတ်မိနေခဲ့တယ်လို့ ဘီဘီစီက ဖော်ပြပါတယ်။ ဒီကနေ့မနက်ပိုင်းအထိ ပြွန်တန်ဆာမြို့အထွက် ညောင်လေးပင်မြို့အဝင် ငှက်ပျောတော စစ်ဆေးရေး ဂိတ်အထိ ကားတွေပိတ်နေခဲ့တယ်လို့ သိရပါတယ်။ Photo - KRU၊ CDF- Hkaha The Tanintharyi Times
Mostrar todo...
အုတ်ဖိုမှာဖမ်းဆီးခံရတဲ့ သူနာပြုဆရာမ ပစ်သတ်ခံရတယ်လို့ သတင်းထွက်ပေါ် အုတ်ဖို၊ ဖေဖေါ်ဝါရီ ၂၁၊ ၂၀၂၃။ ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်အရှေ့ဘက် တိမ်ညွှန့်ကျေးရွာအုပ်စုထဲမှာ ဇန်နဝါရီလ ၂၉ ရက်ညကဖမ်းဆီးခံရတဲ့သူနာပြုဆရာမကို စစ်တပ်ကပစ်သတ်လိုက်ပြီဆိုကာ သတင်းတွေထွက်ပေါ်နေပါတယ်။ အသက် ၂၈ အရွယ်ရှိ မမေဇွန်မိုးဆိုသူဟာ ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလ ၁၆ ရက်က အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအထက်အနီးမှာ စစ်တပ်ကသေနတ်နဲ့ပစ်ခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။ "အဖမ်းခံရပြီးကတည်းက စအဖနဲ့ထွေအုပ်ရုံးမှာ စစ်ကြောရေးလုပ်တယ်လို့ သိရတယ်။ သူ့ကိုထန်းပင်ကုန်းအရှေ့ဘက်တောစပ်မှာ မျက်နာကိုအဝတ်အုပ်ခေါ်လာပြီး ပြေးခိုင်းတယ်၊ နောက်ကသေနတ်နဲ့ပစ်တာ ၃ ချက်ထိသွားပြီးနေရာမှာတင်သေတယ်" လို့ ပြောပါတယ်။ မမေဇွန်မိုးဟာဇန်နဝါရီလ ၂၉ ရက်က သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း −၂ တပ်ခွဲ ၅ အနီးကနေ ကျန်းမာရေးကုသပေးပြီးအပြန်မှာ လိုက်ပို့ပေးတဲ့ PDF ရဲဘော် ၂ ဦးကို တိမ်ညွှန့်အုပ်စုထဲက ခမရ ၆ စစ်ဆေးရေးဂိတ်က ပစ်သတ်အပြီးပုန်းအောင်းနေချိန်ဖမ်းဆီးခံလိုက်ရတာလို့ တပ်ခွဲ ၅ ရဲ့တာဝန်ရှိသူက ပြောပါတယ်။ "ဆရာမလေးက PDF မဟုတ်ဘူး။ ကျနော်တို့က ကျန်းမာရေးကိစ္စအတွက်သူ့ကိုခေါ်တာ၊ ၃ ရက်ပဲကြာတယ်၊ ကုသပြီးလို့ပြန်ပို့တာမှာကျနော့်ရဲဘော် ၂ ဦးပစ်သတ်ခံရပြီးညရောက်တော့မှ သူကဖမ်းခံရတာ၊ သူ့ကိုသတ်ပစ်လိမ့်မယ်လို့တော့ကျနော်မထင်ဘူး။ အရပ်ထဲက ပြောသလိုသူ့ကိုပစ်သတ်တယ်လို့ပြောချိန်မှာ ကျနော်တို့ အဲဒီအနားဝန်းကျင်မှာရှိတယ်။ ဘာသေနတ်သံမှမကြားရဘူးလို့ ပြောပါတယ်။ ဆရာမကိုဆေးကုသဖို့ စခန်းအနီးခေါ်ယူချိန်နဲ့ပြန်ပို့ချိန် လမ်းတလျောက်မျက်နာကို အဝတ်အုပ်ကာ ခေါ်ဆောင်သွားတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဆရာမမေဇွန်မိုးကို ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့လယ် ၁ နာရီလောက်က ထန်းတပင်ရွာအထက်ပိုင်းကို အုတ်ဖိုစရဖရုံးကနေ စစ်သား ၈ ဦး အိမ်စီးကား ၂ စီးနဲ့ခေါ်လာပြီး နေ့လယ် ၂ နာရီလောက်မှာ သူနဲ့အတူပြန်သွားတာဖြစ်ပြီး အဲဒီအချိန်အတွင်းသေနတ်ပစ်သံ မကြားရဘူးလို့ ဆိုပါတယ်။ ဆရာမ မမေဇွန်မိုး ပြန်ပို့ချိန်ပစ်ခတ်ခံရတဲ့ ရဲဘော် ၂ ဦးဟာ အသက် ၃၀ နှစ်အရွယ်ရဲဘော်သိန်းဌက်နဲ့အသက် ၂၀ နှစ်ကျော်အရွယ်ရဲဘော်သေမင်းတမန်တို့ ဖြစ်တယ်လို့ဆိုပါတယ်။ အုတ်ဖိုမြို့နယ်ဟာ ပဲခူတိုင်းအတွင်းမာရှယ်လောကြေညာထားခံရတဲ့ မြို့နယ်တမြို့နယ်ဖြစ်သလို ပဲခူးရိုးမအတွင်း စစ်ကောင်စီနဲ့မကြုခဏထိတွေ့တိုက်ပွဲဖြစ်နေတဲ့ မြို့နယ်တခုလည်းဖြစ်ပါတယ်။ သတင်း-ခန့်အောင်၊ စာတည်း-007 #မြေလတ်အသံ *********** အောက်ပါ လင့်တွေမှာလည်း မြေလတ်အသံရဲ့ သတင်းများကို ဖတ်ရှုနိုင်ပါတယ်။ Website - https://myaelattathan.org/ Youtube - https://www.youtube.com/channel/UCJpykv7SLazaVzdurxhURIg Telegram - https://t.me/myaelattathan Twitter - https://twitter.com/Myaelatt_Athan Instagram - https://www.instagram.com/myaelatt_athan/
Mostrar todo...
မြေလတ်အသံ

ရိုဟင်ဂျာ ၃၀ ကျော် တင်ဆောင်လာတဲ့ ၆ ဘီးကား သာယာဝတီမှာဖမ်းဆီးခံရ သာယာဝတီ၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၂၃။ ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာအုပ်စု၊ ဂွေးချောင်းကျေးရွာအနီး ရန်ကုန် - ပြည်လမ်းမ မက်စ်မြန်မာတိုးလ်ဂိတ်မှာ ရိုဟင်ဂျာအမျိုးသမီး ၄ ဦးအပါ ၃၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၁ ရက် ဒီကနေ့နေ့လည် ၁၂ နာရီခန့်က အဲ့ဒီတိုးလ်ဂိတ်မှာ ပြည်မြို့ဘက်ကနေ ရန်ကုန်ဘက်ကိုမောင်းနှင်လာတဲ့ အပြာရောင် ၆ ဘီးကားကို စစ်ကောင်စီတပ်ဖွဲ့၀င်တွေက တားဆီးစစ်ဆေးရာကနေ ၀ါးထရံတွေကာပြီး တင်ဆောင်လာတဲ့ရိုဟင်ဂျာတွေ ဖမ်းဆီးခံခဲ့ရတာလို့ ဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်။ "ပြန်သိရတာက စကစတွေ စစ်ဆေးနေချိန်မိတာလို့ သိရတယ်။ သူတို့ သတင်းရလို့နေမယ်။ သူတို့ကို တင်လာတဲ့ကားက ကျောက်တွေတင်တဲ့ဖောကား။ အပေါ်ကနေ ဝါးထရံတွေအုပ်ပြီး အောက်မှာ လူတွေလိုက်လာတာ။ ခုတော့ ဖမ်းသွားပြီအားလုံးကို။ ဒီလမ်းကြောင်းတွေက ရခိုင်ဘက်ကနေ ရန်ကုန်သွားတဲ့သူတွေကို သယ်နေကျ လမ်းကြောင်းပဲ။ ခုတခါက ပိုက်ဆံမရလို့လား၊ သတင်းပေးတိုင်လို့လား မသိဘူး"လို့ ပြောပါတယ်။ အဲ့ဒီကားထဲကနေ ရိုဟင်ဂျာလူမျိုး အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၄ ဦးဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ယာဉ်မောင်းနဲ့ ကားကိုပါဖမ်းဆီးကာ သုံးဆယ်ရဲစခန်းဘက်ကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကလည်း ပန်းတောင်းမြို့နယ်၊ ဉသျှစ်ပင်လမ်းဆုံအနီး စစ်ဆေးရေးဂိတ်မှာ အထောက်အထားမဲ့ ရိုဟင်ဂျာ အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၁၈ ဦ ဖမ်းဆီးခံခဲ့ရသေးတယ်လို့ သိရပါတယ်။ သတင်း − ကျော်ကြီး၊ စာတည်း − ရင်ငြိမ်း #မြေလတ်အသံ *********** အောက်ပါ လင့်တွေမှာလည်း မြေလတ်အသံရဲ့ သတင်းများကို ဖတ်ရှုနိုင်ပါတယ်။ Website - https://myaelattathan.org/ Youtube - https://www.youtube.com/channel/UCJpykv7SLazaVzdurxhURIg Telegram - https://t.me/myaelattathan Twitter - https://twitter.com/Myaelatt_Athan Instagram - https://www.instagram.com/myaelatt_athan
Mostrar todo...
မြေလတ်အသံ

Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.