es
Feedback
Yangon Ging News

Yangon Ging News

Ir al canal en Telegram

Yangon Ging ကို 2018 January 9 ကတည်းက စတင်တည်ထောင်ခဲ့သည်။

Mostrar más
1 108
Suscriptores
-324 horas
-67 días
-2930 días
Archivo de publicaciones
"လေတပ်က ပညာပြပြီ" မတ်လ ၈ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ် တည်ရှိရာ လိုင်ဇာကို အ
"လေတပ်က ပညာပြပြီ" မတ်လ ၈ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ် တည်ရှိရာ လိုင်ဇာကို အကြမ်းဖက် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ရာမှာ တရုတ်ပြည်ဘက်သို့ ကျရောက်ပေါက်ကွဲပြီး နေအိမ်တချို့ ပျက်စီးကာ လူသေဆုံးမှု ရှိခဲ့ကြောင်း သိရှိရပါတယ်။

😬😁😂

ဖေဖော်ဝါရီလတစ်လလုံးတွင် ရန်ကုန်တိုင်းအတွင်း၌ အဖမ်းအဆီးဖြစ်စဉ် စုစုပေါင်း ၁၆၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိခဲ့သည်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီမှ စစ်မှုထမ်းဥပဒေကြေညာပြီးသည့်နောက် အဖမ်းအဆီးဖြစ်စဉ်များ အလွန်များပြားသွားခဲ့သည်ကိုလည်း မြင်တွေ့ရသည်။ ညနက်ချိန်တွင် အဖမ်းအဆီးအများဆုံးပြုလုပ်ခဲ့ပြီး မနက်နှင့် နေ့ခင်းဘက်တို့တွင်လည်း အဖမ်းအဆီးဖြစ်စဉ်များ တွေ့ရသည်။ အများစုကို ပိုက်ဆံတောင်း ငွေညစ်ကာ ပြန်လွှတ်တတ်၍ တချို့ကို တပ်တွင်းထဲ အဓမ္မပို့ဆောင်လိုက်ကြောင်းလည်း သိရှိရသည်။ ထူးခြားမှုအနေနှင့် ရခိုင်လူမျိုးများကို ပစ်မှတ်ထား၍ လိုက်လံစစ်ဆေး ဖမ်းဆီးမှုများ ဖေဖော်ဝါရီလအတွင်း အများအပြား ရှိခဲ့သည်။ (မှတ်ချက် - ကျွန်ုပ်တို့ ယုံကြည်စိတ်ချရသည့်သတင်းရင်းမြစ်များထံမှ သိရှိရသည့် အချက်အလက်များကို ကိုးကားပြုစုထားခြင်းဖြစ်သည်။ အတည်မပြုနိုင်သေးသည့် အဖမ်းအဆီးဖြစ်စဉ်ပေါင်း ၆၁ ကြိမ် တို့အား ထည့်သွင်းတွက်ချက်ထားခြင်း မပြုထားပါ။ လူသတ်မှု၊ မူးယစ်ဆေးဝါးမှု၊ အွန်လိုင်းလိမ်လည်မှုစသည့် ရာဇဝတ်မှုဖြစ်စဉ်များ‌ကြောင့် ဖြစ်သည့်အဖမ်းအဆီးဖြစ်စဉ်များကိုလည်း ထည့်သွင်းတွက်ချက်ထားခြင်း မရှိပါ။) ကိုးကားချက် - RSN မြေပြင်ကင်းထောက်များ၊ မီဒီယာများ၊ မြိုနယ်ကင်းထောက်ချန်နယ်များနှင့် ထောက်လှမ်းရေးအဖွဲအစည်းများ

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီး ပစ်ချနိုင်ခဲ့၊ လေယာဉ်မှူး လေထီးဖြင့် ခုန်ထွက်လွတ်မြောက်(ရုပ်/သံ)

photo content
+2

စစ်တပ်က လူငယ်တွေကို ဖမ်းဆီးနေတာ မှန်ကန်ကြောင်း စစ်ဘောမ ကျောမျိုးမင်းပြောပြီ 🙄

စစ်တပ်လော်ဘီတွေက ကမ်းပေါ်က ဓားနဲ့ခုတ်ပါတယ် ဘာညာ သွေးထိုးနေတဲ့အချိန်မှာ ဒီလို ကယ်ဆယ်နေတဲ့ ဗီဒီယိုဖိုင်တွေ ထွက်လာတော့ စောက်ရှက်ကွဲရောဟေ့ 😂😅

သူပြောမှ သေချာကြည့်မိတယ် 😂
သူပြောမှ သေချာကြည့်မိတယ် 😂

အညာမှာ ဗိုက်ကြီးသည်နဲ့ ကလေးပါမကျန် လိုက်သဝာ်တဲ့ စစ်တပ်က AAကိုရှုံးတော့မှ ရခိုင်နဲ့ ဗမာကို လှည့်တိုက်ပေးနေပြန်ပါပြီ 😅 ငါတို့
အညာမှာ ဗိုက်ကြီးသည်နဲ့ ကလေးပါမကျန် လိုက်သဝာ်တဲ့ စစ်တပ်က AAကိုရှုံးတော့မှ ရခိုင်နဲ့ ဗမာကို လှည့်တိုက်ပေးနေပြန်ပါပြီ 😅 ငါတို့ တနိုင်ငံလုံးက မအလစစ်တပ်ကို ဗမာလို့ မသတ်မှတ်တော့ဘူးဟ 😂

တော်လှန်ရေးအဖွဲ့တွေကို ပြည်ပြေးတွေတဲ့။ သူတို့ကမှ ပြည်ပချည်း ထွက်ပြေးနေကြတာ 😂😅

ဘင်္ဂလားထဲကို ထွက်ပြေးလာတဲ့ စစ်ခွေး အကောင် ၂၀၀ ကျော်ပြီလို့ ဘင်္ဂလားအစိုးရ ထုတ်ပြန် 😅😂

⚠️နှလုံးမကောင်းသူများမကြည့်ရ⚠️ မြောက်ခင်ရန်းက စစ်ခွေးနဲ့ ပျူတွေက တော်လှန်ရေး ရဲဘော် ၂ဦးကို မီးရှို့တဲ့ သက်သေဗီဒီယိုဖိုင်။ မအလစစ်တပ်က ရွာသားတွေကို ဖမ်းပြီး အရှင်လတ်လတ်မီးရှို့သဝာ်တယ်ဆိုတာ နိုင်ငံတကာကို ပြရမယ့် သက်သေ။

"ယောချောင်းဗျူဟာကုန်းနှင့် စခန်းကုန်းများကို ရက္ခိုင့်တပ်တော် AA တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်က ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက်နှင့် လက်နက်ခဲယမ်းများကို မီးရှို့ပြီး ထွက်ပြေး" ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီရဲ့ ယောချောင်းဗျူဟာကုန်းနှင့် စခန်းကုန်းတွေကို ရက္ခိုင့်တပ်တော် AA က ဇန်နဝါရီလ ၂၆ ရက်နေ့ မနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ စစ်သားတွေဟာ ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက်နှင့် လက်နက်ခဲယမ်းတွေကို မီးရှို့ပြီး ထွက်ပြေးသွားကြကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က တရားဝင် သတင်းထုတ်ပြန်ပါတယ်။ အဆိုပါ ဗျူဟာကုန်းကို စွန့်လွှတ်ပြီး စစ်သင်္ဘော နှစ်စီးဖြင့် ထွက်ပြေးသွားခဲ့တဲ့ အကြမ်းဖက် စစ်သားတွေကို ရက္ခိုင့်တပ်တော် AA က လိုက်လံချေမှုန်း တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောပေါ်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့ ထိခိုက် သေဆုံးမှုများခဲ့ကြောင်း သိရှိရပါတယ်။

ဘောအလွန်မ' လော်ဘီများ "သိန်းငှက် အကောင်၁၀၀ အစာကောက်" "ပုစဉ်းအကောင် ၅၀ လေထဲဝဲ" "ရန်သူ ၃၀ဝနဲ့ စခန်း၃၀ ပြာကျ" အခန်းထဲထိုင် ဂျင်းသတင်းဖြန့် သတင်းမမှန်တာအရေးမကြီး အဘ'သဘောကျဖို့သာ အရေးကြီး လုံခြုံတဲ့နေရာမှာ အဲကွန်းလေးနဲ့ ဇိမ်နဲ့ထိုင်ပီး သူတို့တင်တဲ့စာက "စစ်သားဖြစ်ပီး အသေမခံကြဘူး" "အသေမခံတဲ့စစ်သားဆို ရွံတယ်" "သူရဲဘောကြောင်တဲ့ စစ်သားဆို မျက်နှာမကြည့်ချင်ဘူး" တဲ့ သူတို့ကျ ရှေ့တန်းစစ်မြေပြင်မဟုတ်တဲ့ မြို့နယ်ပြည်သူ့စစ်ထဲတောင် မဝင်ရဲဘူး။ သေမှာကြောက် "ဟင့်အင်း"ဆိုပြီး ဆင်ခြေမျိုးစုံ ပေးပြီး ရှောင်လင်သိုင်းကလိမ့်မယ် အဲ့ဆို ဘာလို့ စစ်သားတွေကို အသေခံခိုင်းကြတာလဲ စစ်သားတွေသေတာက ငါ့မိသားစုသေတာမှ မဟုတ်ပဲ ဆိုတဲ့ သူတို့စိတ်ထား စစ်သားသေလို့ ခိုကိုးရာမဲ့သွားတဲ့ မိန်းမနဲ့ကလေးတွေကို သူတို့စိတ်မဝင်စား။ စစ်သည်သေရင် လိုင်းခန်းက ဆင်းပေးရပြီး ဘဝပျက်တဲ့မိသားစုတွေ သူတို့နဲ့မဆိုင်ဘူး။ လစဉ် ဦးပိုင်ဆိုပြီး မပေးချင်လည်း ခေါင်းပုံဖြတ် ခံရတာတွေ လစာကို အမြီးနှုတ် ခေါင်းနှုတ်နဲ့ စေတနာမပါတာတွေ သူတို့ စိတ်မဝင်စားဘူး စစ်သည်ဘဝ ရင်နာစရာတွေပြောရင် သွေးခွဲတယ်လို့ ပြောလိမ့်မယ်။ ဘာလို့ဆို သူတို့ခံစားရတာမှ မဟုတ်တာ။ သူတို့က လော်ဘီလေ

"အလှူ့ရှင်တွေရဲ့ ကြေကွဲမျက်ရည်" အကြမ်းဖက် စစ်ကောင်စီ လေတပ်က တအာင်းဒေသရှိ ပြည်သူတွေရဲ့ ချွေးနှဲစာနဲ့ စုပေါင်းလှူဒါန်းထားတဲ့ သာသနိက အဆောက်အဦးတွေကို ဗုံးကြဲဖြိုဖျက်ခဲ့တာကြောင့် တအောင်းပြည်သူ ဒါယိကာ၊ ဒါယိကာမတွေ မျက်ရည်စက်လက် ကြေကွဲဝမ်းနည်းစွာ ငိုကြွေးခဲ့ကြရပါတယ်။

စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်သော ရမ်းဗြဲမြို့ပေါ်ကို လေယာဉ်နဲ့ ဗုံးကျဲခြင်း၊ စစ်သင်္ဘောနဲ့ ပစ်ခြင်းတို့သည် AA ကို မနိုင်တော့တာ သေချာသဖြင့် အရပ်သားပြည်သူများကို လက်စားချေနေခြင်းဖြစ်ကြောင်း နိုင်ငံတကာက ရှုမြင်သုံးသပ်။

စစ်တပ်က ဒရုန်းသုံးတာ PDF ထိမထိတော့ မသိဘူး။ မြို့တိုင်း အိမ်တွေ ဈေးတွေ မီးထလောင်တော့တာပဲ။ PDF တွေ လိုက်ငြိမ်းနေရတယ်။

ဝှေခါဗျူဟာကုန်းမှထွက်ပြေးသည့် ဗိုလ်မှူးကို လာကြိုသည့်အဖွဲကြားဖြတ်ိက်ခိုက်ခံရပြီး ၅ ဦးအရှင်ဖမ်းခံရ (ရုပ်/သံ) ဇန်နဝါရီလ 2️⃣3️⃣ ရက် ဖားကန့်မြိုနယ်၊ ဝှေခါဗျူဟာကုန်းစခန်းအား KIA/KPDFမှ တိုက်ခိုက်သိမ်းပိုက်သည့် တိုက်ပွဲအတွင်း စခန်းစွန့်ခွာ ထွက်ပြေးသည့် ဗိုလ်မှူး စံလွင်နှင့်အဖွဲအား ဖားကန့်ဗျူဟာကုန်းမှ အိမ်စီးကား(၇)စီးဖြင့် လာကြိုသည့်အချိန်ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား (၅) ဦးအရှင်ဖမ်းရမိကြောင်း သိရသည်။ ဖမ်းဆီးရမိသည့် စကစ တပ်သားများသည် တပ်မ(၃၃)မှ သုံးဦးနှင့် တိုက်ခိုက်ရေး ရဲတပ်ရင်း (၃၀)မှ နှစ်ဦးဖြစ်ပြီး ဦးခေါင်းကျည်စမှန်ထားသည့် တပ်မ(၃၃)မှ တစ်ဦးက သွေးထွက်လွန်ကာ သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။ ဝှေခါဗျူဟာကုန်းတိုက်ပွဲအတွင်း KPDF မှ ကလေး (၅) ဦးမိခင် အမျိုးသမီးတပ်သား ဒေါ်ချောစုက "စံလွင် လက်နက်ချ၊ အဖမ်းခံပါ" ဟု လော်စပီကာဖြင့် လိုက်အော်ခဲ့ပြီး တိုက်ပွဲအတွင်း ရွပ်ရွပ်ချွန်ချွန်ပါဝင်ခဲ့သည့်အတွက် KIA တပ်မဟာ(၉)မှ တပ်ကြပ်ကြီးရာထူးတိုးပေးခဲ့ပြီး အမျိုးသမီးသူရဲကောင်းအဖြစ် နာမည်ကြီးနေသည်။

လက်နက်မရှိတဲ့ အရပ်သားပြည်သူတွေ၊ မြို့ရွာတွေကို ပစ်သတ်၊ မီးရှို့တဲ့ စစ်တပ်က လက်နက်ကိုင်နဲ့လည်း တွေ့ရော ဖင်ကုန်းပြီးကို ရှိခိုးနေကြပါလား။ စတန်းဒစ် အာမီ ဆိုတာ ဒါကိုး 😅

စကစ ၃၀၀ ခန့် အိန္ဒိယနိုင်ငံထဲ ထပ်မံထွက်ပြေးကြောင်း အိန္ဒိယသတင်းမှာ ဖော်ပြ။ ဗျူဟာအရ ပြေးတာဖြစ်ကြောင်း မအလ ကြေငြာ 😅