es
Feedback
Channel News Independent(CNI)

Channel News Independent(CNI)

Ir al canal en Telegram

Offical Telegram account of Channel News Independent (CNI)

Mostrar más
5 761
Suscriptores
-624 horas
-247 días
-7430 días
Archivo de publicaciones
ကမ္ဘာ့အကြီးဆုံး ငှက်သိုက်ကြီးများ CNI Knowledge ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၆ ဒီနေ့ ဗွီဒီယိုထဲမှာတော့ ကမ္ဘာ့အကြီးဆုံး ငှက်သိုက်ကြီးတွေအကြောင်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ငှက်သိုက်တွေကို လူတိုင်းလိုလို မြင်တွေ့ဖူးကြပေမယ့် တိုက်ခန်း တစ်ခုလောက် ကြီးမားတဲ့ ငှက်သိုက် အစုအဝေးတွေကိုတော့ အာဖရိကတိုက်၊ နမ်မီးဘီးယားနိုင်ငံရဲ့ သဲကန္တာရထဲမှာပဲ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ အဲဒီငှက်သိုက်ကြီးတွေကို Social Weaver လို့ခေါ်တဲ့ စာကလေး ငှက်မျိုးစိတ်တွေက ဆောက်လုပ်တာဖြစ်ပြီး၊ ဒီငှက်သိုက်ကြီးတွေဟာ သစ်ပင်ကြီးတွေနဲ့ ဓာတ်တိုင်ကြီးတွေပေါ်မှာ တန်နဲ့ချီ အလေးချိန်ရှိအောင် ကြီးမားပါ တယ်။ Website တွင်ကြည့်ရှုရန်- - - -https://cnimyanmar.com/watch-tv-2/38481-kambharaakyeesone-nghaatsitekyeemyarr

ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာသမ္မတ တွေ့ဆုံ CNI News ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၆ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး H.E.Mr.Le
+2
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာသမ္မတ တွေ့ဆုံ CNI News ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၆ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး H.E.Mr.Le Hoai Trung သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး သမ္မတ ဦးမင်းအောင်လှိုင်နှင့် ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၆ ရက်က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးကြသည်။ ဗီယက်နမ်နိုင်ငံသမ္မတနှင့် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ မစ္စတာ တိုလမ်က သမ္မတ ဦးမင်းအောင်လှိုင်အား ဗီယက်နမ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးစဉ် လာရောက်ရန် ဖိတ်ကြားရန်နှင့် မြန်မာသမ္မတ လာရောက်မည့် ခရီးစဉ်ကို ဝမ်းမြောက်ဝမ်းသာဖြင့် ကြိုဆိုလျက်ရှိကြောင်း သတင်းစကားပါးရန် စေလွှတ်ချက်အရ မြန်မာပြည်သို့ လာရောက်ခြင်းဖြစ်သည်ဟု ကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ ဦးမင်းအောင်လှိုင်သည် သမ္မတ တာဝန် ရယူပြီးနောက် ပထမဆုံး နိုင်ငံခြား ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်မှ ဇွန်လ ၄ ရက်အထိ သွားရောက်ခဲ့ပြီး အိန္ဒိယသမ္မတ၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ကို တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဩဂုတ်လ ( ၂၆ ) ရက်နေ့အတွက်ညနေခင်းသတင်းအစီအစဉ် ******************************************************* - မြန်မာသမ္မတ၏ ရုရှားခရီးစဉ် နိုင်ငံရေးအကျိုးအမြတ် ဘာရလဲ - NCA မှာ ပြင်ဆင်ဖြည့်စွက်ရန် အချက်များရှိနေ - နာဂဒေသ ကုန်သွယ်စီးဆင်းရေး ဘယ်လိုလုပ်မလဲ - မိုးစပါး ဈေးကောင်းဖို့ တောင်သူများ မျှော်လင့်နေ - ကမ္ဘာ့ရေနံ ထက်ဝက်က စ-စ်ပွဲဒေသမှ ထွက်ရှိခြင်းဖြစ် - အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်ရေး ထရမ့် စမ်းသပ်ခံနေရ - ကန်က ဆီးရီးယားကို ရင်းနှီးမြှုပ်နှံမှု အတားအဆီး ဖယ်ရှားပေး - PFA အကောင်းဆုံးကစားသမားဆု ဘရူနိုဖာနန်ဒက်စ် ရရှိ စသည့်သတင်းများကို တင်ဆက်ပေးထားပါသည်။ Website တွင်ကြည့်ရှုရန်- - - -https://cnimyanmar.com/watch-tv-2/38512-augotel-26-raatnaeaatwatnyanayhkainnsatainnaahceaahcain

မိုးစပါး ဈေးကောင်းဖို့ တောင်သူများ မျှော်လင့်နေ CNI News ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၆ လက်ရှိ ပြည်တွင်း စပါးဈေးနှုန်းသည် ဆန်ချော အမျိ
မိုးစပါး ဈေးကောင်းဖို့ တောင်သူများ မျှော်လင့်နေ CNI News ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၆ လက်ရှိ ပြည်တွင်း စပါးဈေးနှုန်းသည် ဆန်ချော အမျိုးအစားဖြစ်သည့် ပေါ်ဆန်းမွှေးသည် တင်း ၁၀၀ လျှင် ငွေကျပ် သိန်း ၅၀ အထိ ရောက်ရှိနေပြီး လာမည့် မိုးစပါး ရိတ်သိမ်းချိန်တွင် စပါးဈေးနှုန်း ကောင်းမွန်ရန်အတွက် တောင်သူများက မျှော်လင့်လျက် ရှိနေသည်။ ပြီးခဲ့သည့် မိုးစပါး ရိတ်သိမ်းချိန်၌ စပါးဈေးနှုန်းသည် ၁၃ သိန်းမှ ၂၂ သိန်း ကျပ်အထိသာရှိပြီး လက်ရှိတွင် စပါး အမျိုးအစားအလိုက် တင်း ၁၀၀ လျှင် ငွေကျပ် ၂၂ သိန်းမှ သိန်း ၅၀ အထိ ဈေးနှုန်း မြင့်တက်လျက် ရှိနေသည်။ Websiteတွင်ဖတ်ရှုရန်........https://cnimyanmar.com/local-news-2/local-business/38501-moehcaparr-jhayykaungghphoet-taungsuumyarr-myahaawlangnay

လိုက်ပ်ဇစ်ထံ အန်ကွန်ကူ အငှားနဲ့ ပြန်လည်ပြောင်းရွှေ့ CNI Sport News ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၆ ပြင်သစ်ကွင်းလယ် တိုက်စစ်ကစားသမား အန်
လိုက်ပ်ဇစ်ထံ အန်ကွန်ကူ အငှားနဲ့ ပြန်လည်ပြောင်းရွှေ့ CNI Sport News ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၆ ပြင်သစ်ကွင်းလယ် တိုက်စစ်ကစားသမား အန်ကွန်ကူဟာ အေစီမီလန်အသင်းကနေ အသင်းဟောင်း လိုက်ပ်ဇစ် အသင်းထံ ရာသီကုန်အထိ အငှားနဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။ လိုက်ပ်ဇစ်အသင်းဟာ အန်ကွန်ကူကို အငှားစာချုပ် ကုန်ဆုံးချိန်မှာ ယူရို ၂၈ သန်းနဲ့ အပြီးသတ်ဝယ်ယူဖို့ ရွေးချယ်ခွင့် ရှိနေတာပါ။ Websiteတွင်ဖတ်ရှုရန်........https://cnimyanmar.com/local-news-2/local-sport/38500-liteutjaithtan-aaankwankuu-aangharnae-pyanlaipyaunggshwae Source: besoccer

နိုင်ငံ၏ ပကတိအခြေအနေကို မှန်မှန်ကန်ကန် တင်ပြရန် သမ္မတပြော CNI News ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၆ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင
နိုင်ငံ၏ ပကတိအခြေအနေကို မှန်မှန်ကန်ကန် တင်ပြရန် သမ္မတပြော CNI News ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၆ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန်ရှိသူ များ အနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် ပကတိအခြေအနေ မှန်များကို မှန်မှန်ကန်ကန် တင်ပြကြရန် လိုသည်ဟု မြန်မာသမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၅ ရက်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် သမ္မတက ပြောကြား လိုက်ခြင်းဖြစ်သည်။ Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/political-2/politics-local/38498-ninenganeat-pakatiaahkyayaanayko-mhaanmhaankaankaan-tainpyaraan-sammatapyaww

တရုတ်က အမေရိကန်၏ တစ်ဖက်သတ် ပိတ်ဆို့မှုများကို ရှုတ်ချ CNI International News ဘေဂျင်း၊ ဩဂုတ် ၂၆ အမေရိကန်က တရုတ်နှင့် ဟောင်ကောင
တရုတ်က အမေရိကန်၏ တစ်ဖက်သတ် ပိတ်ဆို့မှုများကို ရှုတ်ချ CNI International News ဘေဂျင်း၊ ဩဂုတ် ၂၆ အမေရိကန်က တရုတ်နှင့် ဟောင်ကောင် ကုမ္ပဏီများအပေါ် ပြစ်ဒဏ်သစ်များ ချမှတ်ခဲ့ပြီး အီရန်နှင့် စီးပွားရေး လုပ်ဆောင်မှုအားလုံးကို ရပ်တန့်ရန် ပြင်းထန်သည့် အရေးယူမှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် တရုတ်နိုင်ငံက အမေရိကန်၏ တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများနှင့် စီးပွားရေး စ-စ်ပွဲများကို ရှုတ်ချခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။ အီရန်နှင့် စ-စ်ပွဲ ဖြစ်ပွားနေသည်မှာ ၆ လကျော် ကြာမြင့်လာချိန်တွင် အမေရိကန်သည် တရုတ်နိုင်ငံ အပါအဝင် အဖွဲ့အစည်း အချို့အပေါ် ပိတ်ဆို့မှုများ ထပ်မံချမှတ်ခဲ့သည်။ Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/political-2/politics-local/38497-tarotek-aamayrikaaneat-taithpaatsaat-pateshoetmhumyarrko-shotehkya Source: Nikkei Asia

နိုင်ငံခြားသားနည်းပြ ဇာဗီကို ခန့်အပ်မှု ဗန်ဘက်စတန် ဝေဖန် CNI Sport News ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၆ နယ်သာလန် တိုက်စစ်မှူးဟောင်း ဗန်
နိုင်ငံခြားသားနည်းပြ ဇာဗီကို ခန့်အပ်မှု ဗန်ဘက်စတန် ဝေဖန် CNI Sport News ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၆ နယ်သာလန် တိုက်စစ်မှူးဟောင်း ဗန်ဘက်စတန်က လက်ရွေးစင်အသင်းရဲ့ နည်းပြရာထူးအတွက် နိုင်ငံခြားသား နည်းပြ ဇာဗီကို ခန့်အပ်တဲ့ ဒတ်ချ်ဘောလုံးအဖွဲ့ချုပ်(KNVB)ကို ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။ ဗန်ဘက်စတန်က “ကျနော့် ခံစားချက်ကတော့ ဒတ်ချ်နည်းပြ တစ်ဦးကိုပဲ ခန့်အပ်စေချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် နယ်သာလန်မှာလည်း နည်းပြကောင်းတစ်ဦး ထုတ်လုပ်ပေးနိုင်ရမှာပေါ့။ ဒါပေမယ့် ဇာဗီက ကစားသမားကောင်း တစ်ဦး ဖြစ်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။ Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/local-news-2/local-sport/38495-ninenganhkyarrsarrnaeepya-jarbeko-hkanaautmhu-baanbhaathcataan-wayhpaan Source: Goal

ခြေ/ဥ အရ ညှိနှိုင်း၍ရလျှင် လက်နက်ကိုင်စရာမလိုဟု ပြော CNI News ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၆ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေး ပဋိပက္ခများနှင့် လက်နက်ကိုင်ပဋိပက္ခများအား နိုင်ငံရေးအရတောင်း ဆိုပြီး အခြေခံဥပဒေအရ ညှိနှိုင်း၍ရလျှင် လက်နက်ကိုင်စရာ မလိုတော့ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုက ရက်တစ်ပါတီမှ တွဲဖက်အတွင်းရေးမှူး ဦးစောသန်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ညှိနှိုင်း၍ တရားဥပဒေဘောင်အတွင်းမှ ငြိမ်းချမ်းစွာ ဖြေရှင်းလိုသူများက တွေ့ဆုံ ဆွေးနွေးမှုကို အဓိကထားကြသော်လည်း လက်ရှိနိုင်ငံရေး အကျပ်အတည်းတွင် ဥပဒေဘောင်နှင့် ညှိနှိုင်းမှုအပေါ် ယုံကြည်ချက် ကွာခြားလျက်ရှိနေသည်။ Websiteတွင်ဖတ်ရှုရန်...........https://cnimyanmar.com/political-2/politics-local/38466-hkyay-u-aar-nyhainhainerashin-laatnaatkinehcararmalohu-pyaww

ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး စစ်ဆေးရေးဂိတ်များ လျှော့ချမည် CNI News ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၆ ကုန်စည်စီးဆင်းမှု မြန်ဆန် ချောမွေ့စေ
ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး စစ်ဆေးရေးဂိတ်များ လျှော့ချမည် CNI News ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၆ ကုန်စည်စီးဆင်းမှု မြန်ဆန် ချောမွေ့စေရေးအတွက် လမ်းကြောင်းများတစ်လျှောက်၌ မလိုလားအပ်သည့် စစ်ဆေး ရေးဂိတ်များ လျှော့ချသွားရန်လိုသကဲ့သို့ တရားမဝင် ကုန်သွယ်မှုများ မရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားကြရ မည်ဟု မြန်မာသမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၅ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ၎င်းက ပြောကြားလိုက် ခြင်းဖြစ်သည်။ Websiteတွင်ဖတ်ရှုရန်.........https://cnimyanmar.com/local-news-2/local-business/38494-konehcaihceesainnmhumyansaanrayy-hcaitsayyrayygatemyarr-shothkyamai

NCA မှာ ပြင်ဆင်ဖြည့်စွက်ရန် အချက်များရှိနေ CNI News ၂၀၂၆ ခုနှစ်၊ သြဂုတ် ၂၆ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သ‌ဘောတူစ
NCA မှာ ပြင်ဆင်ဖြည့်စွက်ရန် အချက်များရှိနေ CNI News ၂၀၂၆ ခုနှစ်၊ သြဂုတ် ၂၆ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သ‌ဘောတူစာချုပ် (NCA) ကို ထပ်မံ၍ ပြင်ဆင်ဖြည့်စွက်ရန် လိုအပ် သည်ဟု ကရင်နိုင်ငံရေးသမား မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။ NCA စာချုပ်သည် ငြိမ်းချမ်းရေးအတွက် လုံးဝ အလုပ်မဖြစ်ဘူးဟု ပြော၍ မရသော်လည်း NCA စာချုပ်ကို ထပ်မံ ပြင်ဆင်ဖြည့်စွက်ရန်တော့ လိုအပ်သည်ဟု မြင်ကြောင်း၊ အထူးသဖြင့် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှခွင့်နှင့် လွတ်လပ်ခွင့်တို့ကို ပြည့်ပြည့်စုံစုံနှင့် တိတိကျကျ အကောင်အထည်ဖော်ပေးသင့်သည်ဟု ကရင်နိုင်ငံရေးသမား မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။ Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/political-2/politics-local/38493-nca-mhar-pyinsainhpyanyhcwatraan-aahkyetmyarrshinay

နာဂဒေသ ကုန်သွယ်စီးဆင်းရေး ဘယ်လိုလုပ်မလဲ CNI News ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၆ မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ
နာဂဒေသ ကုန်သွယ်စီးဆင်းရေး ဘယ်လိုလုပ်မလဲ CNI News ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၆ မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကုန်သွယ်စီးဆင်းရေး ဘယ်လို လုပ်ဆောင်ကြမလဲ ဆိုသည့်အပေါ် နာဂအဖွဲ့အစည်းများက အဖြေရှာနေကြသည်။ နာဂဒေသနှင့် အိန္ဒိယကို ချိတ်ဆက်သည့် ပန်ဆောင်တောင်ကြား လမ်းကြောင်းသည် အဓိက နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းဖြစ်ပြီး လက်ရှိမှာတော့ ပန်ဆောင်နယ်စပ် ကုန်သွယ်ရေးဂိတ်ကို အာဏာပိုင်များက ပိတ်ထားပြီး ပန်ဆောင်စျေး ဖွင့်ပေးထားကြောင်းလည်း သိရသည်။ Websiteတွင်ဖတ်ရှုရန်.........https://cnimyanmar.com/local-news-2/local-business/38492-nargadays-koneswalhceesainnrayy-bhaallolotemalell

မြန်မာသမ္မတ၏ ရုရှားခရီးစဉ် နိုင်ငံရေးအကျိုးအမြတ် ဘာရလဲ CNI News ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၆ မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်၏ ရ
မြန်မာသမ္မတ၏ ရုရှားခရီးစဉ် နိုင်ငံရေးအကျိုးအမြတ် ဘာရလဲ CNI News ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၆ မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်၏ ရုရှားသမ္မတ ပူတင်၏ ဖိတ်ကြားချက်အရ သွားရောက်သည့် ရုရှားခရီးစဉ်ပြီးနောက် နိုင်ငံရေးအကျိုးအမြတ် ဘာတွေရလိုက်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။ သမ္မတဦးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ တရားဝင် ခရီးစဉ်အဖြစ် ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၇ ရက်မှ ၁၉ ရက်အထိ သွာရောက်ခဲ့သည်။ ထို့နောက် ဘယ်လာရုစ်နိုင်ငံသို့ ဩဂုတ် ၂၀ ရက်က ဆက်လက် သွား ရောက်ခဲ့သည်။ Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/political-2/politics-local/38491-myanmarsammateat-rusharrhkareehcain-ninenganrayyaakyoeaamyat-bharralell

ဘာကိုလာအတွက် PSG နဲ့ လီဗာပူးလ် ပြန်လည်ဆွေးနွေး CNI Sport News ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၆ လီဗာပူးလ်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့
ဘာကိုလာအတွက် PSG နဲ့ လီဗာပူးလ် ပြန်လည်ဆွေးနွေး CNI Sport News ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၆ လီဗာပူးလ်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့ကာလမှာ သူတို့ရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ပြင်သစ်တောင်ပံ ကစားသမား ဘာကိုလာရဲ့ အပြောင်းအရွှေ့အတွက် PSG အသင်းနဲ့ ဆွေးနွေးမှုတွေ ပြန်လည်စတင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ဘာကိုလာကို ခေါ်ယူနိုင်ဖို့ ပေါင်သန်း ၉၀ နဲ့ ပထမဆုံး ပြုလုပ်ခဲ့တဲ့ ကမ်းလှမ်းမှုကို PSG အသင်းက ပယ်ချထားတာပါ။ Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/local-news-2/local-sport/38489-bharkolaraatwat-psg-nae-lebarpuul-pyanlaiswaynway Source: ESPN

ကန်က ဆီးရီးယားကို ရင်းနှီးမြှုပ်နှံမှု အတားအဆီး ဖယ်ရှားပေး CNI International News ဝါရှင်တန်၊ သြဂုတ် ၂၆ အမေရိကန်က ဆီးရီးယားအား
ကန်က ဆီးရီးယားကို ရင်းနှီးမြှုပ်နှံမှု အတားအဆီး ဖယ်ရှားပေး CNI International News ဝါရှင်တန်၊ သြဂုတ် ၂၆ အမေရိကန်က ဆီးရီးယားအား ကြမ်းဖက်မှု ထောက်ခံအားပေးသည့် နိုင်ငံအဖြစ်မှ ပယ်ဖျက်မှုသည် သြဂုတ် ၂၄ ရက် တွင် စတင် အာဏာတည်သွားခဲ့ပြီဖြစ်၍ ရင်းနှီးမြှုပ်နှံမှုအတွက် အဓိက အတားအဆီး ဖြစ်နေသောအရာကို ဖယ်ရှားပေးလိုက်ခြင်းဖြစ်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ဆီးရီးယားကို အကြမ်းဖက်မှု ထောက်ခံအားပေးသည့် နိုင်ငံအဖြစ်မှ ပယ်ဖျက်ရန် ဇူလိုင် ၈ ရက်တွင် လွှတ်တော်ကို တရားဝင် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/local-news-2/local-business/38487-kaank-seereeyarrko-rainnnhaeemyahuutnhaanmhu-aatarraasee-hpaalsharrpayy Source: ရိုက်တာ

ဆွေးနွေးပွဲမှာ ဗမာချည်းပဲဆို ငြိမ်းချမ်းရေး မဖြစ်နိုင် CNI News ၂၀၂၆ ခုနှစ်၊ သြဂုတ် ၂၆ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ရရှိနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးကြသည့်အခါ၌ ဗမာလူမျိုးသာ အများစု ပါဝင် ဆွေးနွေးခွင့် ရနေမည်ဆိုလျှင် ငြိမ်းချမ်း‌ရေး ရရှိနိုင်ရန်အတွက် မဖြစ်နိုင်ဘူးဟု လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက် ရေးပါတီ(ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် နိုင်ငံရေး ပါတီများ ၂၀၂၆ ခုနှစ်၊ သြဂုတ် ၁၇ ရက်တွင် နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး၍ နိုင်ငံရေးပါတီ အလုပ်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည်။ Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/political-2/politics-local/38464-swaynwaypwalmhar-bamarhkyaeepellso-ngyaaimhkyamrayy-mahpyitnine

PFA အကောင်းဆုံးကစားသမားဆု ဘရူနိုဖာနန်ဒက်စ် ရရှိ CNI Sport News ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၆ ယူနိုက်တက်အသင်း ခေါင်းဆောင် ဘရူနိုဖာနန်ဒ
PFA အကောင်းဆုံးကစားသမားဆု ဘရူနိုဖာနန်ဒက်စ် ရရှိ CNI Sport News ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၆ ယူနိုက်တက်အသင်း ခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့အစည်း (PFA)ရဲ့ တစ်နှစ်တာ အကောင်းဆုံး အမျိုးသား ကစားသမားဆုကို ရရှိခဲ့ပါတယ်။ မန်ချက်စတာမှာ ကျင်းပခဲ့တဲ့ ဆုပေးပွဲမှာ ဘရူနိုဖာနန်ဒက်စ်ဟာ အာဆင်နယ်အသင်းက ဒီကလန်ရိုက်စ်၊ ဒေးဗစ် ရေယာနဲ့ မန်စီးတီးအသင်းက ဟာလန်းတို့ကို အသာရပြီး ဒီဆုကို ရရှိခဲ့တာပါ။ Websiteတွင်ဖတ်ရှုရန်.........https://cnimyanmar.com/local-news-2/local-sport/38486-pfa-aakaunggsonekahcarrsamarrsu-bharuunohparnaandaatit-rashi Source: ESPN

အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်ရေး ထရမ့် စမ်းသပ်ခံနေရ CNI International News ဝါရှင်တန်၊ သြဂုတ် ၂၆ ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ်
အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်ရေး ထရမ့် စမ်းသပ်ခံနေရ CNI International News ဝါရှင်တန်၊ သြဂုတ် ၂၆ ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်ရေးနှင့်ပတ်သက်သည့် ထရမ့်၏ သဘောတရားသည် အီရန်နှင့် ကနေဒါတို့ တွင် စမ်းသပ်စစ်ဆေးခံရမည့် အခြေအနေဖြင့် ရင်ဆိုင်နေရသည်ဟု CNN မှ ဖော်ပြခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ သီအိုရီသည် အီရန်ပဋိပက္ခ၊ ကနေဒါနှင့် ထိပ်တိုက် တွေ့ဆုံမှု အစရှိသည့် အရေးကိစ္စများတွင် တွက်ဆမှု လွဲချော်နေကြောင်း ထောက်ပြကြသည်။ Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/political-2/politics-local/38485-aainaarrkyeeninenganaahpyit-rauttairayy-htaram-hcamsauthkannayr Source: CNN

ကမ္ဘာ့ရေနံ ထက်ဝက်က စ-စ်ပွဲဒေသမှ ထွက်ရှိခြင်းဖြစ် CNI International News ဝါရှင်တန်၊ သြဂုတ် ၂၆ ကမ္ဘာ့ရေနံထုတ်လုပ်မှု စုစုပေါင်း
ကမ္ဘာ့ရေနံ ထက်ဝက်က စ-စ်ပွဲဒေသမှ ထွက်ရှိခြင်းဖြစ် CNI International News ဝါရှင်တန်၊ သြဂုတ် ၂၆ ကမ္ဘာ့ရေနံထုတ်လုပ်မှု စုစုပေါင်း၏ ထက်ဝက်နီးပါးသည် စ-စ်ပွဲများ ဖြစ်ပွားနေသည့် နေရာများမှ ထွက်ရှိခြင်း ဖြစ်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။ ပြီးခဲ့သည့် ၆ လက အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား ဖြစ်ပွားခဲ့သော စ-စ်ပွဲကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထောက်ပံ့မှု အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့ပြီး ယခင်ဖြစ်ပွားခဲ့ဖူးသည့် စွမ်းအင် အကျပ်အတည်းများထက် ပိုမို ဆိုးရွားခဲ့သည်။ Websiteတွင်ဖတ်ရှုရန်.........https://cnimyanmar.com/political-2/politics-local/38482-kambharraynan-htaatwaatk-hc-itpwaldaysamha-htwatshihkyinnhpyit Source: ရိုက်တာ

နမ့်ခမ်းနှင့် ကွတ်ခိုင်တွင် MNDAA-TNLA တို့ မြေရှားတူးဖော်နေ CNI News ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၆ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့(MNDAA)နှင့် တအားတပ်ဖွဲ့(TNLA)တို့ ထိန်းချုပ်ထားသော နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ မြို့နယ်များတွင် မြေရှားစမ်းသပ် တူးဖော်မှုများ လုပ်ဆောင်လာနေသည်ဟု ဒေသခံများက CNI သတင်းဌာနသို့ ပြောသည်။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် TNLA ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်နယ်စပ်အနီး၌ မြေရှား သတ္တုတွင်း အသစ်များ ပေါ်လာသည်။ Websiteတွင်ဖတ်ရှုရန်..........https://cnimyanmar.com/local-news-2/local-business/38468-namhkamnhang-kwathkinetwin-mndaa-tnla-thoet-myaysharrtuuhpawnay