cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

ပန်ဆယ်လို

🔺 ဘုရားခေတ်မှာဆိုရင် ရဟန္တာဖြစ်တဲ့အထိ လိမ်မာမယ်။ အမှောင်ခေတ်မှာတော့ အာဏာရှင်ကို ဖီဆန်မယ်။ 🔺

Mostrar más
Publicaciones publicitarias
219 728
Suscriptores
+3724 horas
+1997 días
+39930 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

ဟိုတယ်ပရော့ဂျက်အတွက် နာမည်တောင် သေသေချာချာ မရွေးရသေးဘူး။ ဟိုတယ်လာလှူထားတယ်ဆိုတာကို ပြည်သူကို တင်ပြရုံပဲရှိသေး… သဒ်နွားတွေ ဆတ်စလူးထ ဖောင်းထုကြတော့တာပဲ။ ခွေးက ဟောင်တဲ့ အလုပ်လုပ်၊ လူက လူအလုပ်လုပ်ကြရုံပဲ ရှိတယ်။ ဒီနေ့မနက်မှာ နိုင်ငံတကာ Fundraiser တွေနဲ့ Meeting လုပ်ပြီး အသေးစိတ် ဆွေးနွေးတိုင်ပင် အကြံဥာဏ်ယူဖြစ်ကြပါတယ်။ မူလစဉ်းစားချက်တွေထက် ပိုမိုကောင်းမွန်တဲ့ စဉ်းစားမှုတွေကိုလည်း လက်ခံရရှိခဲ့ပါတယ်။ မကြာခင်မှာ တော်လှန်ရေးအတွက် အင်အားတစုံတရာဖြစ်လာစေမယ့် အရွေ့တစ်ခုကို အများအားနဲ့ အကောင်အထည်ဖော်နိုင်တော့မယ်လို့ မျှော်လင့်ထားပါတယ်။ မကြာခင်ရက်ပိုင်းအတွင်းမှာ ပရော့ဂျက်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ ထုတ်ပြန်မှာ ဖြစ်ပါတယ်။ ဒီပိုစ့်ကတော့ ဒီပရော့ဂျက် လုံးဝမစတင်ခင်၊ ငွေတစ်ပြားမှ မဝင်ခင်မှာ ကြိုတင်ကြေညာထားချင်တဲ့ Project Ambassador ဖြစ်သူ ကျွန်မ ပန်ဆယ်လိုရဲ့ ပြည်သူထံ အစီရင်ခံတင်ပြချက် ဖြစ်ပါတယ်။ တော်လှန်ရေးကာလ သုံးနှစ်ကျော်မှာ သွေးမအေးဘဲ တော်လှန်နေကြဆဲ ပြည်သူအများနဲ့နည်းတူ ကျွန်မလည်း ပါဝင်တော်လှန်နေသူတစ်ဦး ဖြစ်ပါတယ်။ အများနည်းတူပဲ ကျွန်မဟာလည်း မည်သည့်အဖွဲ့အစည်း မည်သည့်အထောက်အပံ့ကိုမှ ရယူရပ်တည်နေသူ မဟုတ်တဲ့အတွက် ပုံမှန်ပြည်သူအများ မူရင်းအလုပ်အကိုင်တွေကို ပြန်လည်လုပ်ကိုင်ရသကဲ့သို့ ကျွန်မလည်း ကျွန်မနဲ့ ကျွန်မမိသားစု ရပ်တည်ရှင်သန်ရေးအတွက် အလုပ်လုပ်ရပါတယ်။ ဘယ်လိုပဲ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နေပါစေ၊ တင်ပြနေပါစေ တော်လှန်ရေးအတွက် ဘာအကျိုးမှပြုမနေတဲ့ ဘေးထိုင်ဘုပြောများရဲ့ ကြံဖန်တိုက်ခိုက်မှုကိုလည်း ဖန်တရာတေအောင် ခံရပါတယ်။ ဒါပေမယ့် ဒီလိုတိုက်ခိုက်မှုတွေဟာလည်း ပြည်သူကို မယိမ်းယိုင်စေခဲ့ဘူးဆိုတာ ရာခိုင်နှုန်းများစွာ ကျော်လွန်အောင်မြင်နေဆဲ ကျွန်မရဲ့ပရော့ဂျက်တွေက သက်သေပါပဲ။ အခုပရော့ဂျက်ဟာ လာလှူထားတဲ့ အဆောက်အဦရဲ့ ကာလတန်ကြေးကလည်း ကြီးမားလှသလို ရှာဖွေရမယ့် ရန်ပုံငွေ Target ဟာလည်း များပြားပါတယ်။ ဒါ့ကြောင့် တိုက်ခိုက်သူတွေကလည်း ပိုမိုတိုက်ခိုက်လာမှာ အသေအချာပါပဲ။ ဒါ့ကြောင့် ကျွန်မအနေနဲ့ ဒီပရော့ဂျက်မစတင်ခင်မှာ ကြိုတင်ကြေညာထားစရာကို ကြေညာထားဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။ ပုံမှန်အားဖြင့် လူတစ်ယောက်ရဲ့ ပါစင်နယ်ကိစ္စရပ်တွေဆိုတာ အခြားလူကို ပေးသိဖို့ရာ မလိုအပ်ပါဘူး။ ဒါပေမယ့် ကျွန်မကတော့ ပုံမှန်နဲ့မတူစွာဘဲ ငွေကြေးစိစစ်မှုတင်းကြပ်လွန်းလှတဲ့ USA လို နိုင်ငံမျိုးမှာတောင် အချက်အလက်မဲ့တိုက်ခိုက်မှုတွေကြောင့် ပြည်သူမဝေဝါးဖို့ရာ မိမိကိုယ်တိုင်ပဲ သိခွင့်ရှိတဲ့ အကြွေးယူထားတဲ့စာရွက်တွေကိုကအစ Public မှာ ပြသတဲ့အထိ ပွင့်လင်းခဲ့ပါတယ်။ အခု ဒီပရော့ဂျက်မစခင်မှာ တင်ပြထားချင်တာကတော့ ကျွန်မရဲ့ လက်ရှိလုပ်ဆောင်နေဆဲ စီးပွါးရေးအခြေအနေပဲ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ကျွန်မဟာ Grocery Store တစ်ခု ဖွင့်လှစ်ထားပါတယ်။ ကျွန်မမှာ အတော်အတန်ခရီးစနိုင်ပြီဖြစ်တဲ့ နောက်ထပ် အသေးစားလုပ်ငန်းလေးတစ်ခု ရှိနေပြီဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ လက်ရှိကြိုးစားနေတဲ့ Loan Process များရဲ့ အခြေအနေပေါ် မူတည်ပြီး Grocery Business နဲ့ အခြားလမ်းကြောင်းကွဲ Business တစ်ခုကို ချဲ့ထွင်ဖို့ အစီအစဉ်ရှိသလို ကျွန်မရဲ့ လုပ်ရည်ကိုင်ရည်ကို ယုံကြည်မှုရှိတဲ့ မိတ်ဆွေ Investor အချို့ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ House Fix and Flip လုပ်ငန်းလေးကို လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ Income အနေနဲ့ အများအစားကြီး မရှိလွန်းလှသေးပေမယ့် မြန်မာပြည်မှာပဲ စီးပွါးရေးလုပ်ဖူးတဲ့ မိန်းမတစ်ယောက်ရဲ့ USA ရဲ့ စနစ်ထဲ တိုးဝင်စီးပွါးရှာဖို့ ခြေလှမ်းအစတွေပါပဲ။ ကျွန်မကတော့ အမှားအယွင်းတွေဆီက ကြိုးစားသင်ယူရင်း မှန်ကန်တဲ့လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ဖို့ စိတ်လှုပ်ရှားပါတယ်။ အများအကျိုးအတွက် တဖက်တလမ်းက လုပ်ဆောင်နေနိုင်ရင်း ကိုယ့်လမ်းကြောင်းကိုယ် ထိန်းသိမ်းနိုင်သူတစ်ယောက် ဖြစ်ဖို့ ကြိုးစားချင်ပါတယ်။ ဒါကတော့ ဟိုဘက်အုပ်စုတွေ လုံးဝမသိသေး၊ မဖွနိုင်သေးတဲ့ ကျွန်မရဲ့ လတ်တလော ရပ်တည်နေမှုပါပဲ။ ကျွန်မကိုယ်တိုင် ပြည်သူထံ တင်ပြပါတယ်။ ဒီပရော့ဂျက်ကို အခွင့်ကောင်းယူပြီး ဒီပရော့ဂျက်ကငွေတွေဆိုပြီး ပြည်သူဆီ သွေးထိုးလာမှာ ကြိုသိတဲ့အတွက် ဒီပရော့ဂျက် လုံးဝမစရသေးခင်မှာကို ပြည်သူကို ကျွန်မကိုယ်တိုင်အသိပေးတင်ပြပါတယ်။ ဟိုတယ်ပရော့ဂျက်မှာ ကျွန်မဟာ ပရော့ဂျက်ကို လှုံ့ဆော်ပေးတဲ့ Ambassador တစ်ယောက်နေရာကနေပဲ တာဝန်ယူမှာ ဖြစ်ပြီး ငွေကြေးကောက်ခံခြင်း၊ စီးဆင်းခြင်းများကို နိုင်ငံတကာ Fundraiser အဖွဲ့အစည်းများကသာ ကိုင်တွယ်ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ ဟိုတယ်ရဲ့ အလှူရှင်ကိုယ်တိုင် ပါဝင်ကြီးကြပ်ပြီး တော်လှန်ရေးရဲ့ လိုအပ်ရာထိအရောက် ကော်မတီဖွဲ့ ဆောင်ရွက်မယ့် ပရော့ဂျက်ဖြစ်ကြောင်း ပြည်သူထံ အသိပေးတင်ပြအပ်ပါတယ်။ ကျွန်မတို့ဟာ မတရားမှုတွေကြောင့် တော်လှန်သူတွေဖြစ်လာတဲ့ သာမန်ထက် လူသိများရုံ ပုံမှန်ပြည်သူတွေ ဖြစ်ပါတယ်။ ယုံကြည်ရာအတွက် စွန့်ခဲ့ကြတဲ့ ပြည်သူပေါင်းများစွာနည်းတူ ကျွန်မတို့ စွန့်ခဲ့ရတဲ့အရာတွေ ရှိသလို ယုံကြည်ရာအတွက် တိုက်ပွဲဝင်ရင်း မတ်မတ်ရပ်နိုင်ဖို့ ကြိုးစားခွင့်ရှိတယ်လို့ ယုံကြည်ထားပါတယ်။
Mostrar todo...
1326👏 201😁 23
ကိုယ်တိုင်က မတ်မတ်မရပ်နိုင်ရင် သူများကို ဆွဲထူဖို့ မတတ်နိုင်ပါဘူး။ ကျွန်မ ထမ်းနိုင်သလောက်ဝန်နဲ့ ကျွန်မဆွဲထူပေးနိုင်တဲ့ အရေအတွက် များစွာ ရှိနေတာကြောင့် အချို့လူတွေ မိုးလင်းမိုးချုပ် စောက်ဖောင်းထုနေချိန်မှာ ကျွန်မ မတ်မတ်ရပ်နိုင်ဖို့ ပိုမိုကြိုးစားနေပါတယ်။ ဘာမှမလုပ်ဘဲ အခြားလူတွေကို ထိုင်အပြစ်တင်ရတဲ့အလုပ်က လောကမှာ အလွယ်ဆုံးပါပဲ။ အလွယ်ဆုံးအလုပ်ကို အဖျင်းဆုံးလူတွေပဲ လုပ်ကြစမ်းပါစေ။ ကျွန်မကတော့ ကိုယ့်လမ်းကိုယ်ဖောက်၊ ရောက်ကိုရောက်အောင် လျှောက်ပါမယ်။
Mostrar todo...
2234👏 389😁 40🔥 11😢 1
ဇန်နဝါရီကတည်းက ကြိမ်းမောင်းလာလိုက်တာ မေလတောင် ရောက်နေပြီ ဘယ်ကမှလည်း လာမဖမ်းကြဘူး။ အမေဒိကန်နိုင်ငံကြီးအတွက် စိုးရိမ်ပြီး တရားစွဲပေးတဲ့သူကို အမေဒိကန်အာဏာပိုင်တွေက အဖက်မလုပ်တာလား…. ပြော။ 😜
Mostrar todo...
😁 1540 345👏 125🔥 7😢 4
လူဆိုတာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိတယ် ခံစားနေရရင် သူများဘဝတွေကို စိတ်ဝင်စားဖို့ အချိန်မရှိဘူးရယ်။ တစ်နေ့တစ်နေ့ မိုးလင်းမိုးချုပ် သူများစောက်ကြောင်း ထိုင်တွေးပြီး သူများစောက်တင်းထိုင်ပြောနေတဲ့ ယွပြားကြီးတွေက တကယ်ကို နှစ်ပြားမတန် ကိုယ့်ကိုယ်ကိုယ် ခံစားနေရတာလားဟင်။ သနားလိုက်တာ။ 😌
Mostrar todo...
2363😁 422👏 329🔥 12
ဒူးကြီးထောက် လက်ကြီးမြှောက်နဲ့ ဟဲ့…. ဘာကောင်လားလို့ ထင်မိတာ ကိုဝေမိုးနိုင်နဲ့ သပိတ်လူငယ်တွေ ထောက်ပို့တွေကို ဖမ်းခဲ့တဲ့ ရဲတဲ့။ အလှည့်ဆိုတာ ချစ်ကောင်းသီချင်းပဲ မဟုတ်တော့ဘူး။ အခုခေတ်မှာ အရမ်းမြန်တယ်။ 🙂
Mostrar todo...
2303👏 811😁 58🔥 11😢 1
Zoom Meeting တွေမှာ ဆုံတိုင်း ရယ်စရာတွေ ရွေးပြောရင်း မောင်နှမတွေလို တသားတည်းဖြစ်ခဲ့ကြဖူးတဲ့ တော်လှန်အစ်ကိုတစ်ယောက်ကတော့ ယုံကြည်ရာကို ကျစ်ကျစ်ပါအောင် ကိုင်ဆွဲရင်း ကျဆုံးခဲ့ရပြီ။ Rest In Power ပါအကိုရေ။ မပြီးဆုံးသေးတဲ့ ဒီခရီးကြမ်းမှာ အထမ်းနိုင်ဆုံး ဝန်အထိထမ်းပြီး ရှေ့ဆက်ပါ့မယ်။
Mostrar todo...
😢 4853 498💔 179😁 99👏 34🔥 8😱 8
လူတွေကို သည်းမခံနဲ့။ ကိုယ်ကတော့ အဲ့မူနဲ့ပဲ ဖြတ်သန်းတယ်။ သည်းခံလိုက်လို့ အဆင်ပြေသွားတာ ကိုယ်တော့ မကြုံဖူးသေးဘူး။ သည်းခံကြည့်လိုက်ရင် ခြေလေးနင်းကြည့်၊ ဒူးလေးနင်းကြည့်၊ ခါးလေးနင်းကြည့်၊ ပုခုံးလေးနင်းကြည့်၊ နောက်ဆုံး ခေါင်းပေါ် ချီးတက်ပါသွားတဲ့ဟာတွေချည်းပဲ။ သူက သည်းခံရှာပါတယ်လေလို့ ဘယ်သူမှ မတွေးဘူးနော်။ သူက လုပ်လို့ရတယ်၊ သူက နင်းလို့ရသား၊ သူက လူပါးဝလို့ရတယ်၊ အဲ့လိုပဲ တွေးသွားတာချည်းပဲ။ သည်းခံခြင်း၊ ခန္ဓီစဆိုတာ ကောင်းပါတယ်။ လောကီ လောကုတ္တရာအတွက် ကောင်းကျိုးရှိလို့ကို ဘုရားက ဟောကြားခဲ့တာပဲ။ ဒါပေမယ့် ဖြတ်သန်းနေရတဲ့ ခေတ်ကာလ၊ ကြုံတွေ့နေရတဲ့ အောက်တန်းစားတွေ၊ ရင်ဆိုင်နေရတဲ့ အဆုံးမဲ့ ညစ်ပတ်မှုတွေနဲ့ ဒီဘဝ ဒီReality မှာတော့ ပါရမီဖြည့်ဖို့ မဖြစ်နိုင်ဘူး။ သည်းခံကြည့်ဖို့ တွေးမိရင်တောင် ဘဝပေးအတွေ့အကြုံအရ သည်းမခံနဲ့ ချစ်သမီးဆိုပြီး ကိုယ်စောင့်နတ်ကို အတင်းနှိုးဆော်ခိုင်းနေရတယ်။ တခါတရံ ကိုယ်က အေးဆေးနေချင်တယ်။ အဲ့လိုငြိမ်နေချင်တဲ့အချိန်မျိုးဆိုရင်တောင် “ဪ… မဖြစ်သေးပါဘူး၊ နောင်ဆို ဒီမေလူးက ပိုလူပါးဝလာမယ်” ဆိုပြီး ထထပညာပေးရတာပ။ သည်းခံမယ်လို့ တွေးလိုက်မိတိုင်းမှာ “ဘာစောက်ကျေးဇူးရှိလို့ သည်းခံရမှာလဲ” လို့ တွဲတွေးမိအောင်ကို ကျင့်သားရလာတော့တာ။ မအိမ်လုံးများ…. တအုပ်လုံးဝိုင်းကိုက်လို့ ထမိန်စတောင် ဟပ်မိတာလည်း မဟုတ်။ အဟက်ဟက်
Mostrar todo...
2533👏 603😁 101🔥 13😱 8😢 4
လာလှူထားတဲ့ဟိုတယ်ကို ဘယ်လိုရံပုံငွေရှာရင် ကောင်းမလဲဟင် အမျိုးတို့ရေ။ (၁) ရှယ်ယာတစ်စု ဘယ်လောက်ဆိုပြီး ရောင်းရင် ကောင်းမလား။ (၂) မဲလက်မှတ်ရောင်းပြီး မဲပေါက်တဲ့သူ ဟိုတယ်တစ်ခုလုံးယူဆိုရင် ပိုစိတ်ဝင်စားကြမလား။ အလှူရှင်ကတော့ မပန် Idea အတိုင်း လိုအပ်သလိုလုပ်ပါ၊ အပြီးအပြတ်ကို လှူပါတယ်တဲ့။ အကြံဥာဏ်လေး ဝိုင်းကူ Vote ကြပါဦးနော်။
Mostrar todo...
2626👏 407😁 73🔥 8😢 3😱 2
တော်လှန်ရေးအတွက် ဂုဏ်ယူဖွယ်ရာ၊ စိတ်လှုပ်ရှားစရာ သတင်းတစ်ခု ကြေညာချင်ပါတယ်။ ရှမ်းပြည်မှာ ရှိတဲ့ ကာလတန်ကြေး သိန်းပေါင်းခုနှစ်သောင်းကျော် (အမေရိကန်ဒေါ်လာ နှစ်သန်းဝန်းကျင်) တန်ဖိုးရှိတဲ့ ဟိုတယ်တစ်လုံးကို တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေပေးဖို့ ကျွန်မထံ လာရောက်လှူဒါန်းသွားပါတယ်။ အလှူရှင်က ကျွန်မနဲ့ တော်လှန်ရေးကာလမတိုင်ခင်ကတည်းက ခင်မင်ခဲ့တဲ့ မိတ်ဆွေဖြစ်ပြီး အခုထိ တော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင် လှုပ်ရှားပါဝင်နေတဲ့သူ ဖြစ်ပါတယ်။ တကယ်လှူနိုင်တယ်လားအကိုရေလို့ မေးတော့ ဒီတော်လှန်ရေးကြီးအောင်မြင်ဖို့ အထောက်အပံ့ဖြစ်မယ်ဆို မပေးနိုင်စရာလားဗျာတဲ့။ လှူသူကတော့ အာရုံပြတ် တစ်ချက်လေးမှတောင် မတွန့်ဘူး။ ကိုယ်ကတော့ ဘယ်ပုံဘယ်နည်းဘယ်လိုရှာရမလဲ ခေါင်းစားနေဆဲ။ ဒီလကုန်အတွက် အားခဲထားကြပါဦး ပြည်သူတို့ရေ။ ပန်ဆယ်လိုတစ်ယောက် အတိုက်အခိုက်တွေကြောင့် ဒေါ်လာနှစ်သန်းဝန်းကျင်အဆောက်အဦးကြီး လာလှူတာခံရအောင် အယုံအကြည် ကင်းမဲ့ခံနေရလို့ပါ။ 😅
Mostrar todo...
4603👏 800😁 114😱 28🔥 21😢 8
ကိုယ်က တော်လှန်ရေးပွဲ ပုံတွေကလွဲရင် US မှာ ဘယ်သွားနေပြီ ဘယ်ရောက်နေပြီ ဘယ်လိုလှတယ်ဆိုတာတွေလည်း တင်လေ့တင်ထ မရှိပါဘူး။ ဘိုနက်ရနေတဲ့ ပါစင်နယ်အကောင့်မှာ ငွေလိုချင်လို့ ပုံတင်တာတောင် မြန်မာပြည်မှာ ရိုက်ခဲ့တဲ့ ပုံဟောင်းလေးတွေပဲ ပြန်ပြန်တင်တာ သတိထားမိကြပါလိမ့်မယ်။ ကိုယ်ချင်းစာတရားပါ။ တောထဲက လူငယ်တွေ၊ နယ်စပ်က ပြည်သူတွေအတွက် ထားပေးနိုင်တဲ့ ကိုယ်ချင်းစာတရားပါ။ US မှာ ပြည်နယ်ငါးဆယ်ရှိပါတယ်။ ပြည်နယ်တိုင်း မြို့တိုင်းမှာ လည်ပတ်ချင်စရာ ခရီးသွားAttractive နေရာတွေ ရှိပါတယ်။ ဘယ်မြို့ကို သွားချင်ချင် ကိုယ့်ဆိုရင် အိမ်မှာတည်းဖို့ခေါ်မယ့်၊ ထမင်းကျွေးမယ့်သူ မရှားပါဘူး။ ကိုယ့်အနေနဲ့ တော်လှန်ရေးကိစ္စ ခရီးမှာ စီစဉ်သူတွေ နေရာထိုင်ခင်းပေးတဲ့အိမ်မှာ တည်းတာကလွဲရင် ကိုယ့်ရဲ့ ပါစင်နယ်ခရီးအတွက် တော်လှန်ရေးကြောင့် လူတွေသိရှိချစ်ခင်ခြင်းအပေါ် အမြတ်ထုတ်သလို ဖြစ်မှာစိုးလို့ ဘယ်တော့မှ မတည်းပါ မစားပါဘူး။ ကိုယ့်မှာ ရှိသင့်ရှိအပ်တဲ့ မာနနဲ့ ရှက်တတ်တဲ့ ဥာဏ်ရည်မျိုး ရှိပါတယ်။ တော်လှန်ရေးကိစ္စကြောင့် ခရီးတွေ အများကြီး ထွက်ခဲ့ဖူးပါတယ်။ မြို့တွေအများကြီး ရောက်ခဲ့ပါတယ်။ မြို့ခံတွေက သူတို့မြို့အနီးအနားက နေရာတွေ လိုက်ပို့ချင်ပါတယ်ဆိုရင်တောင် အမြဲလိုလို ငြင်းဖြစ်ပါတယ်။ အသွားတစ်ရက်၊ ပွဲနေ့တစ်ရက်၊ အပြန်တစ်ရက်ပဲ နေပါတယ်။ ကိုယ်ကတော့ ကိုယ့်ကြောင့် တော်လှန်ရေးဘက်ခြမ်းမှာ မငြိုငြင် ဝန်မပိရအောင် အတတ်နိုင်ဆုံး ကြုံ့ဝင်နေထိုင်ပါတယ်။ ဓါတ်ပုံတင်တာကအစ ကိုယ့်ကြောင့် စိတ်မကောင်းဖြစ်မှာ စိတ်အနှောက်အယှက်ဖြစ်မှာ အမြဲတွေးပေးပါတယ်။ လူတိုင်းမှာ ပါစင်နယ်ကိစ္စရပ်တွေ ရှိပါတယ်။ အထွေအထူးကိစ္စ မရှိရင်တောင် ဖေ့စ်ဘုတ်မှာ စာမရေးချင်တဲ့အချိန်တွေ ရှိပါတယ်။ အခုက သုံးလေးရက် ပိုစ့်မတင်တာနဲ့ FBI ဖမ်းသွားပြီဆိုတာကြီး အကြိမ်ကြိမ်ဖွနေတာ ရယ်ရပါတယ်။ ဖွပြီး တစ်ရက်နှစ်ရက်အတွင်း မဟုတ်ကြောင်းပြန်သိရလည်း ကိုယ့်ရဲ့ ပေါက်ပန်းလေးဆယ်ဖြစ်နေရှာတဲ့ ပါးစပ်ကို တန်ဖိုးထားတတ်တဲ့ ဥာဏ်ရည်လည်း မရှိကြတော့ဘူး။ FBI ဆိုတာက အမေရိကန်ပြည်ထောင်စုအတွင်းမှာ အကြမ်းဖက်လှုပ်ရှားမှုတွေ ဖြစ်မလာအောင် တားဆီးဖို့ အမေရိကန်အစိုးရက ဒေါ်လာဘီလီယံနဲ့ချီ သုံးစွဲလည်ပတ်နေတဲ့ ယူနစ်တစ်ခုပါ။ အမေရိကန် ပြင်ပက ကိစ္စတွေကို ပါဝင်စွက်ဖက်ခြင်းမရှိသလို စိတ်လည်း မဝင်စားပါဘူး။ သူတို့နိုင်ငံထဲ ခိုလှုံရောက်ရှိလာတဲ့ မြန်မာဆိုတဲ့ လူမျိုးစုလေးထဲက အချင်းချင်းမနာလိုလို့ ပစ်စာပို့တဲ့ကိစ္စလောက်ကို အမေရိကန်ပြည်ထောင်စုကြီးရဲ့ ဒေါ်လာဘီလီယံချီ ကုန်ကျခံထားတဲ့ Special Agent တွေက အချိန်လည်း မပေးနိုင်ပါဘူး။ US ဟာ ကိုယ်ယုံကြည်ရာ ကိုယ်အားပေးထောက်ခံရာကိစ္စတိုင်းကို လွတ်လပ်စွာ လုပ်ဆောင်ခွင့် ပေးထားတဲ့ Land of Freedom ပါ။ မိတ်ဆွေတို့ကိုလည်း အသိပေးထားပါရစေ။ မြန်မာပြည်တော်လှန်ရေးအတွက် လှုပ်ရှားမှုတွေကြောင့် FBI က ခေါ်စစ်ဆေးပါတယ်ဆိုရင် ဘယ်သူကမှ ဖွစရာ မလိုပါဘူး။ ကျွန်မကိုယ်တိုင် ဂုဏ်ယူစွာ ထုတ်ပြောမှာပါ။ ကိုယ့်နိုင်ငံလွတ်မြောက်ဖို့အတွက် ပြည်ပကနေ ကြိုးစားရင်း ဖိအားပေးခံရတယ်ဆိုတာ အင်မတန်ဂုဏ်ယူစရာ၊ မျက်ရည်ခြူသနားခံရဖွယ်ရာ ကိစ္စ မဟုတ်လား။ ဒီလိုဖွလုံးတွေကြောင့် US က ပုံတွေကို တင်ရတာ အားနာပါတယ်။ နောင်လည်း တင်ချင်စိတ်မရှိလှပါဘူး။ ဒါ့ကြောင့် သူတို့ရဲ့ လှန့်လုံး ဖွလုံးတွေကို ဥပက္ခာထားကြဖို့သာ တိုက်တွန်းချင်ပါတယ်။ မဲဆောက်ကနေ US ကို ချီးငုံပြီး လှမ်းထွေးတာပါ။ US မှာတော့ ချီးမပေပါဘူး။ မဲဆောက်ခွေးညို ချီးငုံလိုက်ရတာပဲ အဖတ်တင်တာပါ။ ဒါလေး ပြောချင်တာပါ။ 🙂
Mostrar todo...
2937👏 685😁 161🔥 9😱 3😢 1