cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

Taunggyi NwayOo Channel

The real voice of people who are being silenced

Mostrar más
Publicaciones publicitarias
6 024
Suscriptores
-1024 horas
-587 días
-16030 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
👍 19 10👏 1
ရှမ်းတောင်က သင်တန်းသားအသစ် ၁၅၀ကျော် KNDF စစ်သင်တန်း တက်ရောက်ခဲ့ မေ ၁၊ တောင်ကြီးနွေဦး ရှမ်းတောင် ဒေသအသီးသီးက သင်တန်းသားအသစ် ၁၅၀ ကျော်ဟာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ဗျူဟာအသစ်အတွက် ပြုလုပ်ခဲ့တဲ့ သင်တန်းသား အယောက် ၅၀၀ ပါဝင်တဲ့ အခြေခံစစ်သင်တန်းမှာ တက်ရောက် ခဲ့ကြတယ်လို့ သိရပါတယ်။ အဲ့ဒီ အခြေခံစစ်သင်တန်းမှာ ရှမ်းတောင် ကာကွယ်ရေးတပ်ရင်းတွေက ခေါ်ယူထားတဲ့သင်တန်းသားအသစ် ၁၅၂ ယောက် ပါဝင်တယ်လို့ သိရပါတယ်။ အခုပြုလုပ်ပြီးစီးခဲ့တဲ့ အခြေခံစစ်သင်တန်း အပတ်စဥ် (၁)ကို ဒီးမော့ဆို အရှေ့ခြမ်းတနေရာမှာ KNDF က ဦးဆောင်ပြီး အသစ်ဖော်ဆောင်ထားတဲ့ စစ်ဗျူဟာအမှတ် (၇) အတွက် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သင်တန်းသား အသစ် ၅၀၀ ကျော်ပါဝင်ခဲ့ပြီး သင်တန်းဆင်းပွဲကို မနေ့ ဧပြီလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ ၁၅၂ ယောက်ထဲက သင်တန်းသား ၉၀ ရာခိုင်နှုန်းဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် ရှမ်းတောင်ကာကွယ်ရေးတပ်ရင်းတွေက သင်တန်းသားသစ်ခေါ်ယူချိန်မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းတောင်မြို့နယ်တွေကနေ အဆင့်ဆင့် ရောက်လာကြသူတွေလို့ ဆိိုပါတယ်။ ရှမ်းတောင်အခြေစိုက် တပ်ရင်းတွေထဲမှာ သင်တန်းသားအများဆုံးအနေနဲ့ SSRY-၁၀၀၈တပ်ရင်း က ၉၇ ယောက် တက်ရောက်ခဲ့ကြပါတယ်။ အဲ့ထဲမှာ ၁၀၀၈ တပ်ရင်း၊ တပ်ခွဲ ၂ - cobra force က ဓနုတိုင်းရင်းသား အမျိုးသမီးရဲဘော် ၂ ဦးလည်း ပါဝင်တယ်လို့ တပ်ရင်းဆီက သိရပါတယ်။ ၁၀၀၈တပ်ရင်း - Eagle Force ဒုတပ်ရင်းမှူး ကိုတွတ်က “ အခု သင်တန်းဆင်းတဲ့ထဲမှာ ဥပဒေမထုတ်ခင်က ကြိုရောက်နေတဲ့ရဲဘော်အသစ်ရောပါပါတယ်။ မထုတ်ခင်က သိပ်မလာကြပါဘူး။ အဲ့ဥပဒေပြီးမှလာတာ ၉၀ ရာခိုင်နှုန်းလောက်ရှိတယ်” လို့ တောင်ကြီးနွေဦးကိုပြောပါတယ်။ ၁၀၀၅ တပ်ရင်းကလည်း သင်တန်းသား ၄၀ ခန့် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ “ အခုစစ်သင်တန်းက အရမ်းကြမ်းတာ။ မိန်းကလေးတွေတော့ တချို့ကရောက်ပြီးမှ အိမ်ကတအားစိတ်ပူတာ၊ အသက်လိမ်ကြတာ၊ မိဘလာခေါ်တာတွေရှိတယ်။ မှတ်ပုံတင်စစ်မှသိရလို့ ၁၆ နှစ်အောက်တွေကို ပြန်လွှတ်လိုက်ရတယ်” လို့ ၁၀၀၅ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ မနန်းစံက ပြောပါတယ်။ ကရင်နီပြည်မှာ နွေဦးတော်လှန်ရေးကာလ တလျှောက် အကြမ်းတမ်းဆုံး လေ့ကျင့်မှုတွေပြုလုပ်ရတဲ့ သင်တန်းဖြစ်တယ်လို့ သင်တန်းပြုလုပ်သူတွေက ပြောပါတယ်။ “ KNDFက လုံးဝ စစ်မြေပြင်မှာနေထိုင်ရမဲ့ပုံစံတွေ၊ အမိန့်နာခံအောင်တွေ၊ သတိဆို လုံးဝမလှုပ်ဘဲပေါ့နော် ၅မိနစ် ၁၀မိနစ် အတောင့်လိုက်မလှုပ်ဘဲနေအောင်တွေ လုပ်ခိုင်းတာ။ နေပူခါကျ မနက်အစော PTပြေး၊ လေ့ကျင့်ရေးလုပ်၊ နေ့လည်ခဏနား၊ ညဘက်တွေပြန်လေ့ကျင့်နဲ့။ PTပြေးတာလည်း ဒီတိုင်းကွင်းပတ်ရတာမဟုတ်ဘဲ တောင်ပေါ်တွေထိတက်ပြေးရတာ။ ဗိုက်ပူတဲ့သူတွေ မရှိစေရဆိုပြီးကို ရှယ်မောင်းတာ။ သင်တန်းဆရာတွေက တုတ်ကိုင်ပြီးကို လိုက်ကြည့်ပုံသွင်းတာ။ နိုင်ငံရေးအသိအတွက် စာဖတ်ချိန်လည်းပါတယ်။ တကယ်ခြုံခိုရတယ် ရန်သူကြားရောက်လို့ ပုန်းနေရင် မလှုပ်မယှက်နေရာယူရမှာကိုး တော်တော်တော့မိုက်တယ်” လို့ စစ်သင်တန်း ပြုလုပ်နေစဥ် သွားရောက်ခဲ့ရတဲ့ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။ သင်တန်းသားတွေကို သက်ဆိုင်ရာတပ်ရင်းတွေက ကျွမ်းကျင်မှုအလိုက် တိုက်ခိုက်ရေး၊ ဆေးတပ်၊ ကယ်ဆယ်ရေး၊ ရုံးပိုင်းနဲ့ ထောက်ပို့ စသဖြင့် မွမ်းမံသင်တန်းတွေ ထပ်တက်ခိုင်းပြီး လက်နက်ဆင်ပေးနိုင်ဖို့ ကြိုးစားသွားမယ် လို့သိရပါတယ်။ လက်ရှိမှာ ရှမ်းတောင်အခြေစိုက်တပ်ရင်းတွေအနေနဲ့ စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ခွင့်ရသွားတဲ့ ဆီဆိုင်ဒေသဘက်ကို ပူးပေါင်းတပ်တွေနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ TNO001 #KNDF #ရှမ်းတောင် #အခြေခံစစ်သင်တန်း #ရှမ်းတောင် #tginwayoochannel #တောင်ကြီးနွေဦးချန်နယ်
Mostrar todo...
👍 11👏 2
  • Photo unavailable
  • Photo unavailable
  • Photo unavailable
🖕 5 1
ရွာငံရဲကင်းစခန်း ၁ ခုကို ရွာငံ PDF က ဝင်ရောက်စီးနင်း၊ စစ်ကောင်စီ ၃ ဦးသေပြီး ဒုတပ်ကြပ် ၁ဦး အရှင်ဖမ်းမိ ဧပြီ ၂၁၊ တောင်ကြီးနွေဦးချန်နယ် ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာ ရဲကင်းစခန်းကို ရွာငံPDF(ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့JPRF)က ဒီနေ့ ဧပြီလ ၂၁ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်က ဝင်ရောက်စီးနင်းခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ဒုတပ်ကြပ် ၁ဦးကို အရှင်ဖမ်းမိတယ်လို့ JPRF အဖွဲ့ဆီက သိရပါတယ်။ JPRF မှ တာဝန်ရှိသူ KP က “ရွာငံနယ်မှာ စခန်းကိုသိမ်းတာ ပထမဆုံးအနေနဲ့ဆိုတော့ ရင်တော့ခုန်တယ်ဗျ။ လက်နက်မပြည့်စုံမှုကြောင့် ရဲဘော်တွေအတွက်စိုးရိမ်ပေမယ့် မစ်ရှင်အောင်မြင်ခဲ့ပါတယ်။ ရဲရော၊ စစ်သားတွေရော ပြည်သူတွေရှိတဲ့နေရာ၊ ပြည်သူတွေကို ကာဗာလုပ်ပြီးဝရုန်းသုန်းကားထွက်ပြေးကြတယ်။”လို့ ပြောပါတယ်။ မြင်းကျဒိုးရဲစခန်းကို အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အချိန်မှာ စစ်ကောင်စီဘက်က အင်အား အယောက် ၃၀ နီးပါးရှိကာ မိနစ် ၅၀ လောက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ရဲကင်းအနီးက မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံတစ်ဦးက “ PDF အဖွဲ့က ဘာမျက်နှာမှမဖျက်ထားဘဲ ဘုရားပွဲထဲ အရေးတော်ပုံအောင်ရမည် ဆိုပြီး ကား၁စီးနဲ့ဝင်လာပြီးလောင်းကစားဝိုင်းကိုလာသိမ်းတာ။ ကြောက်ဖို့မလ်ိုဘူးဆိုပြီးလာတယ်။ လက်၃ချောင်းထောင်ပြီး ကြွေးကြော်ပြီးလာတယ်။ ရွာသူရွာသားတွေကိုတော့ ကြောက်ဖို့မလိုဘူး အိမ်ထဲတံခါးပိတ်ပီးနေကြ စခန်းနားကိုလာတာပြောပြီး ဝင်ချလာတယ်။ PDFဖက်ကတော့မပစ်ခတ်ခဲ့ဘူး။ ကြွေးကြော်ပီးလစ်ပြေးသွားတာကို စကစဘက်က နောက်မှ အချက်၂၀၀ ကျော် မိုးပေါ်ထောင်ပစ်ပြီး ရွာထဲလိုက်ပြီး ရှာနေကြတော့ တရုန်းရုန်းဖြစ်နေကြတယ်” လို့ တောင်ကြီးနွေဦးကို ပြောပါတယ်။ စခန်းသိမ်းတိုက်ပွဲမှာ အရှင်ဖမ်းမိတဲ့ ဒုတပ်ကြပ်မှာ ဦးကိုကိုဦး ဖြစ်ပြီး ရဲမှုထမ်းသက်ကတော့ ၁၂ နှစ်ရှိပြီလို့ JPRG အဖွဲ့ကပြောပါတယ်။ ဒါ့အပြင် ဒီနေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထွက်ပြေးသွားအပြီး Ak-47 တလက်၊ ရိုင်ဖယ် တလက်နဲ့ ကျည်ဆံအတောင့် ၃၀၀ ကိုလည်း သိမ်းဆည်းရမိခဲ့ကာ ရွာငံ PDF ဖက်က ရဲဘော်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီဖက်က ရမ်းသန်းပစ်ခတ်ခဲ့လို့ နေအိမ်တချို့ သွပ်မိုးပေါက်ပြီး ပျက်စီးကုန်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မြင်းကျဒိုးစခန်းသိမ်းခံရ ပြီးတဲ့နောက် အောင်ပန်းမြို့နဲ့ ရွာငံမြို့ကြားက မြိုင်တိုက်နယ်မှာ လမ်းသွားလမ်းလာနဲ့ ဒေသခံတွေကို ဖုန်းတွေစစ်ခဲ့တယ်လို့ သိရပါတယ်။ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာဟာ ​ပျူစောထီးတွေ အားကောင်းတဲ့ ကျေးရွာတစ်ရွာလည်းဖြစ်ပါတယ်။ တချို့ရွာခံတွေကတော့ ရဲတွေထပ်ရောက်လာပြီး စခန်းလာချမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။ Ywangan PDF ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ (JPRF) အဖွဲ့ဖွဲ့စည်းတာတည် အခုမတ်လ ၇ ရက်နေ့က ၂ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး (JPRF)အနေနဲ့ ကရင်နီဘက်မှာ မဟာမိတ်တပ်တွေနဲ့အတူ စစ်ကောင်စီကို တော်လှန်နေပြီး ရှမ်းတောင်၊ ရွာငံဒေသထဲမှာလည်း တိုက်ပွဲတွေဖော်ဆောင်နေတာဖြစ်ပါတယ်။ TNOCJ-003 #Ywangan #JPRF #ရွာငံ #မြင်းကျဒိုး #စခန်းသိမ်းတိုက်ပွဲ #စစ်ကောင်စီ #ရဲကင်း #tginwayoochannel #တောင်ကြီးနွေဦးချန်နယ်
Mostrar todo...
👍 22👏 3
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
  • Photo unavailable
12👍 9🖕 1🫡 1
ရှမ်းတောင် PDF ပူးပေါင်း သင်တန်းဆင်းပွဲကျင်းပ ဧပြီ ၁၄၊ တောင်ကြီးနွေဦးချန်နယ် ကယား(ကရင်နီ)ပြည် အခြေစိုက်၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၀ နဲ့ ရှမ်းပြည်တောင်ပိုင်း ဒရုန်း တပ်ဖွဲ့ဖြစ်တဲ့ Special Operation Drone Force (SODF) တို့ရဲ့ ပူးပေါင်းသင်တန်းဆင်းပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ တော်လှန်ရေး သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ အဲဒီ သင်တန်း ဆင်းပွဲကို ဧပြီလ ၁၂ ရက်နေ့က တောတွင်းတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ SODF တပ်ဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ K2 က ပြောပါတယ်။ "KA တပ်နဲ့ KNDF တပ်တွေက ရှမ်းတောင်အဖွဲ့ ကို လက်တွဲ ခေါ်ပေးတာပေါ့နော်။ ကျွန်တော်တို့တပ်က ဒရုန်းဖြစ်တဲ့အတွက် KNDF UAV နဲ့ လက်တွဲပြီး ရှေ့တန်းမှာ စီနီယာတွေက တိုက်ပွဲဝင်နေတာပေါ့နော်။ အခု သင်တန်းဆင်းပွဲလုပ်ရတာက ရဲဘော်တွေ ခက်ခက်ခဲခဲ နေရတယ်၊ ပင်ပင်ပန်းပန်း လေ့ကျင့်ရတော့ သင်တန်းဆင်းပွဲမှာ အပန်းပြေပြီး စိတ်ခွန်အား ရစေချင်တာပေါ့" သင်တန်းဆင်းပွဲမှာ KNDF ရဲ့ ဒုစစ်ဦးချုပ်က မိန့်ခွန်းပြောကြားတာ၊ အလံတော်ကို အလေးပြုတာ၊ သစ္စာအဓိဌာန်ရွတ်ဆိုတာ၊ ကျဆုံးအာဇာနည်တွေကို အလေးပြုတာ၊ စစ်ကြောင်းချီတက်အလေးပြုတာ၊ သက်ဆိုင်ရာ အကြီးအကဲတွေက မိန့်ခွန်းပြောတာ၊ အားပေးစကားပြောတာ စတဲ့ အစီအစဉ်တွေအပြင် ဖျော်ဖြေရေးနဲ့ ဂုဏ်ပြုဆုချီးမြှင်တဲ့ အစီအစဥ်တွေလည်း ပါဝင်ခဲ့တယ်လို့ တက်ရောက်သူတွေဆီက သိရပါတယ်။ SODF တပ်ဖွဲ့က ရှမ်းတောင်ရဲ့ အရွေ့အတွက် ဒရုန်းတပ်ဖွဲ့အနေနဲ့ ရှေ့တန်းမျက်နှာပြင်တွေမှာ ပါဝင်ပြီး စစ်ကောင်စီတပ်ကို တော်လှန် တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းက ဖယ်ခုံ၊ မိုးဗြဲနဲ့ ပင်လောင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်၊ ပအိုဝ့်ပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တွေနဲ့ မဟာမိတ်တော်လှန်ရေး တပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်တာနဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ စုံစမ်း သိရပါတယ်။ #TNOCJ_002 #SODF #KNDF #သင်တန်းဆင်းပွဲ
Mostrar todo...
👍 15 3🔥 3👏 1🖕 1
Photo unavailable
🤬 5
ရတနာသီရိ ရပ်ကွက်မှာ မဲစာရင်းပေါက်သူ အယောက် ၂၀ မဲနှိုက်ခွင့်မရဘဲ စစ်မှုထမ်းဆင့်ခေါ်စာ ရောက်လာ တောင်ကြီး၊ ဧပြီ ၁၂၊ တောင်ကြီးနွေဦးချန်နယ် ရှမ်းပြည်ရဲ့ မြို့တော်၊ တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်မှာ စစ်မှုထမ်း အကျုံးဝင်သူ အမျိုးသား အယောက် ၂၀ ဟာ မဲနှိုက်ခွင့် မရဘဲ တိုက်ရိုက် စစ်မှုထမ်း ဆင့်ခေါ်စာနဲ့ အိမ်ရောက်လာတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။ စစ်မှုထမ်း အကျုံးဝင်သူနဲ့ နီးစပ်သူ တစ်ဦးက “ဒီနေ့ညနေပဲ အကြောင်းကြားတယ်။ နောက်ရက်နှိုက်မယ် ဆိုတော့ မဲက ပေါက်နေပြီ။ စာရေးမတွေ နှိုက်တယ်လို့ ပြောတယ်။ ဘယ်သူမှ ဘာမှ မသိရဘူး။ ကိုယ်အသက်ပေးရမယ့် ကိစ္စတော့ ကိုယ်တိုင် ဆုံးဖြတ်ချင်တာပေါ့။ ကိုယ်နှိုက်တာ ကိုယ်ပေါက်ရင်လည်း ကျေနပ်တယ်။ မတရားတော့ လာမလုပ်နဲ့လေ” မတ်လ ၁၇ ရက်နေ့က အကျုံးဝင်သူတွေ မဲနှိုက်ကြဖို့ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်းက တစ်ရပ်ကွက်လုံး လိုက်လံကြေညာခဲ့ပြီး နောက်ရက် ၁၈ ရက်နေ့မှာပဲ မဲနှိုက်ဖို့ သွားကြတဲ့အချိန်မှာ မဲပေါက်ပြီးသား ဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။ ရွေးချယ်ခံရတဲ့ အယောက် ၂၀ ကို မနက်ဖြန် (ဧပြီ ၁၂) နောက်ဆုံးထားပြီး တောင်ကြီးမြို့၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ)ဝင်းက စစ်ဆေးရုံမှာ ဆေးစစ်ကြဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ လက်ရှိ ရွေးချယ်ထားတဲ့ အယောက် ၂၀ ထဲက ၁၅ ဦးကို သင်္ကြန်ကာလအပြီးမှာ စစ်မှုထမ်းခေါ်ယူပြီး ကျန်တဲ့ ၅ ဦးကတော့ အရံအတွက် ဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူး အသိုင်းအဝိုင်းတွေဆီက သိရပါတယ်။ ရာအိမ်မှူးနဲ့ နီးစပ်သူ တစ်ဦးက “အယောက် ၂၀ လုံးကတော့ ရပ်ကွက်အတွက် တစ်နှစ်စာ။ ဆေးစစ်ရက် အမီ ရပခ မရောက်ရင် ဝရမ်းထုတ်မယ်လို့ ကြားတယ်။ ဝရမ်းထွက်ရင်တော့ ပြေးလို့မရတော့ဘူး။ စစ်တပ် လာရှာရင် အုပ်ကြီးက အိမ်ကိုပဲ ညွှန်ပေးမှာ ကျန်တာ သူနဲ့ မဆိုင်တော့ဘူးတဲ့” လို့ ပြောပါတယ်။ လမ်းမတော်ရပ်ကွက်မှာတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက စစ်မှုထမ်း ၃ ဦးကို ခေါ်ယူခဲ့ပြီး ဖြစ်တယ်လို့ သတင်းရထားပြီး စစ်ပညာသင်ကြားနေတဲ့ တပ်ရင်းကို သိနိုင်ဖို့အတွက် တောင်ကြီးနွေဦးချန်က စုံစမ်းနေဆဲ ဖြစ်ပါတယ်။ #TNO_007 #တောင်ကြီး #ရတနာသီရိ #စစ်မှုထမ်း #လမ်းမတော်
Mostrar todo...
🤬 11👍 2 1
Photo unavailable
စစ်ကောင်စီကျင်းပမယ့် အင်းလေးရေပေါ်သင်္ကြန် ပါဝင်ဆင်နွှဲသူ နည်းနိုင်တယ်လို့ တက်ကြွလှုပ်ရှားသူတွေပြော ညောင်ရွှေ၊ ဧပြီ ၁၀၊ တောင်ကြီး နွေဦးချန်နယ် ရှမ်းပြည် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ အင်းလေးရေလည်ခန်းမမှာ စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် အင်းလေးရေပေါ်သင်္ကြန် ပွဲတော်ကို ဒေသခံတွေ အနေနဲ့ ပါဝင်ဆင်နွှဲသူ နည်းနိုင်တယ်လို့ ဒေသတွင်း တော်လှန်ရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးတဲ့နောက်ပိုင်း ဒေသတွင်း လူငယ်အများစုဟာ လွတ်မြောက်နယ်မြေနဲ့ ပြည်ပနိုင်ငံတွေဆီကို ထွက်ပြေး တိန်းရှောင်နေရတာကြောင့် ပါဝင်မယ့်သူ နည်းနိုင်တယ်လို့ ဆိုပါတယ်။ Justice Movement for Community – Innlay (JMC) အဖွဲ့အစည်း တည်ထောင်သူ ဒေါ် ယုလှိုင်သင်းက “ဒီနှစ်ကတော့ မနှစ်ကထက် ပါဝင်ဆင်နွှဲသူ နည်းမယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ် စစ်မှုထမ်း ဥပဒေ ထွက်လာပြီးတဲ့နောက်ပိုင်း လူငယ်တွေဆို နေ့ရော ညရော စိုးရိမ် ပူပန်နေရတယ်။ နောက်လူငယ်တွေရဲ့ မိဘတွေဆိုလဲ စိုးရိမ် ထိတ်လန့်မှုတွေနဲ့ ဝမ်းနည်း ပူဆွေးနေရတယ်ပေါ့နော်။ ဒီလို အနေအထားမှာ ရေပေါ် သင်္ကြန် လုပ်မယ် ဆိုလို့ရှိရင် ဒါက လူတွေ ပါဝင်မှု အားနည်းမယ်လို့ ထင်တယ်ပေါ့နော်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်က ရေပါ်သင်္ကြန်မှာ စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေရဲ့ ခြိမ်းခြောက် ဖိအားပေးမှုကြောင့် တစ်ရွာကို ယိမ်းအဖွဲ့ တစ်ဖွဲ့စီ ပါဝင်ခဲ့ကြရပေမယ့် ဒီနှစ်သင်္ကြန်မှာတော့ မဖြစ်မနေပါဝင်ကြဖို့အတွက် ကျေးရွာ တစ်ရွာချင်း လိုက်ပြောတာတော့ မရှိသေးဘူးလို့ ဆိုပါတယ်။ အင်းလေး အမျိုးသမီး သမဂ္ဂ (IWU) အတွင်းရေးမှူး မကြိုးကြာက “ဒီနှစ် သင်္ကြန်က ခါတိုင်း နှစ်ထက်တော့ လူမစည်နိုင်ဘူးလို့ ယူဆတယ်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်က စစ်မှုထမ်း ဥပဒေ ထုတ်ပြီးတော့ လူငယ်တွေကို အတင်း စစ်မှုထမ်းခိုင်းတဲ့အတွက် စစ်မှုမထမ်းချင်တဲ့ အင်းလေးဒေသ လူငယ်တော်တော်များများက နိုင်ငံခြားထွက်တာ ရှိသလို PDF ထဲ ဝင်ကြတာလည်း များတယ်ပေါ့နော်။ မနှစ်ကဆို ဒီချိန် အကတိုက်နေလောက်ပြီ။ ဒီနှစ်ကတော့ သွားကြမယ်လို့ တိုင်ပင်နေကြတဲ့ လူငယ်တွေလည်း မတွေ့ရသေးဘူးပေါ့နော်” လို့ ပြောပါတယ်။ အင်းလေး ရေပေါ်သင်္ကြန်ကို ၂၀၁၉ ခုနှစ်က စတင်ကျင်းပခဲ့ပြီး COVID-19 ကပ်ရောဂါ ကာလနဲ့ စစ်အာဏာသိမ်းမှု ဖြစ်စဉ်တွေကြောင့် ၃ နှစ်ကြာရပ်ဆိုင်းခဲ့ရကာ ပြီးခဲ့တဲ့နှစ်ကမှ စစ်ကောင်စီရဲ့ ဦးဆောင်မှုနဲ့ ပြန်ကျင်းပတာလို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်ကောင်စီ လက်အောက်ခံ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက ကျင်းပမယ့် အင်းလေး ရေပေါ်သင်္ကြန်ကို ဧပြီလ ၁ ရက်နေ့ကတည်းက အခန်းအနား ပြင်ဆင်နေပြီး လာမယ့် ဧပြီလ ၁၃ ရက်ကနေ ၁၆ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပသွားမယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ကြေညာထားပါတယ်။ #TNO_221B #အင်းလေး #ရေပေါ်သင်္ကြန် #JMC #အင်းလေးရေလည်ခန်းမ #IWU
Mostrar todo...
👍 6 1