cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

MONREC_NUG

This is the official channel of Ministry of Natural Resources and Environmental Conservation under the administration of National Unity Government of Myanmar

Mostrar más
Publicaciones publicitarias
4 060
Suscriptores
-124 horas
Sin datos7 días
-1330 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

👍 3 2
ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၆ /၂၀၂၄) အစည်းအဝေးကျင်းပခြင်း ======== ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့် သယံဇာတစီမံ အုပ်ချုပ်မှုအဖွဲ့၏ (၆/၂၀၂၄) အစည်းအဝေး ပထမပိုင်းကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင်လည်းကောင်း၊ အစည်းအဝေးဒုတိယပိုင်းကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့တွင် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များ ဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့်ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူး ရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် “အစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီး ဌာနများမှ တာဝန်ရှိသူများ အပါအဝင် တက်ရောက်လာသူများအားလုံး ဘေးကင်းလုံခြုံကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း မင်္ဂလာပါလို့ ဦးစွာ နှုတ်ခွန်းဆက်သပါကြောင်း၊ သယံဇာတဆိုတာ အကန့်အသတ်ဖြင့်သာ ဖြစ်တည်ထုတ်လုပ်ရရှိနိုင်တာဖြစ်ပြီး အများပြည်သူပိုင်ပစ္စည်းဖြစ်တာကြောင့် အတတ်နိုင်ဆုံး အများပြည်သူ အကျိုးအတွက် ခံစားခွင့်ရှိရန် ပွင့်လင်းမြင်သာစွာ စီမံဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ သယံဇာတစီအုပ်ချုပ်မှု လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုရှိအောင် မူဝါဒညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြဖို့ မြို့နယ်တွေကို သတိပေးကြပ်မတ် ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ မြေပြင်မှာ သယံဇာတစီမံအုပ်ချုပ်မှုလုပ်ငန်းတွေကို နိုင်နိုင်နင်းနင်း ဆောင်ရွက်နိုင်စေဖို့ အထူးသယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ခွဲများ၊ မြေပြင်ကွင်းဆင်းအဖွဲ့များကို တိုးချဲ့ဖွဲ့စည်းနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနက ကြိုးစားဆောင်ရွက်ပေးဖို့၊ သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့တွေအနေနဲ့လည်း သယံဇာတစီမံခန့်ခွဲရာမှာ ပိုမိုစနစ်ကျလာစေဖို့၊ TAB-NR အဖွဲ့ဝင် ဝန်ကြီးဌာနများကလည်း ယခင်ကထက်ပိုပြီး နီးနီးကပ်ကပ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြဖို့ အထူး အလေးပေးမှာကြားလိုပါကြောင်း” ပြောကြားခဲ့ပါသည်။ ဆက်လက်၍ (၅/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက် ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့လုပ်ငန်းစဉ်ဆောင်ရွက်ပြီးစီးမှုများကို ပြည်ထောင်စုအဆင့် သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူးက တင်ပြခဲ့ပါသည်။ သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက တင်ပြကြပါသည်။ တင်ပြချက်များနှင့် ပတ်သက်၍ တက် ရောက်လာသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုအဆင့် သယံဇာတစီမံ အုပ်ချုပ်မှုအဖွဲ့၏ (၆/၂၀၂၄) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပြီးနောက် မှတ်တမ်းဓာတ်ပုံရယူကာ အစည်းအဝေးကို ရပ်နားခဲ့ပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ #MONREC #NUG
Mostrar todo...
👍 4 1
Photo unavailableShow in Telegram
6👍 1🤩 1
5🎉 1
Photo unavailableShow in Telegram
4🤩 1
3🥰 1
“သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတင်းလွှာ” အတွဲ (၃) ၊ အမှတ် (၅) ထုတ်ပြန်ခြင်း ======= - ဇွန်လအတွင်း ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ - CDM ဝန်ထမ်းများအား ထောက်ပံ့ပေးမှု - ဇွန်လအတွင်း တရားမဝင်သစ်ဖမ်းဆီးရရှိမှု - ပြည်ထောင်စုဝန်ကြီး စကားသံ - ဆောင်းပါးကဏ္ဍ (ငါတို့ အမွေအနှစ်၊ ငါတို့အနာဂတ် ငါတို့ညီညွတ် ဆောင်ရွက်ကြစို့) - ကဗျာကဏ္ဍ (သန်းခေါင်ယံဒီခေတ် အလွန်…) - ကာတွန်းကဏ္ဍ - ဇူလိုင်လအတွင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကမ္ဘာ့အထိမ်းအမှတ် နေ့များ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ #MONREC #NUG Download link: https://go.nugmyanmar.org/Bulletin5_2024 MONREC Telegram Channel: https://t.me/monrecnug2021 MONREC Official Website: https://monrec.nugmyanmar.org/ MONREC Official Twitter Account: https://twitter.com/MONREC_NUG #MONREC #NUG #Bulletin
Mostrar todo...
4🤩 1
Photo unavailableShow in Telegram
4👍 2🤩 1
အပူပိုင်းဒေသများသည် ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချပေးနိုင်သောကြောင့် အပူပိုင်းဒေသများ ထိန်းသိမ်းခြင်းသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ သို့ဖြစ်၍ အပူပိုင်းဒေသများ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ အသိပညာများ မြှင့်တင်ပေးရန်၊ ကမ္ဘာ့အပူပိုင်းဒေသများကို ထိခိုက်စေသည့် ပြဿနာများ၏ ကျယ်ပြန့်သော သက်ရောက်မှုများနှင့် လိုအပ်ချက်များကို သိရှိရန်နှင့် အပူပိုင်းဒေသရှိ နိုင်ငံများသည် စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုး တိုးတက်သောပန်းတိုင်များကို ရရှိနိုင်ရန် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေကြောင်းကို အလေးပေး ဖော်ပြရင်း ဇွန်လ ၂၉ ရက်နေ့ တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသများနေ့ကို ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ကိုးကား INTERNATIONAL DAY OF THE TROPICS - June 29, 2024 - National Today International Day of the Tropics | United Nations သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ #MONREC #NUG
Mostrar todo...
👍 10👏 1
Archivo de publicaciones
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.