1 979
အခုချိန် အယ်လ်နီညို (El Niño) က နွေရာသီအတိုင်း ဂရုစိုက်ရမယ့် ကာလပါ။
မကြာခင်မှာလဲ ပွဲလမ်းတွေ ၊ ပွဲဈေး၊ ညဈေး တွေရောက်လာတော့မှာ ဖြစ်လို့ လူထူထပ်တဲ့နေရာ တွေသွားရင် ရေဓာတ် သေချာဖြည့်သွားပါ။
ရာသီဥတု အပူနဲ့ လူအုပ်အရှိန်နဲ့ ချွေးထွက်လွန်ပြီး သတိမေ့တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
အရက်၊ ဘီယာ များ သောက်ခြင်းကြောင့်လဲ ခန္ဓာကိုယ်တွင်း ရေဓာတ် ပိုမို ဆုံးရှုံးနိုင်ပါတယ်။
အထူးသဖြင့် နှလုံးရောဂါ၊ ဆီးချို၊ သွေးတိုးနဲ့ ကျောက်ကပ်ရောဂါအခံရှိသူတွေ ပိုသတိထားပါ။
၁။ တတ်နိုင်သမျှ အရိပ်ရတဲ့၊ အေးမြတဲ့နေရာမှာ နေပါ။
နေပူပြင်းတဲ့အချိန်တွေမှာ အပြင်ထွက်တာ၊ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်တာကို လျှော့ချပါ။ မဖြစ်မနေထွက်ရပါက ထီးဆောင်းပါ။
၂။ ရေဓာတ် ဖြည့်ပါ။
ချွေးထွက်များတဲ့အခါ ရေနဲ့ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးနိုင်ပါတယ်။ ချွေးထွက်များတာ ၊ နေပူထဲအချိန်ကြာကြာ အလုပ်လုပ်ရတာမျိုးမှာတော့ ဓာတ်ဆားဖြည့်တင်းပါ။
၃။ ဆီးချိုနဲ့ သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးပါ။
အပူဒဏ်နဲ့ ရေဓာတ်ခန်းခြောက်ခြင်းကြောင့် သွေးပေါင်ချိန်ကျတာ၊ ဆီးချို ပြောင်းလဲတာတွေ ဖြစ်နိုင်ပါတယ်။
၄။ လမ်းသွားနေရင်း မူးဝေတာ၊ အားနည်းတာ၊ ခေါင်းကိုက်တာ၊ ပျို့အန်ချင်တာမျိုးတွေ ဖြစ်လာရင် အေးမြတဲ့နေရာမှာ အနားယူပြီး အပူဒဏ်လျှော့ချပါ။
၅။ ရင်ဘတ်အောင့်တာ၊ အသက်ရှူခက်တာတွေ ဖြစ်လာရင်တော့ အရေးပေါ်ဆေးကုသမှု ခံယူပါ။
#DrYeYint
13 oct, 08:05
