BAM Channel
Ir al canal en Telegram
4 684
Suscriptores
-1124 horas
-647 días
-26730 días
Archivo de publicaciones
4 684
လာမယ့်ပတ်အတွင်း မလေးရှား နှင့် ထိုင်း ကို သွားချင်ပါတယ် တဲ့။
...........................................
မလေးခရီးစဉ်ကတော့ အရင်ကတည်းက စီစဉ်ထားတာပါ၊ ထိုင်းကတော့ မလေးနဲ့လည်း နီးနေတာရယ်၊ ပြီးတော့ ထိုင်းမှာ မြန်မာပရိတ်သတ်ကပိုများတာရယ်ကြောင့် လာဖို့ ဆုံးဖြတ်လိုက်တာလား မသိပါဘူး - ကျတော်ထင်တာပြောတာပါ။
4 684
Israel Adesanya က Alex Pareira ကို အလဲထိုးပြီးနောက် သူ့သားကို အိပ်ပြတဲ့အကြောင်းရင်း...
https://www.instagram.com/reel/DWcvTBtDCJY/?igsh=MTduYWdzZ293M3JtNA==
4 684
Van ကတော့ Tatsuro Taira ရဲ့ မာဂုဏ်ကိုချီးကျူးလိုက်ပါတယ်...
Taira နဲ့ သူ့အဖွဲ့သားတွေကို တကယ်လေးစားတယ်ရုံကလွဲပြီး ဘာမှပြောစရာမရှိပါဘူး တဲ့။
4 684
Van ရဲ့ ဒဏ်ရာက တော်တော်လေး ဆိုးရွားခဲ့တယ်လို့ ပြောပါတယ်။ ပြေးတောင်မပြေးနိုင်ခဲ့ဘူး။ Taira နဲ့ပွဲအတွက်တောင် လွန်ခဲ့တဲ့ ၂ ပတ်ထိ ပြေးလို့မရပါဘူး။ စက်ဘီးလောက်ပဲ နင်းဖြစ်ပါတယ်။
အဲဒါကြောင့် ခြေကန်ချက်အဲလောက်မသုံးခဲ့ပုံရပါတယ်။ ဒါပေမယ့် ခြေကန်ချက်က သိပ်တော့သုံးလို့ရမှာမဟုတ်ပါဘူး၊ လက်တံခြေတံကအရမ်းကွာတော့ လက်သီးနှစ်ပေါက်ကတော့ အကောင်းဆုံးပါပဲ
Pantoja နှင့် Edgar Chairez နဲ့ပွဲတွေမှာလည်း ACL အရွက်ပြတ်တဲ့ ဒဏ်ရာတွေနဲ့ ထိုးခဲ့ရတယ်လို့ လည်းဆက်ပြောပါတယ်။
4 684
+1
ဒီပတ်သောကြာ ONE Inner Circle ရဲ့ ပွဲကောင်း ၂ ခု။ မာလီခင်က သူ့ heavyweight ခါးပါကို ပြန်သိမ်းပိုက်နိုင်မလား.... စောင့်ကြည့်ရမယ်။
စူပါလက်ကတော့ ၁၃၅ တန်းရဲ့ Kickboxing ချန်ပီယံလည်းဖြစ်နေတယ်။ ၁၄၅ Muay Thai ခါးပါတ်ကိုလည်း ပြန်လိုချင်တယ်။
ဝိတ်တန်း ၂ ခုမှာ တစ်ချိန်တည်း ထိုးနေတာပါ။ ဘယ်လိုစွမ်းဆောင်မှုရှိမလဲ စောင့်ကြည့်ရတာပေါ့။
4 684
+1
UFC ကတော့ မကျေပွဲကို စခင်းနေပါပြီ။ နှစ်ယောက်လုံးကလည်း ထိုးချင်ကြတယ်ဆိုတော့... ဖြစ်လာဖို့သေချာသလောက်ပါပဲ။
ဘယ်ချိန်ဖြစ်လာမလဲဆိုတာပါပဲ။ ခေါင်ပွဲလည်းဖြစ်နိုင်ပါတယ်။ Van ရဲ့ မြို့ဖြစ်တဲ့ Houston, Texas မှာလည်း Fight Night Main Event အနေနဲ့ ကျင်းပနိုင်တဲ့အကြောင်း အချို့သတင်းတွေက ထင်ကြေးပေးနေကြပါတယ်။
4 684
အယ်... Pantoja ရဲ့ မိခင်များနေ့ သတင်းစကား...
"I became a UFC champion to impress my girl"
Happy Mother’s Day @gabryellapantoja 🤍
နည်းနည်းများတိုက်ဆိုင်မှုရှိနေသလားလို့ 😅😅
4 684
UFC ရဲ့ အသံတော်ကြီး Bruce Buffer ကတော့ Van ကိုတော်တော်လေး သဘောကျပါတယ်။
လောလောဆယ်တော့ Van နဲ့ ပါတ်သက်တဲ့ သတင်းပဲများမယ်နော်၊ သည်းခံပေးကြ ဟေ 😂😅😅
4 684
မိုးကြိုးတွေလည်း ပစ်ကုန်ပါဦးမယ်၊ Manel Kape က Van ကို ကာကွယ်လို့ ချီးကျူးလို့ပါလား 😂😂 လုံးဝမထင်ထားဘူး၊
ဒါပေမယ့် အဲလောက်လုပ်ပြပြီးတာတောင် မချီးကျုးနိုင်သေးဘူးဆိုရင်တော့ အမုန်းသမား (သို့) မနာလိုမှု သက်သက်ပဲ။ Mokaev လိုမျိုးပေါ့...
4 684
Mokaev ကတော့ ဘယ်တော့မှ Van ကို အကောင်းပြောတဲ့သူမဟုတ်ပါဘူး။ "UFC ချန်ပီယံ ဖြစ်လာတဲ့ ဂျပန်ကစားသမားမရှိသေးပါဘူး" ဆိုတဲ့ Post တစ်ခုကို ရှဲပြီး အခုလိုရေးတာပါ။
Mokaev က UFC ကို ပြန်လာဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မရပါဘူး။ သူ့ရဲ့ UFC မှတ်တမ်းက ကော်ငးခဲ့သည့်တိုင် သူ့ကစားပုံမကောင်းလို့၊ စိတ်လှုပ်ရှားစရာ၊ ပရိတ်သတ်မကြိုက်လို့ကို ပြန်မခေါ်တာပါ။ ဒါက အသိသာကြီးပါ။
မကြာသေးခင်ကမှ Dana White က, "Mokaev ဆိုတဲ့ ခလေးကို ကျတော်သဘောကျပါတယ်။ PFL က သူ့ကို စာချုပ်ချုပ်မယ်လို့ မျှော်လင့်ပါတယ်" ဆိုပြီး ပြောခဲ့ပါတယ်။ 😂😂
4 684
"မင်းပွဲကိုကြည့်ပြီး ငါ့ပွဲလည်း အဲဒီအတိုင်းပဲ ဖြစ်ရမယ်ဆိုပြီး ငါ့နည်းပြကိုပြောခဲ့တာ။ ပထမချီကိုမင်းပေးလိုက်တယ် ပြီးတော့ မင်းပြန်ရုန်းနိုင်ခဲ့တယ်။ အဲတိုင်းပဲ ငါ့ကိုပွဲဖြစ်စေချင်ခဲ့တာ သားကြီးရေ" ဆိုပြီး Sean Strickland က Van ကို ချီးကျူးသွားပါတယ်။
4 684
ထိုင်ရာ ကတော့ "ချန်ပီယံအစစ်" ဆိုပြီး ဗန်ကို ချီးကျူးလာပါတယ်။
ပွဲမတိုင်ခင်မှာတော့ Van ကို အနိုင်ရပြီးခါးပါတ်ရခဲ့ရင်တောင် သူက ချန်ပီယံအစစ်လိုခံစားရမှာမဟုတ်ပါဘူး၊ Pantoja နဲ့ ထိုးပြီးနိုင်မှကို သူ့ကိုယ်သူ ချန်ပီယံအစစ်လို့ခံယူမှာပါဆိုပြီးတောင် ပြောခဲ့တာပါတဲ့ (ဒါကတော့ သူကိုယ်တိုင်ပြောတာကို မတွေ့ခဲ့ဘူး၊ တစ်ဆင့်ခံကြားရတာမို့လို့ "တဲ့" လို့ ပြောတာပါ)။
ဘယ်လိုပဲ ပြောပြော ဘာမှမေးခွန်းထုတ်စရာမရှိတော့ပါဘူး။ Pantoja နဲ့ ပြန်တွေ့ရင်တောင် ဗန်က အတော်လေးကို နိုင်ဖို့ရာခိုင်နှုန်းများသွားပါပြီ၊ အကြောင်းရင်းကတော့ လူတကာစိုးရိမ်ခဲ့ကြတဲ့ Takedown နှင့် အဓိက Grappling defense ကို လုပ်နိုင်တာ မြင်တွေ့ခဲ့ရလို့ပါပဲ။
ပေါက်ပေါက်ရှာရှာ ရှာကြံပြီးပြောရရင် ကျောမပေးခဲ့ရပါဘူး။ အဲတော့ ကျောပေးခံရရင် ဘယ်လိုကာကွယ်နိုင်မလဲ? အတော်ကြီးကို Grappling defense ကောင်းတာတွေ့ခဲ့ရပါတယ်။
4 684
DJ: "ငါမထိုးတော့တာ ငါကံကောင်းတာပဲ" 😂😂 သူသာပြန်လာပြီး ပြန်ထိုးမယ်ဆိုရင် အတိုင်းတာတစ်ခုထိတော့ ရဦးမှာပါ။ ဒါပေမယ့် သူက တော်တော်ပညာကောင်းတဲ့သူပါ။
ကျန်းမာရေးကအဓိကဆိုတာကို နားလည်ပြီး၊ သူ့ရဲ့အအောင်မြင်ဆုံးအချိန်၊ ချန်ပီယံဖြစ်နေတဲ့ချိန်၊ ကျန်းမာရေးလည်း ဆိုးဆိုးရွားရွားမထိခင် ချင့်ချိန်ပြီး အနားယူသွားတာပါ။
4 684
Dana White: "Tatsuro Taira သာ ဒီညအနိုင်ရခဲ့ရင် UFC က ဂျပန်မှာ ပြန်သွားကျင်းပဖို့ သေချာစီစဉ်ထားတာပါ။ ဒါပေမယ့် အခုတော့ မဖြစ်နိုင်သေးပါဘူး။"
4 684
+1
ဒီပတ်သောကြာည (May 15) မှာ Soe Lin Oo ရဲ့လူ Aung Tun Bo ပါလာပါတယ်။
Tun Min Naing ပွဲလည်းပါပါတယ်။ အဓိကကတော့ Reug Reug vs. Malykhin 2 မကျေပွဲက Inner Circle ရဲ့ ခေါင်ပွဲဖြစ်ပါတယ်။ ပုံမှန် Free ပွဲမှာတော့ Samingdam (လိပ်နင်ဂျာ) က ခေါင်ပွဲပါ။
Aung Tun Bo နှင့် Tun Min Naing ရဲ့ပွဲကတော့ Free မှာပဲ ပါပါတယ်။
4 684
"ကျတော့်ကို shocked ဖြစ်စေတဲ့ပွဲရယ်တော့မရှိပါတယ်။ ဒါပေမယ့် Van ပွဲကတော့ တကယ်ကို သဘောကျမိပါတယ်။ ကောင်းလိုက်တဲ့ပွဲကွာ"
4 684
Khamzat က ဝိတ်မဝင်တာ အားလုံးအသိပဲ၊ UFC က အဲဒါက ဘယ်လိုဖုံးကွယ်ခဲ့တာလဲ မသိပါဘူး။
Khamzat ဝိတ်ချိန်တာကို တော်တေ်ာများများက ထောက်ပြကြပါတယ်။ ခဏလေးတက်ခိုင်းပြီး ဝိတ်ဝင်တယ်ဆိုပြီး ပြန်ဆင်းခိုင်းတာပါ။
ပွဲမပျက်ချင်လို့ UFC ကဖုံးပေးလိုက်တယ်ထင်ပါတယ်။ တကယ်တော့ New Jersey ပြည်နယ် အားကစားကော်မရှင်က ဦးစီးလုပ်ခဲ့တာလို့ Dana White က ပွဲပြီးအင်တာဗျူးမှာပြောခဲ့ပါတယ်။ သူတို့က ဝိတ်နဲ့ပါတ်သက်ရင် တကယ်တင်းကျပ်တယ်လို့လည်း ထည့်ပြောခဲ့ပါတယ်။
ဒါပေမယ့် သူက အဲလိုပဲ ပြောမှာပါပဲလေ၊ Khamzat ရဲ့ ဝိတ်ချိန်တာက တိုလွန်းပါတယ်။ ၄ စက္ကန့်လောက်ပဲတက်ခိုင်းပြီး ချိန်ခွင်လျှာက ရွေ့လျားနေတုန်း၊ မရပ်သေးဘူး၊ ဝိတ်ရတယ်ဆိုပြီး ပြန်ဆင်းခိုင်းလိုက်တာပါ။ တော်တော်လေးကို ညစ်ပတ်တာပါ။
Khabib vs. Justin GAethje ပွဲမှာ Khabib ရဲ့ ဝိတ်ချိန်ပုံက ပိုဆိုးပါတယ်။ ၂ စက္ကန့်ပဲ တက်ခိုင်းပြီး ပြန်ဆင်းခိုင်းတာပါ။ ပြီးတော့ 155 ပေါင်ဆိုပြီး အော်ပြောလိုက်တာပါ။ UFC မှာလည်း ဒါမျိုးတွေရှိတာပါပဲ။
