BAM Channel
Ir al canal en Telegram
4 684
Suscriptores
-1124 horas
-647 días
-26730 días
Archivo de publicaciones
4 682
Nadaka vs. Songchainoi နှစ်ယောက်လုံး ဝိတ်ဝင်ပြီး ရေဓာတ်လည်းရပါတယ်။
နက်ဖြန်တော့ ပွဲကောင်းတွေများတယ်။
4 682
ဒီတစ်ခေါက်တော့ Rodtang က လုံးဝ ပြဿနာမရှိဘဲ ဝိတ် နှင့် ရေဓာတ် နှစ်ခုစလုံးဝင်ခဲ့ပါတယ်။ Takeru လည်း နှစ်ခုလုံးရပါတယ်။
ခေါင်ပွဲဆိုတော့ အားလုံးက ရော့ထန်အတွက် စိတ်ပူနေခဲ့ကြတာ၊ အခုတော့ ကစားသမားဘက်ကသော်လည်းကောင်း၊ အဖွဲ့အစည်းဘက်ကသော်လည်းကောင်း အလုံးကြီး ကျသွားလောက်ပြီထင်ပါတယ်။
နက်ဖြန် ဒီမှာ ကြည့်ကြမယ်
4 682
ONE Bantamweight Kickboxing ပွဲအတွက် Jonathan Haggerty နဲ့ Yuki Yoza နှစ်ယောက်လုံးက ဝိတ်ရော၊ ရေဓာတ်ရော ဝင်ကြပါတယ်။
နက်ဖြန် ဒီမှာပြပေးပါမယ်နော်။
4 682
Van ကတော့ သူ့ရဲ့ပထမဆုံး ခါးပါတ်ကာကွယ်ပွဲမှာ Taira ကို တတိယချီမှာ အလဲထိုးမယ်လို့ ဆိုလာပါတယ်။
အလဲထိုးနိုင်မထိုးနိုင်ကတော့ မေလ ၁၀ ရက်နေ့မှာ သိရတော့မှာပါ။
4 682
May လ ၁ ရက်နေ့မှာ မြန်မာကစားသမားအသစ် Dawit ပါလာပါတယ်။ Vero Nika ကိုအနိုင်ယူခဲ့တဲ့ Fahsai ပွဲလည်း ပါလာပါတယ်။
အခြေအနေပေးရင် ONE မှာ Vero Nika vs. Fahsai မကျေပွဲ မြင်ရလာနိုင်ပါတယ် (လောလောဆယ်တော့ Fahsai က နိုင်ပွဲတွေ ယူပြဖို့လိုပါမယ်)။
4 682
😂😂 မနေ့က Buakaw နဲ့ Meng Gao Feng တို့ ပွဲရှိခဲ့ပါတယ်။
အသက်ကြီးမှ ပြန်လာတဲ့ ဘူခေါင်အတွက် မလွယ်ကူခဲ့ပါဘူး။ ၃ ချီလုံး Feng ကပဲ စိုးမိုးခဲ့တာပါ၊ Buakaw ဘာမှတောင် မလုပ်နိုင်ခဲ့သလောက်ပဲ။
အချီတိုင်းသိသိသာသာ အသာရခဲ့ပေမယ့် အံ့ဩစရာကောင်းလောက်အောင်ပဲ Buakaw ပဲ Split decision နဲ့ အနိုင်ရသွားပါတယ်။
Malaysia မှာ ကျင်းပခဲ့ကြတာပါ။ တကယ်ကို မတရားတဲ့ အမှတ်ပေးခြင်းပါပဲ။
4 682
Rodtang နဲ့ Takeru တို့ Media workout... Takeru ကလည်း တော်တော်လေးပြင်ဆင်ထားပုံပဲ၊ Rodtang ကတော့ ကြည့်ရတာ ယုံကြည်မှုအပြည့်ပဲ... ဘာမှကို ဂရုမစိုက်၊ မကြောက်နေသလိုပဲ
4 682
ဒီည ONE inner circle ပွဲတွေ ပြီးပါပြီနော်၊ အခုတော့ YouTube, Facebook မှ FREE ကြည့်လို့ရပါပြီ။
4 682
ဒီ Pet ဆိုတဲ့တစ်ယောက်ကို သေချာစောင့်ကြည့်ဖို့လိုတယ်... ဒီတစ်ယောက်က ၁၁၅ (ဆလိုင်း၊ ဟာလိန်းအွမ်တို့တန်း) မှာ တော်တော်လေး လက်ရည်ကောင်းတဲ့သူပါ။
တစ်နေ့နေ့ ကိုယ့်လူတွေနဲ့တွေလာရနိုင်ပါတယ်။
4 682
တစ်ချို့ကမှတ်မိဦးမယ်ထင်ပါတယ်၊ ufc 327 တုန်းက တစ်ပတ်လောက်အလိုမှာကို ဗန်က သူ့ကစားဖော်တစ်ယောက်ရဲ့ပွဲမှာ ထောင့်လူအဖြစ်နဲ့ လိုက်ပါသွားခဲ့ပါတယ်။
ပြီးတော့ ခရီးသွားတာအရမ်းများပါတယ်။ Training ဆင်းရမယ့်အချိန်မှာ ခရီးတွေနဲ့ပဲ အလုပ်များခဲ့ပါတယ်။
UFC 328 မှာတော့ လူမှုကွန်ယက်မှာ ဘာမှမမြင်ရသလောက်ပဲ၊ လေ့ကျင့်နေတယ်ဆိုတာ သိသာတာပေါ့။ အဲတော့ ဒီပွဲကတော့ အမှားအယွင်းမရှိ ပွဲဖြစ်မယ်၊ ပြီးတော့ ရလဒ်လည်းကောင်းမယ်လို့ ယုံကြည်ပါတယ်။
4 682
Van ပွဲရောက်ဖို့နီးလာပြီ၊ ၂ ပတ်ပဲလိုပါတော့တယ် (စောင့်ရင်း Pantoja နဲ့ပွဲကို ပြန်ကြည့်ကြစို့ဟေ...)
4 682
"ကျတော်သာ အဲလောက်လွယ်တဲ့ပြိုင်ဘက်ဆိုရင် ကျတော့်ကို သူထိုးမှာပေါ့၊ မထိုးဘဲ ဘာလို့ဝိတ်တန်းတက်မှာလဲ။"
"သူ ကျတော့်ကို အဲလိုတွေပြောတာက သူ (Ilia Topuria) က ကျတော့်ကို မနာလိုဖြစ်လို့ပါ။"
"Gaethje ဒဏ်ရာရခဲ့လို့ ကျတော့်ကို လူစားဝင်ထိုးဖို့ တစ်ပတ်အတွင်းဆိုရင်တောင် ကျတော်အဆင်ပြေပါတယ်။ အဲဒီပွဲမှာ ကျတော်ရှိနေမှာပါ။ တစ်ခုခုဖြစ်ခဲ့သော် ကျတော်အစားထိုးဖို့ အဆင်သင့်ရှိနေမှာပါ။"
အစက ကျတော်နဲ့ထိုးဖို့လုပ်ရင် ကျတော်က ဘာမှမဟုတ်ဘူး၊ လူကြိုက်လည်းမများဘူးဆိုလို့ အခုလူတွေကျတော့်ကိုသိအောင် လူမှုကွန်ယက်နဲ့နာမည်တည်ဆောက်နေပါတယ်.... ဆိုပြီး ဒီနေ့လုပ်တဲ့ Ariel Helwani နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
