es
Feedback
BAM Channel

BAM Channel

Ir al canal en Telegram

တိုက်ခိုက်ရေးအားကစားများသတင်းများ တင်ဆက်ပါသည်။

Mostrar más
4 680
Suscriptores
-1224 horas
-617 días
-27430 días
Archivo de publicaciones
September 11 ရက်မှာ ကျင်းပမယ့် ONE Friday fights 170 နှင့် Inner Circle 30 ပွဲတွေပါ။ ပွဲတွေက တကယ့်ရှယ်တွေပဲ။ ၄-၅ ပွဲလောက် လာဦ
September 11 ရက်မှာ ကျင်းပမယ့် ONE Friday fights 170 နှင့် Inner Circle 30 ပွဲတွေပါ။ ပွဲတွေက တကယ့်ရှယ်တွေပဲ။ ၄-၅ ပွဲလောက် လာဦးမယ်ထင်တယ်။

ကယ် September 11 ရက်မှာ သွေးလင်းထက်ပွဲ ပြန်လာပါပြီနော် 💪💪
ကယ် September 11 ရက်မှာ သွေးလင်းထက်ပွဲ ပြန်လာပါပြီနော် 💪💪

ဒီပတ်သောကြာည ONE Friday Fights 168, Inner Circle 28 မှာတော့ မြန်မာ တစ်ယောက်မှ မပါပါဘူး...
+1
ဒီပတ်သောကြာည ONE Friday Fights 168, Inner Circle 28 မှာတော့ မြန်မာ တစ်ယောက်မှ မပါပါဘူး...

Suriyanlek ကတော့ ဒီမနက် သူငယ်ချင်းတစ်ယောက်နဲ့ ပြေးနေရင်း အနောက်ကနေ ကားအတိုက်ခံရတယ်လို့ သိရပါတယ်။ အပြင်မှာတော့ ဘာဒဏ်ရာမှမရပေမယ
Suriyanlek ကတော့ ဒီမနက် သူငယ်ချင်းတစ်ယောက်နဲ့ ပြေးနေရင်း အနောက်ကနေ ကားအတိုက်ခံရတယ်လို့ သိရပါတယ်။ အပြင်မှာတော့ ဘာဒဏ်ရာမှမရပေမယ့် သေချာအောင် ဆေးရုံမှာ အသေးစိတ်စစ်ဆေးနေကြတယ်လို့သိရပါတယ်။ လာမယ့်သောကြမှာ Saw Min Min နဲ့ပွဲကိုတော့လွဲချော်မှာသေချာပါတယ်။ စောမင်းမင်းအတွက် အစားထိုးပြိုင်ဘက် ရှာနေကြတယ်လို့ သိရပါတယ်။ Suriyanlek ကြီးမားတဲ့ဒဏ်ရာမရဘဲ အမြန်ဆုံးပြန်ကောင်းပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်ဗျာ်။

Islam Makhachev နှင့် Ian Garry နှစ်ယောက်လုံး ဝိတ်ရကြပါတယ်။ သန်ဘက်ခါ လာပါတော့မယ်နော်။
Islam Makhachev နှင့် Ian Garry နှစ်ယောက်လုံး ဝိတ်ရကြပါတယ်။ သန်ဘက်ခါ လာပါတော့မယ်နော်။

မနေ့ညက Superlek ရဲ့ ဒဏ်ရာက ACL တဲ့ဗျာ်... ပြန်လာဖို့အတော်ကြာမယ့်ပုံပဲ...
မနေ့ညက Superlek ရဲ့ ဒဏ်ရာက ACL တဲ့ဗျာ်... ပြန်လာဖို့အတော်ကြာမယ့်ပုံပဲ...

Joshua Van vs. Panatoja 2 ကတော့ အတည်ဖြစ်သွားပါပြီ။ September 20, UFC 331 ရဲ့ ခေါင်ပွဲဖြစ်ပါတယ်။ Flyweight ကစားသမားရဲ့ UFC ခေါ
+1
Joshua Van vs. Panatoja 2 ကတော့ အတည်ဖြစ်သွားပါပြီ။ September 20, UFC 331 ရဲ့ ခေါင်ပွဲဖြစ်ပါတယ်။ Flyweight ကစားသမားရဲ့ UFC ခေါင်ပွဲဆိုတာ ရှားပါးလွန်းပါတယ်။ ဒါက လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း Flyweight fighter တွေရဲ့ အရည်အသွေးကြောင့်ဖြစ်ပါတယ်။ မြန်မာပြည်ဖွားကစားသမားတစ်ယောက်အနေနဲ့ ကမ္ဘာ့အဆင့်အမြင့်ဆုံးတိုက်ခိုက်ရေးအားကစားအဖွဲ့အစည်းရဲ့ ခေါင်ပွဲထိုးခွင့်ရတာဟာ တကယ်ကိုရှားပါးလွန်းတဲ့အဖြစ်ပါ။ Van ကတော့ သမိုင်းတစ်ခုပြီးတစ်ခုစိုက်ထူနေပါတယ်။

ဒီတစ်ပတ်တွဲဆိုင်းတွေက အတော်ကိုကောင်းတယ်ဗျာ... Inner Circle မှာ ပွဲကြီးတွေ ၃ ပွဲပါပါတယ်။ ပြီးတော့ မြန်မာကစားသမားတစ်ယောက်ပါတယ်။
+1
ဒီတစ်ပတ်တွဲဆိုင်းတွေက အတော်ကိုကောင်းတယ်ဗျာ... Inner Circle မှာ ပွဲကြီးတွေ ၃ ပွဲပါပါတယ်။ ပြီးတော့ မြန်မာကစားသမားတစ်ယောက်ပါတယ်။ စိုးလင်းဦးရဲ့လူလေး အောင်ထွန်းဘို ပါ။

ဒီတစ်ပတ် Inner Circle 25 ရဲ့ ပွဲကောင်းတွေပါ။ Nabil vs. Suakim ပွဲက ခေါင်ပွဲဖြစ်ပါတယ်။
ဒီတစ်ပတ် Inner Circle 25 ရဲ့ ပွဲကောင်းတွေပါ။ Nabil vs. Suakim ပွဲက ခေါင်ပွဲဖြစ်ပါတယ်။

Superbon ရဲ့ 155 တန်း Kickboxing ခါးပါတ် စိန်ခေါ်မယ့်သူကို ရှာတဲ့ ပြိုင်ပွဲတဲ့ဗျာ်။ အစက Marat ကို စိန်ခေါ်ခွင့်ပေးထားခဲ့တာပါ။
Superbon ရဲ့ 155 တန်း Kickboxing ခါးပါတ် စိန်ခေါ်မယ့်သူကို ရှာတဲ့ ပြိုင်ပွဲတဲ့ဗျာ်။ အစက Marat ကို စိန်ခေါ်ခွင့်ပေးထားခဲ့တာပါ။ ပြီးတော့ Liu Mengyeng ကိုလည်း Superbon နဲ့တည်ပေးခဲ့တာပါ။ Superbon က ဒဏ်ရာရတယ်ဆိုပြီး ပွဲနားနီးမှ နှုတ်ထွက်သွားခဲ့တာပါ။ အခုအခြေအနေတွေကိုကြည့်ရင် ဒီလိုမျိုးအကွက်ဖန်လို့ရအောင် Superbon ကို ONE က သက်သက် နှုတ်ထွက်ခိုင်းပုံရပါတယ်။ ပုံမှန် ဒဏ်ရာနဲ့ နှုတ်ထွက်တာဆိုရင် ပြန်ကောင်းတာနဲ့ ပျက်သွားတဲ့ပြိုင်ဘက်နဲ့ ပြန်တည်ပေးရမှာပါ။ ဒါပေမယ့် အခုတော့ အဲဒီခါးပါတ်လုခွင့်ရဖို့အရေးကို ကစားသမား ၈ ယောက်က ဝင်ပြိုင်ခိုင်းနေတာပါ။ အဲ‌တော့ ONE ဘက်က Superbon ကို နှုတ်ထွက်ခိုင်းခဲ့တယ်ဆို ကျတော်ကတော့ ယူဆပါတယ် - ဒါက ကျတော့်ထင်မြင်ချက်ပါ)။ ဘယ်သူက စိန်ခေါ်ခွင့်ရမလဲဆိုတာ ဒီလ ၇ ရက် နှင့် ၈ ရက်တွေမှာ သိရတော့မှာပါ။

Malykhin ကတော့ September 5 ရက်နေ့၊ Moscow မြို့မှာ RAF နပမ်းဝင်ပြိုင်မယ်လို့သိရပါတယ်။
Malykhin ကတော့ September 5 ရက်နေ့၊ Moscow မြို့မှာ RAF နပမ်းဝင်ပြိုင်မယ်လို့သိရပါတယ်။

ဒီညလာမယ့် ONE Friday Fights 164 & Inner Circle 24 ပွဲ အပြည့်အစုံဖြစ်ပါတယ်။ ကျတော့် YouTube Channel မှာ Watchalong/Commentary
+1
ဒီညလာမယ့် ONE Friday Fights 164 & Inner Circle 24 ပွဲ အပြည့်အစုံဖြစ်ပါတယ်။ ကျတော့် YouTube Channel မှာ Watchalong/Commentary ရှိပါမယ်...

ကယ်... နောက်ဆုံး‌တော့ ကျော်စွာဝင်း ပွဲ လာပါပြီ၊ August 21 ရက်ပါ။ 8:30pm နောက်ပိုင်းဖြစ်လို့ YouTube, Facebook တွေမှာ ကြည့်လို
ကယ်... နောက်ဆုံး‌တော့ ကျော်စွာဝင်း ပွဲ လာပါပြီ၊ August 21 ရက်ပါ။ 8:30pm နောက်ပိုင်းဖြစ်လို့ YouTube, Facebook တွေမှာ ကြည့်လို့ရပါတယ်။

ကယ် နက်ဖြန်တော့ Nat Khat Min ပွဲလာပါပြီဗျာ်။ အခုမှလာတဲ့သူကို ခေါင်ပွဲလည်းပေးတယ်ဆို‌တော့ စဉ်းစားပေတော့ 😂😂 အဖြည့်ခံဆိုတာ ဒါပဲ
ကယ် နက်ဖြန်တော့ Nat Khat Min ပွဲလာပါပြီဗျာ်။ အခုမှလာတဲ့သူကို ခေါင်ပွဲလည်းပေးတယ်ဆို‌တော့ စဉ်းစားပေတော့ 😂😂 အဖြည့်ခံဆိုတာ ဒါပဲ။ လုံးဝမဖြစ်သင့်တာပါ။ ဒါပေမယ့် အခြေအနေတစ်ခုခုတော့ရှိမှာပါ။ ကိုယ့်လူကံကောင်းပါစေဗျာ်။ (တိုက်ခိုက်ရေးဖြစ်လို့ သူ နိုင်ကောင်းလည်းနိုင်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုအတွေ့အကြုံကွာဟလွန်းတဲ့တွဲဆိုင်းကို ဘယ်လိုဘယ်ပုံစဉ်းစားပြီး တည်ပေးလိုက်လဲ မသိပါဘူး...)

August 8 မှာ ကျင်းပမယ့် ONE Samurai 2 ပွဲစဉ်ရဲ့ တွဲဆိုင်းအားလုံးပါ။ အဓိကကတော့ 155 တန်း Kickboxing ခါးပါတ် စိန်ခေါ်မယ့်သူကို ရ
August 8 မှာ ကျင်းပမယ့် ONE Samurai 2 ပွဲစဉ်ရဲ့ တွဲဆိုင်းအားလုံးပါ။ အဓိကကတော့ 155 တန်း Kickboxing ခါးပါတ် စိန်ခေါ်မယ့်သူကို ရှာမယ့်ပွဲပါပဲ။ Superbon ရဲ့ ၁၅၅ တန်း kickboxing ခါးပါတ်လုခွင့်ရမယ့်သူကို ကစားသမား ၈ ဦးပါတဲ့ Tournament နဲ့ ရှာတာပါ။ နောက်ဆုံးအနိုင်ရတဲ့သူက စိန်ခေါ်ခွင့်ရမယ်ပေါ့။

Rodtang ကြီး ONE နဲ့ စာပြန်ချုပ်ပါတယ်။ ပြေးစရာမှ မရှိတာ 😂😂
Rodtang ကြီး ONE နဲ့ စာပြန်ချုပ်ပါတယ်။ ပြေးစရာမှ မရှိတာ 😂😂

နက်ဖြန်ည Inner Circle ပွဲတွေပါ။ ခေါင်ပွဲကတော့ အမိုက်ဆုံးပဲ၊ 125 တန်း ကြားဖြတ်ချန်ပီယံခါးပါတ်လုပွဲပါ။ အနိုင်ရတဲ့သူက Prajanchai
နက်ဖြန်ည Inner Circle ပွဲတွေပါ။ ခေါင်ပွဲကတော့ အမိုက်ဆုံးပဲ၊ 125 တန်း ကြားဖြတ်ချန်ပီယံခါးပါတ်လုပွဲပါ။ အနိုင်ရတဲ့သူက Prajanchai ရဲ့ ခါးပါတ်ကိုလုခွင့်ရမှာပါ။

ဒီပွဲတောင် သိပ်မကြာတော့ပါဘူး။ ဒီလကုန်လာတော့မှာပါ။ တကယ်ကြည့်ကောင်းမယ့်ပွဲပါ။
ဒီပွဲတောင် သိပ်မကြာတော့ပါဘူး။ ဒီလကုန်လာတော့မှာပါ။ တကယ်ကြည့်ကောင်းမယ့်ပွဲပါ။

September 13 ရက်မှာ ကြည့်ရမယ့် Boxing ပွဲ။ Ryan Garcia vs. Conor Benn နှစ်ယောက်လုံးက နာမည်ကြီးတွေ။ Ryan ကတော့ 147 WBC world c
September 13 ရက်မှာ ကြည့်ရမယ့် Boxing ပွဲ။ Ryan Garcia vs. Conor Benn နှစ်ယောက်လုံးက နာမည်ကြီးတွေ။ Ryan ကတော့ 147 WBC world champion, Benn ကတော့ စိန်ခေါ်သူပေါ့။

Tun Min Aung vs. Ya Man တို့ ဦးဆောင်တဲ့ MLWC-11 ပွဲ ဩဂုတ်လ ၉ ရက်မှာ လာတော့မှာပါ။ သန့်ဇင်၊ ဆလိုင်းထန်ခွီးရှိန်၊ အဲမွီ တို့လည်း
Tun Min Aung vs. Ya Man တို့ ဦးဆောင်တဲ့ MLWC-11 ပွဲ ဩဂုတ်လ ၉ ရက်မှာ လာတော့မှာပါ။ သန့်ဇင်၊ ဆလိုင်းထန်ခွီးရှိန်၊ အဲမွီ တို့လည်း ပြန်ပါလာတာတွေ့ရပါတယ်။ .......................................................... ဒီလိုပွဲလေးတွေကို YouTube မှာ Live လွှင့်ရင် ဘယ်လောက်ကောင်းမလဲကွာ... လူတွေကလည်း ပိုသိမယ်၊ ကြည့်ရှုသူများမယ်။ ကိုယ့်အားကစားလည်း တစ်ကမ္ဘာလုံးက ကြည့်လို့ရမယ်ဗျာ်။ (ကျတော်တို့ မသိတဲ့ အခြေအနေတွေလည်း ရှိရင်ရှိမှာပေါ့နော်)