es
Feedback
Bioscope Vibes

Bioscope Vibes

Canal cerrado

Well

Mostrar más
El país no está especificadoLa categoría no está especificada

📈 Análisis del canal de Telegram Bioscope Vibes

El canal Bioscope Vibes es un actor destacado. Actualmente la comunidad reúne a 15 468 suscriptores, ocupando la posición en la categoría Otro.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 15 468 suscriptores.

Según los últimos datos del 27 septiembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de 659, y en las últimas 24 horas de 40, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 5.66%. Durante las primeras 24 horas tras publicar, el contenido suele obtener 1.76% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 873 visualizaciones. En el primer día suele acumular 272 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 1.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
“Well”

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 28 septiembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Otro.

15 468
Suscriptores
+4024 horas
+1817 días
+65930 días
Archivo de publicaciones
သေခြင်းတရား၏ ညီမျှခြင်း [၂၀၂၆] Anomie 2026 IMDb 7.8 စုံထောက်ကား ကြိုက်သူတွေအတွက် ၂၀၂၆ ထွက် ရုံကားတစ်ကား တင်ဆက်ပေးထားပါတယ်။ သူတို့နာမည်က ဇာရာနဲ့ ဇီယန်တဲ့။ မိဘတွေ မရှိကတည်းက မောင်နှမ၂ယောက် ဆေးပေးမီးယူ အပြန်အလှန်ဖေးမကြရင်း ကြီးပြင်းလာခဲ့ကြတယ် ။ မောင်ဖြစ်သူကတော့ မိဘတွေရဲ့ အက်စီးဒင့်ကြောင့် စိတ်ဒဏ်ရာရနေသူတစ်ဦးပါ။ ဒါပေမဲ့ ဘဝကို အကောင်းဆုံးနေထိုင်ရင်း စိတ်ရောဂါကို အတတ်နိုင်ဆုံး ကုသနေသူတစ်ဦးဆိုလည်း မမှားဘူးပေါ့။ ဒီလိုနဲ့ တစ်နေ့ မောင်ဖြစ်သူ ဇီယန်နဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ် ။ ဖုန်းတစ်ခါမှ မကိုင်ဘဲ မနေသူက ဖုန်းစက်ပါ ပိတ်ထားခဲ့တော့ ဇာရာတစ်ယောက် ခေါင်းမီးတောက်ပြီး ပတ်ရှာရပါလေရော။ နောက်ဆုံး ပြန်တွေ့ခဲ့ပေမဲ့ အသက်ရှင်နေတဲ့မောင်လေးတော့ မဟုတ်တော့ပါဘူး။ နောက်ဆုံးဖုန်းပြောတုန်းကတောင် အရယ်အမော ပုံမှန်လိုလူက သ-တ်‌ေ-သတ်ဆိုတဲ့ ခေါင်းစဉ်အောက်ရောက်ခဲ့ရာမှာ ဘဝင်မကျမှုတွေနဲ့ သူကိုယ်တိုင် ဒီအမှုကို စုံစမ်းဖို့ ဖြစ်လာရာမှာတော့....။ မောင်ဖြစ်သူ‌ေ-သဆုံးမှုက သွေးရိုးသားရိုးလား ။ ဘယ်လိုလောကတွေနဲ့ ဆက်နွယ်နေမလဲ။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+_EjqNe-b4CQxYzQ1 ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/4315958829/264

သေခြင်းတရား၏ ညီမျှခြင်း [၂၀၂၆]
သေခြင်းတရား၏ ညီမျှခြင်း [၂၀၂၆]

စပိုင်စုံထောက်ကားကြိုက်သူများ လက်မလွှတ်တမ်းကြည့်သင့်တဲ့ရုပ်ရှင်ကားကောင်းလေး C*o*l*d W*a*r 1994 (2026) ဟောင်ကောင်ရုပ်ရှင်လောကရဲ့ အကောင်းဆုံး ရဲအက် ရှင်စုံထောက်စီးရီး "Cold War" ကို သဘောကျသူတွေ အတွက်တော့ ဒီ Prequel က တကယ့်ကို လက်မလွှတ် သင့်တဲ့ ဇာတ်ကားကြီး ဖြစ်ပါတယ်။ ရှေ့ ၂ကားကိုလဲတင်ဆက်ပီးပြီပဲဖြစ်ပါတယ်၁၉၉၇ ခု နှစ် ဟောင်ကောင်ကို တရုတ်လက်ထဲ ပြန်မလွှဲပြောင်း ပေးခင် ဗြိတိသျှအုပ်ချုပ်ရေးရဲ့ နောက်ဆုံးလက်ကျန် ကာလဖြစ်တဲ့ ၁၉၉၄ ခုနှစ်ကိုနောက်ခံထားပြီး ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားမှာ ပရိသတ်အချစ်တော် အော်စကာဆုရ မင်းသားကြီး Chiu-wai၊ အက်ရှင်မင်းသားကြီး Tony Leung Donnie Yenနဲ့ စတိုင်လ်ကျကျသရုပ်ဆောင်တတ်တဲ့ William Chan တို့လို ထိပ်တန်းမင်းသားကြီးတွေ အားပြိုင်သရုပ်ဆောင်ထားလို့ ဇာတ် ရှိန်ကတော့ အစအဆုံး အသက်ရှူမှားလောက်အောင် ကောင်းမွန်လှပါတယ်။ ၁၉၉၄ ခုနှစ်ရဲ့ အေးစိမ့် တဲ့ ဆောင်းရာသီညတစ်ညမှာ ခေတ်မီဆက်သွယ်ရေး စနစ်တွေ တပ်ဆင်ထားတဲ့ ဟောင်ကောင်ရဲတပ်ဖွဲ့ရဲ့ အဆင့်မြင့် ကင်းလှည့်ကားတစ်စီးနဲ့ ရဲတပ်ဖွဲ့ဝင် ၅ ဦး ဟာလူစည်ကားရာ လမ်းမထက်မှာ သဲလွန်စမရှိ ပျောက်ဆုံး သွားခဲ့ပါတယ်။ ရဲချုပ်ကြီး ပြည်ပရောက်နေချိန် ဖြစ်ပွား ခဲ့တဲ့ ဒီပြန်ပေးဆွဲမှုကြောင့် ရဲတပ်ဖွဲ့အတွင်းမှာ အရေး ပေါ် "စစ်အေး" စစ်ဆင်ရေးကို စတင်ခဲ့ရပါတယ်။ ဒီစစ်ဆင်ရေးမှာ ရဲတပ်ဖွဲ့ရဲ့ အာဏာအရှိဆုံး ဒုရဲချုပ် နှစ်ဦးဖြစ်တဲ့ တိုက်ခိုက်ရေးဖက်က အကြမ်းဖက်နှိမ်နင်းရေး အတွေ့အကြုံရင့် ဒုရဲချုပ်က တရားခံတွေကို ပြတ်ပြတ်သားသား အမြစ်ပြတ်ချေမှုန်းဖို့ ဆုံးဖြတ်ခဲ့ပြီး စီမံခန့်ခွဲရေးဖက်က ဥပဒေစည်းမျဉ်းတွေ ကို အပိုင်တွက်ထားတဲ့ တည်ငြိမ်ပြီး ပါးနပ်တဲ့ ဒုရဲချုပ် ကတော့ ဥပဒေအတိုင်း စုံစမ်းစစ်ဆေးဖို့နဲ့ တိုက်ခိုက်ရေး ဘက်က အာဏာသိမ်းဖို့ ကြိုးစားနေတာလားဆိုတာကို သံသယဝင်လာပါတယ်။ ဒီထိပ်သီးနှစ်ဦးကြားမှာ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေး အရာရှိငယ်အဖြစ် မင်းသား William Chan က ပါဝင် လာပြီး ရဲတပ်ဖွဲ့အတွင်းမှာရှိနေတဲ့ သစ္စာဖောက်တွေ၊ ဗြိတိသျှ-ဟောင်ကောင်အစိုးရရဲ့ လျှို့ဝှက်ချက်တွေနဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက် ရေးကော်မရှင်ရဲ့ ကြားဝင်စွက်ဖက်မှုတွေ ပေါ်ပေါက်လာ တဲ့အခါ…။ သေနတ်သံတွေထက် ကျယ်လောင်တဲ့ ဦးနှောက်ချင်း အားပြိုင်မှု၊ ရုံးတွင်း နိုင်ငံရေး ကစားကွက်တွေနဲ့အတူ "စစ်အေး" စစ်ဆင်ရေး ကြီး ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို ရင်သပ်ရှုမောဖွယ် ရှုစားကြရမှာ ဖြစ်ပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/2704450145/1292

စပိုင်စုံထောက်ကားကြိုက်သူများ လက်မလွှတ်တမ်းကြည့်သင့်တဲ့ရုပ်ရှင်ကားကောင်းလေး C*o*l*d W*a*r 1994 (2026)
စပိုင်စုံထောက်ကားကြိုက်သူများ လက်မလွှတ်တမ်းကြည့်သင့်တဲ့ရုပ်ရှင်ကားကောင်းလေး C*o*l*d W*a*r 1994 (2026)

မရဏလမ်းသို့ဦးတည်ရာ (开往悬崖的火车) The Train to The Cliff 2026 Movie 🚂💀 ဇာတ်လမ်းအကျဉ်း 📝 တဖြည်းဖြည်းနဲ့ အောင်မြင်မှု ကျဆင်းလာတဲ့ Streamer ဟောင်း Hou Xiaoqiang ဟာ ရေပန်းစားမှု ပြန်လည်ရရှိဖို့အတွက် သရဲနှိမ်နင်းရေး အဖွဲ့လေးကို ဖွဲ့စည်းလိုက်ပါတယ် သူတို့ဟာ စွန့်ပစ်ထားတဲ့ ရထားဟိုတယ်ကြီးဆီ သွားရောက်ပြီး ခြောက်ခြားစရာ ကြောက်စရာ သရဲတစ္ဆေ Live လွင့်ပွဲကြီးကို ရိုက်ကူးဖို့ စီစဉ်ကြပါတော့တယ် ရထားပေါ်မှာ ပိုက်ဆံစက္ကူတွေ အလိုလို ကြွေကျလာတာ အရက်ပုလင်းတွေ လေထဲ ပျံဝဲနေတာနဲ့ အဖွဲ့ဝင်တွေ တစ်ယောက်ပြီးတစ်ယောက် ပဟေဠိဆန်ဆန် ပျောက်ဆုံးသွားတာတွေကို ကြုံရတဲ့အခါ.... ဒါတွေအားလုံးဟာ သူတို့အဖွဲ့ထဲက ဝမ်းကွဲအစ်ကို Zhang Yitian ဖန်တီးထားတဲ့ မျက်လှည့်စွမ်းရည်တွေနဲ့ Effect အတုတွေလို့ပဲ ထင်မှတ်ထားခဲ့ကြပါတယ် ဒါပေမဲ့ သူတို့ မသိခဲ့တာကတော့ သူတို့အဖွဲ့ဟာ ကန့်လန့်ကာနောက်ကွယ်က လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်းကြီးရဲ့ သေတွင်းထဲကို ရောက်ရှိနေပြီဆိုတာပါပဲ စောင့်ကြည့်ကင်မရာတွေရဲ့ နောက်ကွယ်မှာတော့ Dark Web က ပရိသတ်တွေကို ဖျော်ဖြေဖို့အတွက် တကယ့်လူသတ်ပွဲစင်မြင့်ကြီးကို တိုက်ရိုက်ထုတ်လွှင့်နေခဲ့တာ ဖြစ်ပါတယ် သူတို့ ရေပန်းစားဖို့အတွက် ဖန်တီးခဲ့တဲ့ သရဲတစ္ဆေအယောင်ဆောင်တွေဟာ နောက်ဆုံးမှာ စိတ်ဓာတ်ယုတ်မာလှတဲ့ တကယ့် လူ့မကောင်းဆိုးဝါးတွေကို ဆွဲခေါ်ထုတ်ပေးလိုက်သလို ဖြစ်သွားတဲ့အခါ.... ဒီအဖွဲ့ငယ်လေးဟာ ရန်သူတွေရဲ့ သေတွင်းဝင်္ကပါကြီးထဲကနေ အသက်ရှင်လျက် လွတ်မြောက်အောင် ဘယ်လို ရုန်းကန်ရမလဲဆိုတာ.... ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/580

မရဏလမ်းသို့ဦးတည်ရာ Th*e Tr*ai*n t*o Th*e C*li*ff 2026
မရဏလမ်းသို့ဦးတည်ရာ Th*e Tr*ai*n t*o Th*e C*li*ff 2026

K-i-l-l T-r-i-p (2026)

Kill Trip (2026) +++++++++ Texas က ဂီတပွဲတော်တစ်ခုကို ပျော်ပျော်ပါးပါး သွားဖို့ ပြင်ဆင်နေတဲ့ မိန်းကလေးသူငယ်ချင်းတစ်စု လမ်းမှာ ကားပျက်သွားလို့ ကားကြုံလိုက်ဖို့ ဖြစ်လာရာကနေ သူတို့ရဲ့ ပျော်စရာ ခရီးစဉ်ကြီးဟာ ငရဲခန်းတစ်ခုလို ပြောင်းလဲသွားပါတော့တယ်။ စကားပြောကောင်းပြီး ပေါင်းသင်းရလွယ်ပုံပေါ်တဲ့ ဗန်ကားမောင်းသမားနောက်ကို လိုက်သွားမိရာကနေ လူသူဝေးတဲ့ ဟိုတယ်အိုကြီးတစ်ခုဆီ ရောက်သွားခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် သဲလွန်စမရှိ ပျောက်ဆုံးသွားတဲ့အခါမှာတော့ ကားမောင်းသမားရဲ့ နောက်ကွယ်က ကြောက်စရာ အမှောင်ဖုံးနေတဲ့ လျှို့ဝှက်ချက်တွေကို စတင်သိရှိလာရပါတော့တယ်။ လွတ်မြောက်ဖို့ လမ်းစမရှိတဲ့ နေရာမှာ ကွယ်ဝှက်နေတဲ့ လူသတ်သမားလက်ကနေ မနက်မိုးမလင်းခင်အထိ အသက်ရှင်ကျန်ရစ်အောင် ဘယ်လိုရုန်းကန်ကြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ။ Samaire Armstrong နဲ့ Corin Nemec တို့လို သရုပ်ဆောင်တွေ ပါဝင်ထားပြီး မထင်မှတ်ထားတဲ့ လှည့်ကွက်တွေနဲ့ ခြောက်ခြားစရာ အငွေ့အသက်တွေကို ခံစားရမယ့် Independent Horror Thriller ကားကောင်းလေးမို့ သွေးပျက်ခြောက်ခြားဖွယ် ဇာတ်ကားမျိုး ကြိုက်တတ်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားအဖြစ် ညွှန်းပေးလိုက်ချင်ပါတယ်။

K-i-l-l T-r-i-p (2026)
K-i-l-l T-r-i-p (2026)

ပလီချာတမ်ဘီ P_a-l_l-i_c-h_a-t-t_a-m-b_i (2-0-2-6) Malayalam IMDB ⭐️ 6.9/10 "ဖိနှိပ်မှုတွေ ကြီးမားလာလေ... တော်လှန်ရေးက ပြင်းထန်လေပဲ" Socio-political action period drama တွေကိုမှ အကြိုက်တွေ့လှပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက်  မင်းသားချော Tovino Thomas ရဲ့ Malayalam ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီ။ ခေတ်ဟောင်းအငွေ့အသက်တွေနဲ့ ရိုက်ကူးထားတဲ့ ဒီကားလေးက ၁၉၃၀ ပြည့်လွန်နှစ်တွေ အစောပိုင်းကာလကို နောက်ခံထားပါတယ်။ ဇာတ်လမ်းလေးကတော့ ခရစ်ယာန်ဘာသာဝင်တွေ အများစု နေထိုင်ကြတဲ့ ရွာငယ်လေးတစ်ရွာမှာ အခြေတည်ထားတာပါ။ အဲဒီခေတ်အခါက ကွန်မြူနစ်အစိုးရရဲ့ အုပ်ချုပ်သူတွေရဲ့ မတရားဖိနှိပ်မှုတွေ၊ ပြည်သူလူထုဆီကသာမက ဘုရားကျောင်းပိုင် မြေယာသိမ်းဆည်းမှုတွေကြောင့် ဒေသခံတွေဟာ အသက်ရှူကြပ်လာပြီး နောက်ဆုံးမှာတော့ ကြီးမားတဲ့ မြေယာဆန္ဒပြပွဲကြီးတစ်ခုဆီကို ဦးတည်သွားပါတော့တယ်။ ဒီလိုမတရားမှုတွေ လွှမ်းမိုးနေတဲ့အချိန်မှာ ခေါင်းငုံ့မခံဘဲ တရားမျှတမှုအတွက် ရှေ့ထွက်လာတဲ့သူတွေက ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ... Tovino Thomas ရဲ့ အကြမ်းပတမ်း အက်ရှင်ခန်းတွေ၊ နိုင်ငံရေး အားပြိုင်မှုတွေနဲ့အတူ ဘယ်လို ရှုစားရမလဲ ဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ခံစားကြည့်ကြပါဦး။ Action/Thriller Vibe အပြည့်နဲ့ ခေတ်ဟောင်း ဇာတ်လမ်းကောင်းကောင်း ကြည့်ချင်သူတွေအတွက် သေချာပေါက် အကြိုက်တွေ့စေမယ့် ဇာတ်ကားဖြစ်လို လက်မလွတ်တမ်း ကြည့်ရှုဖို ညွှန်းဆိုလိုက်ပါရစေ။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+_EjqNe-b4CQxYzQ1 ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/4315958829/252

ပလီချာတမ်ဘီ
ပလီချာတမ်ဘီ

နဂါးကျိန်စာ ရတနာသိုက်

နဂါးကျိန်စာ ရတနာသိုက် N_a-g_a-b_a-n_d-h_a-m (2-0-2-6) IMDB ⭐️ 8.3/10 အိန္ဒိယနိုင်ငံရဲ့ နက်ရှိုင်းလှတဲ့ တောအုပ်ကြီးတစ်ခုအတွင်းမှာ ရှေးခတ်မင်းဆက်တွေ မြှုပ်နှံထားခဲ့တဲ့ နာဂါဘန်ဒမ်လို့ခေါ်တဲ့ လျှို့ဝှက်ရတနာသိုက်ကြီးတစ်ခုရှိပါတယ်။ အဲဒီရတနာသိုက်ဟာ ရိုးရိုးရှင်းရှင်းမဟုတ်ဘဲ ရှေးခေတ် မန္တန်စွမ်းအားတွေ သဘာဝလွန် နဂါးကျိန်စာတွေနဲ့ သေစေနိုင်လောက်တဲ့ နည်းပညာမြင့် ထောင်ချောက်တွေနဲ့ တင်းကြပ်စွာ ပိတ်လှောင် ကာကွယ်ထားတဲ့ နေရာဖြစ်ပါတယ်။ ရှေးဟောင်းရတနာတွေကို ရှာဖွေတဲ့နေရာမှာ အရမ်းတော်ပါတယ်ဆိုတဲ့သူတောင် ဒီရတနာသိုက်ကြီးအကြောင်းကို သဲလွန်စသေးသေးလေးတောင် မရတဲ့အထိကို လျှို့ဝှက်ဆန်းကြယ်လှတဲ့ ရတနာသိုက်ကြီးတစ်ခုပေါ့။ ဒါပေမဲ့လည်း ဒီရတနာသိုက်ကြီးအကြောင်းကို လူတစ်ယောက်က သဲလွန်စတွေ ရှာဖွေတွေ့ရှိလာတဲ့အချိန်မှာတော့ ရတနာသိုက်ကြီးထဲက ရတနာတွေကို သိမ်းပိုက်လိုကြတဲ့ လောဘသမားတွေဟာ အဲဒီသဲလွန်စတွေကို မရမက လိုက်လံလုယူပြီးတော့ ဒီရတနာသိုက်ကြီးကို တွေ့အောင် ရှာဖွေကြပါတော့တယ်။ တောနက်ကြီးထဲက ရတနာသိုက်ကြီးဟာ ဘယ်လို လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိနေမလဲ ......... ရတနာသိုက်ကြီးထဲကို ဝင်နိုင်ဖို့အတွက် ဘယ်လို အခက်အခဲအတားအဆီးတွေကို ဖြတ်ကျော်ရမလဲ ........ အဆုံးသတ်မှာရော ဘာတွေဘယ်လိုဆက်ဖြစ်သွားမလဲ ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမဲ့ အက်ရှင်ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ပါတယ်။

နဂါးကျိန်စာ ရတနာသိုက်
နဂါးကျိန်စာ ရတနာသိုက်

Suzzanna: Witchcraft (2026) IMDb Rating (6.7) ဆူဇန်းနားဟာ ကျောင်းဆရာဖခင်ဆီက ဆင်းသက်လာပြီး ရိုးသားအေးချမ်းတဲ့ မိန်းမငယ်တစ်ယောက်ပါ။ ဒါပေမယ့်တစ်ရွာလုံးကိုနည်းမျိုးစုနဲ့အနိုင်ကျင့်နေပြီး ရွာကိုစိတ်ကြိုက်ခြယ်လှယ်ခွင့်ရအောင် ရွာသူကြီးနေရာအထိ မှန်းထားတဲ့ ဘစ်စမန်ဆိုတဲ့ လူယုတ်မာတစ်ယောက်က သူ့ဖခင်ကိုသတ်ပြီး တစ်မိသားစုလုံးကိုဖျက်ဆီးခဲ့ချိန်မှာတော့ စိတ်အနာကြီးနာသွားတဲ့ ဆူဇန်းနားဟာ အမုန်းတရားနဲ့လက်စားချေလိုစိတ်တွေရဲ့လောင်မြိုက်မှုနဲ့အတူ စုန်းအတတ်ကိုစတင်သင်ယူပါတော့တယ်။ ငရဲပြည်တွင်းဆုံးထိ ဆင်းရဲဖို့သတ္တိရှိမှ ဒီအတတ်ကိုသင်ယူလို့ရမယ်ဆိုတဲ့ သူ့ဆရာမရဲ့စကားအတိုင်း ဒီလမ်းကိုမိုက်ရူးရဲရွေးချယ်ခဲ့မိပေမယ့် တစ်ဖက်ရန်သူဟာလည်း ခေသူ ဟုတ်မနေတဲ့အခါ တစ်ဖက်နဲ့တစ်ဖက် အကြီးအကျယ် ပညာချင်းယှဉ်ပြိုင်ပွဲကြီးဖြစ်ပေါ်လာပါတော့တယ်။ Jump scare တွေခြောက်ခြားစရာပုံရိပ်တွေကို အဓိကမထားပဲ အလင်းအမှောင်၊ အိုမင်းဟောင်းနွမ်းနေတဲ့၊ နေရာပျက်ကြီးတွေ၊ စုန်းအတတ် နတ်ပူဇော်ပွဲပုံရိပ်တွေနဲ့ နောက်ကျောမလုံဖြစ်စေတဲ့ ခံစားချက်ကိုပေးစွမ်းနိုင်အောင်ဖန်တီးထားတာ တော်တော်မိုက်ပါတယ်။ ခေါင်းဆောင်မင်းသမီး Luna Maya ကလည်း ဝါရင့်တစ်ယောက်ပီပီ ဂန္ဓဝင်ဇာတ်ကောင် ဆူဇန်နာကိုအကောင်းဆုံးပုံဖော်ပေးထားပြီး အဓိပ္ပါယ်အသစ်ပါ ပေးနိုင်အောင်ကြိုးစားထားပါတယ်။ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့မြင်နေကျ ဇာတ်ကားတွေနဲ့ကွဲပြားအောင် အားထုတ်ထားတဲ့ တန်းမြင့် ဟော်ရာကားကောင်းတစ်ကားဖြစ်ပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/571

S-u-z-z-a-n-n-a: W-i-t-c-h-c-r-a-f-t (2026)
S-u-z-z-a-n-n-a: W-i-t-c-h-c-r-a-f-t (2026)

ဓါးမဆိုင်း၊ ဒုတ်မဆိုင်း လိုက်တောင်းပေးရတဲ့ "အကြွေးတောင်းသူ T_h-e De-bt Co_ll-e_c-tor (2-0-2-6) "ဆုံးရှုံးစရာ ဘာမှမရှိတော့တဲ့ လူတစ်ယောက်ရဲ့ ဒေါသကို ဘယ်သူမှ မတားနိုင်ဘူး" အာလူးမကြော်ဘဲ အပြတ်လှော်မဲ့ ထိုင်း Action-Crime Thriller ကားကြမ်းကြမ်းတွေ၊ Underworld လောကရဲ့ အမှောင်ခြမ်းကို ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းကောင်း မျှော်နေတဲ့ ပရိသတ်ကြီးအတွက် ဒီနေ့ပဲ အသစ်စက်စက် ထွက်ရှိလာတဲ့ အက်ရှင်ကြမ်းကြမ်းကားတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ. ဒီကားရဲ့ အသက်ကတော့ တခြားသူမဟုတ်ပါဘူး။ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသားချောကြီး Nadech Kugimiya ကိုယ်တိုင် ခေါင်းဆောင်ပါဝင်ထားပြီး၊ Daou Pittaya Saechua နဲ့ Chaiwat Thongsaeng တိုလို နာမည်ကြီး မင်းသားတွေကပါ အားဖြည့် ပါဝင်ထားတာဖြစ်လို Cast ပိုင်းနဲ့တင် တစ်ဝက်တန်နေပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့... တစ်ချိန်က မြေအောက်လောကမှာ သွေးအေးရက်စက်လှတဲ့ အကြွေးတောင်းသူတစ်ယောက် ထောင်ကျသွားပြီးနောက်ပိုင်းမှာ သူ့ရဲ့အတိတ်က အမှားတွေနဲ့ ကျူးလွန်ခဲ့တဲ့ ရက်စက်မှုတွေကြောင့် အပြစ်ရှိစိတ်နဲ့ အမြဲ ခြောက်လှန့်ခံနေရတာကနေ စတင်ပါတယ် ကံကြမ္မာရဲ့ လှောင်ပြောင်မှုလား၊ ဝဋ်လည်တာလား မသိပေမဲ့ သူဟာ ကုသလိုမရနိုင်တော့တဲ့ ကြမ္မာဆိုးကို ရင်ဆိုင်လာရတဲ့အခါ… "သေမင်းက လာခေါ်နေပြီဆိုတော့ သေနတ်ပြောင်းဝက ကျည်ဆန်ကိုတောင် ဂရုစိုက်စရာ မလိုတော့ဘူးပေါ့။" လူတစ်ယောက်ဟာ သေခါနီးအချိန်ကျမှ အမှန်တရားကို ပိုမြင်လာတတ်တယ်ဆိုတဲ့အတိုင်း သူဟာ ကျန်ရှိနေတဲ့အချိန်တိုလေးအတွင်းမှာ သူ့ရဲ့အမှားတွေကို ပြင်ဆင်ဖိုနဲ့အပြစ်တွေပေးဆပ်ဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ် အဲဒီနောက်မှာတော့ သူစွန့်ခွာခဲ့တဲ့ မြေအောက်ရာဇဝတ်လောကထဲကို တစ်ကျော့ပြန် ဝင်ရောက်လာပြီး ရက်စက်ယုတ်မာတဲ့ ငွေတိုးချေးစားသူ (Loan sharks) တွေရဲ့ သားကောင်ဖြစ်နေတဲ့သူတွေကို ကာကွယ်ဖိုနဲ့ ကလဲ့စားချေဖို ကြိုးစားတဲ့အခါ… Nadech ကို Romantic ကားတွေထဲက အရမ်းမိုက်တဲ့ဘီးကြဲကြီးလိုပဲ မြင်ဖူးရင် ဒီကားမှာတော့ ကြမ်းကြုတ်တဲ့ မျက်နှာပေးတွေ၊ Swag အပြည့်နဲ့ Aura တွေကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားစေရမဲ့ ကားမျိုးဖြစ်သွားစေမှာပါ။ ရိုးရိုး Action ကားလို ပစ်မယ် ခတ်မယ်သက်သက်ကြီး လျှောက်တီးနေတာလားဆိုတော့လည်း မဟုတ်ပါဘူး။ Character ရဲ့ နောင်တရမှု၊ အသက်ရှင်ဖိုထက် သေရဲတဲ့သတ္တိ၊ နောက်ဆုံးအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်တည်ဆောက်သွားတဲ့ အပိုင်းတွေကို ပိုမြင်ရမယ့် Crime Thriller ဇာတ်ကားမျိုးဖြစ်လို့ Weekend မှာ အက်ရှင်ကြမ်းကြမ်းလေးနဲ့ ရင်ခုန်ချင်သူတွေအတွက် ခုပဲ ဒေါင်းကြည့်လိုက်ကြပါတော့ဗျာ။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+_EjqNe-b4CQxYzQ1 ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/4315958829/245

ဓါးမဆိုင်း၊ ဒုတ်မဆိုင်း လိုက်တောင်းပေးရတဲ့ "အကြွေးတောင်းသူ
ဓါးမဆိုင်း၊ ဒုတ်မဆိုင်း လိုက်တောင်းပေးရတဲ့ "အကြွေးတောင်းသူ

သူရဲကောင်းတို့ရဲ့စစ်မြေပြင် Re*tro*gra*de Ba*ttle*fi*eld 20"26

သူရဲကောင်းတို့ရဲ့စစ်မြေပြင် (逆行战场) Retrograde Battlefield 2026 Movie🎖️ ဇာတ်လမ်းအကျဉ်း 📝 ကိုရီးယားစစ်ပွဲကာလအတွင်း ရန်သူ့နောက်ကျောပြင်ဆီ တိုက်ရိုက်တိုးဝင်ပြီး စုံစမ်းထောက်လှမ်းရေး တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော် စုံထောက် ရဲဘော်တွေဟာ ရန်သူတပ်တွေရဲ့ အပြင်းအထန် ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ် အခြေအနေအရ နောက်တန်းဆီ ပြန်လည်ဆုတ်ခွာ ရွှေ့ပြောင်းရတော့မယ့် ထန်စန်းတပ်ခွဲတစ်ခွဲဟာ ဒီသတင်းကို ကြားသိရပြီးနောက်မှာတော့ အမိန့်ကို မဆိုင်းမတွ လိုက်နာပြီး ရန်သူစိုးမိုးထားတဲ့ နယ်မြေထဲဆီ ရဲရဲဝံ့ဝံ့ ပြောင်းပြန်ပြန်လည်တိုးဝင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် သူတို့ဟာ အချိန် ၁၂ နာရီအတွင်း အင်အားချင်း မမျှတဲ့ အင်အားကြီး ရန်သူတပ်တွေနဲ့ သွေးချင်းချင်းနီအောင် အပြင်းအထန် တိုက်ခိုက်ရင်း ပိတ်မိနေတဲ့ ရဲဘော်တွေကို ကယ်တင်ဖို့ စွမ်းဆောင်ရုံတင်မကဘဲ စစ်ပွဲကြားထဲက သာမန်ဒေသခံ ပြည်သူတွေရဲ့ အသက်အန္တရာယ်ကိုပါ အသက်စွန့် ကာကွယ်ပေးခဲ့ပါတယ် ကြီးမားလှတဲ့ စုံစမ်းစွန့်လွှတ်မှုတွေ ပေးဆပ်မှုတွေ ပြုလုပ်ခဲ့ရပြီးတဲ့နောက်မှာတော့ သူတို့ဟာ ကန့်လန့်ကာနောက်ကွယ်က ရန်သူတွေရဲ့ သေတွင်း ဝင်္ကပါကြီးကို ကျော်ဖြတ်ပြီး ဒီကယ်ဆယ်ရေး တာဝန်ကြီးကို ဘယ်လို အောင်မြင်အောင် စွမ်းဆောင်သွားမလဲဆိုတာက.....