es
Feedback
Bioscope Vibes

Bioscope Vibes

Canal cerrado

Well

Mostrar más
El país no está especificadoLa categoría no está especificada

📈 Análisis del canal de Telegram Bioscope Vibes

El canal Bioscope Vibes es un actor destacado. Actualmente la comunidad reúne a 15 416 suscriptores, ocupando la posición en la categoría Otro.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 15 416 suscriptores.

Según los últimos datos del 27 septiembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de 659, y en las últimas 24 horas de 40, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 5.66%. Durante las primeras 24 horas tras publicar, el contenido suele obtener 1.76% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 873 visualizaciones. En el primer día suele acumular 272 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 1.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
“Well”

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 28 septiembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Otro.

15 416
Suscriptores
+4024 horas
+1817 días
+65930 días
Archivo de publicaciones
ရှေးဟောင်းပစ္စည်းဆိုင်ကမှန်တချပ်ကိုခိုးသူတိုင်း ပျောက်ဆုံးသွားပြီးနော် သူခိုးတစ်ကောင်က အဲ့ဒီမှန်ပေါ်ကအဝတ်စကိုဆွဲဖယ်လိုက်မိပြီ
ရှေးဟောင်းပစ္စည်းဆိုင်ကမှန်တချပ်ကိုခိုးသူတိုင်း ပျောက်ဆုံးသွားပြီးနော် သူခိုးတစ်ကောင်က အဲ့ဒီမှန်ပေါ်ကအဝတ်စကိုဆွဲဖယ်လိုက်မိပြီး မှန်ထဲကတစ္ဆေတစ်ကောင်လွတ်မြောက်လာသောအခါ E*d*g*a*r A*l*l*a*n P*o*e's T*h*e O*v*a*l Portrait (2025)

Mag Mag (2026) ဂျပန် Horror ကားတွေရဲ့ ထုံးစံအတိုင်း ကျောချမ်းဖွယ်ရာတွေ ရို့မန့်စ်တွေနဲ့ အမုန်းတရားကို ပေါင်းစပ်ထားတဲ့ ကားသစ်လေးကို ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားကိုတော့ ဒါရိုက်တာ Yuriyan Retriever ရိုက်ကူးတင်ဆက်ပုံဖော်ထားပြီး မင်းသမီးချော Minami Sara နဲ့ မင်းသား Maeda Oshiro တို့က အဓိက ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ .. မြို့ပြရဲ့ ကြောက်စရာကောင်းလှတဲ့ ဒဏ္ဍာရီတစ်ခုနဲ့အတူ စတင်လာတဲ့ "မာဂါမာဂါ" လို့ခေါ်တဲ့ ကလဲ့စားချေစိတ် စွဲနေတဲ့ ဝိညာဉ်ဆိုးမလေး ရှိခဲ့တယ်။ သူမရဲ့ ချစ်ခြင်းကို ရရှိသွားသူတိုင်းဟာ သေခြင်းတရားနဲ့ပဲ အဆုံးသတ်ရလေ့ရှိပါတယ်။ ဆာနာအဲဆိုတဲ့အမျိုးသမီးဟာ သူ့ချစ်သူကို မာဂါဆိုတဲ့ ဝိညာဉ်ဆိုးက ရက်ရက်စက်စက် သတ်ဖြတ်တယ်လို့ သိလိုက်ရတဲ့အခါ... သူမက ချစ်သူအတွက် လက်စားချေဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။ မာဂါမာဂါ ဝိညာဉ်ဆိုး သရဲမကို လက်စားချေဖို့ လိုက်လံစုံစမ်းရင်းနဲ့ နောက်ကွယ်မှာ ရှိနေတဲ့ ပိုမို ကြောက်စရာကောင်းပြီး မှောင်မိုက်လှတဲ့ အမှန်တရားကြီးကို ဖော်ထုတ်မိသွားတဲ့အခါ... မထင်မှတ်ထားတဲ့ ဇာတ်ရှိန် အပြောင်းအလဲတွေကို ထိတ်လန့်ဖွယ်ရာ မြင်တွေ့ရမဲ့ ဇာတ်ကားလေးမို့လို့ ညွှန်းဆိုလိုက်ပါတယ်နော် ။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/2704450145/1470

M-a-g M-a-g (2026)
M-a-g M-a-g (2026)

ပြန်ရောက်လာတော့ ကံကြမ္မာများ [၂၀၂၆]

ပြန်ရောက်လာတော့ ကံကြမ္မာများ Aroopi (2026) IMDb 6.1 ဟိုးရှေးရှေးတုန်းက ပတ်ဒ်မီနီလို့ခေါ်တဲ့ နတ်သမီးသဖွယ် လှပတဲ့အဆင်းနဲ့ မိန်းကလေးတစ်ယောက်ရှိသတဲ့။ ဘဝရဲ့ ဆုတောင်းခြင်းတွေနဲ့ပြည့်စုံလေတော့ မြင်သမျှလူတိုင်းက ချစ်ကြ ခင်ကြနဲ့ပေါ့။ ဒီလိုပြီးပြည့်စုံနေတော့ လိုချင်ကြတဲ့လူက ခပ်များများ ဒီထဲမှာ သူ့ရဲ့မောင်ဝမ်းကွဲ ဒါသန်လည်း ပါတာပေါ့။ ဒါသန်ကတော့ အောက်လမ်းပညာတွေ လိုက်စားတဲ့ စုန်းကဝေတစ်ယောက် ပတ်ဒ်မီနီလေးကိုပိုင်ဆိုင်ရဖို့ဆို ဘာမဆိုလုပ်မဲ့လူမျိုး။ ပတ်ဒ်မီနီရဲ့ နှလုံးသားထဲမှာတော့ သူ့အတွက်နေ‌ရာမရှိဘဲ စူရီယန်ဆိုတဲ့အမျိုးသားလေးပဲရှိနေခဲ့ပါတယ်။ ဒါကို ဒါသန်က မကျေနပ် မပိုင်ဆိုင်ရတဲ့အဆုံး ပတ်ဒ်မီနီလေးကို ရက်ရက်စက်စက် သ-တ်ပစ်လိုက်ပါတော့တယ်။ ချစ်တဲ့လူနဲ့ ‌ေ-သကွဲကွဲရ ၊ လုပ်ကြံခံလိုက်ရတဲ့ ဒီကောင်မလေးက နောက်ဆုံး သူတို့ရွာလေးမှာပဲ အငြိုးအတေးကြီးမားတဲ့ ဘီလူးမတစ်ယောက် ဖြစ်သွားပါတော့တယ်။ သူမကြောင့် လူအသေအပျောက်များလာတော့ ပြောင်းပေးတဲ့လူကပြေးနဲ့ နောက်ဆုံးမှာ သူမချစ်သူကိုယ်တိုင်က သူမကို ပန်ချာလိုဟာဆိုတဲ့ ရုပ်ထုထဲ ချိတ်ပိတ်ထည့်သွင်းလိုက်ရပါတော့တယ်....။မျက်မှောက်ခေတ်မှာလည်း ဒီအကြောင်းကို ရှေးလူကြီးတွေ လက်ဆင့်ကမ်းလာကြလို့ လူငယ်အတော်များများ ကြားဖူးနားဝရှိပြီး ရင်းနှီးကြတယ်ပေါ့။ တစ်နေ့ သူခိုး၂ယောက်က သူမကိုချိတ်ပိတ်ထားတဲ့ရုပ်ထုကို ခိုးယူမိတဲ့အခါမှာတော့....အတိတ်က အရိပ်တွေ အသစ်တဖန်ပေါ်လာပြီး ဘာတွေဆက်ဖြစ်သွားမလဲ ကြည့်လိုက်ရအောင်။

ပြန်ရောက်လာတော့ ကံကြမ္မာများ
ပြန်ရောက်လာတော့ ကံကြမ္မာများ

Hobbs & Shaw (2019 ) ================== Fast and Furious ကနေခွဲထွက်လာတဲ့ ၂၀၁၉ ရုပ်ရှင်ကားအသစ်ကို တင်ပေးထားပါတယ်။ အဓိက သရုပ်ဆောင်၂ယောက်ကတော့  ဒဝိန်းဂျွန်ဆန် နဲ့ ဂျေဆင် စတာသန် တို့ပါပဲ ဒီရုပ်ရှင်ကတော အက်ရှင်အသားပေးပါပဲ သာမန်လူတွေ မလုပ်နိုင်လောက်မယ့် အမိုက်စား အကြမ်းစားအက်ရှင်တွေနဲ့ပေါ့။ နောက်ပြီးတော့ မင်းသား ၂ ယောက် မတည့်အတူနေ ပုံစံနဲ့ ကြည့်ရှုတဲ့သူတွေကို ဟာသရသလေးတွေ ပျော်ရွှင်ဖွယ်ရာဖြစ်အောင်ထည့်ပေးထားပါသေးတယ်။ ကမ္ဘာကြီးတစ်ခုလုံးကို သေစေနိုင်လောက်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကို အသုံးချမယ့် အစွန်းရောက်အဖွဲ့တစ်ဖွဲ့ ရှိပါတယ်။ အဲဒီဗိုင်းရပ်စ်ကို သယ်ဆောင်ထားရတဲ့ စီအိုင်အေး အေးဂျင့်မလေးကို သူတို့နှစ်ယောက် လိုက်ကယ်ရင်း အဲဒီ အဖွဲ့နဲ့ ရင်ဆိုင်ကြတာပေါ့။ ဒီမင်းသားကြီး ၂ ယောက် ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး။ အလန်းစားအက်ရှင်ခန်းတွေနဲ့ ရင်သပ်ရှုမောဖွယ်ရာ စတန့်ခန်းတွေကို တစ်၀ကြီးမြင်တွေ့ရမှာဖြစ်လို့ ကြည့်လိုက်ကြပါဦးဗျို့…… ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/burmasubmov/3704

𝐅*𝐚*𝐬*𝐭 𝐚*𝐧*𝐝 𝐅*𝐮*𝐫𝐢*𝐨*𝐮𝐬 𝐏*𝐫*𝐞*𝐬𝐞*𝐧*𝐭𝐬: 𝐇𝐨*𝐛*𝐛𝐬 & 𝐒*𝐡𝐚*𝐰 (𝟐𝟎𝟏𝟗)
𝐅*𝐚*𝐬*𝐭 𝐚*𝐧*𝐝 𝐅*𝐮*𝐫𝐢*𝐨*𝐮𝐬 𝐏*𝐫*𝐞*𝐬𝐞*𝐧*𝐭𝐬: 𝐇𝐨*𝐛*𝐛𝐬 & 𝐒*𝐡𝐚*𝐰 (𝟐𝟎𝟏𝟗)

The Invisible Guest (2026) IMDb Rating (7.0) ၂၀၁၆ ခုနှစ်ကထွက်ခဲ့တဲ့ "The Invisible Guest" ဆိုတဲ့ စပိန်ကားဟာ အရမ်းကို နာမည်ကြီးလွန်းတဲ့အတွက် နိုင်ငံအသီးသီးက Remake တွေ ပြန်လည်ရိုက်ကူးခဲ့ကြရာက အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ Remake ပဲ ဖြစ်ပါတယ်။ စပိန်ကားရဲ့ ကျောရိုးကိုပဲ ယူထားပြီးတော့ အင်ဒိုနီးရှားရဲ့ ယဉ်ကျေးမှု နောက်ခံတွေနဲ့ ပြန်လည်ပုံဖော်ရိုက်ကူးတင်ဆက်ပေးထားတာဖြစ်လို့ မူရင်းရဲ့ ရင်ဖိုစိတ္တဇရသကို အပြည့်အဝ ပြန်လည်ခံစားရမှာပါ။ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ ဝီဒယာဝါတီဟာ ဟိုတယ်အခန်းတစ်ခုအတွင်း သူ့ရဲ့ တိတ်တိတ်ပုန်းချစ်သူ ယိုရှီအသတ်ခံရတဲ့အမှုမှာ ပထမဆုံး သံသယရှိသူအဖြစ်နဲ့ အစွပ်စွဲခံလိုက်ရပါတယ်။ အခန်းဟာလည်း အတွင်းကနေ ပိတ်ထားပြီး အခန်းအပြင်ကို ထွက်လာတဲ့သူလည်း မတွေ့ရတဲ့အတွက် သံသယရှိသူအနေနဲ့ အစွပ်စွဲခံရတာလည်း အပြစ်တော့မဆိုသာပါဘူး။ ဒီလိုနဲ့ ဝီဒယာဝါတီတစ်ယောက် သူ့အမှုကို လိုက်ဖို့အတွက် တစ်ခါမှ အမှုမရှုံးဖူးတဲ့ ရှေ့နေရေဇာကို ငှားရမ်းခဲ့ပါတယ်။ တရားခွင်မစမီ နာရီပိုင်းအလိုမှာ ရှေ့နေကြီးက အမှုကို အနိုင်ရချင်ရင် အမှန်တရားကို တစ်ခုမကျန် အကုန်ဖွင့်ပြောဖို့ ပြောဆိုလာတဲ့အချိန်မှာတော့..... သူတို့နှစ်ယောက်ကြားက စကားပြောခန်းတွေနဲ့အတူ အတိတ်က ဖုံးကွယ်ထားခဲ့တဲ့ သေစေလောက်တဲ့ လျှို့ဝှက်ချက်တွေ၊ အရှုပ်အထွေးတွေဟာ တဖြည်းဖြည်း ပေါ်ထွက်လို့လာခဲ့ပါတော့တယ်။ ဒီလူသတ်မှုကြီးရဲ့ နောက်ကွယ်မှာ ဘယ်လို ရှုပ်ထွေးမှုတွေ လျှို့ဝှက်ချက်တွေရှိနေလဲဆိုတာကို ခေါင်းစားစေမဲ့ လှည့်ကွက်များစွာနဲ့အတူ ရှုစားရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+_EjqNe-b4CQxYzQ1 ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/4315958829/423

T-h-e I-n-v-i-s-i-b-l-e G-u-e-s-t (2026)
T-h-e I-n-v-i-s-i-b-l-e G-u-e-s-t (2026)

မီ-းလျံ-ကြားက လိ-ပ်-ပြာ B-h-a-r-a-t B-h-h-a-g-y-a V-i-d-d-h-a-a-t-a (2-0-2-6) ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မွန်ဘိုင်း ၂၆/၁၁ အက
မီ-းလျံ-ကြားက လိ-ပ်-ပြာ B-h-a-r-a-t B-h-h-a-g-y-a V-i-d-d-h-a-a-t-a (2-0-2-6) ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မွန်ဘိုင်း ၂၆/၁၁ အကြ-မ်းဖ-က်တို-က်ခို-က်မှုတုန်းက ကာမာဆေးရုံမှာ ဖြ-စ်ပျ-က်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို ပြန်ရို-က်ကူးထားတဲ့ ရုံတင်အက်ရှင် သည်းထိတ်ရင်ဖိုရုပ်ရှင်ကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ အဲဒီ တို-က်ခို-က်-မှုမှာပါဝင်ခဲ့တဲ့အကြ-မ်းဖ-က်သမား ကာဆပ်ကို ပြ-စ်ဒ-ဏ်ချနိုင်အောင် တရ-ားခွ-င်မှာ ရဲရဲဝံ့ဝံ့ သ-က်သေထွက်ဆိုခဲ့တဲ့ သူနာပြု ဂီတာမာဒပ်ဂန်ဒရေးအကြောင်းကို အဓိကပြထားတာပါ။ အဲဒီဖြစ်ရပ်မတိုင်ခင်တုန်းက မွမ်ဘိုင်း ကာမာဆေးရုံက သူနာပြုတွေရဲ့ နေ့စဉ်ဘဝ၊ ရု-န်းက-န်ရမှုတွေကိုတွေ့မြင်ရမှာဖြစ်ပြီး လ-က်န-က်ကို-င်တွေ ဆေ-းရုံ-ကိုဝင်စီးတုန်းက ကိုယ်ဝန်ဆောင်၊ မွေးကင်းစကလေးတွေ၊ အရေးကြီးလူနာတွေ ၄၀၀ ကျော်ကို သူ-နာ-ပြု-တွေ၊ ဆေးရုံဝန်ထမ်းတွေက ကယ်တင်ဖို့ကြိုးစားပုံတွေ၊ ဆုံးရှုံးမှုတွေ၊ အဲဒီဖြ-စ်ရ-ပ်ဆို-းကြီ-းပြီးသွားတဲ့နောက်မှာလည်း ခြိ-မ်းခြေ-ာ-က်မှုတွေကြားက တ-ရာ-းမျှ-တမှုရရှိဖို့ကြိုးစားပုံတွေကို ဒီရုပ်ရှင်ထဲမှာ ရင်တထိတ်ထိတ် ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/2704450145/1462

ကော့တေးလိုယစ်မူးတဲ့အချစ် Cocktail 2 (2026) ================ "တစ်ခါတလေမှာ အချစ်ဆိုတာ ကိုယ်တိုင်တောင်မသိလိုက်ဘဲ ရင်ဘတ်ထဲကို အသာတိုးဝင်လာတတ်တဲ့ အရာမျိုး..." ဘောလိဝုဒ် Rom-Com ကားကောင်းကောင်းလေးတွေ၊ အချစ်နဲ့ သူငယ်ချင်း သံယောဇဉ်ကြားက ဗျာများရတဲ့ ဒရာမာကားလေးတွေကိုမှ သဘောကျပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် BO commercial hit အချစ်ဟာသ ဇာတ်ကားသစ်ကြီး "Cocktail 2" ကို တင်ဆက်ပေးလိုက်ပါပြီ။ ၂၀၁၂ တုန်းက ပရိသတ်တွေ အသည်းစွဲခဲ့တဲ့ Deepika Padukone, Saif Ali Khan နဲ့ Diana Penty တို့ ၃ ယောက်ကြားက ပုံစံမတူတဲ့ မိန်းကလေးနှစ်ယောက်နဲ့ ယောက်ျားလေးတစ်ယောက်ရဲ့ သုံးပွင့်ဆိုင် အချစ်၊ သံယောဇဉ်နဲ့ အလွဲတွေကို အရသာရှိရှိ ပုံဖော်သွားခဲ့တဲ့ "Cocktail" ကားလေးကို မှတ်မိကြဦးမှာပါ။ အခုအသစ်ထွက်လာတဲ့ ဒီဒုတိယပိုင်းမှာတော့ ဇာတ်ကောင်သစ်၊ ခံစားမှုအသစ်တွေနဲ့ နောက်ထပ် သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ထပ်မံခံစားရမှာပါ။ ဒီကားမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသားချော Shahid Kapoor နဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး Rashmika Mandanna တို့နဲ့အတူ မင်းသမီးချော Kriti Sanon အဓိက ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့... ဒီယာနဲ့ ကူနယ်တို့ဟာ ဆယ်စုနှစ်တစ်ခုစာ အတူတကွ ဖြတ်သန်းလာခဲ့ကြတဲ့ သံယောဇဉ်ခိုင်မာလှတဲ့ စုံတွဲလေးပါ။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ တည်ငြိမ်နေတဲ့ ရေပြင်လို ဆက်ဆံရေးဟာ ငယ်သူငယ်ချင်းဟောင်းဖြစ်သူ 'အယ်လီ' သူတို့ဘဝထဲကို ပြန်လည်ဝင်ရောက်လာချိန်မှာတော့ ဂယက်တွေ စတင်ရိုက်ခတ်လာပါတော့တယ်။ အစပိုင်းမှာတော့ မိန်းကလေးနှစ်ယောက်ကြားက ရိုးရိုးရှင်းရှင်း အစီအစဉ်လေးတစ်ခုကနေ စတင်ခဲ့ပေမဲ့... နောက်ပိုင်းမှာတော့ ဘယ်သူမှ မျှော်လင့်မထားတဲ့ အခြေအနေတွေဆီကို ဦးတည်သွားပြီး ကမောက်ကမတွေ၊ အလွဲလွဲအချော်ချော်တွေနဲ့ ရယ်ရခက် ငိုရခက် အဖြစ်အပျက်တွေကို ရိုလာကိုစတာစီးရသလို ရင်တလှပ်လှပ်နဲ့ ကြုံတွေ့လာရတဲ့အခါ… ၁၀ နှစ်တာ တည်ဆောက်ခဲ့တဲ့ အချစ်ကပဲ ခိုင်မာမလား၊ သူငယ်ချင်းဟောင်း ပြန်ရောက်လာမှုကပဲ သူတို့ကြားမှာ ဝင်္ကပါတစ်ခု ဖြစ်သွားမလား ဆိုတာကို ပေါ့ပေါ့ပါးပါးလေးနဲ့ ရယ်မောခံစားရမှာပါ။ Comedy, Drama, Romance အရသာ ၃ မျိုးစလုံး အပြည့်အဝပေးစွမ်းနိုင်တဲ့ ကားကောင်းလေးမို့ ပိတ်ရက်မှာ အပန်းဖြေရင်း ကြည့်ရှုဖို့ အထူးပဲ ညွှန်းဆိုလိုက်ပါတယ်ခင်ဗျာ။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/732

ကော့တေးလိုယစ်မူးတဲ့အချစ်
ကော့တေးလိုယစ်မူးတဲ့အချစ်

"အယူဝါဒကိုအံတု၍"

အယူဝါဒကိုအံတု၍ A-a-k-h-r-i S-a-w-a-l (2026) ======================= IMDB ⭐️ 6.3/10 "ဆရာမပြမှ နည်းမကျဆိုပေမဲ့... ဆရာကိုယ်တိုင်က လမ်းမှားပြနေရင်ရော ကိုယ်တိုင်ပဲ လမ်းသစ်ဖောက်မလား ဆရာဆိုတာလည်း အမှားနဲ့မကင်းတဲ့လူသားပဲမလို့ ဆရာဆိုတိုင်း မှန်တယ်လို့ တထစ်ချယူလို့ရသလား။ ခေတ်သစ်အမြင်သစ်နောက်ကိုပဲလိုက်တဲ့ ခေတ်လူငယ်ပီပီ ခေတ်ကိုဦးစားသိပ်ပေးလွန်းပြီး အမှန်တရားကို မမြင်နေတာလား ~ ~ ~" Thriller နဲ့ History ကို ရောစပ်ထားပြီး ပညာရေးလောကရဲ့ အမှောင်ခြမ်းကို ဖော်ထုတ်ထားတဲ့ ဘောလိဝုဒ် ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒီကားမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် ဝါရင့်မင်းသားကြီး Sanjay Dutt က ဆရာကြီး Gopal Nadkarni အဖြစ် အဓိက ပါဝင်အားဖြည့်ထားသလို၊ တက်သစ်စမင်းသား Namashi Chakraborty နဲ့ မင်းသမီးချောတွေဖြစ်တဲ့ Tridha Choudhury, Sameera Reddy, Neetu Chandra တိုကလည်း အပြိုင်ကြဲထားကြပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဗစ်ကီဆိုတဲ့ ဉာဏ်ရည်ထက်မြက်ပေမဲ့ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ ပညာရှင်လူငယ်လေးနဲ့ သူ့ရဲ့ လေးစားရတဲ့ ဆရာဖြစ်သူ ပရော်ဖက်ဆာ နတ်ကာနီ တိုကြားက အားပြိုင်မှုကနေ စတင်ထားပါတယ်။ ပညာရေးအဖွဲ့အစည်းတွေရဲ့ ဘက်လိုက်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေကို ဗစ်ကီတစ်ယောက် လူသိရှင်ကြား စွပ်စွဲပြောဆိုလိုက်ရာကနေ ဆရာနဲ့တပည့်ကြားက သာမန် ပညာရပ်ဆိုင်ရာ သဘောထားကွဲလွဲမှုလေးဟာ တစ်နိုင်ငံလုံးအတိုင်းအတာအထိ ပွက်လောရိုက်သွားတဲ့ အရှုပ်တော်ပုံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတဲ့အခါ... ဘုရားတစ်ဆူလို ကိုးကွယ်ရတဲ့ ဆရာကပဲ မှားနေတာလား... ဒါမှမဟုတ် တပည့်ဖြစ်သူကပဲ စည်းကျော်သွားတာလား... ဖြေရှင်းမရတဲ့ ပညာရပ်ဆိုင်ရာ ငြင်းခုံမှုတွေရဲ့ နောက်ကွယ်မှာရော ဘယ်လို အဖွဲ့အစည်းတွေရဲ့ လျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာကို ရင်တမမနဲ့ ရှုစားရမှာပါ။ အိန္ဒိယရဲ့ ပညာရေးစနစ်၊ သမိုင်းကြောင်းတွေနဲ့ အဖွဲ့အစည်းတွေရဲ့ အားပြိုင်မှုကို Thriller ဆန်ဆန် ရိုက်ပြထားတာမို့၊ ဇာတ်လမ်းဇာတ်ကွက် ခိုင်ခိုင်မာမာနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ကားမျိုးကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ကားတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်ခင်ဗျာ။

အယူဝါဒကိုအံတု၍
အယူဝါဒကိုအံတု၍

မုဆိုး [၂၀၂၆] ရှယ်ကြမ်းကားသစ် Kattalan (2026) မေလတုန်းက ရုံတင်ပြသခဲ့တဲ့ ခပ်မိုက်မိုက် မာလျာလမ်စကားပြော ဆင်စွယ်မှော-င်-ခိုအက်ရှင်ကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ၂၀၂၄ တုန်းက ကြ-မ်းတယ်ရ-မ်းတယ်လို့ နာမည်ကြီးခဲ့တဲ့ Marco ရုပ်ရှင်နဲ့ ၂၀၁၉ တုန်းကထွက်ရှိခဲ့တဲ့ Mikhael ရုပ်ရှင်တို့နဲ့ ယူနီဗာ့စ်တစ်ခုတည်းမှာ ချိ-တ်ဆက်တည်ရှိနေတာပါ။ ၁၉၉၅ ခုနှစ်ဝန်းကျင်တုန်းက ကီရယ်လာပြည်နယ်နဲ့ တမီလ်နာဒူး နယ်စပ်မှာရှိတဲ့ အန်နာကိုလီဆိုတဲ့ရွာလေးဟာ တောဆ-င်ရို-င်းတွေရဲ့ ရ-န်ကို အမြဲတမ်းကြော-က်နေရတဲ့အတွက် မာရီဆိုတဲ့ မုဆို-းတစ်ယောက်ကို ဆင်ရို-င်းတွေကိုရှ-င်းပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ ဒါပေမဲ့ မာရီဟာ ဆ-င်ရို-င်းတွေကိုရှ-င်းပေးရုံမဟုတ်ဘဲ တစ်ရွာလုံးကို ပြင်ပနဲ့အဆက်အသွယ်ဖြ-တ်ကာ နှစ် ၂၀ ကြာတဲ့ထိ ထိန်းချုပ်ပြီး ဆင်စွယ်မှော-င်-ခိုကွန်ရက်ကြီးတခု လျှို့ဝှက်တည်ဆောက်ရင်း ပြို-င်ဖက်ဂို-ဏ်းတွေနဲ့ န-ယ်-မြေ-လုနေခဲ့ပါတယ်။ အဲဒီလိုန-ယ်-မြေ-လု-ပွဲတွေဖြစ်နေတဲ့အချိန်မှာ အန်တိုနီဆိုတဲ့ ကြေ-းစာ-းတဟ်ယောက် မာရီရဲ့ဂို-ဏ်းထဲကိုရောက်လာပြီး ရွာသားတွေရဲ့ ဖိ-နှိ-ပ်-ခံရမှုတွေ၊ သဘာဝပတ်ဝန်းကျင်ထိ-ခို-က်ပျ-က်စီ-းမှုတွေ၊ မ-တ-ရားမှုတွေကိုတွေ့ရှိလာတဲ့အခါ...။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+_EjqNe-b4CQxYzQ1 ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/4315958829/415

မုဆိုး [၂၀၂၆] ရှယ်ကြမ်းကားသစ်
မုဆိုး [၂၀၂၆] ရှယ်ကြမ်းကားသစ်

ကျိန်စာသင့် ကျူရှင်ဆရာမနှင့် ကျောင်းသားများ၏ ရင်ခုန်စရာ လွတ်မြောက်ရေး မစ်ရှင် 📖✨💀 The Tutor (2025) စာမေးပွဲအောင်ဖို့အတွက် ပညာရေးမှာ ထူးချွန်ဖို့လိုပေမယ့်၊ အဲ့ဒီအောင်မြင်မှုဟာ လူ့အသက်နဲ့ရင်းရမယ်ဆိုရင်ရော... ဘယ်လိုလုပ်ကြမလဲ? ဇာတ်လမ်းကတော့ စာပေပညာရေးမှာ ဖိစီးမှုတွေများပြီး အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ချင်ဇောဇုန်ရောက်နေကြတဲ့ ကျောင်းသားလူငယ်လေးတွေဖြစ်တဲ့ பெလ် (Bell)၊ ဂေါ့ (Goth) နဲ့ ပိုင် (Pai) တို့အကြောင်းကနေ စတင်ပါတယ်။ သူတို့ဟာ စာမေးပွဲမှာ အမှတ်ကောင်းတွေရဖို့အတွက် ရှေးဟောင်းလျှို့ဝှက်ဆန်းကြယ်တဲ့ ရိုးရာထုံးစံ ရိတွူရယ် (Ritual) တစ်ခုကို လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ စွန့်စားပြီး အဲ့ဒီထူးဆန်းတဲ့ ထုံးစံကိုလုပ်လိုက်တဲ့အခါမှာတော့ သူတို့မျှော်လင့်ထားသလို စာမေးပွဲတွေမှာ ထူးချွန်လာကြပေမယ့်၊ တကယ်တမ်းမှာတော့ ကျောင်းရဲ့ မှောင်မိုက်တဲ့ စာသင်ခန်းတွေနဲ့ စင်္ကြံတွေထဲမှာ ပုန်းအောင်းနေတဲ့ မကောင်းဆိုးဝါး ဝိညာဉ်ဆိုးတစ်ခု၊ ဆရာ့ဘဝနဲ့ သေဆုံးသွားခဲ့တဲ့ တစ္ဆေဆရာတစ်ဦးကို မရည်ရွယ်ဘဲ နိုးထစေခဲ့မိပါတယ်။ အဲ့ဒီနောက်မှာတော့ ကျောင်းသားတွေရဲ့ အမှားတွေအတွက် ရက်စက်ကြမ်းကြوتစွာ အပြစ်ပေးသတ်ဖြတ်မယ့် သေမင်းတမန် စာသင်ခန်းတားမြစ်ချက်တွေ၊ လွတ်မြောက်ဖို့လမ်းမရှိတော့တဲ့ ကြောက်မက်ဖွယ် ငရဲခန်းလို အလွန်အမင်း ရင်တမမဖြစ်ရမယ့် အခြေအနေတွေကို ရင်ဆိုင်ကြရပါတော့တယ်။ အောင်မြင်မှုနောက်လိုက်ရင်း အသက်နဲ့ရင်းပြီး ကျော့မိသွားတဲ့ ကျောင်းသားတွေ ဒီအန္တရာယ်ကနေ ဘယ်လိုလွတ်မြောက်အောင် ရုန်းကန်ကြမလဲဆိုတာကို သည်းထึกရင်ဖို ကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/2704450145/1453

ကျိန်စာသင့် ကျူရှင်ဆရာမနှင့် ကျောင်းသားများ၏ ရင်ခုန်စရာ လွတ်မြောက်ရေး မစ်ရှင် 📖✨💀 T*h*e T*u*t*o*r (20*25)
ကျိန်စာသင့် ကျူရှင်ဆရာမနှင့် ကျောင်းသားများ၏ ရင်ခုန်စရာ လွတ်မြောက်ရေး မစ်ရှင် 📖✨💀 T*h*e T*u*t*o*r (20*25)