es
Feedback
Bioscope Vibes

Bioscope Vibes

Canal cerrado

Well

Mostrar más
El país no está especificadoLa categoría no está especificada

📈 Análisis del canal de Telegram Bioscope Vibes

El canal Bioscope Vibes es un actor destacado. Actualmente la comunidad reúne a 15 522 suscriptores, ocupando la posición en la categoría Otro.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 15 522 suscriptores.

Según los últimos datos del 28 septiembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de 599, y en las últimas 24 horas de 57, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 5.27%. Durante las primeras 24 horas tras publicar, el contenido suele obtener 1.67% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 815 visualizaciones. En el primer día suele acumular 259 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 1.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
“Well”

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 29 septiembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Otro.

15 522
Suscriptores
+5724 horas
+2707 días
+59930 días
Archivo de publicaciones
ဆိပ်ကမ်းမာဖီးယားများ P_on-g_a-l_a (2-0-2-6) IMDb ⭐️ 5.4/10 အရာအားလုံးက အဘီဆိုတဲ့ ကလေးလေးရဲ့အဖေဖြစ်သူ ဂျိုးဆက်က ငွေလိမ်လည်ပြီး ထွက်ပြေးသွားရာကနေ စတင်ခဲ့ပါတယ်။ အကြွေးရှင်တွေက အဘီ့ရဲ့အမေကို လာရောက်အနိုင်ကျင့်တဲ့အခါ မိခင်ကိုကာကွယ်ရင်း အဘီတစ်ယောက် လူသတ်မှုကျူးလွန်မိပြီး ထောင် ၃ နှစ် ကျသွားခဲ့ပါတယ်။ ထောင်ကထွက်လာပြီးနောက်မှာတော့ အဘီဟာ ဆာဘူ ဘီဂျူ ဘိုင်ဂျူတို့နဲ့ တွေ့ဆုံခဲ့ပြီး ဆိပ်ကမ်းမှာ ငါးလုပ်ငန်းလုပ်ရင်း သူတို့ရဲ့ သူငယ်ချင်းသံယောဇဉ်က သွေးနဲ့ရင်းပြီး ခိုင်မာလာခဲ့ပါတယ်။ ဆာဘူဟာ အဲဒီနယ်ရဲ့ သြဇာအာဏာအကြီးဆုံး ဆရာကြီးဖြစ်လာပါတယ်။ ဒါပေမဲ့ ဆာဘူတို့က လောဘတကြီးနဲ့ ပုပ်သိုးနေတဲ့ ငါးတွေကို အမိုးနီးယားဆေးတွေထည့်ပြီး ပြန်ရောင်းဖို့ ယုတ်မာတဲ့ စီးပွားရေးလှည့်ကွက်တွေ သုံးလာတဲ့အခါမှာတော့ အမှန်တရားကိုမြတ်နိုးတဲ့ အဘီက လုံးဝ လက်မခံဘဲ ဆန့်ကျင်ပါတော့တယ်။ အဲဒါအပြင် ဆာဘူသဘောကျ သိမ်းပိုက်ချင်နေတဲ့ မုဆိုးမလှလှလေးတစ်ယောက်ကလည်း အဘီ့ရဲ့စောင့်ရှောက်မှုအောက်မှာ ရှိနေတာကြောင့် အထင်လွဲစရာတွေ တစ်ခုပေါ်တစ်ခုပုံလာပါတယ်။ တစ်နေ့မှာတော့ ဆာဘူရဲ့ တရားမဝင် ငါးဂိုဒေါင်ကို ကျန်းမာရေးဌာနနဲ့ ရဲတွေက ဝင်ဖမ်းပြီး ချိပ်ပိတ်လိုက်ပါတယ်။ ဆာဘူက ဒီသတင်းကိုပေးတာ "အဘီ" ပဲလို့ အခိုင်အမာ ယုံကြည်သွားတဲ့အခါ.... ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/235

ဆိပ်ကမ်းမာဖီးယားများ
ဆိပ်ကမ်းမာဖီးယားများ

Dridam (2026) ဗဟေဠိ ရဲ့နောက်ကွယ် IMDb (7.3/10) ၂၀၂‌၆ခုနှစ်ရဲ့မကြာသေးခင်ကမှ ရုံတင်ပြသခဲ့တဲ့ မလေးယာလမ် (Malayalam) စုံထောက်သည်းထိတ်ရင်ဖို ရုပ်ရှင်ကားတစ်ကား ကိုတင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကြီး ဒါရိုက်တာ Jeethu Joseph (Drishyam ရုပ်ရှင်ဖန်တီးသူ) က တင်ဆက်ပေးထားပြီး ဒါရိုက်တာ Martin Joseph Tharakunnel က ရိုက်ကူးထားတာဖြစ်ပါတယ်။ ခေါင်းဆောင်မင်းသားအဖြစ် လူငယ်မင်းသား Shane Nigam က ပါဝင်သရုပ်ဆောင်ထားပါတယ်။ အေးချမ်းသာယာတဲ့ တောင်ပေါ်စခန်းတစ်ခုမှာ ပထမဆုံးအကြိမ် တာဝန်ကျလာတဲ့ ရဲအရာရှိငယ်လေး ဗီဂျေးဟာ အေးချမ်းသာယာပြီး ရာဇဝတ်မှုကင်းစင်တဲ့ ရွာလေးတစ်ရွာမှာ ပထမဆုံးအကြိမ် တာဝန်ကျခဲ့ပါတယ်။ အေးအေးဆေးဆေး တာဝန်ထမ်းဆောင်ရမယ်လို့ သူမျှော်လင့်ထားခဲ့ပေမဲ့ ရွာထဲမှာ လူ‌ေ_သရုပ်အလောင်းတစ်ခုကို စတင်တွေ့ရှိလိုက်ရတဲ့အခါမှာတော့ သူ့ရဲ့မျှော်လင့်ချက်တွေ ပျက်ပြယ်သွားခဲ့ရပါတယ်။ အခြေအနေတွေက ပိုမိုဆိုးရွားလာပြီး နောက်ထပ်လူ‌ေ_သအလောင်း နှစ်လောင်း ထပ်မံတွေ့ရှိရတဲ့အပြင် ဒေသတွင်း ကုမ္ပဏီတစ်ခုမှာလည်း အကြီးစား ဓားပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ သဲလွန်စ အလွန်နည်းပါးနေတဲ့ ဒီအမှုတွဲတွေကို စုံစမ်းဖို့အတွက် အထက်လူကြီးတွေရဲ့ ဌာနတွင်းမှ ဖိအားများနဲ့ စိုးရိမ်ထိတ်လန့်နေသော ဒေသခံများကြားမှာ ဗီဂျေးဟာ မမျှော်မှန်းနိုင်တဲ့ အခက်အခဲများကို ဟန်ချက်ညီညီ ရင်ဆိုင်ဖြေရှင်းဖို့အပြင် နောက်ကွယ်က လျှို့ဝှက်ချက်တွေကို အချိန်မီ ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/2704450145/928

ဗဟေဠိ ရဲ့နောက်ကွယ် D*r*i*d*a*m (20*26) IMDb (7.3/10)
ဗဟေဠိ ရဲ့နောက်ကွယ် D*r*i*d*a*m (20*26) IMDb (7.3/10)

သွေးစွန်းနန်းတော် B_h-o-ot-h B_an-g_l-a (2-0-2-6) Hindi IMDB ⭐️ 6/10 "အလကားရတဲ့ အမွေအိမ်ကြီးမှာ… မမြင်ရတဲ့ လက်ဆောင်တွေ ပါလာတဲ့အခါ..." ကဲ... ဘောလိဝုဒ် Horror Comedy ဆိုရင် အသေခိုက်တဲ့ ဘော်ဒါတိုအတွက် တကယ့်ကို အကြိုက်တွေ့စေမဲ့ ကားသစ်ကြီး ထွက်လာပြီနော်။ Bhool Bhulaiyaa, Hera Pheri တိုလို ဂန္ထဝင်ဟာသကားတွေကို ရိုက်ခဲ့တဲ့ ဆရာကြီး Priyadarshan နဲ့ မင်းသားကြီး Akshay Kumar တိုရဲ့ Legendary Combo ကြီး ပြန်ဆုံတဲ့ကားဆိုတော့ ရယ်ရလွန်းလို ဗိုက်နှိပ်ရမယ့်အပြင် ကျောချမ်းစရာတွေပါ ပါလာဦးမှာနော်။ ဒါ့အပြင် ဟာသဘုရင် Paresh Rawal, မင်းသမီးကြီး Tabu နဲ့ Mithila Palkar တိုပါ အားဖြည့်ထားတော့ Cast နဲ့တင် ကြည့်ရတာ တစ်ဝက်တန်နေပါပြီ။ ဇာတ်လမ်းကတော့ မန်ဂယ်ပူဆိုတဲ့ ရွာလေးတစ်ခုမှာရှိတဲ့ ခမ်းနားတဲ့ နန်းတော်ကြီးတစ်ခုကို အမွေရလိုက်ရာကနေ စပါတယ်။ အမွေရရချင်းပဲ ပျော်ပျော်ပါးပါးနဲ့ သူ့ညီမလေးရဲ့ မင်္ဂလာဆောင်ကို ဒီနန်းတော်ကြီးမှာပဲ ကျင်းပဖို မိသားစုလိုက် ပြောင်းရွှေ့လာကြတာပေါ့။ ဒါပေမဲ့ သူတိုထင်ထားသလို မင်္ဂလာပွဲက သာသာယာယာ ဖြစ်မလာခဲ့ပါဘူး။ အိမ်ကြီးထဲကို ခြေချလိုက်တာနဲ့ ကြက်သီးထစရာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေက သူတိုကို ကြိုဆိုနေခဲ့ပါတယ်။ တကယ်တော့ ဒီနန်းတော်ကြီးဟာ သာမန်စံအိမ်ကြီးမဟုတ်ဘဲ ဒေသခံတွေ အကြောက်ဆုံး "Bhooth Bangla" လိုခေါ်တဲ့ သရဲစံအိမ်ကြီး ဖြစ်နေခဲ့တဲ့အခါ… မင်္ဂလာဆောင်ဖို ပြင်ဆင်နေတဲ့ မိသားစုတွေကြားထဲကို သရဲတွေက ဘယ်လိုဝင်မွှေကြမလဲ။ သရဲခြောက်လို ဟိုပြေးဒီပြေး လိမ်ရင်းညာရင်း တလွဲတချော်တွေနဲ့ ဗျာများကြမဲ့အပြင်၊ သရဲကိုပဲ ကြောက်ရမလား၊ လူတွေရဲ့ ဗရုတ်သုတ်ခ လုပ်ရပ်တွေကြောင့်ပဲ အူတက်အောင် ရယ်ရမလားဆိုတာကတော့… တော်တော်လေးပေါ့ပေါ့ပါးပါးနဲ့ အတော်လည်းခွီရတဲ့ဇာတ်ကားလေးဖြစ်တာမလို့ စိတ်ညစ်ညူးနေတဲ့ပရိသတ်ကြီးအတွက်တော့ ဟာဒယရွှင်ဆေးတစ်ခွက်ဖြစ်လာမှာမို လက်မနှေးတမ်း ပြေးကြည့်လိုက်ကြပါတော့ဗျာ။ ဇာတ်ကားလင့်ခ်👇👇👇 https://t.me/burmasubmov/3136

သွေးစွန်းနန်းတော်
သွေးစွန်းနန်းတော်

ကွန်တိန်နာထဲက အတိတ်မေ့နေသူ

ကွန်တိန်နာထဲက အတိတ်မေ့နေသူ L_a de-s_co-no_ci-da ( 2-0-2-6 ) IMDB ⭐️ 5.4/10 ဒီကားလေးကတော့ စုံထောက်အက်ရှင်ကိုမှ ဇာတ်အေးအေးပုံစံမျိုးနဲ့ နောက်ပိုင်းအရှိန်မြင့်လာမဲ့ ဇာတ်လမ်းမျိုးလေးပါပဲ စပိန်ရိုက်ဇာတ်ကားလေးဖြစ်ပြီး La desconocida ဆိုတဲ့ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်ကားလေးပါ အမည်နောက်တစ်မျိုးကတော့ the marked woman အဖြစ်လည်း ဒီရုပ်ရှင်ကို သိကြပါတယ် ဇာတ်လမ်းကတော့ ဘာစီလိုနာဆိပ်ကမ်းကို ဆိုက်ကပ်လာတဲ့ ကွန်တိန်နာထဲမှာ နှိပ်စက်ခံထားရတဲ့ အမျိုးသမီးတစ်ယောက်ပါ ပါလာခဲ့ပါတယ် အဲဒီအမျိုးသမီးမှာ သူ့ရဲ့အတိတ် သူနဲ့ပတ်သက်တဲ့အကြောင်း ဘာဆိုဘာမှ မမှတ်မိတော့တာကြောင့် သူပါလာတဲ့ကွန်တိန်နာ တာထွက်လာတဲ့ နေရာကလွဲရင် ရဲတွေလည်း ဘာသဲလွန်စမှမရလို့ အကျပ်ရိုက်နေပါပြီ အယ်ဂီစီရက်ကနေ လာတဲ့ သင်္ဘောဆိုတာကလွဲရင် ဘာသဲလွန်စမှ မရတဲ့အခါ ဒီအမျိုးသမီးဘယ်သူလဲ ဘာလဲ နောက်ကြောင်းကိုစုံစမ်းဖို့ အတွက် မောင်သေလို့ စိတ်ထိခိုက်နေတဲ့ ရစ်ပိုဆိုတဲ့ စုံထောက်မကို တာဝန်ပေးလိုက်ပါတော့တယ် သူနဲ့အတူ အယ်ဂီစီရက်က ကိစ္စတစ်ခုကြောင့် အစစ်ဆေးခံနေရတဲ့ ဇာရာတေးဆိုတဲ့ရဲကပါ ရောက်လာတဲ့အခါမှာတော့... အတိတ်မေ့နေတဲ့ကောင်မလေး စိတ်ထိခိုက်နေတဲ့ စုံထောက်မနဲ့ ပြည်ထဲရေးဌာနက အစစ်ဆေးခံနေရတဲ့ ဇာရာတေးတို့သုံးယောက်ဟာ အချင်းချင်း မတည့်ဘဲကိုက်ကြရင်း အဲဒီကြားထဲကနေ ဒီလျှို့ဝှက်ချက်များနေတဲ့ အမှုကို ဘယ်လိုဖော်ထုတ်သွားမလဲ ဘာလို့ကွန်တိန်နာထဲမှာ လူတစ်ယောက်ပါလာရသလဲ ဒီကောင်မလေးရဲ့ အတိတ်မှာရော ဘယ်လိုလူဖြစ်ခဲ့လဲ လျှို့ဝှက်ချက်များစွာကို တဖြည်းဖြည်းဖြည်ချရင်း ဖော်ထုတ်ပြသွားမှာဖြစ်လို့ လျှို့ဝှက်ဆန်းကြယ်စုံထောက်ကားမျိုး ကြည့်ချင်နေသူရှိရင်တော့ ဒီကားလေးက သင်တို့အတွက်ပါပဲ

ကွန်တိန်နာထဲက အတိတ်မေ့နေသူ
ကွန်တိန်နာထဲက အတိတ်မေ့နေသူ

P-e-m-u-j-a (2026) အာရှ horror လောကမှာ နာမည်ကြီးတဲ့ မလေးရှားစုန်း တွေအကြောင်းကိုရိုက်ပြထားတဲ့ Supernatural Horror ကားကောင်းတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းကတော့ အပြင်ပန်းကြည့်ရင် အရမ်းကို အောင်မြင်ပြီး ပြီးပြည့်စုံတဲ့ ဘဝကို ပိုင်ဆိုင်ထားကြတဲ့ လင်မယားနှစ်ဦးဖြစ်သူ Qistina နဲ့ Aqil တို့အကြောင်း ကနေ စတင်ထားပါတယ်။ Qistina ဟာ နာမည်ကျော် ကလေးပုံပြင်စာအုပ် စာရေးဆရာမတစ်ဦးဖြစ်ပြီး၊ Aqil ကတော့ သူ့ရဲ့ နည်းပညာ Start-up ကုမ္ပဏီကို အောင်မြင်အောင် ကြိုးစားတည်ဆောက်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် လူငယ်တစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ ငွေကြေးအကျပ်အတည်း တွေ ဆက်တိုက်ကြုံတွေ့လာရတဲ့အပြင်… မိသားစုတွင်း အဖြစ်ဆိုးတစ်ခုကြောင့် သူတို့လင်မယားနှစ်ယောက် ဟာ မြို့ပြကဘဝကို စွန့်ခွာပြီး Qistina ရဲ့ ကွယ်လွန်သူ ဖခင် ချန်ထာ ချန်ထားခဲ့တဲ့ တောရွာက ဘိုးဘွားပိုင် အိမ်ဟောင်း ကြီး ဆီကို သူတို့ရဲ့ သမီးငယ်လေး Laila နဲ့အတူ မလွဲမရှောင်သာ ပြောင်းရွှေ့နေထိုင်ဖို့ ရွေးချယ်လိုက်ရ ပါတော့တယ်။အစပိုင်းမှာတော့ အရာအားလုံးက အေးအေးချမ်းချမ်း ရှိနေသလို ထင်ရပေမဲ့… အိမ်ကြီးရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေ၊ ဖခင်ဖြစ်သူရဲ့ အတိတ်ကအောက်လမ်းစုန်းကိုးကွယ်မှုတွေက တဖြည်းဖြည်းချင်း ပေါ်လာပါတော့တယ်။ အိမ်ကြီးထဲမှာ ထူးဆန်းတဲ့ သဘာဝလွန် ဖြစ်ရပ်တွေ ခြောက်လှန့်လာချိန်မှာ... သူတို့ မိသားစုဟာ ဘဝကို ပြန်လည်တည်ဆောက်နိုင်မလား၊ဒါမှမဟုတ် အိမ်ကြီးရဲ့ ဝါးမြိုခြင်းကိုပဲ ခံရမလားဆိုတာ ကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် ကားမျိုး ဖြစ် ပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/225

P-e-m-u-j-a (20*26)
P-e-m-u-j-a (20*26)

ဧရာမ မြွေဆိုးကြီး ဇာတ်ကားသစ်

ဧရာမ မြွေဆိုးကြီး ဇာတ်ကားသစ် Sn_ake Inf_est_atio_n i_n Fac_tory (20_25) စက်ရုံတစ်ခုမှာ မြေတူးလုပ်စဉ် ဧရာမမြွေသိုက်တစ်ခုကို မတ
ဧရာမ မြွေဆိုးကြီး ဇာတ်ကားသစ် Sn_ake Inf_est_atio_n i_n Fac_tory (20_25) စက်ရုံတစ်ခုမှာ မြေတူးလုပ်စဉ် ဧရာမမြွေသိုက်တစ်ခုကို မတော်တဆဖော်ထုတ်သွားတာက ဇာတ်လမ်းအစဖြစ်ပါတယ်။ သိုက်ဖောက်မိသွားချိန်ကစပြီး စက်ရုံတိုင်းခြံမှာ မြွေတွေ တစ်နေ့မှာ တစ်ခါထက် တစ်ခါများချဴးထွေနဲ့ သောင်းကျန်းလာတယ်။ တစ်ချိန်တည်းမှာပဲ CGI Effect တွေနဲ့ သရုပ်ဆောင်မှုတွေကလည်း အများကြီးကောင်းပြီး သဘာ ဘေးအန္တရာယ်+တောရိုင်းတိရစ္ဆာန် ဇာတ်ကားတွေကိုနှစ်သက်သူအတွက် တကယ့်လက်ဖက်ရည်ပဲ ဖြစ်လာစေတယ်။ မြွေဘေးက ပိုပြီးအန္တရာယ်လာသောအခါမှ စက်ရုံထဲမှာ မြွေဖမ်းပြီး မှောင်ခိုရောင်းစားနေသူတစ်ဦးရှိကြောင်း အမှန်တကယ်ပေါ်လွင်လာတယ်။ သူကြောင့်ပဲ သိုက်ဖောက်မိခြင်း၊ မြွေသောင်းကျန်းခြင်းတွေ စနစ် mad ထွက်ကာ ဖြစ်ပေါ်လာခြင်းတွေကို အသက်ရှင်ကျန်သူတွေ နောက်မှသာသိကြရတာ

ပညာပေးမဲ့ ကျောင်းဆရာ စဆုံး T*e*a*c*h Y*o*u A L*e*s*s*o*n (20*26) ဆိုးသွမ်းနေတဲ့ကျောင်းသားတွေကို ကျောင်းက ဆရာ၊ဆရာမတွေကိုယ်စား
ပညာပေးမဲ့ ကျောင်းဆရာ စဆုံး T*e*a*c*h Y*o*u A L*e*s*s*o*n (20*26) ဆိုးသွမ်းနေတဲ့ကျောင်းသားတွေကို ကျောင်းက ဆရာ၊ဆရာမတွေကိုယ်စား ဆုံးမပေးသွားမယ့် မင်းသား Kim Moo-yulရဲ့ကားသစ် netflix ကနေ ထွက်ရှိလာပါပြီ။ ကျောင်းတွေမှာ ဆရာ၊ဆရာမတွေက အာဏာမရှိတော့တဲ့အခါမှာ အမျိုးသားလွှတ်တော်နဲ့ ပညာရေးဝန်ကြီးဌာနတို ပူးပေါင်းပြီး ပညာရေးအခွင့်အရေးကာကွယ်စောင့်ရှောက်တဲ့ဗျူရိုဆိုတဲ့အဖွဲအစည်းကို ဖွဲစည်းလိုက်ပါတော့တယ်။ နာဟွာဂျင်နဲ့ အဖွဲသားတွေက သာမန်ဆရာတွေအနေနဲ့မဟုတ်ဘဲ ပြဿနာပေါင်းစုံ တက်နေတဲ့ ကျောင်းတွေကို စေလွှတ်ခြင်းခံရတဲ့ စစ်ဆေးရေးမှူးတွေပေါ့။ ဖတ်စာအုပ်ထဲမှာ မတွေ့နိုင်တဲ့ဘဝသင်ခန်းစာတွေကို နာဟွာဂျင်တိုအဖွဲ ဘယ်လိုသင်ကြားပေးသွားမလဲ။ ဆရာ၊ဆရာမတွေတောင် မနိုင်လောက်အောင် ဆိုးသွမ်းနေတဲ့ကျောင်းသားတွေကို ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာကို ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/213

လူကြီးမင်းတို့အားလုံး မျှော်နေကြတဲ့ ရုံတင်ဝူရှကား

လူကြီးမင်းတို့အားလုံး မျှော်နေကြတဲ့ ရုံတင်ဝူရှကား Bl_ad-es o-f the Gu-ar_di-an_s: W-i_n-d Ri-se_s in the D-es_er-t (2-0-2-6) IMDB ⭐️ 7.3/10 ဖြူုနှချောလှ တရုတ်သိုင်းကားတွေကို စိတ်ညစ်လှပါပြီဆိုတဲ့ ဝူရှချစ်သူတို့အတွက် ဝူရှစစ်စစ်ကိုမှ ရေမရောတဲ့ ဇာတ်ကားကြီးကို တင်ဆက်ပေးလိုက်ပါပြီ ဟုတ်ပါတယ် ဒီဇာတ်ကားကတော့ လူကြီးမင်းတို့အားလုံး မျှော်နေကြတဲ့ B_l-a_d-e-s O-f T-h_e G-u_a-r-d_i-a-n_s (2-0-2-6) ပါပဲ။ Castတွေအနေနဲ့ကတော့ တရုတ်အက်ရှင်မင်းသားကြီး Jing Wu နဲ့ ကျွန်တော်တို့အချစ်တော် ဟွားဝူချွဲမင်းသား Nicholas Tse တို့အပြိုင်ကြဲထားတဲ့အပြင် ဂျက်ကီချန်း ဂျက်လီတို့လို တကယ့် ဆရာ့ဆရာကြီးတွေနဲ့ ရှယ်ပလန်ထားတဲ့ရှယ်ကားမလို့ မကြည့်မိလိုက်ရင်တော့ နောင်တတွေတစ်ပွေ့တစ်ပိုက်နဲ့ ဝေ့ဝိုက်နေရမယ်နော်။ နာမည်ကြီး တရုတ် Manhua "Biao Ren" ကို အသက်သွင်းထားတဲ့ ဒီဇာတ်လမ်းကတော့ စွေမင်းဆက်နှောင်းပိုင်း မငြိမ်မသက်ဖြစ်နေတဲ့ ကာလမှာ အခြေတည်ထားပါတယ်။ သောင်းမာဆိုတာ သိုင်းပညာ ပြိုင်ဘက်ကင်းပြီး ကုန်ပစ္စည်းပို့ဆောင်ပေးရတဲ့ အလုပ် အစောင့်အရှောက်ဘဝနဲ့ အသက်မွေးတဲ့ ထိပ်တန်း ဓားသမားတစ်ယောက်ပါ။ သူက ကလေးငယ်လေး ရှောင်ချီးကိုခေါ်ပြီး လေလွင့်သွားလာနေရင်း အကြွေးတစ်ခုကို ဆပ်ဖို့အတွက် အင်မတန် အန္တရာယ်များတဲ့ အစောင့်အရှောက်တာဝန်တစ်ခုကို မတတ်သာဘဲ လက်ခံလိုက်ရပါတယ်။ ပြဿနာက အဲဒီမှာ စတာပါပဲ။ သူတို့ ကာကွယ်ပေးပြီး သဲကန္တာရကိုဖြတ်ကာ ခရီးဆက်ရမဲ့သူက သာမန်လူမဟုတ်ဘဲ နန်းတွင်း အရှုပ်အထွေးတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေရဲ့ ဗဟိုချက် ပုန်ကန်သူဖြစ်နေတဲ့အခါ… သောင်းမာ တစ်ယောက် ကလေးတစ်ဖက်နဲ့ သဲကန္တာရ လေပြင်းတွေကြားမှာ မျိုးစုံသော လူသတ်သမားတွေ ကြေးစားတွေ ရက်စက်တဲ့ စွေစစ်တပ်ကို ဘယ်လို ထိပ်တိုက်ရင်ဆိုင်ရမလဲဆိုတာကတော့… သိုင်းကွက်တွေက လေထဲပျံဝဲနေတဲ့ CGI အလွန်အကျွံတွေမပါဘဲ Raw ဖြစ်တဲ့ ဓားသိုင်းခန်းလှလှတွေ၊ အနီးကပ် ဓားခုတ်ခန်းတွေနဲ့ တီဗီခေတ်က ဝူရှဇာတ်ကားကောင်းတွေရဲ့အငွေ့အသက်ကို ပြန်မြင်ရမဲ့ ဇာတ်ကားအနှစ်လေးမလို့ ခုပဲရှုစားလိုက်ကြပါဦး။

လူကြီးမင်းတို့အားလုံး မျှော်နေကြတဲ့ ရုံတင်ဝူရှကား
လူကြီးမင်းတို့အားလုံး မျှော်နေကြတဲ့ ရုံတင်ဝူရှကား

Run to the West (2025) ဒီတစ်ခေါက်မှာတော့ Black Out ထဲက မင်းသား Byun Yo-Han, Low Life ထဲက မင်းသား Yang Se-Jong, Wonderful World ထဲက မင်းသား Kim Kang-Woo, Aema ထဲက မင်းသမီး Bang Hyo-Rin, နဲ့ မင်းသား Lim Hyung-Jun, As You Stood By ထဲက မင်းသား Lee Mu-Saeng တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ စိတ်ကူးယဉ်အက်ရှင် ရုပ်ရှင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကြီးရုပ်ရှင် THE OUTLAWS ရဲ့ ဒါရိုက်တာ ဂန်ယွန်းဆောင်းက ရို-က်ကူးထားပြီး ဇာတ်ကွက်တချို့ကို AI နည်းပညာ အသုံးပြုဖန်တီးထားတဲ့ ပထမဆုံး ကိုးရီးယားရုပ်ရှင်မို့လို့ လက်မလွတ်တမ်း ကြည့်သင့်တဲ့ ရုပ်ရှင်လေးပါပဲနော်။ - ဇာတ်လမ်းအကျဉ်း - မိခင်ရဲ့ ဈာပနပွဲအတွက် နိုင်ငံခြားကနေ ပြန်လာရင်း လူမို-က်ဂို-ဏ်းတစ်ခုရဲ့ ပြ-န်-‌ေ-ပ-းဆွဲ-ခြင်းကို ခံလိုက်ရတဲ့ လော-င်းက-စားဆိုဒ်သူဌေး ဂျယ်ဘုမ်း (Yang Se-Jong) ကို ဈာပနပွဲမှာ ရောက်ရှိနေတဲ့ အမျိုးသားထော-က်လှမ်းရေးအဖွဲ့ ဘလက်အေးဂျင့် အီဂျောင်ဝန်း (Byun Yo-Han)၊ ရုပ်သံဌာန ပီဒီ ဂင်ဆော့ထယ် (Lim Hyung-Jun)၊ ရဲ-အ-ရာ-ရှိ ဂျိုမင်ယောင်း (Kim Kang-Woo)၊ မင်းသမီး ဘန်ဆောအာ (Bang Hyo-Rin) တို့ လေးဦးက ကယ်တင်ဖို့ ကြိုးစားရင်းကနေ ယ-ာဉ်တို-က်မှုဖြစ်သွားခဲ့ပါတယ် အဲဒီလိုကနေ သူတို့တွေက လူတစ်ယောက် ‌ေ-သ-ဆုံ-းသွားတဲ့အခါ နောက်ဘ-ဝမကူးခင် ခဏတာ လှ-ည့်လ-ည်ရှ-င်သ-န်ရတဲ့ ကြားလော-ကထဲမှာ ပိ-တ်မိသွားပြီး ဝိ-ညာ-ဉ်တွေကို လိုက်လံဖ-မ်းဆီ-းနေတဲ့ ‌ေ-သ-မ-င်းတ-မ-န်တွေနဲ့ ရင်ဆိုင်တို-က်ခို-က်ကြရတဲ့အခါမှာတော့... ရှင်လူလည်းမဟုတ် ‌ေ-သလူလည်းမဟုတ်တဲ့ အခြေအနေကနေ လွတ်မြောက်နိုင်ဖို့ သူတို့တွေ ဘယ်လိုမျိုး အသ-က်လုရု-န်းက-န်သွားကြမှာလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/208

R-u-n t-o t-h-e W-e-s-t (2-0-2-5)
R-u-n t-o t-h-e W-e-s-t (2-0-2-5)

ပျောက်ဆုံးနေသော မိမိ (消失的我) I'm Gone 2026 Movie 👁️🪞 "ကားအက်စီးဒင့်တစ်ခုအပြီးမှာ အတိတ်တွေအားလုံး ပျောက်ဆုံးသွားခဲ့တဲ့ မိန်းကလေး......" ဒီတစ်ခါတကယ့်ကို စိတ္တဇဆန်ဆန် ဦးနှောက်ခြောက်စေမယ့် Suspense / Mystery ရုပ်ရှင်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်နော် ဇာတ်လမ်းက "ငါ ဘယ်သူလဲ" ဆိုတဲ့ လျှို့ဝှက်ချက်ကို မှန်တစ်ချပ် အခန်းမှောင်တစ်ခန်းနဲ့ ထိန့်လန့်စရာ ပုံဖော်ထားတာပါ ဇာတ်လမ်းအကျဉ်း 📝 ပြင်းထန်လှတဲ့ ကားမတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် အမျိုးသမီးလေး Xu Meng ဟာ သူမရဲ့ အတိတ်အမှတ်တရတွေအားလုံး ပျောက်ဆုံးပြီး အတိတ်မေ့သွားခဲ့ရပါတယ် အဲဒီလို အားကိုးရာမဲ့နေတဲ့ အချိန်မှာပဲ ရုပ်ရည်ရော ငွေကြေးပါ ပြည့်စုံလှတဲ့ ယောက်ျား Qin Shibin နဲ့ ဆုံတွေ့ခဲ့ပြီး သူမဟာ Qin Shibin အပေါ် အသက်ထက်မက သံယောဇဉ်တွယ်ကာ ချစ်မိသွားခဲ့ပါတော့တယ် သူတို့နှစ်ယောက်ဟာ တစ်အိမ်တည်းမှာ အတူတူ နေထိုင်ခဲ့ကြပြီး အစပိုင်းမှာတော့ အရာရာဟာ စိတ်ကူးယဉ်အိပ်မက်တစ်ခုလို သာယာလို့နေခဲ့ပါတယ် ဒါပေမဲ့ တစ်နေ့မှာတော့ Xu Meng ဟာ အိမ်ထဲက လူမသိသူမသိ ပိတ်ထားတဲ့ လျှို့ဝှက်ခန်း တစ်ခုကို မထင်မှတ်ဘဲ ရှာဖွေတွေ့ရှိသွားခဲ့ပါတယ် အဲဒီအခန်းထဲကို ဝင်သွားတဲ့အချိန်မှာတော့ သူမကို တုန်လှုပ်ခြောက်ခြားသွားစေတာက အခန်းထဲမှာ ပုပ်ပွနေတဲ့ အမျိုးသမီး အလောင်းတစ်လောင်းရှိနေတာပါပဲ ပိုပြီး ထိတ်လန့်စရာကောင်းတာက အဲဒီအလောင်းကို တွေ့ပြီးနောက် မှန်ထဲကို ပြန်ကြည့်လိုက်တဲ့အခါမှာ မှန်ထဲက မြင်နေရတဲ့ မိမိကိုယ်တိုင်ရဲ့ မျက်နှာဟာ Xu Meng ရုပ်ရည်မဟုတ်တော့ဘဲ အခန်းမှောင်ထဲက သေဆုံးနေတဲ့ ထိုအမျိုးသမီး ရဲ့ မျက်နှာအဖြစ် ပြောင်းလဲသွားတာကို ကြောက်မက်ဖွယ် တွေ့လိုက်ရတဲ့အခါမှာတော့ အမှန်တရားကို လိုက်လံစုံစမ်းပါတော့တယ် ဒါပေမဲ့ အမှန်တရားရဲ့ နောက်ကွယ်ကို လိုက်လေလေ ဒီမျက်နှာပြောင်းလဲမှုနဲ့ ယောက်ျားဖြစ်သူ Qin Shibin ရဲ့ နောက်ကွယ်မှာ သာမန်လူတွေ တွေးလို့မရနိုင်လောက်အောင် နက်ရှိုင်းပြီး ကြောက်စရာကောင်းတဲ့ ကစားပွဲကြီးရှိနေမှန်း သိလိုက်ရတဲ့အခါ... ဒီရုပ်ရှင်လေးက အိပ်မက်လား တကယ်လား ခွဲမရအောင် ဇာတ်ကောင်ကိုရော ကြည့်ရှုသူကိုပါ စိတ္တဇဝင်္ကပါထဲ ပိတ်လှောင်ထားတဲ့ Plot မျိုးဖြစ်ပြီးဇာတ်လမ်းရဲ့ အဓိက ဆွဲဆောင်မှုက မှန်ထဲက မျက်နှာက ဘာလို့ သူများမျက်နှာ ဖြစ်နေရတာလဲ အခန်းမှောင်ထဲက အလောင်းကကော ဘယ်သူလဲ ဆိုတဲ့ မေးခွန်းတွေနဲ့ ဇာတ်ရှိန်ကို တောက်လျှောက် ဆွဲတင်ထားတာမို့ စိတ်၀င်စားစရာအရမ်းကောင်းနေမှာပါ ကဲ မှန်တစ်ချပ်ရဲ့ နောက်ကွယ်မှာ ပျောက်ဆုံးသွားတဲ့ သစ္စာတရားကို SoulKingdom မှာ အခုပဲ ရှုစားလိုက်ရအောင် ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/2704450145/913