es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete 👈

👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

Ir al canal en Telegram

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

Mostrar mĂĄs
282
Suscriptores
Sin datos24 horas
Sin datos7 dĂ­as
-730 dĂ­as
Archivo de publicaciones
မှော်ဘီရှိ ကုန်ထုတ်လုပ်မှု ကွင်းဆက် စိန်ခေါ်မှုများ ကို လျင်မြန်စွာ ညှိနှိုင်းဖြေရှင်းပေးနိုင်မည့် အစိုးရ-ပုဂ္ဂလိက ကဏ္ဍပူးပေါ
မှော်ဘီရှိ ကုန်ထုတ်လုပ်မှု ကွင်းဆက် စိန်ခေါ်မှုများ ကို လျင်မြန်စွာ ညှိနှိုင်းဖြေရှင်းပေးနိုင်မည့် အစိုးရ-ပုဂ္ဂလိက ကဏ္ဍပူးပေါင်းဆောင်ရွက်မှု ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြေပြင်တွင် ကြုံတွေ့နေရသည့် အခက်အခဲများကို တိုက်ရိုက်ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်၍ တိုင်းဒေသကြီး MSME Agency အဖွဲ့ဝင်များနှင့် မှော်ဘီမြို့နယ်ရှိ MSME လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ဇူလိုင်လ ၁၅ ရက် မွန်းလွဲပိုင်းက မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး MSME Agency ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသည့် ဒေသခံ MSME လုပ်ငန်းရှင်များ အားတက်သရော တက်ရောက်ခဲ့ကြသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/မှော်ဘီရှိ-ကုန်ထုတ်လုပ်/

Forwarded From တိုက်ပွဲသတင်းစုံ Congratulations ပါ တိုက်ပွဲသတင်းစုံ
Forwarded From တိုက်ပွဲသတင်းစုံ Congratulations ပါ တိုက်ပွဲသတင်းစုံ

July-16 ▪️ KPMF, KNLA အဖွဲ့မှ အလင်းဝင်ရောက်လာသူ ၄၁ ဦး၏ ပုံများ ဖော်ပြပေးလိုက်ပါတယ်။ - နောင်လည်း အများကြီး ဝင်ဖို့ရှိပါသေးတယ်။
July-16 ▪️ KPMF, KNLA အဖွဲ့မှ အလင်းဝင်ရောက်လာသူ ၄၁ ဦး၏ ပုံများ ဖော်ပြပေးလိုက်ပါတယ်။ - နောင်လည်း အများကြီး ဝင်ဖို့ရှိပါသေးတယ်။ တိုက်ပွဲသတင်းစုံ

အွန်လိုင်းရာဇဝတ်မှုများနှိမ်နှင်းရေးအတွက် မြန်မာနိုင်ငံကအလေးထားဆောင်ရွက်နေမှုကို ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဆွေးနွေးပြ
အွန်လိုင်းရာဇဝတ်မှုများနှိမ်နှင်းရေးအတွက် မြန်မာနိုင်ငံကအလေးထားဆောင်ရွက်နေမှုကို ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဆွေးနွေးပြောဆို အွန်လိုင်းရာဇဝတ်မှုများနှိမ်နှင်းရေးအတွက် မြန်မာနိုင်ငံကအလေးထားဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီး ဒေါက်တာခင်သီတာအေးက ဆွေးနွေးပြောကြားခဲ့သည်။ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ Museum of Illusions တွင် ဥရောပပါလီမန်အမတ် Mr. Ondřej Dostál နှင့် ဘရပ်ဆဲလ်မြို့တော်ကောင်စီဝင် Mr. Nasir Mohammad တို့ပူးတွဲ၍ ဇူလိုင် ၁၃ ရက်ကကျင်းပသော "နယ်စည်းမခြား ဆိုက်ဘာရာဇဝတ်မှုများနှင့် အွန်လိုင်းလိမ်လည်မှုများတိုက်ဖျက်ရေးအတွက် ဥရောပသမဂ္ဂ–အာရှ ပူးပေါင်းဆောင်ရွက်မှု"ဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆွေးနွေးပွဲအား ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ambassador Fei Shengchao နှင့် မြန်မာသံအမတ်ကြီးဒေါက်တာခင်သီတာအေးတို့က ဦးဆောင်ဆွေးနွေးခဲ့ကြသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/အွန်လိုင်းရာဇဝတ်မှုမျာ/

ဗန်ကောက်မြို့၌ အိမ်အကူလုပ်နေရာမှ ကျန်းမာရေးမကောင်း၍ မြန်မာနိုင်ငံပြန်ချင်သူအား အလုပ်သမားသံအရာရှိရုံးကပြန်လည်ပို့ဆောင်ပေးခဲ့ ထ
ဗန်ကောက်မြို့၌ အိမ်အကူလုပ်နေရာမှ ကျန်းမာရေးမကောင်း၍ မြန်မာနိုင်ငံပြန်ချင်သူအား အလုပ်သမားသံအရာရှိရုံးကပြန်လည်ပို့ဆောင်ပေးခဲ့ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ အိမ်ရာတစ်ခု၏ နေအိမ်တစ်အိမ်၌ အိမ်အကူအဖြစ်အလုပ်လုပ်ကိုင်နေရာမှ ကျန်းမာရေးမကောင်း၍ မြန်မာနိုင်ငံသို့ပြန်ချင်သူအား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးက ကူညီပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ အိမ်အကူလုပ်နေသော မြန်မာနိုင်ငံသူသည် ဖုန်းနှင့် အ ထောက်အထားစာရွက်စာတမ်းများမပါဘဲ မြန်မာသံရုံးသို့လာရောက်၍ ကျန်းမာရေးမကောင်း၍ မြန်မာနိုင်ငံသို့ပြန်လိုသည်ဟု အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ၎င်းအား MOEAA ရုံးတွင် ခေတ္တနေထိုင်ရန် မြန်မာသံရုံးကစီစဉ်ပေးခဲ့ပြီးနောက် MOEAA ၏ရှေ့နေအပါအဝင် သံရုံးမှတာဝန်ရှိသူများက အလုပ်ရှင်နှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံသူ၏ ပိုင်ဆိုင်မှုများနှင့် အ ထောက်အထားစာရွက်စာတမ်းများကိုပြန်လည်ရယူပေးခဲ့ကြကြောင်း သိရသည်။ သတင်းအပြည့်အစုံ‌ဖတ်ရန်>> https://www.popularmyanmar.com/ဗန်ကောက်မြို့၌-အိမ်အကူလ/

" EAO အဖွဲ့  á€á€˝á€ąá€”ဲအ အာဆီယံ အထူးကိုယ်စားလှယ်တွေ့ဆုံမှုဟာ မြန်မာ့နိုင်ငံရေးအခြေအနေ လုံးဝပြောင်းလဲသွားစေနိုင်တဲ့ Game Changer ဖြစ်ချင်ဖြစ်သွားနိုင်တယ်လို့ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာထရီဆာ ပီ. လာဇရို ပြော ✅အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ အထူးကိုယ်စားလှယ်ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး မာထရီဆာ ပီ. လာဇရိုဟာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေးအတွက် ထိုင်းနိုင်ငံမှာ နှစ်ရက်ဆက်တိုက် သီးခြားတွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ✅မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ တွေ့ဆုံပြီး နောက်ရက်မှာပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ KNU၊ KNPP၊ CNF၊ NMSP နဲ့ RCSS တို့အပါအဝင် EAO အဖွဲ့ ငါးဖွဲ့ရဲ့ အဆင့်မြင့်ကိုယ်စားလှယ်တွေကို သီးခြားတွေ့ဆုံခဲ့သလို၊ မြန်မာနိုင်ငံအစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကိုယ်စားလှယ်တွေနဲ့လည်း ဆက်လက်ဆွေးနွေးခဲ့ပါတယ်။
မာထရီဆာ ပီ. လာဇရိုကတော့ အခုလို EAO အဖွဲ့တွေရဲ့ အဆင့်မြင့်ခေါင်းဆောင်တွေနဲ့ လူကိုယ်တိုင် ပထမဆုံးအကြိမ် တွေ့ဆုံနိုင်ခဲ့တာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ခုလို့ ပြောပါတယ်။ ဒါ့အပြင် အဆင့်မြင့်ကိုယ်စားလှယ်တွေ ကိုယ်တိုင် တက်ရောက်လာတာက အပြုသဘောဆောင်တဲ့ လက္ခဏာဖြစ်ပြီး၊ အနာဂတ်မှာ ကတိကဝတ်တချို့ ရရှိလာနိုင်တဲ့ အလားအလာရှိတယ်လို့လည်း ဆိုပါတယ်။
အထူးသဖြင့် "ဒီတွေ့ဆုံမှုဟာ မြန်မာ့အခြေအနေကို လုံးဝပြောင်းလဲသွားစေနိုင်တဲ့ Game Changer ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။ အခုလို တွေ့ဆုံနိုင်ခဲ့တာကိုက အလွန်ကောင်းမွန်တဲ့ လက္ခဏာဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရေးပါတဲ့ စတင်ခြေလှမ်းတစ်ခုပါ" လို့ ပြောကြားခဲ့ပါတယ်။
အစည်းအဝေးပြီး ထုတ်ပြန်ကြေငြာချက်မျိုးတွေချပြတာမတွေ့ရပါဘူး။ 🔰အချုပ်အားဖြင့် သုံးသပ်ကြည့်ရရင် အခုတွေ့ဆုံမှုတွေမှာ အာဆီယံက မြန်မာအစိုးရနဲ့ တရားဝင်ဆက်သွယ်ရေးလမ်းကြောင်းကို ဆက်ထိန်းထားသလို၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း တိုက်ရိုက်ထိတွေ့ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာနိုင်မယ့် လမ်းကြောင်းကို စတင်ဖော်ဆောင်နေတယ်လို့ မြင်နိုင်ပါတယ်။ 🔰လွန်ခဲ့တဲ့ငါးနှစ်တာကာလလို 5 points of statement ကိုပဲ ထိုင်ပြောနေတာကလွဲပြီး ဘာမှ မလှုပ်တာနဲ့ယှဉ်ရင် ခုလို ပူးပေါင်းဆောင်ရွက်မှုမျိုးကို ကြိုဆိုပါတယ်။ ဒါပေမယ့် ဒီလက်နက်ကိုင် အဖွဲ့တွေလောက်တွေ့ရုံနဲ့ မြန်မာ့အရေးကလွယ်လွယ်နဲ့ ပြောင်းလဲသွားမယ်လို့ ထင်နေပုံပါပဲ။ ကျွန်တော်တို့ နိုင်ငံအကြောင်းကို ကျွန်တော်တို့လောက်ဘယ်သူကမှမသိပါဘူး။ ကျွန်တော်တို့ပဲ လုပ်ရမှာပါ။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ညှိကြနှိုင်းကြပြီးပဲ ကျွန်တော်တို့ ငြိမ်းချမ်းရေးကို ကျွန်တော်တို့ကိုယ်တိုင် အကောင်အထည်ဖော်ရမှာပါ။ ဘယ်သူ့မှအားကိုးစရာလည်းမလိုသလို အားကိုးလို့လည်းမရပါဘူး။ အိမ်နီးချင်းသာဓုခေါ်ကောင်းရုံလောက် ကြေးစည်ထုကြတာပါ။ ဒီနေရာမှာ NUG/CRPH တို့လို အကြမ်းဖက်ကတော့ အကြမ်းဖက်ပါပဲ။ ငြိမ်းချမ်းရေးစားပွဲနဲ့ မသက်ဆိုင်ပါဘူး။ 🔰အာဆီယံ ရဲ့ အထူးကိုယ်စားလှယ် မာထရီဆာ ပီ. လာဇရိုကတော့ ဒီတွေ့ဆုံမှုဟာ "Game Changer" ဖြစ်လာနိုင်တယ်ဆိုတဲ့ စကားထုတ်ပြောလာပြီးတော့ မျှော်လင့်ချက်ကို ခပ်ကြီးကြီးထားထားတာတွေ့ရပါတယ်။ ဒီမျှော်လင့်ချက်တွေ လက်တွေ့ဖြစ်လာမလားဆိုတာကတော့ လာမယ့်ရက်တွေအတွင်း မြန်မာ့နိုင်ငံရေးအခြေအနေရဲ့ အရွေ့က အဖြေပေးသွားမှာ ဖြစ်ပါတယ်။ ဖိုးမောင်

ရက်ကန်းစက်များ အဆင့်မြှင့်တင်နိုင်ရေး နိုင်ငံတော်မှ ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်း
ရက်ကန်းစက်များ အဆင့်မြှင့်တင်နိုင်ရေး နိုင်ငံတော်မှ ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား ======================== ပြည်နယ်များအလိုက် ချည်ထည်ထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ရက်ကန်းစက်များ အဆင့်မြှင့်တင်နိုင်ရေး နိုင်ငံတော်မှ ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဝါထုတ်လုပ်မှု တိုးတက်လာစေရေးအတွက် စုပေါင်းသမဝါယမစနစ်ဖြင့် ဆောင်ရွက်သွားရန်လိုပြီး ဝါကြိတ်စက်၊ ချည်မျှင်စက်နှင့် ရက်ကန်းစက်များ တိုးတက်စေရေး နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဇူလိုင်လ ၁၃ ရက်တွင် မကွေးမြို၊ မြိုတော်ခန်းမ၌ ကျင်းပပြုလုပ်သည့် “ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို” ဆွေးနွေးပွဲအခမ်းအနားကို တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ဒေသခံပြည်သူများ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုများ ပိုမိုအဆင်ပြေစေရေးအတွက် ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရေး ပြန
ဒေသခံပြည်သူများ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုများ ပိုမိုအဆင်ပြေစေရေးအတွက် ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရေး ပြန်လည်သုံးသပ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လမ်းညွှန်မှာကြား ================================ ဒေသခံပြည်သူများ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုများ ပိုမိုအဆင်ပြေစေရေးအတွက် ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရေး ပြန်လည်သုံးသပ်ဆောင်ရွက်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဇူလိုင်လ ၁၃ ရက်တွင် မင်းဘူးမြို့နယ်၊ မြန်မာ့မီးရထားဘူတာရှိ မင်းလှ- မင်းဘူးရထားလမ်းပိုင်းအား သွားရောက်ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့တာဖြစ်ပါတယ်။

သစ်တောသစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းသည် နိုင်ငံ၏ ကောင်းမွန်သည့် အနာဂတ်ကိုတည်ဆောက်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအော
သစ်တောသစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းသည် နိုင်ငံ၏ ကောင်းမွန်သည့် အနာဂတ်ကိုတည်ဆောက်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား ========================= သစ်တောသစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းသည် ဘက်စုံအကျိုးကျေးဇူးများ ရရှိနိုင်သကဲ့သို့ နိုင်ငံ၏ ကောင်းမွန်သည့် အနာဂတ်ကိုတည်ဆောက်ခြင်းလည်းဖြစ်ကြောင်း၊ စိုက်ပျိုးပြီးသည့် သစ်ပင်များကို တစ်ပင်စိုက်လျှင်တစ်ပင် ရှင်သန်အောင်မြင်အောင် ပြုစုထိန်းသိမ်းပြီး မိမိတို့ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်များကို အပူပိုင်းဒေသ၏ အိုအေစစ်ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားလိုကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဇူလိုင်လ ၁၃ ရက်တွင် မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်ရှိ မြန်မာ့မီးရထားဘူတာနှင့် မီးရထားကွန်ကရစ်စက်ရုံဝန်းအတွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ မိုးရာသီ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

သီတဂူဆရာတော်ကြီး အပါအ၀င် ဆရာတော်ကြီးသုံးပါး ပါဝင်ဟောကြားမည့် တော်ဝင်ဓမ္မသဘင် တရားပွဲအား သုံးရက်တိုင် ကျင်းပပြုလုပ်သွားမည် ဇူလ
သီတဂူဆရာတော်ကြီး အပါအ၀င် ဆရာတော်ကြီးသုံးပါး ပါဝင်ဟောကြားမည့် တော်ဝင်ဓမ္မသဘင် တရားပွဲအား သုံးရက်တိုင် ကျင်းပပြုလုပ်သွားမည် ဇူလိုင် ၁၅ သီတဂူဆရာတော်ကြီး အပါအ၀င် ဆရာတော်ကြီးသုံးပါး ပါဝင်ဟောကြားမည့် တော်ဝင်ဓမ္မသဘင် တရားပွဲအား ဇူလိုင် ၂၇ ရက်နေ့မှ ဇူလိုင် ၂၉ ရက်အထိ သုံးရက်တိုင် ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ တော်ဝင်ဂါးဒင်းဟိုတယ် တော်ဝင်မဂ်လာခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။(people media) TruthZoneOnline

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် ထိုင်းဘုရင့်တပ်မတော်မှ Lt. Gen. Warathep Boonya တို့တွေ့ဆုံပြီး နယ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် ထိုင်းဘုရင့်တပ်မတော်မှ Lt. Gen. Warathep Boonya တို့တွေ့ဆုံပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည့်အခြေအနေများအား ဆွေးနွေး ============================= တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး သည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့သော (၃၈)ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ထိုင်းဘုရင့်တပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen. Warathep Boonya ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ဇူလိုင်လ ၁ ရက်တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာများကို အောင်မြင်စွာဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ညောင်ခါးရှည် စစ်ဆေးရေးစခန်းမှာ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားတဲ့ ကုန်ပစ္စည်းတွေကို လေလံတင် ရောင်းချမယ် ပဲခူးတိုင်း၊ ဝေါမြို့န
ညောင်ခါးရှည် စစ်ဆေးရေးစခန်းမှာ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားတဲ့ ကုန်ပစ္စည်းတွေကို လေလံတင် ရောင်းချမယ် ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ် က ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်းမှာ ပြည်သူ့ဘဏ္ဍာအဖြစ် ဖမ်းဆီး၊ သိမ်း ဆည်းထားသည့် ကုန်စည်အမှုတွဲ ၁၁ မှုကို လာမည့် ဇူလိုင် ၁၇ ရက်နေ့၊ နံနက် ၉ နာရီခွဲမှာ ၄င်းစစ်ဆေးရေးစခန်းမှာပဲ လေလံတင်မယ်လို့ လေလံ တင်ရောင်းချရေးအဖွဲ့က ထုတ်ပြန် ကြေညာထားပါတယ်။ လေလံတင်ရောင်းချမယ့် ကုန်ပစ္စည်းတွေကတော့ Used Phone, Used Copien ယာဉ်၊ စက်အပိုပစ္စည်း၊ ကားတာယာ၊ ဘက်ထရီ၊ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေဖြစ်ကာ မျက် မြင်အတိုင်း ဈေးပြိုင်စနစ်ကို အသုံး ပြု၊ ရောင်းချသွားမှာဖြစ်ပြီး လေလံစာရွက်တစ်စုံကို ကျပ်တစ်သောင်းနှုန်းဖြင့် ရုံးချိန်အတွင်း ဇူလိုင် ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ လာရောက် ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ လေလံစာရွက်ဝယ်ယူသူတွေအနေနဲ့ လေလံစည်းကမ်းချက်ပါ အာမခံ စပေါ်ငွေပေးသွင်းမှသာ ဇူလိုင် ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့အတွင်း ပစ္စည်းတွေကို ကြည့်ရှု့ခွင့်ပေးမှာဖြစ်ပြီး သိရှိလိုသူများ ညောင်ခါးရှည်စခန်းကို လူကိုယ်တိုင်လာရောက် ဆက်သွယ် စုံစမ်းနိုင်ကြောင်းသိရသည် #unionpoliticsnews

တူရကီက မအောင်မြင်တဲ့အာဏာသိမ်းမှု - ၁၀ နှစ်အတွင်း အာဒိုဝမ် ဘာတွေပြောင်းလဲခဲ့လဲ တူရကီမှာ ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၁၅ ရက်မှာဖြစ်ခဲ့တ
တူရကီက မအောင်မြင်တဲ့အာဏာသိမ်းမှု - ၁၀ နှစ်အတွင်း အာဒိုဝမ် ဘာတွေပြောင်းလဲခဲ့လဲ တူရကီမှာ ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၁၅ ရက်မှာဖြစ်ခဲ့တဲ့ မအောင်မြင်တဲ့စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် တူရကီနိုင်ငံရေးဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ကဏ္ဍစုံ ပြောင်းလဲခဲ့ပါတယ်။ ပြည်တွင်းနိုင်ငံရေးအာဏာမျှခြေရော၊ ပြည်ပဆက်ဆံရေးကိုပါပြောင်းလဲစေခဲ့တာဖြစ်ပါတယ်။

မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း အမှတ်(၄၉)အဆန်နှင့် အမှတ်(၅၀)အစုန်ရထားခရီးစဉ်များ ဇူလိုင် ၂၁ ရက်တွင်စတင်ပြေးဆွဲမည် Credit to Popular Journal - ကချင်ပြည်နယ်အစိုးရအဖွဲ့က မြစ်ကြီးနား-မိုးကောင်း- မိုးညှင်း အမှတ်(၄၉)အဆန်နှင့် အမှတ်(၅၀)အစုန်ရ ထားခရီးစဉ်များပြန်လည်ပြေးဆွဲနိုင်ရေးဆောင်ရွက်ခဲ့မှုကြောင့် လာမည့် ဇူလိုင် ၂၁ ရက်တွင်စတင်ပြေးဆွဲပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် မြန်မာ့မီးရထားမှ မိုးကောင်း-မိုးညှင်းဘူတာကြား (၅၂ ဒဿမ ၂၅)မိုင်အတွင်းရှိ သံလမ်းများပြုပြင်ထိန်းသိမ်းခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ရှင်းလင်းခြင်းနှင့် သံလမ်းကူးတံတားများပြုပြင်တည်ဆောက်ခြင်း၊ ဘူတာများပြင်ဆင်ခြင်းတို့ကိုပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ပင်းဘောဘူတာမှ နန်းခွင်ဘူတာအထိ သံလမ်းတစ်လျှောက်ရှင်းလင်းခြင်း၊ သံလမ်းပြုပြင်ခြင်း၊ နန်းခွင်ဘူတာအကျော် နန်းခွင်ချောင်းပေါ်တွင်တည် ဆောက်ထားသော ရထားလမ်းမိုင်တိုင် ၆၅၆/၁၆ နှင့် ၆၅၆/၁၈ ရှိ တံတားအမှတ်(၆၃၀)အား တံတားရေလည်တိုင်များပျက်စီးမှုကိုပြန်လည်ပြုပြင်တည်ဆောက်ခြင်း ၊ တံတားကမ်းကပ်ခုံရေတိုက်စားမှုကိုပြုပြင်တည် ဆောက်ခြင်း၊ သံလမ်းဇလီဖားတုံးမြှင့်တင်ခြင်းတို့ကိုလည်းပြုလုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုများကို ကချင်ပြည် နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ဇူလိုင် ၁၁ ရက်နံနက်ပိုင်းတွင်ကြည့်ရှုစစ်ဆေးပြီး ရထားတာဝန်ရှိသူများအား ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။ photo_ကချင်ပြည်နယ်အစိုးရ

စစ်ရေးပစ်မှတ်များနှင့် မသက်ဆိုင်သော ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ပြည်ထောင်စုကားလမ်းမ အစရှိသောနေရာများတွင် မိုင်းထောင်ထ
စစ်ရေးပစ်မှတ်များနှင့် မသက်ဆိုင်သော ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ပြည်ထောင်စုကားလမ်းမ အစရှိသောနေရာများတွင် မိုင်းထောင်ထားရှိခဲ့ မြိတ်ခရိုင်၊ ပုလောမြိုနယ် မြိတ်-ထားဝယ်သွား ပြည်ထောင်စုကားလမ်းမပေါ် ဇရပ်ဆိပ်ကျေးရွာအုပ်စုရှိ ဇရပ်ဆိပ်ရွာနှင့် မိန်းမမြိုရွာတိုတွင် အကြမ်းဖက်များ ဂိတ်ဖွင့် ဆက်ကြေးကောက်နေကြောင်း ခရီးသွားပြည်သူများ၏သတင်းပေးချက်အရ နယ်မြေလုံခြုံရေးလှုပ်ရှားစစ်ကြောင်းများမှ ချီတက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်များဆုတ်ခွာထွက်ပြေးခဲ့ပြီးနောက် ၎င်းအကြမ်းဖက်များမှ အောက်တန်းကျသည့်လုပ်ရပ်အဖြစ် အများပြည်သူများထိခိုက်စေရန်ရည်ရွယ်၍ စစ်ရေးပစ်မှတ်များနှင့် မသက်ဆိုင်သော ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ပြည်ထောင်စုကားလမ်းမ အစရှိသောနေရာများတွင် မိုင်းထောင်ထားရှိခဲ့မှုအား လှုပ်ရှားစစ်ကြောင်းမှ (၁၅.၇.၂၀၂၆) နေ့တွင် ဖော်ထုတ်ရှင်းလင်းခဲ့သည့် မြင်ကွင်းပုံရိပ်များ…….

July-15 ▪️ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် ကရင်ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖ
July-15 ▪️ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် ကရင်ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့(KPMF)နှင့် KNLA အဖွဲ့တို့မှ အဖွဲ့ဝင် ၄၁ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံ စနစ်တကျလွှဲပြောင်းအပ်နှံ

မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း အမှတ်(၄၉)အဆန်နှင့် အမှတ်(၅၀)အစုန်ရထားခရီးစဉ်များ ဇူလိုင် ၂၁ ရက်တွင်စတင်ပြေးဆွဲမည် ကချင်ပြည်န
မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း အမှတ်(၄၉)အဆန်နှင့် အမှတ်(၅၀)အစုန်ရထားခရီးစဉ်များ ဇူလိုင် ၂၁ ရက်တွင်စတင်ပြေးဆွဲမည် ကချင်ပြည်နယ်အစိုးရအဖွဲ့က မြစ်ကြီးနား-မိုးကောင်း- မိုးညှင်း အမှတ်(၄၉)အဆန်နှင့် အမှတ်(၅၀)အစုန်ရ ထားခရီးစဉ်များပြန်လည်ပြေးဆွဲနိုင်ရေးဆောင်ရွက်ခဲ့မှုကြောင့် လာမည့် ဇူလိုင် ၂၁ ရက်တွင်စတင်ပြေးဆွဲပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် မြန်မာ့မီးရထားမှ မိုးကောင်း-မိုးညှင်းဘူတာကြား (၅၂ ဒဿမ ၂၅)မိုင်အတွင်းရှိ သံလမ်းများပြုပြင်ထိန်းသိမ်းခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ရှင်းလင်းခြင်းနှင့် သံလမ်းကူးတံတားများပြုပြင်တည်ဆောက်ခြင်း၊ ဘူတာများပြင်ဆင်ခြင်းတို့ကိုပြုလုပ်လျက်ရှိကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>>

ချင်းတွင်းမြစ်ရေ ဖောင်းပြင်မြို့၏စိုးရိမ်ရေမှတ်အ ထက်ကျော်လွန်ရောက်ရှိကာ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ရေဝင်နေ စစ်ကိုင်းတို
ချင်းတွင်းမြစ်ရေ ဖောင်းပြင်မြို့၏စိုးရိမ်ရေမှတ်အ ထက်ကျော်လွန်ရောက်ရှိကာ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ရေဝင်နေ စစ်ကိုင်းတိုင်းရှိ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့ ၏စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်ရောက်ရှိနေကာ အနိမ့်ပိုင်းရပ်ကွက်/ကျေးရွာများအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ယနေ့ နေ့လည် ၁ နာရီတွင်တိုင်းထွာရရှိချက်အရ ချင်း တွင်းမြစ်ရေသည် ဖောင်းပြင်မြို့၏စိုးရိမ်ရေမှတ် (၁,၃၂၅)စင်တီမီတာအထက် (၁,၃၅၀)စင်တီမီတာသို့ကျော်လွန်ရောက်ရှိနေ၍ အနိမ့်ပိုင်းများဖြစ်သော မြို့ပေါ်ရပ်ကွက်/ကျေးရွာများ၌ရေဝင်ရောက်မှုဖြစ်ပေါ်လျက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဒေသခံများအသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအ တွက် သတိပြုနေထိုင်ကြရန်နှင့် အရေးပေါ်အကူအညီများလိုအပ်ပါက အကူအညီများပေးနိုင်ရေးအတွက် စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

July-15 ▪️ ရေတာရှည်မြို့နယ်မှာ အမျိုးသမီးတစ်ဦးကို PDF အယောက် ၂၀ က နေအိမ်အထိလာရောက်သတ်ဖြတ် 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝙐𝙇𝙔~𝟏𝟓》 ပဲခူ
July-15 ▪️ ရေတာရှည်မြို့နယ်မှာ အမျိုးသမီးတစ်ဦးကို PDF အယောက် ၂၀ က နေအိမ်အထိလာရောက်သတ်ဖြတ် 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝙐𝙇𝙔~𝟏𝟓》 ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်မှာ ဇူလိုင်လ ၁၃ ရက်နေ့ နမနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က အမျိုးသမီးတစ်ဦးကို အကြမ်းဖက် NUG သြဇာခံ PDF အမည်ခံအကြမ်းဖက်သမား အယောက် ၂၀ က နေအိမ်အထိလာရောက်သတ်ဖြတ်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းမှတ်တမ်းအရ သိရပါတယ်။ သတ်ဖြတ်ခံရသူအမျိုးသမီးက ရေတာရှည်မြို့နယ်၊ အုတ်ဖိုကျေးရွာမှာနေထိုင်တဲ့ အသက် (၂၄) နှစ်အရွယ် မတင်မိုးခိုင် ဆိုသူဖြစ်တယ်လို့ သိရပြီး သူ့ရဲ့နေအိမ်မှာရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၂၀ ဦးခန့်က မော်တော်ယာဉ်တစ်စီးနဲ့ ရောက်ရှိလာပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့တာလို့လည်း သိရပါတယ်။

ဒု-သမ္မတဒေါ်နန်းနီနီအေး အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေး ဟိမဝန္တာတောင်တန်းဒေသဖြတ်ကျော်နိုင်ငံများဆိုင်ရာဖိုရမ်တက်ရောက်ရ
ဒု-သမ္မတဒေါ်နန်းနီနီအေး အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေး ဟိမဝန္တာတောင်တန်းဒေသဖြတ်ကျော်နိုင်ငံများဆိုင်ရာဖိုရမ်တက်ရောက်ရန် တရုတ်နိုင် ငံသို့ထွက်ခွာ ဒု-သမ္မတဒေါ်နန်းနီနီအေးသည် တရုတ်နိုင်ငံ၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(တိဘက်)၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဟိမဝန္တာတောင်တန်းဒေသဖြတ်ကျော်နိုင်ငံများဆိုင်ရာဖိုရမ်တက်ရောက်ရန် ယနေ့ ဇူ လိုင် ၁၅ ရက်မွန်းလွဲပိုင်းက တရုတ်နိုင်ငံသို့ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ ဖိုရမ်ကို တရုတ်နိုင်ငံ၊ လင်ကျစ်မြို့၌ ပဉ္စမအကြိမ်မြောက်အဖြစ် ကျင်းပမည်ဖြစ်ကာ ဟိမဝန္တာတောင် တန်းဒေသတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ ဒေသတွင်းနှင့် အခြားနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ဘုံဖွံ့ဖြိုးမှုကိုမြှင့်တင်ရန် ရည် ရွယ်၍ ဇူလိုင် ၁၆ ရက်မှ ဇူလိုင် ၁၈ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/ဒု-သမ္မတဒေါ်နန်းနီနီအေး/