es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete 👈

👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

Ir al canal en Telegram

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

Mostrar mĂĄs
284
Suscriptores
+124 horas
+17 dĂ­as
-730 dĂ­as
Archivo de publicaciones
" ဂျပန် EEZ အတွင်း တရုတ်စစ်သင်္ဘော ကျည်အစစ်ဖြင့် လေ့ကျင့်မှု ပြုလုပ်ခဲ့ဟု ဂျပန်ထုတ်ပြန် " ဂျပန်အစိုးရက တရုတ်ရေတပ် ဖျက်သင်္ဘော
" ဂျပန် EEZ အတွင်း တရုတ်စစ်သင်္ဘော ကျည်အစစ်ဖြင့် လေ့ကျင့်မှု ပြုလုပ်ခဲ့ဟု ဂျပန်ထုတ်ပြန် " ဂျပန်အစိုးရက တရုတ်ရေတပ် ဖျက်သင်္ဘောတစ်စင်းဟာ ဂျပန်၏ သီးသန့်စီးပွားရေးဇုန် (EEZ) အတွင်းမှာ ကျည်အစစ်အသုံးပြုပြီး စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ - တိုကျိုဘက်က အဆိုပါလုပ်ရပ်ဟာ ဂျပန်ရဲ့ လုံခြုံရေးနဲ့ အချုပ်အခြာအာဏာကို ထိခိုက်စေတဲ့ အခြေအနေဖြစ်ပြီး နိုင်ငံတကာ ရေကြောင်းဥပဒေတွေနဲ့လည်း မကိုက်ညီဘူးလို့ ပြောဆိုကာ တရုတ်ကို ပြင်းထန်စွာ ကန့်ကွက်ခဲ့ပါတယ်။ - ဂျပန်တာဝန်ရှိသူတွေကတော့ ဒီဖြစ်ရပ်ဟာ ဒေသတွင်း ပင်လယ်ပြင်လုံခြုံရေး တင်းမာမှုကို ပိုမိုမြင့်တက်စေနိုင်ပြီး ဂျပန်နဲ့ တရုတ်ကြား သံတမန်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ဖိအားတွေ ဆက်လက်မြင့်မားလာနိုင်တယ်လို့ သတိပေးထားပါတယ်။ KT July 21

ဇူလိုင်လအတွင်း ဒုတိယအကြိမ်မြောက်ဆိုက်ကပ်လာသည့် LNG တန်ချိန်(၃)သောင်းကျော်တင်ဆောင်လာသော သင်္ဘော ဇူလိုင်လအတွင်း LNG တန်ချိန်(၃)
ဇူလိုင်လအတွင်း ဒုတိယအကြိမ်မြောက်ဆိုက်ကပ်လာသည့် LNG တန်ချိန်(၃)သောင်းကျော်တင်ဆောင်လာသော သင်္ဘော ဇူလိုင်လအတွင်း LNG တန်ချိန်(၃)သောင်းကျော်တင် ဆောင်လာသော သင်္ဘောသည် သီလဝါဆိပ်ကမ်းသို့ဆိုက်ကပ်လာခဲ့ပြီးနောက် ဇူလိုင် ၂၀ ရက်ညနေပိုင်း၌ ဆိပ်ကမ်းတွင်ဆိုက်ကပ်ထားသော CVE ဘေးကပ်ကာ Gas များကိုဖြည့်တင်းပေးခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင် ၁ ရက်နေ့လည်ပိုင်းကလည်း ဇူလိုင်လအတွက် ပထမအကြိမ်အဖြစ် LNG တန်ချိန်(၃) သောင်းကျော်တင်ဆောင်လာသောသင်္ဘောသည် သီ လဝါဆိပ်ကမ်းတွင်ဆိုက်ကပ်ထားသော CVE ဘေးကပ်ပီး၍ Gas များကိုဖြည့်တင်းပေးခဲ့သည်။ ဇူလိုင် ၂၀ ရက်က CVE ဘေးကပ်ပီး၍ Gas များကိုဖြည့်တင်းပေးခဲ့သော LNG တန်ချိန်(၃)သောင်းကျော်တင် ဆောင်လာသောသင်္ဘောသည် သဘာဝဓာတ်ငွေ့ဖြင့်လျှပ်စစ်မီးစတင်ဖြန့်ဝေပေးချိန်မှစ၍ Gas များဖြည့်တင်းပေးခဲ့သည်မှာ (၉)ကြိမ်မြောက်ရှိပြီဖြစ်သည်။ Photo-ဦးဝင်းမြင့်အောင်

July-21 ▪️ ကယားပြည်နယ် ဒီးမော့ဆိုအနီး ဒေါင်းငံခါး‌ကျေးရွာဘက်တွင်ဇူလိုင်လ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့က နယ်မြေရှင်းလင်းလျက်ရှိသောတ
July-21 ▪️ ကယားပြည်နယ် ဒီးမော့ဆိုအနီး ဒေါင်းငံခါး‌ကျေးရွာဘက်တွင်ဇူလိုင်လ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့က နယ်မြေရှင်းလင်းလျက်ရှိသောတပ်မ‌တော်စစ်ကြောင်းများနှင့် ကယားအကြမ်းဖက်KA/PDFအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်အဖွဲ့၏ တရားဝင်ထုတ်ပြန်ချက်အရ ၆ ဦးသေဆုံးခဲ့ကြာင်းဖော်ပြထားသော်လည်း ဒေသတွင်းသတင်းများအရ ၆ဦး ထက်ပိုများနိုင်ကြာင်းသိရသည်။ ထုတ်ပြန်ထားသောသေဆုံးသူ ၆ ဦးမှာPDFတပ်ဖွဲ့၂ဦး၊အယ်လ်ဖါတပ်ဖွဲ့၁ဦးနဲ့KAတပ်ဖွဲ့ဝင်၃ဦးဖြစ်သည်ဟုဆိုပါသည်။ တိုက်ပွဲအတွင်း အလောင်းမဆွဲနိုင်ဘဲ ဆုတ်ခွာခဲ့ရမှုကြာင့်အလောင်း ၄‌ လောင်းကျန်ခဲ့ကြောင်း‌ရေးသားဖော်ပြထားသည်။ #crd

ပြည်ပြေး ဝရမ်းပြေးတွေက ကျော်မိုးထွန်းကို ကုလသမဂ္ဂမှ ဆက်လက်ထားရှိပေးရေး တောင်းဆိုနေကြတယ်ဆိုတော့ - မြန်မာနိုင်ငံထဲက ကျွန်တော်တိ
ပြည်ပြေး ဝရမ်းပြေးတွေက ကျော်မိုးထွန်းကို ကုလသမဂ္ဂမှ ဆက်လက်ထားရှိပေးရေး တောင်းဆိုနေကြတယ်ဆိုတော့ -
မြန်မာနိုင်ငံထဲက ကျွန်တော်တို့လည်းတောင်းဆိုပါရစေ ပြည်ပြေး ဝရမ်းပြေး လူလိမ် ကျော်မိုးထွန်း ကို ကုလသမဂ္ဂမှ ချက်ချင်း ဖယ်ရှားပေးပါ။
ဖိုးမောင်

နေတန်ယာဟုကို အမေရိကန်နိုင်ငံထဲမှာ ဖမ်းဆီးမယ့်အန္တရာယ် မရှိဘူးဟု ထရမ့်ပြော အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို အပြည်ပြည်
နေတန်ယာဟုကို အမေရိကန်နိုင်ငံထဲမှာ ဖမ်းဆီးမယ့်အန္တရာယ် မရှိဘူးဟု ထရမ့်ပြော အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC) ရဲ့ ဖမ်းဝရမ်းအရ အမေရိကန်ပြည်ထောင်စုထဲမှာ ဖမ်းဆီးခံရမယ့် အန္တရာယ်မျိုး လုံးဝမရှိဘူးလို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။ နယူးယောက်မြို့တော်ဝန် ဇိုရန် မမ်ဒါနီ(Zohran Mamdani) ရဲ့ ပြောဆိုချက်တွေအပေါ် ထရမ့်က တုံ့ပြန်ရာမှာ "အမေရိကန်ပြည်ထောင်စုမှာ ရှိနေချိန်အတွင်း ဘင်ဂျမင် နေတန်ယာဟုကို ဘယ်လိုနည်းနဲ့မှ၊ ဘယ်လိုပုံစံနဲ့မှ ဖမ်းဆီးမှာ မဟုတ်ပါဘူး" လို့ သူ့ရဲ့ Truth Social လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တာပါ။ မြို့တော်ဝန် မမ်ဒါနီကတော့ နေတန်ယာဟုသာ နယူးယောက်မြို့ကို ရောက်လာခဲ့ရင် ICC ဖမ်းဝရမ်းနဲ့ သူ့ကို ဖမ်းဆီးလို့ ဥပဒေအရ ရ၊ မရဆိုတာကို ရှေ့နေတွေနဲ့ တိုင်ပင်နေတယ်လို့ အရင်က ပြောဆိုထားဖူးတာ ဖြစ်ပါတယ်။

ယမန်နေ့ညက သမ္မတထရမ့်နှင့် အမေရိကန်ရေတပ်ကို ယုံကြည်မိသော ရေနံတင်သင်္ဘောတစ်စီး၏ အခြေအနေ။ NOM
ယမန်နေ့ညက သမ္မတထရမ့်နှင့် အမေရိကန်ရေတပ်ကို ယုံကြည်မိသော ရေနံတင်သင်္ဘောတစ်စီး၏ အခြေအနေ။ NOM

မြန်မာနဲ့ဒေသတွင်းပဋိပက္ခများဆွေးနွေးဖို့ အာဆီယံဝန်ကြီးများ မနီလာ၌ စည်းဝေး အီရန်စစ်ပွဲ၊ မြန်မာပဋိပက္ခနှင့် တောင်တရုတ်ပင်လယ်အငြ
မြန်မာနဲ့ဒေသတွင်းပဋိပက္ခများဆွေးနွေးဖို့ အာဆီယံဝန်ကြီးများ မနီလာ၌ စည်းဝေး အီရန်စစ်ပွဲ၊ မြန်မာပဋိပက္ခနှင့် တောင်တရုတ်ပင်လယ်အငြင်းပွားမှုများ ဦးစားပေး ဆွေးနွေး မည်ဟုသိရ။

တောင်ကြီး-ရွှေညောင် ရထားလမ်းမှ သံလမ်းထိန်းကလစ် ခိုးယူသူ ကလေးငယ် ၁၀ ဦးနှင့် လက်ခံဝယ်ယူသူ ဖမ်းဆီးခံရ တောင်ကြီး၊ ဇူလိုင် ၂၀ ရှမ်
တောင်ကြီး-ရွှေညောင် ရထားလမ်းမှ သံလမ်းထိန်းကလစ် ခိုးယူသူ ကလေးငယ် ၁၀ ဦးနှင့် လက်ခံဝယ်ယူသူ ဖမ်းဆီးခံရ တောင်ကြီး၊ ဇူလိုင် ၂၀ ရှမ်းပြည်နယ် တောင်ကြီး-ရွှေညောင် ရထားလမ်းပိုင်းတွင် ရထားသံလမ်းထိန်းကလစ် ၁,၀၆၁ ခု ခိုးယူခံရမှုနှင့်ပတ်သက်၍ ခိုးယူသူ ကလေးငယ် ၁၀ ဦးနှင့် သံတိုသံစ လက်ခံဝယ်ယူသူ အမျိုးသား ၁ ဦးကို ဇူလိုင် ၁၉ ရက်ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စုံစမ်းစစ်ဆေးမှုအရ ကလေးငယ်များသည် သံလမ်းထိန်းကလစ်များကို ကျောက်ခဲဖြင့်ဖြုတ်ယူကာ တစ်ပိဿာလျှင် ကျပ် ၂,၀၀၀ နှုန်းဖြင့် သံတိုသံစဆိုင်သို့ ရောင်းချခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပြီး၊ လက်ခံဝယ်ယူထားသည့် သံလမ်းထိန်းကလစ် ၂၇၉ ခုကိုလည်း ပြန်လည်သိမ်းဆည်းရမိခဲ့သည်။ လက်ရှိတွင် ခိုးယူသူများနှင့် လက်ခံဝယ်ယူသူကို ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၈၄ ဖြင့် အမှုဖွင့်အရေးယူထားပြီး ဆက်စပ်အမှုများကို ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ရွှေကုက္ကိုလ်နယ်မြေရှိ တရားမဝင် ၁၂ ထပ်အဆောက်အအုံ ဖောက်ခွဲဖျက်ဆီး၊ အဆောက်အအုံ ၇၅ လုံး ဖြိုချပြီး နေပြည်တော်၊ ဇူလိုင် ၂၀ ကရင်ပြ
ရွှေကုက္ကိုလ်နယ်မြေရှိ တရားမဝင် ၁၂ ထပ်အဆောက်အအုံ ဖောက်ခွဲဖျက်ဆီး၊ အဆောက်အအုံ ၇၅ လုံး ဖြိုချပြီး နေပြည်တော်၊ ဇူလိုင် ၂၀ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများတွင် အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၁၂ ထပ်အဆောက်အအုံတစ်လုံးကို စနစ်တကျ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။ ယနေ့အထိ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများတွင် အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံ စုစုပေါင်း ၇၅ လုံးကို ဖြိုချဖျက်ဆီးပြီးဖြစ်ကာ ကျန်ရှိသည့် အဆောက်အအုံ ၂ လုံးကိုလည်း ဆက်လက်ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်အဆင့်ကနေ နိုင်ငံကိုယ်စားပြုအထိဖြစ်ဖို့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပတဲ့ PUBG Mobile Offline တက္ကသိုလ
တက္ကသိုလ်အဆင့်ကနေ နိုင်ငံကိုယ်စားပြုအထိဖြစ်ဖို့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပတဲ့ PUBG Mobile Offline တက္ကသိုလ်ပေါင်းစုံ Esports ပြိုင်ပွဲကြီး – Varsity Esports Championship ကို လာမည့် ဇူလိုင်လ (၂၅) ရက်မှ (၂၆) ရက်အထိ ရန်ကုန်တက္ကသိုလ်တွင် ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းကို သတင်းကောင်းပါးလိုက်ရပါတယ်...

သွေးကြွေးမှာ ဆွေးနွေးစရာမရှိဆို မင်းတို့ပဲ အမျိုးမျိုး 🔰အကြမ်းဖက် နဲ့တော့ ဘယ်လိုဆွေးနွေးလို့ရမလဲဟ 🔰မင်းတို့က စစ်တိုက်နေတာမှ
သွေးကြွေးမှာ ဆွေးနွေးစရာမရှိဆို မင်းတို့ပဲ အမျိုးမျိုး
🔰အကြမ်းဖက် နဲ့တော့ ဘယ်လိုဆွေးနွေးလို့ရမလဲဟ 🔰မင်းတို့က စစ်တိုက်နေတာမှမဟုတ်တာ တံတားချိုး၊ လမ်းဖြတ်၊ မိုင်းခွဲ၊ တာဝါတိုင်ချိုး၊ ပြန်ပေးဆွဲ ငွေညှစ် လူသတ်၊ ဓားပြတိုက်၊ ပြည်သူပိုင် ရွှေ/ရေနံ ခိုးတူး။ 🔰အဲလို အကြမ်းဖက် အဖွဲ့ကို ဘာတွေ ဆွေးနွေးရမှာလဲ။ 🔰မင်းတို့ ရွှေလုပ်ကွက်၊ ရေနံလုပ်ကွက် အတွက်လား။ မင်းတို့ ငမြောက် ငခြောက် ၅ ယောက်လောက်ကို စုဖွဲ့သင်တဲ့ တော်လှန်ပညာ ကျောင်းမှာ ကလေးတွေ စာသင်ဖို့လား။ မင်းတို့ ဂိတ်ဖွင့် ဆက်ကြေးကောက်ဖို့ နယ်အပိုင် ပေးဖို့လား။ မှတ်ရလွယ်အောင် မင်းတို့ဆောင်ပုဒ်လေးပြင်ပေးလိုက်မယ်။
အကြမ်းဖက်မောင် မဆွေးနွေးပေါင် သေချာမှတ်ထား လူ့ငနွား
ဖိုးမောင်

ဖလမ်းမြို့ရှိ ဆေးရုံ၊ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ် ရပ်ကွက်များတွင် ဆိုလာမီးတပ်ဆင်နေမှုအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန
ဖလမ်းမြို့ရှိ ဆေးရုံ၊ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ် ရပ်ကွက်များတွင် ဆိုလာမီးတပ်ဆင်နေမှုအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် ကွင်းဆင်းစစ်ဆေး

လားရှိုးတွင် အနုကြမ်းစီး လူသတ်မှုဖြစ်ပွား . ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက် . ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယမန်နေ
လားရှိုးတွင် အနုကြမ်းစီး လူသတ်မှုဖြစ်ပွား . ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက် . ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယမန်နေ့ ဇူလိုင်လ ၁၉ ရက်၊ ညနေပိုင်းက အနုကြမ်းစီး လူသတ်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ . လားရှိုးမြို့၊ ရပ်ကွက် (၁၀) ရှိ အမျိုးသမီး ၂ ဦး နေထိုင်သည့် နေအိမ်ကို ယမန်နေ့ ဇူလိုင်လ ၁၉ ရက်၊ ညနေ ပိုင်းက အနုကြမ်းစီး တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ၂ ဦးလုံး သေဆုံးသွားခဲ့သည်ဟု သိရသည်။ . “ရပ်ကွက် (၁၀) အရင်တစ်ခါ ရှော့တိုက်ဒုံး ကျတဲ့ အိမ်နားပါပဲ။ ကုန်စုံဆိုင်ဖွင့်တဲ့အိမ် လို့ပြောတယ်။ ညီအစ်မ နှစ်ယောက်တည်း နေတဲ့အိမ်ပါ” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။ . အဆိုပါကိစ္စနှင့် ပတ်သက်၍ လားရှိုးနယ်မြေရဲစခန်း တာဝန်ရှိသူအား ဆက်သွယ်မေးမြန်းရာတွင် “လူသတ်မှု နဲ့ အမှုဖွင့်ထားပါတယ်။ တရားခံတော့ မမိသေးပါဘူး” ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။ . ဖြစ်စဉ်အသေးစိတ်နှင့်ပတ်သက်၍ ရှင်းလင်းစွာ မသိရှိရသေးချေ။ . ပြီးခဲ့သည့် ဧပြီလ အတွင်းကလည်း လားရှိုးမြို့တွင် မော်တော်ယာဉ် အရောင်းအဝယ် ပြုလုပ်သည့် ကားပွဲစားတစ်ဦး အသတ်ခံရပြီး ကားလုယက်ခံရမှု ဖြစ်ပွားခဲ့သေးသည်။

ရှမ်းမြောက်ဒေသ၊မူဆယ်၊ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်း၌ ရခိုင့်လက်နက်ကိုင် အဖွဲ့ AA က ကုန်တင်ကားများကို ရခိုင်ပြည်နယ် ရေဘေး ခ
ရှမ်းမြောက်ဒေသ၊မူဆယ်၊ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်း၌ ရခိုင့်လက်နက်ကိုင် အဖွဲ့ AA က ကုန်တင်ကားများကို ရခိုင်ပြည်နယ် ရေဘေး ခေါင်းစဉ်ဖြင့် အဆမတန် ဆက်ကြေးကောက်ယူနေကြောင်း သိရသည်။ #Peoplemedianews

ဒုတိယသမ္မတ ဦးညိုစော ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ယာယီလက်ထောက် အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှ
ဒုတိယသမ္မတ ဦးညိုစော ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ယာယီလက်ထောက် အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

July-20 ▪️ ဇူလိုင်လ ၂၀ ရက်နေ့က ဖားကန့်မြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဒုက္ခရောက်နေကြတဲ့ ရေဘေးသင့်ပြည်သူများကို
July-20 ▪️ ဇူလိုင်လ ၂၀ ရက်နေ့က ဖားကန့်မြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဒုက္ခရောက်နေကြတဲ့ ရေဘေးသင့်ပြည်သူများကို ဖားကန့်မြို့မှာ စစ်ဆင်ရေးနှင့် လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မဟာမှ အရာရှိ၊စစ်သည်များက ထမင်း၊ ဟင်းနှင့် ရေသန့်ဗူးများ လှူဒါန်းခဲ့ကြတဲ့အပြင် ပြည်သူလူထုများနှင့် တွေ့ဆုံပြီး လိုအပ်သည်များအား ဒေသခံပရဟိတအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြတဲ့ မြင်းကွင်းပုံရိပ်များ

မန္တလေးမြို့တွင် လျှပ်စစ်နှင့်ပတ်သက်သောလုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ တရားမဝင်ဓာတ်အားသုံးစွဲမှုများတားဆီးစစ်ဆေးရေးကိုပါဆွေးနွေး
မန္တလေးမြို့တွင် လျှပ်စစ်နှင့်ပတ်သက်သောလုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ တရားမဝင်ဓာတ်အားသုံးစွဲမှုများတားဆီးစစ်ဆေးရေးကိုပါဆွေးနွေးခဲ့ မန္တလေးတိုင်း၊ မန္တလေးမြို့တွင် ယနေ့ ဇူလိုင် ၂၀ ရက်နံနက် ၁၀ နာရီက မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်)၊ ခရိုင်/မြို့နယ်တာဝန်ရှိသူများမှ လျှပ်စစ်နှင့်ပတ်သက်သောလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။ တရားမဝင်ဓာတ်အားသုံးစွဲမှုများတားဆီးစစ်ဆေးရေးနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာ အဓိကလုပ် ငန်းစဉ်များ၊ ဝန်ထမ်းရေးရာ ကိစ္စများ၊ ရပ်/ ပျက်/ နှေး မီတာကိစ္စများ ၊ မီတာအသစ်တပ်ဆင်ခြင်းနှင့် ထရန်စဖော်မာလျှောက်ထားမှုဆိုင်ရာများ၊ ဓာတ်အားခကြွေးကျန်များ စနစ်တကျကောက်ခံရေးဆိုင်ရာများ၊ ဓာတ်အားပျောက်ဆုံးမှု(Losses)နည်းပါးစေရေးတို့ကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တောင်ကြီးမြို့၌ မြန်မာအမျိုးသမီးလိဂ် အိမ်ကွင်းပွဲစဉ်များ ပထမဆုံးအကြိမ် လက်ခံကျင်းပမည်
တောင်ကြီးမြို့၌ မြန်မာအမျိုးသမီးလိဂ် အိမ်ကွင်းပွဲစဉ်များ ပထမဆုံးအကြိမ် လက်ခံကျင်းပမည်

၂၀၂၇ ဆီးဂိမ်းအတွက် နိုင်ငံကိုယ်စားပြု လက်ရွေးစင် မြင်းစီးအားကစားသမားများ ရွေးချယ်နိုင်ရန် မြင်းစီးပြိုင်ပွဲ ကျင်းပမည်
၂၀၂၇ ဆီးဂိမ်းအတွက် နိုင်ငံကိုယ်စားပြု လက်ရွေးစင် မြင်းစီးအားကစားသမားများ ရွေးချယ်နိုင်ရန် မြင်းစီးပြိုင်ပွဲ ကျင်းပမည်

"မီလျံနာ"ရွှေဆိုင်မှ ရွှေထည်ပစ္စည်းများ ဓားပြတိုက်ခံရ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ "မီလျံနာ"ရွှေဆိုင်၌သေနတ်ပစ်ဖောက်
"မီလျံနာ"ရွှေဆိုင်မှ ရွှေထည်ပစ္စည်းများ ဓားပြတိုက်ခံရ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ "မီလျံနာ"ရွှေဆိုင်၌သေနတ်ပစ်ဖောက်၍ ရွှေထည်ပစ္စည်းများကို ဓားပြတိုက်ယူဆောင်သွားခဲ့မှု ယနေ့ ဇူလိုင် ၂၀ ရက်နေ့ လယ် ၃ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ ဆိုင်ကယ်စီးနင်းလာသော အမျိုးသား(၅)ဦးက ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း၊ ၆၂×၆၃ လမ်းကြားရှိ "မီလျံနာ"ရွှေဆိုင်အတွင်းသို့ဝင်ရောက်လာပြီးနောက် သေနတ်ပစ်ဖောက်၍ ရွှေထည်ပစ္စည်းများအား ဓားပြတိုက်ယူဆောင်ပြီးနောက် ဆိုင်ကယ်များဖြင့်မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။ " ရွှေဆိုင်ထဲကိုသေနတ်ပစ်ဖောက်ပြီးဝင်လာတယ်။ နောက် ရွှေထည်ပစ္စည်းတွေထည့်ထားတဲ့မှန်ကောင်တာကိုရို-က်ခွဲပြီး ရွှေထည်တွေကိုယူသွားကြတယ်။ ပါသွားတဲ့ ရွှေထည်ပစ္စည်းအရေအတွက်နဲ့ တန်ဖိုးကိုစိစစ်နေကြတယ်"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပေါ် ပြူလာနယူးစ်ကို ပြောသည်။ ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက CCTV မှတ်တမ်းများကိုစစ်ဆေးပြီး ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။