👩🏻🦰✍🏻သက်ထား
Ir al canal en Telegram
မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်
Mostrar más285
Suscriptores
-224 horas
-27 días
-930 días
Archivo de publicaciones
284
Repost from ဖိုးမောင်
ပုဂံ-ပုပ္ပါး လမ်းပိုင်း၌ ခရီးသွားပြည်သူများအား ပြန်ပေးဆွဲ ငွေညှစ်မှုများ ဆက်တိုက်ဖြစ်ပွားနေ
ဩဂုတ် ၂ ပုဂံ နှင့် ပုပ္ပါး ဒေသများသို့ အလုပ်ကိစ္စဖြင့်ဖြစ်စေ၊ ဘုရားဖူးဖြစ်စေ သွားလာကြသည့် ခရီးသွားပြည်သူများအနေဖြင့် လမ်းခရီးလုံခြုံရေးကို အထူးသတိပြုကြရန် လိုအပ်နေကြောင်း သိရသည်။ လတ်တလောတွင် အဆိုပါ လမ်းကြောင်းများပေါ်၌ ခရီးသွားပြည်သူများအား ပစ်မှတ်ထား၍ ပြန်ပေးဆွဲ ငွေညှစ်သည့် ဒုစရိုက်ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။🔹ဖြစ်စဉ်အသေးစိတ်များ 👉ဇူလိုင် ၂၂ ရက်ဖြစ်စဉ်: မန္တလေးမြို့မှ ပုပ္ပါးသို့ ဘုရားဖူးလာရောက်သည့် စီးပွားရေးလုပ်ငန်းရှင် မိသားစုဝင် (၄) ဦးကို ပုပ္ပါးဒေသ၌ပင် ပြန်ပေးဆွဲ ဖမ်းဆီးခဲ့ပြီး ပါလာသည့် ငွေကြေးနှင့် လက်ဝတ်ရတနာများကို အတင်းအဓမ္မ လုယူသွားခဲ့သည်။ 👉ဇူလိုင် ၂၇ ရက်ဖြစ်စဉ်: ရန်ကုန်မြို့မှ ပုပ္ပါးဒေသသို့ လာရောက်လည်ပတ်သည့် ခရီးသွားပြည်သူ (၁၁) ဦးကို ပုပ္ပါးတောင်ခြေအနီးတွင် ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လက်ရှိအချိန်ထိ ပြန်လည်လွှတ်ပေးခြင်းမရှိဘဲ ခြိမ်းခြောက်ငွေညှစ် လျက်ရှိသည်။ 👉မေ ၁၃ ရက်ဖြစ်စဉ်: ဗျတ္တပန်းဆက်လမ်း၌ မင်းသမီး ခိုင်နှင်းဝေ၏ ပရဟိတအဖွဲ့ ဖမ်းဆီးခံရပြီး ခြိမ်းခြောက်ငွေညှစ်မှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ ခရီးသွားပြည်သူများကို စစ်ဆေးမေးမြန်းချိန်တွင် ငွေကြေးပြည့်စုံသူများဖြစ်ပါက အကြောင်းအမျိုးမျိုးရှာ၍ ၎င်းတို့၏ ပိုင်ဆိုင်မှုအပေါ် မူတည်ကာ ငွေကျပ် သိန်းပေါင်း သောင်းချီအထိ တောင်းခံကာ အကြမ်းဖက် ငွေညှစ်နေခြင်းဖြစ်သည်ဟု ကြားသိရသည်။ ထို့အပြင် ခြိမ်းခြောက်ခံရမှုများကြောင့် သတင်းမပေးရဲသည့် ဖြစ်စဉ်ပေါင်းများစွာလည်း ရှိနေကြောင်း သိရသည်။ 🔹ပြန်ပေး အကြမ်းဖက်အဖွဲ့ က ဘယ်အဖွဲ့လဲ? အဆိုပါ လုပ်ရပ်များကို အာကာဖြိုး ဦးဆောင်သော ကျောက်ပန်းတောင်း ပကဖ အဖွဲ့က ကျူးလွန်နေခြင်းဖြစ်သည်ဟု နီးစပ်ရာ အဖွဲ့အတွင်းမှ လုပ်ရပ်များကို မနှစ်သက်သည့် အဖွဲ့ဝင်တစ်ဦး၏ သတင်းပေးပို့ ဖော်ထုတ်ချက်များအရ သိရှိရသည်။ အပြစ်မဲ့ ခရီးသွား ပြည်သူများကို ပြန်ပေးဆွဲ ဓားပြတိုက်နေသည့် ဖြစ်စဉ်အမှန်များကို နီးစပ်ရာ သတင်းမီဒီယာအချို့က ဖုံးဖိဖော်ပြနေကြသော်လည်း ပြည်သူများ အဖြစ်မှန်ကို သိရှိကြရန် လိုအပ်ပါသည်။ ထို့ကြောင့် ဘုရားဖူး ပြည်သူများကို ဒုက္ခပေးနေသည့် အာကာဖြိုး ဦးဆောင်သော အဖွဲ့၏ အကြမ်းဖက် လုပ်ရပ်များကို ပြည်သူတစ်ရပ်လုံးက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြရန် လိုအပ်လျက်ရှိသည်။ 🔹သုံးသပ်ချက်နှင့် အကြံပြုချက် ယခုကဲ့သို့ ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် နယ်မြေအေးချမ်းသာယာရေးကို ထိခိုက်စေသည့် အကြမ်းဖက် ဒုစရိုက်လုပ်ရပ်များ လျော့နည်းပပျောက်စေရေးအတွက် စစ်ဆင်ရေးတစ်ရပ်အနေဖြင့် နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ အစီအမံများကို ယခုထက် ပိုမိုတိုးမြှင့် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း သုံးသပ်ရပါသည်။ ဖိုးမောင်
284
Repost from ဖိုးမောင်
📌 ပုဂံ–ပုပ္ပါး ခရီးသွား ပြည်သူများ လမ်းခရီး လုံခြုံရေး အထူးဂရုပြုရန် သတိပေး
ပုဂံနှင့် ပုပ္ပါးဒေသများသို့ ဘုရားဖူးနှင့် ခရီးသွားလာမည့် ပြည်သူများအနေဖြင့် လမ်းခရီး လုံခြုံရေးကို အထူးဂရုပြုကြရန် လူမှုကွန်ရက်နှင့် သတင်းများတွင် သတိပေးချက်များ ထွက်ပေါ်လျက်ရှိသည်။🔹 ဖြစ်စဉ်နှင့် လုံခြုံရေး အခြေအနေ - သတင်းထွက်ပေါ်မှု - လတ်တလော ကာလအတွင်း ပုဂံ–ပုပ္ပါး လမ်းပိုင်းနှင့် အနီးဝန်းကျင်တွင် ဘုရားဖူး ခရီးသွား မိသားစုများနှင့် အဖွဲ့အစည်းအချို့ ဖမ်းဆီးခံရခြင်း၊ ငွေကြေး တောင်းခံခံရခြင်းများ ဖြစ်ပွားခဲ့ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ (ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ၏ တရားဝင် အတည်ပြုချက်များကို စောင့်ကြည့်ရန် လိုအပ်ဆဲ ဖြစ်ပါသည်။) 🔹 ပုဂံနှင့် ပုပ္ပါးဒေသများသည် အရေးပါသော ခရီးသွားဒေသများ ဖြစ်သည်နှင့်အမျှ ခရီးသွား ပြည်သူများအနေဖြင့် လမ်းခရီး လုံခြုံရေး သတိရှိရှိဖြင့် သွားလာကြရန် သုံးသပ်မိပါသည်။ #Myanmar #Bagan #Popa #TravelSafety #TravelAdvisory #LocalNews ဖိုးမောင်
284
ပဲခူးတိုင်းအစိုးရအဖွဲ့က တိုင်းရဲတပ်ဖွဲ့ထံ ငွေကျပ်သိန်း(၁,၈၀၀)ကျော်တန် ဖိုးရှိ အမြန်သွားရေယာဥ်လွှဲပြောင်းပေးအပ်
ပဲခူးတိုင်းအစိုးရအဖွဲ့အစီအစဉ်ဖြင့်ဝယ်ယူထားသည့် ငွေကျပ်သိန်း (၁,၈၀၀)ကျော်တန်ဖိုးရှိ အမြန်သွားရေ ယာဉ်(Fiber Glass Boat)အား တိုင်းရဲတပ်ဖွဲ့ထံ သြဂုတ် ၁ ရက်နံနက်ပိုင်းကလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက အမြန်သွား ရေယာဉ်(Fiber Glass Boat)အား ပဲခူးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်မျိုးထူးထံလွှဲပြောင်းပေးအပ်ပြီး အမြန်သွားရေယာဥ်ကို ဧရာဝတီမြစ်အတွင်းစမ်းသပ်မောင်းနှင်မှုအားကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ပဲခူးတိုင်းအစိုးရအဖွဲ့-4/
284
📌 မုတ်သုံလေနှင့် မိုးတိမ်တောင်များကြောင့် ဒေသအများအပြား မိုးကြီးနိုင်ပြီး သဘာဝဘေးအန္တရာယ်များ သတိပြုရန် မိုးဇလ သတိပေးထုတ်ပြန်
💚 ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေခြင်းကြောင့် ဩဂုတ် (၂) ရက်မှ (၅) ရက်နေ့အတွင်း တိုင်းနှင့် ပြည်နယ်အများအပြား၌ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် မိုးကြီးနိုင်သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။
💚 မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၂၅ မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၇ ပေမှ ၉ ပေခန့် ရှိနိုင်သည်။
💚 ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသနှင့် မြစ်/ချောင်းများအနီး နေထိုင်သူများအပြင် လေကြောင်းနှင့် ရေကြောင်းသွားလာရေး သင်္ဘော/ငါးဖမ်းရေယာဉ်များ ကြိုတင်သတိပြုကြရန် အသိပေးထားသည်။
သက်ထား
284
သက်တမ်းနှစ် ၂၀ ကျော်လွန်နေသည့် မီတာများအား လဲလှယ်ပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိ
နေပြည်တော်၊ ဩဂုတ် ၂
လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများ လျော့နည်းပပျောက်စေရန်အတွက် စွမ်းဆောင်ရည် ကျဆင်းနေသည့် မီတာများနှင့် အသုံးပြုသက်တမ်း နှစ် ၂၀ ကျော်လွန်နေသည့် မီတာများကို လဲလှယ်ပေးခြင်း၊ မီတာအသစ် လျှောက်ထားသူများကို လျင်မြန်စွာ တပ်ဆင်ပေးခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ Digital Smart Meter များအား အများပြည်သူထံ မဖြန့်ဖြူးမီ လုံခြုံရေး Seal ခတ်နှိပ်ပေးသည့် မီတာစမ်းသပ်စစ်ဆေးရေးဌာနခွဲ၊ လျှပ်စစ်ဓာတ်အား သုံးစွဲမှုကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နေသည့် AMI Control Center နှင့် ဓာတ်အားကွပ်ကဲရေးဌာနခွဲ (နေပြည်တော်) ရှိ National Control Center တို့တွင်လည်း သက်ဆိုင်ရာ လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/သက်တမ်းနှစ်-၂၀-ကျော်လွန်/
284
Repost from ဖိုးမောင်
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန္တလေး-လားရှိးရထားလမ်းပိုင်း၌ RBE ရထားတစ်စင်းလမ်းချော်ခဲ့
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြိုနယ်ရှိ မန္တလေး-လားရှိးရထားလမ်းပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တွဲ(၂)တွဲပါ ဂုတ်ထိပ်-၁ အဆန် ပြင်ဦးလွင်-ဂုတ်ထိပ်ပြေးဆွဲပေးနေသော RBE ရထားလမ်းချော်ကျခဲ့မှု သြဂုတ် ၁ ရက်နံနက် ၈ နာရီ ၁၅ မိနစ်ကျော်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။🔹အဆိုပါ ရထားသည် ပြင်ဦးလွင်ဘူတာမှထွက်ခွာလာစဥ် ပြင်ဦးလွင်ဘူတာနှင့် ပွဲကောက်ဘူတာကြား၏ မိုင်တိုင်အမှတ် ၄၂၆/ ၃နှင့် ၄၂၆/ ၄ ကြား ပြင်ဦးလွင်မှ မိုးကြိုးပစ်ကျေးရွာသိုဖောက်လုပ်ထားသော မြေသားလမ်းနှင့် ရထားသံလမ်းတရားမဝင်လမ်းကူးကိုဖြတ်သန်းစဉ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားသံလမ်းပေါ် သဲများနှင့် မြေသားများဖုံးလွှမ်းနေသဖြင့် ရထားတွဲဆိုင်းပါ ဦးဆောင်တွဲ RBE-30106 တစ်တွဲလမ်း ချော်ကျခဲ့ကြောင်း သိရသည်။ ဖိုးမောင်
284
Repost from ဖိုးမောင်
📌 မော်စကိုမြို့လယ်ရှိ ကော်ဖီဆိုင်အနီး ပေါက်ကွဲမှုဖြစ်ပွား၊ လူ ၃ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိ
ရုရှားနိုင်ငံ၊ မော်စကိုမြို့လယ် Kudrinskaya ရင်ပြင်အနီးရှိ ကော်ဖီဆိုင်တစ်ခုတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၃ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရုရှားပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။🔹 ထိခိုက်ဒဏ်ရာရရှိမှု - မော်စကိုမြို့လယ် ကော်ဖီဆိုင်အနီး ပေါက်ကွဲမှုကြောင့် နီးစပ်ရာ ပြည်သူ ၃ ဦး သေဆုံးကာ ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာရသူများအား ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးလျက်ရှိသည်။ စုံစမ်းစစ်ဆေးသူများနှင့် မှုခင်းဆိုင်ရာ ကျွမ်းကျင်သူများက ဖြစ်စဉ်နေရာသို့ ရောက်ရှိ စစ်ဆေးလျက်ရှိပြီး ထိခိုက်ဒဏ်ရာရသူ အရေအတွက် အတိအကျကို ဆက်လက် စိစစ်နေဆဲ ဖြစ်သည်။ 🔹 မြို့တော်၏ လူစည်ကားရာ နေရာတွင် ဖြစ်ပွားခဲ့သည့် ယခု ပေါက်ကွဲမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များမှ အမြန်ဆုံး စုံစမ်းစစ်ဆေး ဖော်ထုတ်သွားမည်ဖြစ်ပြီး မြို့ပြလုံခြုံရေးကို ပိုမို တင်းကြပ် ဆောင်ရွက်သွားဖွယ် ရှိကြောင်း သုံးသပ်မိပါသည်။ #Russia #Moscow #Kudrinskaya #Explosion #WorldNews #InternationalNews ဖိုးမောင်
284
+4
📌 မျိုးရန်နောင်သိန်းက ဝေယံမိုးအား လူမှုရေးဖောက်ပြန်မှု၊ စာရိတ္တပျက်စီးမှုများဖြင့် ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချ
💚 ဝေယံမိုးသည် လူမှုရေးဖောက်ပြန်မှု၊ မုဒိမ်းမှု၊ စာရိတ္တပျက်စီးမှုများနှင့် တော်လှန်ရေးကို ဖျက်ဆီးနေသည့် လုပ်ရပ်များ ပြုလုပ်နေသည်ဟုဆိုကာ မျိုးရန်နောင်သိန်းက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်သည်။
💚 ထို့ပြင် လုပ်ဖော်ကိုင်ဖက် အမျိုးသမီးများနှင့် ဖောက်ပြန်ခြင်း၊ ကိုယ်ကျိုးရှာ အခွင့်အရေးယူခြင်းနှင့် သစ္စာမရှိသည့် အပြုအမူများအတွက်လည်း မလိုလားအပ်သည့် အောက်တန်းစား လုပ်ရပ်များအဖြစ် စွပ်စွဲပြောဆိုထားသည်။
သက်ထား
284
လေးမျက်နှာမြို့နယ်၊ စာရေးကွင်းကျေးရွာရှိ ရေဘေးကယ်ဆယ်ရေးစခန်းတွင် လျှပ်စစ်ဓာတ်အားများသွင်းနိုင်ရန်စီစဥ်ထား
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာမြစ်ရေ ကာတာ၏ တာဘောင်သည် ဇူလိုင် ၃၀ ရက်ကကျိုး ပေါက်ခဲ့သဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ (၁၄)ခုအတွင်းရေဝင်ရောက်နေ၍ စာရေးကွင်းကျေးရွာ ရွာဦးဘုန်းကြီးကျောင်းတွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပြီး ရေဘေးသင့်သူ(၈,၃၈၂)ဦးကိုစောင့်ရှောက်ပေးထားကြောင်း သိရသည်။
အဆိုပါ ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေထိုင်ကြသူများ ဖုန်းအားသွင်းခြင်း၊ လျှပ်စစ်မီးလုံး Battery အားသွင်းခြင်းများပြုလုပ်နိုင်ရန် လေးမျက်နှာမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးက အားသွင်းပလပ်ခုံများနှင့် အားသွင်းပလပ်ပေါက်များကိုပြုလုပ်ပေးထားကြောင်း သိရသည်။
284
လေးမျက်နှာမြို့နယ် ရေဘေးကယ်ဆယ်ရေးသို့ လာရောက်ကူညီကြသော လူမူရေးအသင်းအဖွဲ့များမှ မော်တော်ယဉ်များ၊ စက်လှေများအသုံးပြုရန်အတွက် စက်သုံးဆီများကို အောက်ပါဆီဆိုင်များတွင် ဝယ်ယူနိုင်ပါကြောင်းအသိပေးအပ်ပါသည်။
ဧရာဝတီတိုင်းဒသေကြီးအစိုးရအဖွဲ့
284
Repost from ဖိုးမောင်
📌 စဉ့်ကူးဒေသမှ ပြန်လည်ရောက်ရှိလာသည့် မိုင်းဖြတ် နယ်မြေခံတပ်ရင်းမှ စစ်သည်တော်များအား လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆို
စဉ့်ကူးဒေသအတွင်း စစ်ဆင်ရေး တာဝန်များ ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ မိုင်းဖြတ်မြို့ နယ်မြေခံတပ်ရင်းမှ အောင်ပွဲရ စစ်သည်တော်များအား ကြိုဆိုပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။🔹 ရှေ့တန်း တာဝန်ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် စစ်သည်တော်များအား တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများနှင့် တပ်မတော်သား မိသားစုဝင်များက အောင်သပြေပန်းများဖြင့် လှိုက်လှိုက်လှဲလှဲ သောင်းသောင်းဖြဖြ ဂုဏ်ပြု ကြိုဆိုခဲ့ကြခြင်း ဖြစ်သည်။ 🔹 ယခုကဲ့သို့ ရှေ့တန်းတပ်မတော်သားများ၏ တာဝန်ထမ်းဆောင်မှုအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများက အသိအမှတ်ပြု ဂုဏ်ပြုကြိုဆိုခြင်းသည် ရှေ့တန်းရောက် စစ်သည်များ၏ စိတ်ဓာတ်နှင့် အစဉ်အလာကို မြှင့်တင်ပေးရာ ရောက်ကြောင်း သုံးသပ်မိပါသည်။ #Myanmar #ShanState #MinePhat #Singu #MilitaryNews #LocalNews ဖိုးမောင်
284
Repost from Thazin Oo 🇲🇲
+8
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ မေးမြန်းချက်များ ဖြေကြား
နေပြည်တော်၊ ဩဂုတ် ၁
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် သတင်းမီဒီယာများနှင့် တွေ့ဆုံကာ လွှတ်တော်ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် မေးမြန်းချက်များကို ယနေ့ (ဩဂုတ် ၁ ရက်) တွင် နေပြည်တော် လွှတ်တော်ဝန်းအတွင်းရှိ ဇမ္ဗူသီရီခန်းမ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ လွှတ်တော်ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပြီး ပြည်သူ့လွှတ်တော်၏ သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းများတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းလည်း မိတ်ဆက်ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
284
Repost from Thazin Oo 🇲🇲
+1
ကချင်ပြည်နယ် လုံတုံဒေသအတွင်းခိုအောင်းနေတဲ့ အကြမ်းဖက် KIA အဖွဲ့များကို တပ်မတော်က ချေမှုန်းသုတ်သင်..
အကြမ်းဖက် KIA အလောင်း ၁ လောင်း
သေနတ် ၂ လက်
ခဲယမ်းများ၊
ကျည်ကာအင်္ကျီနှင့် ကျည်ကာဦးထုပ်များ သိမ်းဆည််းရမိ။
284
ကန့်ဘလူမြို့နယ်တွင် မိုးရာသီ အစေ့ထုတ်ပြောင်း ၉၁,၄၁၄ ဧက စိုက်ပျိုးပြီးစီး
ကန့်ဘလူ၊ ဩဂုတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီအတွင်း အစေ့ထုတ်ပြောင်း ၉၁,၄၁၄ ဧကနှင့် ဖူးစားပြောင်း ၄၈၅ ဧက စုစုပေါင်း ၉၁,၈၉၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီအတွက် အစေ့ထုတ်ပြောင်း ၈၅,၀၁၀ ဧကနှင့် ဖူးစားပြောင်း ၇၅၀ ဧက စုစုပေါင်း ၈၅,၇၆၀ ဧက စိုက်ပျိုးရန် လျာထားခဲ့ပြီး မေလမှစတင်၍ စိုက်ပျိုးခဲ့ရာ လက်ရှိတွင် လျာထားဧကထက် ကျော်လွန်အောင် စိုက်ပျိုးနိုင်ခဲ့ခြင်းဖြစ်သည်။
"ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပြောင်းစိုက်ပျိုးမှု လျာထားဧကကို ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ကန့်ဘလူမြို့နယ်တွင်-မို/
284
ဂူဂယ်လ်ကဂြိုဟ်တုဓာတ်ပုံ AI နည်းပညာသစ်ကို ပြန်လည်ရုပ်သိမ်း
ဩဂုတ်လ ၁ ရက်
Google Earth အသုံးပြုသူများအနေဖြင့် ဂြိုဟ်တုဓာတ်ပုံများပေါ်တွင် AI နည်းပညာဖြင့် ပုံရိပ်များကို စိတ်ကြိုက် ဖန်တီးပုံဖော်နိုင်သည့် လုပ်ဆောင်ချက်သစ်တစ်ရပ်ကို သတင်းအမှားများ ပျံ့နှံ့လာနိုင်ခြေ သုတေသီများနှင့် အိုးပင်းဆို့ဇ် သတင်းအချက်အလက် (OSINT) ကျွမ်းကျင်သူများ၏ ပြင်းထန်သော စိစစ်ဝေဖန်မှုများ အပြီးတွင် ဂူဂယ်လ်က သောကြာနေ့၌ ပြန်လည်ရုပ်သိမ်းလိုက်သည်။
“ဂျီအိုစပေရှယ် နည်းပညာရှင်တွေက ဒီလုပ်ဆောင်ချက်ကို အသုံးဝင်တဲ့ အကြောင်းအရာများစွာမှာ အသုံးပြုနေတာကို ကျွန်ုပ်တို့ တွေ့ရှိရပေမဲ့ ကျွန်ုပ်တို့ရဲ့ မူဝါဒတွေကို ချိုးဖောက်နေပုံရတဲ့ ဖန်တီးထားတဲ့ ပုံရိပ်တွေကို မျှဝေနေကြတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်” ဟု ဂူဂယ်လ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတင်း ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ဂူဂယ်လ်ကဂြိုဟ်တုဓာတ်ပု/
