es
Feedback
Bee Kyal Football News

Bee Kyal Football News

Ir al canal en Telegram

ဘောလုံး အားကစားသတင်းစုံ

Mostrar más
El país no está especificadoLa categoría no está especificada
591
Suscriptores
+224 horas
-37 días
-330 días
Archivo de publicaciones
ချန်ပီယံလိဂ်လို့အမည်ပြောင်းလဲကျင်းပပြီးနောက်ပိုင်းမှာ ဗိုလ်လုပွဲပေါင်း ၃၃ ပွဲ ကစားလို့ပြီးသွားခဲ့ပါပြီ ။ အဲဒီအထဲမှာ ဂိုးအရင်သ
ချန်ပီယံလိဂ်လို့အမည်ပြောင်းလဲကျင်းပပြီးနောက်ပိုင်းမှာ ဗိုလ်လုပွဲပေါင်း ၃၃ ပွဲ ကစားလို့ပြီးသွားခဲ့ပါပြီ ။ အဲဒီအထဲမှာ ဂိုးအရင်သွင်းတဲ့အသင်းတွေ အနိုင်ရတဲ့ပွဲက ၂၆ ပွဲအထိရှိခဲ့ပါတယ် ။ အဲဒီ ၂၆ ပွဲထဲမှာ တသင်းတည်းသွင်းတဲ့ပွဲက ၁၆ ဂိုးအထိရှိခဲ့တာပါ ။ နောက်ဆုံးဗိုလ်လုပွဲ ၇ ပွဲဆက် တသင်းတည်းကပဲ ဂိုးတွေသွင်းထားပါတယ် ။ ဒါကြောင့် ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဂိုးအရင်သွင်းနိုင်ဖို့က အရေးကြီးနေတာပါ ။ ဒါပေမယ့် ဂိုးအရင်မသွင်းနိုင်တာနဲ့ ချန်ပီယံမဖြစ်ဘူးလို့ဆိုလိုတာတော့မဟုတ်ပါဘူး ။ နောက်ကနေလိုက်သွင်းပြီး ချန်ပီယံဖြစ်တဲ့ဖိုင်နယ် ၆ ခုရှိပါတယ် ။ ၁၉၉၉ က မန်ယူ ၊ ၂၀၀၅ အစ္စတန်ဘူလ်ဖိုင်နယ်က လီဗာပူးတို့လိုအသင်းတွေပေါ့ ။ ဒီဖိုင်နယ် ၆ ခုမှာ အံ့ဖွယ် comeback တွေ ၊ အနီကတ်တွေ ၊ ပင်နယ်တီကန်ရမှုတွေအပြည့်နဲ့ပါ ။ တနည်းပြောရရင်တော့ နောက်ကလိုက်သွင်းရပြီဆိုရင် ပုံမှန်ပွဲကစားချိန်အတွင်း ချန်ပီယံဖြစ်ဖို့သိပ်မလွယ်ဘူးလို့ ပြောနေသလိုပါပဲ ။ မနှစ်ကဖိုင်နယ်တုန်းကတော့ ပီအက်စ်ဂျီက အင်တာမီလန်ကို ၅-၀ နဲ့ အနိုင်ကစားပြီး အားလုံးကို အံ့အားသင့်စေခဲ့ပါတယ် ။ ဒီနှစ်တော့ ဒီလိုမျိုးမဖြစ်နိုင်ပါဘူး ။ အာဆင်နယ်နောက်တန်းနဲ့ ဂိုးသမားက လက်ရှိ ထိပ်တန်းလိဂ်တွေထဲမှာ အကောင်းဆုံးလို့ပြောနိုင်ပါတယ် ။ ဒါပေမယ့် ရှေ့ကတော့ ဂိုးသိပ်မသွင်းနိုင်ပါဘူး ။ ဒါကြောင့် ပီအက်စ်ဂျီသာ ဂိုးအရင်သွင်းနိုင်မယ်ဆိုရင် အနိုင်ရဖို့ အလားအလာကောင်းသွားပါပြီ ။ အာဆင်နယ်ဂိုးအရင်သွင်းနိုင်ရင်တော့ အချိန်ပို ၊ ပင်နယ်တီတွေအထိ ရောက်သွားနိုင်ပါတယ် ။ ဘာပဲဖြစ်ဖြစ် ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဂိုးအရင်သွင်းတဲ့အသင်းတွေ ချန်ပီယံဖြစ်တတ်တဲ့အစဉ်အလာကိုတော့ ၂ သင်းစလုံးသတိပြုမိနေမှာပါ ။ ဘယ်အသင်းဂိုးအရင်သွင်းနိုင်မလဲဆိုတာကတော့ . . . #BeeKyal

တကယ်လို့သာ အာဆင်နယ်အသင်းအနေနဲ့ သူတို့ နှစ်ပေါင်းများစွာ မျှော်လင့်စောင့်စားနေရတဲ့ ချန်ပီယံလိဂ်ဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ
တကယ်လို့သာ အာဆင်နယ်အသင်းအနေနဲ့ သူတို့ နှစ်ပေါင်းများစွာ မျှော်လင့်စောင့်စားနေရတဲ့ ချန်ပီယံလိဂ်ဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့တဲ့နေ့ ရောက်ရှိလာရင်တော့... တစ်ကမ္ဘာလုံးက ဘောလုံးလောကကြီးတစ်ခုလုံး တုန်လှုပ်အံ့အားသင့်သွားရလောက်အောင် ပြင်းထန်ဆူညံလှတဲ့ အောင်ပွဲခံစုန်းပြူးမှုကြီးကို မြင်တွေ့ရမှာ သေချာပါတယ် လက်ရှိအချိန်မှာ အာဆင်နယ်ဟာ သူတို့ရဲ့ တိုးတက်လာတဲ့ ကစားကွက်တွေ၊ ပြတ်သားကျစ်လျစ်တဲ့ အသင်းစုဖွဲ့မှုတွေနဲ့အတူ ကမ္ဘာ့ဘောလုံးမျက်နှာစာရဲ့ ထိပ်ဆုံးဆီ ပြန်လည်ရောက်ရှိဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး... ဆုဖလားငတ်မွတ်ပြီး သွေးဆာနေတဲ့ ဂန်းနားတို့ရဲ့ အားမာန်ဟာ ပြိုင်ဘက်တွေအားလုံးအတွက် တကယ့်ကို သတိကြီးကြီးထားရမယ့် အခင်းအကျင်းသစ်တစ်ခု ဖြစ်လာခဲ့ရပါပြီ အခုလိုမျိုး ကမ္ဘာကြီးကို အံ့အားသင့်စေမယ့် သမိုင်းဝင်နေ့ရက်ဆီ အရောက်လှမ်းဖို့ ခြေလှမ်းပြင်နေတဲ့ အာဆင်နယ်ရဲ့ ရွှေရောင်ခြေလှမ်းသစ်တွေကြောင့်ပဲ... ပရိသတ်တွေဟာ လာမယ့် ဗိုလ်လုပွဲတွေအတွင်းမှာ အသင်းအနေနဲ့ ဘယ်လိုမျိုး အစွမ်းပြပြီး နန်းတက်ပြမလဲဆိုတာ အင်မတန် စိတ်လှုပ်ရှား ရင်ခုန်နေကြရပါပြီ။ အသင်းရဲ့ အမာခံပရိသတ်တွေတင်မကဘဲ ဘောလုံးဝေဖန်ရေးသမားတွေပါ စိတ်ဝင်စားနေကြတာကတော့ နည်းပြ မီကေလ် အာတီတာရဲ့ ရေရှည်စီမံကိန်း ဘယ်လောက်အထိ ခရီးပေါက်မလဲဆိုတာပါပဲ ကစားသမားငယ်လေးတွေကို မြေတောင်မြှောက်ပေးရင်း တစ်စထက်တစ်စ ရင့်ကျက်လာတဲ့ ဒီအစုအဖွဲ့ဟာ ဥရောပရဲ့ အင်အားကြီးကလပ်တွေကို ယှဉ်ပြိုင်ဖို့ ဗျူဟာမြောက် ပြင်ဆင်ပြီးသား ဖြစ်နေပါပြီ။ ဒါကြောင့် လာမယ့်ရာသီတွေရဲ့ ချန်ပီယံလိဂ်စင်မြင့်ထက်မှာ အာဆင်နယ်ဟာ ရလဒ်ကောင်းရုံတင်မကဘဲ သူတို့ရဲ့ ပြိုင်ဘက်ကင်း ကစားကွက်ပုံစံအသစ်နဲ့ ဥရောပဘောလုံးလောကရဲ့ ခေတ်တစ်ခေတ်ကို ဦးဆောင်မယ့် အသင်းအဖြစ် သမိုင်းစိုက်ထူဖို့ အလားအလာအကောင်းဆုံး ရှိနေပါတယ် #BeeKyal

လာလီဂါထိပ်သီးကလပ် အက်သလက်တီကိုမက်ဒရစ်ဟာ သူတို့ရဲ့ အဓိကကစားသမား ဟူလီယံ အယ်လ်ဗာရက်ဇ်နဲ့ ဘာစီလိုနာအသင်းတို့အကြား သတင်းတွေထွက်ပေါ
လာလီဂါထိပ်သီးကလပ် အက်သလက်တီကိုမက်ဒရစ်ဟာ သူတို့ရဲ့ အဓိကကစားသမား ဟူလီယံ အယ်လ်ဗာရက်ဇ်နဲ့ ဘာစီလိုနာအသင်းတို့အကြား သတင်းတွေထွက်ပေါ်နေမှုကို စိတ်ဆိုးခဲ့ပုံရပါတယ် ။ မနေ့ကညပိုင်းမှာ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ဆိုရှယ်မီဒီယာအကောင့်ဟာ ဘာစီလိုနာကစားသမားတွေဖြစ်ကြတဲ့ ရာဖင်ညာ ၊ ယာမဲလ် နဲ့ ပက်ဒရီတို့ရဲ့ အေတီကိုမက်ဒရစ်အသင်းဆီ ပြောင်းရွှေ့မှုတွေကို ဖာဘရီဇီယိုရိုမားနိုးရဲ့ Here We Go ပုံစံနဲ့ ဖော်ပြသွားခဲ့ပြီး လှောင်ပြောင်ခဲ့ပါတယ် ။ ဒါ့အပြင် ဒီကနေ့ခေတ်မှာ သတင်းတခုကိုပြုလုပ်ရတာ မိနစ်အနည်းငယ်သာလိုအပ်ကြောင်း ၊ ဒါကြောင့် မြင်သမျှကို မယုံကြည်သင့်ကြောင်း ၊ အထူးသဖြင့် ဘာစီလိုနာနဲ့သက်ဆိုင်တဲ့သတင်းတွေဆိုရင် ပိုပြီးတောင်မယုံသင့်ကြောင်း ရေးသားပြီး အယ်လ်ဗာရက်ဇ်နဲ့သတင်းထွက်ပေါ်နေမှုတွေကို ပြန်လည်တုန့်ပြန်သွားခဲ့ပါတယ် ။ အယ်လ်ဗာရက်ဇ်ဟာ အက်သလက်တီကိုမက်ဒရစ်ကနေ ထွက်ခွာချင်တယ်လို့ သတင်းတွေကဖော်ပြနေတာဖြစ်ပြီး ဘာစီလိုနာ ၊ အာဆင်နယ်နဲ့ ပီအက်စ်ဂျီအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်နေတာပဲဖြစ်ပါတယ် ။ #BeeKyal

ယနေ့ခန့်မှန်းပွဲများ
ယနေ့ခန့်မှန်းပွဲများ

😀မင်္ဂလာနံနက်ခင်းလေးပါ😀 👏ပွဲပီးရလဒ်နဲ့မနက်ခင်းကြေးလေးရပီဗျာ👏
+1
😀မင်္ဂလာနံနက်ခင်းလေးပါ😀 👏ပွဲပီးရလဒ်နဲ့မနက်ခင်းကြေးလေးရပီဗျာ👏

နေမာတော့ အကြပ်ရိုက်ပြီဗျာ

😀မင်္ဂလာပါ😀 🫰ညနေခင်းကြေးလေးပါ🫴
😀မင်္ဂလာပါ😀
🫰ညနေခင်းကြေးလေးပါ🫴

မန်ယူအသင်းဟာ လာမယ့် ၂၀၂၆-၂၇ ဘောလုံးရာသီအတွက် ပြင်ဆင်မှုတွေကို စောစောပြုလုပ်နေပြီး အတ္တလန်တာကွင်းလယ်လူ အီဒါဆင်ကို ခေါ်ယူဖို့အတ
မန်ယူအသင်းဟာ လာမယ့် ၂၀၂၆-၂၇ ဘောလုံးရာသီအတွက် ပြင်ဆင်မှုတွေကို စောစောပြုလုပ်နေပြီး အတ္တလန်တာကွင်းလယ်လူ အီဒါဆင်ကို ခေါ်ယူဖို့အတွက် သဘောတူညီမှုရရှိသွားခဲ့ပြီလို့ သတင်းတွေပေါ်ထွက်နေပါတယ် ။ မန်ယူဟာ အီဒါဆင်ကို ပေါင် သန်း ၄၀ ဝန်းကျင်နဲ့ခေါ်ယူနိုငိဖု့ ရှိနေပြီး အပိုဆုကြေးတွေလည်းပါဝင်မယ်လို့ ဖာဘရီဇီယို ရိုမားနိုးက ဖော်ပြလာခဲ့ပါတယ် ။ ကစားသမားရဲ့ ၂၀၂၅-၂၆ ဘောလုံးရာသီစွမ်းဆောင်မှုတွေကို ကြည့်မယ်ဆိုရင်တော့ ပေးပို့မှုတိကျတယ် ။ ဘောလုံးရင်ဆိုင်လုရာမှာ အားကောင်းတယ် ။ ‌ဘောလုံးပြန်လိုက်ဆယ်ယူမှုတွေမှာလည်း အတော်လေးကောင်းမွန်တယ်လို့ ဖော်ပြထားပါတယ် ။ ၂၀၂၄ ခုနှစ်တုန်းက လေဗာကူဆင်ကို ၃-၀ နဲ့ အနိုင်ရပြီး ယူရိုပါလိဂ်မှာ ချန်ပီယံဖြစ်ခဲ့တဲ့ အတ္တလန်တာအသင်းမှာ အဓိကကစားသမားအဖြစ် ပါဝင်ကစားပေးနေပါပြီ ။ ကက်စမဲရိုးနေရာအတွက် သင့်တော်တဲ့ကစားသမားအဖြစ် မန်ယူအသင်းက ရှုမြင်ထားပုံပါပဲ ။ တချို့ကလည်း ဖရက်ဒ်လိုကစားသမားအဆင့်ထက် အများကြီးမပိုဘူးလို့လည်း ဆိုကြပါတယ် ။ ဘရာဇီးအသင်းရဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာလည်း မပါဝင်သွားခဲ့တာက အခုလို ပြောချင်စရာတွေ ဖြစ်လာခဲ့တာပါ ။ အချို့ကတော့ နောက်ထပ် DMF တစ်ယောက်ထပ်ခေါ်ဖို့ရှိနိုင်ပြီး အီဒါဆင်က ကက်စမဲရိုးအတွက်မဟုတ်ဘဲ Manuel Ugarte နေရာအတွက်ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ် ။ ဒီဘက်ခေတ်မှာ အတ္တလန်တာကနေ ဟွိုင်လန်း ၊ အာမက်ဒီရာလိုတို့ မန်ယူကို ပြောင်းရွှေ့ခဲ့ကြပါတယ် ။ ၂ ယောက်စလုံးက အရမ်းကောင်းမွန်တဲ့ မှတ်တမ်းတွေတော့ မပိုင်ဆိုင်နိုင်ခဲ့ကြပါဘူး ။ ဘာပဲဖြစ်ဖြစ် ကွန်းဖရင့်စ်လိဂ်ကစားရမယ့် အတ္တလန်တာကနေ ချန်ပီယံလိဂ်ကစားမယ့် မန်ယူလိုအသင်းကြီးဆီ ပြောင်းရွှေ့နိုင်ခဲ့မယ်ဆိုရင်တော့ အီဒါဆင်အတွက် အောင်မြင်မှုတခုလို့ ဆိုရမှာပါ ။ ဘယ်လိုကစားသမားမျိုး ဖြစ်လာမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ် ။ #BeeKyal

ဂျိုဆေးမော်ရင်ညိုရဲ့ ရီးရဲမက်ဒရစ်နည်းပြဖြစ်လာမယ့် အလားအလာဟာ အသင်းဥက္ကဌရွေးချယ်ပွဲရလဒ်အပေါ် မူတည်လာခဲ့ပါတယ် ။ လက်ရှိအသင်းဥက္ကဌ
ဂျိုဆေးမော်ရင်ညိုရဲ့ ရီးရဲမက်ဒရစ်နည်းပြဖြစ်လာမယ့် အလားအလာဟာ အသင်းဥက္ကဌရွေးချယ်ပွဲရလဒ်အပေါ် မူတည်လာခဲ့ပါတယ် ။ လက်ရှိအသင်းဥက္ကဌကြီး ဖလော်ရန်တိုပီရက်ဇ်အသင်းမှာ ဆက်ရှိနေမှသာ မော်ရင်ညို ရီးရဲနည်းပြဖြစ်လာမှာပါ ။ ပီရက်ဇ်ကို အဓိကယှဉ်ပြိုင်မယ့် အင်းနရစ် ရီကွယ်လ်မီးကတော့ မော်ရင်ညိုကို ခေါ်ယူမှာမဟုတ်ဘူးလို့ အတိအလင်းထုတ်ဖော်ပြောဆိုထားပါတယ် ။ ၃၇ နှစ်သာရှိသေးတဲ့ စီးပွားရေးလုပ်ငန်းရှင် အင်းနရစ် ရီကွယ်လ်မီးဟာ ရီးရဲမက်ဒရစ်ဥက္ကဌသစ်ဖြစ်လာပါက စပိန်လက်ရွေးစင်အသင်းက ကစားသမားတွေကို ခေါ်ယူသွားမယ်လို့ ကတိပြုသွားခဲ့ပါတယ် ။ ဖလော်ရန်တို ပီရက်ဇ်ဟာ လက်ရှိမှာ ၇၉ နှစ်ရှိနေပြီဖြစ်ကာ ရီးရဲမက်ဒရစ်အသင်းဥက္ကဌအဖြစ် နှစ်ပေါင်း ၂၅ နှစ်ကျော်လုပ်ကိုင်လာခဲ့သူဖြစ်ပါတယ် ။ ရီးရဲဖန်တွေထဲမှာတော့ ပီရက်ဇ်ရဲ့ စီမံခန့်ခွဲမှုတွေ ၊ ကစားသမားအချို့ကို အလွန်အမင်း favour ပေးနေမှုတွေအပေါ် မကျေမနပ်ဖြစ်မှုတွေရှိခဲ့ပါတယ် ။ ဒီတကြိမ်မှာ အပြောင်းအလဲတွေဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်သလို ရီကွယ်လ်မီးအနိုင်ရခဲ့ရင် ဘယ်သူက နည်းပြသစ်ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ ။ #BeeKyal

အီတလီစီးရီးအေနဲ့ပတ်သက်ပြီး သဘောမကျတဲ့အချက်တွေထဲမှာ ဒီနည်းပြတွေပဲ တသင်ပြီးတသင်း ပြောင်းကိုင်နေတာကိုပါပဲ ။ အန်တိုနီယို ကွန်တီ န
အီတလီစီးရီးအေနဲ့ပတ်သက်ပြီး သဘောမကျတဲ့အချက်တွေထဲမှာ ဒီနည်းပြတွေပဲ တသင်ပြီးတသင်း ပြောင်းကိုင်နေတာကိုပါပဲ ။ အန်တိုနီယို ကွန်တီ နာပိုလီအသင်းကနေထွက်တယ် အီတလီအသင်းကို ကိုင်ဖို့ရှိနေတယ် ။ အေစီမီလန်ကထွက်လာတဲ့ အယ်လီဂရီကို နာပိုလီကခန့်တယ် ၊ အီတလီအသင်းကနေထွက်လာတဲ့ ဂတ်တူဆိုကို လာဇီယိုအသင်းကခေါ်ယူမယ် ၊ အေစီမီလန်ကတော့ ပိုချက်တီနိုကို ခေါ်မယ်လို့သတင်းကြားပါတယ် ၊ ဒီတခုပဲ အသစ်လိုဖြစ်နေတာပါ ။ ကျန်တာတွေက ဒီလိဂ် ဒီအသင်း ဒီနည်းပြတွေချည်းပါပဲ ။ စီးရီးအေနည်းပြတွေ အသင်းပြောင်းတယ် ၊ ဘယ်ပြောင်းလဲမေးရင် စီးရီးအေအသင်းတွေဆီပဲ ၊ အီတလီအပြင်ထွက်ပြီးနည်းပြတယ် တနှစ်လောက်ပဲ ပြီးရင် အီတလီကလပ်တွေဆီ ပြန်ရောက်သွားတယ် ။ အန်ဆယ်လော့တီလို နည်းပြမျိုးကို မမြင်တွေ့ရတော့တာ ဘယ်လောက်ကြာခဲ့ပြီလဲ ။ ဒါကိုကပဲ စီးရီးအေအပေါ် ဆွဲဆောင်မှုအားနည်းစေတဲ့အချက်တွေထဲက တခုဖြစ်နေမှာပါ ။ #BeeKyal

“ ၂၀၁၉ ဘာကူးမှာကစားခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲအပြီးမှာ ကျွန်တော် မာတီဆက်ကာနဲ့ စကားစမြည် ပြောဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက လီဗာပူ
“ ၂၀၁၉ ဘာကူးမှာကစားခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲအပြီးမှာ ကျွန်တော် မာတီဆက်ကာနဲ့ စကားစမြည် ပြောဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက လီဗာပူးကို လွန်ခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်လောက်ကမှ ရောက်ရှိထားတဲ့ ဗန်ဒိုက်နဲ့ ပတ်သက်ပြီး ကျွန်တော် မှတ်ချက်တစ်ခု ပေးမိခဲ့တယ်။” “ကျွန်တော်က ‘ဗန်ဒိုက်လို ကစားသမားမျိုး တစ်ယောက်လောက်ကို အာဆင်နယ်အသင်းထဲ ရောက်အောင် ဘယ်ကနေခေါ်ရမလဲ’ လို့ မေးလိုက်တယ်။” “မာတီဆက်ကာက ‘ ခင်ဗျားမှာ ပေါင်သန်း ၁၀၀ လောက် အဆင်သင့်မရှိရင်တော့ သူ့အကြောင်းကို မတွေးတာ ပိုကောင်းလိမ့်မယ်’ လို့ ပြန်ဖြေခဲ့တယ်။” “ဒါနဲ့ ကျွန်တော်က ‘ဒါဆိုရင် ဥရောပမှာ အကောင်းဆုံး လူငယ်နောက်ခံလူက ဘယ်သူလဲ’ လို့ ထပ်မေးလိုက်တယ်။” “မာတီက ဘာမှတုံ့ဆိုင်းမနေဘဲ ချက်ချင်းလှည့်ကြည့်ပြီး ပြောခဲ့တယ်... ‘ဝီလျံ ဆာလီဘာ ပေါ့’ တဲ့။” 🗣️( ‌ဂျော့ရှ် ခရွန်ကီ ) #BeeKyal

OFFICIAL! ကမ္ဘာ့ဖလားရဲ့ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းလည်း ၂၀၂၆ ပြိုင်ပွဲအတွက် လူစာရင်းကို ထုတ်ပြန်ကြေညာသွားခဲ့ပါပြီ လီယွန်
OFFICIAL! ကမ္ဘာ့ဖလားရဲ့ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းလည်း ၂၀၂၆ ပြိုင်ပွဲအတွက် လူစာရင်းကို ထုတ်ပြန်ကြေညာသွားခဲ့ပါပြီ လီယွန်နယ်မက်ဆီ ဦးဆောင်မယ့် အာဂျင်တီးနားအသင်းမှာ ၂၀၂၂ တုန်းက ချန်ပီယံဖြစ်ခဲ့တဲ့ ကစားသမားတွေ ပြန်လည်ပါဝင်လာခဲ့ကြပါတယ် ။ ရီးရဲမက်ဒရစ်စတား မက်စတန်တူနို ၊ ဘင်ဖီကာက ပရက်စတီယန်နီ ၊ ချဲလ်ဆီးက ဂါနာချိုတို့ကတော့ ပါဝင်မလာခဲ့ကြပါဘူး ။ ဂိုးသမား - အီမီလ် မာတီနက်ဇ် ( အက်စတွန်ဗီလာ ) ၊ ဟွမ်မူဆို ( အေတီကိုမက်ဒရစ် ) ၊ ရူလီ ( မာဆေးလ် ) နောက်တန်း - လီယန်ဒရို ဘလယ်ဒီ ( မာဆေးလ် ) ၊ ခရစ်ရှန် ရိုမဲရိုး ( တော့တင်ဟမ်ဟော့စပါး ) ၊ ဂွန်ဇာလို မွန်တီရယ် ( ရေးဗားပလိတ် ) ၊ နာဟူးမိုလီနာ ( အေတီကိုမက်ဒရဝ် ) ၊ လီဆန်ဒရို မာတီနက်ဇ် ( မန်ယူ ) ၊ အော့တာမန်ဒီ ( ဘင်ဖီကာ ) ၊ ဖူကန်ဒို မီဒီနာ ( မာဆေးလ် ) ၊ တာဂလီဖီကို ( လီယွန် ) အလယ်တန်း - ပါရီဒက်စ် ( ဘိုကာဂျူနီယာ ) ၊ ဒီပေါလ် ( အင်တာမိုင်ယာမီ ) ၊ ပလာစီယို့စ် ( လေဗာကူဆင် ) အန်ဇို ဖာနန်ဒက်ဇ် ( ချဲလ်ဆီး ) ၊ မက် အလစ္စတာ ( လီဗာပူး ) ၊ လိုဆယ်ဆို ( ရီးရဲဘက်တစ် ) ၊ ဗယ်လင်တင် ဘာကို ( စထရာဘော့ဂျ် ) ရှေ့တန်း - လီယွန်နယ် မက်ဆီ ( အင်တာမိုင်ယာမီ ) ၊ ဟူလီယံ အယ်လ်ဗာရက်ဇ် ( အေတီကိုမက်ဒရစ် ) ၊ ဂျီယိုဗင်နီ ဆီးမြွန်းနီ ( အေတီကိုမက်ဒရစ် ) ၊ နီကို ဂွန်ဇာလက် ( အေတီကိုမက်ဒရဝ် ၊ နီကိုပက်ဇ် ( ကိုမို ) ၊ သီယာဂို အယ်လ်မေးဒါး ( အေတီကိုမက်ဒရစ် ) ၊ လော်တာရို မာတီနက်ဇ် ( အင်တာမီလန် ) ၊ ဟိုဆေး မန်နျူရယ် လိုပက်ဇ် ( ပါးမေးလ်ရပ်စ် ) အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလား Group I မှာ အယ်လ်ဂျီးရီးယား ၊ သြစတြီးယား ၊ ဂျော်ဒန်အသင်းတွေနဲ့အတူ ပါဝင်ကစားရမှာဖြစ်ပါတယ် ။ လက်ရှိချန်ပီယံတို့ ၂ နှစ်ဆက်ဗိုလ်စွဲနိုင်မလားဆိုတာ စောင့်ကြည့်ကြပါစို့ဗျာ ။ #BeeKyal

ယနေ့ခန့်မှန်းပွဲများ
+1
ယနေ့ခန့်မှန်းပွဲများ

😀မင်္ဂလာနံနက်ခင်းလေးပါ😀 👏ပွဲပီးရလဒ်နဲ့မနက်ခင်းကြေးလေးရပီဗျာ👏
+1
😀မင်္ဂလာနံနက်ခင်းလေးပါ😀 👏ပွဲပီးရလဒ်နဲ့မနက်ခင်းကြေးလေးရပီဗျာ👏

တကယ်လို့သာ အာဆင်နယ်အသင်းအနေနဲ့ နှစ်ပေါင်းများစွာ ဝေးကွာပြီး မျှော်လင့်စောင့်စားနေရတဲ့ ချန်ပီယံလိဂ်ဖလားကြီးကို ကိုင်မြှောက်နို
တကယ်လို့သာ အာဆင်နယ်အသင်းအနေနဲ့ နှစ်ပေါင်းများစွာ ဝေးကွာပြီး မျှော်လင့်စောင့်စားနေရတဲ့ ချန်ပီယံလိဂ်ဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့တဲ့နေ့ ရောက်ရှိလာရင်တော့... တစ်ကမ္ဘာလုံးက ဘောလုံးလောကတစ်ခုလုံး တုန်လှုပ်သွားရလောက်အောင် ပြင်းထန်ဆူညံလှတဲ့ အောင်ပွဲခံစုန်းပြူးမှုကြီးကို မြင်တွေ့ရမှာ သေချာပါတယ် လက်ရှိအချိန်မှာ အာဆင်နယ်ဟာ သူတို့ရဲ့ တိုးတက်လာတဲ့ ကစားကွက်တွေ၊ ပြတ်သားကျစ်လျစ်တဲ့ အသင်းစုဖွဲ့မှုတွေနဲ့အတူ ကမ္ဘာ့ဘောလုံးမျက်နှာစာရဲ့ ထိပ်ဆုံးရွှေပလ္လင်ဆီ ပြန်လည်ရောက်ရှိဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး... ဖလားငတ်မွတ်ပြီး သွေးဆာနေတဲ့ ဂန်းနားတို့ရဲ့ အားမာန်ဟာ ပြိုင်ဘက်တွေအားလုံးအတွက် တကယ့်ကို သတိကြီးကြီးထားရမယ့် အခင်းအကျင်းသစ်တစ်ခု ဖြစ်လာခဲ့ရပါပြီ အခုလိုမျိုး ကမ္ဘာကြီးကို အံ့အားသင့်စေမယ့် သမိုင်းဝင်နေ့ရက်ဆီ အရောက်လှမ်းဖို့ ခြေလှမ်းပြင်နေတဲ့ အာဆင်နယ်ရဲ့ ရွှေရောင်ခြေလှမ်းသစ်တွေကြောင့်ပဲ... ပရိသတ်တွေဟာ လာမယ့် ဥရောပဗိုလ်လုပွဲတွေအတွင်းမှာ အသင်းအနေနဲ့ ပြိုင်ဘက်တွေကို ဘယ်လိုမျိုး အစွမ်းပြ ချေမှုန်းပြီး နန်းတက်ပြမလဲဆိုတာကို အင်မတန် ရင်ခုန်စိတ်လှုပ်ရှားနေကြရပြီ ဖြစ်ပါတယ် #BeeKyal

UEFA Super Cup နဲ့ပတ်သက်ပြီး မနှစ်ကတည်းက စိတ်ကူးမိခဲ့တာပါ ။ ဖြစ်လာရင်တော့ကောင်းမယ်ထင်ပါတယ် ။ အရင်တုန်းက ချန်ပီယံလိဂ်နဲ့ ယူရို
UEFA Super Cup နဲ့ပတ်သက်ပြီး မနှစ်ကတည်းက စိတ်ကူးမိခဲ့တာပါ ။ ဖြစ်လာရင်တော့ကောင်းမယ်ထင်ပါတယ် ။ အရင်တုန်းက ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တို့ပဲ ရှိတာကြောင့် ချန်ပီယံ ၂ သင်း စူပါဖလားဖိုင်နယ်ကစားတာက ဘာမှပြောစရာမရှိပါဘူး ။ အခု ကွန်းဖရင့်စ်လိဂ်ပြိုင်ပွဲလည်းရှိလာပြီဆိုတော့ - ယူရိုပါလိဂ်နဲ့ ကွန်းဖရင့်စ်လိဂ်ချန်ပီယံအသင်းတွေကို ဆီမီးဖိုင်နယ်အဆင့်အဖြစ် ယှဉ်ပြိုင်စေမယ် ။ အနိုင်ရတဲ့အသင်းက ချန်ပီယံလိဂ်ချန်ပီယံနဲ့ ဗိုလ်လုပွဲအဖြစ်ကစားမယ်ဆိုရင် ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ စူပါဖလားပြိုင်ပွဲဖြစ်လာမှာပါ ။ ဘောလုံးရာသီအစဖြစ်တာကြောင့် တပွဲလောက်ပိုကစားရတာက ကစားသမားတွေအတွက် ပွဲပန်းမှုသိပ်ဖြစ်စေမယ်မထင်ပါဘူး ။ ဒီလိုပြိုင်ပွဲပုံစံမျိုးကို မကြာခင်မြင်တွေ့ရဖို့ မျှော်လင့်မိပါတယ် ။ #BeeKyal

“ပီအက်စ်ဂျီက ဘောလုံးလောကကို လွှမ်းမိုးနေတယ်လို့ ကျနော်ထင်တယ်၊ အာဆင်နယ်အနေနဲ့ ဒီပွဲမှာ ဖွင့်ကစားမယ်လို့ ကျနော်မျှော်လင့်တယ်၊ ဘ
“ပီအက်စ်ဂျီက ဘောလုံးလောကကို လွှမ်းမိုးနေတယ်လို့ ကျနော်ထင်တယ်၊ အာဆင်နယ်အနေနဲ့ ဒီပွဲမှာ ဖွင့်ကစားမယ်လို့ ကျနော်မျှော်လင့်တယ်၊ ဘာလို့လဲဆိုရင် သူတို့ အရင်ကလိုမျိုးပဲ ဘတ်စ်ကားကွက်ကို သုံးမယ်ဆိုရင် အင်တာမီလန်ကို ဗိုလ်လုပွဲမှာ ၅ ဂိုးသွင်းခဲ့သလိုမျိုး ပီအက်စ်ဂျီက သွင်းပါလိမ့်မယ်” “ပီအက်စ်ဂျီအတွက် ကစားသမားအကုန်လုံး ကစားနိုင်မယ်ဆိုရင် အာဆင်နယ်ကို သူတို့ ဖျက်ဆီးပစ်ပါလိမ့်မယ်၊ ဒါပေမယ့် ဘယ်သူမှ မသိနိုင်ပါဘူး၊ အာဆင်နယ်က အမှတ်ပေးဖလားကို ရထားပြီး ချန်ပီယံလိဂ်ဖလားက သူတို့အတွက် အပိုဆုလို့ ထင်နေမှာပါ၊ သူတို့သာ ချန်ပီယံလိဂ်ဖလားရခဲ့မယ်ဆိုရင် အဲဒါက cherry on the cake ပါပဲ” “ပိုပြီးကောင်းတဲ့ ကစားဟန်မျိုး အာတီတာမလုပ်နိုင်ရင်တော့ အာဆင်နယ်အတွက် အခွင့်အရေးမရှိပါဘူး၊ ဘတ်စ်ကားကွက်နဲ့ဆိုလည်း အခွင့်အရေးမရှိပါဘူး၊ ကျနော့်အကြိုက်ကတော့ ပီအက်စ်ဂျီပါပဲ၊ ဒါပေမယ့် ကလပ်ကမ္ဘာ့ဖလားမှာ ပီအက်စ်ဂျီက ချယ်လ်ဆီးကို ရှုံးခဲ့ပြီး ကျနော်ပြောခဲ့သလိုပါပဲ၊ ပွဲတပွဲအတွင်း အရာအားလုံးက ဖြစ်နိုင်ပါတယ်”- အီဗရာ #BeeKyal

ရက်ဖို့ဒ်လေးကို ပလေးသွားတဲ့ ကုန်းမဆင်းဘာစီလိုနာ

ညနေခင်းကြေးလေးပါဗျ
ညနေခင်းကြေးလေးပါဗျ

ဆင်ပျံကြီး သမိုင်းဝင် ချန်ပီယံလိဂ်ဖလား ရမယ်လို့ ခန့်မှန်းလိုက်တဲ့ ပေါလ်မာဆင် ‘ ပရီးမီးယားလိဂ် ရပြီးတဲ့နောက်၊ အာဆင်နယ်ဟာ ပီအက်
ဆင်ပျံကြီး သမိုင်းဝင် ချန်ပီယံလိဂ်ဖလား ရမယ်လို့ ခန့်မှန်းလိုက်တဲ့ ပေါလ်မာဆင် ‘ ပရီးမီးယားလိဂ် ရပြီးတဲ့နောက်၊ အာဆင်နယ်ဟာ ပီအက်စ်ဂျီနဲ့ စနေနေ့မှာ ချန်ပီယံဖိုင်နယ် ဆင်နွှဲဖို့ ရှိပါတယ်။ အဖွင့်ဂိုးက အဓိက သော့ချက်ပါပဲ။ ဒါက UCL ဖိုင်နယ်ပါ။ ဒီတော့ တသင်း အမှား တသင်း ချောင်းကစားပါလိမ့်မယ်။ ပီအက်စ်ဂျီကို ဘိုင်ယန်နဲ့ ဆီမီးဖိုင်နယ် ပထမအကျော့တုန်းကလို ဖွင့်ကစားမယ်လို့ ကျွန်တော် မထင်ပါဘူး။ အာဆင်နယ်ကိုသာ အဖွင့်ဂိုး အရင် စပေးလိုက်ရင်၊ ပီအက်စ်ဂျီ ခေါင်းနားပန်းကြီးသွားမှာပါ။ ဘာလို့လဲဆိုတော့ သူတို့ဟာ ကျစ်လျစ်တဲ့ နောက်တန်းကို ကျော်ရမှာမို့ပါ။ ဒီတော့ သူတို့ဟာ အဖွင့်ဂိုး ပေးရဖို့ ကြောက်နေမှာပါ။ ဒီပုံစံက အာဆင်နယ်နဲ့ လိုက်ဖက်မှု ရှိပါတယ်။ ပီအက်စ်ဂျီသာ ဖွင့်ကြုံးရင်တော့ အာဆင်နယ် အနည်းငယ် ဒုက္ခရောက်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ၁-၀ နဲ့ စရှုံးမှာ စိုးရိမ်မှာ ဖြစ်လို့၊ အာဆင်နယ်က ပွဲထဲ ရှိနေမှာပါ။ အာဆင်နယ် ၁-၀ နဲ့ နိုင်မယ်လို့ ကျွန်တော် ခန့်မှန်းပါတယ်။ ‘ 🗣️ ပေါလ်မာဆင် #BeeKyal