ရွှေပြည်သစ်
Ir al canal en Telegram
တိုင်းချစ် ပြည်ချစ် ရွှေပြည်သစ်
Mostrar másEl país no está especificadoLa categoría no está especificada
234
Suscriptores
+124 horas
+167 días
+1430 días
Archivo de publicaciones
232
ကရုဏာရှေ့ထား နှလုံးလှသူများ
သူနာပြုသိပ္ပံ(နေပြည်တော်) နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်
၁၄ ခုရှိ သူနာပြု သိပ္ပံများ ဖွင့်ပွဲအခမ်းအနား
(၁၆-၇-၂၀၂၆)
ရွှေပြည်သစ်
https://t.me/shwepyithit01
232
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
pnetsodrSocf6tam2l5453cf48agf7hh17f66f90hf20uc1c3aa981225a11
မြေငလျင်သတင်း
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇) နာရီ၊ (၅၆) မိနစ်၊ (၀၇) စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်ဘက် (၅၆) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (သပိတ်ကျင်းမြို့၏ တောင်-အရှေ့တောင်ဘက် (၄) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၈၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၉) ဒီဂရီ၊ အနက် (၆) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၅.၃(M) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
232
Repost from N/a
ကျောက်ခဲကိုစိန်ဖြစ်အောင်လုပ်ဖိုဖိအားပေးနေတဲ့ အာဆီယံ
မြန်မာ-အာဆီယံကိစ္စမှာ ထိုင်းက တော်တော်လေးကိုကြားဝင်စေ့စပ်ပေးနေတာကိုတွေ့ရတယ်။ ထိုင်းနိုင်ငံပတ္တရားမြိုမှာ အာဆီယံ ဥက္ကဋ္ဌ ဖိလစ်ပိုင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးလာဇရိနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် တိုက မြန်မာနိုင်ငံက EAO အဖွဲအစည်းတစ်ချိုဖြစ်တဲ့ KNU, KNPP, CNF/CNA,RCSS,NMSP တိုနှင့်တွေ့ဆုံတယ်ဆိုပြီးသတင်းတွေထွက်လာတယ်။ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့ NSPNC အဖွဲနှင့်လည်း တွေ့ဆုံဖိုရှိနေသလို ဩဂုတ်လဆန်းပိုင်းမှာ ထိုင်းနိုင်ငံကို မြန်မာနိုင်ငံသမ္မတကြီးအနေနဲ့ တရားဝင်ခရီးစဉ်သွားမယ်ဆိုပြီးတော့ သတင်းတွေထွက်နေတာကိုလည်းတွေ့ရတယ်။ ထိုင်းအနေနဲ့ မြန်မာ့အရေးမှာ ခုလိုမျိုး ကြားဝင်စေ့စပ်ပေးနေတာက သံသယတစ်ခုမဟုတ်ဘူးဆိုရင်တောင် ထည့်တွေးရမယ့် case တစ်ခုလို ပြောရမယ်။ ဒါကြောင့်လည်း သမ္မတကြီးအနေနဲ့ ထိုင်းခရီးစဉ်ကို ရွေးခဲ့သလားပေါ့။ အပြည့်စုံဖတ်ရန်
232
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်အဝေး ၂၄ ရက်မြောက်နေ့မှ ဆွေးနွေးချက်
၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၇ ရက်
မေး။ ဗန်းမော် မဲဆန္ဒနယ်မှ ဦးကျော်လင်းမှ ယာယီနေရပ်စွန့်ခွာသူများအား ဗန်းမော်မဲဆန္ဒနယ်မှ ဦးကျော်လင်း၏ ထောက်ပံ့ ယာယီနေရပ်စွန့်ခွာသူများအား သည့် လစဉ်ကြေးများကို ၂ဝ၂၆ ခုနှစ်၌ ဆိုင်းငံ့ထားသည့်အတွက် ဆက်လက် ထောက်ပံ့ပေးရန် အစီအစဉ်ရှိ၊ မရှိမေးမြန်းခဲ့
ဖြေ။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ တွင် အကြမ်းဖက် ဖြစ်စဉ်ကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူ များအတွက် ထောက်ပံ့မှုများဆောင်ရွက် ပေးရန် တစ်ဦးလျှင် တစ်လငွေကျပ်၂၀၀၀၀ နှုန်းဖြင့်၂၀၂၅ ခုနှစ် ဇန်နဝါရီလမှဒီဇင်ဘာလ အထိ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ထိုသို့တစ်နှစ်စာ ထောက်ပံ့မှုများဆောင်ရွက်ခဲ့ရာ ကချင် ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများအတွက် ငွေကျပ် ၂၂၄၄၆ ဒသမ ၇၈ သန်းကို ထောက်ပံ့ပေးခဲ့ပါကြောင်း။
လက်ရှိတွင် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံ ငွေကို ၂၀၂၆ ခုနှစ်တွင် မန္တလေးငလျင်ကြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ တပ်မတော်က နယ်မြေ ပြန်လည်စိုးမိုးနိုင် ခဲ့သော မြို့ရွာများတွင် အကြမ်းဖက်သမား များဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့သော စာသင်ကျောင်း၊ ဆေးရုံ၊ လမ်းတံတား၊ ရေ၊ မီး၊ လျှပ်စစ်အစရှိသည့်အများ ပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဦးစားပေးသုံးစွဲ နေရသဖြင့် နေရပ်သို့မပြန် နိုင်သေးသည့်ပြည်သူများအား ဆက်လက် ထောက်ပံ့နိုင်ခြင်း မရှိသေးပါကြောင်း ဖြေကြားခဲ့သည်။
ရွှေပြည်သစ်
https://t.me/shwepyithit01
232
+1
ဒေါ်နယ်ထရမ့် ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲသို့ ကိုယ်တိုင် တက်ရောက်ကြည့်ရှုမည်
၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၇ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တနင်္ဂနွေနေ့တွင် ကျင်းပမည့် အာဂျင်တီးနားနှင့် စပိန်တို့၏ ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကြီးကို အိမ်ဖြူတော်မှသာ စောင့်ကြည့်မည်မဟုတ်ဘဲ နယူးဂျာစီပြည်နယ်ရှိ ကွင်းအတွင်းသို့ ကိုယ်တိုင်တက်ရောက် ကြည့်ရှုမည်ဖြစ်ကြောင်း သိရသည်။
အိမ်ဖြူတော် သတင်းပြန်ကြားရေးအတွင်းဝန် ကာရိုလိုင်း လီးဗစ် (Karoline Leavitt) က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲတွင် ယင်းအချက်ကို အတည်ပြုပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
သမ္မတ ထရမ့်သည် တနင်္ဂနွေနေ့ ဗိုလ်လုပွဲ မတိုင်မီ သောကြာနေ့တွင်လည်း မန်ဟက်တန်ရှိ ထရမ့်တာဝါ (Trump Tower) ၌ ကျင်းပမည့် FIFA ကမ္ဘာ့ဖလားဆိုင်ရာ အခမ်းအနားသို့ တက်ရောက်ရန် ပြင်ဆင်နေသည်။
ထရမ့်သည် Super Bowl နှင့် NBA Finals အပါအဝင် ထိပ်တန်း အားကစားပြိုင်ပွဲကြီးများကို ကွင်းအတွင်း ကိုယ်တိုင်တက်ရောက် အားပေးလေ့ရှိသူဖြစ်ပြီး ယခုအခါတွင် ကမ္ဘာ့ဖလား ဗိုလ်လုပွဲကိုပါ ၎င်းတက်ရောက်ခဲ့သည့် အားကစားပွဲများစာရင်းတွင် ထပ်မံဖြည့်သွင်းလိုက်ပြီ ဖြစ်သည်။
ရွှေပြည်သစ်
https://t.me/shwepyithit01
232
မြန်မာပြည်ထဲက စတားလင့်စက်တွေ ပိတ်တော့မယ် Space X ကုမ္ပဏီက စတားလင့်စက်တွေကို နိုင်ငံအလိုက် အသုံးပြုခွင့် ကန့်သတ်ထားတာကြောင့် မှတ်ပုံတင်ထားတဲ့ နိုင်ငံရဲ့ ပြင်ပက စက်တွေအနေနဲ့အသုံးပြုခွင့် ပိတ်ပင်ခံရတာဖြစ်တယ်လို ကုမ္ပဏီဘက်က စတားလင့် သုံးစွဲသူတွေတချိုကို အီးမေးလ်ပေးပို အကြောင်းကြားခဲ့တယ်လိုသိရပါတယ်။
မြန်မာနိုင်ငံဟာ စတားလင့်နဲ့တရားဝင်စာချုပ်ချုပ်ထားခြင်း မရှိသလို ဒီစတားလင့်ကိုအသုံးပြုပြီး နယ်စပ်ဒေသတွေမှာ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေ၊ အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေမှာ ဒီစက်တွေကိုအသုံးပြုလာခြင်းကြောင့် စတားလင့်ရဲ့ဝန်ဆောင်မှုနဲ့ မူဝါဒတွေပိုမိုတင်းကျပ်လာတာဖြစ်တယ်လို သိရပါတယ်။ ဒီလိုဆိုရင်တော့ စတားလင့်သုံးပြီး လိုင်းပေါ်တက် ခွက်ခေါက်နေတဲ့ နီပိန်းအုပ်စုတွေရဲ့ အာရုံနောက်မှုကို မိဘပြည်သူများ ခံစားရတော့မှာမဟုတ်တော့ပါဘူး။။။ https://t.me/shwepyithit01
232
Repost from N/a
+2
ယာဉ်မောင်းလိုင်စင် တွေရဲ့ ကျသင့်ငွေကို Digital Payment နှင့် ချေလို့ရမယ်။ ယာဉ်မောင်းလိုင်စင်သက်တမ်းတွေကိုလည်း online စနစ်နှင့် လုပ်လို့ရပြီဆိုတော့ မဆိုးဘူးလို့ပြောရမှာပေါ့။ သီးသန့်အချိန်မကုန်တော့ဘူးပေါ့။ Online ကနေသက်တမ်းတိုးမယ့်သူတွေအတွက် Google Play store ကနေ ဒီ application ကို ဒေါင်းထားလိုက်ပေါ့။ https://play.google.com/store/apps/details?id=com.mm_mngjv_rtad&hl=en
232
ထိုင်းဝန်ကြီးချုပ် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည်
၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၅ ရက်
တရုတ်ဝန်ကြီးချုပ် လီချန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်သည် ဇူလိုင် ၁၆ ရက်မှ ၂၀ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့တွင် ကြေညာခဲ့သည်။
ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက အနုတင်သည် ရှန်ဟိုင်းတွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ AI ညီလာခံ World AI Conference နှင့် ကမ္ဘာလုံးဆိုင်ရာ AI အုပ်ချုပ်မှုဆိုင်ရာ အဆင့်မြင့်အစည်းအဝေးသို့ တက်ရောက်မည်ဟု ပြောကြားခဲ့သည်။ သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံမည်ဖြစ်ပြီး ဝန်ကြီးချုပ် လီချန်၊ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လီဂျီတို့နှင့်လည်း အသီးသီး တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။
အနုတင်၏ ဝန်ကြီးချုပ်ရာထူးတာဝန်ယူပြီးနောက် တရုတ်နိုင်ငံသို့ ပထမဆုံးတရားဝင် ခရီးစဉ်ဖြစ်ပြီး နှစ်ဖက်စလုံးသည် တရုတ်-ထိုင်းဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အလွန်အလေး ထားခြင်းကို ပြသနေကြောင်း ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ပြောကြားခဲ့သည်။
တရုတ်နှင့် ထိုင်းနိုင်ငံတို့သည် ကောင်းမွန်သော အိမ်နီးချင်းများ၊ ကောင်းမွန်သော မိတ်ဆွေများ၊ ကောင်းမွန်သော ဆွေမျိုးများနှင့် ကောင်းမွန်သော မိတ်ဖက်များဖြစ်ကြောင်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ဘုရင် မဟာဝဇီရာလောင်ကွန် ၏ ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ကို ကိုးကား၍ ၎င်းက ပြောကြားခဲ့သည်။
နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုအောက်တွင် နှစ်ဖက်စလုံး သည် နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကို ပိုမိုနက်ရှိုင်းစေခဲ့ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ အာကာသ၊ သိပ္ပံ၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ကျန်းမာရေးကဏ္ဍများတွင် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပြောင်းလဲနေပြီး မတည်ငြိမ်သော နိုင်ငံတကာအခြေအနေများကြားတွင် ထိုင်းဝန်ကြီးချုပ် ၏ ခရီးစဉ်သည် တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ ရိုးရာချစ်ကြည်ရင်းနှီးမှုနှင့် မိသားစုကဲ့သို့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းရန်၊ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန်၊ တရုတ်-ထိုင်း အသိုက်အဝန်းကို မျှဝေထားသော အနာဂတ်တစ်ခုဖြင့် တည်ဆောက်ရာတွင် ရလဒ်အသစ်များ ရရှိရန်၊ နှစ်နိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြွယ်ဝချမ်းသာမှုတို့ကို အထောက်အကူပြုရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း လင်က ထပ်လောင်းပြောကြားခဲ့သည်။
ရွှေပြည်သစ်
https://telegram.me/shwepyithit01
232
မင်္ဂလာရှိသော နေ့သစ်လေးကို ပိုင်ဆိုင်နိုင်ပါစေ 🌞✨
စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြင့် နေ့တစ်နေ့ကို ဖြတ်သန်းနိုင်ပါစေ 🙏💚
232
၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲတွေ၊ စစ်ရေးပဋိပက္ခတွေနဲ့အတူ ပုဂံဝန်းကျင် (ညောင်ဦး၊ ပုဂံ၊ ပခုက္ကူ လမ်းကြော) တဝိုက်မှာ PDF အဖွဲ့တွေ ပေါ်ပေါက် လာပြီးတဲ့နောက် ပုဂံရဲ့ သာယာပုံဟာ ပုံစံတစ်မျိုး ပြောင်းသွားပါတယ်။ ဟိုးလေးတကျော် စည်ကားတာမျိုး မဟုတ်တော့ဘဲ အလှတရားတွေဟာ တိတ်ဆိတ်ခြင်း၊ ငြိမ်သက်ခြင်းနဲ့ စိုးရွံ့ခြင်း ဘက်ကို ရောက်သွားပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေ၊ ဘုရားဖူးတွေ အရင်လို မစည်ကားတော့ တဲ့အတွက် ပုဂံဟာ ထူးဆန်းစွာပဲ ရှေးခေတ် အဖြူ/အမည်း TV ကြည့်နေရသလို ဆိတ်ငြိမ် သွားပါတယ်။ လူသူကင်းဝေးတဲ့ စေတီအိုလေးတွေကြားထဲ လေတိုးသံကလွဲလို့ ဘာသံမှ မကြားရဘဲ တကယ့်ကို သဘာဝအတိုင်း ငြိမ်သက်နေပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့မှာ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ ရဲစခန်းကို PDF အဖွဲ့စုံ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာတွေ၊ ညောင်ဦးမြို့ PDF အဖွဲ့က ၂၀၂၅ ခုနှစ် မှာ စစ်ရေးဖော်ဆောင်မှုတွေ ပြုလုပ်မယ်လို့ပြောခဲ့တာတွေရှိပါတယ်။ ပုဂံမြို့ပတ်လည် အဝေးဆုံး မိုင် ၂၀ ဝန်းကျင် အကွာအဝေးတွေမှာ တိုက်ပွဲသံတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်။ ယူနက်စကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ပုဂံမြို့ နဲ့ အနီးဆုံးဆိုရင် ၇ မိုင်ဝန်းကျင်လောက်အထိ တိုက်ပွဲတွေ ရှိလာပါတယ်။ ဒါ့အပြင် ပုဂံ အလိုတော်ပြည့်ဘုရားအနီးမှာ ရဲတပ်ဖွဲ့ဝင် ၂ ဦးပစ်ခတ်ခံရတဲ့ ဖြစ်စဥ်လည်း ဖြစ်ခဲ့ ပါတယ်။ PDF တွေ ပေါ်လာပြီးနောက်ပိုင်း မြန်မာတွေ အထွဋ်အမြတ်ထားရတဲ့ ပုဂံဒေသဟာ ခရီးသွား ပြည်သူတွေအတွက် စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ နှလုံးသည်းပွတ်၊ ကမ္ဘာကပါ တန်ဖိုးထားရတဲ့ ပုဂံယဉ်ကျေးမှုမြေနဲ့ ၎င်းရဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေဟာ တိုင်းပြည်အတွက်ရော ပြည်သူတွေအတွက်ပါ များစွာရင်နာစရာကောင်းတဲ့ ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။ စစ်ရေး နည်းလမ်း ဆိုတာ ဘယ်တော့မှ ရေရှည်တည်တံ့တဲ့ အဖြေအစစ်အမှန်ကို မပေးနိုင်ပါဘူး။ ဒါကြောင့် အစိုးရ အနေနဲ့လည်း လက်ရှိ PDF အဖွဲ့တွေအပါအဝင် ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူအားလုံးကို တိုင်းပြည်အနာဂတ်နဲ့ ပြည်သူ့အကျိုးကို ရှေးရှုပြီး ဥပဒေဘောင်အတွင်းကနေ လွှတ်တော်တွင်း နိုင်ငံရေးနည်းလမ်းနဲ့ အေးချမ်းစွာ ဆွေးနွေးအဖြေရှာနိုင်မည့် ငြိမ်းချမ်းရေး လမ်းကြောင်းတွေကို ပြတ်ပြတ်သားသား လမ်းဖွင့်ပေးထားပါတယ်။ ဒါ့ကြောင့် PDF တွေ အနေနဲ့လည်း ယူနက်စကို (UNESCO) အသိအမှတ်ပြု ပုဂံကမ္ဘာ့အမွေအနှစ်ဇုန်ကြီးကို စစ်ရေးပဋိပက္ခတွေကြောင့် ထိခိုက် ပျက်စီးမှုမရှိစေဖို့၊ တိုင်းပြည်ကြီးအေးချမ်းတည်ငြိမ်စေဖို့အတွက် ပုဂံဒေသကို စစ်မဖြစ်ရဇုန် (Conflict-free zone) အဖြစ် စိတ်ထဲမှာ နှလုံးသွင်းရမှာဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် အစိုးရထံ အလင်းဝင်ဖို့ အချိန်တန်ပြီပဲ ဖြစ်ပါတယ်။
တကယ်တော့ ကျွန်တော်တို့နိုင်ငံရဲ့ ပြည်သူတွေဟာ စစ်ပွဲတွေရဲ့ ဒဏ်ရာဒဏ်ချက်တွေ၊ ခရီးသွားလုပ်ငန်းနဲ့ ပြည်တွင်းစီးပွားရေး ကျဆင်းမှုဒဏ်တွေကို အလူးအလဲ ခံစားနေကြရတာ ဖြစ်ပါတယ်။ ပြည်သူတွေ တောင်းဆိုနေတာက အပေါ်ယံ ယာယီအပစ်အခတ်ရပ်စဲရေး မဟုတ်ပါဘူး။ တရားဥပဒေစိုးမိုးပြီး မိသားစုတွေ စိတ်အေးချမ်းသာစွာ လုပ်ကိုင် စားသောက် နိုင်မယ့် “စစ်မှန်တဲ့ ငြိမ်းချမ်းရေး” ကိုပဲ ဖြစ်ပါတယ်။ ပုဂံမြေကြီးရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်း ဖို့ဆိုရင် ဘယ်အဖွဲ့အစည်းမဆို ရှေးဟောင်းစေတီပုထိုးတွေကို စစ်ရေးအရ အသုံးချတာမျိုး လုံးဝမလုပ်ဘဲ မြတ်မြတ်နိုးနိုး ဝိုင်းဝန်းကာကွယ်ကြရပါမယ်။ ဧရာဝတီမြစ်ကမ်းဘေးက စားသောက်ဆိုင်လေးတွေမှာ ဖယောင်းတိုင်မီး၊ မာကျူရီမီးလေးတွေနဲ့ ညစာစားရင်း၊ ပုဂံမြေကြီး တစ်နေ့ ပြန်လည်ငြိမ်းချမ်းစည်ကားလာမယ့် အရုဏ်ဦးကို ကျွန်တော်တို့ ပြည်သူတွေ၊ ဒေသခံတွေက မျှော်လင့်ချက်အပြည့်နဲ့ စောင့်ကြိုနေကြဆဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်ဗျာ......... . ရွှေပြည်သစ် https://t.me/shwepyithit01
232
ပုဂံမြေကို အသုံးမချပါနဲ့
၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၃ ရက်
ပုဂံမြေဟာ မြန်မာနိုင်ငံရဲ့ နှလုံးသားတင်မကဘဲ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်သမိုင်းမှာပါ အံ့မခန်း ဗိသုကာ စေတီပုထိုးတွေကြောင့် နာမည်ကျော်ကြားလှပါတယ်။ ကမ္ဘာလှည့် ခရီးသည် တွေ၊ သမိုင်းပညာရှင်တွေနဲ့ နိုင်ငံတကာစာစောင်တွေက ပုဂံကို The Sea of Pagodas (စေတီပုထိုး ပင်လယ်ပြင်)၊ The Land of Four Million Pagodas (ဘုရားလေးသန်းမြေ)၊ Ancient City of Golden Horizon (ရွှေရောင်မိုးကုတ်စက်ဝိုင်းအောက်ရှိ ရှေးဟောင်းမြို့တော်) စသည်ဖြင့် အမျိုးမျိုးအဖုံဖုံ တင်စားခေါ်ဝေါ်ကြပါတယ်။
အိန္ဒိယအတွက် တာ့ဂျ်မဟာ၊ တရုတ်အတွက် မဟာတံတိုင်းကြီး၊ ဂျပန်အတွက် ကျိုတိုမြို့ဟောင်း၊ အင်ဒိုနီးရှားအတွက် ဘာလီကျွန်း၊ အီဂျစ်အတွက် ဂီဇာ ပိရမစ်ကြီးတွေ၊ အီတလီ အတွက် ကော်လိုစီယမ် ရောမမြို့ဟောင်း (Colosseum, Rome)၊ ကမ္ဘောဒီးယားအတွက် အန်ကောဝပ် ဘုရားကျောင်း စတာတွေဟာ နိုင်ငံအတွက် သမိုင်းဝင်ထင်ရှားတဲ့နေရာကြီးတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက်လည်း အဖိုးမဖြတ်နိုင်တဲ့၊ ယှဉ်ပြိုင်ဘက်မရှိတဲ့ အနုပညာ ရတနာ တစ်ပါး အဖြစ်နဲ့ ရှိနေတဲ့ ရှေးဟောင်းနယ်မြေကတော့ ကမ္ဘာ့ယူနက်စကို (UNESCO) အသိအမှတ်ပြု “ပုဂံ” ပဲ ဖြစ်ပါတယ်။
မျက်မှောက်ခေတ် ပုဂံရဲ့ အလှအပ၊ အေးချမ်းပုံနဲ့ ဖြစ်တည်မှုတွေဟာ PDF မပေါ်ခင် ကာလနဲ့ PDF ပေါ်ပြီးနောက်ပိုင်း ကာလဆိုပြီး သိသိသာသာ ကွာခြားသွားပါတယ်။ PDF မပေါ်ခင် (၂၀၂၁ ခုနှစ်မတိုင်မီ) ရွှေရောင်လွှမ်းတဲ့ကာလမှာဆိုရင် ကမ္ဘာလှည့်ခရီးသည်တွေက ငြိမ်းချမ်းခြင်း မြို့တော်လို့တောင် တင်စားခေါ်ဝေါ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကာလကတော့ ပုဂံရဲ့ ခေတ်သစ် ရွှေခေတ်လို့ ပြောလို့ရပါတယ်။ ဖုန်တထောင်းထောင်းကြားက မြင်းလှည်းသံတွေ၊ စေတီပုထိုး တွေ က ဆည်းလည်းသံတွေအပြင် မြန်မာလူမျိုးတွေ အလှူအတန်းလုပ်ကြရင် မပါမဖြစ်ပါတဲ့ အိုးစည် ဗုံမောင်းသံတွေနဲ့ ပုဂံမြေဟာ အမြဲသက်ဝင်လှုပ်ရှားနေခဲ့ပါတယ်။ ညနေစောင်းရင် စူဠာမဏိ ဘုရားအနီးမှာရှိတဲ့ ညောင်လက်ဖက်ကုန်းမြင့်၊ မင်းနန်းသူကျေးရွာ နေဝင်ဆည်းဆာ ကြည့် ကုန်းမြင့် စတဲ့နေရာတွေကနေ ကမ္ဘာအရပ်ရပ်က ခရီးသည်တွေ စုပြုံပြီး နေဝင်ချိန်ကို ငေးမောရတဲ့ အရသာဟာ ဘာနဲ့မှမလဲနိုင်တဲ့ ငြိမ်းချမ်းမှုပါ။ အေးချမ်းလှတဲ့ ဆောင်းမနက်ခင်းတွေ ဆိုရင် မြူခိုးတွေကြားထဲကနေ ထိုးထွက်နေတဲ့ စေတီပုထိုးတွေအပေါ်မှာ ရောင်စုံပူဖောင်း ကြီးတွေ ဝဲပျံနေတာဟာ ပုဂံရဲ့ သင်္ကေတတစ်ခုပေါ့။
ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ မြင်းလှည်းမောင်းသူတွေအပြင် လမ်းဘေးစျေးရောင်း သူတွေကအစ ဧည့်သည်တွေကို သနပ်ခါးပါးကွက်ကြားလေးတွေနဲ့ ကြိုဆိုတတ်တဲ့ ပုဂံသူ ပုဂံသားတွေရဲ့ နှလုံးသားဟာ PDF တွေမပေါ်ခင်ထိ အေးချမ်းမှုအပြည့် ရှိနေခဲ့ပါတယ်။ ရွှေပြည်သစ် အပိုင်း၂ ဆက်လက်ဖတ်ရှုရန်
232
နောက်ထပ်လည်း မြို့နေလူထုအဆင်ပြေပြေ သွားလာနိုင်ရေးအတွက် ဈေးဝယ်စင်တာများနှင့် အထင်ကရ နေရာများသို့ ရောက်ရှိနိုင်သော ယာဉ်လိုင်းများကို ထပ်မံတိုးချဲ့ဖို့ လိုအပ်ပါတယ်။ 🛣🚌 အကယ်၍ မြို့တွင်းသွားလာရေး အဆင်ပြေလာပါက နေပြည်တော်သို့ လာရောက်လည်ပတ်သူ များလာနိုင်သလို မြို့နေလူထုအတွက် အလုပ်ကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးပေးလာနိုင်မှာ ဖြစ်ပါတယ်။ 💼🏙 အရေးကြီးဆုံးအချက်ကတော့ ကုန်ဈေးနှုန်းကြီးမြင့်ပြီး ဝင်ငွေနည်းပါးတဲ့ မြို့နေအခြေခံ လူတန်းစားများအတွက် ကုန်ကျစရိတ် သက်သာလာစေမှာ ဖြစ်ပါတယ်။ 💰📉 ဒါပေမယ့်လည်း တည်ဆောက်ရေးကာလမှာတော့ နိုင်ငံတော်အစိုးရက အရှုံးခံပြီး လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ 🏗🤝 ဒါကလည်း ပြည်သူထုထုအတွက် အစိုးရက မဖြစ်မနေ လုပ်ဆောင်ပေးရမယ့် တာဝန်တစ်ရပ် ဖြစ်တယ်လို့လဲ မြင်မိပါတယ်။ 🇲🇲 ဒါမှသာ “အစိုးရသည် ပြည်သူအတွက်” ဆိုတဲ့ စိတ်ထားကို ဖော်ပြလာနိုင်မှာ ဖြစ်ပြီး နောင်တစ်ချိန်တွင် ပြည်သူကလည်း နိုင်ငံတော်အစိုးရအပေါ် နားလည် လက်ခံလာနိုင်မှာ ဖြစ်တယ်လို့ ယူဆမိပါတယ်။ 🤝🌟
ရွှေပြည်သစ်
https://t.me/shwepyithit01
232
ဇူလိုင်လ ၆ ရက်နေ့မှစတင်ကာ နေပြည်တော်မြို့တွင်း ခရီးစဉ်အတွက် "ရာဇာမင်း" ယာဉ်လိုင်းမှ လျှပ်စစ်ဘတ်စ်ကား (EV Bus) များကို စတင်ပြေးဆွဲပေးနေပြီဖြစ်တယ်လို့ သိရတယ် 🚌⚡️ တစ်နေ့ကို အသွားပြန်ဖြင့် ၄ ကြောင်း ပြေးဆွဲသွားမှာ ဖြစ်ပြီး ယာဉ်စီးခနှုန်းထားမှာ ဂိတ်စမှ ဂိတ်ဆုံးအထိ တစ်ဦးလျှင် ကျပ် ၁,၀၀၀ (တစ်ထောင်ကျပ်) ပါတယ် 💰
အရင်ကဆို နေပြည်တော်ကို အလုပ်ကိစ္စဖြင့် ဖြစ်စေ၊ အလည်အပတ်ဖြင့် ဖြစ်စေ အကြောင်းကိစ္စ အမျိုးမျိုးကြောင့် လာရောက်ကြရသော ပြည်သူများသည် တစ်နေရာနှင့် တစ်နေရာဝေးကွာလှသော မြို့တွင်း ခရီးအတွက် များစွာပူပန်ခဲ့ရပါတယ် 😓 အငှားယာဉ်များကို ငှားရမ်း ရန်မှာလည်း ဆီဈေး၊ ကုန်ဈေးနှုန်း မြင့်တက်နေတဲ့ အကြောင်းပြချက်နဲ့ ငှားရမ်းခမှာ လွန်စွာများပြားနေတဲ့အတွက်ကြောင့် နေပြည်တော် မြို့တွင်းတွင် တစ်နေရာနှင့် တစ်နေရာ သွားရေးလာရေးမှာ အဓိက အခက်အခဲတစ်ခု ဖြစ်လို့နေပါတယ် 🚗📉
ဒါကြောင့် နေပြည်တော်မြို့တွင်း သွားလာရေးအတွက် "ရာဇာမင်း" ယာဉ်လိုင်းမှ လျှပ်စစ်ဘတ်စ်ကား (EV Bus) များသည် အထက်အလောက် အဆင်ပြေစေနိုင်တဲ့ အစပျိုးမှုတစ်ခုဖြစ်တယ်လို့ မြင်မိပါတယ် ✨🌆
232
အာဂျင်တီးနားအသင်းက ကမ္ဘာ့ဖလားကို နှစ်ကြိမ်ဆက် ဆွတ်ခူးနိုင်ရေးအတွက် အစွမ်းကုန်ပေးဆပ်ကစားမည်ဟု နည်းပြစကာလိုနီ ပြော
ဇူလိုင် ၁၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်၌ ဆွစ်ဇာလန်အသင်းကို အချိန်ပို၌ ၃-၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် အာဂျင်တီးနားအသင်း မန်နေဂျာ လီယွန်နယ် စကာလိုနီက ၎င်း၏အသင်းအနေဖြင့် ကမ္ဘာ့ဖလားကို နှစ်ကြိမ်ဆက် ဆွတ်ခူးနိုင်ရန် အစွမ်းကုန်ပေးဆပ်ကစားမည်ဟု ပြောကြားခဲ့သည်။
ကွာတားဖိုင်နယ်ပွဲစဉ်၌ အာဂျင်တီးနားက အလက်ဆစ် မက်ခ်အယ်လစ္စတာ၏ ပွဲချိန်အစောပိုင်း ခေါင်းတိုက်ဂိုးဖြင့် ဦးဆောင်ထားသော်လည်း ဒုတိယပိုင်းတွင် ဒန် အင်ဒိုယီက ပြန်လည်ချေပခဲ့သည်။ ကန်းဆက်စ်စီးတီး အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါပွဲစဉ်၌ ဆွစ်ဇာလန်အသင်းမှ ဘရီးလ် အမ်ဘိုလို ထုတ်ပယ်ခံရပြီးနောက် ဟူလီယန် အယ်လ်ဗာရက်ဇ်နှင့် လော်တာရို မာတီနက်ဇ်တို့က အချိန်ပိုတွင် အနိုင်ဂိုးများသွင်းယူခဲ့သည်။
အဆိုပါ အနိုင်ရလဒ်ကြောင့် အာဂျင်တီးနားအသင်းမှာ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲမှစ၍ အဓိကပြိုင်ပွဲများတွင် ငါးကြိမ်မြောက် ဆီမီးဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
"ပြိုင်ပွဲငါးခု၊ ဆီမီးဖိုင်နယ်ငါးကြိမ်ပါ" ဟု ၂၀၁၈ ကမ္ဘာ့ဖလားအပြီးတွင် အာဂျင်တီးနားအသင်းကို စတင်ကိုင်တွယ်ခဲ့သည့် စကာလိုနီက ဆိုသည်။ "ကျွန်တော် အဲဒါနဲ့ပတ်သက်ပြီး ကြိုတွေးမထားပေမဲ့ အဲဒါက ကျွန်တော်တို့ ပျော်ရွှင်သင့်တဲ့အရာပါ။ ဒီကစားသမားတွေ မရှိဘဲနဲ့ အခုလို ဖြစ်လာမှာမဟုတ်ပါဘူး" ဟု ၎င်းက ပြောသည်။
"ဆီမီးဖိုင်နယ်အထိ တက်နိုင်ခဲ့ပြီး ဘောလုံးအားကစားရဲ့ အခုလို ဂုဏ်ယူစရာကောင်းတဲ့ နေရာတစ်နေရာကို အရယူနိုင်ခဲ့တာက သိပ်ကောင်းပါတယ်။ ကျွန်တော်တို့ ဒီအတွက် ကျေနပ်ပျော်ရွှင်သင့်ပြီး နောက်ဆုံးချွေးတစ်စက် ကျန်တဲ့အထိ အစွမ်းကုန်ပေးဆပ်ကစားရင်း နောက်ဆုံးအချိန်ထိ မျှော်လင့်ချက်ထားသင့်ပါတယ်။ ကျွန်တော်တို့ အောင်မြင်အောင်လုပ်နိုင်ခဲ့ရင် သိပ်ကောင်းတာပေါ့။ အဲဒီလို မလုပ်နိုင်ခဲ့ရင်တောင် ကျွန်တော်တို့ အစွမ်းကုန်ပေးဆပ်ကစားခဲ့ပြီးဖြစ်မှာပါ" ဟုလည်း စကာလိုနီက ပြောသည်။
အုပ်စုပွဲစဉ် သုံးပွဲတွင် သုံးပွဲလုံးအနိုင်ရရှိကာ အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်တက်နိုင်ခဲ့သည့် လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းမှာ ရှုံးထွက်အဆင့်၌ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ အာဂျင်တီးနားအနေဖြင့် ၃၂ သင်းအဆင့်၌ ကိတ်ဗာဒီ (ကာဘိုဗာဒီ) အသင်းကို အချိန်ပိုရောက်မှသာ အနိုင်ရရှိခဲ့သလို ၁၆ သင်းအဆင့်၌လည်း ပုံမှန်ပွဲကစားချိန်ပြီးဆုံးရန် ၁၁ မိနစ်အလိုအထိ အီဂျစ်အသင်းကို နှစ်ဂိုးရှုံးနိမ့်နေသော်လည်း နောက်မှလိုက်ကစားကာ အနိုင်ယူခဲ့ခြင်းဖြစ်သည်။
"ဒီနေ့ ကျွန်တော်တို့ အကောင်းဆုံးပုံစံမှာ မရှိခဲ့တာဖြစ်နိုင်ပါတယ်။ ဒါက ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီး ကျွန်တော်တို့ပုံစံအတိုင်း ကစားဖို့ ကြိုးစားခဲ့ပေမဲ့ ဖြစ်မလာခဲ့ပါဘူး" ဟု စကာလိုနီက ဆိုသည်။
"ဆွစ်ဇာလန်အသင်းကို ဂုဏ်ပြုရပါမယ်။ ကျွန်တော် အသင်းရဲ့ခြေစွမ်းကို ကျေနပ်ပေမဲ့ ကျွန်တော်တို့ ဆက်ပြီးကြိုးစားဖို့၊ ပိုပြီးတိုးတက်အောင်လုပ်ဖို့ ဒီပွဲစဉ်က တွန်းအားပေးနေပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
နည်းပြ မူရတ် ယာကင်၏အသင်းက ၎င်း၏အသင်းကို စိတ်ကြိုက်ကစားခွင့်မရအောင် ထိန်းချုပ်ဟန့်တားနိုင်ခဲ့သည်ဟုလည်း အသက် ၄၈ နှစ်အရွယ် စကာလိုနီက ဝန်ခံခဲ့သည်။
"ကျွန်တော်တို့ ကစားချင်တဲ့ပုံစံအတိုင်း မကစားနိုင်ခဲ့ပေမဲ့ ကျွန်တော်တို့ တခြားအရည်အသွေးတွေကို ပြသနိုင်ခဲ့ပါတယ်။ အဲဒါကို အသားပေးပြီးပြောဆိုဖို့လည်း ထိုက်တန်ပါတယ်" ဟု ၎င်းက ပြောသည်။ "ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ရည်မှန်းချက်၊ ပင်နယ်တီအဆုံးအဖြတ်ကို ရှောင်လွှဲချင်တဲ့ဆန္ဒနဲ့ ဆွစ်ဇာလန်အသင်းဘက်မှာ ပွဲအနေအထားကို ရှုပ်ထွေးအောင်လုပ်ခဲ့ပုံရတဲ့ ကစားသမားတွေ ရှိနေတာကြောင့် ကျွန်တော်တို့ အနိုင်ရခဲ့တာပါ" ဟုလည်း ၎င်းက ပြောသည်။
အာဂျင်တီးနားအသင်းအနေဖြင့် ဗိုလ်လုပွဲတက်ရောက်ခွင့် ရရှိရေးအတွက် အတ္တလန်တာမြို့တွင် ဇူလိုင် ၁၅ ရက်၌ အင်္ဂလန်အသင်းနှင့် ဆီမီးဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အာဂျင်တီးနားအသင်းအနေဖြင့် ဒီယေဂို မာရာဒိုနာ၏ "ဘုရားပေးသောလက်" "ရာစုနှစ်၏ အကောင်းဆုံးသွင်းဂိုး" ဟူသော အမှတ်ရဖွယ် ၁၉၈၆ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ် အပါအဝင် ဆယ်စုနှစ်များနှင့်ချီ ကြာမြင့်သော အသင်း၏ ကမ္ဘာ့ဖလားသမိုင်းကြောင်းအား တဝဲလည်လည် ပြောဆိုနေမည် မဟုတ်ဟု စကာလိုနီက ဆိုသည်။
"အင်္ဂလန်အသင်းက ကျွန်တော် သိပ်ကိုလေးစားရတဲ့ မန်နေဂျာကောင်းတစ်ယောက်ရှိနေတဲ့ အသင်းကောင်းတစ်သင်းပါ။ ဒါပေမဲ့ ဒါက ဘောလုံးပွဲတစ်ပွဲဖြစ်ပြီး အဲဒါထက်ပိုတဲ့ ဘာခံစားချက်မှမရှိပါဘူး" ဟု စကာလိုနီက ပြောသည်။
232
အာဂျင်တီးနားအသင်းက ကမ္ဘာ့ဖလားကို နှစ်ကြိမ်ဆက် ဆွတ်ခူးနိုင်ရေးအတွက် အစွမ်းကုန်ပေးဆပ်ကစားမည်ဟု နည်းပြစကာလိုနီ ပြော
232
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၍ အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပေး
မိုးရာသီ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်တွင် ချယ်ရီ၊ ခရေ၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ဆီသပြေနှင့် ခါတော်မီ စုစုပေါင်း သစ်မျိုး(၈)မျိုး၊ ပျိုးပင်ပေါင်း(၃၀၀၀)ပင်ကို စိုက်ပျိုးသည်။
ရွှေပြည်သစ်
https://t.me/shwepyithit01
232
ပန်းမြို့တော်ရဲ့ တိမ်လွှာခရီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပြင်ဦးလွင်မြို့ရှိ အနီးစခန်းလေဆိပ် ဖွင့်ပွဲအခမ်းအနားသို တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။
ခရီးသွားဧည့်သည်များအနေဖြင့် အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ လာရောက်လည်ပတ်နိုင်စေရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးကို ရည်ရွယ်၍ အဆင့်မြှင့်တင်တည်ဆောက်ပြီးစီးခဲ့သော ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတက တက်ရောက်ဖွင့်လှစ်ပေးကာ အမှာစကား ပြောကြားခဲ့ပါသည်။
ရွှေပြည်သစ်
https://t.me/shwepyithit01
232
နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး မှ
စားအုံးဆီ တင်သွင်းသုံးစွဲမှုအခြေအနေကိုရှင်းလင်းတင်ပြခြင်း (၁၁-၇-၂၀၂၆)
