ရွှေပြည်သစ်
Ir al canal en Telegram
တိုင်းချစ် ပြည်ချစ် ရွှေပြည်သစ်
Mostrar másEl país no está especificadoLa categoría no está especificada
232
Suscriptores
-124 horas
+157 días
+1330 días
Archivo de publicaciones
232
တချို့ ပြည်ပအခြေစိုက် လှုပ်ရှားသူအဖွဲ့အစည်းတွေ (ဥပမာ - Justice For Myanmar) အနေနဲ့ Mytel ရဲ့ တရားဝင် ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံရေးနဲ့ ဆက်စပ်ပြီး မဟုတ်မမှန် စွပ်စွဲချက်တွေ ပမာဏအဆမတန် ချဲ့ကားထားတဲ့ ငွေကြေးကိန်းဂဏန်းတွေနဲ့ ဖီဖာအဖွဲ့ချုပ် အပေါ်ကို ဖိအားပေးဖို့ ကြိုးပမ်းတာဟာ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေလိုတဲ့ အပြင်၊ ကမ္ဘာ့ဖလားပြိုင်ပွဲကို ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုလိုကြတဲ့ သန်းပေါင်းများစွာသော မြန်မာ့ဘောလုံးပရိသတ်တွေရဲ့ ဖျော်ဖြေရေးအခွင့်အရေးကို လျစ်လျူရှုရာ ရောက်နေပါတယ်။
=====================================================
Mytel ဟာ နိုင်ငံတော်အတွင်းမှာ ကွန်ရက်အကျယ်ပြန့်ဆုံး ဖြန့်ကြက်ထားပြီး ပြည်သူလူထုထံကို သက်သာတဲ့ နှုန်းထားတွေနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပေးနေတဲ့အပြင်၊ နိုင်ငံတော်အတွက် အခွန်အခ အမြောက်အမြား ပေးသွင်းနေပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများစွာကို ဖန်တီးပေးနေတဲ့ တရားဝင်အော်ပရေတာတစ်ခု ဖြစ်ပါတယ်။
====================================================
ဒါ့အပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)နဲ့ ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်နေတဲ့ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကလည်း မြန်မာ့ဘောလုံးအားကစားလောက အခြေခံကနေစပြီး နိုင်ငံတကာအဆင့်အထိ တိုးတက်လာစေဖို့၊ လူငယ်မောင်မယ်တွေ အားကစားကဏ္ဍမှာ ဖွံ့ဖြိုး လာစေဖို့နဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ကိုယ်ကျိုးမဖက် ဘတ်ဂျက်အမြောက်အမြား စိုက်ထုတ် ကူညီနေခြင်းဖြစ်လို့ သူတို့အပေါ် ပုတ်ခတ်စွပ်စွဲခြင်းက မျှတမှုမရှိတာကို တွေ့ရပါတယ်။
=====================================================
ဖီဖာ (FIFA) အနေနဲ့ နိုင်ငံရေးနဲ့ အားကစားကို ရောနှောခြင်းမပြုဘဲ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “ကမ္ဘာကြီးကို တစ်သားတည်းဖြစ်စေခြင်း” ဆိုတဲ့အတိုင်း မြန်မာပြည်သူတွေ အားကစားအလှတရားကို တန်းတူရည်တူ ခံစားခွင့်ရရှိဖို့အတွက် ကတိကဝတ်အတိုင်း ဆက်လက် ရပ်တည်ဆောင်ရွက်သွားမယ်လို့ သုံးသပ်ရတဲ့အတွက် အဖျက်မီဒီယာတွေအနေနဲ့ လမင်းကို ခွေးဟောင်သော်လည်း လမင်းကြီးကတော့ ဂရုမစိုက်၊ ပြုံးနေမြဲဖြစ်တယ်လို့ ပြောလိုပါတယ်။
ရွှေပြည်သစ်
https://t.me/shwepyithit01
Facebook
https://www.facebook.com/profile.php?id=61590404563868
232
အဖျက်သမားတို့ ဘယ်လိုပင်နှောင့်ယှက်စေကာမူ လမင်းကြီးကတော့ ပြုံးနေမြဲဖြစ်
၂၀၂၆ ခုနှစ် ဇွန်လ ၁၂ ရက်
ကမ္ဘာလုံးဆိုင်ရာ အားကစားပွဲတော်ကြီးဖြစ်တဲ့ ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား (FIFA World Cup 2026) ပြိုင်ပွဲကြီးရဲ့ မီဒီယာထုတ်လွှင့်ပြသခွင့်ကို ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာ တစ်ခု ဖြစ်တဲ့ Mytel က တရားဝင်ရရှိခဲ့တဲ့အပေါ် ပြည်ပအခြေစိုက် အဖွဲ့အစည်းအချို့အပြင်၊ ပြည်တွင်း အဖျက်မီဒီယာတွေရဲ့ နိုင်ငံရေးအရ စွပ်စွဲပုတ်ခတ်မှုတွေဟာ မြန်မာပြည်သူလူထုရဲ့ အားကစားနဲ့ ဖျော်ဖြေရေးဆိုင်ရာ အခွင့်အရေးတွေကို ပိတ်ပင်လိုတဲ့ သဘောဖြစ်တာကို တွေ့ရတယ်။
=========================================================Read More
232
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် တရုတ်ကို(ဇွန် ၁၅ မှ ၁၉ ရက်ထိ) သွားမည့်အကြောင်း တရုတ်နိုင်ငံပိုင်ဆင်ဟွာသတင်းဌာနက ထုတ်ပြန်လာတာတွေ့ရတယ်။ မြန်မာနိုင်ငံနှင့် close အဖြစ်ဆုံးနိုင်ငံတွေလို့ပြောလို့ရတဲ့ အိန္ဒိယကိုချစ်ကြည်ရေးခရီးစဉ်သွားပြီးနောက် ခုတစ်ခါ တရုတ်ကိုထပ်မံရွေးချယ်လိုက်ပြီဖြစ်တယ်။ တရုတ်ပြီးရင်တော့ ရုရှား (သို့မဟုတ်) ဒေသတွင်းနိုင်ငံတစ်နိုင်ငံဖြစ်လိမ့်မယ်လို့ ယူဆမိတယ်။
Telegram
https://t.me/shwepyithit01
Facebook
https://www.facebook.com/profile.php?id=61590404563868
https://www.tiktok.com/@political.insight0?_r=1&_t=ZS-9792mE2Ow6O
232
BBC ကတော့ PDF/NUG အဖွဲ့ကို တစ်ချက်တည်းနဲ့ အလဲထိုးလိုက်ပြီ
လက်ရှိမှာ နိုင်ငံရေးစစ်ရေးအခြေအနေအရ တပ်မတော်က အဘက်ဘက်မှာ အသာစီးရနေတာဖြစ်တဲ့အတွက် BBC အနေနဲ့ လက်ရှိတပ်မတော်နှင့်အစိုးရအဖွဲ့ကို ထိုးနှက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နှင့် မြန်မာနိုင်ငံထဲကို ခွေးတိုးပေါက်ကနေ ခိုးဝင်လာခဲ့ကြတယ်။ သူတို့ကိုယ်တိုင်လည်း ပြောထားတယ်။ သူပုန်နယ်မြေထဲမှာ (၁၀) ရက်လောက်နေပြီး သတင်းတွေယူကြတယ်။ တပ်ပြေး ၄ ကောင်နှင့်တောင် အင်တာဗျူးလိုက်သေးတယ်။ PDF တွေကလည်း သူတို့ဘယ်လိုရုန်းကန်နေရပါတယ်၊ တပ်မတော်နှင့်တိုက်ပွဲတွေဘယ်လိုရင်ဆိုင်နေရပြီးတော့ အောင်ပွဲတွေဘယ်လိုရနေပါတယ်၊ တော်လှန်ရေးကြီးကတော့ ဘယ်လိုပါ ဘလာဘလာပေါ့ ဒါမျိုးတွေကို ကမ္ဘာကသိအောင်လို့ ချပြစေချင်ခဲ့တယ်ဆိုပေမယ့် တကယ့်တကယ် BBC က မြေပြင် ပကတိအခြေအနေကို ချပြလာတဲ့အခါမှာတော့……
************************
“In many parts of the country, the rebels are now on the back foot against the military” (နိုင်ငံရဲ့ နေရာအတော်များများမှာ သူပုန်တွေဟာ တပ်ကို ဆန့်ကျင်ဖို့အတွက် အခြေမလှ အားနည်းနေကြပြီ”၊ ခေါင်းဆောင်ဘယ်သူတွေက မိုင်းထိတာတွေ၊ ပကတိမြေပြင်မှာ ဘယ်လိုရုန်းကန်နေရတာတွေ စသဖြင့် ရေးလိုက်တော့ PDF/NUG အဖွဲ့တွေရဲ့ မှန်းချက်နှင့် နှမ်းထွက် မကိုက်ခဲ့တဲ့ အနေထားကိုတွေ့ရတယ်။ ဆိုလိုချင်တာက BBC အနေနဲ့ သစ္စာဖောက်သွားတာလား၊ PDF/NUG ရဲ့ရင်ဝကို ဆောင့်ကန်လိုက်တာလား ပေါ့လေ။
********************
၂၀၂၁ နိုင်ငံရေးမတည်ငြိမ်တဲ့ အစပိုင်းလောက်မှာ PDF/NUG/CRPH တွေအနေနဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုကို အနည်းအကျဉ်းရခဲ့တယ်ဆိုပေမယ့် ခုချိန်မှာတော့ ပြည်သူတွေရဲ့ ဒီအဖွဲ့အပေါ်မှာထားတဲ့သဘောထားက ရာနှုန်းပြည့်ပြောင်းလဲသွားခဲ့ပြီလို့ပြောလို့ရတယ်။ အစိုးရနှင့် တပ်မတော်ကို တောက်လျှောက် ဆန့်ကျင်နေတဲ့ BBC လိုမီဒီယာတောင် ထောက်ခံတော့တဲ့ အနေထားမျိုးမတွေ့ရတဲ့အခါမှာတော့ PDF/NUG/CRPH တို့ရဲ့ နိုင်ငံရေးခရီးလမ်းက ဇာတ်သိမ်းမလှပဲ ပျောက်ကွယ်နေရပြီလို့ သုံးသပ်ရမှာပဲဖြစ်ပါတယ်။
ရွှေပြည်သစ်
Telegram
https://t.me/shwepyithit01
Facebook
https://www.facebook.com/profile.php?id=61590404563868
232
Repost from N/a
+3
BBC ကတော့ PDF/NUG အဖွဲ့ကို တစ်ချက်တည်းနဲ့ အလဲထိုးလိုက်ပြီ
လက်ရှိမှာ နိုင်ငံရေးစစ်ရေးအခြေအနေအရ တပ်မတော်က အဘက်ဘက်မှာ အသာစီးရနေတာဖြစ်တဲ့အတွက် BBC အနေနဲ့ လက်ရှိတပ်မတော်နှင့်အစိုးရအဖွဲ့ကို ထိုးနှက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နှင့် မြန်မာနိုင်ငံထဲကို ခွေးတိုးပေါက်ကနေ အပြည့်အစုံဖတ်ရန်
232
၂၀၂၀ ပြည့်နှစ်တွင် စတင်မိတ်ဆက်ခဲ့သော CPPI စွမ်းဆောင်ရည်ညွှန်းကိန်းသည် ကမ္ဘာတစ်ဝန်းရှိ ဆိပ်ကမ်းပေါင်း ၄၀၀ ကျော်ကို နှိုင်းယှဉ်လေ့လာခြင်းဖြစ်သည်။ ကုန်တင်သင်္ဘောကြီးများ ဆိပ်ကမ်းတစ်ခုချင်းစီတွင် ပျမ်းမျှအချိန်မည်မျှ ကြာမြင့်စွာ ရပ်နားရသည်ကို တိုင်းတာခြင်းဖြစ်ပြီး သင်္ဘောများ ဆိပ်ကမ်း၌ ကြာမြင့်ချိန် ပိုများလေလေ၊ ကုန်စည်ကြန့်ကြာမှုနှင့် ကွင်းဆက်ပိတ်ဆို့မှု (Supply bottlenecks) များ ဖြစ်ပေါ်နိုင်ခြေ ပိုများလေလေဖြစ်သည်။
အစီရင်ခံစာအရ တရုတ်နိုင်ငံ၏ ဖူကျိုး (Fuzhou) ဆိပ်ကမ်းသည် လုပ်ငန်းစွမ်းဆောင်ရည် အကောင်းဆုံး ဆိပ်ကမ်းအဖြစ် နံပါတ် (၁) နေရာတွင် ရပ်တည်နေပြီး၊ တာလျန် (Dalian) ဆိပ်ကမ်းက ဒုတိယနေရာတွင် ရှိနေသည်။ အိုမန်နိုင်ငံ၏ ဆာလာလာ (Salalah) ဆိပ်ကမ်းက တတိယနေရာတွင် ရှိနေပြီး၊ တရုတ်နိုင်ငံ၏ မာဝမ် (Mawan) နှင့် ချီဝမ် (Chiwan) ဆိပ်ကမ်းတို့က ယင်းနောက်တွင် အသီးသီး ရပ်တည်နေကြသည်။
၂၀၂၀ ပြည့်နှစ်မှ ယခုအချိန်အထိ ၅ နှစ်တာကာလအတွင်း စွမ်းဆောင်ရည် အသိသာဆုံး တိုးတက်လာသည့် ဆိပ်ကမ်းများမှာ တောင်အာဖရိက၏ Port Elizabeth၊ ဘာရိန်း၏ Khalifa Bin Salman ဆိပ်ကမ်း၊ အီကွေဒေါ၏ Posorja၊ ဆွီဒင်၏ Göteborg နှင့် ပါကစ္စတန်၏ Muhammad Bin Qasim ဆိပ်ကမ်းတို့ ဖြစ်ကြသည်။
ယခုနှစ် အဓိကတွေ့ရှိချက်တစ်ခုမှာ ပထဝီနိုင်ငံရေး မတည်ငြိမ်မှုများ၊ လမ်းကြောင်းပြောင်းလဲ မောင်းနှင်ရမှုများနှင့် ဆိပ်ကမ်းများ ပိတ်ဆို့မှုများကြောင့် သင်္ဘောများ ဆိပ်ကမ်း၌ ကြာမြင့်ချိန် ပိုမိုများပြားလာပြီး ကမ္ဘာ့ကုန်စည်စီးဆင်းမှုစနစ်ကို ဆိုးရွားစွာ ထိခိုက်စေသည်ကို တွေ့ရသည်။ တရုတ်နိုင်ငံသည် ဆိပ်ကမ်းများကို နည်းပညာမြင့် “စမတ်ဆိပ်ကမ်း (Smart Ports)” များအဖြစ် ပြောင်းလဲရာတွင် ကမ္ဘာ့ဦးဆောင်သူ ဖြစ်သည့်အပြင် ဆိပ်ကမ်းမှ ထွက်သည်နှင့် ရထားလမ်း၊ ကုန်းလမ်း၊ ရေလမ်း ကွန်ရက်များနှင့် တိုက်ရိုက်ချိတ်ဆက်ထားသည့် “Multimodal Transport” စနစ် အလွန်အားကောင်းပါသည်။ နည်းပညာပိုင်းအရ အဆမတန် သာလွန်နေခြင်းနှင့် ကြီးမား လှသော အခြေခံအဆောက်အအုံများကြောင့် အနာဂတ်ကာလ ရှည်ကြာသည်အထိ တရုတ်နိုင်ငံ ၏ ဆိပ်ကမ်းများသည် ကမ္ဘာ့ကုန်သွယ်ရေး၏ အဓိက အသက်သွေးကြောအဖြစ် အကောင်းဆုံး နေရာမှာ ဆက်လက် ရှိနေဦးမည် ဖြစ်ကြောင်း သုံးသပ်ရပါသည်။
ရွှေပြည်သစ်
Telegram https://t.me/shwepyithit01
Facebook
https://www.facebook.com/profile.php?id=61590404563868
Tiktok
https://www.tiktok.com/@political.insight0?_r=1&_t=ZS-977PmIIEbVE
232
+2
ကမ္ဘာပေါ်တွင် လုပ်ငန်းစွမ်းဆောင်ရည်အကောင်းဆုံးဖြစ်သည့် တရုတ်နိုင်ငံ၏ ဆိပ်ကမ်းများ
၂၀၂၆ ခုနှစ် ဇွန်လ ၁၂ ရက်
ကမ္ဘာ့ဘဏ် (World Bank) နှင့် S&P Global Market Intelligence တို့က ပူးတွဲ ထုတ်ပြန်လိုက်သော ကမ္ဘာလုံးဆိုင်ရာ ဆိပ်ကမ်းများ၏ စွမ်းဆောင်ရည်ညွှန်းကိန်း (Container Port Performance Index - CPPI) အစီရင်ခံစာသစ်အရ ကမ္ဘာ့လုပ်ငန်းစွမ်းဆောင်ရည် အကောင်း ဆုံး ဆိပ်ကမ်းကြီး ၁၀ ခုအနက် ဟောင်ကောင်အပါအဝင် တရုတ်နိုင်ငံမှ ဆိပ်ကမ်း ၇ ခု အထိ ပါဝင်နေပြီး တရုတ်နိုင်ငံ၏ ဆိပ်ကမ်းများသည် ကမ္ဘာ့ထိပ်တန်းအဆင့်တွင် ဆက်လက် ဗိုလ်စွဲ ရပ်တည်နေကြောင်း သိရသည်။ ================
ဤအစီရင်ခံစာသည် အမေရိကန်-အစ္စရေး-အီရန် စစ်ပွဲဖြစ်ပွားမှုများကြောင့် ကမ္ဘာ့ကုန်စည် စီးဆင်းမှု ကွင်းဆက်တွင် ကြီးမားသော ထိခိုက်ဆုံရှုံးမှုများဖြစ်ပွားပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယခုကဲ့သို့ ကမ္ဘာ့စီးပွားရေးတွင် ဆိပ်ကမ်းများ၏ အခန်းကဏ္ဍသည် ယခင်ကထက် ပိုမို အရေးပါလာချိန်တွင် တရုတ်ဆိပ်ကမ်းများက ယခုလို ထိပ်တန်းက ဦးဆောင်နေခြင်းလည်း ဖြစ်သည်။ Read More
232
ထိုင်းတော်ဝင်မင်းသမီး အသက် ၄၇ နှစ်တွင် ကွယ်လွန်ခဲ့
ထိုင်းတော်ဝင်မင်းသမီး ပါချာကီတီယာဗာ (Princess Bajrakitiyabha) သည် ဆေးရုံတွင် ၃ နှစ်နီးပါး ဆေးကုသမှုခံယူခဲ့ရပြီးနောက် သက်တော် ၄၇ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း ယနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်) သောကြာနေ့နံနက်၌ တရားဝင်ထုတ်ပြန် ကြေညာခဲ့သည်။ မင်းသမီးသည် ဘန်ကောက်မြို့ရှိ ဘုရင်ချူလာလောင်ကွန်းအထိမ်းအမှတ် ဆေးရုံတွင် အနီးကပ်ဆေးကုသမှုခံယူနေစဉ်အတွင်း ကြာသပတေးနေ့ည ၇ နာရီ ၄၈ မိနစ်အချိန်၌ ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
မင်းသမီးသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့က နခွန်ရတ်ချာစီမာပြည်နယ်၌ နှလုံး ရောဂါအခံကြောင့် သတိလစ်လဲကျသွားခဲ့ပြီးနောက်ပိုင်း ကိုမာ (Coma) အခြေအနေဖြင့် ဆေးရုံတွင် ဆက်တိုက်ကုသမှုခံယူခဲ့ရခြင်းဖြစ်သည်။
ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်း က မင်းသမီးအတွက် အမြင့်ဆုံးတော်ဝင်အခမ်းအနားဖြင့် ပြင်ဆင်ရန် ညွှန်ကြားထားသည်။ ရုပ်ကလပ်တော်ကို ဘန်ကောက်မြို့ ဂရင်းပဲလေ့စ် (Grand Palace) နန်းတော်ကြီးအတွင်းရှိ Phiman Rattaya ရာဇပလ္လင်ခန်းမဆောင်၌ ထားရှိမည်ဖြစ်ပြီး ဇွန်လ ၁၃ ရက် (စနေနေ့) မှစတင်ကာ ပြည်သူများကို ဂါရဝပြုခွင့်ပေးမည်ဖြစ်သည်။
https://t.me/shwepyithit01
232
သိတာပေါ့ ဘယ်နေရာကဌာနချုပ်ဆိုတာ မလုပ်သေးတာပဲရှိတာ ဘာ့ကြောင့်မလုပ်သလဲဆိုရင် ငြိမ်းချမ်းရေးဆိုတဲ့ခေါင်းစဉ်အောက်ကို လာစေချင်လို့ဆိုတာ ကျန်အဖွဲ့တွေလဲသိဖို့လိုပါတယ်။ မလုပ်သေးလို့မသိဘူးတော့မထင်စေချင်ပါ။ ဒုတိယဌာနချုပ်တစ်ခုလဲ မကြာခင်လာနိုင်ပါတယ်နော့
Facebook
https://www.facebook.com/profile.php?id=61590404563868
Tiktok
https://www.tiktok.com/@political.insight0?_r=1&_t=ZS-977PmIIEbVE
232
မင်္ဂလာရှိသော နံနက်ခင်းမှသည် တစ်နေ့တာ အလုပ်အကိုင်အားလုံး အဆင်ပြေချောမွေ့ကြပါစေ🙏
စီးပွါး လာဘ်လာဘတွေ တိုးတက်ကြပါစေ🙏🙏🙏
232
ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်တွင် အိမ်ရှင် မက္ကဆီကိုအသင်းက တောင်အာဖရိကအသင်းကို၂-၀ ဖြင့်အနိုင်ရ
၂၀၂၆ ဖီဖာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးရဲ့ ပထမဆုံး အဖွင့်ပွဲစဉ်ကို မက္ကဆီကိုစီးတီး အားကစားကွင်းမှာ ဒေသစံတော်ချိန် ဇွန် ၁၁ ရက်က စတင်ယှဉ်ပြိုင်ခဲ့ကစားခဲ့ကြတာမှာ ပူးတွဲ အိမ်ရှင် မက္ကဆီကို အသင်းက တောင်အာဖရိကအသင်းကို (၂-၀) ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဂျူလီယန် ကွီနိုနက်စ်နဲ့ ရာအူးလ် ဟီမင်နက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ မက္ကဆီကိုအသင်းဟာ တောင်အာဖရိကအသင်းကို အနိုင်ရရှိပြီး အဖွင့်လှခဲ့တာပါ။ ဒီပွဲ ဒုတိယပိုင်းမှာတော့ ကစားသမား ၃ ဦး အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
ရွှေပြည်သစ်
Facebook
https://www.facebook.com/profile.php?id=61590404563868
Tiktok
https://www.tiktok.com/@political.insight0?_r=1&_t=ZS-977PmIIEbVE
232
+6
နေရပ်စွန့်ခွာခဲ့ရသည့် ဖလမ်းမြိုပြည်သူများ ပြန်လည်ဝင်ရောက်လာ
အကြမ်းဖက်သမား၏အကြမ်းဖက်လုပ်ရပ်များကြောင့်နေရပ်စွန့်ခွာခဲ့ရသည့် ဖလမ်းမြိုပြည်သူများ ယနေ့ ဇွန် ၁၁ ရက်နေ့မှာ ဖလမ်းမြိုသို ပြန်လည်ဝင်ရောက်လာပြီဖြစ်ကြောင်းသိရှိရပါတယ်။ ကိုယ့်အိမ်ကိုယ်ယာ ကိုယ့်ဒေသကို ပြန်လာရလို့ ပြုံးပျော်နေတဲ့မျက်နှာတွေ မြင်ရတာ သူတို့အပျော်တွေကူးစက်ပျော်ရွှင်ရပါတယ်။ မကြာခင်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုံးပျော်ကြရတော့မယ့်အတိတ်နမိတ်အဖြစ်တင်ပြလိုက်ပါတယ်။ ရွှေပြည်သစ်
232
+1
မလေးရှားနိုင်ငံ ကနေ ကိုယ့်သဘောဆန္ဒအလျောက်ပြန်ကြမယ့် မြန်မာနိုင်ငံသား ၅၈ ဦးကို မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန၊ ထိန်းသိမ်းရေးစခန်းမှ ဇွန် ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်ပို့မည်။
https://www.facebook.com/profile.php?id=61590404563868
232
ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ
ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ မြန်မာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့သူ တပ်မတော်ရဲ့ ဖခင်ပါ။ ဗိုလ်ချုပ်ကို တပ်မတော်သားအားလုံးက အစဉ်ထာဝရ ရိုသေလေးစားကြပါတယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်နဲ့ပတ်သက်ပြီး အမှတ်တရတွေကို ဖော်ဆောင်တဲ့အခါ အကြည်ညိုမမဲ့စေဖို့ အထူးအလေးထားပြီး ဆောင်ရွက်ခဲ့တာတွေ့ရမှာဖြစ်ပါတယ်။ ဗိုလ်ချုပ်နဲ့ပတ်သက်ပြီး အမှတ်တရတွေအဖြစ် ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံ၊ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်၊ ဗိုလ်ချုပ်ဈေး၊ ဗိုလ်ချုပ်လမ်း စသဖြင့် အများကြီးရှိပါတယ်။ဒီအမှတ်တရတွေကို အကောင်းဆုံးဖြစ်အောင် ဖော်ဆောင်ဖို့လို ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေကို တည်ဆောက်ရာမှာလည်း အကြည်ညို မမဲ့ရလေအောင်၊ နောင်လာနောက်သားတွေလေးစားဂုဏ်ယူအားကျစေအောင်စနစ်တကျ တည်ထောင်ဖို့လိုပါတယ်။ ရုပ်တုကို ကြည့်လိုက်တာနဲ့ တို့နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဒီပုဂ္ဂိုလ်ကြီးပါလားဆိုပြီး လေးစားစိတ်ကြည်ညိုစိတ်ဖြစ်သွားရပါမယ်။ ဒါ့ကြောင့် ထင်မြင်ရာ ရုပ်တုထုပြီး ပြီးစလွယ် ဖြစ်သလိုရုပ်တုလုပ်ပြီး ဗိုလ်ချုပ်အောင်ဆန်း နာမည်တပ်လို့တော့ မသင့်ပါဘူး။ ပြီးတော့ ကြည်ညိုလေးစားမှု မနည်းရလေအောင် ရုပ်တုကို နေရာတိုင်းမှာ မရှိသင့်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ နာမည်နဲ့အတူ ကြီးမြတ်ခမ်းနားမှုရှိအောင်တည်ဆောက် ထားရှိနိုင်ဖို့လိုပါတယ်။
NLDတွေအာဏာရတဲ့အခါမှာတော့ သူတို့ရဲ့ခေါင်းဆောင်ရဲ့ ပုံရိပ်ကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံရိပ်နဲ့ အတူ ချဲ့ကားဖော်ပြဖို့ လုပ်ဆောင်မှုကနေ နေရာအနှံ့ ဗိုလ်ချုပ်ရုပ်တုတွေကို ဖြစ်သလို တည်ဆောက်လာခဲ့ကြတာဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ ပုသော၊ ပိန်သော၊ ရှည်သော၊ ဝသော၊ ရုပ်ဆိုးသော၊ ရုပ်ချောသော စတဲ့သောပေါင်းများစွာ၊ နာမဝိသေသနများစွာနဲ့ ဗိုလ်ချုပ်အောင်ဆန်းတွေအများကြီး ပေါ်ပေါက်လာခဲ့ပါတယ်။
လက်ရှိကာလမှာတော့ ဒီလို အများကြည်ညိုလေးစားမှုကို ကျဆင်းစေမယ့်၊ ပုံစံမကျတဲ့ ပြီးစလွယ် တည်ဆောက်ထားတဲ့ ဗိုလ်ချုပ်ရုပ်တုတွေကို ဖယ်ရှားမှုတွေဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဒို့နိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာကြီးဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ပြည်သူလူထုကို အများကြီးအကျိုးပြုခဲ့သူဖြစ်ပါတယ်။ သူရဲ့တည်ရှိမှုဟာ အများအကျိုးအတွက်သာဖြစ်ပါတယ်။ သူ့ကြောင့်အများအဆင်ပြေစေချင်သူဖြစ်ပါတယ်။
တောင်ငူမြို့ဟောင်း၊ ကန်လမ်းက ဗိုလ်ချုပ်ရုပ်တုကို တည်ဆောက်ဖို့ ကျုံးရေထွက်ပေါက်ကို ပိတ်ဆို့မြေဖို့တဲ့အတွက် ရေဝင်ရေထွက်ခက်ခဲသွားတဲ့ အခြေအနေကို ဗိုလ်ချုပ်ကလည်း လက်ခံမှာမဟုတ်ပါဘူး။ အဲ့အချိန်က မြို့ခံ ၃ ပုံ ၂ ပုံ ကျော်ကလည်း လက်မခံ ကြပါဘူး။ ရေရှည်ကို မကြည့်ဘဲ ရုပ်ထုဖြစ် ပြီးရောစိတ်နဲ့ ကန်လမ်းပေါ်ကရေထွက်ပေါက်ကို ပိတ်ဆို့မြေဖို့ပြီး တည်ဆောက်ခဲ့တာပါ။ အာဏာရပါတီ က အတင်းအဓမ္မလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
အခုအခါမှာတော့ မြို့ခံလူထုရဲ့ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်ဖို့အတွက် ရှေးဟောင်းမြို့တော်၊ ယဉ်ကျေးမှုမြို့တော်၊ ခရီးသွားမြို့တော်၊ ဒုတိယမြန်မာနိုင်ငံတော်ရဲ့ ကြီးကျယ်ခမ်းနားမှုကိုပြတဲ့မြို့တော်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုတွေကို ကျွန်တော်တို့အားလုံးက ကြိုဆိုလျက်ရှိပါကြောင်းဖော်ပြလိုက်ပါတယ်။ ရွှေပြည်သစ်
https://www.facebook.com/profile.php?id=61590404563868
232
+1
ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ
ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ မြန်မာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့သူ တပ်မတော်ရဲ့ ဖခင်ပါ။ ဗိုလ်ချုပ်ကို တပ်မတော်သားအားလုံးက အစဉ်ထာဝရ ရိုသေလေးစားကြပါတယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်နဲ့ပတ်သက်ပြီး အမှတ်တရတွေကို ဖော်ဆောင်တဲ့အခါ အပြည့်အစုံဖတ်ရှိရန်
232
တောင်ငူမြို့ဟောင်းက ဗိုလ်ချုပ်ကြေးရုပ် ဘာ့ကြောင့်ဖယ်ရသလဲ
တောင်ငူဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်တဲ့နေရာမှာ ဒုတိယ မြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ တောင်ငူမင်းဆက်တွေ ထီးနန်းစိုးစံခဲ့ရာ တောင်ငူမြို့ဟောင်းရဲ့ မြို့ရိုး၊ မြို့ဝင်ပေါက် တံခါးများ၊ ရေကျုံး၊ နွံကျုံး၊ နန်းတော်ရာနှင့် ရှေးဟောင်း စေတီပုထိုးများကို ရှေးမူမပျက် ဆက်လက်ထိန်းသိမ်းကာ စနစ်တကျ ပြန်လည်တူးဖော် အပြည့်အစုံဖတ်ရှုရန် ရွှေပြည်သစ်
232
တောင်ငူမြို့ဟောင်းက ဗိုလ်ချုပ်ကြေးရုပ် ဘာ့ကြောင့်ဖယ်ရသလဲ
တောင်ငူဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်တဲ့နေရာမှာ ဒုတိယ မြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ တောင်ငူမင်းဆက်တွေ ထီးနန်းစိုးစံခဲ့ရာ တောင်ငူမြို့ဟောင်းရဲ့ မြို့ရိုး၊ မြို့ဝင်ပေါက် တံခါးများ၊ ရေကျုံး၊ နွံကျုံး၊ နန်းတော်ရာနှင့် ရှေးဟောင်း စေတီပုထိုးများကို ရှေးမူမပျက် ဆက်လက်ထိန်းသိမ်းကာ စနစ်တကျ ပြန်လည်တူးဖော်ပြီး ဒေသအတွင်း ခရီးသွားလုပ်ငန်းတွေ ဖော်ဆောင်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ နိုင်ငံတကာက ခရီးသွားဧည့်သည်တွေ ပိုမိုဝင်ရောက်လာရင် တောင်ငူဒေသခံမြို့သူမြို့သားများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက် လာမှာလည်းဖြစ်ပါတယ်။
အခုဆိုရင် ရှေးဟောင်းကျုံးထဲက သဲ၊ မြေသောင်များ တူးဖော်ခြင်း၊ ကျုံးအတွင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေဝင်ရေထွက် ပြွန်ပေါက်တွေ ပိတ်ဆို့နေမှုကို တူးဖော်ရှင်းလင်းတဲ့နေရာမှာ ဗိုလ်မှုးဖိုးကွန်းလမ်းဘေး (မင်းကြီးညိုရုပ်တုနောက်) ကားလမ်းအောက် ကျုံး ရေကျော်မြောင်း မြေစာများရှင်းလင်းခြင်း၊ စျေးလမ်းရှိ ကားလမ်းအောက် ကျုံးရေကျော်မြောင်း မြေစာများရှင်းလင်းခြင်းတွေကို ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကတည်းက ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်ပြီးတော့ ကျုံးအတွင်း ရေစီးရေလာကောင်းမွန်ဖို့အတွက် ကျုံးရဲ့ အရှေ့ဘက် အမှတ်(၁၇)ရပ်ကွက်၊ ကန်လမ်းမှာရှိတဲ့ ကျုံး ရေဝင်ရေထွက်ပြွန် အတွင်း ပိတ်ဆို့နေတာတွေကို ရှင်းလင်းဖို့အတွက် ပြွန်ပေါက် အပေါ်မှာ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက မြေဖို့ပြီး တည်ဆောက်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု(မြင်းမပါ)ကို ၂၀၂၆ ခုနှစ် ဇွန်လ ၉ ရက်နေ့ ညပိုင်းမှာ ဖယ်ရှားခဲတာဖြစ်ပါတယ်။ ဒါဟာ ရှေးဟောင်းကျုံးရဲ့ ရေဝင်ရေထွက်ပြွန်ထဲမှာ ပိတ်ဆို့နေတာတွေကို ရှင်းလင်းနိုင်ဖို့အတွက်သာ ဖြစ်ကြောင်း တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
https://www.facebook.com/profile.php?id=61590404563868
https://www.tiktok.com/@political.insight0?_r=1&_t=ZS-977PmIIEbVE
