es
Feedback
ရွှေပြည်သစ်

ရွှေပြည်သစ်

Ir al canal en Telegram

တိုင်းချစ် ပြည်ချစ် ရွှေပြည်သစ်

Mostrar más
El país no está especificadoLa categoría no está especificada
234
Suscriptores
+124 horas
+167 días
+1430 días
Archivo de publicaciones
နှစ်နိုင်ငံ သမ္မတတွေ ခရင်မ္မလင် နန်းတော်မှာ တွေ့ဆုံတဲ့အခါ  ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ကို "наш дорогой друг" (ကျွန်ုပ်တို့၏ ချစ်လှစွာသော သူငယ်ချင်း) လို့ သုံးနှုန်းသွားတာဟာ ရုရှား သံတမန်ရေးရာ စကားပြောဟန်မှာ ဒီအသုံးအနှုန်းဟာ အလွန်ရင်းနှီးပြီး မဟာဗျူဟာမြောက် ချစ်ကြည်ရင်းနှီးမှုကို ပြသလိုတဲ့အခါ သုံးလေ့ရှိတဲ့ ထိပ်တန်းအဆင့် လေးစားသမှုပြ သုံးနှုန်းမှုဖြစ်ပါတယ်။ သံတမန်ရေးရာ အဓိပ္ပာယ်သက်ရောက်မှုအနေနဲ့ကတော့ ပုံမှန် သံတမန်အခေါ်အဝေါ် ("Mr. President", "Excellency") များထက် ပိုမို ရင်းနှီး စိတ်ချရသော မဟာမိတ်ဖြစ်ကြောင်း ပြသခြင်းဖြစ်ပါတယ်။ နိုင်ငံတကာ အခင်းအကျင်းမှာ အချင်းချင်း အပြည့်အဝ ထောက်ခံရပ်တည်ကြောင်း သတင်းစကားပါးလိုသည့်အခါ အသုံးပြုလေ့ရှိပါတယ်။ ဒီလိုသံတမန် အသုံးအနှုန်းကို၂၀၂၃ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က ကျင်းပတဲ့ တရုတ်သမ္မတ ရှီကျင့်ဖိန် (Xi Jinping)  နဲ့ မော်စကို ခရင်မ္မလင် နန်းတော်မှာ ပြုလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့က အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ (Narendra Modi) နဲ့ ၂၂ ကြိမ်မြောက် ရုရှား-အိန္ဒိယ ထိပ်သီးဆွေးနွေးပွဲနှင့် တရားဝင် စကားပြောဆိုမှုတွေမှာ သုံးနှုန်းခဲ့ဖူးပါတယ်။ တစ်နည်းအားဖြင့် အခုလို သုံးနှုန်းမှုဟာ ရုရှား-မြန်မာ ချစ်ကြည်ရင်းနှီးမှု၊ နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ အတိမ်အနက်နဲ့ မဟာဗျူဟာမြောက် နီးကပ်မှုကို တိုက်ရိုက် ဖော်ပြနေတာလည်း ဖြစ်ပါတယ်။

ရေခြားမြေခြားက သတင်းစကားများ | အပိုင်း(၂) ရုရှားဖက်ဒရေးရှင်းနိုင်ငံသို တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်၏ ရုရှားခရီးစဉ်အတွင်း ဩဂုတ် ၁၈ ရက်နေ့၌ ဆောင်ရွက်ခဲ့သည့် အရေးပါသည့် လှုပ်ရှားမှုများ၊ နှစ်နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများနှင့် မြန်မာ-ရုရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သတင်းအချက်အလက်များကို “ရေခြားမြေခြားက သတင်းစကားများ | အပိုင်း(၂)” အဖြစ် စုစည်းတင်ဆက်ထားပါသည်။

မြန်မာ-ရုရှား မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ကဏ္ဍစုံဆက်ဆံရေး ပိုမိုခိုင်မာရေး ဆွေးနွေး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Mr. Vladimir Vladimirovich Putin တို့သည် ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ စွမ်းအင်၊ နည်းပညာ၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံဆွေးနွေးမှုအတွင်း နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် ၇၈ နှစ်တာကာလအတွင်း ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို အစဉ်တစိုက် ထိန်းသိမ်းနိုင်ခဲ့မှုနှင့် အပြန်အလှန်ယုံကြည်မှုအပေါ် အခြေခံသည့် ဆက်ဆံရေးကို ဆက်လက်မြှင့်တင်သွားရန် ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် နိုင်ငံတကာနှင့် ဒေသတွင်းရေးရာများတွင်လည်း အပြန်အလှန်နားလည်မှု၊ လေးစားမှုတို့ဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး သဘောထားဖလှယ်ခဲ့ကြပါသည်။ စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍတွင် လက်ရှိကုန်သွယ်မှုပမာဏကို တိုးမြှင့်နိုင်ရေး၊ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအကြား တိုက်ရိုက်ချိတ်ဆက်မှုများ ပိုမိုတိုးတက်လာစေရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းပါဝင်နိုင်ရေး၊ ဆိပ်ကမ်းနှင့် ဆက်စပ်အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးနှင့် စီမံကိန်းကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေးတို့တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် ဆွေးနွေးခဲ့ကြပါသည်။ စွမ်းအင်ကဏ္ဍ၌ မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် LNG တင်သွင်းအသုံးပြုရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် အသုံးချနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ ယင်းအပြင် နှစ်နိုင်ငံအကြား လက်တွေ့အကျိုးဖြစ်ထွန်းစေမည့် စွမ်းအင်ဆိုင်ရာ စီမံကိန်းများကို ဆက်လက်ဖော်ဆောင်သွားရေးလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါသည်။ နည်းပညာကဏ္ဍတွင် High-Tech နည်းပညာများ၊ Digital နည်းပညာနှင့် Cyber Security အပါအဝင် ခေတ်မီနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးနှင့် နည်းပညာလွှဲပြောင်းမှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆွေးနွေးခဲ့ကြပါသည်။ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍတွင်လည်း ရုရှားနိုင်ငံ၌ မြန်မာကျောင်းသားများ ပညာသင်ကြားနိုင်ရေး၊ ပညာသင်ဆုနှင့် သင်တန်းအခွင့်အလမ်းများ ပိုမိုရရှိရေး၊ တက္ကသိုလ်များနှင့် ပညာရေးအဖွဲ့အစည်းများအကြား တိုက်ရိုက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်၍ နည်းပညာနှင့် အတွေ့အကြုံများ ဖလှယ်ရေး၊ ကျွမ်းကျင်ပညာရှင်နှင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရေးတို့ကို ဆောင်ရွက်ကာ အာကာသနည်းပညာကို မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် လက်တွေ့အသုံးချနိုင်ရန် ရေရှည်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ ထို့အတူ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ ဖလှယ်မှုများ၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်စေရေးတို့ကို ဆွေးနွေးခဲ့ကြပြီး ရုရှားနိုင်ငံရှိ ဗုဒ္ဓဘာသာနှင့် မြန်မာနိုင်ငံရှိ ရုရှား Orthodox ခရစ်ယာန်ဘာသာတို့နှင့် ဆက်စပ်သည့် ယဉ်ကျေးမှုဖလှယ်ရေးလုပ်ငန်းများမှတစ်ဆင့် နှစ်နိုင်ငံပြည်သူများအကြား နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရေး ဆောင်ရွက်သွားရန် သဘောထားဖလှယ်ခဲ့ကြပါသည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် မြန်မာ-ရုရှားဆက်ဆံရေးကို ရေရှည်တည်တံ့သည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် ပိုမိုမြှင့်တင်နိုင်ရန် နိုင်ငံရေးနှင့် သံတမန်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသာမက စီးပွားရေး၊ စွမ်းအင်၊ နည်းပညာ၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးကဏ္ဍများတွင်ပါ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်သွားရန် ဆွေးနွေးခဲ့ကြပါသည်။

အားကစားနှင့် ယဉ်ကျေးမှု အားကစားဆိုင်ရာ MoU အရ လှေလှော်အားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး၊ ရုရှား-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ်နှင့် ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များ တိုးမြှင့်ရေး။ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု EAEU နှင့် BRICS တို့နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး ရုရှား၏ ထောက်ခံကူညီမှု ရယူရေး။ ASEAN အခြေခံမူဝါဒများနှင့်အညီ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး။ ကုလသမဂ္ဂနှင့် နိုင်ငံတကာမျက်နှာစာများတွင် အပြန်အလှန်ထောက်ခံပူးပေါင်းရေး။

မြန်မာ-ရုရှား စီးပွားရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေး၊ နျူကလီးယား၊ LNG နှင့် ထားဝယ်စီမံကိန်းများ အဓိကပါဝင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ နျူကလီးယားစွမ်းအင်၊ LNG၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ထားဝယ် အထူးစီးပွားရေးဇုန်၊ စိုက်ပျိုးရေး၊ နည်းပညာ၊ အာကာသ၊ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ကဏ္ဍစုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်သွားရေး ဆွေးနွေးခဲ့ကြသည်။ ကဏ္ဍအလိုက် ဆွေးနွေးချက်များမှာ - စွမ်းအင်နှင့် မဟာဗျူဟာစီမံကိန်း အသေးစားနျူကလီးယား ဓာတ်အားပေးစက်ရုံစီမံကိန်း ဆက်လက်အကောင်အထည်ဖော်ရေး၊ ရုရှားအရှေ့ဖျားဒေသမှ LNG ကို မြန်မာနိုင်ငံသို့ တင်ပို့နိုင်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ထားဝယ်အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းနှင့် ဆက်စပ်စွမ်းအင်စီမံကိန်းများတွင် ရုရှားကုမ္ပဏီများ ပါဝင်နိုင်ရေး၊ ပင်းပက်စီမံကိန်းနှင့် တွင်းထွက် သယံဇာတ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး။ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အလားအလာများ ဆက်လက်ဖော်ထုတ်ရေး၊ စက်မှု၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေးနှင့် အခြေခံအဆောက်အအုံကဏ္ဍတို့တွင် ရုရှားရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ မော်စကိုမြို့တွင် မြန်မာ-ရုရှား ကုန်သွယ်ရေးရုံး ဖွင့်လှစ်နိုင်ရေး၊ နှစ်နိုင်ငံ ပူးတွဲကုန်သွယ်ရေးနှင့် စီးပွားရေးကော်မရှင် အစည်းအဝေးများ ဆက်လက်ကျင်းပရေး၊ အရှေ့ဖျား စီးပွားရေးဖိုရမ်မှတစ်ဆင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး။ နည်းပညာ၊ Digital နှင့် AI High-tech၊ Telecommunications၊ IT နှင့် Artificial Intelligence ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေး၊ Smart City နှင့် Digital Security ဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး၊ ရုရှား၏ AI နည်းပညာနှင့် မော်ဒယ်များကို အသုံးချနိုင်မည့် အလားအလာများ။ အာကာသကဏ္ဍ မြန်မာအာကာသအေဂျင်စီနှင့် Roscosmos တို့အကြား ပူးပေါင်းဆောင်ရွက်မှု အကောင်အထည်ဖော်ရေး၊ Earth Remote Sensing နှင့် ဂြိုလ်တုအခြေပြုနည်းပညာများ ဖွံ့ဖြိုးရေး၊ မြန်မာကျောင်းသားများအတွက် အာကာသနည်းပညာ ပညာသင်ဆုနှင့် လေ့ကျင့်ရေးအစီအစဉ်များ တိုးချဲ့ရေး၊ မြန်မာအာကာသယာဉ်မှူး လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရေး။ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ သဘာဝရွက်ဖျန်းမြေဩဇာနှင့် ဓာတ်မြေဩဇာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ အာလူးမျိုးသစ်များနှင့် စိုက်ပျိုးရေးနည်းပညာ ဖလှယ်ရေး၊ မြန်မာ့ရေထွက်ကုန်နှင့် စိုက်ပျိုးရေးထွက်ကုန်များ ရုရှားဈေးကွက်သို့ ပိုမိုဝင်ရောက်နိုင်ရေး၊ စားနပ်ရိက္ခာဖူလုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး။ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ရုရှားနိုင်ငံတွင် ပညာသင်ကြားခဲ့သည့် မြန်မာနိုင်ငံသား ၇,၀၀၀ နီးပါး/ကျော်ရှိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အကျိုးပြုလျက်ရှိသည့်အတွက် ပညာသင်ဆုနှင့် အဆင့်မြင့်ပညာရေး အစီအစဉ်များ ပိုမိုတိုးချဲ့ပေးရေး၊ ရုရှားဘာသာစကား သင်ကြားရေးနှင့် ဘာသာစကား သင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေး။ ကျန်းမာရေး ကင်ဆာကုသရေးဆေးဝါးနှင့် နျူကလီးယားဆေးပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်အတွက် သင်တန်းနှင့် ပညာသင်ဆုများ တိုးမြှင့်ရေး၊ တောင်ကြီး စဝ်စံထွန်းဆေးရုံနှင့် ကင်ဆာကုသရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြန်မာ-ရုရှား ချစ်ကြည်ရေး ပြယုဂ်အဖြစ် ဖော်ဆောင်နိုင်ရေး။ ဘဏ္ဍာရေးနှင့် ငွေပေးချေမှု ရူဘယ်-ကျပ် တိုက်ရိုက်ငွေစာရင်းနှင့် ငွေပေးချေမှုစနစ်များ တိုးမြှင့်ရေး၊ ရုရှားငွေပေးချေမှုကတ်စနစ်ကို မြန်မာနိုင်ငံတွင် ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုတွင် ဒေသသုံးငွေကြေးများ အသုံးပြုနိုင်ရေး။ အလုပ်သမားနှင့် ခရီးသွားလုပ်ငန်း မြန်မာလုပ်သားများ ရုရှားနိုင်ငံသို့ စေလွှတ်နိုင်ရေးနှင့် ရုရှားဘာသာစကား သင်ကြားပေးရေး၊ ဗီဇာကင်းလွတ်ခွင့်အစီအစဉ်မှတစ်ဆင့် နှစ်နိုင်ငံခရီးသွားလာမှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ကမ်းခြေ၊ ယဉ်ကျေးမှုနှင့် သမိုင်းအမွေအနှစ်များသို့ ရုရှားခရီးသွားများ လာရောက်ရေး။

မြန်မာ-ရုရှား လွှတ်တော်ချင်းပူးပေါင်းမှု မြှင့်တင်ပြီး နှစ်နိုင်ငံသဘောတူညီချက်များ အကောင်အထည်ဖော်ရေး ဆွေးနွေး မြန်မာ-ရုရှား နှစ်နိုင်ငံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ပြီး နှစ်နိုင်ငံခေါင်းဆောင်များအကြား ရရှိထားသည့် သဘောတူညီချက်များ ထိရောက်စွာအကောင်အထည်ဖော်ရေး၊ ဥပဒေပြုရေးအတွေ့အကြုံများ ဖလှယ်ရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Duma ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin တို့ ယနေ့ မော်စကိုမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ နိုင်ငံတော်သမ္မတက ယခုခရီးစဉ်သည် မိမိ၏ ၁၄ ကြိမ်မြောက် ရုရှားနိုင်ငံခရီးစဉ်ဖြစ်ပြီး နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ယခုတွေ့ဆုံမှုမှ နှစ်နိုင်ငံလွှတ်တော်များအကြား ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးသည် ၇၈ နှစ်တာကာလသို့ ရောက်ရှိလာပြီဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် နှစ်ပေါင်း ၈၀ ပြည့်မြောက်မည်ဖြစ်ကြောင်း၊ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိချိန်ကတည်းက စတင်ခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးသည် သမိုင်းကြောင်းရှည်လျားသည့် ချစ်ကြည်ရေးဆက်ဆံမှုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကျယ်ပြန့်လာစေရန် ဗလာဒီဗော့စတော့မြို့၌ မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ လွှတ်တော်ချင်းပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ ရုရှား State Duma ၏ ဥပဒေပြုရေးနှင့် နိုင်ငံတကာပါလီမန်ဆိုင်ရာ အတွေ့အကြုံများကို မျှဝေရယူလိုကြောင်း၊ နှစ်နိုင်ငံလွှတ်တော်များအကြား ချစ်ကြည်ရေးအဖွဲ့များမှတစ်ဆင့် ဆက်ဆံရေးတိုးမြှင့်ခြင်း၊ ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်သွားရောက်ခြင်းနှင့် ဥပဒေပြုရေးအတွေ့အကြုံများ ဖလှယ်ခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၌ ရွေးကောက်ပွဲကျင်းပခဲ့မှုနှင့် လွှတ်တော်များ ပြန်လည်ဖွဲ့စည်းနိုင်ခဲ့မှု၊ ယခင်ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ဒေသအချို့၌ ၂၀၂၇ ခုနှစ် ဇွန်လတွင် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး စီစဉ်ထားမှုတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်လျှောက်လှမ်းပြီး ပြည်သူလူထု၏ သဘောထားကို အလေးထားကာ တိုင်းရင်းသားများနှင့် နိုင်ငံရေးပါတီများ လွှတ်တော်အတွင်း ကိုယ်စားပြုခွင့်ရရှိရေး၊ နိုင်ငံရေးသဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရေးတို့ကို ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ နိုင်ငံခြားရေးမူဝါဒအနေဖြင့် မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော မူဝါဒကို ဆက်လက်ကျင့်သုံးလျက်ရှိပြီး ရုရှားနိုင်ငံကို ယုံကြည်စိတ်ချရသည့် မိတ်ဆွေနိုင်ငံအဖြစ် သတ်မှတ်ထားကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးကို သာတူညီမျှမှု၊ အပြန်အလှန်လေးစားမှုနှင့် ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှုမပြုရေးတို့အပေါ် အခြေခံ၍ ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။ State Duma ဥက္ကဋ္ဌကလည်း ယခုတွေ့ဆုံမှုသည် ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ရေးအတွက် အရေးပါကြောင်းနှင့် နှစ်နိုင်ငံခေါင်းဆောင်များအကြား ရရှိထားသည့် သဘောတူညီချက်များ အကောင်အထည်ဖော်ရာတွင် လွှတ်တော်များ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ယနေ့တွေ့ဆုံပွဲတွင် State Duma ရှိ နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပြီး ပါတီများအားလုံးက မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လိုသည့်ဆန္ဒရှိကြောင်း၊ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပခြင်းနှင့် လွှတ်တော်များ ပြန်လည်ဖွဲ့စည်းနိုင်ခြင်းတို့ကို အရေးပါသည့် တိုးတက်မှုများအဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့ပါသည်။ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် ဥပဒေပြုရေးအတွေ့အကြုံ ဖလှယ်ရေးတို့အပြင် ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးနှင့် ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်းနှင့် အခြေခံအဆောက်အအုံ စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ State Duma ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအား နောင်ရုရှားနိုင်ငံသို့ လာရောက်ချိန်တွင် State Duma ၌ မိန့်ခွန်းပြောကြားရန် ဖိတ်ကြားခဲ့ရာ နိုင်ငံတော်သမ္မတက လက်ခံခဲ့ပါသည်။ နိုင်ငံတော်သမ္မတကလည်း State Duma ဥက္ကဋ္ဌအား မြန်မာနိုင်ငံသို့လာရောက်ရန် ပြန်လည်ဖိတ်ကြားခဲ့ပါသည်။

မြန်မာ-ကာဇက်စတန် ချစ်ကြည်ရေးနှင့် ကုန်သွယ်ရေးအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နိုင်ငံတော်သမ္မတ ဆွေးနွေး မြန်မာနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာရေးနှင့် ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အာမတီပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဒါရ်ခန် ဆာတီဘယ်လ်ဒီတို့ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်နေသည့် နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ကာဇက်စတန်သမ္မတနိုင်ငံ၊ အာမတီမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ရောက်ရှိခဲ့ရာ အာမတီပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ ထို့နောက် လေဆိပ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်နေမှုများ၊ နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်နေမှုများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် မြန်မာ-ကာဇက်စတန် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေးနှင့် ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားကဏ္ဍများတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့ကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံမှုအပြီးတွင် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အာမတီမြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ဆက်လက်ထွက်ခွာခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေး နေပြည်တော်၊ ဩဂုတ် - ၁၈ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် မော်စကိုမြို့၊ ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေးသည်။ ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲကျင်းပမည့် ကရင်မလင်နန်းတော်သို့ ရောက်ရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတက ရင်းရင်းနှီးနှီး ခရီးဦးကြိုဆိုနှုတ်ဆက်ပြီး သီးခြားတွေ့ဆုံဆွေးနွေးသည်

ရေခြားမြေခြားကသတင်းစကားများအပိုင်း(၁) ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားဝင်ခရီးစဉ်အတွင်း နိုင်ငံတစ်နိုင်ငံပြီးတစ်နိုင်ငံ ဖြတ်သန်းရောက်ရှိခဲ့သည့် ခရီးစဉ်နှင့် မော်စကိုမြိုသို ရောက်ရှိချိန်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ၏ နိုင်ငံတော်အဆင့် ကြိုဆိုဂုဏ်ပြုမှုများကို စုစည်းတင်ဆက်ထားပါသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိ၊ နှစ်နိုင်ငံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည် ရုရှားသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် မော်စကိုမြို့သို့ ရောက်ရှိခဲ့ပါသည်။ မော်စကိုမြို့ရှိ ဘနုကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိစဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မစ္စတာ Maxim Reshetnikov၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ နှစ်နိုင်ငံသံတမန်ရေးရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ နိုင်ငံတော်သမ္မတအား ရုရှားနိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့် အစဉ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုခဲ့ပြီး နှစ်နိုင်ငံနိုင်ငံတော်သီချင်းများ တီးမှုတ်ဂုဏ်ပြုကာ ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကိုလည်း ခံယူခဲ့ပါသည်။ ယခုခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ ရုရှားဝန်ကြီးချုပ်နှင့် ဒူးမားလွှတ်တော်ဥက္ကဋ္ဌတို့အပါအဝင် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပါသည်။ တွေ့ဆုံမှုများတွင် မြန်မာ-ရုရှား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာရေးတို့ကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ရွှေပြည်သစ် https://t.me/shwepyithit01

မြန်မာ-ကာဇက်စတန် ချစ်ကြည်ရေးနှင့် ကုန်သွယ်ရေးအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နိုင်ငံတော်သမ္မတ ဆွေးနွေး မြန်မာနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာရေးနှင့် ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အာမတီပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဒါရ်ခန် ဆာတီဘယ်လ်ဒီတို့ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်နေသည့် နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ကာဇက်စတန်သမ္မတနိုင်ငံ၊ အာမတီမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ရောက်ရှိခဲ့ရာ အာမတီပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ ထို့နောက် လေဆိပ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်နေမှုများ၊ နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်နေမှုများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် မြန်မာ-ကာဇက်စတန် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေးနှင့် ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားကဏ္ဍများတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့ကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံမှုအပြီးတွင် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အာမတီမြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ဆက်လက်ထွက်ခွာခဲ့ပါသည်။ ရွှေပြည်သစ် https://t.me/shwepyithit01