ရွှေပြည်သစ်
Ir al canal en Telegram
တိုင်းချစ် ပြည်ချစ် ရွှေပြည်သစ်
Mostrar másEl país no está especificadoLa categoría no está especificada
234
Suscriptores
+124 horas
+167 días
+1430 días
Archivo de publicaciones
234
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တူဗားပြည်နယ်အကြီးအကဲနှင့် တွေ့ဆုံ၊ စိုက်ပျိုးမွေးမြူရေး၊ သယံဇာတ၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဒေသစံတော်ချိန် ည ၇ နာရီတွင် တူဗားပြည်နယ်အကြီးအကဲ မစ္စတာ ဗလာဒီစလပ် ခိုဗာလစ်ဂ် (Vladislav Khovalyg) နှင့် ကီဇီးလ်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့အိမ်တော်၌ တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် တူဗားပြည်နယ်အကြား စိုက်ပျိုးမွေးမြူရေး၊ သယံဇာတ၊ ဘာသာရေးနှင့် ယဉ်ကျေးမှု၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲကောက်နုတ်ချက်များမှာ -
■ မြန်မာ–တူဗား ပူးပေါင်းဆောင်ရွက်ရေး
တူဗားပြည်နယ်သည် တွင်းထွက်သယံဇာတနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ အားကောင်းသည့် ဒေသဖြစ်ပြီး မြန်မာနိုင်ငံနှင့် အလားတူ အရင်းအမြစ်နှင့် စီးပွားရေးအခြေခံများရှိသဖြင့် လက်တွေ့ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ဆွေးနွေးခဲ့ကြပါသည်။
မြန်မာ–ရုရှား ဗဟိုအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ပြည်နယ်နှင့် ဒေသအချင်းချင်း ဆက်ဆံရေး ကိုပါ အရှိန်မြှင့်တင်သွားရန် ဆွေးနွေးခဲ့ကြပါသည်။
■ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍ
တူဗားပြည်နယ်တွင် နေထိုင်သူအများစုမှာ တိဘက်ဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြပြီး မြန်မာနိုင်ငံနှင့် ဘာသာရေးဆိုင်ရာ နီးစပ်မှုရှိကြောင်းနှင့် ဘာသာရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး၊ ဘုရားဖူးခရီးစဉ်နှင့် ခရီးသွားလုပ်ငန်းများ အပြန်အလှန် မြှင့်တင်နိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။
ပညာရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု ပိုမိုတိုးတက်လာစေရေး ပူးပေါင်းဆောင်ရွက်ရန်တို့ကိုလည်း ဆွေးနွေးခဲ့ကြပါသည်။
■ မြန်မာ–ရုရှား ဆက်ဆံရေး
မြန်မာနှင့် ရုရှားသည် ယုံကြည်စိတ်ချရသည့် မိတ်ဆွေရင်းနိုင်ငံများ ဖြစ်ပြီး ပထဝီအနေအထားအရ အလှမ်းကွာဝေးသော်လည်း သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ရှည်လျားကောင်းမွန်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပြီး လက်ရှိကာလသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်ရန် အကောင်းဆုံးအခြေအနေ သို့ ရောက်ရှိနေကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
■ တူဗားပြည်နယ်၏ အလားအလာ
တူဗားပြည်နယ်အကြီးအကဲက ပြည်နယ်၏ သမိုင်းကြောင်း၊ ဒေသဆိုင်ရာအခြေအနေ၊ စိုက်ပျိုးမွေးမြူရေးနှင့် တွင်းထွက်ပစ္စည်းထုတ်လုပ်မှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့အပြင် မြန်မာနိုင်ငံနှင့် ဘာသာရေး၊ ယဉ်ကျေးမှု၊ ပညာရေးနှင့် ခရီးသွားကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လိုကြောင်း ပြောကြားခဲ့ပါသည်။
234
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တူဗားပြည်နယ်အကြီးအကဲနှင့် တွေ့ဆုံ၊ စိုက်ပျိုးမွေးမြူရေး၊ သယံဇာတ၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဒေသစံတော်ချိန် ည ၇ နာရီတွင် တူဗားပြည်နယ်အကြီးအကဲ မစ္စတာ ဗလာဒီစလပ် ခိုဗာလစ်ဂ် (Vladislav Khovalyg) နှင့် ကီဇီးလ်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့အိမ်တော်၌ တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် တူဗားပြည်နယ်အကြား စိုက်ပျိုးမွေးမြူရေး၊ သယံဇာတ၊ ဘာသာရေးနှင့် ယဉ်ကျေးမှု၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲကောက်နုတ်ချက်များမှာ -
■ မြန်မာ–တူဗား ပူးပေါင်းဆောင်ရွက်ရေး
တူဗားပြည်နယ်သည် တွင်းထွက်သယံဇာတနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ အားကောင်းသည့် ဒေသဖြစ်ပြီး မြန်မာနိုင်ငံနှင့် အလားတူ အရင်းအမြစ်နှင့် စီးပွားရေးအခြေခံများရှိသဖြင့် လက်တွေ့ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ဆွေးနွေးခဲ့ကြပါသည်။
မြန်မာ–ရုရှား ဗဟိုအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ပြည်နယ်နှင့် ဒေ
234
+3
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် Tuva ပြည်နယ် အကြီးအကဲနှင့် အလုပ်သဘော တွေ့ဆုံဆွေးနွေး
ရုရှားဖက်ဒရေးရှင်နိုင်ငံ၊ Tuva ပြည်နယ်၊ ကီဇီးလ်မြိုသို ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် သည် Tuva ပြည်နယ် အကြီးအကဲ ဗလာဒီစလပ် ခိုဗာလစ်ဂ်နှင့် အလုပ်သဘော တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး Tuva ပြည်နယ် အကြီးအကဲ ဗလာဒီစလပ် ခိုဗာလစ်ဂ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
234
Repost from PPIB.Official
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့် အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ တရားဝင်ခရီးစဉ်အပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ တူဗာပြည်နယ်သို့ ထွက်ခွာ
ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ယနေ့ သြဂုတ် ၂၂ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ တူဗာပြည်နယ်သို့ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။
နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား မင့်စ်မြို့၊ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဘယ်လာရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Viktor Karankevich နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး၊ ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များက ပို့ဆောင်နှုတ်ဆက်ကြသည်။
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
234
■ ကာကွယ်ရေး၊ လုံခြုံရေးနှင့် အဖွဲအစည်းချင်းဆက်ဆံရေး
နှစ်နိုင်ငံတပ်မတော်များအကြား ရှိရင်းစွဲကောင်းမွန်သည့် ဆက်ဆံရေးကို ဆက်လက်တိုးမြှင့်ရန်နှင့် စစ်ဘက်နည်းပညာ၊ အမျိုးသားလုံခြုံရေးတိုတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် ဆွေးနွေးခဲ့ပါသည်။ ထိုပြင် G-to-G ပူးပေါင်းဆောင်ရွက်မှုသာမက လွှတ်တော်ချင်း၊ ပါတီချင်းနှင့် အဖွဲအစည်းချင်း ဆက်ဆံရေး ကိုလည်း တိုးမြှင့်ရန် ဘယ်လာရုစ်ဘက်က ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
■ ဘဏ္ဍာရေးနှင့် ကုန်သွယ်မှုအဆင်ပြေချောမွေ့ရေး
ဘယ်လာရုစ်နှင့် မြန်မာဘဏ်များအကြား ရှိပြီးဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်အကောင်အထည်ဖော်ရေး၊ အခွန်နှင့် ငွေပေးချေမှုဆိုင်ရာ အခက်အခဲများ လျှော့ချရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုအဆင်ပြေချောမွေ့စေရေးတိုကို ဆွေးနွေးခဲ့ပါသည်။
■ ကျန်းမာရေးနှင့် ဆေးဝါး
ဘယ်လာရုစ်ထုတ် ဆေးဝါးများကို မြန်မာနိုင်ငံ၌ အသုံးပြုနေမှုအပေါ် အခြေခံ၍ ဆေးဝါးကုန်သွယ်ရေးနှင့် ထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ဆေးဘက်ဆိုင်ရာယာဉ်နှင့် အထောက်အကူပစ္စည်းများ ပိုမိုရရှိရေးတိုကို ဆွေးနွေးခဲ့ပါသည်။
■ ယဉ်ကျေးမှု၊ ခရီးသွား၊ လူငယ်နှင့် အားကစား
နှစ်နိုင်ငံယဉ်ကျေးမှုနေ့များ အပြန်အလှန်ကျင်းပရေး၊ လူငယ်နှင့် အမျိုးသမီးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ အားကစားနှင့် ခရီးသွားလုပ်ငန်း တိုးမြှင့်ရေးတိုကို ဆွေးနွေးခဲ့ပြီးဘယ်လာရုစ်သမ္မတအား မြန်မာနိုင်ငံ၏ ထင်ရှားသည့် ပွဲတော်များသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ပါသည်။
■ နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ထောက်ခံရေး
ဘယ်လာရုစ်ဘက်က မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် SCO၊ EAEU အပါအဝင် နိုင်ငံတကာနှင့် ဒေသတွင်းမျက်နှာစာများတွင် မြန်မာနိုင်ငံကို ဆက်လက်ထောက်ခံသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
234
မြန်မာ-ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှုများ လက်တွေ့ အရှိန်မြှင့်အကောင်အထည်ဖော်ရန် သမ္မတနှစ်ဦး ဆွေးနွေး၊ စီးပွားရေးမှ အာကာသနည်းပညာအထိ ကဏ္ဍစုံတိုးချဲ့မည်
ဘယ်လာရုစ်သမ္မတနိုင်ငံသို တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဘယ်လာရုစ်သမ္မတ H.E. Mr. Alexander Grigoryevich Lukashenko တို တွေ့ဆုံ၍ ယခင်ခရီးစဉ်များအတွင်း ရရှိခဲ့သည့် သဘောတူညီချက်များနှင့် မြန်မာ-ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ Roadmap ပါ လုပ်ငန်းစဉ်များကို မြေပြင်တွင် ထိရောက်စွာ အကောင်အထည်ဖော်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေးနှင့် စက်မှု၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ အာကာသနှင့် သိပ္ပံနည်းပညာ၊ ပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ရေးတိုကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲ ကောက်နုတ်ချက်များမှာ -
■ သဘောတူညီချက်များကို မြေပြင်တွင် အကောင်အထည်ဖော်ရေး
နှစ်နိုင်ငံခေါင်းဆောင်များက ယခင်တွေ့ဆုံမှုများနှင့် ခရီးစဉ်များအတွင်း ရရှိခဲ့သည့် သဘောတူညီချက်များ၊ MoU နှင့် Contract များကို လက်တွေ့အကောင်အထည်ဖော်၍ အကျိုးရလဒ်များ ပေါ်ထွက်လာစေရန် အလေးထားဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြပါသည်။ ဘယ်လာရုစ်ဘက်ကလည်း မြန်မာနိုင်ငံ၏ လိုအပ်ချက်များအတွက် နည်းပညာနှင့် အတွေ့အကြုံများ မျှဝေကူညီပေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့ပါသည်။
■ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် SEZ
မြန်မာနိုင်ငံ၏ ပထဝီအနေအထားနှင့် အိမ်နီးချင်းဈေးကွက်များကို အခွင့်အလမ်းအဖြစ် အသုံးချ၍ ဘယ်လာရုစ်လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်ရေး ဆွေးနွေးခဲ့ပြီး သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်များတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် မြန်မာဘက်က ဖိတ်ခေါ်ခဲ့ပါသည်။ သယ်ယူပိုဆောင်ရေးစရိတ်နှင့် ကုန်သွယ်ရေးအတားအဆီးများ လျှော့ချနိုင်ရေးကိုလည်း နှစ်ဖက်ဆက်လက်ညှိနှိင်းရန် ဆွေးနွေးခဲ့ပါသည်။
■ စိုက်ပျိုးရေးနှင့် စက်မှုနည်းပညာ
ဘယ်လာရုစ်နိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာအတွေ့အကြုံများကို မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဖွံဖြိုးတိုးတက်မှုတွင် အသုံးချနိုင်ရေး၊ ဓာတ်မြေဩဇာ နှစ်စဉ်တင်သွင်းရေးနှင့် မြန်မာနိုင်ငံတွင် ဓာတ်မြေဩဇာစက်ရုံ ရင်းနှီးမြှုပ်နှံတည်ဆောက်ရေး၊ ထွန်စက်နှင့် စက်မှုလယ်ယာနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးတိုကို ဆွေးနွေးခဲ့ပါသည်။ ရော်ဘာနှင့် ရော်ဘာအခြေခံထုတ်ကုန်များအပါအဝင် နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်နိုင်မည့် ကုန်စည်များ တိုးချဲ့ရေးကိုလည်း ဆွေးနွေးခဲ့ပါသည်။
■ အာကာသ၊ Big Data နှင့် AI နည်းပညာ
နှစ်နိုင်ငံအကြား နာနိုဂြိုဟ်တု တည်ဆောက်လွှတ်တင်ရေး၊ ဂြိုဟ်တုလက်ခံထိန်းချုပ်ရေးနှင့် ဂြိုဟ်တုမှရရှိသည့် အချက်အလက်များကို မြေပြင်၌ အသုံးချရေး တိုတွင် နည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆွေးနွေးခဲ့ပါသည်။ အထူးသဖြင့် စိုက်ပျိုးရေးနှင့် အခြားဖွံဖြိုးရေးလုပ်ငန်းများတွင် ဂြိုဟ်တုအချက်အလက်များကို ထိရောက်စွာအသုံးချနိုင်ရန် Big Data နှင့် AI နည်းပညာများ လွှပြောင်းပေးရေး မြန်မာဘက်က ဆွေးနွေးခဲ့ပါသည်။
■ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်
ဘယ်လာရုစ်တက္ကသိုလ်များတွင် မြန်မာကျောင်းသားများ Master နှင့် PhD အဆင့် ပညာသင်ကြားနေမှုကို ဆက်လက်တိုးချဲ့ပြီး သိပ္ပံပညာအပြင် စီးပွားရေး၊ ဥပဒေ၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် Scholarship ပိုမိုတိုးမြှင့်ပေးရေး၊ ဆရာ၊ ဆရာမများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ပညာရေးဘွဲများ အပြန်အလှန်အသိအမှတ်ပြုရေးတိုကို ဆွေးနွေးခဲ့ပါသည်။
234
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို မီဒီယာများနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံပူးတွဲကြေညာချက်များနှင့် အပြန်အလှန် ပြောကြားချက်များ
234
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို မီဒီယာများနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံပူးတွဲကြေညာချက်များနှင့် အပြန်အလှန် ပြောကြားချက်များ။
234
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ဘယ်လာရုစ်လွှတ်တော်ဥက္ကဋ္ဌများနှင့် တွေ့ဆုံဆွေးနွေးသည့် မှတ်တမ်း
234
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်သည့် မှတ်တမ်း
234
Repost from PPIB.Official
+6
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်းကို ယနေ့ ဩဂုတ် ၂၁ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့ရှိ သမ္မတနန်းတော်၌ ပြုလုပ်ခဲ့သည်။
နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက် ၉ ခုတို့ကို နှစ်နိုင်ငံ ကဏ္ဍအလိုက် တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့၏ နှစ်နိုင်ငံပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
234
Repost from PPIB.Official
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးဖွင့်လှစ်ပွဲ အခမ်းအနားသို့ တက်ရောက်
ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့ရှိ Dipservice Hall ၌ ပြုလုပ်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးဖွင့်လှစ်ပွဲအခမ်းအနားသို့တက်ရောက်သည်။
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
234
ရေခြားမြေခြားက သတင်းစကားများ | အပိုင်း(၄)
ရုရှားဖက်ဒရေးရှင်းနိုင်ငံမှတစ်ဆင့် ဘယ်လာရုစ်သမ္မတနိုင်ငံသို တရားဝင်ခရီးစဉ် ဆက်လက်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်၏ ဩဂုတ် ၂၀ ရက်နေ့ ခရီးစဉ်အတွင်း ဆောင်ရွက်ခဲ့သည့် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား နိုင်ငံရေးနှင့် သံတမန်ရေးရာဆက်ဆံမှုများအပြင် စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို “ရေခြားမြေခြားက သတင်းစကားများ | အပိုင်း(၄)” အဖြစ် စုစည်းတင်ဆက်ထားပါသည်။
234
Myanmar President U Min Aung Hlaing’s Official Visit to Belarus | Myanmar-Belarus Business Forum & Grodno Azot Visit
234
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်သိုတက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည့်မှတ်တမ်း
