es
Feedback
ရွှေပြည်သစ်

ရွှေပြည်သစ်

Ir al canal en Telegram

တိုင်းချစ် ပြည်ချစ် ရွှေပြည်သစ်

Mostrar más
El país no está especificadoLa categoría no está especificada
234
Suscriptores
+124 horas
+167 días
+1430 días
Archivo de publicaciones
Repost from N/a
လက်ရှိသမ္မတကြီး လက်ထက်မှာ နိုင်ငံတကာနှင့် ကဏ္ဍစုံ ပူးပေါင်းမှုတွေကို အင်တိုက်အားတိုက် လုပ်နေတာ အားရစရာတွေပဲ။ တကယ့်ကို စီမံကိန
လက်ရှိသမ္မတကြီး လက်ထက်မှာ နိုင်ငံတကာနှင့် ကဏ္ဍစုံ ပူးပေါင်းမှုတွေကို အင်တိုက်အားတိုက် လုပ်နေတာ အားရစရာတွေပဲ။ တကယ့်ကို စီမံကိန်းအကြီးကြီးတွေ။ အထူးသဖြင့် ဒေသတွင်းနိုင်ငံတွေနှင့် ပိုပြီး close ဖြစ်လာပြီးတော့ ကဏ္ဍစုံပူးပေါင်းမှုကို ပိုမြှင့်လာနိုင်တယ်။ မြန်မာ-ဗီယက်နမ်စီးပွားရေးဖိုရမ်မှာ သမ္မတကြီး ချပြလိုက်တဲ့ မြန်မာနိုင်ငံရဲ့ အထူးစီးပွားရေးဇုန်ကြီး ၃ ခုကို ဗီယက်နမ်လုပ်ငန်းရှင်တွေ အတော်လေး စိတ်ဝင်စားတဲ့သဘောကိုလည်းတွေ့ရတယ်။ အပြည့်စုံဖတ်ရန်

ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်က အဓိကထား ပြောကြားခဲ့သည်များမှာ - ၁။ မြန်မာ-ဗီယက်နမ် ဆက်ဆံရေး ပိုမိုမြှင့်တင်ရေး နိုင်ငံတော်သမ္မတ၏ ဗီယက်နမ်ခရီးစဉ်ကို နွေးထွေးစွာကြိုဆိုကြောင်း၊ ယခုခရီးစဉ်နှင့် နှစ်ဖက်အဆင့်မြင့်တွေ့ဆုံမှုများသည် မြန်မာ-ဗီယက်နမ် ဆက်ဆံရေးကို အဆင့်သစ်တစ်ရပ်သို မြှင့်တင်ပေးနိုင်မည် ဟု ယုံကြည်ကြောင်းနှင့် နှစ်နိုင်ငံအကြား နယ်ပယ်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးမြှင့်လိုကြောင်း ပြောကြားခဲ့ပါသည်။ ၂။ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ဈေးကွက်ချိတ်ဆက်မှု မြှင့်တင်ရေးနှင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများအတွက် ပူးပေါင်းကူညီဆောင်ရွက်ရေးတိုကို အလေးထားကြောင်း ပြောကြားခဲ့ပါသည်။ ၃။ စွမ်းအင်၊ ဆက်သွယ်ရေးနှင့် Mytel ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး Green Energy၊ Solar နှင့် ဆက်သွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ကြောင်း၊ Mytel ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိုလည်း တိုးချဲ့နိုင်ရေး ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။ ၄။ စိုက်ပျိုးရေး၊ ကျေးလက်ဖွံဖြိုးရေးနှင့် အတွေ့အကြုံမျှဝေရေး ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေး၊ ကျေးလက်ဒေသဖွံဖြိုးရေးနှင့် အခြားဖွံဖြိုးရေးကဏ္ဍများမှ အတွေ့အကြုံများကို မြန်မာနိုင်ငံနှင့် မျှဝေပေးနိုင်ကြောင်း၊ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများစွာရှိကြောင်း ပြောကြားခဲ့ပါသည်။ ၅။ ချိတ်ဆက်မှုနှင့် ခရီးသွားလုပ်ငန်း တိုးမြှင့်ရေး ဗီယက်နမ်နှင့် မြန်မာနိုင်ငံအကြား သယ်ယူပိုဆောင်ရေးနှင့် စီးပွားရေးလမ်းကြောင်းများ ချိတ်ဆက်အသုံးချနိုင်ရေး၊ ခရီးသွားနေရာများနှင့် ခရီးသွားထုတ်ကုန်များ တိုးချဲ့ဖော်ထုတ်ရေး၊ နိုင်ငံခြားခရီးသွားများ ပိုမိုဆွဲဆောင်နိုင်ရေးတိုတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။ ၆။ နိုင်ငံရေး၊ လုံခြုံရေးနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံရေးနှင့် အဆင့်မြင့်ခရီးစဉ်များ အပြန်အလှန်တိုးမြှင့်ရေး၊ လုံခြုံရေးနှင့် ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံနှင့် ဒေသတွင်းမူဘောင်များတွင် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၊ နှစ်နိုင်ငံ ဘက်စုံပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေး ဆွေးနွေး ဟနွိုင်း၊ စက်တင်ဘာ ၅ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်နှင့် ယနေ့ မွန်းလွဲပိုင်းတွင် ဟနွိုင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ရာ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား အစဉ်အလာချစ်ကြည်ရင်းနှီးမှုနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍများတွင် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရေးနှင့် ဒေသတွင်း၊ နိုင်ငံတကာမျက်နှာစာများ၌ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးတိုကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။  နိုင်ငံတော်သမ္မတက အဓိကထား ပြောကြားခဲ့သည်များမှာ - ၁။ နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်တစ်ရပ်သို မြှင့်တင်ရေး မြန်မာနှင့် ဗီယက်နမ်နိုင်ငံတိုသည် သမိုင်းကြောင်းအရ ချစ်ကြည်ရင်းနှီးသည့် ဒေသတွင်းမိတ်ဆွေနိုင်ငံများဖြစ်ပြီး ယခုခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးတွင် စာမျက်နှာသစ်တစ်ရပ် ဖွင့်လှစ်နိုင်သည့် ခရီးစဉ် ဖြစ်ကြောင်း၊ ၂၀၂၇ ခုနှစ်တွင် ၁၀ နှစ်ပြည့်မြောက်မည့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို နောက်ထပ်အဆင့်တစ်ရပ် တိုးမြှင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။ ၂။ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးချဲ့ရေး နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၅၁၀ ကျော်ရှိပြီး နှစ်နိုင်ငံထုတ်ကုန်များသည် အပြန်အလှန်ဖြည့်ဆည်းနိုင်သည့် သဘောသဘာဝရှိသဖြင့် ကုန်သွယ်မှုတိုးချဲ့နိုင်မည့် အလားအလာများစွာရှိကြောင်း၊ ဗီယက်နမ်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ရန်နှင့် ယခင်ရင်းနှီးမြှုပ်နှံခဲ့ပြီး ပြန်လည်ထွက်ခွာသွားသည့် လုပ်ငန်းများ ပြန်လည်ဝင်ရောက်လာရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့ပါသည်။ ၃။ ဦးစားပေးကဏ္ဍများတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်ရေး ဆက်သွယ်ရေး၊ စွမ်းအင်၊ စိုက်ပျိုးမွေးမြူရေးနှင့် ငါးမွေးမြူရေး၊ ပိုဆောင်ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ MSMEs၊ ခရီးသွားလုပ်ငန်းနှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုကြောင်း၊ အထူးသဖြင့် နည်းပညာအထူးဇုန်များ၊ Chips နှင့် Server ကဲ့သို နည်းပညာသုံးပစ္စည်းထုတ်လုပ်ရေးနှင့် လျှပ်စစ်မော်တော်ယာဉ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို ဖော်ထုတ်လိုကြောင်း ပြောကြားခဲ့ပါသည်။ ၄။ ကာကွယ်ရေး၊ လုံခြုံရေးနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ ပူးပေါင်းတိုက်ဖျက်ရေး နှစ်နိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ယန္တရားများ ပြန်လည်အားကောင်းလာစေရေး၊ လူကုန်ကူးမှု၊ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားနှင့် အခြားနယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့ပါသည်။ ၅။ ချိတ်ဆက်မှုနှင့် ခရီးသွားလုပ်ငန်းတိုးမြှင့်ရေး မြန်မာ၊ လာအိုနှင့် ဗီယက်နမ်တိုကို ချိတ်ဆက်သည့် အရှေ့-အနောက် စီးပွားရေးစင်္ကြန်ကို ထိရောက်စွာ အသုံးချရေး၊ ပိုဆောင်ရေးနှင့် အခြေခံအဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရေး၊ နှစ်နိုင်ငံ တိုက်ရိုက်လေကြောင်းလိုင်းများ တိုးချဲ့ရေးနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတိုကို ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။ ၆။ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေး အာဆီယံ၊ မဲခေါင်-လန်ချန်း၊ CLMV နှင့် ACMECS စသည့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု မူဘောင်များတွင် ဗီယက်နမ်နိုင်ငံနှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ မြန်မာနိုင်ငံအပေါ် ဗီယက်နမ်နိုင်ငံက ပံ့ပိုးကူညီပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ဒုတိယသမ္မတ ဦးညိုစော ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ကျင်းပသည့် (၁၁)ကြိမ် မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့
+2
ဒုတိယသမ္မတ ဦးညိုစော ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ကျင်းပသည့် (၁၁)ကြိမ် မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်မိန့်ခွန်းပြောကြား

မြန်မာနိုင်ငံအစိုးရမှ နီပေါနိုင်ငံ၏ ရေကြီးရေလျှံမှုနှင့် မြေပြိုမှု သဘာဝဘေးအန္တရာယ်များ ခံစားခဲ့ရခြင်းအတွက် အမေရိကန်ဒေါ်လာ ၅ သိန်းနှင့် ပဲမျိုးစုံ ၈ တန်လှူဒါန်း (၃-၉-၂၀၂၆၊ ကတ္တမန္ဒူး) နီပေါနိုင်ငံမြောက်ပိုင်း၊ Rasuwa ခရိုင်နှင့် အနီးတဝိုက်၌ ၂၆-၈-၂၀၂၆ ရက်တွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှု သဘာဝဘေးအန္တရာယ်များ ခံစားခဲ့ရသည့်အတွက် မြန်မာအစိုးရမှ လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၅ သိန်းနှင့် ပဲမျိုးစုံ ၈ တန် လှူဒါန်းရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂-၉-၂၀၂၆ ရက်နေ့တွင် တပ်မတော်လေယာဉ် (Y-8) ဖြင့် ကတ္တမန္ဒူးမြို့ရှိ Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လာရောက်ခဲ့ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများက လေဆိပ်တွင် ကြိုဆိုခဲ့ကြပါသည်။ ထို့နောက် ၁၇၄၅ နာရီတွင် ပစ္စည်းများ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ကျင်းပခဲ့ရာ နီပေါနိုင်ငံ၊ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးဌာန ဝန်ကြီး Honourable Mr. Mahabir Pun၊ လွှတ်တော်အမတ် Mr. Dharmaraj K.C. နှင့် နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပါသည်။ ထိုသို့ပေးအပ်ရာတွင် ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုးက ယခုလှူဒါန်းမှုသည် နီပေါပြည်သူများအပေါ် မြန်မာအစိုးရနှင့် ပြည်သူများ၏ လူသားချင်းစာနာထောက်ထားမှုအရ ကူညီထောက်ပံ့ခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်းနှင့် သဘာဝဘေးသင့်ပြည်သူများ ပုံမှန်ဘဝသို့ အမြန်ဆုံးပြန်လည်ရောက်ရှိစေရေး ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့အတူ Honourable Mr. Mahabir Pun က မြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှုအတွက် အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ထောက်ပံ့မှုများကို သဘာဝဘေးသင့်ပြည်သူများအတွက် ထိရောက်စွာ အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံမှ ပေးအပ်လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှု ပစ္စည်းများကို ရေကြီးရေလျှံမှုနှင့် မြေပြိုမှု သဘာဝဘေးအန္တရာယ် ခံစားခဲ့သည့် နေရာများသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ** The Government of Myanmar Donates USD 500,000 and 8 Metric Tons of Pulses and Beans for Humanitarian Assistance to Nepal affected by the recent flash floods (3-9-2026, Kathmandu) Following the flash floods and landslides that affected Rasuwa District and surrounding areas in northern Nepal on 26 August 2026, Myanmar delegation led by Deputy Minister Dr. Than Soe, Deputy Minister of the Ministry of Social Welfare, Relief and Resettlement of Myanmar arrived at Tribhuvan International Airport in Kathmandu on 2 September 2026 by Tatmadaw Y-8 aircraft to provide humanitarian assistance from the Government of Myanmar in the form of USD 500,000 and 8 Metric Tons of Pulses and Beans. The delegation was welcomed at the airport by the Ambassador U Thant Sin and staff of Myanmar Embassy. The handover ceremony for the humanitarian assistance was subsequently held at 1745 hours and Honourable Mr. Mahabir Pun, Minister for Science, Technology and Innovation of Nepal, Member of Parliament Mr. Dharmaraj K.C. and officials from the Ministry of Foreign Affairs of Nepal received the assistance on behalf of the Government of Nepal. At the ceremony, Deputy Minister Dr. Than Soe said that the assistance was being provided as humanitarian assistance by the Government and people of Myanmar to support the people of Nepal. He also expressed the hope that the assistance would contribute to further strengthening the bonds of friendship and cooperation between the two countries, and extended his best wishes for the disaster-affected people to recover and return to normal life at earliest possible. Likewise, Honourable Mr. Mahabir Pun ‌expressed his sincere appreciation to the Government and people of Myanmar for the humanitarian assistance and support, and stated that the assistance would be effectively utilized for the benefit of the people affected by the natural disaster. It is learnt that the humanitarian relief items donated by Myanmar will be delivered to areas affected by the floods and landslides for distribution to the disaster-affected communities. *****

အာရှရဲ့နှလုံးသား Tuva

အာဂျင်တီးနား လက်ရွေးစင်အသင်းတွင် ၂၁ နှစ်ကြာ ဖြတ်သန်းခဲ့သည့် နိုင်ငံတကာ ဘောလုံးသမားဘဝကို အနားယူခဲ့ပြီဖြစ်တဲ့ Lionel Messi Lion
အာဂျင်တီးနား လက်ရွေးစင်အသင်းတွင် ၂၁ နှစ်ကြာ ဖြတ်သန်းခဲ့သည့် နိုင်ငံတကာ ဘောလုံးသမားဘဝကို အနားယူခဲ့ပြီဖြစ်တဲ့ Lionel Messi Lionel Messi သည် အာဂျင်တီးနားအသင်းအတွက် နောက်ထပ် ပါဝင်ကစားပေးတော့မည် မဟုတ်ကြောင်း တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ သူသည် ၂၀၇ ပွဲတွင် ၁၂၅ ဂိုး သွင်းယူနိုင်ခဲ့ပါသည်။ စပိန်အသင်းကို ရှုံးနိမ့်ခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီး နှစ်ရက်အလိုကတည်းကပင် ဤထုတ်ပြန်ချက်ကို ပြင်ဆင်ထားခဲ့ခြင်း ဖြစ်ကြောင်း အသက် ၃၉ နှစ်အရွယ်၊ ရှစ်ကြိမ်မြောက် ဘာလွန်ဒီအော (Ballon d’Or) ဆုရှင် မက်ဆီက ရှည်လျားသည့် ထုတ်ပြန်ချက်တစ်စောင်တွင် အရိပ်အမြွက် ပြောကြားခဲ့သည်။ ထို့အပြင် ယခုလအစောပိုင်းတွင် အဖေဖြစ်သူ Jorge ကွယ်လွန်သွားခဲ့ပြီးနောက်မှသာ ဤဆုံးဖြတ်ချက်ကို လူထုထံ တရားဝင် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ကြောင်းလည်း သူက ဆက်လက်ပြောဆိုခဲ့ပါ့သည်။ "ဗိုလ်လုပွဲအပြီး အချိန်တွေ အတော်အတန် ကုန်ဆုံးခဲ့ပြီးနောက်၊ သေချာ စဉ်းစားဆင်ခြင်ပြီးတဲ့နောက်မှာတော့ ကျွန်တော် နိုင်ငံအသင်းကနေ အနားယူတော့မယ်ဆိုတာကို လူတိုင်းကို အသိပေး အကြောင်းကြားချင်ပါတယ်..." ဟု Messi ၎င်း Social Media တွင်ပြောကြားခဲ့ပါသည်။

Honoring the Future Stars of the Nation

ပညာဖြင့်ထုဆစ် နိုင်ငံ့ရဲ့အရင်းမြစ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျို
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား သို့တက်ရောက်အမှာစကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုကို ဦးတည်လျှောက်လှမ်းရာတွင် နိုင်ငံ သားများ၏ အသိဉာဏ်ပညာ ပြည့်စုံကြွယ်ဝမှု၊ အခြေခံ စိတ်ဓာတ်ကောင်းမွန်မှု၊ ဆန်းသစ်တီထွင်နိုင်စွမ်းရှိမှု၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို တန်ဖိုးထားထိန်းသိမ်းတတ်မှု စသည့် အရည်အချင်းများသည် အဓိကကျ နေပြည်တော်၊ ဩဂုတ် - ၃၁ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ် ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့န့နက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျို
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား သို့တက်ရောက်အမှာစကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုကို ဦးတည်လျှောက်လှမ်းရာတွင် နိုင်ငံ သားများ၏ အသိဉာဏ်ပညာ ပြည့်စုံကြွယ်ဝမှု၊ အခြေခံ စိတ်ဓာတ်ကောင်းမွန်မှု၊ ဆန်းသစ်တီထွင်နိုင်စွမ်းရှိမှု၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို တန်ဖိုးထားထိန်းသိမ်းတတ်မှု စသည့် အရည်အချင်းများသည် အဓိကကျ နေပြည်တော်၊ ဩဂုတ် - ၃၁ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ် ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့န့နက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရက်ပေါင်း (၁၃၀)မြန်မာ့သံတမန်ရေး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် ရွေးကောက်ခံ ဒီမိုကရေစီ အစိုးရအသစ်အနေဖြင့် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် ရက်ပေါင်း (၁၃၀) ကာလအတွင်း မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများ၊အိမ်နီးချင်းနိုင်ငံများနှင့် သံတမန်ရေးရာ ဆောင်ရွက်ချက်များ -သွားရောက်ခဲ့သည့်နိုင်ငံပေါင်း (၆)နိုင်ငံ။ - လေကြောင်းခရီးသွားလာမှု နာရီပေါင်း (၄၈)နာရီ (၂၀)မိနစ် လေမိုင်ပေါင်း (၁၉၅၀၀)မိုင် -မော်တော်ယဉ်ဖြင့် ခရီးသွားလာမှု နာရီပေါင်း (၃၂)နာရီ (၂၀)မိနစ် -မီးရထားဖြင့်ခရီးသွားလာမှု နာရီပေါင်း (၅)နာရီ(၂၀)မိနစ် မြေပြင်ခရီးစဉ် စုစုပေါင်း ကီလိုမီတာ(၃၆၀၀၀)ကီလိုမီတာကျော်။

ရန်ကုန်တိုင်း စားရေရိက္ခာဖူလုံရေးအတွက် မှန်ကန်ပြည့်စုံသည့် Data အပေါ်အခြေခံ၍ မွေးမြူထုတ်လုပ်ရန် နိုင်ငံတော်သမ္မတ မှာကြား ရန်ကုန်၊ ဩဂုတ် ၂၉ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (ဩဂုတ် ၂၉ ရက်) တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ မွေးမြူရေးဇုန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း လူဦးရေ၏ စားရေရိက္ခာဖူလုံရေးအတွက် လိုအပ်ချက်နှင့် ထုတ်လုပ်နိုင်မှုကို မှန်ကန်ပြည့်စုံသည့် Data အချက်အလက်များအပေါ် အခြေခံတွက်ချက်၍ စနစ်တကျ မွေးမြူထုတ်လုပ်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။ တွံတေးမွေးမြူရေးဇုန်ကို အပိုင်း (၁)၊ (၂) နှင့် (၃) ဟူ၍ ဆောင်ရွက်ထားပြီး လုပ်ငန်းရှင် ၉၉ ဦးက နွား၊ ဆိတ်၊ ဝက်၊ ကြက်နှင့် ဘဲ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ တိရစ္ဆာန်အစာထုတ်လုပ်သည့် စက်ရုံများနှင့် မွေးမြူရေးထွက်ကုန်များကို ရန်ကုန်တိုင်းဒေသကြီးတစ်ဝန်း ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဥက္ကံ၊ တိုက်ကြီး၊ ကော့မှူး၊ တွံတေးနှင့် ညောင်နှစ်ပင်တို့၌ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ သီလဝါနှင့် ရွှေပြည်တို့တွင်လည်း ငါးမွေးမြူရေးကန်များရှိပြီး စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်သမ္မတက ရန်ကုန်တိုင်းဒေသကြီးသည် လူဦးရေများပြားပြီး ဈေးရောင်း၊ ဈေးဝယ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်းများ အများအပြားရှိသည့်အတွက် တိုင်းဒေသကြီးအတွင်း လူဦးရေမည်မျှရှိသည်၊ နေ့စဉ်စားရေရိက္ခာ မည်မျှလိုအပ်သည်နှင့် လက်ရှိစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများက မည်မျှပံ့ပိုးပေးနိုင်သည်တို့ကို တိတိကျကျ တွက်ချက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ယင်းအချက်အလက်များကို အခြေခံ၍ စားသုံးမှုလိုအပ်ချက်နှင့် ထုတ်လုပ်နိုင်မှုကို ချိန်ဆကာ မွေးမြူထုတ်လုပ်ရန် လိုအပ်ကြောင်းနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုသည့် Data များ မှန်ကန်ပြည့်စုံမှုရှိစေရေးကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ထို့ပြင် မွေးမြူရေးလုပ်ငန်းများအတွက် ရေနှင့် တိရစ္ဆာန်အစာ လုံလောက်စွာရရှိရေး၊ မွေးမြူသည့်နည်းစနစ် မှန်ကန်ကောင်းမွန်ရေးနှင့် မျိုးကောင်းမျိုးသန့်များ အသုံးပြုနိုင်ရေးတို့ကိုလည်း အလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး လာရောက်ဂါရဝပြုတွေ့ဆုံ၊ နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး နေပြည်တော်၊ ဩဂုတ် ၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Le Hoai Trung ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲကောက်နုတ်ချက်များမှာ - ■ နှစ်နိုင်ငံဆက်ဆံရေး မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံသည် သံတမန်ဆက်ဆံရေး နှစ် ၅၀ ကျော်ရှိပြီဖြစ်ပြီး ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းတို့တွင် တူညီမှုများရှိကြောင်း၊ ခေတ်အဆက်ဆက် နှစ်နိုင်ငံခေါင်းဆောင်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။ ■ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ဖိတ်ကြား ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက ဗီယက်နမ်သမ္မတနှင့် ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူး မစ္စတာ တိုလမ်၏ နိုင်ငံတော်သမ္မတအား ဗီယက်နမ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် လာရောက်ရန် ဖိတ်ကြားမှုနှင့် ခရီးစဉ်ကို ဝမ်းမြောက်စွာ ကြိုဆိုလျက်ရှိကြောင်း သတင်းစကားပါးခဲ့ပါသည်။ ၎င်းအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။ ■ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်များ တိုးချဲ့ရေး၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ ■ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် ပြည်သူအချင်းချင်း ဆက်ဆံရေး နှစ်နိုင်ငံအစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ တပ်မတော်အချင်းချင်းနှင့် ပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားရေးကိုလည်း အလေးထားဆွေးနွေးခဲ့ကြပါသည်။ ■ CLMV နှင့် ACMECS ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီးအစည်းအဝေးနှင့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးများတွင် မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်မည့် အခြေအနေများကို ဆွေးနွေးခဲ့ပါသည်။ ■ နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ထောက်ခံရေး မြန်မာနှင့် ဗီယက်နမ်တို့အနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ထောက်ခံအားပေးပြီး ယုံကြည်စိတ်ချရသည့် မိတ်ဆွေကောင်းနိုင်ငံများအဖြစ် ဆက်လက်ရပ်တည်သွားရေး ဆွေးနွေးခဲ့ကြပါသည်။ ဗီယက်နမ်ဘက်ကလည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင်မှုနှင့် လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်တို့ကို လေးစားတန်ဖိုးထားကြောင်း ပြောကြားခဲ့ပါသည်။

ကုန်ထုတ်လုပ်မှုတိုးမြှင့်၍ ပြည်တွင်းအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချကာ နိုင်ငံ့စီးပွားရေး မြှင့်တင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း နေပြည်တော်၊ ဩဂုတ် ၂၅ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုကို အခြေခံ၍ ကုန်သွယ်မှုပမာဏ တိုးမြှင့်ရေး၊ စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်မှုမြှင့်တင်ရေးနှင့် ပြည်တွင်းရှိ အရင်းအမြစ်များကို ထိရောက်စွာ အသုံးချရေး အလေးထားဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် တိုက်တွန်းပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတမှ အဓိကထား ပြောကြားခဲ့သည်များမှာ - ■ စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှု နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် စီးပွားရေးကောင်းမွန်မှုသည် အဓိကဖြစ်ပြီး ပြည်တွင်းလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ထုတ်လုပ်မှုကို အားပေးရန်၊ ကုန်သွယ်မှုပမာဏ ပိုမိုကြီးမားလာစေရန်နှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဦးတည်ဆောင်ရွက်ရန်။ ■ စိုက်ပျိုးမွေးမြူရေး မြေ၊ ရေနှင့် စိုက်ပျိုးမွေးမြူရေးအရင်းအမြစ်များကို ထိရောက်စွာအသုံးချ၍ မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့၏ အထွက်နှုန်း တိုးတက်စေရန်၊ မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်ရန်။ ■ ကျေးလက်စီးပွားရေး ကျေးလက်နေပြည်သူများ၏ စီးပွားရေးတိုးတက်လာမှသာ ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်မည်ဖြစ်သဖြင့် ဒေသအလိုက် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးအောင် ဆောင်ရွက်ရန်။ ■ ပညာရေးနှင့် လူ့စွမ်းအား ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ရေးအတွက် အသိပညာနှင့် အတတ်ပညာရှိသည့် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်သဖြင့် ပညာရေးအရည်အသွေးမြှင့်တင်ရေးနှင့် ကျောင်းများ စံနှုန်းပြည့်မီရေးကို ဦးစားပေးဆောင်ရွက်ရန်။ ■ ကုန်သွယ်ရေး ပို့ကုန်၊ သွင်းကုန်နှင့် နယ်စပ်ကုန်သွယ်ရေးကို စနစ်တကျဆောင်ရွက်ပြီး တရားမဝင်ကုန်သွယ်မှုများကို ထိန်းချုပ်ရန်၊ ကုန်စည်စီးဆင်းမှု ချောမွေ့ရေးနှင့် ကုန်သွယ်ရေးလမ်းကြောင်း လုံခြုံရေးကို အလေးထားရန်။ ■ ရေကြီးရေလျှံမှု မြစ်ချောင်းများ တိမ်ကောခြင်းနှင့် သောင်ထွန်းခြင်းများကို ပြန်လည်ပြုပြင်ထိန်းသိမ်းရန်၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် ပြည်တွင်းအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချရန်နှင့် မြို့ပြသန့်ရှင်းသာယာလှပရေးကို စနစ်တကျ ဆောင်ရွက်ရန်။ ■ ဘတ်ဂျက်နှင့် အခွန် ပြည်သူများထမ်းဆောင်သည့် အခွန်ငွေကို အခြေခံ၍ နိုင်ငံတော်ဘတ်ဂျက် ရေးဆွဲရခြင်းဖြစ်သဖြင့် ဘတ်ဂျက်ကို ပြည်သူ့အကျိုးအတွက် ထိရောက်စွာအသုံးချရန်နှင့် ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရများက ဗဟိုအစိုးရ၏ အစီအစဉ်များကို အောင်မြင်အောင် အကောင်အထည်ဖော်ရန်တို့ ဖြစ်ပါသည်။